← Chapters

အခန်း (၅၈၂-၅၈၃)

Vol. 36 Ch. 582-583

အခန်း (၅၈၂-၅၈၃)

Vol. 36 Ch. 582-583

Chapter 582

တိုက်ပွဲကို အဆုံးသတ်ခြင်း ၂

ဒိုင်း ဒိုင်း၊၊

ရှုချင်းသည် သူမ၏ ရီမင်တန်သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်လိုက်ပြီး လုချန်နှင့် ပြိုင်တူခုန်ကာ သဲဆူးချွန်များကို ရှောင်တိမ်းလိုက်သည်၊၊

သဲတံတိုင်းသည် သေနတ်မှထွက်လာသော စတီးကျည်စေ့အားလုံးကို ပိတ်ဆို့ထားသည်၊၊ ထို့နောက် ကင်းမြီးကောက်သည် သဲတံတိုင်းကို လိပ်တင်ကာ ရှေ့သို့ အတင်းအဓမ္မ ဖိသိပ်လိုက်ပြီး မြေပြင်ပေါ်ရှိ သဲများကို လျင်မြန်စွာ စုစည်းကာ ရှုချင်းနှင့် လုချန်ကို ဘယ်ညာညှပ်၍ ဖမ်းဆွဲရန် သဲလက်မောင်းကြီးနှစ်ခုကို ဖန်တီးလိုက်သည်၊၊

‘’သေပေတော့’’

ကင်းမြီးကောက် အော်ဟစ်လိုက်သည်၊၊ သို့သော် မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် အသံလှိုင်းဓားသွားတစ်ခုနှင့် လေဆာတန်းတစ်ခု ချက်ချင်း ရောက်ရှိလာသည်၊၊

အသံလှိုင်းဓားသွားသည် သဲလက်မောင်းနှစ်ခုကို တိုက်ရိုက်ဖြတ်တောက်လိုက်ပြီး လေဆာတန်းမှာမူ ကင်းမြီးကောက်ဘေးရှိ သဲတံတိုင်းကို ထိမှန်ကာ အဝါရောင်သဲများကို ချက်ချင်းပင် ချော်ရည်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားစေသည်၊၊

ရုတ်တရက် ကျရောက်လာသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် ကင်းမြီးကောက်၏ မျက်နှာပျက်သွားသည်၊၊ သူ ဘာမှမစဉ်းစားတော့ဘဲ လက်နှစ်ဖက်ကို မြှောက်လိုက်ရာ အဝါရောင်သဲများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်၊၊

ဘုန်း၊၊

အရပ်မျက်နှာအနှံ့သို့ သဲများလွင့်စင်ကာ ဖုန်မှုန့်များ ထူထပ်သွားပြီးနောက် ကင်းမြီးကောက်သည် သဲထဲသို့ ပြန်လည်တိုးဝင်ကာ ရပ်စ်တောင်ကုန်းဘက်သို့ ဦးတည်ထွက်ပြေးသွားလေသည်၊၊

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ အရိုးနဂါး၏ အရိုးဆူးဘောလုံးသည် ဂိုဘီသဲကန္တာရထက်တွင် ကားထက်ပင် ပို၍မြန်ဆန်သော အရှိန်ဖြင့် လှိမ့်ကာ ထွက်ပြေးနေသည်၊၊ နန်ကျင်းနှင့် သူမ၏အဖွဲ့သည်လည်း အရိုးနဂါးနောက်သို့ လိုက်ရန် ကားကို ကွေ့လိုက်ကြသည်၊၊

‘’ရှောင်ချင်း’’

နန်ကျင်းသည် ကားမောင်းနေရင်း ဘေးခုံရှိ ရှောင်ချင်းကို လှမ်းပြောလိုက်သည်၊၊

ရှောင်ချင်းသည် ပြန်မပြောပဲ ကားပေါ်မှ ကျွမ်းကျင်စွာ တွားသွားကာ အမိုးပေါ်သို့ ရောက်ရှိသွားပြီး သူမ၏ ချိတ်သေနတ်ကို ထုတ်ကာ အရိုးနဂါးထံသို့ ပစ်မှတ်ထားလိုက်သည်၊၊

ဒိုင်း

ရှည်လျားသော ချိတ်ကြိုးတစ်ခု ထွက်ပေါ်လာပြီး လေတိုက်စားထားသော ကျောက်ဆောင်ကြီးတစ်ခုတွင် ထိုးဖောက်သွားသည်၊၊ သူမ၏ ဘယ်ဘက်လက်ရှိ ကိရိယာက ကြိုးကို အရှိန်ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်ရာ ရှောင်ချင်းသည် လေထဲသို့ ပျံတက်သွားပြီး အရိုးနဂါးထံသို့ ပြေးဝင်သွားလေသည်၊၊ မြေပြင်သို့ မကျရောက်မီ လေထဲတွင်ပင် သူမ၏ ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ကန်လိုက်ပြီး စွမ်းအားမြှင့်ဝတ်စုံ၏ ခြေထောက်ရှိ ဂျက်စနစ်ကို အသုံးပြု၍ လေထဲတွင် ဒုတိယအကြိမ် အရှိန်မြှင့်ကာ အရိုးနဂါး၏ ရှေ့သို့ ရောက်အောင် သွားနိုင်ခဲ့သည်၊၊

နောက်တစ်စက္ကန့်တွင် သူမသည် သူမ၏ သေနတ်ဓားကို မြှောက်ကာ ခုတ်ချလိုက်ရာ လေထဲရှိ သဲများကိုပင် ဖြတ်တောက်သွားသကဲ့သို့ စူးရှသောအသံ ဖြစ်ပေါ်လာသည်၊၊ သံမဏိချင်းထိခတ်သံနှင့်အတူ အရိုးနဂါး၏ ကျောဘက်ရှိ အရိုးဆူးတစ်တန်းကို သူမ ခုတ်ဖြတ်လိုက်နိုင်သည်၊၊

ဟမ့်…

အရိုးနဂါးသည် သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ကျောဘက်ရှိ ဆူးများကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်၊၊

‘’မီးလက်သီး’’

ဘုန်း၊၊

အရိုးဆူးများ မရောက်ရှိမီ ပြင်းထန်သော မီးတောက်များက ၎င်းတို့ကို လွှင့်စင်သွားစေသည်၊၊ လုရှင်းချန်သည် မီးတောက်များ ဝန်းရံလျက် ပျံသန်းလာပြီး ခက်ထန်စွာ ပြောလိုက်သည်၊၊

‘’လူယုတ်မာ၊ ရပ်လိုက်စမ်း’’

ရှောင်ချင်း၏ မျက်ဝန်းထဲတွင် နီရဲသော မီးတောက်များ အရိပ်ထင်နေသည်၊၊ သူမသည် ခေါင်းမော့ကာ လုရှင်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ် ချိတ်ကြိုးတစ်ခုကို ပစ်လွှတ်ကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် မီးလှိုင်းများကို ဖြတ်ကျော်လျက် ထွက်ပြေးနေသော အရိုးနဂါးထံသို့ ပြေးဝင်သွားသည်၊၊

လုရှင်းချန်သည် ဤမိန်းကလေးမှာ သူ့ထက်ပင် ပို၍ လူစွမ်းကောင်းလုပ်ချင်နေသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်သည်၊၊ သူသည် ရှေ့သို့ အရှိန်မြှင့်ကာ ညာဘက်လက်တွင် မီးတောက်များကို စုစည်းပြီး အရိုးနဂါးပေါ်သို့ ပစ်ချလိုက်သည်၊၊

“နတ်ဘုရားကြယ်မီးတောက်”

ဘုန်း၊၊

ကြီးမားသော မီးတောက်ပေါက်ကွဲမှုသည် ထွက်ပြေးနေသော အရိုးနဂါး၏ ရှေ့တွင် ဖြစ်ပေါ်လာပြီး သူ့ကို လေထဲသို့ လွင့်စင်သွားစေသည်၊၊ ထိုအချိန်တွင် လျင်မြန်သော အနက်ရောင် အရိပ်တစ်ခု ချဉ်းကပ်လာပြီး ဓားကို ပြောင်းပြန်ကိုင်ကာ ဝှေ့ယမ်းခုတ်ချလိုက်သည်၊၊

“လျှပ်စီးလှုပ်ရှားမှု”

ရှောင်ချင်းက စွမ်းရည်အမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်၊၊

၎င်းမှာ သူမကိုယ်တိုင် တီထွင်ထားသည့် အမည်ဖြစ်ပြီး အလွန်တိုးညှင်းသောအသံဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊၊

သို့သော် နားပါးသော လုရှင်းချန်က ကြားလိုက်သည်၊၊

‘’ဟမ်’’

ရွှစ်

ထက်မြက်သော ဓားချက်သည် အရိုးနဂါး၏ အရိုးဆူးများနှင့်အတူ သူ၏ စွမ်းအားမြှင့်ဝတ်စုံကိုပါ ပြင်းထန်စွာ ခုတ်ဖြတ်လိုက်ရာ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ပြတ်ထွက်သွားသည်၊၊

‘’အား’’

အရိုးနဂါးသည် အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်၊၊

“လျှပ်စီးလှုပ်ရှားမှုတဲ့လား…နာမည်ကောင်းပဲ’’

လုရှင်းချန် မြေပြင်သို့ ဆင်းသက်လိုက်ပြီး ရှောင်ချင်းကို ကြည့်ကာ မချီးကျုးဘဲ မနေနိုင်ဖြစ်သွားသည်၊၊

ရှောင်ချင်းသည် သူ့ကို ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်၊၊ သူမ၏ စကားများကို တစ်ဖက်လူ ကြားသွားသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်၊၊

သို့သော်လည်း ရှောင်ချင်းသည် ထိုစကားစုကို ရေရွတ်သည့် အခါတိုင်း အလွန်ပင် စတိုင်ကျသည်ဟု ခံစားရသည်၊၊

အရိုးနဂါးတွင်မူ ကျိန်ဆဲချင်စိတ်သာ ရှိနေသည်၊၊ ဒီလူတွေက ဘယ်လို မွန်းစတားတွေလဲ… ဘာလို့ ဒီလောက်တောင် အားကောင်းတဲ့ စွမ်းအားရှင်တွေ အများကြီးရှိနေရတာလဲ၊၊ သူသည် ဓားပြခေါင်းဆောင် ဖြစ်သော်လည်း ပြန်လည်ခုခံရန် အခွင့်အရေးပင် မရခဲ့ပေ၊၊ မီးတောက်ထုတ်နိုင်သည့်သူ… အလွိုင်းစွမ်းအားမြှင့်ဝတ်စုံကိုတောင် ဓားနှင့် ခုတ်ဖြတ်နိုင်သည့်သူနှင့်… ဒါက ငါတို့ရဲ့ ကမ္ဘာမြေရော ဟုတ်သေးရဲ့လား…. ငါဘယ်ကို ရောက်နေတာလဲ…. မျိုးရိုးဗီဇပြောင်းလဲမှုက ဒီလောက်အထိ တိုးတက်သွားပြီလား…

သေခြင်းတရားက နီးကပ်လာသည်ကို ခံစားရသဖြင့် အရိုးနဂါးသည် ထွက်ပြေးရန်သာ စဉ်းစားနေသည်၊၊ လုရှင်းချန်နှင့် ရှောင်ချင်းတို့သည် စကားပြောနေရင်း သူ့ကို ချက်ချင်း မသတ်သေးသည်ကို တွေ့ရသဖြင့် အခွင့်အရေးရပြီဟု တွေးကာ ဘောလုံးကဲ့သို့ လိပ်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်၊၊ အကယ်၍ သဲမုန်တိုင်းထဲသို့သာ ရောက်သွားလျှင် သူ အသက်ရှင်နိုင်ကောင်း လိမ့်မည်၊၊

သူ လိပ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အမျိုးသမီးတစ်ဦးသည် သူ၏ ဘေးသို့ ခုန်ဆင်းလာပြီး သူ့ကို ဆွဲမကာ ကျန်လက်တစ်ဖက်ဖြင့် စွမ်းအားများကို စုစည်းလိုက်သည်၊၊

ဘုန်း၊၊

လက်သီးတစ်ချက်သည် သူ၏ စွမ်းအားမြှင့်ဝတ်စုံပေါ်သို့ ကျရောက်လာရာ အရိုးနဂါးသည် တန်ချိန်တစ်ရာရှိသော ရထားခေါင်းကြီးနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စွမ်းအားဝတ်စုံရော အတွင်းအင်္ဂါများပါ ချက်ချင်း ပျက်စီးသွားလေသည်၊၊

“ဝေါ့... မင်းတို့အားလုံး အသေဆိုးနဲ့ သေရလိမ့်မယ်”

အရိုးနဂါးသည် သွေးစများအန်ထုတ်ရင်း ရှေ့ရှိ လှပသော အမျိုးသမီးကို မကျေမနပ်စိုက်ကြည့်နေသည်၊၊

‘’ငါ့လက်ထဲ မိပြီ... နင့်ကို သတ်မယ်’’

အရိုးနဂါးသည် နောက်ဆုံးအချိန်တွင် ဘာပြောရမှန်းမသိဘဲ စိတ်များ ရှုပ်ထွေးနေသဖြင့် ထိုစကားကိုသာ ပြောထွက်သွားသည်၊၊

နန်ကျင်းသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာဖြင့် သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အရိုးနဂါး၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်းချလိုက်သည်၊၊

‘’မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ’’

အရိုးနဂါးကို ရှင်းလင်းပြီးနောက် နန်ကျင်းက လုရှင်းချန်နှင့် ရှောင်ချင်းကို လှမ်းကြည့်ကာ မေးလိုက်သည်၊၊

‘’မြန်မြန်… ဟိုဘက်မှာ နောက်တစ်ယောက် ကျန်သေးတယ်’’

လုရှင်းချန်သည် မြေပြင်ပေါ်ရှိ အရိုးနဂါး၏ အလောင်းကိုကြည့်ပြီး တွေးလိုက်မိသည်၊၊

ငါ့မှာ သွေးအေးရက်စက်မှု မရှိသေးဘူးပဲ…. နောက်ကျရင် ရန်သူကို အမြစ်ပြတ်အောင် ပြာဖြစ်တဲ့အထိ တိုက်ခိုက်ရမယ်…

တစ်ချိန်တည်းမှာပင် ကင်းမြီးကောက်ရှိရာဘက်၌ လင်းရှန်နှင့် ကီကီတို့ လျင်မြန်စွာ ရောက်ရှိလာကြသည်၊၊ အားဖေး၏ လေဆာတန်းက ကင်းမြီးကောက်ကို တိုက်ရိုက်မထိမှန်လိုက်သဖြင့် သူတို့၏ မျက်နှာများ ရုတ်တရက် တင်းမာသွားသည်၊၊

ရှေ့မှ သဲမုန်တိုင်းသည် နီးကပ်လာနေပြီး ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း တဖြည်းဖြည်း မှုန်ဝါးလာသည်၊၊ လေပြင်းများ တဝေါဝေါတိုက်ခတ်လာပြီး အစပိုင်းတွင် သဲပွင့်အနည်းငယ်သာ ကျောက်ဆောင်နံရံများကို လာရောက်ထိမှန်သော်လည်း နောက်ပိုင်းတွင် သဲနှင့်လေများမှာ ပိုမိုသိပ်သည်းစွာ ကျရောက်လာသည်၊၊

နှင်းဆီနီရောင် စွမ်းအားမြှင့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော မိုနီကာသည် မိုးကုပ်စက်ဝိုင်းထက်မှ ပျံသန်းလာပြီး မမြင်နိုင်သော အသံလှိုင်းဓားသွားနှစ်ခုကို ပစ်လွှတ်လိုက်ရာ ဂိုဘီသဲကန္တာရ၏ မြေပြင်ကို ဖြတ်တောက်သွားသည်၊၊ ကင်းမြီးကောက်လည်း အသည်းအသန် ရှောင်တိမ်းလိုက်ရသောကြောင့် အဝါရောင်သဲများကိုလည်း လိပ်တက်သွားစေသည်၊၊

ထိုအချိန်တွင် လင်းရှန်သည် ဒရုန်းအချို့ကို လျင်မြန်စွာ ရှေ့သို့ လွှတ်လိုက်သည်၊၊ ပစ်မှတ်ရှာဖွေရေးစနစ်သည် အောက်ခြေရှိ သဲများကို ရှာဖွေတွေ့ရှိသွားပြီး ဒရုန်း အစင်း ၂၀ လုံး ပြိုင်တူပစ်ခတ်လိုက်ကြသည်၊၊

Chapter 583

တိုက်ပွဲကို အဆုံးသတ်ခြင်း ၃

ဘစ်ဇ် ဝုန်းးး

အနီရောင်လျှပ်စစ်တန်းများ စုစည်းသွားပြီး သဲပုံကို ချက်ချင်း ပေါက်ကွဲသွားစေကာ ကြီးမားသော ကင်းမြီးကောက်ကို လေထဲသို့ လွင့်စင်သွားစေပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်၊၊

‘’ကီကီ’’

ကီကီသည် စိတ်စွမ်းအားဖြင့် သူ့ကို ဖမ်းချုပ်ရန် ပြင်လိုက်သော်လည်း လင်းရှန်က လက်မြှောက်ကာ တားလိုက်ပြီး ယန္တရားအမြောက်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်၊၊

မမျှော်လင့်ဘဲ ကင်းမြီးကောက်သည် သဲပုံထဲမှ ရုတ်တရက် ထိုးထွက်လာပြီး ရှုချင်းနှင့် လုချန်ထံသို့ စက်ဝိုင်းပုံကိရိယာတစ်ခုကို လှမ်းပစ်လိုက်သည်၊၊ ထိုကိရိယာသည် ထူးဆန်းသော တုန်ခါမှုနှုန်းကို ထုတ်လွှတ်ကာ မြေပြင်ပေါ်တွင် အဆက်မပြတ် တုန်ခါနေသည်၊၊

ထိုကိရိယာကို မြင်လိုက်ရသောအခါ လင်းရှန်လည်း မသိစိတ်မှ စေ့ဆော်မှုကြောင့် ရှုချင်းကို လှမ်းအော်လိုက်သည်၊၊

‘’ပြန်ဆုတ်ကြ’’

ရှုချင်းနှင့် လုချန်တို့သည်လည်း တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိပြီး အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်၊၊ သို့သော် မြေပြင်မှာ ရုန်းကန်ရခက်သော သဲနွံအိုင်ကဲ့သို့ လှုပ်ခါလာသည်၊၊ ကီကီသည် အမြန်ပင် စိတ်စွမ်းအားကို အသုံးပြုကာ ရှုချင်းနှင့် လုချန်ကို လေထဲသို့ ဆွဲတင်ပေးလိုက်ရသည်၊၊

ဘန်း၊၊

နောက်တစ်စက္ကန့်တွင် ထူးဆန်းသော လက်တံများစွာသည် မြေပြင်မှ ထိုးထွက်လာပြီး ရှုချင်းနှင့် လုချန်ရှိရာသို့ တိုက်ရိုက်ဦးတည်လာလေသည်၊၊

‘’သတိထား’’

ဘန်း ဘန်း ဝှစ်

သူတို့၏ စွမ်းအားမြှင့်ဝတ်စုံမှ တွန်းကန်စနစ်များ ချက်ချင်း အလုပ်လုပ်လာပြီး ကီကီ၏ စွမ်းအားနှင့် ပေါင်းစပ်ကာ လေထဲတွင် အရှိန်မြှင့်လျက် မီတာဆယ်ဂဏန်းအထိ ခုန်တက်ကာ ထိုလက်တံများကို ကပ်သီးကပ်ဖဲ့ရှောင်တိမ်းနိုင်ခဲ့သည်၊၊

ဘစ်ဇ်

ထိုအချိန်တွင် လေဆာတန်းတစ်ခု ဖြတ်သန်းသွားပြီး လက်တံအားလုံးကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်၊၊ အားဖေး ရောက်ရှိလာခြင်းပင်…

ဖြတ်တောက်ခံလိုက်ရသော လက်တံများသည် ဂိုဘီသဲကန္တာရမျက်နှာပြင်ထက်တွင် ပြင်းထန်သော တုန်ခါမှုများကို ဖြစ်ပေါ်လာစေသည်၊၊ သဲနှင့် ကျောက်စရစ်ခဲများသည် ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင် ဒေါသထွက်နေသကဲ့သို့ ဆူပွက်လာလေသည်၊၊

‘’သတိထား’’

ရှုချင်းတို့ကို ဆွဲတင်ပြီးနောက် ကီကီက လင်းရှန်ကို လှမ်းပြောလိုက်သည်၊၊

‘’အားလုံး နောက်ဆုတ်ကြ’’

လင်းရှန်သည် ကင်းမြီးကောက်တွင် ဤကဲ့သို့ နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု ထင်မထားသဖြင့် စိတ်ထဲမှ ထိတ်လန့်သွားမိသည်၊၊ သူ တုန်ခါကိရိယာကို ချက်ချင်း စကင်ဖတ်လိုက်ပြီးနောက် အာကာသပျော်ဝင်ခြင်းစွမ်းရည်ဖြင့် သိမ်းဆည်းလိုက်သည်၊၊ သူသည် လက်ညှိုးဖြင့် ချိန်လိုက်သော်လည်း သဲအောက်၌ လူးလွန့်နေသော ထူးဆန်းသည့် သတ္တဝါတစ်ကောင်ကို သတိပြုမိလိုက်ရာ ချက်ချင်း စိတ်ကူးပြောင်းသွားသည်၊၊

အမှောင်အမှတ်အသားများကို ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် ယန္တရားအမြောက်ကို သုံးရန် ပြင်ဆင်ထားသော်လည်း ချက်ချင်းပင် ဆွဲငင်အားမှန်ဘီလူးသို့ ပြောင်းလဲလိုက်ကာ သဲအောက်ရှိသတ္တဝါနှင့် ကင်းမြီးကောက်ကိုပါ အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်၊၊

‘’ပုန်းချင်သေးတာလား’’

ဘွန်း

မြင့်မားသော ကောင်းကင်ထက်ဝယ် ပုံပျက်နေသော အာကာသတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး သဲမုန်တိုင်းကြောင့် ပျောက်ကွယ်တော့မည့် နေ့အလင်းရောင်ကို လျင်မြန်စွာ စုစည်းကာ ထွက်ပြေးနေသော သဲပုံပေါ်သို့ ကျရောက်စေလိုက်သည်၊၊

ဆွဲငင်အား နေရောင်ခြည်တန်း၊၊

ဝှစ်

အပူရှိန်မြင့် အလင်းတန်းကြီးသည် သဲပုံကို ဖြတ်သန်းသွားရာ မြေပြင်ပေါ်တွင် အနီရောင်ရင့်ရင့် မီးလောင်ရာကြီးကို ချန်ရစ်ခဲ့သည်၊၊ မြေအောက်မှ ထွက်ပေါ်လာရန် တာဆူနေသော သတ္တဝါကြီးမှာ ပြင်းထန်သော အလင်းရောင်ကြောင့် ကြောက်လန့်သွားပုံရပြီး မြေပြင်ပေါ်ရှိ တုန်ခါမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်၊၊ ကင်းမြီးကောက် ပုန်းကွယ်နေသော သဲပုံမှာမူ တိုက်ရိုက်ပင် ပြိုကွဲသွားလေသည်၊၊

‘’အား’’

ကင်းမြီးကောက်သည် သူ၏ ပတ်ဝန်းကျင်ရှိ သဲများ ပွင့်ထွက်သွားသည်နှင့်အမျှ စူးရှစွာ အော်ဟစ်လိုက်သည်၊၊ သူ၏ တုတ်ခိုင်သော ခန္ဓာကိုယ်မှာ အာလူးတစ်လုံးကဲ့သို့ လိမ့်ထွက်လာပြီး ယခုအခါ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ လောင်ကျွမ်းကာ ပျောက်ကွယ်သွားပြီဖြစ်ရာ အပေါ်ပိုင်း ခန္ဓာကိုယ်ကြီးနှင့် ဗိုက်ပူကြီးသာ သဲပေါ်တွင် လိမ့်ကာ ကျန်ရစ်သည်၊၊

‘’ငါ့ကို မသတ်ပါနဲ့… ငါ့အသက်နဲ့လဲလို့ ရနိုင်တဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိပါတယ်’’

အခြေအနေမလှပါက အသုံးပြုရန် သိမ်းဆည်းထားသော နောက်ဆုံးလှည့်ကွက်လည်း မအောင်မြင်တော့သဖြင့် မိမိ သေရတော့မည်ကို သိရှိသွားသော ကင်းမြီးကောက်သည် အသက်ဘေးမှ လွတ်ရန် စတင် တောင်းပန်လိုက်သည်၊၊

ချွတ် ချွတ် ချွတ်

ထိုအချိန်တွင် မြေပြင်သို့ ထွက်ပေါ်လာသော ထူးဆန်းသည့် သတ္တဝါ၏ လက်တံများသည် ပြင်းထန်စွာ တွန့်လိမ်သွားပြီးနောက် မြေအောက်သို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်၊၊

‘’အရေးကြီးတဲ့သတင်းလား… ပြောကြည့်လေ’’

မုန်တိုင်းများကြားတွင် လင်းရှန်သည် ထူးဆန်းသည့် သတ္တဝါ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်၊၊

ကင်းမြီးကောက်က အလျင်အမြန် အော်ပြောလိုက်သည်၊၊

‘’ဖက်ဒရေးရှင်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုကို ငါသိထားတယ်… စွန့်ပစ်နယ်မြေထဲမှာ ကြီးမားတဲ့ ရတနာတစ်ခု ရှိတယ်...’’

သူ စကားပြောနေစဉ်မှာပင် သူ၏ လက်ချောင်းအရိုးထဲ၌ ဖုံးကွယ်ထားသော ခလုတ်တစ်ခုကို တိတ်တဆိတ် နှိပ်လိုက်သည်၊၊ ၎င်းမှာ သူ၏ ဗိုက်အတွင်းရှိ သေစေနိုင်သော ပေါက်ကွဲစေတတ်သည့် ကိရိယာနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်၊၊

သူ့ထံသို့ ချဉ်းကပ်လာသော လူပုံရိပ်များကို ကြည့်ရင်း ကင်းမြီးကောက်သည် သူ၏ ဗိုက်ထဲမှ သဲ့သဲ့လေး ကြားနေရသော အချိန်မှတ်စက်အသံကို နားထောင်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်၊၊

ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကို ငါနဲ့အတူ ဆွဲခေါ်သွားရမယ်၊၊

သူ၏ အသက်ကုန်ဆုံးတော့မည့် အချိန်မှတ်သံကို နားထောင်ရင်း ကင်းမြီးကောက်၏ ဒေါသအလိပ်လိုက်တတ်လာနေသည်၊၊ ကမ္ဘာပျက်ကပ်နေ့ရက်များ နောက်ပိုင်းတွင် သူသည် ဤအနောက်ဘက် သဲကန္တာရ၌ မင်းမူခဲ့သည်၊၊ သတ်ဖြတ်လုယက်ခြင်းများဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့သည်၊၊ တစ်ချိန်က သူသည် လူ့အဖွဲ့အစည်း၏ အမှိုက်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး မိန်းမနှင့် သမီးကို လောင်းကစားကြောင့် ဆုံးရှုံးသွားကာ ဘာအောင်မြင်မှုမှ မရှိခဲ့သူ ဖြစ်သည်၊၊ သို့သော် ကမ္ဘာကြီးပျက်စီးသွားကတည်းက သူသည် သဲကန္တာရဧကရာဇ်ဖြစ်လာခဲ့သည်၊၊

သူသည် သဲကန္တာရကင်းမြီးကောက်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး စားစရာမရှိလျှင် လုယက်သည်၊၊ လက်နက်လိုလျှင် လုယူသည်၊၊ အမှောင်ထုနှင့် ရင်ဆိုင်ရလျှင် သူသည် နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း ဒုက္ခသည်များကိုမူ လက်သီးဖြင့် ပြင်းထန်စွာ နှိမ်နှင်းကာ သူ၏ အာဏာကို လျင်မြန်စွာ ချဲ့ထွင်ခဲ့သည်၊၊ သူ၏ အခြေစိုက်စခန်းတွင် လှပသော အမျိုးသမီးဆယ်ယောက်ကျော် ရှိပြီး အရသာအမျိုးမျိုးကို ခံစားကာ သာယာစွာနေထိုင်ခဲ့သည်၊၊

ထိုကဲ့သို့သော နေ့ရက်များ ထာဝရကုန်ဆုံးသွားပြီဟု တွေးမိသောအခါ သူ့ကို ဒုက္ခပေးနေသော လူများကို သူ အလွန်ပင် မုန်းတီးလာသည်၊၊

‘’ရတနာလား… ဘာရတနာလဲ’’

ကီကီက သိချင်စိတ်ဖြင့် မေးလိုက်သည်၊၊

‘’ဒီနားကိုလာ… ငါပြောပြမယ်’’

ကင်းမြီးကောက်က ရူးသွပ်သော အပြုံးဖြင့် ပြောလိုက်သည်၊၊ ရန်သူများ အနီးသို့ တိုးလာသည်ကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် ကျေနပ်သည့်အမူယာများ ပြည့်နှက်လာသည်၊၊

နောက်ဆုံးတွင် သူသည် ထိန်းချုပ်မထားတော့ဘဲ ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်၊၊

‘’ဟားဟားဟား… ရတနာတဲ့လား… မင်းတို့အားလုံး ငါနဲ့အတူ မြေမြှုပ်ခံကြရမှာကွ… အားလုံး သေကြပေတော့’’

ကင်းမြီးကောက်သည် သူ၏ လက်မောင်းများကို ဖြန့်ကားလိုက်ပြီး ရူးသွပ်သော မျက်နှာအမူယာဖြင့် ခက်ထန်စွာ အော်ဟစ်လိုက်သည်၊၊

သို့သော် အချိန်မှတ်စက် ကုန်ဆုံးသွားသည့်တိုင် ဘာမှ ဖြစ်မလာခဲ့ပေ၊၊ ပေါက်ကွဲမှုလည်း မရှိ… သေဆုံးမှုလည်းရှိခဲ့ပေ၊၊

ရုတ်တရက် ကင်းမြီးကောက်၏ ဗိုက်ထဲမှ ပျော်ရွှင်စရာကောင်းသော အသံတစ်ခု သဲ့သဲ့လေး ထွက်ပေါ်လာသည်၊၊

‘’အဖေရဲ့ အဖေကို ဘယ်လိုခေါ်လဲ’’

‘’အဖေရဲ့ အဖေကို ဖိုးဖိုးလို့ ခေါ်တယ်’’

‘’…’’

သဲမုန်တိုင်းများကြားမှ လင်းရှန်သည် ကင်းမြီးကောက်၏ မြင်ကွင်းထဲသို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်၊၊ ကင်းမြီးကောက်သည် လှုပ်ရှားချင်သော်လည်း မမြင်နိုင်သော စိတ်စွမ်းအားဖြင့် ချုပ်နှောင်ခံထားရသည်၊၊ သူ၏ ဗိုက်ထဲမှ ထူးဆန်းသော သီချင်းသံကို နားထောင်ရင်း သူ၏ ရူးသွပ်သော အပြုံးမှာ မျက်နှာပေါ်တွင် အေးခဲသွားပြီး အခြေအနေပြောင်းလဲသွားမှုကို နားမလည်နိုင်အောင် ဖြစ်နေသည်၊၊

ဗုံးက ဘယ်ရောက်သွားတာလဲ၊ ဖောက်ခွဲရေး ခလုတ်ကရော၊၊

‘’ဘာကို စောင့်နေတာလဲ၊ ဗုံးပေါက်ကွဲမှာကိုလား’’

လင်းရှန်သည် အပြင်သို့ လှမ်းထွက်လာပြီး စွမ်းအားဝတ်စုံ၏ မျက်နှာကာကို ဖွင့်လိုက်ကာ ကင်းမြီးကောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်၊၊ ထိုသူ၏ ကိုယ်ပေါ်ရှိ ယန္တရားကိရိယာမှာ လင်းရှန်၏ ရှေ့တွင် ဗလာကျင်းနေသကဲ့သို့ပင် ဖြစ်သည်၊၊

ကင်းမြီးကောက် ခလုတ်မနှိပ်မီကပင် သူ၏ ဗိုက်ထဲရှိ ပေါက်ကွဲစေတတ်သော ကိရိယာကို လင်းရှန်က ဝါးမျိုလိုက်ပြီး နှိုးစက်နာရီတစ်ခုနှင့် အစားထိုးလိုက်ခြင်းပင် ဖြစ်သည်၊၊

All Chapters