Chapters

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၇)

Vol. 53 Ch. 868

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၇)

Vol. 53 Ch. 868

ကျန်းရှုယွီနှင့် အိပ်ခဲ့သူမှာ ရှောင်လင်းယဲ့ မဟုတ်ကြောင်း သေချာနေလေပြီ။

ဒါဆိုရင် ဘယ်သူလဲ။

အပြင်ဘက်မှ ကျောင်းသားများနှင့် ကျောင်းအုပ်ကြီးလီတို့ စိတ်ဝင်စားနေကြသည်။

ဒါပေမဲ့ ဒါက ဩဇာအာဏာကြီးသော မိသားစုနှစ်ခုကြားကကိစ္စဖြစ်နေလို့ ကျောင်းအုပ်ကြီးအနေနဲ့ ဝင်မမေးရဲပေ။

နင်ကျွင်းဖုန်က စဉ်းစားပြီး ပြောလိုက်သည်။ "အခု ကျောင်းတစ်ခုလုံးက ရှောင်လင်းယဲ့ကို ထင်နေကြတယ်။ ဒါပေမဲ့ ရှောင်လင်းယဲ့ မဟုတ်တာ သေချာသွားပြီ"

ထို့နောက် ဓာတ်ပုံတစ်ပုံကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒီဓာတ်ပုံက Photoshop သုံးထားပေမယ့် ခန္ဓာကိုယ်ပိုင်ရှင်ကတော့ အစစ်အမှန်ရှိနေတာပဲ။ ဆိုလိုတာက ဒီလူက ရှိနေတယ်"

သူက အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်သည်။

ကျုံးယွီကို ကြည့်လိုက်သောအခါ ကျုံးယွီ မျက်နှာလွှဲသွားသည်။

နင်ကျွင်းဖုန်က ကျုံးယွီကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ "အဲဒီညက မင်းက နောက်ဆုံးမှ ပြန်တာလေ။ ကျန်းရှုယွီ သန့်စင်ခန်းသွားတော့ မင်းက လိုက်ပို့ပေးမယ်ပြောခဲ့တယ်။ ကျုံးယွီ၊ ကျန်းရှုယွီကို ဟိုတယ်ခေါ်သွားတာ မင်းပဲ။ မင်း ဘာလို့ ရှောင်လင်းယဲ့ကို လုပ်ကြံရတာလဲ"

နင်ကျွင်းဖုန်က ဒေါသတကြီး ပြောလိုက်သည်။ "မင်း မငြင်းနဲ့။ ဒီ ၂ ရက်အတွင်း ငါတို့ မင်းကို စောင့်ကြည့်ပြီး စုံစမ်းခဲ့တယ်။ ဟိုတယ်က CCTV မှတ်တမ်းတွေလည်း ရထားပြီးပြီ"

တကယ်တော့ ဒီအကွက်က အပေါက်အများကြီးရှိပါတယ်။

ဒါပေမဲ့ သူတို့က အရင်ဆုံး ကောလာဟလတွေလွှင့်ပြီး လူထုအမြင်ကို လှည့်စားလိုက်လို့ အောင်မြင်ခဲ့တာ။

သက်သေတွေရှိနေတော့ ရှောင်လင်းယဲ့ ခံလိုက်ရတာပေါ့။

အခု အမှန်တရား ပေါ်လာတော့ အပေါက်တွေ ပေါ်လာပြီ။

ကျုံးယွီ လက်သီးဆုပ်လိုက်ပြီး ဒေါသတကြီး ငြင်းလိုက်သည်။ "မင်း လျှောက်ပြောမနေနဲ့။ သက်သေရှိရင် ထုတ်ပြလေ။ ငါ့ကို ခြိမ်းခြောက်ချင်တာလား"

သူတို့ စီစဉ်တုန်းက ဟိုတယ် CCTV မှတ်တမ်းကို ဖျက်ခိုင်းခဲ့ပါတယ်။ ကျန်းရှုယွီရဲ့ အဆက်အသွယ်နဲ့ ဖျက်ခိုင်းခဲ့တာ။ ဒါကြောင့် နင်ကျွင်းဖုန်ဆီမှာ CCTV မှတ်တမ်း ရှိစရာ အကြောင်းမရှိဘူး။

နင်ကျွင်းဖုန် ပြုံးလိုက်သည်။ "ကျုံးယွီ၊ မင်းက CCTV မှတ်တမ်း ဖျက်ထားလို့ ယုံကြည်မှုရှိနေပုံရတယ်။ ဒါပေမဲ့..."

ထို့နောက် လှောင်ပြောင်သလို ပြောလိုက်သည်။ "မင်း မေ့နေတာလား။ ရှောင်လင်းယဲ့က ဘာလုပ်တတ်လဲဆိုတာ"

ကျုံးယွီ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ဟုတ်သားပဲ... ရှောင်လင်းယဲ့က ကွန်ပျူတာပညာရှင်လေ။ အင်ပါယာတက္ကသိုလ်ရဲ့ နံပါတ်တစ် ပါရမီရှင်။

နင်ကျွင်းဖုန်က ဆက်ပြောသည်။ "CCTV မှတ်တမ်း ဖျက်တာလောက်က ရှောင်လင်းယဲ့အတွက် အသေးအဖွဲ ကိစ္စလေးပါ။ လက်ဖျောက်တစ်ချက်တီးရုံနဲ့ ပြန်ယူလို့ရတယ်။ ဒါကြောင့် ငါတို့လက်ထဲမှာ သက်သေမရှိဘူးလို့ ထင်နေလား"

ပြောပြီးသည်နှင့် ဖုန်းထုတ်ပြီး ဗီဒီယိုဖွင့်ပြလိုက်သည်။

ဗီဒီယိုထဲတွင် ကျုံးယွီက ကျန်းရှုယွီကိုတွဲပြီး ဟိုတယ်အခန်းထဲ ဝင်သွားသည်ကို တွေ့ရသည်။ ကျောင်းနံရံကပ်စာစောင်မှာ ကပ်ထားတဲ့ ပုံနဲ့ အတူတူပါပဲ။

နောက်ထပ် အမှန်တရားတစ်ခု ပေါ်လာပြန်ပြီ။

အပြင်ဘက်မှ ကျောင်းသားတစ်ဦး အော်ဟစ်လိုက်သည်။ "ဟေ့... ဒါဆို ကျန်းရှုယွီနဲ့ အိပ်တဲ့သူက ရှောင်လင်းယဲ့ မဟုတ်ဘဲ ကျုံးယွီဖြစ်နေတာပေါ့"

အားလုံး - "......" သိနေပြီးသားကို ဘာလို့ အော်ပြောနေတာလဲ။ ကျန်းမိသားစု အငြိုးထားမှာ မကြောက်ဘူးလား။

ဒါပေမဲ့ အားလုံးက ဒါ အမှန်တရားပဲဆိုတာ လက်ခံလိုက်ကြသည်။

အားလုံး၏အကြည့်များက ကျုံးယွီနှင့် ကျန်းရှုယွီဆီ ရောက်သွားကြသည်။

***