အခန်း (၁၆၈)
Vol. 14 Ch. 168
မဟာရှနိုင်ငံ အေးချမ်းသာယာပြီး စည်ပင်ဝပြောနေချိန်တွင် မဟာယွဲ့ နိုင်ငံမှာမူ ပူပန်သောကနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေလေသည်။
မဟာယွဲ့သည် မဟာရှ၏ တိုက်ခိုက်လုယက်မှုကို ခံခဲ့ရပြီးနောက် တစ်နိုင်ငံလုံး မွဲတေသွားကာ စီးပွားရေး ပျက်ကပ်ဆိုက်ပြီး စားနပ်ရိက္ခာများ ပြတ်လပ်နေခဲ့သည်။ ငွေမရှိခြင်းက တစ်ကြောင်း၊ အစားအသောက်ပါ မရှိတော့သည့်အခါ ပြည်သူများ မည်သို့ အသက်ဆက်နိုင်ပါမည်နည်းဟု တွေးတောနေကြသည်။
"အို... ဘဝက တကယ့်ကို မခံမရပ်နိုင်အောင် ဖြစ်နေပြီ" ဟု ပြည်သူများက ညည်းတွားကြသည်။
"အိမ်မှာ ချက်စရာ ဆန်က မရှိတော့ဘူး၊ ဆောင်းဦးရိတ်သိမ်းချိန် ရောက်ဖို့ကလည်း လပေါင်းများစွာ လိုသေးတယ်။ အဲဒီအချိန်မတိုင်ခင် အငတ်ဘေးနဲ့ သေကုန်ကြတော့မှာပဲ။ ဒီအခြေအနေမှာ နန်းတော်က ငါတို့ကို ကူညီဖို့ ဘာမှမလုပ်ပေးနိုင်ဘူးလား"
"နန်းတော်က ဘာလုပ်ပေးနိုင်မှာလဲ။ သူတို့ကိုယ်တိုင်လည်း စားစရာပြတ်နေတာ။ ငါတို့မှာ ကျန်တဲ့ အနည်းငယ်လေးကိုတောင် လာသိမ်းဖို့ ကြံနေကြတာ" ဟု အချို့က ပြန်ပြောသည်။
မဟာယွဲ့က မဟာရှကို အရင် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဒုက္ခရောက်ရခြင်းဖြစ်သည်ဟု ပြည်သူများက ယူဆကြသည်။
"စစ်ရေးကိစ္စတွေကို ငါတို့ မတတ်နိုင်ပေမဲ့ ဒုက္ခရောက်တဲ့ အခါကျတော့ ငါတို့ပဲ အကုန်ခံနေရတယ်။ သာမန်ပြည်သူတွေကတော့ တကယ့်ကို သနားစရာပဲ"
ထို့ကြောင့် မဟာရှနိုင်ငံတွင် ဒုက္ခသည်များကို လက်ကမ်းကြိုဆိုကြောင်းကို ကြားသိလိုက်ရသဖြင့် "မဟာရှကိုပဲ သွားပြီး အလုပ်ရှာကြရအောင်။ အဲဒီမှာ မင်းကသာ အလုပ်ကြိုးစားမယ်ဆိုရင် အလုပ်ကို ပုံမှန်လုပ်ရင်တောင် စားစရာရမယ်၊ လုပ်ခတောင် ရဦးမှာ" ဟု တိုက်တွန်းကြသည်။
"ဟုတ်တယ်၊ ဇာတိမြေကို မခွာချင်ပေမဲ့လည်း အခုတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ မဟာရှကိုပဲ သွားကြရအောင်" ဟု ဆိုကာ မဟာယွဲ့ပြည်သူအများအပြားသည် မဟာရှနိုင်ငံသို့ စုပေါင်းထွက်ခွာခဲ့ကြလေသည်။
မဟာယွဲ့ နန်းတော်အတွင်း၌…
ဝန်ကြီးချုပ်က- "အရှင်မင်းကြီး၊ လက်ရှိမှာ မဟာယွဲ့က ဒုက္ခသည် သန်းပေါင်းများစွာဟာ မဟာရှမှာ အသက်မွေးဝမ်းကျောင်းပြုဖို့ ထွက်ခွာသွားကြပါပြီ။ ဒါဟာ လူဦးရေ ဆုံးရှုံးမှုကို အကြီးအကျယ် ဖြစ်စေပါတယ်။ သူတို့ကို တားဆီးဖို့ စစ်တပ်ကို စေလွှတ်သင့်ပါသလား" ဟု အစီရင်ခံလိုက်သည်။
မဟာယွဲ့ ဧကရာဇ်သည် သက်ပြင်းချကာ လက်ကို အားမရှိသလို ဝှေ့ယမ်းလိုက်ပြီး "သူတို့ သွားချင်ရင် သွားပါစေ။ ငါကိုယ်တော်တို့ကလည်း သူတို့ကို မကျွေးမွေးနိုင်ဘူးလေ။ အတင်းအဓမ္မ တားဆီးလိုက်ရင် ပြဿနာတွေ ပိုတက်လာလိမ့်မယ်။ သူတို့ကို မဟာရှဆီ သွားခွင့်ပြုလိုက်၊ မဟာရှအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားတာပေါ့"
သို့သော် ဝန်ကြီးချုပ်က "ဒါပေမဲ့ အရှင်မင်းကြီး၊ ဒါက ရေရှည်အတွက် အဖြေ မဟုတ်ပါဘူး။ လူဦးရေ ဆုံးရှုံးမှု များလွန်းသွားရင် စိုက်ပျိုးမယ့်သူ မရှိလို့ ရိက္ခာ အထွက်နှုန်း လျော့ကျသွားပါ့မယ်၊ စားသုံးသူ မရှိရင် စီးပွားရေးလည်း ပြိုလဲသွားပါလိမ့်မယ်။ ဒါကြောင့် လူဦးရေကို ထိန်းထားဖို့နဲ့ စီးပွားရေး ပြန်လည် တည်ငြိမ်ဖို့ နည်းလမ်း ရှာရပါမယ်" ဟု တင်ပြလိုက်သည်။
ဧကရာဇ်က- "ဝန်ကြီးချုပ် ပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ မောင်မင်းမှာ ဘယ်လို အကြံကောင်းရှိလဲ" ဟု မေးလိုက်တဲ့အခါ ဝန်ကြီးချုပ်က "အထိရောက်ဆုံး နည်းဗျူဟာကတော့ တခြားနိုင်ငံငယ်တွေကို တိုက်ခိုက်လုယက်ဖို့ပါပဲ။ နိုင်ငံငယ်အချို့ကို သိမ်းပိုက်နိုင်ရင် ကျွန်တော်မျိုးတို့ ပြန်လည် အားကောင်းလာမှာပါ" ဟု အကြံပြုလိုက်သည်။
ဧကရာဇ်က သဘောတူခဲ့ပြီး ထိုအစီအစဉ်အတိုင်း ဆောင်ရွက်စေခဲ့သည်။
မဟာယွဲ့စစ်တပ်က နိုင်ငံငယ်တွေကို လုယက်ရန် ချီတက်သောအခါ နိုင်ငံငယ်များက မဟာရှထံမှ အကူအညီတောင်းရန် သံတမန်များ စေလွှတ်ခဲ့ကြသည်။
လင်းပိုင်ဖန်က- "ဒါက တကယ် ခက်ခဲတဲ့ အခြေအနေပဲ။ မဟာယွဲ့နိုင်ငံမှာ အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိတယ်။ မဟာရှထက်တောင်မှ အများကြီး ပိုသန်မာနေသေးတယ်။ သူတို့ကို သွားပြီး ရန်မစသင့်ဘူး။ ဒါကြောင့် ငါကိုယ်တော် ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မောင်မင်းတို့ ပြန်ကြပါတော့" ဟု အခက်တွေ့ဟန်ဖြင့် ပြောဆိုလိုက်သည်။
ကျောက် နိုင်ငံမှ သံတမန်က- "မဟာရှရဲ့ ဧကရာဇ်မင်းမြတ်ခင်ဗျား၊ ကျွန်တော်မျိုးတို့ကို ကူညီပါ၊ စစ်တပ်ကိုသာစေလွှတ်ပြီး ကာကွယ်ပေးမယ်ဆိုရင် ဆုလာဘ်အဖြစ် ငွေတေး ငါးသိန်း ပေးအပ်မယ့်အပြင်၊ အရှင့်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ခံယူပါ့မယ်" ဟု အသနားခံလိုက်သည်။ အခြားသံတမန်များကလည်း "မဟာရှရဲ့ ဧကရာဇ်ခင်ဗျား၊ အရှင်က ပညာရှိပြီး ကရုဏာကြီးမားသူပါ။ ကျွန်တော်မျိုးတို့နိုင်ငံကို ကယ်တင်ဖို့ လက်ကမ်းပေးပါ" ဟု အသီးသီး တောင်းဆိုကြသည်။
လင်းပိုင်ဖန်က ပြုံးလိုက်ကာ- "မောင်မင်းတို့ရဲ့ စိတ်ရင်းကို ငါကိုယ်တော် မြင်ပါတယ်။ ဒါပေမဲ့ ဝံပုလွေဖြစ်တဲ့ မဟာယွဲ့ကို မောင်းထုတ်ပြီး ကျားဖြစ်တဲ့ ငါကိုယ်တော်ရဲ့ မဟာရှကို အိမ်ထဲ ဖိတ်ခေါ်မိမှာကို မကြောက်ကြဘူးလား" ဟု မေးလိုက်သည်။
သံတမန်များမှာ အမှန်တကယ် ကြောက်ရွံ့သော်လည်း မဟာရှသည် မဟာယွဲ့ထက်စာလျှင် ပို၍ မူဝါဒ ခိုင်မာသည်ကို သိရှိကြသည်။ နောက်ဆုံးတွင် လင်းပိုင်ဖန်က "ကောင်းပြီ၊ မဟာယွဲ့က အားနည်းသူကို နှိပ်စက်နေတာကို ဘယ်လိုမှ သည်းမခံနိုင်ဘူး။ မဟာယွဲ့ကို ခုခံဖို့ ငါကိုယ်တော် အခုပဲ စစ်တပ်ကို လွှတ်လိုက်မယ်" ဟု သဘောတူလိုက်သည်။
လင်းပိုင်ဖန်သည် မြောက်ပိုင်းရှိ ဝမ်ကျင်းဟိုင်ကို စစ်တပ်ကိုဦးဆောင်၍ နယ်မြေများ သိမ်းပိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့ကြောင့် မဟာရှ၏ နယ်မြေမှာ စတုရန်းကီလိုမီတာ ၁.၅ သန်းအထိ ကျယ်ပြန့်သွားပြီး လူဦးရေလည်း ၁၂.၂ သန်းအထိ တိုးလာခဲ့သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်၏ နားထဲတွင် အဆင့်တက်သည့်အသံ ထွက်ပေါ်လာခဲ့သည်။
"ဒင်၊ ကစားသမား၏ နိုင်ငံတော် အင်အား တိုးတက်လာသည့်အတွက် သင်၏ စွမ်းအားလည်း လိုက်ပါ မြင့်တက်လာခဲ့သည်။ ဆုလာဘ်အဖြစ် ကောင်းကင်ဓားနယ်ပယ်ကို ဆုချလိုက်သည်"
၎င်းသည် ဓားသိုင်းပညာထဲတွင် အနှိုင်းမဲ့သည့် နယ်ပယ်ဖြစ်သဖြင့် လင်းပိုင်ဖန် မှာ အလွန်ဝမ်းသာသွားသည်။
မဟာယွဲ့နန်းတော်အတွင်း စစ်သည်တစ်ဦး အပြေးအလွှားဝင်လာပြီး "အစီရင်ခံပါတယ်။ အရေးကြီးသတင်းပါ။ မဟာရှက စစ်တပ်ကို စေလွှတ်လိုက်ပါပြီ" ဟု သတင်းပို့လိုက်သည်။
မဟာယွဲ့ ဧကရာဇ်က- "ဘာ၊ မဟာရှက စစ်တပ်လွှတ်လိုက်ပြီလား။ ငါတို့ကို ပြန်တိုက်မလို့လား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"အရှင်မင်းကြီး၊ အဲလိုမဟုတ်ပါဘူး။ မဟာရှက နယ်စပ်ဒေသတွေကို အခိုင်အမာ တပ်စွဲလိုက်တာပါ။ ဘယ်သူမဆို စစ်တပ်ကို စေလွှတ်ရင် ညှာတာမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်" ဟု စစ်သည်က ဖြေကြားသည်။
မဟာယွဲ့ ဧကရာဇ်သည် ၎င်း၏အစီအစဉ်များ ပျက်ပြားသွားသဖြင့် ဒေါသထွက်သွားခဲ့သည်။ "ငါ့အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာပဲ”
“ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ အခု ဘယ်လိုဆောင်ရွက်သင့်ပါသလဲ”
“ ဘာလုပ်ရမှာလဲ၊ တပ်တွေ ပြန်ဆုတ်ရမှာပေါ့၊ မင်းတို့ မဟာရှကို တိုက်နိုင်လို့လား”
“ ဒါ….”
“မဟာရှကို ရင်ဆိုင်နိုင်စွမ်းမရှိရင် စစ်တပ်တွေကို ချက်ချင်း ပြန်ခေါ်လိုက်တော့။ မတော်တဆ သွားရန်စမိလို့ သူတို့ ငါတို့ကို ပြန်တိုက်ရင် မင်းတို့ တာဝန်ယူမှာလား" ဟု အမိန့်ပေးလိုက်သည်။ ထို့ကြောင့် မဟာယွဲ့စစ်တပ်မှာ တိုက်ပွဲမစရသေးမီမှာပင် ဆုတ်ခွာခဲ့ရလေသည်။