← Chapters

အခန်း (၅၈၄-၅၈၅)

Vol. 36 Ch. 584-585

အခန်း (၅၈၄-၅၈၅)

Vol. 36 Ch. 584-585

Chapter 584

တိုက်ပွဲကို အဆုံးသတ်ခြင်း ၄

ကင်းမြီးကောက်၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး လင်းရှန်၏ အေးစက်ခက်ထန်သော မျက်နှာကို ကြည့်ကာ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်၊၊

ယခု သူ မည်ကဲ့သို့ သေရမည်ကိုပင် ရွေးချယ်ခွင့်မရှိတော့သည့် ကြောက်ရွံ့မှုမျိုး ဖြစ်လာသည်၊၊

‘’မဟုတ်ဘူး... မဟုတ်ဘူး’’

ထိုအချိန်တွင် ကင်းမြီးကောက်သည် စကားများပင် ထစ်ငေါ့နေသည်၊၊

‘’ငါ... ငါ့မှာ တကယ် လျှို့ဝှက်ချက် ရှိ...’’

ဘစ်ဇ်

လျှပ်စီးသိမ်းငှက် ဒရုန်း အစင်း၂၀သည် လျှပ်စစ်တန်းများကို ပြိုင်တူပစ်ခတ်လိုက်ရာ ကင်းမြီးကောက်သည် စကားပင် မဆုံးသေးမီမှာပင် ဆန်ခါတစ်ခုကဲ့သို့ အပေါက်များစွာ ဖြစ်သွားလေသည်၊၊

လင်းရှန် ရှေ့သို့ လှမ်းတက်လိုက်ပြီး လက်တစ်ဖက်ကို ဆုပ်လိုက်ရာ ကင်းမြီးကောက်၏ နှလုံးသားနေရာရှိ အနက်ရောင်-ရွှေရောင်သန်းနေသော သံမဏိမဟာမိတ် အချက်ပြတံဆိပ်တစ်ခုကို စကင်ဖတ်ကာ ဝါးမျိုလိုက်သည်၊၊ ထို့နောက် အသစ်တစ်ခုကို ပြန်လည်ထုတ်လုပ်လိုက်ပြီး ဖောက်ခွဲရေးကိရိယာတစ်ခုကို ဖန်တီးကာ အချက်ပြတံဆိပ်အတွင်းသို့ ထည့်သွင်း၍ ဘေးသို့ ပစ်ထားလိုက်သည်၊၊

၎င်းမှာ အခြားသော သံမဏိမဟာမိတ်အဖွဲ့ဝင်များ ရောက်ရှိလာခဲ့လျှင် လက်ဆောင်အဖြစ် ပေးရန်ဖြစ်ပြီး မည်သူကောက်ကောက် သေရမည်သာ ဖြစ်သည်၊၊

‘’ဒီခွေးကြီးက တကယ် ယုတ်မာတာပဲ... သေခါနီးတောင် လူကို ဒုက္ခပေးချင်နေသေးတယ်’’

ကီကီက စိတ်စွမ်းအားဖြင့် ကင်းမြီးကောက်၏ အလောင်းကို အဝေးသို့ လှမ်းပစ်လိုက်သည်၊၊ လျှောက်လာသော မိုနီကာက လေချွန်လိုက်ရာ ထိုကြီးမားသော အလောင်းမှာ သွေးမြူများအဖြစ်သို့ ချက်ချင်း ပေါက်ကွဲသွားသည်၊၊

‘’သူက ထူးဆန်းတဲ့ သတ္တဝါကိုတောင် ဆင့်ခေါ်နိုင်တာလား’’

ရှုချင်းက အံ့အားသင့်သော မျက်နှာပေးဖြင့် လျှောက်လာသည်၊၊

‘’ဆင့်ခေါ်တာတော့ မဟုတ်လောက်ဘူး’’

လင်းရှန်က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော သဲမုန်တိုင်းကို လှမ်းကြည့်လိုက်သည်၊၊

‘’ဟူလုရှို့ ပြောတာတော့ သဲမုန်တိုင်းထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေ ပေါ်လာတတ်တယ်တဲ့… ဒီကောင်က ငါးစာလိုမျိုး ကိရိယာကို သုံးသွားတာပဲ’’

ယန္တရားနှလုံးသားအတွင်းရှိ ကိရိယာပုံကြမ်းများကို ကြည့်ရင်း လင်းရှန်၏ မျက်နှာထားမှာ တည်ကြည်သွားသည်၊၊ ၎င်းမှာ ကန္တာရဓားပြများ ဖန်တီးနိုင်သောအရာမျိုး လုံးဝမဟုတ်ပေ၊၊ ထိုသံမဏိမဟာမိတ် အချက်ပြတံဆိပ်ကဲ့သို့ပင် တိကျသော တည်ဆောက်ပုံရှိပြီး အားကောင်းသော ယန္တာရားထုတ်လုပ်မှု စွမ်းရည်များ လိုအပ်သည်၊၊

‘’ဒါဆိုရင် ကျွန်မတို့ အရင်ဆုံး ယာဉ်တန်းဆီ ပြန်ကြရအောင်၊ မုန်တိုင်းကို ရှောင်ရမယ်’’

မိုနီကာက မည်းမှောင်နေသော တိမ်တိုက်ကြီးကဲ့သို့ ကျရောက်တော့မည့် သဲမုန်တိုင်းကို ကြည့်ကာ ပြောလိုက်သည်၊၊

‘’သွားကြစို့… အားလုံး ပြီးသွားပြီဆိုတော့ အာခီစိုင်းမြို့ကို ပြန်ကြမယ်…. သဲမုန်တိုင်း ငြိမ်သွားမှ ပစ္စည်းဆုံးရှုံးမှုစာရင်းတွေကို ပြန်စစ်ဆေးမယ်’’

အားလုံးက ခေါင်းညိတ်ကြပြီး အာခီစိုင်းမြို့ဘက်သို့ ချက်ချင်းပြန်လှည့်လာကြသည်၊၊

ထိုအချိန်တွင် ပေါင်းစည်းရထားကြီးသည် အာခီစိုင်းမြို့ရှိ ပလက်ဖောင်းသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်၊၊ ကီလိုမီတာ ဆယ်ဂဏန်းကျော် ရှည်လျားသော ရထားကြီးမှာ ကျယ်ပြောသော ဂိုဘီသဲကန္တာရကို ဖြတ်ကျော်၍ တည်ရှိနေသည်၊၊ မြို့အတွင်း၌ ဟူလုရှို့၊ ချန်ဆီရွှမ်၊ လုကျောက်နှင့် အခြားသူများသည် မြို့ထဲရှိ ကန္တာရဓားပြများကို ရှင်းလင်းထားပြီး ဖြစ်သည်၊၊ လင်းရှန်တို့ထံမှ အကြောင်းကြားစာ ရသည်နှင့်အမျှ သူတို့သည် သဲမုန်တိုင်းကို ရှောင်ရန် အသက်ရှင်ကျန်ရစ်သူအားလုံးကို ယာဉ်များပေါ်သို့ အမြန် ပြန်လည်စုစည်းလိုက်ကြသည်၊၊

‘’လင်း... ညီလေးလင်း။ သဲမုန်တိုင်းထဲမှာ ထူးဆန်းသည့် သတ္တဝါတွေ ပါလာလိမ့်မယ်…. အသံ လုံးဝမထွက်အောင် နေကြပါ’’

ဟူလုရှို့က ဆက်သွယ်ရေးစက်မှတစ်ဆင့် လင်းရှန်ကို သတိပေးလိုက်ပြီးနောက် ဆန်းချန်းနှင့်အတူ အနက်ရောင်နှင်းဆီဘားရှိ နျူကလီးယား ပေါက်ကွဲမှုဒဏ်ခံ မြေအောက်ခန်းသို့ အမြန်ဆုတ်ခွာသွားလေသည်၊၊

‘’အားလုံး သတိထားပါ၊ ယာဉ်တွေထဲ ရောက်တာနဲ့ တုန်ခါတဲ့ အသံမျိုး လုံးဝ မထွက်စေနဲ့’’

လင်းရှန်သည် ထိုဝိုင်းစက်သော ကိရိယာကို စကင်ဖတ်ထားသဖြင့် ၎င်းက ထူးဆန်းသော တုန်ခါမှုကို ထုတ်လွှတ်နိုင်သည်ကို သိနေသည်၊၊ သေချာမသိရသေးသော်လည်း တုန်ခါမှုများက ပြဿနာဖြစ်စေနိုင်ကြောင်း သူ နားလည်ထားသည်၊၊

မကြာမီမှာပင် အနန္တ ရထားအပါအဝင် ပေါင်းစည်းရထား၏ အဖွဲ့ဝင်အားလုံး ရထားပေါ်သို့ ပြန်ရောက်သွားကြပြီး တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားလိုက်ကြသည်၊၊ ပို၍ စိတ်ချရစေရန် လင်းရှန်သည် ရေသန့်စက်နှင့် လေအေးပေးစက်များ အပါအဝင် လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်ထားရန် စီစဉ်လိုက်ရာ အတွင်းပိုင်း၌ လုံးဝ တိတ်ဆိတ်သွားပေသည်၊၊

သူသည် ထိန်းချုပ်ခန်းသို့ ရောက်ရှိလာပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်မိသည်၊၊ မြောက်ဘက် ကောင်းကင်ကြီးမှာ ပြိုကွဲတော့မည့်နှယ် ဖြစ်နေသည်၊၊

မီတာတစ်ထောင်ကျော် မြင့်သော သဲမုန်တိုင်းကြီးမှာ တစ်နာရီ ကီလိုမီတာ ၈၀ နှုန်းဖြင့် ချဉ်းကပ်လာနေပြီး ထိပ်ပိုင်း၌ ဆူနာမီလှိုင်းကဲ့သို့ သဲတိမ်တိုက်များ လိပ်တက်နေသည်၊၊ သဲမုန်တိုင်း၏ အောက်ခြေတွင် ပါလာသော ကျောက်ခဲငယ်များနှင့် ဆီပေပါပုံးခွံအမျိုးမျိုးမှာ ကျယ်လောင်သော ထိခိုက်သံများ ထွက်ပေါ်နေသည်၊၊ လေထုသည် ပြင်းထန်နေကာ ဓားသွားများဖြင့် လှီးဖြတ်နေသကဲ့သို့ ကျောက်ဆောင်များမှာ စူးရှသော အသံများ ဖြစ်လာသည်၊၊ နားကြားမှားခြင်းလား… အစစ်မှန်လား… ခွဲခြားမရသော ငိုသံများလည်း ရောနှောနေသည်၊၊

ရုတ်တရက် သဲမုန်တိုင်းသည် ညအမှောင်ထုကဲ့သို့ ကျရောက်လာပြီး ဂိုဘီသဲကန္တာရတစ်ခုလုံးကို ဝါးမျိုသွားလေသည်၊၊

တစ်ချိန်တည်းမှာပင် အဝေးရှိ ချောက်ကမ်းပါးရှိ ကျောက်ဆောင်တစ်ခုပေါ်၌ သဲကာမျက်နှာဖုံးများ ဝတ်ဆင်ထားသော လူအချို့ ရပ်နေကြပြီး ပေါင်းစည်းယာဉ်တန်းရှိရာသို့ လှမ်းကြည့်နေကြသည်၊၊ သူတို့ထဲမှ တစ်ယောက်က မှတ်တမ်းတင်စက်ကို နှိပ်ကာ မျက်နှာဖုံးအောက်မှ ဗလုံးဗထွေး အသံဖြင့် မှတ်တမ်းတင်လိုက်သည်၊၊

‘’အချိန်၊ D-99၊ အနောက်ဘက် သဲကန္တာရ အာခီစိုင်းဒေသ၊ အမည်မသိတားမြစ်ပစ္စည်းတစ်ခုကို တွေ့ရှိ၊ ယာယီအမှတ်စဉ် ၀၀၅၁၊ ထိန်းသိမ်းထားသူမှာ မီးစွမ်းအားသုံး စွမ်းအားရှင် တစ်ဦးဖြစ်သည်...’’

သဲမုန်တိုင်းသည် အလင်းရောင်အားလုံးကို ဝါးမျိုကာ ပြင်းထန်စွာ တိုက်ခတ်လာသည်၊၊

အနန္တ ရထားပေါ်တွင် လင်းရှန်သည် သူ၏လက်ထဲ၌ သတ္တုဝိုင်းပြားတစ်ခုကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ထိုင်နေသည်၊၊ ၎င်းမှာ ကင်းမြီးကောက် ပစ်ထုတ်ခဲ့သော ကိရိယာကို စကင်ဖတ်၍ ပြန်လည်ထုတ်လုပ်ထားခြင်းဖြစ်ပြီး တုန်ခါမှုစွမ်းအား အတော်ပင် ကောင်းမွန်လှရာ မြေအောက် မီတာဆယ်ဂဏန်းအထိ တုန်ခါမှုများ ပေးပို့နိုင်သည်၊၊

‘’ဒီသဲမုန်တိုင်းက အရင်တုန်းက ပါးလ်မားမြက်ခင်းပြင်က နှင်းမုန်တိုင်းနဲ့ ဆင်တူပုံရတယ်… ထူးဆန်းတဲ့ သတ္တဝါတွေ ပုန်းခိုနေမယ့်ပုံရှိတယ်...’’

ဤကန္တာရဓားပြများသည် လူကုန်ကူးမှုများ ပြုလုပ်နေသလို သွေးပဲစေ့များ ဖလှယ်သည့်အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်မှုရှိနေသဖြင့် လင်းရှန်သည် ဤကိစ္စနှစ်ခုကို သဘာဝကျကျပင် ဆက်စပ်တွေးတောမိသည်၊၊

အဆင့်လွန်ပြုပြင်မွမ်းမံထားသော တိုက်ပွဲဝင်ယာဉ်များကို ဖယ်လိုက်လျှင်ပင် ကန္တာရဓားပြများ ပိုင်ဆိုင်ထားသည့် လက်နက်နှင့် ပစ်အားမှာ သာမန်ယာဉ်တန်းများထက် သိသိသာသာ သာလွန်နေသည်၊၊

လင်းရှန်သည် ဟူလုရှို့၊ လင်းယုန်နှင့် ကင်းမြီးကောက်တို့၏ အလောင်းများပေါ်မှ သံမဏိမဟာမိတ် အချက်ပြတံဆိပ်များကိုလည်း လေ့လာခဲ့ရာ အစ်ကိုဂျေ၏ ကိုယ်ပေါ်မှ အရာနှင့် ကွာခြားချက်အချို့ကို တွေ့ရှိခဲ့သည်၊၊

အစ်ကိုဂျေ၏ အချက်ပြတံဆိပ်မှာ လမ်းကြောင်းနှင့် တည်နေရာအချက်အလက်များကို ပေးပို့ရန်အတွက်သာ ဖြစ်သော်လည်း ဤခေါင်းဆောင်သုံးဦး၏ တံဆိပ်များမှာမူ ပိုမိုရှုပ်ထွေးသော လုပ်ဆောင်ချက်များ ပါဝင်နေသည်၊၊

ဥပမာအားဖြင့် ကင်းမြီးကောက်၏ အချက်ပြတံဆိပ်သည် သူ၏ ရှင်သန်မှုအချက်လက်များကို စောင့်ကြည့်ရုံသာမက မိမိကိုယ်ကိုယ် ဖျက်ဆီးသည့် စနစ်လည်း ပါဝင်နေသည်၊၊

ဆိုလိုသည်မှာ သူ၏ နှလုံးသားပေါ်တွင် တပ်ဆင်ထားသော ဤကိရိယာသည် သူ၏ အသက်ကို ဤအချက်ပြတံဆိပ်အား ထုတ်လုပ်ခဲ့သည့် အဖွဲ့အစည်း၏ လက်ထဲသို့ အပ်နှံထားသကဲ့သို့ပင် ဖြစ်သည်၊၊

ဒေါက် ဒေါက်၊၊

လင်းရှန်သည် ထိန်းချုပ်ခန်းအတွင်း ထိုင်နေရင်း လက်ထဲမှ အချက်ပြတံဆိပ်ကို ခေါက်ကာ ပြတင်းပေါက်အပြင်ဘက်မှ သဲမုန်တိုင်းကို လေးနက်စွာ စိုက်ကြည့်နေမိသည်၊၊

သူ၏ ခန့်မှန်းချက်အရ သံမဏိမဟာမိတ် အချက်ပြတံဆိပ်၊ သဲဓားပြများ၏ ပူးပေါင်းလှုပ်ရှားမှုများ၊ လက်နက်အကူအညီများနှင့် ဒုက္ခသည်များကို လုယက်ခြင်းများ အားလုံးမှာ ထိုအဖွဲ့အစည်းနှင့် ဆက်စပ်နေသည်၊၊

‘’သမင်ဖြူကမ်းခြေ...’’

လင်းရှန်သည် သူ၏ဖုန်းကိုယူကာ အီလက်ထရွန်နစ် မြေပုံတွင် ရှာဖွေကြည့်လိုက်ရာ ထိုနေရာသည် အာခီစိုင်းနှင့် ကီလိုမီတာ ၂၀၀၀ ကျော်ဝေးသော သဲကန္တာရ၏ တောင်ဘက်ပိုင်းတွင် တည်ရှိနေသည်ကို တွေ့လိုက်ရသည်၊၊ မူလက သဲကန္တာရအတွင်း ရပ်နားစဉ် Nightstar တိုက်လေယာဉ်နှင့် သွားရောက်ရန် သူစီစဉ်ထားခဲ့သည်၊၊

သို့သော် ကင်းမြီးကောက်ကို ရှင်းပြီးနောက် လင်းရှန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်၊၊ ကန္တာရဓားပြများကို ရှင်းလင်းခြင်းမှာ အန္တရာယ်များကို ဖယ်ရှားရာရောက်သလို သဲကန္တာရထဲသို့ ဝင်ရောက်ရန် လိုအပ်သော ပစ္စည်းများကို ရရှိစေသည်မှာ မှန်သော်လည်း...

ဤသဲဓားပြများ၏ နောက်ကွယ်ရှိ အဖွဲ့အစည်းမှာမူ...

Chapter 585

ငွေရောင်ကျည်ဆံ ၁

‘’ထားလိုက်ပါတော့၊ ပြဿနာနည်းလေ ကောင်းလေပဲ၊ သဲကန္တာရက ဒီလောက်အန္တရာယ်များနေရင် ချွမ်းချန်ကို အမြန်ဆုံးရောက်အောင် သွားတာက ပိုကောင်းလိမ့်မယ်’’

ချွမ်းချန်သည် မြို့ကြီးတစ်မြို့ ဖြစ်သည်၊၊ ထိုနေရာသို့ ရောက်သည်နှင့် လုလင်နှင့် ကျင်းဟိုင်ဘက်သို့ လမ်းကြောင်းပြောင်းရန် သူ စီစဉ်ထားသော်လည်း ခရီးမှာ အလွန်ပင် ခက်ခဲလှသည်၊၊ ဟူလုရှို့ ပြောပြသော သဲကန္တာရထဲရှိ ကြောက်မက်ဖွယ် တားမြစ်ပစ္စည်းများအပြင် မနေ့ညက မြင်တွေ့ခဲ့ရသော တွဲလောင်းကျနေသည့် ပိုးကောင်ခြေထောက်များမှာလည်း တွေ့ရနိုင်ချေရှိသော အန္တရာယ်များပင် ဖြစ်သည်၊၊

ထိုအချိန်တွင် ချန်ဆီရွှမ် လမ်းလျှောက်ဝင်လာပြီး လင်းရှန်ကို တီးတိုးပြောလိုက်သည်၊၊

‘’သဲမုန်တိုင်းကြောင့် ဘာမှမမြင်ရဘူး ဖြစ်နေတယ်…. အချိန်အကြာကြီး ဖြစ်နေရင် ကျွန်မတို့ရဲ့ အစီအစဉ်က...’’

‘’ကံတရားအတိုင်းပဲပေါ့’’

လင်းရှန် သက်ပြင်းချလိုက်သည်၊၊

‘’အဆိုးဆုံးဖြစ်လာရင် နောက်တစ်ည ထပ်စောင့်ရမှာပေါ့၊ ဒီလောက် ကြိုးစားထားရတာကို ဘာမှမရဘဲ ပြန်သွားရရင် ရှုံးလိမ့်မယ်’’

‘’အင်း’’

ချန်ဆီရွှမ် ခေါင်းညိတ်လိုက်သည်၊၊ မြေပြင်ကိုပင် မမြင်ရတော့သော အဝါရောင်သဲပင်လယ်ကြီးကို ကြည့်ရင်း သူမ၏ မျက်နှာအမူယာမှာ အနည်းငယ် လေးလံနေသည်၊၊

သတင်းကောင်းမှာ လင်းရှန် ခန့်မှန်းထားသကဲ့သို့ပင် သဲမုန်တိုင်းက အကြာကြီး တိုက်ခတ်မနေခြင်းပင်၊၊ နှစ်နာရီပင် မပြည့်သေးမီမှာပင် အပြင်ဘက်မှ သဲမုန်တိုင်း၏ ဟိန်းဟောက်သံများ လျော့ပါးသွားသည်၊၊ လင်းရှန်က အလင်းပိတ်လိုက်ကာပြားများကို ဖွင့်လိုက်သည်၊၊ အပြင်ဘက်တွင် ဖုန်မှုန့်များ ရှိနေဆဲဖြစ်သော်လည်း လေမှာမူ အားနည်းသွားပြီဖြစ်သည်၊၊

မိနစ်အနည်းငယ် ကြာပြီးနောက် ညစ်ထေးနေသော ကောင်းကင်ယံကြီးမှာ ပြန်လည် ကြည်လင်လာပြီး သဲမုန်တိုင်းကြီးမှာလည်း ပျောက်ကွယ်သွားသည်၊၊

တီ၊၊

အလိုအလျောက် တံခါးပွင့်သွားသည်၊၊ လင်းရှန် ရထားပေါ်မှ မဆင်းရသေးမီမှာပင် အမိုးပေါ်မှ သဲများသည် ရေတံခွန်တစ်ခုအလား ပြိုကျလာသည်၊၊

လင်းရှန် လက်ကို ဝှေ့ယမ်းကာ သဲများကို ဖယ်ထုတ်လိုက်ပြီးနောက် ရထားပေါ်မှ ခုန်ဆင်းလိုက်သည်၊၊ ပေါင်းစည်းရထားတစ်ခုလုံးသည် ထူထပ်သော သဲများ ဖုံးလွှမ်းနေသဖြင့် အကွက်အပြောက်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊၊

‘’ဒီသဲမုန်တိုင်းက ဘာသတိပေးချက်မှမရှိဘဲ ရောက်လာတာပဲ’’

ချန်ဆီရွှမ်လည်း ဆင်းလာသည်၊၊ သဲမုန်တိုင်း ဖြတ်သန်းသွားပြီးနောက် အာခီစိုင်း၏ ကောင်းကင်မှာ နေရောင်အောက်တွင် ပြာလွင်တောက်ပလျက် ရှိနေပြန်သည်၊၊

လင်းရှန်သည် သဲများကြားရှိ အာခီစိုင်းမြို့ကို စိတ်သက်သာရာရစွာ ကြည့်လိုက်သည်၊၊ ယခုအခါ နေ့လယ် ၁ နာရီ ရှိပြီဖြစ်ပြီး တိုက်ပွဲအခြေအနေမှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်၊၊ တစ်မနက်အတွင်းမှာပင် ကင်းမြီးကောက်၏ ကန္တာရဓားပြဂိုဏ်းကို အတွင်းအပြင် ပူးပေါင်း၍ အမြစ်ပြတ် ခြေမှုန်းနိုင်ခဲ့သည်၊၊ အကယ်၍ အပြင်ဘက်မှသာ သီးသန့်တိုက်ခိုက်ခဲ့လျှင် အခြေအနေမှာ ပို၍ ရှုပ်ထွေးသွားနိုင်သည်၊၊

လင်းရှန်သည် အတွင်းပိုင်းမှနေ၍ ပိတ်ဆို့မှုများကို ဖြတ်တောက်ပေးခဲ့သဖြင့် အပြင်ဘက်မှ တိုက်စစ်မှာ အောင်မြင်ခဲ့သည်၊၊ လင်းရှန်နှင့် ယာဥ်တန်းခေါင်းဆောင်များသည် တစ်နေ့တည်းမှာပင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး တိုက်ပွဲအစီအစဉ်ကို ညတွင်းချင်း ရေးဆွဲခဲ့ခြင်းသည် ကန္တာရဓားပြများအတွက် လုံးဝ မျှော်လင့်မထားသောအရာပင် ဖြစ်သည်၊၊

အဓိကသော့ချက်မှာ သံမဏိမဟာမိတ် အချက်ပြတံဆိပ်ပင်ဖြစ်သည်၊၊

ကန္တာရဓားပြခေါင်းဆောင်၏ နှလုံးသားပေါ်တွင် တပ်ဆင်ထားသော ဤကိရိယာသည် သူတို့ကို အနိုင်ယူရန်အတွက် လက်နက်တစ်ခု ဖြစ်သွားခဲ့သည်၊၊

အာခီစိုင်းမြို့အတွင်း၌ ကားများပေါ်တွင် သဲများဖုံးလွှမ်းနေသော အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများစွာမှာ ရင်ပြင်၌ ဝိုင်းရံလျက် ရှိနေသည်၊၊ လမ်းမများပေါ်တွင်လည်း သဲများဖုံးနေသော အလောင်းများနှင့် မီးလောင်ကျွမ်းနေသော ကားများ ပြည့်နှက်နေပြီး စစ်ပွဲနှင့် သွေးညှီနံ့များမှာ သဲမုန်တိုင်းအောက်၌ နစ်မြုပ်သွားသည်၊၊

အာရုဏ်ဦးယာဥ်တန်းမှ လုကျောက်က ကားပေါ်မှ ဆင်းလာပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်၊၊ သူသည် ဆိုးဝါးသောအခြေအနေများစွာကို ကြုံတွေ့ဖူးသော်လည်း ယခုအချိန်တွင် သူ၏ စိတ်ခံစားချက်များကိုမူ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ၊၊

ဝိုင်းရံခံရခြင်းမှသည် တိုက်ပွဲ… မျှော်လင့်ချက်မဲ့ခြင်း၊ ထို့နောက် လင်းရှန်၏ ပူးပေါင်းယာဉ်တန်း ရုတ်တရက်ရောက်ရှိလာမှုနှင့်အတူ ကန္တာရဓားပြများကို ချေမှုန်းနိုင်ခဲ့ခြင်း…. ထို့နောက် ရင်တုန်စရာ သဲမုန်တိုင်းကို ကြုံတွေ့ခဲ့ရခြင်း…. ဤအရာအားလုံးမှာ တစ်မနက်အတွင်းမှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်၊၊

ယခုအခါ သဲမုန်တိုင်း ရပ်သွားသည်ကို မြင်လိုက်ရသဖြင့် အာခီစိုင်းမြို့ရှိ အသက်ရှင်ကျန်ရစ်သူအားလုံးသည် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည့်အတွက် ဝမ်းသာနေကြသည်၊၊

‘’သူဌေးဟူ’’

လုကျောက်၊ ရှဲ့ကွမ်းနှင့် အခြားယာဉ်တန်းခေါင်းဆောင်အချို့သည် နှင်းဆီနက်ဘားအတွင်းသို့ အတူတကွ ဝင်ရောက်လာကြသည်၊၊ လုကျောက်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး

‘’ဟားဟားဟား… တကယ်ပဲ… အစက ခင်ဗျားပြောတဲ့ အကူအညီက အစစ်အမှန်ဆိုတာကို ငါ မယုံဘဲ အပြစ်တင်ခဲ့မိတာအတွက် တောင်းပန်ပါတယ်’’

မြေအောက်ခန်းမှ ထွက်လာရုံရှိသေးသော ဟူလုရှို့သည် သူ၏ မျက်မှန်ကို ပြန်တပ်လိုက်ပြီး စက္ကူယပ်တောင်တစ်ချောင်းကို ကိုင်ကာ ဂုဏ်ယူသော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်၊၊

“ဟဲဟဲ… တချို့ကိစ္စတွေက တိုက်ရိုက်ကြီး ပြောပြလို့ မကောင်းဘူးလေ၊၊ ငါကသာ အကုန်ဖွင့်ပြောလိုက်ရင် အစီအစဉ်က ပျက်သွားမှာပေါ့’’

ရှဲ့ကွမ်း၏ မျက်လုံးများ တောက်ပသွားသည်၊၊

‘’ဒါဆို သူဌေးဟူက ဝူတာဖန်းက ကန္တာရဓားပြဆိုတာကို ကြိုသိနေပြီးသားပေါ့၊ ပြီးတော့ သူ့ကို အကွက်ဆင်ပြီး ဖမ်းလိုက်တာပေါ့… ဟုတ်လား’’

ဟူလုရှို့က တည်ငြိမ်သော အမူယာဖြင့် ခေါင်းညိတ်ပြကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်၊၊

“ဒါပေါ့…. အဲ့ဒီခွေးကောင်ရဲ့ ကောက်ကျစ်တဲ့ မျက်လုံးတွေကို ငါ အစောကြီးကတည်းက ရိပ်မိပြီးသား’’

လုကျောက်ကမူ တစ်စုံတစ်ခုကို စဉ်းစားရင်း ပြောလိုက်သည်၊၊

“သူဌေးဟူ ပြောခဲ့တဲ့ မြောက်ဘက်ရထားလမ်းအတိုင်း လိုက်ရမယ့် လမ်းကြောင်းဆိုတာက… တကယ်တော့ ကပ္ပတိန်လင်းတို့ရဲ့ ဒီလိုဧရာမ ပေါင်းစည်းယာဉ်တန်းကြီးနောက်ကနေ စွန့်ပစ်နယ်မြေထဲကို လိုက်သွားဖို့ ပြောတာကိုး… အခုမှပဲ ငါသဘောပေါက်တော့တယ်’’

‘’ကင်းမြီးကောက်ရဲ့ ကန္တာရဓားပြအုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ… အခုတော့ တကယ့်ကို အားရစရာပဲ’’

ရှဲ့ကွမ်းနှင့် အခြားသူများကလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်၊၊

‘’ဒီကောင်တွေက ငရဲကို အရင်ထဲက သွားသင့်နေတာပဲ”

“ဒါပေါ့... ဒါပေါ့”

ဟူလုရှို့သည် သူ၏ ရွှေသွားပေါ်သည်အထိ ပြုံးကာ ရယ်မောနေသော်လည်း အမှန်စင်စစ် သူ၏ စိတ်ထဲတွင်မူ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေမိသည်၊၊

လင်းရှန်တို့အဖွဲ့ကို ဟန်ရှန်းတောင်ကြားတုန်းက အင်အားလောက်ပဲ ရှိသေးသည်ဟု သူထင်ထားခဲ့သော်လည်း ယခုအခါ လူပေါင်း ၄၀၀၀ ကျော်ဖြင့် အားကောင်းသော ယာဥ်တန်းများရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ၊၊

ဤမျှအင်အားမျိုးဖြင့်ဆိုလျှင် သူတို့သည် ကန္တာရဓားပြများကို တိုက်ရိုက်ချေမှုန်းပြီး အာခီစိုင်းကို ဘာပြဿနာမျှမရှိဘဲ အေးဆေးစွာ ဖြတ်ကျော်သွားနိုင်သည်၊၊ သို့သော် လင်းရှန်သည် အနာဂတ်အတွက် အန္တရာယ်များကို ဖယ်ရှားရန်သာမက ကန္တာရဓားပြများ၏ ရင်းမြစ်များကို သိမ်းပိုက်ရန်နှင့် အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက် အန္တရာယ်ကင်းစေရန် ရည်ရွယ်ပြီး ဤသို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဟူလုရှို့ ရိပ်မိသွားသည်၊၊ ၎င်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရုံမက သုံးချက်ပင် ပြတ်သေးသည်၊၊

ဘေးတွင် ရပ်နေသော လက်ထောက် ဆန်းချန်းကမူ သူမ၏ ခေါင်းဆောင်ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်၊၊ ဤလူမှာ သီးသန့်တွေ့ဆုံချိန်များတွင် ခါးညွှတ်ကာ အောက်ကျို့နေတတ်သော်လည်း အများရှေ့တွင်မူ အရာရာကို ကြိုတင်သိမြင်နေသည့် စစ်သေနာပတိကြီးကဲ့သို့ ဟန်ဆောင်တတ်သည့် အကျင့်ကို သူမက ရိုးအီနေပြီဖြစ်သည်၊၊

ကျွီ

ထိုအချိန်တွင် နှင်းဆီနက်ဘား၏ တံခါးပွင့်သွားပြီး လူတစ်စု လျှောက်ဝင်လာကြသည်၊၊ သူတို့သည် ပေါင်းစည်းရထား၏ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်၊၊ ကန္တာရဓားပြများကို ရှင်းလင်းပြီးနောက် လင်းရှန်နှင့် ရှီတိယွမ်တို့သည် အားလုံးကို ဤနေရာသို့ ခေါ်ယူလိုက်ခြင်းဖြစ်သည်၊၊ တစ်ဖက်တွင် ဓားပြများ၏ စခန်းများမှ ရင်းမြစ်များကို ခွဲဝေရန် ဆွေးနွေးရန်ဖြစ်သလို အခြားတစ်ဖက်တွင်မူ စွန့်ပစ်နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်သည်၊၊ ဤနေရာသည် ဟူလုရှို့၏ နယ်မြေဖြစ်ပြီး အရက်နှင့် အသားများလည်း ရှိသဖြင့် အလုပ်ကိစ္စပြောဆိုရင်း စားသောက်နိုင်ရန် စီစဉ်ခြင်းပင်ဖြစ်သည်၊၊

‘’ကပ္ပတိန်လင်း’’

လင်းရှန်တို့ကို မြင်လိုက်ရသောအခါ ဟူလုရှို့၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်၊၊ သူသည် ဝမ်းသာအားရမျက်နှာဖြင့် အပြေးအလွှား သွားရောက်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်၊၊

“ညီလေး… မင်းမှာ ဒီလောက် လူအင်အား အများကြီးရှိတာကို ငါ့ကို ဘာလို့ ကြိုမပြောတာလဲ။ ငါ့မှာတော့ တစ်မနက်လုံး ထိတ်လန့်နေရတာ သေတော့မယ်’’

“ဝိုး..ဟဲဟဲ”

ရှီတိယွမ်က အထဲရောက်သည်နှင့် အော်ဟစ်လိုက်သည်၊၊

‘’သောက်ဖို့စားဖို့တောင် ပြင်ထားပြီးသားပဲ… ကောင်းတယ်.. ကောင်းတယ်… အစီအစဉ်တွေ မြန်မြန်ဆွဲပြီး မှောင်မလာခင်မှာ ကန္တာရဓားပြစခန်းတွေကို သွားရှင်းကြမယ်… ဒီညတော့ ဒီမှာပဲ အိပ်ပြီး မနက်ကျရင် စွန့်ပစ်နယ်မြေထဲကို ဝင်ကြတာပေါ့’’

All Chapters