← Chapters

အခန်း (၁၆၄)

Vol. 14 Ch. 164

အခန်း (၁၆၄)

Vol. 14 Ch. 164

​ထိုအချိန်တွင် ရာသီဥတုမှာ တဖြည်းဖြည်း ပူနွေးလာပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။

နှစ်ဆန်းပိုင်း၏ မြန်ဆန်လှသည့် ပြင်ဆင်မှုများအပြီးတွင် မဟာရှ၏ လုပ်ငန်းဆောင်တာအားလုံးမှာ ချောမွေ့စွာ လည်ပတ်နေပြီဖြစ်ပြီး၊ ယခုနှစ်သည်လည်း နောက်ထပ် အထွက်နှုန်းကောင်းမည့် နှစ်တစ်နှစ် ဖြစ်လာပေဦးမည်ဖြစ်သည်။

​ ယခုအခါ ပြည်ပရန်နှင့် ပြည်တွင်းဆူပူမှုများ မရှိတော့သဖြင့် နန်းတွင်းရေးရာ ကိစ္စရပ်များမှာ များစွာ နည်းပါးသွားခဲ့သည်။

အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် အလုပ်အများစုကို ၎င်းတို့ထံ လွှဲအပ်ထားနိုင်ပြီ ဖြစ်ရာ လင်းပိုင်ဖန် တစ်ယောက် အလုပ်မများတော့ဘဲ အားလပ်ရက်များကို အေးအေးလူလူ ဖြတ်သန်းနေလေသည်။

​ ဥပမာအားဖြင့် ယခုတွင် သူသည် လှုပ်ကုလားထိုင်ပေါ်၌ လဲလျောင်းကာ နေပူစာလှုံရင်း သီချင်းတစ်ပုဒ်ကို တညည်းညည်းနှင့် ငြိမ်းချမ်းသော အချိန်ကာလတစ်ခု၏ ပုံရိပ်စစ်ပင် ဖြစ်နေခဲ့သည်။

သူ့ဘေးတွင် မိန်းမစိုးငယ်နှစ်ဦးက ယပ်ခတ်ပေးနေပြီး၊ ခြေရင်း၌ နန်းတွင်း အစေခံမလေးနှစ်ဦးက ခြေထောက်ကို သာသာယာယာ နှိပ်နယ်ပေးနေသည်။

ဘေးနားရှိ စားပွဲပေါ်တွင်မူ ရေခဲတုံးများဖြင့် စိမ်ထားသော သစ်သီးများ ရှိနေပြီး အေးမြသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ဘဝသည် အလွန်တရာ သက်သောင့်သက်သာရှိကာ ပျော်ရွှင်ဖွယ်ကောင်းသလို အပျော်အပါးဘက်သို့လည်း အလွန်အမင်း ယိမ်းနေပုံရသည်။

​ ထိုစဉ် ချိုင်ယွီရှင်းသည် အပြေးလေး ရောက်လာပြီး လင်းပိုင်ဖန်၏ ဇိမ်ခံနေသောပုံစံကို မြင်သောအခါ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူမသည် နှိပ်နယ်ပေးနေသော အစေခံမလေး နှစ်ဦးကို တိတ်တဆိတ် လက်ယပ်ခေါ်ကာ မောင်းထုတ်လိုက်ပြီးနောက် သူမကိုယ်တိုင် ဝင်ထိုင်ကာ သူမ၏ မိစ္ဆာလက်သည်း များကို ဆန့်ထုတ်၍ ပြင်းထန်စွာ နှိပ်ချလိုက်သည်။

​ လင်းပိုင်ဖန် အော်ဟစ်လိုက်မိသည်။ "အား... နာတယ်။ ယွီရှင်း၊ မင်း ဘာလုပ်တာလဲ"

ချိုင်ယွီရှင်းက လက်သည်းများကို ဝှေ့ယမ်းရင်း ပြန်ပြောလိုက်သည်။ "ဘာလုပ်တာလဲ ဟုတ်လား။ ရှင် ဒီလို ဇိမ်ခံနေတာကို မြင်ရတာ ကျွန်မကို စိတ်တိုစေတယ်"

လင်းပိုင်ဖန်က ဆက်၍ - "ငါ ဇိမ်ခံနေတာက မင်းကို ဘာများ ထိခိုက်လို့လဲ"

​ "ထိခိုက်တာပေါ့။ မဟာရှအတွက် လူတိုင်းက ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတာ။ ကျွန်မရော၊ ကျွန်မအဖေရော၊ ဦးလေးရှောင်ရော အားလုံးက မနားမနေ ရုန်းကန်နေရချိန်မှာ ရှင် တစ်ယောက်တည်းပဲ ဇိမ်ခံနေတယ်။ ရှင်လို လူလိမ်လူကောက်ကို ဘယ်လိုလုပ် လွှတ်ပေးထားနိုင်မှာလဲ"

​ "ယွီရှင်းရာ... တကယ်တော့ မင်းလည်း လာပြီး အနားယူလို့ ရတာပဲ"

လင်းပိုင်ဖန်က နေရာအနည်းငယ် ဖယ်ပေးကာ သူ့ဘေးနားရှိ နေရာအလွတ်ကို ပုတ်ပြပြီး မျက်စိတစ်ဖက်မှိတ်၍ "လာပါ၊ ငါ့ရင်ခွင်ထဲမှာ လာနေလိုက်။ ငါတို့အတူတူ နေပူစာလှုံမယ်၊ အတူတူ အိပ်ကြမယ်၊ ပြီးတော့... ဟဲဟဲဟဲ"

​ ချိုင်ယွီရှင်းမှာ ဒေါသတွေ တဖန် ထပ်ထွက်လာပြီး ရှေ့သို့ တိုးဝင်သွားသည်။

"နေပူစာလှုံခိုင်းဦးမလား။ အိပ်ခိုင်းဦးမလား။ ဟဲဟဲဟဲ… လုပ်ခိုင်းဦးမလား"

လင်းပိုင်ဖန် တစ်ဖန် အော်ပြန်သည်- "မင်း တကယ်ကြီး ကိုက်နေတာလား"

​ ခဏအကြာတွင် နှစ်ဦးသား ငြိမ်သက်သွားကြသည်။

လင်းပိုင်ဖန်သည် နာကျင်ကာ နီရဲနေသော ပေါင်ကို ပွတ်ရင်း ချောင်းဟန့်ကာ မေးလိုက်သည် "ယွီရှင်း၊ ဒီကို ဘာကိစ္စနဲ့ လာတာလဲ"

ချိုင်ယွီရှင်းက သူမ၏ နဖူးကို ရိုက်လိုက်ကာ- "မေ့တော့မလို့ပဲ၊ တကယ်တော့ ရှင့်အတွက် အံ့အားသင့်စရာ လက်ဆောင်တစ်ခု ရှိတယ်"

​ "ဘာလက်ဆောင်လဲ" လင်းပိုင်ဖန် မေးလိုက်သည်။

"ကျွန်မနောက်ကို လိုက်ခဲ့၊ အဲဒါဆို သိရလိမ့်မယ်"

​ အမွှေးတိုင်တစ်တိုင်ခန့်အကြာတွင် သူတို့သည် မြို့ပြင်ရှိ စစ်စခန်းသို့ ရောက်ရှိလာကြသည်။

"ဒီလောက် ဝေးဝေးလံလံ လာရအောင် ဘယ်လို အံ့အားသင့်စရာမျိုးလဲ" လင်းပိုင်ဖန် နားမလည်စွာ မေးလိုက်သည်။

​ "စိတ်မပူပါနဲ့၊ မကြာခင် သိရမှာပါ။ ခဏလေး၊ အရင်ဆုံး မျက်စိမှိတ်ထားဦး။ ကျွန်မ ဖွင့်ခိုင်းမှ ဖွင့်နော်" ချိုင်ယွီရှင်းက လျှို့ဝှက်စွာ ပြောလိုက်သည်။

"မျက်စိမှိတ်ထားရမယ် ဟုတ်လား"

​ လင်းပိုင်ဖန် မျက်မှောင်ကြုတ်လိုက်သည်။ "ယွီရှင်း၊ မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား။ မင်းရဲ့ စစ်စခန်းကို ခေါ်လာပြီးမှ မျက်စိနှစ်ဖက်လုံး မှိတ်ခိုင်းတယ်ဆိုတော့... မင်းမှာ တစ်ခုခု ထူးထူးခြားခြား ဝါသနာရှိနေလို့လား။ ငါ့ကို အလစ်အငိုက်ဖမ်းပြီး နံရံမှာ ကပ်ထားဖို့များ စီစဉ်ထားတာလား။ အဲဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါ မပူးပေါင်းဘဲ မနေပါဘူး"

​ ချိုင်ယွီရှင်း ဒေါသထွက်သွားကာ- "ရှင့်လို လူညစ်လေးကတော့လေ၊ ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ။ ကျွန်မ အလေးအနက် ပြောနေတာ မမြင်ဘူးလား"

လင်းပိုင်ဖန်က သူမကို အကဲခတ်လိုက်ပြီး "ကောင်းပြီ၊ မင်းက အလေးအနက်ထားတယ်၊ မင်းက မြင့်မြတ်တယ်၊ မင်းက တော်တယ်၊ အခု ကျေနပ်ပြီလား"

​ စကားပြောရင်း လင်းပိုင်ဖန် မျက်စိမှိတ်လိုက်ကာ- "ယွီရှင်း၊ ငါ မျက်စိမှိတ်လိုက်ပြီ၊ လာလေ။ စိတ်မပူနဲ့၊ မင်း ငါ့ကို ဘာလုပ်ဖို့ စီစဉ်ထားပါစေ၊ နူးနူးညံ့ညံ့ပဲဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်းပဲဖြစ်ဖြစ် ငါ ဘယ်တော့မှ တွန်းလှန်မှာ မဟုတ်ဘူး"

​ ချိုင်ယွီရှင်းသည် ရယ်လည်းရယ်ချင် စိတ်လည်းတိုလျက်- "ကျွန်မ ဖွင့်ခိုင်းမှ ဖွင့်ရမယ်လို့ သဘောတူထားတယ်နော်" ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်က ပြန်ပြောလိုက်သည်။ "စိတ်ချပါ၊ ဒီကစားနည်းကို ငါက မင်းထက်တောင် ပိုကျွမ်းသေးတယ်"

​ ထို့နောက် ချိုင်ယွီရှင်းက လင်းပိုင်ဖန်၏ လက်ကိုဆွဲကာ တဲပြင်သို့ ဖြည်းညှင်းစွာ ဦးဆောင်ခေါ်သွားသည်။

"အရှင်မင်းကြီး၊ အခု မျက်စိဖွင့်လို့ ရပါပြီ"

​ လင်းပိုင်ဖန် မျက်စိဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် အနီရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အမျိုးသမီးစစ်သည် ၃,၀၀၀ ခန့်မှာ ခန့်ညားထည်ဝါစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။

"ဖီးနစ်ကဟန် အမျိုးသမီးစစ်သည်တော်များက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

​ လင်းပိုင်ဖန်က အနည်းငယ် စိတ်ပျက်သွားကာ- "ယွီရှင်း၊ ဒါက မင်းပြောတဲ့ အံ့အားသင့်စရာ လက်ဆောင်လား"

ချိုင်ယွီရှင်းက ဂုဏ်ယူစွာဖြင့်- "မှန်ပါတယ် အရှင်မင်းကြီး၊ ကျွန်မ ပြောပြပါရစေ။ ဒီအမျိုးသမီးစစ်သည် ၃,၀၀၀ ဟာ အခုဆိုရင် အပြည့်အဝ လေ့ကျင့်ပြီးမြောက်ပြီဖြစ်လို့ ရန်သူတွေကို သုတ်သင်ဖို့ စစ်မြေပြင်ကို တက်လှမ်းဖို့ အသင့်ဖြစ်နေပါပြီ။ ဒါက အံ့အားသင့်စရာ မကောင်းဘူးလား"

​ လင်းပိုင်ဖန်က မေးလိုက်သည်။ "သူတို့က အမျိုးသားစစ်သည်တွေနဲ့ ဘာကွာခြားလို့လဲ"

"အများကြီး ကွာခြားတာပေါ့"

​ ချိုင်ယွီရှင်းက ယုံကြည်မှုအပြည့်ဖြင့် ကြွားလုံးထုတ်လိုက်သည်။ "ခြောက်လကျော်ကြာအောင် အသေအချာ လေ့ကျင့်ပေးပြီးတဲ့နောက်မှာတော့ ဒီအမျိုးသမီး စစ်သည်တွေအားလုံးဟာ သိုင်းပညာရှင်တွေ ဖြစ်နေကြပါပြီ။ သူတို့က သိုင်းပညာရှင် အဆင့်အတန်းထဲကို ခုမှ စဝင်တာဆိုပေမဲ့ သူတို့ထဲက တစ်ယောက်ချင်းစီဟာ အရွယ်ရောက်ပြီးသား အမျိုးသား အများအပြားကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်"

​ လင်းပိုင်ဖန်၏ မျက်လုံးများ တောက်ပသွားကာ- "အလွန်ကောင်းတယ်။ ဒါဆိုရင် ဒီအမျိုးသမီးစစ်သည် ၃,၀၀၀က အင်အား တစ်သောင်းရှိတဲ့ စစ်တပ်နဲ့ ညီမျှတာပေါ့"

​ "ဒုတိယအချက်ကတော့ ဒီစစ်သည်တွေဟာ အတူတူ နေထိုင်၊ အတူတူ လေ့ကျင့်ကြပြီး တူညီတဲ့ အသက်ရှူနည်းစနစ်နဲ့ အတွင်းအား လည်ပတ်မှု နည်းစနစ်တွေကို လေ့ကျင့်ထားကြတာပဲ"

ချိုင်ယွီရှင်းက ဂုဏ်ယူစွာ ပြုံးလျက် "ဆိုလိုတာက သူတို့ဟာ တစ်ဦးနဲ့တစ်ဦး အလွန်ရင်းနှီးကြပြီး အပေးအယူ အလွန်မျှကြတယ်။ သူတို့ထဲက သုံးယောက်ပေါင်းလိုက်ရင် စစ်တပ်ငယ်တစ်ခု ဖြစ်နိုင်ပြီး တကွဲတပြား ဖြစ်နေရင်တောင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန်စစ်တပ်ထက် အများကြီး သာလွန်ပါတယ်"

​ လင်းပိုင်ဖန်၏ မျက်လုံးများ ထပ်မံ တောက်ပလာပြန်သည်။ "အလွန်ကောင်းတယ်။ ဒါဟာ လျင်မြန်စွာ တုံ့ပြန်နိုင်တဲ့ အထူးတပ်ဖွဲ့ရဲ့ အရည်အချင်းပဲ"

​ "နောက်ဆုံးတစ်ချက်ကတော့ သူတို့ဟာ စစ်ဗျူဟာ ခင်းကျင်းမှု ကို ကျွမ်းကျင်သွားကြပြီ"

"စစ်ဗျူဟာ ခင်းကျင်းမှု" လင်းပိုင်ဖန် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

စစ်ဗျူဟာ ခင်းကျင်းမှုဆိုသည်မှာ တကယ့် ရတနာတစ်ပါးပင် ဖြစ်သည်။

​ ဤကမ္ဘာပေါ်တွင် တိမ်တိုက်များကဲ့သို့ များပြားလှသော ပညာရှင်များနှင့် အင်အားကြီးသူများစွာ ရှိကြသည်။

တစ်ခါတစ်ရံတွင် လူတစ်ယောက်တည်းက စစ်သည်တစ်ထောင်ကို ရင်ဆိုင်နိုင်ပြီး၊ လူတစ်ယောက်တည်းကပင် ထီးနန်းများကို မှောက်လှန်နိုင်သည်။

ထိုကဲ့သို့ ထူးချွန်သော ပညာရှင်များကို ရင်ဆိုင်ရလျှင် နိုင်ငံအများအပြားနှင့် အင်အားစုများသည် ပြန်လည်ခုခံနိုင်စွမ်း မရှိကြပေ။

သို့သော် စစ်ဗျူဟာ ခင်းကျင်းမှုက ထိုအားနည်းချက်ကို ပြန်လည် ဖြည့်ဆည်းပေးနိုင်သည်။

​ လူတစ်ယောက်၏ အင်အားမှာ ကန့်သတ်ချက် ရှိသဖြင့် ပညာရှင်တစ်ဦးကို ခုခံရန် အင်အား မလုံလောက်သော်လည်း စစ်ဗျူဟာ ခင်းကျင်းမှုသည် စစ်သည်တစ်ဦးချင်းစီ၏ အင်အားကို ပေါင်းစပ်ပေးနိုင်ပြီး ၁၀ ဆ၊ အဆ ၁၀၀ သို့မဟုတ် အဆ ၁,၀၀၀ ခန့် ပိုမိုကြီးမားသော အင်အားကို ထုတ်လွှတ်ပေးနိုင်သည်။

ဤစစ်ဗျူဟာ ခင်းကျင်းမှုသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

​ ယခင်က စစ်ဗျူဟာ ခင်းကျင်းမှုကို အစွန်းဆုံ ရောက်တဲ့အထိ အထူးကျွမ်းကျင်သော စစ်တပ်တစ်ခု ရှိခဲ့ဖူးသည်။ ၎င်းတို့သည် အင်အား တစ်သိန်းသာ ရှိပြီး 'ချီဖွဲ့တည်ခြင်းအဆင့်' ထက် မြင့်တဲ့သူ တစ်ဦးမျှ မပါဝင်သော်လည်း နိုင်ငံတစ်ခုလုံးကို တစ်ဦးတည်း ရင်ဆိုင်နိုင်သော 'ကောင်းကင်အဆင့်' တစ်ဦးကိုပင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

​ သို့သော်လည်း စစ်ဗျူဟာ ခင်းကျင်းမှုကို ကျွမ်းကျင်ရန်မှာ မလွယ်ကူပေ။

ပထမဦးစွာ စစ်တပ်တစ်ခုလုံးသည် တစ်ဦးတည်းကဲ့သို့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန် အရေးကြီးသည်။ အပေးအယူ ပိုမျှလေ ရလဒ် ပိုကောင်းလေဖြစ်သည်။

သို့သော် ဤအချက်သည်ပင် စစ်တပ် ၉၀ %ကျော်ကို အခက်တွေ့စေခဲ့သည်။

အကြောင်းမှာ လူများလေလေ သဘောထား ကွဲလွဲလေလေဖြစ်ပြီး နားလည်မှု တစ်ထပ်တည်းကျရန် ခက်ခဲသောကြောင့် ဖြစ်သည်။

လူနည်းပြန်လျှင်လည်း စစ်ဗျူဟာ၏ အစွမ်းကို အပြည့်အဝ မထုတ်နိုင်ပေ။

​ ဒုတိယအချက်မှာ ဗျူဟာပြပုံကြမ်း ရှိရန် လိုအပ်သည်။

​စစ်ဗျူဟာ ခင်းကျင်းမှု သဘောတရားမှာ အလွန်နက်နဲပြီး သာမန်လူတစ်ယောက် နားလည်နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် လေ့ကျင့်နိုင်ရန် ဗျူဟာပြပုံကြမ်း လိုအပ်သည်။

သို့သော် ဗျူဟာပြပုံကြမ်းများသည် နိုင်ငံတစ်ခု၏ အကြီးမားဆုံး လျှို့ဝှက်ချက်များဖြစ်ပြီး သိုင်းပညာ ကျမ်းစာများကဲ့သို့ပင် ဖြစ်ရာ သာမန်လူတစ်ယောက်က မည်သို့ ရရှိနိုင်ပါမည်နည်း။

​ ဤအကြောင်းရင်း နှစ်ခုကြောင့် နိုင်ငံအများအပြား၏ စစ်တပ်များသည် စစ်ဗျူဟာများကို မဖော်ဆောင်နိုင်ကြပေ။

ယခုတွင် ချိုင်ယွီရှင်းက ဤအမျိုးသမီး စစ်သည်အုပ်စုသည် စစ်ဗျူဟာ ခင်းကျင်းမှုကို ကျွမ်းကျင်သွားပြီဟု ပြောနေခြင်းဖြစ်ရာ လင်းပိုင်ဖန် မည်သို့ အံ့သြစိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

​ "မင်း အမှန်အတိုင်း ပြောနေတာလား။ သူတို့ တကယ်ပဲ စစ်ဗျူဟာကို ကျွမ်းကျင်သွားပြီလား"

"တကယ်ပြောတာပေါ့။ ကျွန်မက အရှင်မင်းကြီးကို ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ"

ချိုင်ယွီရှင်းက ဂုဏ်ယူစွာဖြင့် "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ ကမ္ဘာပတ်သွားလာနေတုန်း ဗျူဟာပြပုံကြမ်း အပိုင်းအစတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် ရခဲ့ပြီး စစ်ဗျူဟာကျွမ်းကျင်တဲ့ စစ်တပ်တစ်ခုကို လေ့ကျင့်ပေးဖို့ စိတ်ကူးခဲ့တယ်"

"နောက်ပိုင်းမှာ အမျိုးသမီးစစ်တပ်ကို ဖွဲ့စည်းပြီးတဲ့နောက် ဒီအမျိုးသမီးတွေမှာ နောက်ခံသမိုင်းကြောင်း တူညီနေကြတာတွေ၊ အတူတူ နေထိုင်ကြတာနဲ့ တူညီတဲ့ ကိုယ်ခံပညာကို လေ့ကျင့်ကြတာတွေကို တွေ့လိုက်ရတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုက ပိုပိုအားကောင်းလာပြီး စစ်ဗျူဟာ လေ့ကျင့်ဖို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေတာကို တွေ့လိုက်ရတယ်"

"ဒါကြောင့် သူတို့ကို လေ့ကျင့်ပေးကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ၊ အံ့သြစရာကောင်းတာက တကယ်ပဲ အောင်မြင်သွားခဲ့တယ်"

​ လင်းပိုင်ဖန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မြန်မြန် သရုပ်ပြခိုင်းစမ်းပါ၊ ငါလည်း ဒီအံ့ဖွယ်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်တယ်"

"ကောင်းပါပြီ။ တပ်သားအားလုံး ငါ့အမိန့်ကို နားထောင်၊ စစ်မြေပြင်သို့"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

​ သူတို့သည် ချက်ချင်းပင် စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ကြသည်။

လင်းပိုင်ဖန် သတိထားမိသည်မှာ လေ့ကျင့်မှုက တိုးတက်လာသည်နှင့်အမျှ သူတို့၏ အရှိန်အဝါများမှာ တဖြည်းဖြည်း မြင့်တက်လာပြီး တစ်စုတစ်စည်းတည်း ဖြစ်သွားကာ တစ်ဦးတည်းကဲ့သို့ ဖြစ်ပေါ်လာသည်။

ထို့နောက် သူတို့သည် ပြင်းထန်သော တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။

တာတစ်ရာကျော် အကွာအဝေးကို ဖြတ်ကျော်ကာ တာတစ်ရာအကွာရှိ မြေပြင်ကို ရိုက်ခတ်လိုက်ရာ တောင်တန်းများ ပြိုကျပြီး ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်ပျံ့သွားသည်။

ဤအင်အားသည် ချီဖွဲ့တည်ခြင်းအဆင့် ရှိသူများကိုပင် ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်လှသည်။

​ "အရှင်မင်းကြီး၊ ဒီစစ်ဗျူဟာရဲ့ စွမ်းအားကို ဘယ်လိုမြင်ပါသလဲ။ ကျေနပ်ရဲ့လား" ချိုင်ယွီရှင်းက ဂုဏ်ယူစွာ မေးလိုက်သည်။

လင်းပိုင်ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ချိုင်ယွီရှင်းကို ပွေ့ဖက်ကာ သူမ၏ မျက်နှာကို ကိုင်၍ ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်ပြီး "ကျေနပ်တာထက်တောင် ပိုသေးတယ်၊ မင်းကို ငါ သေလောက်အောင် ချစ်တယ်။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ အံ့အားသင့်စရာပဲ၊ ဟားဟား"

​ ချိုင်ယွီရှင်း အလွန်အမင်း ရှက်ရွံ့သွားပြီး- "အရှင်မင်းကြီး၊ လူတိုင်း ကြည့်နေကြတယ်လေ"

"ကြည့်တော့ ဘာဖြစ်လဲ။ သူတို့လည်း သိနေတာပဲကို"

အမျိုးသမီးစစ်သည်များမှာ တိတ်တဆိတ် ရယ်မောလိုက်ကြသည်။

ချိုင်ယွီရှင်းမှာ ရှက်လည်းရှက်၊ စိတ်လည်းတိုသဖြင့် လင်းပိုင်ဖန်၏ အသားကို ပြင်းထန်စွာ ဆွဲလိမ်လိုက်တော့သည်။

​ လင်းပိုင်ဖန် - "အား... အား... အား"

​ ခဏအကြာတွင်…

လင်းပိုင်ဖန်သည် သူ့ရှေ့ရှိ စိတ်ဓာတ်များ တက်ကြွနေသော အမျိုးသမီးစစ်သည်များကို တစ်မျိုးတစ်ဖုံသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤသူများသည် စစ်ဗျူဟာအတွက် လေ့ကျင့်ထားသော စစ်သည်များဖြစ်ပြီး အရေအတွက်က နည်းပါးသော်လည်း အင်အားအပြည့် ထုတ်သုံးလိုက်လျှင် ချီဖွဲ့တည်ခြင်းအဆင့် ရှိသူများကိုပင် ယှဉ်နိုင်ကာ သူတို့၏ အလားအလာမှာ အကန့်အသတ်မရှိပေ။

​ အခွင့်အရေးကို အသုံးချကာ ချိုင်ယွီရှင်းက ပြောလိုက်သည်။ "အရှင်မင်းကြီး၊ လက်ရှိ အမျိုးသမီးစစ်သည်တွေရဲ့ အင်အားက သင့်တင့်ရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့တွေ ပိုပြီး သန်မာလာမယ်ဆိုရင် စစ်ဗျူဟာရဲ့ စွမ်းအားကလည်း အများကြီး ပိုတိုးလာမှာပါ။ ဒါကြောင့် အပိုဆောင်း အရင်းအမြစ်တွေနဲ့ စစ်အသုံးစရိတ်တွေကို တောင်းခံချင်ပါတယ်၊ အရှင်မင်းကြီး ခွင့်ပြုပေးပါ"

​ လင်းပိုင်ဖန်က ဟန်ပါပါဖြင့် ကြေညာလိုက်သည်။ "ခွင့်ပြုတယ်။ မင်း ဘာလိုချင်တာပဲဖြစ်ဖြစ် ငါကိုယ်တော် ထောက်ပံ့ပေးမယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ချိုင်ယွီရှင်း၏ မျက်နှာမှာ အပြုံးများဖြင့် လင်းလက်သွားသည်။

​ "ယွီရှင်း၊ တခြားလိုတာရှိရင်လည်း အခုပဲပြော၊ ငါ အပြည့်အဝ ထောက်ခံတယ်။ ဒီစစ်တပ်ကို လေ့ကျင့်ပေးနိုင်သရွေ့ ဘယ်လောက်ပဲ ကုန်ကုန် ငါ ပေးဖို့ အသင့်ပဲ" လင်းပိုင်ဖန်က အားပေးလိုက်သည်။

​ "အရှင်မင်းကြီး၊ သူတို့တွေ အခု အလိုအပ်ဆုံးက သေရေးရှင်ရေး အတွေ့အကြုံတွေကနေ ရလာမယ့် လေ့ကျင့်မှုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေ စစ်မြေပြင်ကို မရောက်ဖူးသေးဘူး။ စစ်ပွဲရဲ့ ပုံသွင်းခြင်းကို မခံရဘဲ သူတို့ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်နိုင်မှာ မဟုတ်ဘူး" ချိုင်ယွီရှင်းက ရှင်းပြလိုက်သည်။

​ "မင်းပြောတာလည်း ဟုတ်သားပဲ"

လင်းပိုင်ဖန် စဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်ကာ "သူတို့ကို စစ်မြေပြင်ကို ပို့ဖို့ဆိုတာ မလွယ်ဘူး။ မင်းလည်း သိတဲ့အတိုင်း ငါတို့က အိမ်နီးချင်း နိုင်ငံတွေကို တစ်ပတ်ပတ်ပြီးပြီ၊ မဟာယွဲ့ တောင် ငါတို့ကို ကြောက်နေရပြီ။ ပြိုင်ဘက်မရှိဘဲ စစ်တိုက်ဖို့က ခက်တယ်"

​ ချိုင်ယွီရှင်းက ခက်ခက်ခဲခဲပင် ခေါင်းငြိမ့်ထောက်ခံလိုက်သည် "ဒါလည်း အမှန်ပါပဲ"

"စောင့်ကြည့်ကြတာပေါ့၊ တစ်ခုခု အလှည့်အပြောင်း ရှိလာနိုင်တာပဲ"

All Chapters