← Chapters

အခန်း (၅၈၀-၅၈၁)

Vol. 36 Ch. 580-581

အခန်း (၅၈၀-၅၈၁)

Vol. 36 Ch. 580-581

Chapter 580

မင်းတို့ ကန္တာရဓားပြတွေက မျက်စိလည်းမကောင်းကြဘူး

ကင်းမြီးကောက်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောသည်၊၊

“ခုနက… ဟုတ်တယ် ငါ ရှုံးခဲ့တယ်။ ဒါပေမဲ့ အခု ငါတို့ကြားမှာ ရန်ငြိုးရှိသွားပြီဆိုတော့ —မင်းတို့သာ အသိဉာဏ်ရှိရင် အနောက်ဘက် သဲကန္တာရကနေ အမြန်ဆုံး ထွက်သွားကြစမ်း။ မဟုတ်ရင် မင်းတို့ရဲ့ အဖိုးတန်ရထားကြီးက ငါ့ရဲ့ အိမ်သစ် ဖြစ်လာလိမ့်မယ်”

“ဟားဟားဟားဟားဟား”

ကန္တာရဓားပြများသည် ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။

အရိုးနဂါးက မြေပြင်ပေါ်သို့ တံတွေးထွေးကာ တီးတိုးရေရွတ်လိုက်သည်၊၊

ဟူး…စစ်ကူတွေနဲ့ဆိုရင် အနည်းဆုံးတော့ ငါတို့ မသေတော့ဘူး။ အဲဒီ ပူးပေါင်းယာဉ်တန်းကို ပြန်တိုက်ဖို့လား။ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုကို ပြန်ခံစားဖို့ အသက်ရှင်နေရရင်ပဲ တော်ပါပြီ။ ကျန်တာတွေကတော့… နောက်မှပေါ့။

တစ်ချိန်တည်းမှာပင် အရပ်မျက်နှာ အသီးသီးမှ ဖုန်လုံးကြီးများကို မြင်သောအခါ ဟူလုရှို့၏ ယာဉ်တန်း၊ အာခီစိုင်းညီနောင်များနှင့် အာရုဏ်ဦးယာဉ်တန်းမှ အဖွဲ့ဝင်များမှာ စတင်ထိတ်လန့်လာကြသည်။

သို့သော် လင်းရှန်မှာမူ တည်ငြိမ်နေဆဲပင်။ သူသည် လော်စပီကာကို ကိုင်လိုက်သည်၊၊

“ကန္တာရဓားပြတွေက ဦးနှောက်မရှိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့က မျက်စိလည်း မကောင်းဘူးလို့တော့ မထင်ထားဘူး။ သေချာထပ်ကြည့်လိုက်စမ်းပါဦး—အဲဒီယာဉ်တွေက ဘယ်သူ့ယာဉ်တွေလဲ”

ရုတ်တရက် ကန္တာရဓားပြများ၏ ရယ်သံများမှာ ရပ်တန့်သွားသည်။ အချို့က မှန်ပြောင်းများကို အလျင်အမြန် ထုတ်ကြည့်လိုက်ကြရာ—ချဉ်းကပ်လာနေသော ယာဉ်များသည် သူတို့၏ လူများ မဟုတ်သည်ကို တွေ့လိုက်ရသည်။

အရပ်မျက်နှာတစ်ခုစီတွင် လေးလံသော ရွေ့လျားစစ်တပ်အဆင့် ထရပ်ကားကြီးတစ်စီးက ဦးဆောင်လာပြီး နောက်မှ လမ်းကြမ်းမောင်းယာဉ်အများအပြား လိုက်ပါလာသည်။ အရပ်မျက်နှာအားလုံးတွင် တူညီသော ယာဉ်အမျိုးအစားများ ဖြစ်နေသည်—၎င်းမှာ သိသာပေသည်… အဖွဲ့စည်းတစ်ခုထဲကပင် ဖြစ်သည်၊၊

ကင်းမြီးကောက်နှင့် အရိုးနဂါးတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

လင်းရှန်သည် ယာဉ်တန်းထဲမှ ထွက်လာပြီး လော်စပီကာကို မြှောက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်၊၊

“မင်းတို့ အာခီစိုင်းမြို့ကို တိုက်တုန်းက စခန်းမှာ ကျန်ခဲ့တဲ့ မင်းတို့ရဲ့ လူတွေလား… ငါတို့ အပြတ်ရှင်းလိုက်ပြီ”

နေမထွက်မီမှာပင် လင်းရှန်သည် သံမဏိမဟာမိတ်အချက်ပြလှိုင်း ထပ်တူကျမှုများမှတစ်ဆင့် သိရှိထားသော အဓိကဇုန်များကို ရှင်းလင်းရန် တိုက်ခိုက်ရေး အဖွဲ့များကို စေလွှတ်ထားပြီး ကန္တာရဓားပြများ၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားခဲ့သည်။

မြွေတောင်ကြားကို မီးတောက်က တာဝန်ယူထားသည်။

ဆားကန်ဇုန်တွင်မူ ရှုချင်းနှင့် လုချန်တို့က မီးတောက်နှင့် ပူးပေါင်းလိုက်ကြသည်။

မြောက်ဘက်ရှိ ဆီနက်ချောက်ကမ်းပါးကို ချီလီနှင့် ရှောင်မုန့်တို့က ကိုင်တွယ်ခဲ့သည်။

တောင်ဘက်ရှိ လေတိုက်စားဂိတ်တွင်မူ နန်ကျင်းသည် နဂါးတောင် ၁ မှ ရှောင်ချင်းနှင့် အခြားလူများကို ဦးဆောင်ကာ ရှင်းလင်းခဲ့သည်၊၊

ရပ်စ်တောင်ကုန်း—မိုနီကာကိုယ်တိုင် ဦးဆောင်ကာ အားဖေးလည်း ပူးပေါင်းပါဝင်ခဲ့သည်၊၊

နောက်ဆုံးအနေနဲ့ သူတို့ မနေ့က အယောင်ပြခဲ့သည် လေကွယ်လျှိုမှ စခန်းတုလား။ လင်းရှန်က အဲဒီမှာလည်း အဖွဲ့တစ်ဖွဲ့ကို အရန်သင့်ထားခဲ့ပြီးသား။

လူသန်ကြီးတုံး ဦးဆောင်တဲ့ ငရဲသားအဖွဲ့….

လွန်ခဲ့သော မိနစ် ၂၀ ခန့်က။

လင်းယုန်နီဂိုဏ်း၏ ဒုတိယအဖွဲ့ခေါင်းဆောင် အမာရွတ်မျက်နှာသည် လင်းယုန်နီထံမှ အမိန့်အတိုင်း လက်နက်ကြီးများ တပ်ဆင်ထားသည့် ယာဉ်နှစ်ဆယ်ကျော်ဖြင့် မနေ့က စခန်းတုဆီသို့ တိုက်ရိုက်ဦးတည်ခဲ့သည်။

ရယ်စရာကောင်းသည်မှာ အမာရွတ်မျက်နှာ၏ မျက်နှာတွင် တကယ့် အမာရွတ်များမရှိပေ။ သူ၏ အမည်မှာ တိုက်ပွဲတစ်ခုတွင် ဖုတ်ကောင်သွေးများ မျက်နှာပေါ်သို့ စင်ခဲ့သဖြင့် အဆိပ်သင့်ကာ အနီစက်များ ကျန်ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။

သူသည် လူပေါင်းခြောက်ဆယ်ကျော်ကို ခေါ်ဆောင်လာပြီး ယာဉ်တန်း၏ စခန်းဆီသို့ တိုက်ရိုက် ဦးတည်နေသည်။ သူ၏ လက်ထဲတွင် လင်းရှန်၊ ကီကီ၊ နန်ကျင်း၊ ရှောင်ချင်း၊ အားဖေး၊ ချီလီ၊ မိုနီကာတို့၏ ဓာတ်ပုံများ ပါရှိသော လျှပ်စစ်ကိရိယာတစ်ခု ရှိနေသည်—ဓာတ်ပုံများမှာ မနေ့က နှင်းဆီနက်ဘားတွင် တိတ်တဆိတ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဝေဝါးနေသော်လည်း လုံလောက်ပေသည်။

အမာရွတ်မျက်နှာ၏ မျက်လုံးများ တောက်ပနေသည်။

“သေစမ်း… ဒါက ထီပေါက်တာပဲ”

“အမာရွတ်မျက်နှာ… မင်းက လူတွေကို ပြောတာလား ဒါမှမဟုတ် မိန်းမတွေကိုလား”

“မင်းကတော့ တကယ့် ငတုံးပဲ”

“ဟဲဟဲ… ငါ့ရဲ့ ညာဘက် မျက်ခွံက ဒီမနက် တစ်လျှောက်လုံး လှုပ်နေတာ ဘာကြောင့်လဲဆိုတာ အခုမှ သိတော့တယ်။ ဘော့စ်က ငါတို့ကို တကယ်ပျော်စရာကောင်းတဲ့ အလုပ်ကို ပေးလိုက်တာပဲ”

“အစ်ကိုဂျေ ဒီမှာ မရှိတာ တော်သေးတယ်။ ငါတို့ အကောင်းဆုံးတွေကို ရတော့မယ်ဆိုတာ သူ သိရင် ပေါက်ကွဲသွားမှာ ကျိန်းသေပဲ ဟားဟားဟား”

အမာရွတ်မျက်နှာက လှောင်ပြုံး ပြုံးလိုက်သည်၊၊

“အဲဒီငတုံးက ငါ့ကို အမြဲလိုက်ရှုပ်နေတာ။ ဒီတစ်ခါတော့ ငါ သူတို့ထဲက နှစ်ယောက်လောက်ကို အရှင်ချန်ထားမယ်… ငါ မိန်းမတွေနဲ့ ဘယ်လို ကစားလဲဆိုတာ သူ့ကို ပြရအောင်”

“အမာရွတ်မျက်နှာ… ကျွန်တော့်ကို ခရမ်းရောင်ဆံပင်နဲ့တစ်ယောက် ပေးမလား”

“မင်းက အဲဒီလို ပုံစံမျိုး ကြိုက်တာလား”

“ကျွန်တော်ကတော့ ရင်သားအကြီးဆုံး တစ်ယောက်ကို လိုချင်တယ်။ မာနကြီးတဲ့ ကောင်မလေးတွေက အကောင်းဆုံးပဲ”

“ငါက ဒီတစ်ယောက်ကို ယူမယ်—”

“ကျွန်တော်က ဒုတိယ”

“ဒါဆို ကျွန်တော်က တတိယ—”

အမာရွတ်မျက်နှာ၏ယာဉ်တန်းသည် သဲကန္တာရကို ဖြတ်ကျော် မောင်းနှင်နေစဉ် သူတို့အားလုံးမှာ စိတ်ကြွနေကြသည်။ သို့သော် သူတို့ လေကွယ်လျှိုသို့ ကွေ့လိုက်သောအခါ… ဘာမှ မရှိသည်ကို တွေ့လိုက်ရသည်။

ယာဉ်တစ်စီးမှ ရှိမနေပေ။

အမာရွတ်မျက်နှာသည် ယာဉ်များကို ရပ်ရန် အမိန့်ပေးလိုက်ပြီး ဇဝေဇဝါဖြစ်သွားသည်။

“ထူးဆန်းတယ်။ ချန်လီယွန် ပေးတဲ့ တည်နေရာအတိုင်းဆို ဒီမှာ ရှိရမှာကို…”

ဒိုင်း ဒိုင်း ဒိုင်း

သူ ပြောလို့ မဆုံးမီမှာပင် ပတ်ဝန်းကျင် တောင်ကုန်းများပေါ်မှ သေနတ်သံများ ထွက်ပေါ်လာသည်။

ငါးမိနစ်မပြည့်မီမှာပင် ကန္တာရဓားပြများသည် ပြင်းထန်သော ပစ်ခတ်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။

မူလခြောက်ဆယ်ထဲမှ ဆယ်ယောက်ပင် မပြည့်သော လူများသာ ကျန်တော့ပြီး အားလုံးမှာ လက်နက်ချကာ ဒူးထောက်နေကြရသည်။

သူတို့၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကြားတွင် အင်္ကျီမပါဘဲ ထွားကျိုင်းသော၊ မုတ်ဆိတ်မွှေးဗရပျစ်နှင့် လူပေါင်းရှစ်ဆယ်ခန့်သည် မြေပြင်ကို တုန်ခါစေလျက် ဝင်ရောက်လာကြသည်။

အမာရွတ်မျက်နှာ မော့ကြည့်လိုက်ရာ—သူ့ကိုယ် တောင်တန်းကြီးများက ဝိုင်းထားသလို ခံစားလိုက်ရသည်။

သူ အော်ဟစ်လိုက်သည်၊၊

“ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းတို့ သိလား။ သံမဏိမဟာမိတ်ကို လာရှုပ်ရင်—”

ဖြန်း

သူ၏ ခြိမ်းခြောက်မှု မဆုံးမီမှာပင် ထွားကျိုင်းသော လူတစ်ယောက်က သူ့ကို အားပြင်းစွာ ပါးရိုက်လိုက်ရာ သူ မေ့လဲမတတ် ဖြစ်သွားသည်။

ရှေ့ဆုံးတွင် လူသန်ကြီးတုံးသည် သုံ့ပန်းများကို ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။

“ဟဲဟဲ… အခုမှပဲ ငါ့ရဲ့ ညာဘက် မျက်ခွံက ဘာလို့ လှုပ်နေလဲဆိုတာ သိတော့တယ်။ ကပ္ပတိန်လင်းက ငါတို့ကို ဒီနေ့ တကယ်ကျေနပ်စရာကောင်းတဲ့ အလုပ်တစ်ခု ပေးလိုက်တာပဲ”

ထိုစကားကို ကြားသောအခါ အမာရွတ်မျက်နှာနှင့် အခြားလူများလည်း တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုဘီလူးကြီးများကို မျက်လုံးပြူးကာ မော့ကြည့်လိုက်ကြသည်—

သူတို့ တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။

ဒီလို အကြည့်က…

မိန်းမတွေကို သူတို့ကြည့်ခဲ့သည့် အကြည့်မျိုးနဲ့ တစ်ပုံစံတည်းပင်….

Chapter 581

တိုက်ပွဲကို အဆုံးသတ်ခြင်း ၁

ဂိုဘီသဲကန္တာရကောင်းကင်တွင် လေနှင့်သဲများ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းသည်လည်း ညစ်ထပ်ထပ် သံချေးရောင်များ စွန်းထင်နေသည့်နှယ်ဖြစ်နေသည်၊၊

တစ်ချိန်က မိမိကိုယ်ကိုယ် ‘သဲကန္တာရ ဧကရာဇ်’ ဟု ဂုဏ်ယူစွာ ခေါ်ဝေါ်ခဲ့သော ကင်းမြီးကောက်သည် ယခုအချိန်တွင် အရပ်လေးမျက်နှာမှ ဝိုင်းရံချောင်ပိတ်ထားသည့် စစ်ဗျူဟာများကြောင့် မိမိ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိတော့မည်ဟု ခံစားနေရသည်၊၊ သူ၏မျက်နှာမှာ ဒေါသဖြင့် ရှုံ့မဲ့နေပြီး လက်ထဲရှိ အသံချဲ့စက်ကို ဆုပ်ခြေလိုက်ရာ တစစီ ပျက်စီးသွားလေသည်၊၊

မကြာသေးမီကပင် သူသည် ဟူလုရှို့ကို သုံးကြိမ်တိုင်တိုင် လှောင်ပြောင်ခဲ့သော်လည်း ယခုအချိန်တွင် ချက်ချင်း ဝဋ်လည်ကာ တစ်ဖက်လူ၏ စော်ကားမှုကို သုံးကြိမ်တိုင်တိုင် ခံနေရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ၊၊

တစ်ဖက်ရန်သူများသည် စိတ်လိုက်မာန်ပါလုပ်ဆောင်နေခြင်းမဟုတ်ဘဲ သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းရန် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြောင်းကို ကင်းမြီးကောက် ယခုမှ နားလည်သွားသည်၊၊

အရပ်မျက်နှာအသီးသီးမှ ယာဉ်တန်းများ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အရိုးနဂါး၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး လေထုထဲတွင်လည်း မျှော်လင့်ချက်မဲ့ခြင်းအငွေ့သက်များ လွှမ်းမိုးနေတော့သည်၊၊

‘’ကင်းမြီးကောက်… ငါတို့ ဘာလုပ်ကြမလဲ၊ ဒီတစ်ခါတော့ ငါတို့ သေပြီထင်တယ်’’

ကင်းမြီးကောက်သည် အဝါရောင်သဲများ လွင့်စင်နေသည့် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်၊၊

‘’ငါတို့ အရှုံးမပေးဘူး’’

ထိုသို့ပြောပြီးနောက် သူသည် အရိုးနဂါးကို ဆွဲလိုက်ပြီး ဂိုဘီသဲကန္တာရတစ်ဝိုက်ရှိ သဲများသည် သက်ရှိသတ္တဝါများကဲ့သို့ပင် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး သူတို့နှစ်ဦးကို ဝဲဂယက်တစ်ခုအတွင်းသို့ လိပ်ပါသွားစေကာ မြွေတောင်ကြားလမ်းကြောင်းဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်၊၊ ကင်းမြီးကောက်၏ ခန္ဓာကိုယ်သည် ကြီးမားထွားကြိုင်းသော်လည်း သဲကန္တာရရှိ သဲများကို ထိန်းချုပ်နိုင်သည့် အဆင့်မြင့်စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်၊၊

ကောင်းကင်ပေါ်ရှိ လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်းများသည် ကင်းမြီးကောက်၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားပြီး ကားများနောက်မှ လင်းရှန်က မျက်မှောင်ကြုတ်လျက် ကြည့်နေသည်၊၊

‘’ဒီလို စွမ်းအားမျိုးကိုး’’

ကင်းမြီးကောက်နှင့် သူ၏လူများသည် မျှော်လင့်ချက်မရှိတော့သော်လည်း လင်းရှန်သည် အထူးသတိထားနေဆဲဖြစ်သည်၊၊ အကြောင်းမှာ ဤကန္တာရဓားပြခေါင်းဆောင်များ၏ စွမ်းအားမှာ အမှန်တကယ်ပင် ထူးခြားလှပြီး သူတို့၏ စွမ်းရည်များကို မည်သူမျှ မခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်၊၊ စောစောက လင်းယုန်နီကဲ့သို့ပင် ဖြစ်သည်၊၊ အကယ်၍ ကီကီ၏ စိတ်စွမ်းအားသာ မရှိခဲ့လျှင် ထိုလူကို ခုခံရန် သူ့၌ နည်းလမ်းကောင်းရှိလိမ့်မည်မဟုတ်ပေ၊၊ ထိုစဉ်က လေမှာလည်း သူတို့ဘက်တွင် မရှိခဲ့ပေ၊၊ လင်းယုန်နီသည် ဤနည်းလမ်းကို သုံးကာ လူများစွာကို တန်ပြန်တိုက်ခိုက်ခဲ့ပုံရကာ သာမန်စွမ်းရည်မျိုးတော့ မဟုတ်ပေ၊၊

ထို့ကြောင့် လင်းရှန်သည် မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရမှုကို အနည်းဆုံးဖြစ်စေရန်အတွက် သူတို့ကို ဝိုင်းရံထားပြီး ချီလီ၊ မီးတောက်နှင့် မိုနီကာတို့ ရောက်ရှိလာမှသာ အဝေးမှနေ၍ သတ်ဖြတ်ရန် ပြင်ဆင်ထားသည်၊၊

ကင်းမြီးကောက်၏ စွမ်းရည်ကို မြင်လိုက်ရသောအခါ လင်းရှန် အနည်းငယ် စိတ်အေးသွားသည်၊၊ သဲကို ထိန်းချုပ်နိုင်စွမ်းမှာ အဆင့်မြင့်စွမ်းရည်ဖြစ်သည်မှာ မှန်ပါသည်၊၊ ထို့ကြောင့်လည်း သူတို့သည် အာခီစိုင်းတစ်ဝိုက်တွင်သာ သောင်းကျန်းနိုင်ခြင်း ဖြစ်ပေလိမ့်မည်၊၊

‘’လှုပ်ရှားတော့’’

လင်းရှန်က ချက်ချင်း အမိန့်ပေးလိုက်ရာ ယာဉ်တန်းအဖွဲ့ဝင်များနှင့် လျန်လေးကဲ့သို့သော ကျွမ်းကျင်သူများက ချက်ချင်း လှုပ်ရှားလာကြသည်၊၊ လင်းရှန်နှင့် ကီကီတို့သည်လည်း စစ်မြေပြင်ကို ဖြတ်ကျော်ကာ ပြေးနေသော သဲလှိုင်းနောက်သို့ လျင်မြန်စွာ လိုက်ပါသွားကြသည်၊၊

တဝေါဝေါအသံနှင့်အတူ ဒရုန်း ဒါဇင်ပေါင်းများစွာသည် လင်းရှန်၏ ဘေးပတ်လည်တွင် စက်ဝိုင်းပုံ ဝိုင်းရံပျံသန်းပြီး သဲလှိုင်းကို ပစ်မှတ်ထားကာ လျှပ်စစ်သံလိုက်တန်းများဖြင့် တိုက်ခိုက်လိုက်သည်၊၊

ဘစ်ဇ်-ဘစ်ဇ်-ဘစ်ဇ်

မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများသည် လိမ့်တက်နေသော သဲများပေါ်သို့ ကျရောက်ကာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်စေသည်၊၊ သို့သော် ကင်းမြီးကောက်နှင့် အရိုးနဂါးတို့သည် သဲအောက်တွင် ပုန်းကွယ်နေသဖြင့် သက်ရှိရှာဖွေစက်များဖြင့်ပင် ၎င်းတို့၏ နေရာအတိကျကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေသောကြောင့် ထိုသူတို့မှာ အလွန်ပင် လိမ္မာပါးနပ်ကြောင်း သက်သေပြနေသည်၊၊

“မီးတောက်၊ ရှောင်ချင်း…. သတိထားကြဦး… ရန်သူ့ခေါင်းဆောင်တွေ မင်းတို့ဘက်ကို လာနေပြီ’’

ဝှစ် ဝှစ်

“ငါတို့ မြင်နေရတယ်’’

မြွေတောင်ကြားဘက်မှလာသော ကားမှာ အနည်းငယ်သာရှိပြီး ရှုချင်းနှင့် လုချန်တို့က နောက်မှ ပိတ်ဆို့ထားခြင်းဖြစ်သည်၊၊ ထိုစဉ် ဝေဟင်ထက်မှ မီးလုံးတစ်ခုက လျင်မြန်စွာ ပျံသန်းလာသည်၊၊ လုရှင်းချန်သည် ဆက်သွယ်ရေးစက်မှတစ်ဆင့် လင်းရှန်၏ အသံကို ကြားလိုက်ရသဖြင့် ဂိုဘီသဲကန္တာရပေါ်တွင် ရွေ့လျားနေသော သဲလှိုင်းကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်၊၊ သူသည် တွန့်ဆုတ်မနေဘဲ အောက်သို့ ထိုးဆင်းလိုက်ပြီး လက်တစ်ဖက်တွင် မီးတောက်များကို စုစည်းကာ ခပ်တိုးတိုး အော်ဟစ်လိုက်သည်၊၊

“နတ်ဘုရားမီးတောက်”

ဘုန်း၊၊

သေးငယ်သော ဒုံးကျည်ရှည်တစ်စင်းကဲ့သို့ မီးတောက်များသည် သဲလှိုင်းပေါ်သို့ တိုက်ရိုက် ကျရောက်ပေါက်ကွဲသွားပြီး ကြီးမားသော မီးလုံးကြီး ဖြစ်ပေါ်လာကာ သဲများကို လွင့်စင်သွားစေသည်၊၊

ထိုအချိန်တွင် သဲလှိုင်းထဲမှ အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လုရှင်းချန်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်၊၊

လုရှင်းချန်သည် တစ်စုံတစ်ခုက ဤမျှအထိ မြင့်အောင် ခုန်တက်နိုင်လိမ့်မည်ဟု ထင်မထားသဖြင့် လက်နှစ်ဖက်ဖြင့် ချက်ချင်း ကာကွယ်လိုက်ပြီး မီးတောက်များကို ရှေ့သို့ တွန်းထုတ်လိုက်သည်၊၊

ဝုန်း-ဝုန်း

ဤအချိန်တွင် အခြားအဖွဲ့ဝင်အချို့ ရောက်ရှိလာကြပြီး လုရှင်းချန်၏ ရှေ့မှ မီးတောက်များသည် မီးတံတိုင်းကဲ့သို့ ဘေးသို့ ပွင့်ထွက်သွားကာ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်၊၊ မီးတောက်များကြောင့် တန့်သွားသော ထိုအရိပ်သည် အရှိန်လျော့သွားပြီး မြေပြင်သို့ လျင်မြန်စွာ ကျဆင်းလာသည်၊၊

လင်းရှန် သေချာကြည့်လိုက်သောအခါ ၎င်းမှာ လိပ်နေသော ဘောလုံးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊၊ အရိုးနဂါးသည် စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်မှ ထက်ရှသော အရိုးဆူးများ ထွက်ပေါ်နေကာ လိမ့်နေသောဆူးဘောလုံးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ကျလာပြီးနောက် ပွင့်လင်းသော နေရာဆီသို့ အရှိန်ဖြင့် ထွက်ပြေးသွားသည်၊၊

ကောင်းကင်ပေါ်တွင် လုရှင်းချန်သည် သူ၏လက်ကို ကြည့်လိုက်ရာ စွမ်းအားမြှင့်ဝတ်စုံ၏ သံချပ်ကာမှာ ထိုလည်ပတ်နေသော အရိုးဆူးများကြောင့် နက်ရှိုင်းစွာ ခြစ်မိသွားသည်ကို တွေ့လိုက်ရသဖြင့် အတော်ပင် အထင်ကြီးသွားမိသည်၊၊

‘’အန္တရာယ်များလိုက်တာ… တော်သေးတယ် အစ်ကိုလင်းက ငါ့ကို စွမ်းအားမြှင့်ဝတ်စုံ သုံးဖို့ အကြံပေးထားလို့မဟုတ်ရင် ငါ့လက်တော့ သွားပြီ’’

အရိုးနဂါးကို ရှာတွေ့ပြီးနောက် လင်းရှန်သည် ကင်းမြီးကောက်၏ တည်နေရာကို ချက်ချင်း ရှာဖွေလိုက်သည်၊၊ Black Hwak တိုက်ပွဲဝင်ဝတ်စုံ၏ ပစ်မှတ်ရှာဖွေရေးစနစ်သည် အဆက်မပြတ် ရှာဖွေနေစဉ် ပေါက်ကွဲမှုဖြစ်ရာ နေရာအနီးရှိ သဲပုံတစ်ခုသည် ရပ်စ်တောင်ကုန်းဆီသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ရသည်၊၊ ထိုအရပ်မျက်နှာ၌ မိုနီကာနှင့် အားဖေးတို့ရှိနေကြသည်၊၊

မြွေတောင်ကြားဘက်မှ သဲမုန်တိုင်းများ လိပ်တက်လာသည်ကို လင်းရှန် သတိထားမိလိုက်သည်၊၊ ကင်းမြီးကောက်သည် ရှုချင်းနှင့် မိုနီကာတို့၏ ပိတ်ဆို့မှုကြားရှိ ဟာကွက်မှတစ်ဆင့် သဲမုန်တိုင်းထဲသို့ ဝင်ရောက်ထွက်ပြေးရန် ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်၊၊

သူတို့၏ ရည်ရွယ်ချက်ကို သိလိုက်သဖြင့် လင်းရှန်သည် လုံးဝ အောင်မြင်ခွင့်ပေးမည်မဟုတ်ပေ၊၊

‘’ရှုချင်း မိုနီကာ… သူ့ကို တားထားလိုက်’’

ရှုချင်းနှင့် လုချန်တို့သည် သူတို့၏ ကားကို ရပ်လိုက်ပြီး စွမ်းအားမြှင့်ဝတ်စုံ၏ စွမ်းဆောင်ရည်ကို အပြည့်အဝမြှင့်ကာ ဂိုဘီသဲကန္တာရပေါ်တွင် ကျားသစ်များကဲ့သို့ လျင်မြန်စွာ ပြေးလွှားရင်း သဲပုံအနီးသို့ ချဉ်းကပ်သွားကြသည်၊၊

‘’ငါက ဘယ်ဘက်က ယူမယ်… နင်က ညာဘက်က ယူ’’

ရှုချင်းသည် ဘယ်ဘက်လက်တွင် သေနတ်၊ ညာဘက်လက်တွင် ဓားကို ကိုင်ဆောင်ထားပြီး သဲပုံဆီသို့ ပြေးနေသည်၊၊ သူတို့နှစ်ဦး ခွဲထွက်သွားပြီး အနီးသို့ ရောက်ရှိသွားချိန်တွင် ရှုချင်းက သူမ၏ သံမဏိဓားကို ပစ်လွှတ်လိုက်သလို လုချန်၏ လည်ပတ်နေသော လျှပ်စစ်ဓားသည်လည်း ထွက်ပေါ်လာကာ သဲပုံ၏ အထက်နှင့် အောက် နေရာလွတ်များကို ပိတ်ဆို့လိုက်သည်၊၊

ဝှစ် ဝှစ် ရွှပ်

သဲပုံအောက်ရှိ ကင်းမြီးကောက်သည် အန္တရာယ်ကို ခံစားမိသွားကာ အဝါရောင်သဲမုန်တိုင်းတစ်ခုကို ဖန်တီးကာ ရုတ်တရက် တိုးထွက်လာသည်၊၊ သူသည် ရှုချင်း၏ ပျံသန်းလာသော ဓားကို သူ၏ သံမဏိချပ်ကာလက်မောင်းဖြင့် ကာကွယ်လိုက်ပြီးနောက် ကျောဘက်တွင် ကြီးမားသော သဲထုတစ်ခုကို မြှောက်တင်ကာ လုချန်၏ လျှပ်စစ်ဓားကို ဖမ်းချုပ်လိုက်သည်၊၊ ထို့နောက် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဆူးပင်လှိုင်းလုံးများကဲ့သို့ သဲဆူးချွန်များစွာသည် ထိုသူနှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်၊၊

All Chapters