← Chapters

အခန်း (၅၇၈-၅၇၉)

Vol. 36 Ch. 578-579

အခန်း (၅၇၈-၅၇၉)

Vol. 36 Ch. 578-579

Chapter 578

အမဲလိုက်ခြင်း ၂

ဒိုင်း ဒိုင်း ဒိုင်း ဝုန်း ဝုန်း ဝုန်း

ကျည်ဆန်မိုးများနှင့် ပေါက်ကွဲမှုများကြားတွင် ကင်းမြီးကောက်နှင့် ကျန်ရှိနေသော ကန္တာရဓားပြများသည် တဖန် အမဲလိုက်ခံနေရကာ အရှေ့ဘက်သို့ ထွက်ပြေးကြသည်။ ဟူလုရှို့၏ ယာဉ်တန်းသည် အာခီစိုင်းညီနောင်များနှင့် ပူးပေါင်းကာ ရှဲ့ကွမ်း၏ ဦးဆောင်မှုဖြင့် ရှေ့သို့ တိုးလာကြသည်—သူတို့၏ မျက်လုံးများမှာ ကမ္ဘာမကြေရန်ညှိုးကြောင့် သွေးဆာနေကြသည်။

ဤလူများသည် ကန္တာရဓားပြများကြောင့် သူတို့၏ အိမ်များ၊ အဖွဲ့သားများ အစရှိသဖြင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရသူများ ဖြစ်သည်။ ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သဖြင့် သူတို့သည် ရည်မှန်းချက်တစ်ခုတည်းဖြင့် လီဗာကို ဖိနင်းလိုက်ကြသည်၊၊ ဓားပြများကို အမြစ်ပြတ် ရှင်းပစ်ရန်ပင်။

တစ်ချိန်တည်းမှာပင် အာရုဏ်ဦးယာဉ်တန်းသည် မြို့အတွင်း၌ ကျန်ရှိနေသေးသော ရန်သူများကို ရှင်းလင်းရန် ကျန်ရစ်ခဲ့သည်။

ကန္တာရဓားပြ စစ်သုံးယာဉ်တစ်စီးပေါ်တွင် ကင်းမြီးကောက်သည် နောက်မှ လိုက်လာသော ယာဉ်များကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် တင်းမာနေသည်—သူသည် ထရပ်ကား၏ တံခါးလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ ပျက်စီးသွားခဲ့သည်။

သူ၏ ယာဉ်တန်းတွင် ယာဉ်ဆယ်ဂဏန်းခန့်သာ ကျန်ကာ လူတစ်ရာခန့်သာ ရှိတော့သည်။

“သေစမ်း”

ထို့နောက် ရုတ်တရက်—သူ၏ အကြည့်မှာ အပေါ်သို့ ရောက်သွားသည်။ ကောင်းကင်ယံတွင် လူအချို့သည် သူတို့ဆီသို့ ပျံသန်းလာနေကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ တိုက်ပွဲဝင်စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ဖြစ်ပြီး သူ၏ နောက်တွင် ထွားကျိုင်းသော လူနှစ်ယောက်နှင့် စွမ်းအားမြှင့်ဝတ်စုံ ဝတ်ထားသော လူတစ်ဒါဇင်ကျော် ပါရှိသည်။

“သူတို့မှာ အဲဒီလို ကိရိယာတွေ ရှိနေတာပဲ—ဒါ သူတို့ ဖြစ်ရမယ်”

“ပျံသန်းနိုင်တဲ့ စွမ်းအားရှင်တွေ ဒီလောက်တောင် များတာလား”

အရိုးနဂါး၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့တွသွားသည်။ လင်းရှန်၏ အဖွဲ့သည် ပျံသန်းနိုင်သော ဝတ်စုံများကို အသုံးမပြုထားသည်ကို သူ၏ ထက်မြက်သော မျက်လုံးများက လျင်မြန်စွာ တွေ့မြင်လိုက်သည်။

“ဒါ စွမ်းအားရှင်တစ်ယောက်က သူတို့ကို သယ်လာတာ ဖြစ်ရမယ်”

လင်းယုန်နီက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ အနီရောင် တောက်လာပြီး နောက်ကြည့်မှန်ကို စူးစိုက်ကြည့်လိုက်သည်။

“ပြေးလို့ မလွတ်တော့ဘူး။ အတူတူ သေကြတာပေါ့”

ထိုသို့ ပြောပြီးနောက် သူသည် တံခါးကို ကန်ဖွင့်ကာ ခေါင်မိုးပေါ်သို့ တက်လိုက်သည်။

ကျည်ဆန်မိုးများကြားတွင် သူသည် သူ၏ လက်များကို ယာဉ်တန်းနှင့် ဝေဟင်မှ လိုက်လာသူများဆီသို့ မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးများတွင် မီးလောင်ထားသော အသားကဲ့သို့ အပေါက်နှစ်ခု ရှိနေသည်။ နောက်တစ်စက္ကန့်တွင် သူ၏ သွေးကြောများမှာ အနက်ရောင် ပြောင်းသွားပြီး—ဖူး—အနက်ရောင် မီးခိုးတန်းနှစ်ခု ထွက်ပေါ်လာသည်။

ကန္တာရဓားပြယာဉ်တစ်စီးမှ ကားမောင်းသူမှာ ၎င်းကို ရှောင်ရန် အပြင်းအထန် ကွေ့လိုက်သော်လည်း မီးခိုးများမှာ ထရပ်ကား၏ နောက်ပိုင်းကို ထိသွားသေးသည်။ ရှဲ.. အဆိပ်ငွေ့များ ထွက်ပေါ်လာသည်။ တိုက်စားမှုကြောင့် အခိုးအငွေ့များ စတင်အူထွက်လာသည်။

အပေါ်ဘက်မှ လင်းရှန်သည် သူ၏ ဝတ်စုံရှိ ပစ်မှတ်ရှာဖွေရေးစနစ်မှတစ်ဆင့် ဤလှုပ်ရှားမှုကို မြင်လိုက်ရပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်၊၊

“အဆိပ်မြူတွေ”

“ကီကီ”

“ရပြီ”

ကီကီသည် လက်တစ်ဖက်ကို မြှောက်ကာ အုပ်စုကို နောက်သို့ တွန်းလိုက်သည်။ သူမသည် ယာဉ်တန်း၏ ရှေ့သို့ တက်သွားသည်။ သူမ၏ မျက်လုံးများမှာ စိတ်စွမ်းအင် အလင်းတန်းများဖြင့် တောက်ပလာပြီး နောက်တစ်စက္ကန့်တွင် ကြီးမားသော စိတ်စွမ်းအင် အတားအဆီးသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ ပေါ်ထွက်လာကာ အနက်ရောင် မီးခိုးများကို လွင်ပြင်ထဲသို့ တွန်းထုတ်ပစ်လိုက်သည်။

လင်းယုန်နီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် တွန့်လိမ်သွားသည်။ သူ၏ မြူခိုးများသည် S-Class အဆင့် ခံစစ်များကိုပင် ကျော်ဖြတ်နိုင်သည်။ ထိုကဲ့သို့သော ရုတ်တရက် တိုက်ခိုက်မှုမျိုးသည် ထိပ်တန်း အထူးတပ်ဖွဲ့ဝင်များကိုပင် သတ်နိုင်ပေသည်။

သို့သော် ထိုမိန်းကလေးက ၎င်းကို… ချေဖျက်လိုက်တာလား။

“ဘယ်လို—”

အရိုးနဂါးလည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ဒါ ဘာကြီးလဲ။ လင်းယုန်နီ မင်းရဲ့ အဆိပ်က အလုပ်မလုပ်ဘူးလား”

လင်းယုန်နီ၏ ထူးခြားသော လှုပ်ရှားမှုမှာ အမြဲတမ်း အောင်မြင်သော လက်နက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုချိန်တွင်မူ…

သူ၏ မျက်ခွံများ တုန်ယင်နေသည်။ သူသည် ပျံသန်းနေသော မိန်းကလေးကို မယုံကြည်နိုင်စွာ ကြည့်ရင်း အသံမှာလည်း တုန်ယင်နေသည်၊၊

“သူမက အသက်သွင်းလိုက်တာ…”

“ဘာကို အသက်သွင်းတာလဲ”

ဖောက်..

သူ ပြောလို့ မဆုံးမီမှာပင် သူ၏ ဓာတ်ငွေ့ကာမျက်နှာဖုံး အလယ်တွင် သေးငယ်သော အနက်ရောင် အပေါက်တစ်ခု ပေါ်လာသည်။ သူ၏ မျက်လုံးများမှာ ဝေဝါးသွားပြီး ကားပေါ်မှ ပြုတ်ကျသွားသည်။

အပေါ်ဘက်တွင် တိုးညင်းသော ယန္တရားသံတစ်ခု ထွက်ပေါ်လာသည်။ လင်းရှန်၏ လက်ချောင်းသည် ပုံရိပ်ယောင်ယန္တရားအမြောက်တစ်ခုအဖြစ် ပေါ်နေသည်၊၊

ယန္တရားအမြောက်

“သောက်ကျိုးနဲ”

အရိုးနဂါးက အော်ဟစ်လိုက်ပြီး လျှပ်စစ်သံလိုက်ရိုင်ဖယ်ဖြင့် ကီကီဆီသို့ လှည့်၍ ပစ်ခတ်လိုက်သည်။

ဘစ်ဇ်

လျှပ်စစ်စွမ်းအင်များမှာ သူမဆီသို့ မရောက်မီမှာပင်—အငွေ့ပျံသွားသလို—ပျောက်ကွယ်သွားသည်။

ကီကီ၏ ရှေ့တွင် လင်းရှန် ပေါ်လာပြီး AT Field ဒိုင်းကာတစ်ခုမှာ သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။

“ကင်းမြီးကောက် ဒီလူတွေက ထူးဆန်းတယ်။ အခု ဘာလုပ်ကြမလဲ”

အရိုးနဂါး ချွေးစေးများ ထွက်နေသည်။ လင်းယုန်နီသည် ဘာမှပင် ပြန်မလုပ်နိုင်ဘဲ သေသွားခဲ့ရသည်—ရန်သူ၏ ပြင်းထန်သော ဖိအားမှာ သူတို့ကို တုန်လှုပ်စေလေသည်၊၊

ကင်းမြီးကောက်သည် ရှေ့ဆုံးယာဉ်တွင် ထိုင်နေပြီး သူ၏ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုကြောင့် ဂဏာမငြိမ်ဖြစ်နေသည်၊၊ ရုတ်တရက် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် စကားပြောစက်ကို ကိုင်ကာ အော်လိုက်သည်၊၊

“အားလုံး ရပ်လိုက်ကြ”

ကျွီ—

ထွက်ပြေးနေသော ကန္တာရဓားပြယာဉ်တန်းသည် ရုတ်တရက် အရှိန်လျှော့ကာ ကွင်းပြင်တစ်ခုတွင် ရပ်လိုက်ပြီး သဲများကို လွင့်စင်သွားစေသည်။ သူတို့သည် ခံစစ်လိုင်းတစ်ခုကို အလျင်အမြန်တည်ဆောက်လိုက်ကြသည်။

ဟူလုရှို့၏ ယာဉ်တန်း၊ အာခီစိုင်းညီနောင်များနှင့် အာရုဏ်ဦးယာဉ်တန်းတို့လည်း ရပ်လိုက်ကြပြီး အကွာအဝေးတစ်ခုကို ထိန်းထားကြသည်။

ဒိုင်း ဒိုင်း ဒိုင်း ဝုန်း

ယာဉ်များ ရပ်သွားသော်လည်း သေနတ်သံများမှာ မရပ်တန့်ပေ။ ဓားပြများသည် သူတို့၏ ယာဉ်များ နောက်ကွယ်တွင် ပုန်းအောင်းကာ အစွမ်းကုန်ပစ်ခတ်နေကြသည်။

ကျည်ဆန်များမှာ သံချပ်ကာ ယာဉ်ကိုယ်ထည်များကို ထိမှန်ကာ မီးပွားများ ထွက်ပေါ်နေသည်။

“ဖာ့ခ်… တိုက်ရင်းပဲ သေကြတာပေါ့”

“မလန့်ကြနဲ့။ စစ်ကူတွေ လာနေပြီ—မြွေတောင်ကြားမှာ ငါတို့လူတွေ အများကြီး ရှိတယ်”

“မြို့ပြင် ရောက်တာနဲ့… ငါတို့ နယ်မြေပဲ။ ဒီကောင်တွေ အောင်ပွဲခံဖို့ စောလွန်းသေးတယ်”

ကျန်ရှိနေသော ဓားပြရာဂဏန်းခန့်မှာ တိုက်ပွဲဝင်ချင်စိတ် ရှိနေကြသေးသည်။ သူတို့သည် ဆဲဆို ပစ်ခတ်ရင်း သူတို့၏ နေရာကို ထိန်းထားကြသည်။

ကင်းမြီးကောက်နှင့် အရိုးနဂါးတို့ စုဝေးနေကြသည်။ နောက်လိုက်တစ်ဦးသည် ကားခေါင်မိုးပေါ်တွင် လော်စပီကာတစ်ခုကို တပ်ဆင်လိုက်သည်။ ကင်းမြီးကောက် ၎င်းကို ဆွဲယူကာ အော်ဟစ်လိုက်သည်၊၊

“မင်းတို့က ဘယ်သူတွေလဲ။ သံမဏိမဟာမိတ်အဖွဲ့ကို လာရှုပ်ပြီး မင်းတို့ ဒီသဲကန္တာရထဲမှာ အသက်ရှင်နိုင်မယ်လို့ တကယ်ထင်နေတာလား”

အခြားတစ်ဖက်တွင်မူ ကီကီနှင့် အခြားလူများသည် ဟူလုရှို့၏ သံချပ်ကာ ထရပ်ကားများ နောက်တွင် ဆင်းသက်လိုက်ကြသည်။

“အိုး… လာပြန်ပြီ။ နောက်ထပ် ရိုးအီနေတဲ့ ဗီလိန် ဒိုင်ယာလော့တွေပဲ… သူတို့ သေတော့မယ်ဆိုတာ သူတို့ကိုယ်တိုင် သိနေပုံရတယ်”

ကီကီက မျက်လုံးလှန်လိုက်သည်။

“သူက စစ်ကူတွေ မလာခင် အချိန်ဆွဲနေတာပဲ”

လင်းရှန်က အေးစက်စွာ ပြောလိုက်သည်။

“ကင်းမြီးကောက်နဲ့ အရိုးနဂါးတို့မှာ ဝှက်ဖဲတစ်ခုခု ကျန်နေဦးမှာပဲ… သတိထားကြ”

“နားလည်ပြီ” ကီကီက ခေါင်းညိတ်လိုက်သည်။

“ကပ္ပတိန်လင်း”

ထိုစဉ် ဝတ်စုံနက်ဝတ်ဆင်ထားသော ဟူလုရှို့၏ အဖွဲ့သားတစ်ဦးသည် ပြေးလာပြီး လော်စပီကာတစ်ခုကို ကမ်းပေးလိုက်သည်။

ထို့နောက် သူသည် ထရပ်ကားခေါင်မိုးကို ညွှန်ပြကာ ပြုံးလိုက်သည်၊၊

“ဒါ ဂျာမနီ တံဆိပ်ပါ။ အသံအရည်အသွေးကတော့ ရှယ်ပဲ—သူတို့ဆီက လော်စပီကာအတုထက်တော့ ကျိန်းသေပိုကောင်းတယ်”

မျှော်လင့်ချက်မဲ့သည့် အခြေအနေမှ ဓားပြများကို ပြန်လည် တိုက်ခိုက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် အဖွဲ့သားများမှာ ယခုအခါ အလွန် စိတ်လှုပ်ရှားနေကြပြီး လင်းရှန်ကို သူတို့၏ သူဌေးကဲ့သို့ပင် သဘောထားနေကြသည်။

Chapter 579

ငါတို့ စစ်ကူတွေ ရောက်လာပြီကွ

လင်းရှန် အံ့သြစွာ ရယ်မောလိုက်သည်။ ရွှေသွားရဲ့ လူတွေအားလုံးက ဘာလို့ သူ့လိုပဲ ဖြစ်နေကြတာလဲ။ အဲဒီ ပါးနပ်တဲ့ ကုန်သည်လေသံမျိုးပဲ။ ဒါပေမဲ့ အတွင်းလူ တစ်ယောက်ရဲ့ အမြင်အရတော့ ဒီလူ ပြောတာ မမှားဘူး—သူက အမြင်ရှိတယ်။

လင်းရှန်သည် လော်စပီကာကို ယူ၍ တစ်ချက် ကြည့်လိုက်ပြီးနောက် ခလုတ်ကို နှိပ်လိုက်သည်။

“ခေါင်းဆောင်ကြီး ကင်းမြီးကောက်… ယောက်ျားတွေ အားလုံးကို လှောင်အိမ်ထဲ ထည့်ပြီး မိန်းမတွေကို အရှင်ဖမ်းမယ်လို့ ကြံစည်နေတယ်လို့ ကြားမိတယ်။ ဘာလဲ အခု မဟောင်နိုင်တော့ဘူးလား”

ဓားပြများအုပ်စုထဲရှိ ကင်းမြီးကောက်၏ မျက်ခွံများ တဆတ်ဆတ် တုန်ခါသွားသည်။ သူသည် လေသံနှိမ့်ကာ ပြောလိုက်သည်၊၊

“ညီလေး မင်းတို့က အပြင်လူတွေပဲ—မြစ်ကို ဖြတ်ကျော်လာတဲ့ နဂါးတွေပေါ့။ ငါတို့က မင်းတို့ကို မရန်စချင်ဘူး။ ဒါပေမဲ့ မင်း သိထားရမှာက အနောက်ဘက် သဲကန္တာရတစ်ခုလုံးနဲ့ တာဂန် သဲကန္တာရတစ်ခုလုံးက သံမဏိမဟာမိတ်အဖွဲ့ရဲ့ နယ်မြေပဲ။ ငါတို့မှာ ဇုန်တွေကို ချိတ်ဆက်ထားတဲ့ သံမဏိမဟာမိတ်အချက်ပြတွေ ရှိတယ်။ ငါတို့ကို လာရှုပ်ရင် လူသူမရှိတဲ့ ဒီနေရာရဲ့ ညအမှောင်ထဲမှာ ဘာတွေ ရောက်လာမလဲဆိုတာ မင်းမကြောက်ဘူးလား”

ကင်းမြီးကောက်အတွက်မူ လင်းရှန်၏ လက်နက်အင်အားသည် မည်သည့် ဓားပြအုပ်စုမှ ယှဉ်နိုင်သောအရာ မဟုတ်ပေ—မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်သော ရထားရှိနေသည်ကိုလည်း မမေ့သင့်ပေ။ သံမဏိမဟာမိတ်တွင် သူတို့ထက် သာလွန်သည့် တစ်ခုတည်းသော အရာမှာ… အမှောင်ထုဖြစ်သည်။

လူသားအားလုံးအတွက် အမှောင်ထုသည် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်သည်။

ထို့ကြောင့် ကင်းမြီးကောက်သည် ဤအချက်ကို ထုတ်သုံးမှသာ တစ်ဖက်က တုံ့ဆိုင်းသွားလိမ့်မည်ဟု ကောင်းစွာ သိထားသည်။

“မကြောက်ဘူး”

သူ၏ စကားပင် မဆုံးသေးမီ လင်းရှန်က ချက်ချင်း တုံ့ပြန်လိုက်သည်။

“သံမဏိမဟာမိတ်အချက်ပြတံဆိပ်ဆိုတာက ဒေသတွင်းအချက်ပြလှိုင်း ပေါင်းစည်းတဲ့ နည်းပညာတစ်ခုပဲ—အဝေးကြီးကို ပို့လို့ မရဘူး။ ၎င်းက ဒေသတွင်း ထပ်တူကျမှုကနေ တစ်ဆင့် အပြောင်းအလဲတွေကိုပဲ ဖမ်းယူနိုင်တယ်… ဆိုလိုတာက မင်းတို့ တစ်ခုခုဖြစ်ရင် အနီးဆုံး အဖွဲ့ပဲ သိနိုင်လိမ့်မယ်… အဲဒါတောင် သတ်မှတ်ထားတဲ့ နေရာမှာပဲ။ မင်းတို့ ဒီလို စုပေါင်းအင်အားစုတွေက တစ်ယောက် နယ်မြေကို တစ်ယောက် လွတ်လွတ်လပ်လပ် လျှောက်သွားနေကြတာ မဟုတ်ဘူး မဟုတ်လား။ အဖွဲ့တစ်ဖွဲ့က သိလိုက်ရင်တောင် သံမဏိမဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ တုံ့ပြန်မှုလား… အဲဒါက အနည်းဆုံး နှစ်ရက်… သုံးရက် ကြာလိမ့်မယ်—အဲဒါတောင် တစ်စုံတစ်ယောက်က ရေဒီယိုကနေ တစ်ဆင့် သတင်းဖြန့်ပေးမှ ဖြစ်မှာ… အဲဒီအချိန်ကျရင် ငါတို့ကို ရှာတွေ့နိုင်ဦးမယ် ထင်နေလား”

“ဒါ့အပြင် မင်းတို့ အဖွဲ့ သုံးဖွဲ့စလုံးကို ငါ အပြတ်ရှင်းလိုက်တာ သိသွားရင် ကျန်တဲ့ မဟာမိတ်ဆိုတဲ့ ကောင်တွေက ငါ့နောက်ကို လိုက်ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား”

လင်းရှန်သည် သံမဏိမဟာမိတ်ဆိုသော အဖွဲ့ကို ဟိုးအရင်ကတည်းက အကဲခတ်မိထားပြီး ဖြစ်သည်။ သူ့တွင် ဖီးနစ်တံဆိပ်ရှိသည်။ အင်အားကြီးလှသော ဖီးနစ်အဖွဲ့အစည်း—တကယ့်ကို အကောင်အထည်ဖော်နိုင်စွမ်း ရှိသည့် အဖွဲ့အစည်းတောင်မှ သွေးပဲစေ့များကို သုံးစွဲရသည့် ကမ္ဘာလုံးဆိုင်ရာ ရေဒီယိုမပါဘဲ အမှောင်ဖုံးနေသော ဇုန်များကို ဖြတ်ကျော်၍ မစေလွှတ်နိုင်ပေ။

ကန္တာရဓားပြတွေလား… ကမ္ဘာပျက်ပြီးနောက်ပိုင်း ပေါ်လာတဲ့ လူမိုက်တွေနဲ့ လေလွင့်သူတွေပဲ။ သူတို့မှာ အဲဒီလို တုံ့ပြန်နိုင်စွမ်း ရှိဖို့ လုံးဝမဖြစ်နိုင်ဘူး။

ဟုတ်ပါသည်… သူတို့မှာ သံမဏိမဟာမိတ်အချက်ပြတွေ ရှိတယ်—ဒါပေမဲ့ ထိုအရာက ဟန်ပြပင်… အလယ်အလတ်နဲ့ အသေးစား ယာဉ်တန်းများသည် ထိုအရာကို ထိပ်တိုက်မရင်ဆိုင်ချင်၍ ရှောင်နေကြသည်။ ထို့ကြောင့်လည်း ဓားပြများသည် အစွမ်းထက်သည်ဟု ထင်ကြရလေသည်၊၊

ဓားပြများဘက်တွင် လင်းရှန်၏ စကားကြောင့် ကင်းမြီးကောက်နှင့် အရိုးနဂါးတို့ တောင့်တင်းသွားကြသည်၊၊ သူတို့ နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်—ထိုသူသည် သံမဏိမဟာမိတ်ကို မကြောက်ကြောင်း သူတို့ သိလိုက်ရလေသည်။ ပြီးတော့ သူတို့ရဲ့ ဟန်ပြအချက်ပေးစနစ်ကိုလည်း သူက ဒက်ထိပြောသွားခဲ့သည်။ အထူးသဖြင့် အခုလို အချိန်မျိုးတွင်—တခြားယာဉ်တန်းများသည် ဒီပေါင်းစည်းရထားကြီးကို လာတိုက်ရဲတဲ့ သတ္တိမရှိကြလောက်ပေ။

သံမဏိမဟာမိတ်အဖွဲ့က တစ်နည်းနည်းနဲ့ စုစည်းနိုင်ခဲ့ရင်တောင်—အဲဒီအချိန်ကျရင် လင်းရှန်ရဲ့ အဖွဲ့က မည်သည့်နေရာသို့ ရောက်နေမည်လဲ မသိနိုင်ပေ။

“တစ်ခုကို ထိရင် အားလုံး လှုပ်ခါသွားမယ်”

အလကား ခြောက်လှန့်တဲ့ နည်းလမ်းပင်။

ကင်းမြီးကောက်သည် သူ၏ လက်ဆစ်များကို ချိုးလိုက်ကာ တစ်ချက် ညည်းတွားပြီး စကားပြောစက်ကို ပြန်ကိုင်လိုက်သည်။

“ဒါဆို… ညီလေး ငါတို့ကြားမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးများရှိလို့လား။ မင်းကို တွေ့ဖူးတယ်လို့ ငါ မထငမဘူး။ မင်းမှာ လူတွေ အများကြီး ရှိတယ်… ငါတို့လိုပဲ အသက်ရှင်ဖို့ ကြိုးစားနေတာပဲ မဟုတ်လား… ဘာလို့ ငါတို့ကို လာတိုက်နေတာလဲ။ ဒီလို ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ သူရဲကောင်း လာလုပ်နေတာလို့တော့ မပြောနဲ့နော်… မင်း ဘာလိုချင်လဲသာ ပြော… ငါတို့ဆီမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်—အနည်းဆုံး အနီရောင်သွေးပဲစေ့ ၅၀၀ ရှိတယ်။ ငါတို့ကို လွှတ်ပေးလိုက်ရင် အဲဒါတွေ အားလုံးကို ငါတို့ ညှိနှိုင်းပေးနိုင်တယ်”

လင်းရှန်နှင့် ယာဉ်တန်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ထိုစကားကို ကြားသောအခါ အံ့သြသင့်သွားကြသည်။

သိသိသာသာပင်—ကင်းမြီးကောက်၏ လေသံက ပျော့သွားလေပြီ၊၊

လင်းရှန် မရယ်ဘဲ မနေနိုင်ပေ။ သူသည် ကီကီ၊ တာလို့၊ လျန်လေးနှင့် အခြားလူများကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်၊၊

“ငါ တကယ်ကို နားမလည်တော့ဘူး…”

ထို့နောက် သူသည် စကားပြောစက်ကို ပြန်ကိုင်လိုက်သည်။

“အိုး ဟုတ်သားပဲ—ငါ မေ့သွားမလို့။ မင်းတို့ စခန်းက ဘယ်မှာလဲဆိုတာ ငါ သိပြီးသား… ဒါကြောင့်…”

သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်:

“မင်းက ငတုံးပဲ။ မင်းကို သတ်လိုက်ရင်လည်း ငါ လိုချင်တာ ရတာပဲဟာ”

အု.. ခစ်ခစ်ခစ်—

ကီကီ မထိန်းနိုင်တော့ပဲ ထရယ်လိုက်သည်။ အခြား အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။ လင်းရှန်၏ ခွန်းတုံ့ပြန်မှုများက အမြဲတမ်း မမျှော်လင့်ထားသောအချက်များ ဖြစ်နေလေသည်။

ချက်ချင်းပင် ကင်းမြီးကောက်၏ မျက်နှာမည်းမှောင်သွားသည်။ သူသည် လက်ထဲရှိ လော်စပီကာကိုပင် ချေမွပစ်လုမတတ် ဖြစ်နေသည်။

သူသည် ဒေါသနှင့် စိတ်ရှုပ်ထွေးမှုဖြစ်ရပ်ကြားတွင် ရှိနေစဉ်မှာပင် အရိုးနဂါးက ရုတ်တရက် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ—

တောင်ဘက်၊ မြောက်ဘက်နှင့် မြွေတောင်ကြားအရပ်မျက်နှာများမှ ယာဉ်တန်းအမြောက်အမြားသည် မိုးကုပ်စက်ဝိုင်းပေါ်တွင် ဖုန်မှုန့် မုန်တိုင်းများနှင့်အတူ ရောက်ရှိလာကြသည်။

အရိုးနဂါး၏ မျက်လုံးများ တောက်ပလာကာ ဝမ်းသာအားရထခုန်လိုက်ပြီး အော်ဟစ်လိုက်သည်၊၊

“ဟားဟားဟား… ငါတို့ စစ်ကူတွေ ရောက်လာပြီကွ”

ကျန်ရှိနေသော ကန္တာရဓားပြများလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

“သူတို့ ရောက်လာပြီ”

“ငါတို့လူတွေ လာနေပြီ”

“ငါတို့ ပြန်တိုက်လို့ ရပြီ

”

“ဒါ ငါတို့ နယ်မြေပဲ”

“ပုစဉ်းကို ဖမ်းဖို့ ချောင်းနေတဲ့ ပုရွက်ဆိတ်က သူ့နောက်မှာ သိန်းငှက် ရှိနေတာကို မသိဘူးတဲ့”

ကင်းမြီးကောက် တုန်ယင်သွားသည်။ ထို့နောက် သူ၏ မျက်နှာမှာ ပြေလျော့သွားပြီး ဒေါသများမှာ ကျေနပ်မှုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ပါးပေါ်တွင် ချွေးစေးအချို့ စီးကျလာသည်။ သူသည် လော်စပီကာကို ပြန်ကိုင်လိုက်ပြီး ယခုတစ်ကြိမ်တွင်မူ ယုံကြည်မှု အပြည့်ဖြင့် မာနထောင်လွှားသော လေသံဖြင့် ပြောလိုက်သည်။

“ဆောရီးပဲ ညီလေး။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး။ ငါ မင်းနဲ့ အပျော်တမ်း စကားပြောနေတယ်လို့ ထင်နေတာလား။ ဟဲဟဲဟဲ…. မင်းတို့က ငါ့နယ်မြေထဲ ရောက်နေတာပဲ… ငါ့ကို လာရှုပ်ဖို့ မင်းက နုလွန်းသေးတယ်”

All Chapters