← Chapters

အခန်း (၅၉၄-၅၉၅)

Vol. 36 Ch. 594-595

အခန်း (၅၉၄-၅၉၅)

Vol. 36 Ch. 594-595

Chapter 594

တွင်းနက်မှ ထွက်ပြေးလာသူများ ၁

နေမင်းကြီးသည် ကောင်းကင်တွင် ထွန်းလင်းနေပြီး ပူပြင်းသော အပူလှိုင်းများသည် အာခီစိုင်းဘူတာရုံ၏ ကွန်ကရစ်ပလက်ဖောင်းကို ပင့်ကူအိမ်သဏ္ဌာန် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေသည်၊၊ အက်ကြောင်းများကြားတွင် ခြောက်သွေ့နေသော ကုလားအုတ်ဆူးပင်များနှင့် မြက်ပင်များသည် အသက်မဲ့စွာလဲလျောင်းနေကြသည်၊၊ ဘူတာရုံတွင် ချိတ်ထားသော သံဆိုင်းဘုတ်ဟောင်းသည် လေတိုက်သည့်အခါ အသည်းယားဖွယ် တဂျိဂျိအသံများ ထွက်ပေါ်နေသည်၊၊

ပေါင်းစည်းရထားသည် အာခီစိုင်းဘူတာပလက်ဖောင်းမှ မြို့အပြင်ဘက် ကီလိုမီတာ အတော်များများအထိ ရှည်လျားနေပြီး ပူပြင်းသော နေရောင်အောက်တွင် အရိပ်များက တုန်ခါနေသည်၊၊

အရှေ့ဘက်တွင်မူ အဆုံးမရှိသော လွင်ပြင်ကြီး ရှိနေပြီး လေများ တဝေါဝေါ တိုက်ခတ်နေကာ မိုးကုပ်စက်ဝိုင်းတွင်မူ အပူလှိုင်းများသာ မြင်တွေ့နေရသည်၊၊

ကောင်းကင်နှင့် မြေကြီးကြားတွင် ခြောက်သွေ့သော အဝါရောင်သာ ကျန်ရှိနေသကဲ့သို့ပင်၊၊ အမှောင်ထုထဲမှ လွတ်မြောက်လာသဖြင့် နေရောင်ခြည်ကို တွေ့၍ ခဏတာ ပျော်ရွှင်ခဲ့ကြသော်လည်း ယခုမူ ပူးပေါင်းယာဉ်တန်းမှ အဖွဲ့ဝင်များသည် ပူပြင်းခြောက်သွေ့သောဒဏ်ကို ခံစားနေရလေသည်၊၊

လူများသည် ပါးလှပ်သောအဝတ်အစားများသာ ဝတ်ဆင်ထားကြပြီး ကိုယ်ပေါ်တွင် ချွေးများ ရွဲနစ်လျက် ၎င်းတို့၏ ယာဉ်များကို အဆက်မပြတ် ပြုပြင်မွန်းမံနေကြသည်၊၊

ဘုရင်မ မိုနီကာယာဉ်တန်းတစ်ခုမှလွဲ၍ပေါ့၊၊

ဘူတာအပြင်ဘက် ကွင်းပြင်တွင် မိုနီကာ၏ အဖွဲ့သားများသည် နေကာအမိုးတစ်ခု တပ်ဆင်ပေးထားသည်၊၊ မိုနီကာသည် ဘောင်းဘီတိုနှင့် ရင်စိအင်္ကျီ ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် အေးအေးလူလူ လှဲလျောင်းနေသည်၊၊ ဘေးတွင်မူ အအေးဘူးများ ထည့်ထားသော ရေခဲသေတ္တာအသေးလေးရှိပြီး လက်အောက်ငယ်သားတစ်ဦးက ယပ်တောင်ခပ်ပေးနေသည်၊၊ သူမသည် လွင်ပြင်၏ အန္တရာယ်များကို ဂရုမစိုက်ဘဲ အပန်းဖြေခရီး ထွက်လာသကဲ့သို့ပင် ဖြစ်သည်၊၊

သူမ၏ အရှိန်အဝါနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ဘေးမှ အဖွဲ့သားများတင်မကဘဲ ဘူတာတွင် အလုပ်လုပ်နေသော အမျိုးသားအဖွဲ့ဝင်များလည်း ခိုးကြည့်မိကြသည်၊၊ အာခီစိုင်း၏ လေထုသည် ပို၍ ပူပြင်းလာသကဲ့သို့ ခံစားနေရသည်၊၊

မိုနီကာသည် ဘေးမှ အကြည့်များကို ဂရုမစိုက်ဘဲ အိပ်ပျော်နေသကဲ့သို့ ရှိသော်လည် သူမ၏ မျက်လုံးများသည်မူ အဝေးမှ ရထားလမ်းပေါ်တွင် ဒရုန်းများကို ထိန်းချုပ်ပြီး ရထားပြင်ဆင်နေသော လင်းရှန်ထံတွင်သာ ရှိနေသည်၊၊

“ယန္တရားစွမ်းအားဆိုတာက... ငါနားလည်ထားတဲ့ စွမ်းအားရှင်တွေထက် အများကြီး သာလွန်နေသလိုပဲ”

သူမ တိုးတိုးလေး ရေရွတ်လိုက်သည်၊၊

အာခီစိုင်းဘူတာပလက်ဖောင်းတွင် အနန္တရထားသည် နဂါးတောင် ၁ မှ ခေတ္တခွဲထွက်ပြီး အပိုရထားလမ်းတွင် တွဲများ ပြန်လည်နေရာချနေသည်၊၊

လင်းရှန်သည် ဝေလုံအဆင့် တွဲများကို ပြုပြင်ရန် ဒရုန်းများကို ထိန်းချုပ်နေသည်၊၊ လီယီနှင့် ရှောင်ယွမ်တို့သည် လူပေါင်းတစ်ရာကျော်ကို ဦးဆောင်ပြီး လင်းရှန်အား ကူညီပေးနေကြသည်၊၊

ဗိုက်အတော်လေးထွက်နေပြီ ဖြစ်သော်လည်း လီယီ၏ မျက်နှာတွင်မူ အသက်ရှင်သန်လိုသည့် ပြင်းပြသော ဆန္ဒများ ရှိနေသည်၊၊ ယိကျင်းမြို့မှ ထိုညပြီးကတည်းက လင်းရှန်၏ ဖိတ်ခေါ်မှုကြောင့် သူမသည် မအိပ်နိုင်လောက်အောင် ဖြစ်ခဲ့ရခြင်းဖြစ်သည်၊၊ သူမနှင့် လျန်လေးတို့သည် ထွက်ပြေးလာသည့် လမ်းတစ်လျှောက်တွင် ကယ်တင်ရှင်များအဖြစ် ရပ်တည်ခဲ့ကြသည်၊၊ ယခုမူ အနန္တရထားအဖွဲ့ထဲ ဝင်ရောက်လိုက်သည့်အတွက် အားကိုးရသည့် နေရာတစ်ခု ရရှိပြီဟု ၎င်းခံစားရသဖြင့် လင်းရှန်ကို အထူးကျေးဇူးတင်နေခြင်းဖြစ်သည်၊၊ သူမသာ ကိုယ်ဝန်ဆောင်သည် မဟုတ်ပါက စွမ်းအားရှင်တစ်ဦးအနေဖြင့် သံချပ်ကာပြားများကို မ၍ ကူညီပေးနေမိမည်မှာ သေချာသည်၊၊

“အစ်မလေး… နားလိုက်ပါဦး၊၊ ဒါတွေ ကျုပ်တို့နဲ့ ထားခဲ့လိုက်ပါ”

စက်မှုလုပ်ငန်းသုံး စွမ်းအားဝတ်စုံဝတ်ဆင်ထားသော လူထွားကြီးများသည် လင်းရှန် ထုတ်လုပ်ပေးထားသော သံချပ်ကာပြားများကို သယ်ဆောင်ရင်း လှမ်းပြောကြသည်၊၊

“ဟုတ်တယ်… အပြင်မှာ အပူရှိန်မြင့်ပြီး လေလည်း တိုက်နေတယ်”

“အခုက နားရမယ့် အချိန်မဟုတ်ဘူး”

လီယီက လေးလံသော ကိရိယာသေတ္တာကို သယ်ဆောင်ရင်း လိုက်လာပြီး

“မနက်ဖြန်ကျရင် စွန့်ပစ်နယ်မြေထဲကို ဝင်ရတော့မယ်…. ကပ္ပတိန်လင်း ပြောသလိုပဲ… ပြင်ဆင်မှုများလေ ပိုကောင်းလေပဲ… သတိဆိုတာ ပိုတယ် မရှိဘူး”

“အစ်မလီ”

ထိုအချိန်တွင် ရှောင်ယွမ်က ပြေးလာပြီး

“အတွင်းထဲမှာ ပစ္စည်းတွေ စီဖို့ ကူညီပေးပါဦး၊၊ နေရာအများကြီး လိုနေလို့”

“အော်.. လာပြီ”

လင်းရှန်၏ အစီအစဉ်မှန်း သိသည်နှင့် လီယီက ချက်ချင်း ခေါင်းညိမ့်လိုက်သည်၊၊ လင်းရှန်က သူမအား အလုပ်ကြမ်းများ မလုပ်စေလိုသဖြင့် ရှောင်ယွမ်ကို လွှတ်၍ အတွင်းပိုင်းကို ကူညီခိုင်းစေခြင်းသာဖြစ်သည်၊၊

အာခီစိုင်း၏ အပိုရထားလမ်းပေါ်တွင်မူ မီတာ ၈၀၀ ရှည်သော သံချပ်ကာရထားကြီးသည် ပုံစုံနှစ်မျိုး ရောယှက်နေသော်လည်း ခန့်ညားသောအသွင်ကို ဆောင်နေသည်၊၊

အတွင်းပိုင်းတွင်မူ လင်းရှန်၏ အစီအစဉ်အတိုင်း သန့်ရှင်းရေးနှင့် နေရာချထားမှုများ ပြုလုပ်နေကြပြီး အပြင်ဘက် တွဲအဆက်များတွင်မူ အကာအကွယ်များနှင့် အလိုအလျောက်တံခါးများကို ဂဟေဆော်နေကြသည်၊၊ သံချပ်ကာအားလုံးကို တစ်ခါတည်း အပြီးမလုပ်နိုင်သေးသော်လည်း ရထားတစ်စင်းလုံးကိုမူ အလုံပိတ်စနစ်ဖြစ်အောင် ဆောင်ရွက်ထားရပေမည်၊၊

ရထား၏ အရှေ့ပိုင်းတွင်မူ လင်းရှန်သည် PX05 ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်များကို ထိန်းချုပ်ပြီး ဝေလုံအဆင့်တွဲ၏ ထိန်းချုပ်ခန်းကို ဖြုတ်ကာ ဝေးလ် 03E စက်ခေါင်းနှင့် ချိတ်ဆက်ရန် ခိုင်ခံ့သောချိတ်ဆက်တစ်ခုကို တပ်ဆင်နေသည်၊၊ ဤသည်မှာ အန္တရာယ်ရှိနိုင်သော်လည်း လင်းရှန်အတွက်မူ စိုးရိမ်စရာ မရှိပေ၊၊ အဘယ်ကြောင့်ဆိုသော် သူ၏ ထုတ်လုပ်မှုသည် ဝေလုံရထားခေါင်း၏ ပုံကြမ်းများအတိုင်း တိကျသော ယန္တရားထုတ်လုပ်မှု ဖြစ်သောကြောင့် ဖြစ်သည်၊၊ သူထုတ်လုပ်သော အစိတ်အပိုင်းများသည် အသစ်စက်စက်များဖြစ်ပြီး သာမန်ဂဟေဆော်ထားခြင်းမျိုး မဟုတ်ပေ၊၊

လင်းရှန် စဉ်းစားနေစဉ်မှာပင် ပျံဝဲနေသော PX05 စက်ရုပ်များသည် လင်းရှန်၏ ယန္တရားနှလုံးသား စွမ်းအားနှင့်အတူ တစ်ပြေးညီအလုပ်လုပ်နေကြသည်၊၊ ထိုစက်ရုပ်၏ မျက်လုံးများသည် လင်းရှန်၏ မျက်လုံးများ ဖြစ်လာသည်၊၊

အစပိုင်းတွင်မူ လင်းရှန်လည်း အသားမကျသေးပေ၊၊ အဝေးထိန်းစနစ်ကို ဖွင့်လိုက်သည့်အခါ အရပ်မျက်နှာအားလုံးမှ မြင်ကွင်းများ ၎င်း၏စိတ်ထဲ စီးဝင်လာသဖြင့် ခေါင်းမူးပြီး ပျို့အန်ချင်သလိုပင် ဖြစ်ခဲ့ရသည်၊၊ ယန္တရားစွမ်းအားကို အသုံးပြု၍ ဖိအားပေး အာရုံစိုက်မှသာ ဤမြင်ကွင်းများကို အသားကျလာခြင်းဖြစ်သည်၊၊

တစ်သက်လုံး မျက်လုံးတစ်စုံတည်းဖြင့် ကမ္ဘာကြီးကို မြင်တွေ့လာခဲ့ခြင်းဖြစ်သဖြင့် ယခုကဲ့သို့ မြင်ကွင်းများစွာ ရှိလာခြင်းသည် တကယ်ပင် ဒုက္ခများလှသည်၊၊ ယခုမူ စက်ရုပ်အနည်းငယ်သာ ရှိသေးသည်၊၊ အကယ်၍ ၎င်း စီစဉ်ထားသကဲ့သို့ လျှပ်စီးသိန်းငှက် 2000 တိုက်ခိုက်ရေးဒရုန်းထောင်ပေါင်းများစွာကို ထုတ်လုပ်ပြီးပါက ဘယ်သို့များ ထိန်းချုပ်ရပါမည်နည်း၊၊

ဤပြဿနာအတွက် လင်းရှန် အစက စဉ်းစားထားသော အဖြေမှာ AI အသိဉာဏ်တုပင် ဖြစ်သည်၊၊ သို့သော် သူ ပို၍စဉ်းစားလေ တစ်ခုခုမှားယွင်းနေသလို ခံစားရလေဖြစ်သည်၊၊ အကယ်၍ Ai ၏ ထိန်းချုပ်ရေးစနစ်က ဒရုန်းများကို တိုက်ခိုက်ခိုင်းခြင်းဖြစ်ပါက သူနှင့် မည်သို့သက်ဆိုင်တော့မည်နည်း၊၊

သူသည် ဒရုန်းများ ထုတ်လုပ်ပေးသော မိခင်စက်ရုံတစ်ခုသာ ဖြစ်သွားမည် မဟုတ်ပါလား၊၊

ထိုအရာကို တွေးမိသောအခါ လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊ ဤသည်မှာ... တကယ်ပင် ပြဿနာတစ်ခုဖြစ်ပုံရသည်၊၊

လူ့ဦးနှောက်က ဘယ်လိုလုပ်ပြီး သီးခြားစီ လှုပ်ရှားနေတဲ့ ယူနစ်ထောင်ပေါင်းများစွာကို တစ်ပြိုင်တည်း စီမံနိုင်မှာလဲ...

ကင်းမြီးကောက်နှင့် တိုက်ခိုက်စဉ်ကတည်းက သူသည် အားလုံးကို တစ်ပြိုင်တည်းတိုက်ခိုက်ရန်သာ ခိုင်းစေနိုင်ခဲ့ခြင်းဖြစ်သည်၊၊ ထိုထက် ကျော်လွန်ပါက ပစ်မှတ်သတ်မှတ်ပြီးသည်နှင့် ဒရုန်း၏ အလိုအလျောက် စနစ်သို့သာ လွှဲပြောင်းပေးထားရခြင်းဖြစ်သည်၊၊

…

(အပေါ်က အပိုင်းတွေမှာ ကန္တာရဓားပြတွေဆီက စခန်းတွေကို သိမ်းပြီးသွားတဲ့ပုံမျိုးပြောနေပေမယ့်… အခုမှ စခန်းတွေကို သွားသိမ်းမှာပါ… မူရင်းမှာကိုက ဒီအတိုင်းဖြစ်နေတာကြောင့် ဖြည့်တွေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ)

ဝူးး ဝူး

အာခီစိုင်းတွင် ရထားပြင်ဆင်မှုများ ပြုလုပ်နေကြစဥ် ကီကီ၊ ချန်ဆီရွှမ်၊ လုရှင်းချန်နှင့် အနန္တရထားအဖွဲ့ဝင်များဖြစ်သော လော့ယန်၊ လျန်လေးတို့နှင့်အတူ အရှေ့သို့ အပြင်းနှင်နေကြသည်၊၊ ယာဉ်တန်း၏ တုန်ခါသံကြောင့် လမ်းတစ်လျှောက်ရှိ သဲများနှင့် မြက်ခြောက်များ လွင့်စင်နေသည်၊၊

ဝူးးးး၊၊

လေနှင့် သဲများ ပြင်းထန်လာသည်နှင့်အမျှ အင်ဂျင်သံသည်လည်း တိုးသွားသည်၊၊ ကီကီသည် ကင်းမြီးကောက်ထံမှ ရရှိခဲ့သော သံမဏိမဟာမိတ်တံဆိပ်၏ အချက်ပြမှုကို ခြေရာခံပြီး ဝမ်ဖုန်းတောင်ကြားဟူသော နေရာကို ရှာတွေ့ခဲ့သည်၊၊ သို့သော် ပစ်မှတ်နှင့် ကီလိုမီတာ ၂၅ ခန့် အကွာတွင်မူ ချန်ဆီရွှမ်က ယာဉ်တန်းကို ရပ်ခိုင်းလိုက်သည်၊၊ အရင်သွား၍ ကင်းထောက်ရန် သူမက အကြံပြုခဲ့ခြင်းဖြစ်သည်၊၊

သူတို့ သုံးဦး၏ လှုပ်ရှားနိုင်စွမ်းနှင့်ဆိုပါက တစ်ခုခုဖြစ်လာလျှင် ကိုင်တွယ်ရသည်မှာ ပိုမိုထိရောက်လိမ့်မည်၊၊

သုံးဦးအနက် ချန်ဆီရွှမ် တစ်ဦးတည်းသာ ကိုယ်လုံးပြည့် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး လုရှင်းချန်က လေကာမျက်နှာဖုံးနှင့် အထီးကျန်ဝံပုလွေစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည်၊၊ ကီကီကမူ ဘောင်းဘီတိုနှင့် သားရေဂျာကင်ကိုသာ ဝတ်ဆင်ထားပြီး လေနှင့်သဲများကို ကာကွယ်ရန် စိတ်စွမ်းအင်အကာကွယ်ကို အသုံးပြုထားသည်၊၊

“အဲဒီနေရာက ဒီကနေ ၂၇ ဒါမှမဟုတ် ၂၈ ကီလိုမီတာလောက် ဝေးမယ်… အတော်လေး လျှို့ဝှက်တာပဲ”

“ဒီကန္တာရဓားပြစခန်းတွေက တစ်ခုနဲ့တစ်ခု အတော်လေးဝေးတယ်… ပြီးတော့ စွန့်ပစ်နယ်မြေတွေမှာပဲ ရှိနေတယ်၊၊ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေကလွဲရင် ထွက်ပြေးလာတဲ့ ကျန်ရစ်သူတွေကတော့ ဒီနေရာတွေကို လာဖို့ စိတ်ကူးမှာ မဟုတ်ဘူး”

ချန်ဆီရွှမ်အတွက် လင်းရှန် မပါဘဲ သူမတစ်ဦးတည်း ပထမဆုံးဦးဆောင်ရသော တိုက်ခိုက်ရေးမစ်ရှင်ဖြစ်သဖြင့် တည်ငြိမ်ဟန်ဆောင်ထားသော်လည်း စိတ်လှုပ်ရှားခြင်းကို မနည်းထိန်းချုပ်ထားရသည်၊၊

ဤခံစားချက်ကို သူမ မည်သို့ဖော်ပြရမှန်း မသိသော်လည်း ထက်မြက်သော အာရုံခံစားမှုနှင့် အစွမ်းထက်သော ခွန်အားကို အသုံးပြု၍ အဝေးမှနေ၍ ရန်သူများကို အနိုင်ယူရခြင်းကို သူမက ပိုသဘောကျသည်၊၊

ဤသည်မှာ တစ်ချိန်က လူများကို မြေဖြူခဲနှင့်ပင် မပစ်ရဲခဲ့သော ဆရာမချန်ဆီရွှမ်နှင့် အတော်လေးကွာခြားသွားခြင်းဖြစ်သည်၊၊

“မြန်မြန် သွားကြည့်ရအောင်၊၊ အခု သဲမုန်တိုင်းက နှစ်နာရီလောက် ကြာဦးမယ်… တစ်ခုခုလွဲသွားရင် ကျွန်မတို့ လာတာ အလကားဖြစ်သွားမယ်”

ကီကီက ပြောရင်း စိတ်စွမ်းအင်ကို အသုံးပြု၍ သူတို့ နှစ်ဦးကို ပစ်မှတ်ဆီ ခေါ်ဆောင်သွားသည်၊၊

ပျံသန်းနေရင်း ချန်ဆီရွှမ်က

“ဒီနေရာက စွန့်ပစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးမှာ ရှိတယ်… လမ်းတွေ မြို့တွေနဲ့ အဝေးကြီးပဲ၊၊ တကယ်လို့ ဒါက သဲကင်းမြီးကောက်ဂိုဏ်းရဲ့ အဓိကစခန်း မဟုတ်ရင်တောင် သူတို့ ပစ္စည်းတွေ ဝှက်ထားတဲ့ ဒါမှမဟုတ် အရောင်းအဝယ်လုပ်တဲ့ နေရာဖြစ်ရမယ်၊၊ မဟုတ်ရင် သူတို့ရဲ့ အချက်ပြတွေက ဒီနေရာမှာ ခဏခဏ ပေါ်လာမှာ မဟုတ်ဘူး”

Chapter 595

တွင်းနက်မှ လွတ်မြောက်လာသူများ ၂

လုရှင်းချန်ကတော့ လက်ပိုက်ပြီး မကျေမနပ် ဖြစ်နေသည်၊၊ သူကိုယ်တိုင် ပျံသန်းနိုင်နေသော်လည်း ကီကီက သူ့ကို စိတ်စွမ်းအင်ဖြင့် ခေါ်သွားသောကြောင့် ဖြစ်သည်၊၊

“ခဗျားတို့ နှစ်ယောက်က ကျနော်လည်း အခု လေပေါ်မှာ ပျံနိုင်နေပြီဆိုတာ မေ့နေကြတာလား”

“ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးလိုက်ခဲ့စမ်း”

ကီကီက လေသံမာမာဖြင့် ပြောလိုက်သည်၊၊

ချန်ဆီရွှမ်က လုရှင်းချန်ကိာ ကြည့်ပြီး တိုးတိုးလေး ပြောသည်၊၊

“မီးတောက်… နင့် ပျံသန်းနှုန်းက မြန်လွန်းတယ်… ပြီးတော့ မီးတောက်တွေနဲ့ မီးခိုးတွေက ရန်သူကို သတိပေးသလို ဖြစ်လိမ့်မယ်၊၊ အခုက ကင်းထောက်နေတာဆိုတော့ မလောပါနဲ့ဦး”

ချန်ဆီရွှမ် စကားကို ကြားသောအခါ လုရှင်းချန်လည်း မှန်နေသည်ဟု တွေးမိသွားသည်၊၊ တစ်ခုခုပြန်ပြောလိုသော်လည်း မျိုချထားလိုက်ပြီး အဝေးကိုသာ အာရုံစိုက်စောင့်ကြည့်နေလေသည်၊၊

မကြာမီမှာပင် သူတို့ သုံးဦးသည် ပစ်မှတ်ဆီ ရောက်ရှိလာသည်၊၊ လေတိုက်စားထားသော ကျောက်တောင်ကုန်းတစ်ခုသို့ ရောက်သည့်အခါ ချန်ဆီရွှမ်က ကီကီကို အချက်ပြလိုက်သည်၊၊

“ရပ်လိုက်တော့”

ကီကီက သူတို့အား မြေပြင်ပေါ် ချပေးလိုက်သည်၊၊ ချန်ဆီရွှမ်က ချက်ချင်း ဝပ်လိုက်ပြီး စနိုက်ပါဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်၊၊

အီလက်ထရွန်နစ် မှန်ဘီလူးထဲတွင်မူ လွင်ပြင်ထဲမှ စခန်းကြီးတစ်ခု ပေါ်လာသည်၊၊ ထိုအရာသည် စွန့်ပစ်ထားသော ဖက်ဒရေးရှင်း၏ အချက်ပြစခန်းဟောင်းတစ်ခု ဖြစ်ပုံရပြီး ကျောက်တောင်အောက်တွင် တည်ရှိကာ အတော်လေးကျယ်ဝန်းသည်၊၊ စခန်းတစ်ခုလုံးကို သံချေးတက်နေသော ဆီသယ်ကားများ၊ ကားဟောင်းများနှင့် သံပြားများကို ဂဟေဆော်၍ တည်ဆောက်ထားခြင်းဖြစ်သည်၊၊ ထောင့်များတွင်မူ သံမဏိမျှော်စင်များရှိပြီး ထိုအပေါ်တွင် ရှာဖွေရေးမီးများ၊ စက်သေနတ်ကြီးများအပြင် မီးတောက်သေနတ်များ၊ ကာကွယ်ရေးလျှပ်စစ်ပိုက်ကွန်များ ပါဝင်သောကြောင့် ကာကွယ်ရေးအတော်လေးမြင့်မားသည်ကို တွေ့ရသည်၊၊

စခန်းထဲတွင်မူ မူလ အဆောက်အအုံများအပြင် သွပ်ပြားအိမ် တစ်ဒါဇင်ခန့် ရှိပြီး ထိုထဲတွင် သဲဓားပြများ၏ ပြုပြင်ထားသော ကားမျိုးစုံ ၄၀၊ ၅၀ ခန့် ရပ်ထားသည်၊၊ ကားများတွင် ဆူးများ၊ သံချွန်များနှင့် ထူးဆန်းသော ပန်းချီများ ရေးဆွဲထားကြသည်၊၊ အချက်ပြစခန်း၏ ဂြိုဟ်တုများကိုမူ နေကာအမိုးများအဖြစ် အသုံးပြုထားပြီး အပေါ်တွင်မူ ရေဒါအသစ်များနှင့် သတိပေးစနစ်များ တပ်ဆင်ထားသည်၊၊

ချန်ဆီရွှမ်က မှန်ဘီလူးကို ပိုမိုချဲ့ကြည့်သည့်အခါ စခန်းထဲတွင် လူအချို့ လှုပ်ရှားနေသည်ကို တွေ့ရသည်၊၊ အချို့က မျှော်စင်ပေါ်တွင် ဆေးလိပ်သောက်နေကြပြီး အချို့ကမူ အမိုးအောက်တွင် ဖဲကစားနေကြသည်၊၊ ပို၍ အသေးစိတ်ကြည့်လိုက်သည့်အခါ ကင်းမြီးကောက်ဂိုဏ်း၏ အမှတ်အသားပါရှိသော ထူထဲသည့် ဗုံးဒဏ်ခံတံခါး တပ်ဆင်ထားသော ဘန်ကာတစ်ခုကို တွေ့ရသည်၊၊ ထိုနေရာသည် ခေါင်းဆောင်များ နေထိုင်သည့်နေရာ သို့မဟုတ် ပစ္စည်းများ သိုလှောင်သည့်နေရာဖြစ်ပုံရသည်၊၊

“နေရာမှန်သွားပြီ… ဒါက သဲကင်းမြီးကောက်ဂိုဏ်းရဲ့ စခန်းအစစ်ပဲ”

ချန်ဆီရွှမ်က ဘေးမှ နှစ်ဦးကို ဝပ်နေရန် လက်ဟန်ပြရင်း ဆက်ကြည့်နေသည်၊၊

“ခဏစောင့်ဦး”

သူမ မှန်ဘီလူးကို ချိန်ညှိကြည့်နေစဉ်မှာပင် စခန်း၏ အနောက်ဘက် အမိုးများအောက်တွင် သွပ်ပြားနှင့် သံဘောင်များ အသုံးပြု၍ ဂဟေဆော်ထားသော လှောင်အိမ်ကြီးများထဲ၌ လူအများအပြားကို ပိတ်လှောင်ထားသည်ကို တွေ့လိုက်ရသည်၊၊

ထိုသူအားလုံးသည် စုတ်ပြတ်သတ်နေသော ပုံစံများဖြင့် အသက်ရှုဖို့တောင် ခက်ခဲနေကြလေသည်၊၊ အတော်လေး ဝေးနေသော်လည်း ၎င်းတို့ထံမှ စိတ်ပျက်အားငယ်မှုများကို ချန်ဆီရွှမ် ခံစားနေရသည်၊၊

“ဟိုမှာ ဓားစာခံတွေ အများကြီးပဲ”

“ဒီလောက် လူအများကြီးလား”

ကီကီ မျက်မှောင်ကြုတ်သွားသည်၊၊

“သူတို့တွေကို ဖမ်းထားတာ မကြာသေးပုံပဲ… အရောင်းအဝယ် မလုပ်ရသေးဘူး ထင်တယ်”

ချန်ဆီရွှမ်က ခေါင်းညိမ့်ပြသည်၊၊

“ကန္တာရဓားပြတွေတော့ အများကြီးမရှိဘူး… ဒါပေမဲ့ မျှော်စင်ပေါ်က လက်နက်ကြီးတွေကိုတော့ လျှော့တွက်လို့ မရဘူး၊၊ ပြီးတော့ အဲဒီ ဗုံးဒဏ်ခံတံခါး အနောက်မှာ ဘာရှိမလဲဆိုတာ မသိသေးဘူး”

ချန်ဆီရွှမ် သေချာစောင့်ကြည့်နေသည်၊၊ ထိုအချိန်တွင် မျှော်စင်ပေါ်ရှိ ဓားပြများသည် အဝင်ဝတွင် စုနေသော ဖုတ်ကောင်များကို မီးတောက်သေနတ်များဖြင့် သတ်ဖြတ်နေကြသည်၊၊ ထို့နောက် ဆူးများပါသော တံခါးကြီး ပွင့်လာပြီး တိုက်ခိုက်ရေးယာဉ်နှစ်စီးက သူတို့ရှိရာဘက်သို့ ဦးတည် ထွက်ခွာလာသည်၊၊

“လူတချို့ ထွက်လာပြီ… သူတို့က အာခီစိုင်းရဲ့အခြေအနေကို သွားကြည့်မလို့ ထင်တယ်”

ဘေးမှ လုရှင်းချန်က နှာခေါင်းရှုံ့လိုက်သည်၊၊

“ကျုပ်တို့ အမြန်တိုက်ခိုက်ကြရအောင်… သူတို့ကို တုံ့ပြန်ဖို့ အချိန်မပေးနဲ့”

“နင်ပြောတာ မှန်တယ်”

ချန်ဆီရွှမ်က အေးစက်စွာ ပြောလိုက်သည်၊၊

“မီးတောက်… နင် ပြန်သွားပြီး အဓိက အဖွဲ့ကို ခေါ်လာခဲ့၊၊ ကီကီနဲ့ ငါက ကင်းထောက်တွေကို အရင်ရှင်းထားမယ်… ပြီးရင် အဲဒီစခန်းကို တစ်ခါတည်း သိမ်းပိုက်ကြမယ်”

“ဟုတ်ကဲ့”

လုရှင်းချန် ပြုံးလိုက်ပြီး နောက်လှည့်ကာ မီးတောက်များနှင့်အတူ ကြယ်တံခွန်ကဲ့သို့ အပြင်းပျံထွက်သွားသည်၊၊ သူ့၏ အရှိန်သည် တကယ်ကို မြန်လွန်းလှသည်၊၊

တစ်ချိန်တည်းမှာပင် သဲကင်းမြီးကောက်ဂိုဏ်း၏ စခန်းရှိ စင်မြင့်ပေါ်တွင် သဲဓားပြတစ်ဦးက သေနတ်ကိုင်ရင်း ဆေးလိပ်သောက်နေသည်၊၊ ရေဒီယိုဟောင်းတစ်ခုမှ ဆူညံသော ရော့ခ်သီချင်းသံက ထွက်ပေါ်နေသည်၊၊ သူ့ဘေးမှ စနိုက်ပါသမားသည်မူ စခန်းအပြင်တွင် လျှောက်သွားနေသော ဖုတ်ကောင်များကို ခေါင်းကို ပစ်ခတ်၍ ကစားနေသည်၊၊

ဒိုင်း၊၊

ဖုတ်ကောင်တစ်ကောင်၏ ခေါင်း ပွင့်ထွက်သွားသည်၊၊

“ဟဲဟဲ... ပစ်ချက်ကောင်းတယ်”

ဒိုင်း... နောက်တစ်ကောင်၏ ရင်ဘတ် ပွင့်ထွက်သွားသည်၊၊

“ဝိုး... ပေါက်ကွဲအား ကောင်းလိုက်တာ”

ဝါကျင့်ကျင့် သွားများရှိသော ကန္တာရဓားပြက ပြုံးရင်း စနိုက်ပါမှန်ဘီလူးဖြင့် အပြင်မှ လမ်းကို ကြည့်လိုက်သည်၊၊ အာခီစိုင်းဘက်သို့သွားသော ၎င်းတို့ကားနှစ်စီး ရုတ်တရက် ရပ်တန့်သွားသည်ကို သူမြင်လိုက်ရသည်၊၊

သူ မှန်ဘီလူးကို ပို၍ ချဲ့ကြည့်လိုက်သည်၊၊ ထိုကားများ၏ ပြတင်းပေါက်များ အကုန်ပွင့်ထွက်နေပြီး သွေးများက အပြင်သို့ ပြန့်ကျဲနေသည်ကို တွေ့ရှိလိုက်ရသည်၊၊ ကားများသည် ငြိမ်သက်စွာ ရပ်နေသည်၊၊

ကန္တာရဓားပြ၏ မျက်နှာသွေးဆုတ်သွားပြီး ထအော်လိုက်သည်၊၊

“မကောင်းတော့ဘူး... အပြင်မှာ...”

ဘန်း…

သူ့စကား မဆုံးမီမှာပင် ပြင်းထန်သောပေါက်ကွဲအားမြင့် ကျည်ဆန်တစ်ခုက သူနှင့် အနောက်မှ ဆေးလိပ်သောက်နေသော လူကိုပါ ဖောက်ထွက်သွားပြီး ခေါင်းများသည် သွေးမြူများအဖြစ် ပွင့်ထွက်သွားလေသည်၊၊

ရုတ်တရက် သေနတ်သံကြောင့် စခန်းထဲရှိ လူများ သတိထားမိသွားကာ အချက်ပေးသံများ ဆူညံသွားသည်၊၊

“ရန်သူ တိုက်ခိုက်နေပြီ”

“လက်နက်တွေ ယူကြ”

“ဘယ်က ခွေးသူတောင်းစားတွေ ငါတို့ ကန္တာရကင်းမြီးကောက်ဂိုဏ်းကို လာတိုက်ရဲတာလဲ”

သို့သော် တာဝန်ကျ ကန္တာရဓားပြများ လက်နက်ကိုင်၍ ထွက်လာသည့်အခါ ကောင်းကင်တွင် နောက်ထပ် နေမင်းကြီးတစ်စင်းကို မြင်တွေ့လိုက်ရသည်၊၊

“နတ်ဘုရားမီးတောက်”

ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ စခန်းတစ်ခုလုံးသည် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်၊၊

မျှော်စင်ပေါ်မှ လူများ အချိန်မီ မတုံ့ပြန်နိုင်ခင် အဝေးမှ ချန်ဆီရွှမ်၏ စနိုက်ပါနှင့် အပစ်ခံလိုက်ရသည်၊၊

ဝူးး ဝူးးး ဝုန်း

တာလို့၊ လျန်လေးနှင့် တခြားသူများသည် ဖုတ်ကောင်အုပ်များကို ဖြတ်ကျော်ပြီး ကားများဖြင့် ဝင်ရောက်လာကြသည်၊၊ ရှုချင်း၊ လော့ယန်နှင့် တခြားသူများသည်မူ ကီကီ၏ အကူအညီဖြင့် စခန်းထဲသို့ လေထီးဖြင့် ဆင်းသက်ပြီး တံခါးများကို ဖွင့်ကာ ကန္တာရဓားပြများကို ရှင်းလင်းလိုက်ကြသည်၊၊

အဖွဲ့သည် လျှစ်စီးလက်သလို အလျင်ဖြင့် ရောက်ရှိလာပြီး ကန္တာရဓားပြများ ပြန်မတိုက်နိုင်မီမှာပင် အပြတ်ရှင်းလိုက်ခြင်းဖြစ်သည်၊၊

သံလှောင်အိမ်ထဲမှ ဓားစာခံများသည် ဤမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်တကြားအော်ဟစ်နေကြသည်၊၊

လော့ယန်နှင့် ရှုချင်းတို့သည် ဗုံးဒဏ်ခံဘန်ကာရှေ့သို့ အရင်ဆုံး ရောက်ရှိသွားကြသည်၊၊ ထူထဲသော တံခါးကြီးကို မြင်သောအခါ ၎င်းတို့ အံ့အားသင့်သွားသည်၊၊ အဘယ်ကြောင့်ဆိုသော် အဝေးမှ မြင်တွေ့ရသည်ထက် ပိုမို၍ ခိုင်ခံ့နေသောကြောင့် ဖြစ်သည်၊၊ ဘဏ်မှ ငွေတိုက်တံခါးထက်ပင် ပို၍ခိုင်မာပုံရသည်၊၊

“အတွင်းထဲမှာ လူရှိတယ်”

လော့ယန်က ဒရုန်းဖြင့် စစ်ဆေးကြည့်သောအခါ ဤနေရာသည် အရင်က နျူကလီးယားပေါက်ကွဲဒဏ်ခံ ဘန်ကာဖြစ်ပြီး အတွင်းထဲတွင် လူရာပေါင်းများစွာ ဆံ့သည်ကို သိရှိလိုက်ရသည်၊၊

တီ၊၊

ချန်ဆီရွှမ်တို့ အဖွဲ့က အပြင်ဘက်ကို ရှင်းလင်းပြီးသည်နှင့် ဘန်ကာ၏ အသံချဲ့စက်မှ စူးရှသော အသံတစ်ခုနှင့် ဒေါသထွက်နေသော လူတစ်ဦး၏ အသံပေါ်လာသည်၊၊

“မင်းတို့က ဘယ်သူတွေလဲ၊၊ ငါတို့ သဲကင်းမြီးကောက်ဂိုဏ်းကို လာထိရဲတာ အသက်မလိုချင်တော့ဘူး ထင်တယ်”

ထိုလူသည် စောင့်ကြည့်ရေးကိရိယာများမှ အပြင်မှ အခြေအနေကို မြင်တွေ့နေပုံရသည်၊၊ အသံတွင် ဒေါသနှင့်အတူ ထိတ်လန့်မှုများ ပါဝင်နေသည်၊၊

“မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး…. ငါတို့ ခေါင်းဆောင် ပြန်လာရင် မင်းတို့အားလုံး သေရမယ်”

“ဘယ်သူက ဒီလောက်တောင် အားရပါးရ ဖင်ကုန်းအော်နေတာလဲ”

ကီကီက လက်ပိုက်ပြီး လေထဲတွင် ပျံဝဲနေရင်းမှ လက်တစ်ဖက်ကို လေထဲတွင် ဆုပ်လိုက်သည်၊၊ ထူထဲလှသော တံခါးကြီးသည် အစွမ်းထက်သော စိတ်စွမ်းအားအောက်တွင် ချက်ချင်း ချိုင့်ဝင်သွားပြီး ကျယ်လောင်သောအသံဖြင့် ကျောက်တုံးများပင် ပြိုကျကုန်သည်၊၊

ဘုန်း၊၊

ဖုန်များ ငြိမ်သွားသည့်အခါ အတွင်းခံဘောင်းဘီတစ်ထည် ဝတ်ဆင်ထားပြီး လည်ပတ်တပ်ထားသော ရုပ်ဆိုးဆိုးလူတစ်ဦးသည် အသံချဲ့စက်ကို ကိုင်ရင်း တုန်လှုပ်ခြောက်ခြားစွာ ရပ်နေသည်ကို တွေ့ရသည်၊၊

တန်ပေါင်းများစွာ လေးလံသော တံခါးကြီးက... ဤသို့ပင် ပျောက်ကွယ်သွားလိမ့်မည်ဟု သူမယုံကြည်နိုင်အောင် ဖြစ်နေခြင်းဖြစ်သည်၊၊

၎င်း၏ ဒေါသများနှင့် မောက်မာသည့်အမူယာများ ချက်ချင်းပင် ပြာကျသွားသည်၊၊

“မင်းတို့... မင်းတို့က ဘယ်သူတွေလဲ...”

ဒိုင်းး

သူ့စကားမဆုံးမီ ရှုချင်းက ပစ်ချလိုက်သည်၊၊ ထို့နောက် အဖွဲ့သားများ အတွင်းသို့ ဝင်သွားသည့်အခါ အထဲတွင် အတော်လေး အဆင့်မြင့်သည်ကို တွေ့လိုက်ရသည်၊၊ လျှောက်လမ်းတွင် ရိက္ခာများအပြည့်ရှိပြီး သီးသန့်လက်နက်တိုက်နှင့် မြေအောက်ပစ္စည်းသိုလှောင်ရုံကြီးလည်း ရှိသည်၊၊

အကြီးဆုံး အခန်းမှာမူ ပိုမို၍ ခမ်းနားသည်၊၊ ကြမ်းပြင်တွင် ပါရှန်းကော်ဇောများ ခင်းထားပြီး ထိုအပေါ်တွင် ကိုယ်လုံးတီးအမျိုးသမီးများနှင့် ကင်းမြီးကောက်ပုံများ ထိုးထားသည်၊၊ မျက်နှာကျက်မှ ကြေးဝါပိုက်များ ဆက်သွယ်ထားပြီး အပြင်မှ အပူငွေ့များကို ပေါင်းခံရည်အဖြစ် ပြောင်းလဲပေးနေသည်၊၊ မြေအောက်ကန်မှ ရေများကို လည်ပတ်စေပြီး အခန်းအလယ်ရှိ ရေကူးကန်ထဲသို့ စီးဝင်စေသည်၊၊

ရေကူးကန်ဘေးတွင်မူ လှပသော အမျိုးသမီးတစ်ဒါဇင်ခန့်သည် ကိုယ်လုံးတီး သို့မဟုတ် အတွင်းခံအပါးလေးများ ဝတ်ဆင်ပြီး ထောင့်တစ်နေရာတွင် တုန်လှုပ်စွာ စုဝေးနေကြသည်၊၊ သူတို့အားလုံး၏ လည်ပင်းတွင် သံကြိုးများ ခတ်ထားသည်၊၊ သူတို့သည် ကင်းမြီးကောက်၏ ကိုယ်ပိုင်မောင်းမဆောင်အဖြစ် ရှိနေခြင်းဖြစ်သည်၊၊

အစောပိုင်းက တံခါးဝ၌ အော်ဟစ်နေသူမှာမူ ကင်းမြီးကောက် အပြင်သွားနေတုန်း ခိုး၍ ပျော်ပါးနေသော ဒုခေါင်းဆောင်ပင် ဖြစ်သည်...

All Chapters