Chapters

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၈)

Vol. 53 Ch. 869

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၈)

Vol. 53 Ch. 869

လူအများစုက မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

"မဖြစ်နိုင်ဘူး... ကျုံးယွီနဲ့ ကျန်းရှုယွီ ဟုတ်လား"

ကျန်းရှုယွီလို မာနကြီးတဲ့ သူဌေးသမီးက သာမန်ကျောင်းသားလေးနဲ့ အိပ်ပါ့မလား။

ကျုံးယွီက ချောမောခန့်ညားသူ သို့မဟုတ် ချမ်းသာသူဆိုရင် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကျုံးယွီက ကျန်းရှုယွီကို ကြိုက်နေပေမယ့် ကျန်းရှုယွီက သူ့ကို ဂရုမစိုက်ဘူးဆိုတာ တစ်ကျောင်းလုံး သိကြတယ်။

ကျန်းရှုယွီ ကြိုက်တာက ရှောင်လင်းယဲ့လေ။

အခုတော့ သူတို့နှစ်ယောက် အိပ်တယ်ဆိုတာ ယုံနိုင်စရာ မရှိဘူး။

"မဟုတ်ဘူး... မဟုတ်ဘူး... ငါ သူနဲ့ မအိပ်ခဲ့ဘူး။ ငါ အိပ်ခဲ့တာ ရှောင်လင်းယဲ့ပါ" ကျန်းရှုယွီ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ငါ အိပ်ခဲ့တာ ရှောင်လင်းယဲ့ပါ။ နင်တို့ သူ့ကို ကာကွယ်ပေးနေလို့ မရဘူး။ ဒီဗီဒီယိုက ကျုံးယွီ လိုက်ပို့တာပဲ ပြထားတာလေ။ သူနဲ့ အိပ်တယ်လို့ သက်သေမပြနိုင်ပါဘူး"

လူရှေ့သူရှေ့မှာ အိပ်တယ်ဆိုတဲ့စကားလုံးကိုသုံးနေသဖြင့် ကျန်းမိဘများ ရှက်လွန်းလို့ မျက်နှာ ဘယ်နားထားရမှန်း မသိတော့ပေ။

"ပါးစပ်ပိတ်ထားစမ်း" မစ္စတာကျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

စောစောကဓာတ်ပုံကိုကြည့်ပြီး သူတို့ သိနေပြီလေ။

"ဟင်း... မိန်းကလေးကျန်းက မမြင်ရမချင်း ယုံမယ့်ပုံ မပေါ်ဘူး" ကုန်းထျန်းဟောက် လှောင်ပြောင်လိုက်သည်။ "ဒါဆိုရင် လက်တွေ့ပြလိုက်တာပေါ့"

ထို့နောက် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ "သူ့အဝတ်အစားတွေ ချွတ်လိုက်"

ထို့နောက် ရှောင်လင်းယွီကိုကြည့်ပြီး ပြင်ပြောလိုက်သည်။ "အတွင်းခံတော့ ချန်ထားပေးလိုက်" ငါ့မိန်းမအတွက် မြင်ကွင်းမသင့်တော်မှာစိုးလို့။

မကြာမီ လက်အောက်ငယ်သားများက ကျုံးယွီ၏အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည်။

ကုန်းထျန်းဟောက်က ဓာတ်ပုံကိုယူပြီး အားလုံးမြင်အောင် ပြလိုက်သည်။ "ဒီဓာတ်ပုံက Photoshop သုံးထားတာ အားလုံးသိပြီးသားလေ။ ခေါင်းက ရှောင်လင်းယဲ့ ဖြစ်နေပေမယ့် ခန္ဓာကိုယ်က တခြားလူဆိုတာ သိသာတယ်။ ဒါဆို ဘယ်သူ့ခန္ဓာကိုယ်လဲ သိလား"

ကုန်းထျန်းဟောက် မေးလိုက်သည်နှင့် နင်ကျွင်းဖုန်နှင့် အပြင်ဘက်မှ လူများက ပြိုင်တူဖြေလိုက်ကြသည်။ "ကျုံးယွီပေါ့"

ကျုံးယွီ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ "ခင်ဗျားတို့ ဘာလို့ ကျွန်တော့်ကို စွပ်စွဲတာလဲ"

နင်ကျွင်းဖုန် လမ်းလျှောက်လာပြီး ကျုံးယွီကို ကြည့်လိုက်သည်။ ထို့နောက် ဓာတ်ပုံကို ယူပြီး ယှဉ်ကြည့်လိုက်သည်။ "ကျုံးယွီ... မင်းက ပုံမှန်ဆို ဉာဏ်ကောင်းပါတယ်။ အခုမှ ဘာလို့ တုံးအနေတာလဲ။ တမင်လုပ်နေတာလား"

ထို့နောက် ကျုံးယွီ၏ခန္ဓာကိုယ်ကို လှောင်ပြောင်လိုက်သည်။ "ဟင်း... အဝတ်စားဝတ်ထားတုန်းက မသိသာဘူး။ ချွတ်လိုက်တော့မှ အဆီတွေနဲ့။ ဗိုက်ကို ကြည့်ပါဦး... ကိုယ်ဝန် ၅၊ ၆ လလောက် ရှိနေပြီ"

ကျုံးယွီ မျက်နှာ ပြာသွားသည်။

နင်ကျွင်းဖုန်က ဆက်ပြောသည်။ "ဗိုက်ပူတာကို ငြင်းချင်သေးရင် ပုခုံးက အနီရောင်အမှတ်အသားကို ဘယ်လိုငြင်းမလဲ"

ကျုံးယွီ ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။ တုန်လှုပ်သွားသည်။

ငြင်းလို့မရတဲ့ သက်သေပဲ။

***