အခန်း (၁၆၆)
Vol. 14 Ch. 166
ထို့နောက် ၎င်းတို့သည် ထူးခြားသော စစ်ဗျူဟာတစ်ခုကို အသုံးပြု၍ မြင်းများကို အရှိန်ပြင်းစွာ စီးနှင်းကာ တိုက်ပွဲအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
အစပိုင်းတွင် မဟာယန်၏ ဗိုလ်ချုပ်စွန်းက ၎င်းတို့၏ စစ်ဗျူဟာမှာ အနည်းငယ် ထူးဆန်းသည်ဟုသာ ထင်မြင်ခဲ့ပြီး အရေးတယူ မရှိခဲ့ပေ။ သူက မထီမဲ့မြင် ပြုံးရယ်လျက် "သူတို့က ကိုယ့်သေတွင်းကိုယ်တူးပြီး ပိုက်ကွန်ထဲ တိုးဝင်လာရဲသေးတယ်လား။ မဟာယန်ရဲ့ သူရဲကောင်းတို့... သူတို့ကို မဟာယန်ရဲ့ အင်အားကို ပြလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အင်အား ၃၀,၀၀၀ ရှိသော မြင်းတပ်ကြီး ရှေ့သို့ ချီတက်သွားလေသည်။
"တိုက်ကြစမ်း။ မဟာရှရဲ့ အမျိုးသမီးစစ်သည်တွေကို အမှုန့်ချေပစ်ကြ"
"ငါတို့က မရှုံးနိုင်ဘူး။ ဒီတိုက်ပွဲကတော့ အနိုင်ပဲ"
"ငါတို့က မဟာယန်ရဲ့ အောင်နိုင်သူ သားကောင်းတွေကွ"
၎င်းတို့၏ ယုံကြည်ချက်မှာ အလွန်ပင် ကြီးမားနေသည်။ ၃၀,၀၀၀ နှင့် ၃,၀၀၀ ဆိုသည်မှာ ဆယ်ဆမျှ ကွာခြားနေသည်မဟုတ်ပါလား။ တစ်ဖက်တွင် တက်ကြွလှုပ်ရှားနေသော လူငယ် အမျိုးသားများဖြစ်ပြီး အခြားတစ်ဖက်တွင်မူ နုနယ်လှသော အမျိုးသမီးစစ်သည်များ ဖြစ်သောကြောင့် အနိုင်ရရှိရန် သေချာသလောက် ရှိနေသည်။
သို့သော်လည်း မဟာရှရဲ့ အမျိုးသမီး စစ်သည်များက လုံးဝကြောက်ရွံ့ခြင်း မရှိခဲ့ကြပေ။ လှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာသော ၃၀,၀၀၀ သော မဟာယန်မြင်းတပ်ကြီးကို ရင်ဆိုင်ရာတွင် ၎င်းတို့က ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်ခဲ့ကြသည်။
"လှံဖျား စစ်ဗျူဟာကို ခင်းကျင်းကြ" ဟု ချိုင်ယုရှင်းက ဟိန်းဟောက်လိုက်သည်။
"ဟုတ်ကဲ့ပါ စစ်သူကြီး"
အမျိုးသမီးစစ်သည် အုပ်စုသည် စစ်ကြောင်းကို တင်းကျပ်လိုက်ပြီး ၎င်းတို့၏ စွမ်းအားများကို လျင်မြန်စွာ ပေါင်းစည်းလိုက်ကြသည်။ ထို့နောက် ချိုင်ယုရှင်းက ရှေ့ဆုံးမှ ဦးဆောင်ကာ ထက်မြသော လှံသွားတစ်ခုကဲ့သို့ အရှိန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားပြီး တိုးဝင်လာသော မြင်းတပ် ၃၀,၀၀၀ ကို ဖြတ်ကျော်သွားလေသည်။
"ငါ့အတွက် ဖောက်ထွက်ကြစမ်း"
၎င်းတို့ တိုက်ခိုက်မိသည်နှင့် တပြိုင်နက် ချီတက်လာသော မြင်းတပ် ၃၀,၀၀၀ ၏ စစ်ကြောင်းမှာ ပျက်စီးသွားရသည်။ မဟာရှ၏ အမျိုးသမီးစစ်သည်များသည် အသားကို ဓားဖြင့် လှီးဖြတ်သကဲ့သို့ စစ်တပ်အတွင်းသို့ တိုးဝင်သွားရာ မြင်းစီးစစ်သည် မြောက်မြားစွာ မြင်းပေါ်မှ လိမ့်ကျပြီး နာကျင်စွာ အော်ဟစ်နေကြရကာ စစ်သည်နှင့် မြင်းများစွာလည်း လဲကျကာ သေကုန်ကြသည်။
မဟာယန်၏ ဗိုလ်ချုပ်စွန်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" ဟု ရေရွတ်မိလိုက်သည်။ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာတင် သူ၏ ၃၀,၀၀၀ သော မြင်းတပ်ကြီး အရေးနိမ့်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ခဏအတွင်းမှာပင် မဟာရှ၏ အမျိုးသမီးစစ်သည်များသည် စစ်ကြောင်းကို အပြီးအပိုင် ဖောက်ထွက်သွားကြသည်။ သွေးချောင်းစီးနေသော လမ်းကြောင်းတစ်ခုကို ဖန်တီးရုံသာမကပဲ ဒဏ်ရာရစစ်သည် ထောင်ပေါင်းများစွာကိုလည်း ချန်ထားခဲ့ကြသည်။
ထို့နောက် မဟာရှ၏ အမျိုးသမီးစစ်သည်များသည် နောက်သို့ ပြန်လှည့်လာကာ ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ပြန်ရာ နောက်ထပ် ဒဏ်ရာရစစ်သည် ထောင်ပေါင်းများစွာကို ထပ်မံ ချန်ထားခဲ့ပြန်သည်။ နှစ်ကြိမ်ဆက်တိုက် ထိုးစစ်ဆင်ပြီးနောက် ၃၀,၀၀၀ သော မြင်းတပ်ကြီး၏ စစ်ဗျူဟာမှာ လုံးဝ ပျက်စီးသွားပြီး ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။
ပထမဆုံး တိုက်ပွဲတွင် ရှုံးနိမ့်သွားသဖြင့် ဗိုလ်ချုပ်စွန်း၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားသည်။ သို့သော် ဤအမျိုးသမီးစစ်သည်များ၏ စွမ်းရည်ကို သူ နက်နက်ရှိုင်းရှိုင်း သိရှိသွားပြီး ၎င်းတို့ကို လျှော့တွက်၍ မရတော့ကြောင်း ခံစားလိုက်ရသည်။
"လေးသည်တော်တို့... မြားတွေလွှတ်ပြီး သူတို့ကို သတ်ကြစမ်း"
လေးသည်တော်များက ချက်ချင်းပင် လေးကြိုးများကို တင်းအောင် ဆွဲလိုက်ကြရာ ခဏအတွင်းမှာပင် မြားများသည် မိုးပေါက်များကဲ့သို့ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ကျဆင်းလာသည်။
ချိုင်ယုရှင်းသည် အမျိုးသမီးစစ်သည် ၃၀၀၀ ကို ဦးဆောင်ကာ မဟာယန်စစ်တပ်ဆီသို့ အပြင်းအနှင် ချီတက်ရင်း အော်ဟစ်လိုက်သည်။ "ညီမတို့... ငြိမ်ခံနေတာ ငါတို့ပုံစံမဟုတ်ဘူး။ အခု သူတို့ရဲ့ ဗဟိုချက်ကို တိုက်ခိုက်ပြီး မဟာယန်စစ်တပ်ကို အမှုန့်ချေပစ်မယ်"
"တိုက်ကြ"
အမျိုးသမီးစစ်သည် ၃,၀၀၀ ၏ အင်အားသည် နောက်တစ်ကြိမ် ထပ်မံပေါင်းစည်းသွားပြီး မုန်တိုင်းတစ်ခုကဲ့သို့ မဟာယန်စစ်တပ်ဆီသို့ တိုးဝင်သွားကြသည်။ အပေါ်မှ ကျလာသော မြားများသည် ၎င်းတို့၏အပေါ်၌ ဖြစ်ပေါ်နေသော လေဝဲလှိုင်းများကြောင့် လွင့်စင်ကုန်ကြပြီး ၎င်းတို့ကို အနည်းငယ်မျှ ဒဏ်ရာမပေးနိုင်ခဲ့ပေ။
"တိုက်ခိုက်ရဲသေးတယ်ပေါ့... တကယ်ပဲ သေတွင်းရှာနေတာပဲ" ဟု ဗိုလ်ချုပ်စွန်းက နှာခေါင်းရှုံ့လိုက်သည်။ "စစ်သည်အားလုံး သတိထား... ဒိုင်းလွှာတွေကိုမြှင့်၊ ခံစစ်ဗျူဟာပြင်ပြီး တစ်လှမ်းချင်း ရှေ့တိုးကြ။ ဒီအဖိုးကြီးက သူတို့ကို ဖုန်မှုန့်ဖြစ်အောင် ချေပစ်မယ်"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
ကြီးမားလေးလံသော ဒိုင်းလွှာကြီးများကို မြှင့်လိုက်ကြပြီး ဒိုင်းလွှာများနောက်တွင် စစ်သည်များသည် ပုခုံးချင်းယှဉ်ကာ လူသားတံတိုင်းကြီးတစ်ခုကို တည်ဆောက်လိုက်ကြသည်။ ၎င်းတို့နောက်တွင်မူ အခြားစစ်သည်များက အချိန်မရွေး ထိုးနှက်နိုင်ရန် လှံရှည်များကို ပြင်ဆင်ထားကြသည်။ ဤကဲ့သို့သော ခံစစ်ဗျူဟာသည် အင်အား ၃,၀၀၀ ကိုသာမက ၃၀,၀၀၀ ကိုပင် တားဆီးနိုင်သည်။
သို့သော် ချိုင်ယုရှင်း ဦးဆောင်သော အမျိုးသမီးစစ်သည် ၃,၀၀၀ မှာ မကြောက်မရွှံ့ တိုးဝင်လာကြသည်။ ထိုအချိန်တွင် ချိုင်ယုရှင်းသည် သူမ၏ မီးလျှံလှံကို အမြင့်သို့မြှောက်ကာ ဟိန်းဟောက်လိုက်သည်။ "ညီမတို့... အင်အားအားလုံးကို စုစည်းကြ။ သူတို့ရဲ့ လိပ်ခွံလိုမာတဲ့ ခံစစ်ကို ဖျက်ဆီးပြီး စစ်တပ်ကြီးကို တစ်ချက်တည်းနဲ့ အပြတ်တိုက်မယ်"
"ဟုတ်ကဲ့ပါ စစ်သူကြီး"
လူ ၃,၀၀၀ ၏ အင်အားများသည် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်။ ချိုင်ယုရှင်းသည် ဤကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထိန်းချုပ်ကာ ရှေ့သို့ ထိုးနှက်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မဟာယန်၏ ခံစစ်တံတိုင်းကြီး ပွင့်ထွက်သွားပြီး ခံစစ်ဗျူဟာ ပျက်စီးသွားလေသည်။
ထိုခဏတွင် မဟာရှ၏ အမျိုးသမီးစစ်သည်များသည် အပေါက်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ မဟာယန်တပ်များကို ဖြတ်တောက်တိုက်ခိုက်ပြီး လမ်းကြောင်းတစ်ခုလုံး သွေးချင်းနီကာ အလောင်းများဖြင့် ပြည့်နှက်သွားလေတော့သည်။
ဗိုလ်ချုပ်စွန်းမှာ ဆွံ့အသွားပြီး "ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ" ဟု တွေးတောနေမိသည်။
ခုနက မြင်ကွင်းများကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူ နားလည်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဒါက တိုက်ပွဲဝင် စစ်ဗျူဟာပဲ။ သူတို့က တိုက်ပွဲဝင် စစ်ဗျူဟာတွေကို အသုံးပြုတတ်နေပြီပဲ"
ချိုင်ယုရှင်းသည် အမျိုးသမီးစစ်သည်များကို ဦးဆောင်ကာ နောက်ထပ်တစ်ကြိမ် ထိုးစစ်ဆင်လိုက်ပြန်ရာ မဟာယန်စစ်သည် သောင်းနှင့်ချီ၍ ဒဏ်ရာရကုန်ကြသည်။
ချိုင်ယုရှင်းသည် မြင်းများကို ပြန်လှည့်ကာ နောက်ထပ် ထိုးစစ်တစ်ခု ပြုလုပ်ရန် ပြင်ဆင်နေပြန်သဖြင့် ဗိုလ်ချုပ်စွန်းသည် ဓားကို ဆွဲထုတ်လိုက်သည်။ "တော်လောက်ပြီ။ ဒီအဖိုးကြီး ကိုယ်တိုင် မင်းကို ရင်ဆိုင်မယ်"
ချိုင်ယုရှင်းက "အဖိုးကြီး... ရှင် မယှဉ်နိုင်ပါဘူး။ နောက်ဆုတ်ပြီး ရှင့် မြေးတွေကိုပဲ သွားထိန်းတော့" ဟု အော်ပြောလိုက်ရာ ဗိုလ်ချုပ်စွန်းသည် အလွန်အမင်း ဒေါသထွက်သွားသည်။
"အားး... မင်းလို ကလေးမက ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့"
ဗိုလ်ချုပ်စွန်းသည် ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ဟိန်းဟောက်လိုက်သည်။ "ငါ့ရဲ့ လမင်းဖြူ ဓားချက်ကို ခံစားကြည့်လိုက်"
ချိုင်ယုရှင်းကလည်း မီးလျှံလှံကို မြှောက်ကာ လူ ၃,၀၀၀ ၏ အင်အားနှင့် ပေါင်းစပ်ပြီး တုံ့ပြန်လိုက်သည်။
"ပျက်စီးသွားစမ်း"
ဓားမော့ချီနှင့် လှံချီတို့ ပြင်းထန်စွာ ရိုက်ခတ်မိပြီး ကြောက်မက်ဖွယ် အင်အားကြောင့် မြေပြင်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် မဟာရှ၏ အမျိုးသမီးစစ်သည်များက ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ဗိုလ်ချုပ်စွန်းမှာမူ အပျက်အစီးများကြားတွင် လဲကျနေပြီး သွေးများ အဆက်မပြတ် အန်နေလေသည်။ ၎င်း၏ စစ်သည်များမှာ "ဗိုလ်ချုပ်... ဗိုလ်ချုပ် ဘယ်လိုနေသေးလဲ"
"ကျွန်တော်တို့ကို လန့်အောင် မလုပ်ပါနဲ့ ဗိုလ်ချုပ်" ဟု စိုးရိမ်တကြီး ဝိုင်းအုံလာကြသည်။
"ဟ... ဒါက ငါတို့ မဟာရှစစ်တပ်ကို တားဆီးတဲ့သူတွေရဲ့ လမ်းဆုံးပဲ" ဟု ဆိုကာ ချိုင်ယုရှင်းသည် ဆက်လက်ထိုးစစ်ဆင်လေသည်။ ဗိုလ်ချုပ်စွန်းမှာ တားဆီးရန် အင်အားမရှိတော့သဖြင့် မဟာယန်စစ်တပ်ကြီးမှာ စစ်ဗျူဟာ ပျက်စီးသွားပြီး ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ အခြေအနေကို ကြည့်ပြီး ဗိုလ်ချုပ်စွန်းသည် "ဆုတ်ခွာကြ" ဟု အမိန့်ပေးလိုက်ရတော့သည်။
ဤတိုက်ပွဲ၏ ရလဒ်သည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အင်အားချင်း အဆမတန် ကွာဟနေသော်လည်း မဟာရှက အနိုင်ရရှိသွားခြင်းမှာ မယုံနိုင်စရာ ဖြစ်နေခဲ့သည်။ လင်းပိုင်ဖန် ကိုယ်တိုင်ပင်လျှင် ဤမျှ ကြီးကျယ်သော အောင်မြင်မှုမျိုး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လင်းပိုင်ဖန်မှာ အလွန်ပင် ဝမ်းမြောက်သွားပြီး "မဟာရှရဲ့ အမျိုးသမီးစစ်သည်တွေက အမျိုးသားတွေလိုပဲ အရည်အချင်းရှိကြောင်းကို ပြသနိုင်ခဲ့ပြီး ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့တယ်။ တော်ကြပေတယ်" ဟု ချီးကျူးလိုက်သည်။
အခြားတစ်ဖက်တွင်မူ မဟာယန်ဧကရာဇ်သည် ဒေါသတကြီးဖြင့် "ငါကိုယ်တော် မောင်မင်းကို မဟာယန်ရဲ့ အထူးရွေးချယ်ထားတဲ့ စစ်သည် ၆၀၀,၀၀၀ကို ပေးခဲ့တယ်။ ဒါပေမဲ့ မောင်မင်းက အမျိုးသမီး ၃၀၀၀ ကိုတောင် မနိုင်ခဲ့ဘူး...။ ပြောစမ်း၊ ဘာလို့ ရှုံးခဲ့တာလဲ။ ဘယ်လိုဖြစ်ပြီး ရှုံးသွားရတာလဲ" ဟု မေးမြန်းခဲ့သည်။
ဗိုလ်ချုပ်စွန်းက အရှက်ရစွာဖြင့်- "အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီမဟာရှရဲ့ အမျိုးသမီးစစ်တပ်က အားကောင်းလှတဲ့ တိုက်ပွဲဝင် စစ်ဗျူဟာကို အသုံးပြုနေလို့ပါ။ ကျွန်တော့်မျိုးကို သင့်တော်သလို အပြစ်ပေးပါ အရှင်မင်းကြီး" ဟု လျှောက်တင်လိုက်သည်။
ဧကရာဇ်က "အပြစ်ပေးရမှာပေါ့။ သေချာပေါက်ကို အပြစ်ပေးရမှာပေါ့။ ဒီတိုက်ပွဲက ငါကိုယ်တော်ကို အရှက်တကွဲ ဖြစ်စေခဲ့တာ မောင်မင်းသိလား" ဟု အော်ဟောက်လိုက်သည်။
ထိုအချိန်တွင် စစ်သည်တစ်ဦးက "အရှင်မင်းကြီးကို အစီရင်ခံပါတယ်... ။ မဟာရှစစ်တပ်က ပြန်ရောက်လာပြီး ကျွန်တော်မျိုးတို့ မဟာယန်မြို့တွေကို ဆက်လက် သိမ်းပိုက်နေပါတယ်" ဟု ဝင်ရောက် အစီရင်ခံသည်။
"ငါကိုယ်တော် သည်းမခံနိုင်တော့ဘူး" ဟု ဆိုကာ မဟာယန်ဧကရာဇ်က စစ်သည် ၆၀၀,၀၀၀ ကို ထပ်စုစည်းပြီး ဗိုလ်ချုပ်စွန်းအား အမှားပြင်ရန် အမိန့်ပေးလိုက်သည်။
ဗိုလ်ချုပ်စွန်းက "အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါတယ်...။ ဒါပေမဲ့ သူတို့ရဲ့ စစ်ဗျူဟာကို ဖောက်ထွက်ဖို့ဆိုရင် ကျွန်တော်မျိုးတို့ဆီမှာ အင်အားကြီးမားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် အများအပြား ပေါင်းစည်းဖို့ လိုအပ်ပါလိမ့်မယ်" ဟု တောင်းဆိုခဲ့ရာ ဧကရာဇ်က နောက်ထပ် ပညာရှင် လေးယောက် ထပ်ထည့်ပေးလိုက်ပြီး တိုက်ပွဲဝင်ရန် စေလွှတ်လိုက်လေတော့သည်။