ကြိုးစားသူတွေကို ကောင်းကင်ကဆုချီးမြှင့်တယ်
Vol. 1 Ch. 1
အမှာစာ =”…..”ထဲစာသည် စကားပြောများဖြစ်ပြီး၊”….”မပါပဲ !!!သုံးထားရင် အတွေးစကားအများအဖြင့်ဖတ်ပေးကြပါရှင့်။
ဤလောက၏ အင်အားအဆင့်ခွဲခြားမှု့မှာ ဤသို့ဖြစ်၏ ။ အဆင့်ကိုးဆင့်ရှိသည်။
အခြေခံတန်းအဆင့်၊
ရွှေဦးချိုခန္ဓာအဆင့်၊
မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်၊
ကောင်းကင်ဖြတ်သန်းခြင်းအဆင့် ၊
ကျိူးရှောင်အဆင့်၊ (အဆင့်သေး)
ဖုယောင်အဆင့်၊ (အဆင့်သေး)
ချုပ်နှောင်မဲ့အဆင့်၊ (အဆင့်သေး)
ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်နှင့် နောက်ဆုံးတွင် ဆန်းကြယ်နတ်ခရီးအဆင့်တို့ ဖြစ်ကြ၏။ အဆင့်တစ်ဆင့်ခြင်းတွင်လည်း အနှိမ့်ဆုံအဆင့်၊အလယ်အလတ်နှင့် အထွတ်အထိပ်ဟူ၍ပြန်လည်ခွဲခြားထားသည်။ ကျိုးရှောင်အဆင့် ၊ ဖုယောင်အဆင့်နှင့် ချုပ်နှောင်မဲ့အဆင့်မှာ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်၏ အဆင့်သေးများဖြစ်သည်။ တကယ့်ကျင့်စဥ်ဘုံမှာ ၆ ဆင့်သာရှိသည်။
ဓားနှလုံးဂူဗိမာန်။ဓားနှလုံးကျောက်ဆောင်။
ဆံပင်ရှည်များကို နောက်သို့စည်းထားကာ မျက်ခုံးများမှာ ဓားသွားကဲ့သို့ထက်မြတ်၍ မျက်လုံးများပြာလဲ့နေသော ချောမောသန့်ပြန့်သည့်လူငယ်တစ်ဦးက ဓားကိုကိုင်ထားပြီး ကျောက်ဆောင်တွင်မတ်တပ်ရပ်နေသည်။
ထိုလူငယ်၏အမည်မှာလီကျန့်ယီဖြစ်ပြီးဒီနှစ်တွင်အသက်ဆယ့် တစ်နှစ်ရှိပြီဖြစ်၏။ သူသည် ဒီကမ္ဘာကလူမဟုတ်ပဲ၂၁ရာစုကလူ ဖြစ်ကာစာစဉ်ကိုဖတ်ရတာဝါသနာပါသည့် လူငယ်တစ်ယောက် ဖြစ်သည်။ယခုတွင်တော့သူဖတ်ခဲ့ဖူးသော"ပျိူမျစ်ခြင်း၏သံစဉ်ချိူ"ဆိုသည့်ဝတ္ထုထဲသို့ကူးပြောင်းခံလိုက်ရသည်။
ထိုပြင်သူသည် ကူးပြောင်းရောက်လာချိန်တွင်"ဓားနတ်ဘုရား" စနစ်ကို နိုးကြားစေနိုင်ခဲ့ကာ ရိုးရိုးလေးဓားကိုဝေ့ရမ်းရုံမျှဖြင့်ပင် သူ၏အင်အားတိုးတက်လာနိုင်စွမ်းရှိကြောင်းသိခဲ့ရ၏။ဤအကြောင်းကြောင့်ပင် လီကျန့်ယီသည် ဤကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဖြစ်လိုသောဆန္ဒများမွေးဖွားလာပြီး ဓားကိုကိုင်တွယ်ကာ ဝေ့ရမ်းနိုင်သည့် အချိန်မှစကာ နေ့ညမပြတ် ဓားကိုဝေ့ရမ်းလေ့ကျင့်လျက်ရှိ၏။
သူသည် အမြဲတမ်းအဆက်မပြတ် ဓားကိုဝေ့ရမ်းနေပြီး ခရီးသွားချိန်တွေတောင် ချွင်းချက်မဟုတ် ဓားကိုအမြဲဝေ့ရမ်း ကစားတတ်လေသည်။လူနဲ့ဓားဟာရှစ်နှစ်ဆိုသည့်အချိန်အမြဲပူးတွဲလေ့ကျင့်ပြီးနောက်မှာတော့ ကြိုးစားမှု့အတွက် အသီးအပွင့်များ ရိတ်သိမ်းချိန်တန်လေပြီ။
ရှစ်နှစ်ဆိုသည့်အချိန်တစ်ခုကြာ ကြိုးစားပြီးနောက်မှာတော့ သူဟာစုစုပေါင်းဓားချက်၂၅၂,၈၈၈,၀၀၀ချက်ဝေ့ရမ်းနိုင်ခဲ့ သည်။သို့ပေမဲ့၁၀၀,၀၀၀,၀၀၀သန်း သာထိရောက်မှု့ ရရှိခဲ့သည်။ဆိုလိုသည်မှာ ဓားချက်ပေါင်း၁၅၂,၈၈၈,၀၀၀ချက်က ဘာ အကျိူးအမြတ်မှမရဘဲ အလကားဖြစ်သွား ခဲ့ရခြင်းဖြစ်သည်။
သူ၏လက်ထဲကဓားကိုကိုင်ထားရင်း သူအဆက်မပြတ်ဓားကို ဝေ့ရမ်းခဲ့သည့်အတိတ်ကပုံရိပ်တွေကို ပြန်အမှတ်ရမိသွားသည့် ချိန်တွင်သူအနည်းငယ်အားမရဖြစ်သွားရသည်။ထိရောက်မှု့မရှိသောဓားချက်တွေက ထိရောက်မှု့ရှိသောဓားချက်ထက်ပို များနေသောကြောင့် သူ့၏ကြိုးစားမှု့အပေါ် စပြီးသံသယဝင်လာမိသည်။
ယခုချိန်တွင်တော့သူ၏ကျင့်ကြံခြင်းမှာ ကောင်းကင်ဖြတ်သန်း ခြင်းအဆင့်၏အထွဋ်အထိပ်တွင့်ရပ်တန့်နေသည်။ဤရလဒ်ကသူမျှော်မှန်းထားသည့်ရလဒ်နှင့် အတော်ကွားခြား လေသည်။သူဖြစ်ချင်တာကဒီကမ္ဘာမှာအတော်ဆုံး၊အမိုက်ဆုံးပြီးတော့ ပြိုင်ဘက်ကင်းဓားနတ်ဘုရားလေ အခုတော့ဒီစွမ်းအားဖြင့် သူဘာလုပ်နိုင်မည်နည်း။
"ဟမ်"အလဟာသဖြစ်သွားသော ၁၀ဝသန်းကျော်ဓားချက်တွေကို တွေးမိလေလေရင်ထဲမွန်းကြပ်လာသလို ခံစားရသောကြောင့် လီကျန့်ယီသည် ဓားကိုဒေါသတကြီးလေထဲဝေ့ရမ်းလိုက်၏။
"ချွင်...ချွင်...ချွင်" တစ်ခဏအတွင်းမှာပင် ဓားဝေ့ရမ်းသံများက ထိုနေရာတစ်ဝိုက်တွင် ကျယ်လောင်စွာထွက် ပေါ်လာသည်။လျင်မြန်လွန်းသည့်ဓားချက်များကြောင့် လီကျန့်ယီ၏ဓားဝေ့ရမ်း ခြင်းကျွမ်းကျင်မှု့တွင် တကယ်ကိုဆရာအဆင့်ဖြစ်နေပြီဖြစ် သည်။
"ကောင်းပြီ၊ကောင်းပြီ ငါကဓားသမားတစ်ယောက်ပဲ
စိတ်လောနေလို့မဖြစ်ဘူး အုတ်မြစ်ခိုင်ခိုင်မာမာနဲ့
သန်မာတဲ့စိတ်ဓာတ်ရှိဖို့လိုတယ်"လီကျန်းယီကသူ၏ ဒေါသများကိုပြန်ရုတ်သိမ်းလိုက်ပြီး ပုံမှန်အတိုင်းသာ ဓားရေးကိုပြန်လေ့ကျင့်နေလိုက်သည်။
လီကျန်းယီလေ့ကျင့်နေစဉ် သတ်လတ်ပိုင်းလူတစ်ယောက်က ရောက်လာပြီးအပြုံးမျက်နှာနှင့် လက်ခုပ်တီးချီးကျူးလိုက်သည်။ ထိုသူကားတစ်ခြားသူမဟုတ် ဓားဂူဗိမာန်သခင်လီဆူးဝမ် ဖြစ်သည်။လီကျန့်ယီကို ဤနေရာကိုခေါ်လာသည့် လူလည်းဟုတ်သလို သူ၏ဆရာဆိုလည်းဟုတ်သည်။
"ဆရာ ဘယ်လိုရောက်လာတာလဲ" လီကျန်းယီက ဓားကိုချက်ချင်းသိမ်းဆည်းလိုက်ပြီးသူ၏ဆရာဆီပြေးသွားလေသည်။
"မင်းကိုလာကြည့်တာ၊ဓားရူးလေးလုပ်ပြီးစားသောက်ဖို့မေ့မှာစိုးလို့ " လီဆူးဝမ်က ကျန်းမာရေးနှင့်ကိုက်ညီသော သစ်သားသေတ္တာ အစားဗူးတစ်ခုကိုထုတ်ပြီးပေးလိုက်၏။ ထိုနောက်ကြင်နာစွာဖြင့်လီကျန့်ယီခေါင်းကိုပွတ်သပ်ပေးလိုက် သည်။
"ကျေးဇူးပါဆရာ၊ ဆရာကတပည့်အပေါ်တော့ တကယ်ကောင်းတာပဲ"ဆရာပေးသည့် သစ်သားသေတ္တာအစာဗူးကို အလောတကြီးဖွင့်လိုက်ပြီး မွှေးပျံ့လွန်းသည့်အနှံ့များကြောင့် သူ၏ဗိုက်က ဆာလောင်လာသည်။ ဘာမှမတွေးတော့ပဲအစာဗူးထဲ လက်ဖြင့်နှိုက်ကာ ပလုတ်ပလောင်စားလိုက်၏။
"ဓားရူးလေးဖြည်းဖြည်းစား အစာနင်လိမ့်မယ်၊ဘယ်သူမှ မင်းကိုလုမစားဘူးဟုတ်ပြီလား"လီဆူးဝမ်က စိတ်ပူစွာသတိပေးလိုက်ပြီး၊သူတပည့်၏စည်းမရှိကမ်းမရှိစားသောက်ပုံကိုကြည့်ကာ ခေါင်းသာခါလိုက်မိသည်။
လီဆူးဝမ်သည်တပည့်ဖြစ်သူ၏ အတိတ်ကဖြစ်ရပ်များကြောင့် မဆူရက်ခဲ့ပေ။လီကျန့်ယီကို စစတွေ့သည့်အချိန်က ထိုကလေးမှာ အသက်နှစ်နှစ်သာရှိသေးပြီး၊ဓားဂူဗိမာန်နှင် မိုင်ပေါင်းထောင်ချီ ဝေးကွာလှသောတောရိုင်းတစ်ခုတွင် စွန့်ပစ်ခံထားပုံရသည်။ သူမှတ်မိသည်မှာ ကလေးက ဆာလောင်မှု့ကြောင့် သစ်ရွက်တွေကို အစားအစာထင်ပြီး ဝါးစားနေခဲ့သည်။
တစ်ခါတစ်လေ ဝါးကိုင်းလေးများဖြင့် ဓားလေ့ကျင့်သလို ဝေ့ရမ်းတတ်သေးသည်။အစက သစ်ကိုင်းလေးနဲ့ ဆော့ကစားသည်ဟုသာထင်ခဲ့ပေမဲ့ နေ့တိုင်းတစ်ပုံစံထဲသစ်ကိုင်း ဝေ့ရမ်းပုံက လီဆူးဝမ်ကို စိတ်ဝင်စားမှုတိုးစေခဲ့သည်။ လီဆူးဝမ်လည်းသနားကြင်နာစိတ်ဖြစ်ပေါ်ကာ တပည့်တစ်ဦးလက်ခံလို စိတ်ဖြစ်လာခဲ့၏။
လီဆူးဝမ်တွင်သမီးတစ်ယောက်ရှိပြီး နာမည်မှာလီရှင်းယွဲ့ ဟုခေါ်သည်။ ကံဆိုးသည်ကား သူမကို သခင်လေးကျော်မော့၏ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။သခင်လေးကျော်မော့သည် မြောက်ပိုင်းလီဒေသကတွင် ကျော်ကြားသောပေလီ သခင်ရှစ်ပါးထဲက တစ်ယောက်ဖြစ်လေသည်။ သူတို့နှစ်ယောက်လက်ထပ်ယူပြီးနောက်မှာတော့"လီဟန်ယီ"ဟု ခေါ်သောသမီးတစ်ယောက်ဖြစ်ထွန်းခဲ့ကာလီဆူးဝမ်ဆီကို ရံဖန်ရံခါသာလာနိုင်တော့သည်။
ထိုကြောင့် လီဆူးဝမ်သည် တစ်ကိုယ်ထဲအထီးကျန်နေသလို ခံစားရသောကြောင့် လီကျန့်ယီကိုတပည့်အဖြစ် တရားဝင်လက်ခံခဲ့ပြီး လီကျန့်ယီဟု အမည်ပေးခဲ့လေသည်။ ထိုနာမည်၏ ဖြစ်ပေါ်လာပုံသည်လီကျန့်ယီ၏ အမြဲတမ်းဓားကို ပုံစံတစ်မျိူးထဲသာ ဝေ့ရမ်းတတ်သောအကျင့်ကနေ အစွဲပြုခေါ် ခြင်းဖြစ်လေသည်။လီကျန့်ယီကိုယ်တိုင်လည်းဤနာမည်ကို အလွန်သဘောကျသောကြောင့်လီကျန့်ယီဟုသာခေါ်ကြလေတော့သည်။
"သခင်ကြီးကို အစီရင်ခံပါတယ်၊အကြီးဆုံးသခင်မလေး ပြန်လာပါပြီ"လီကျန့်ယီကိုပထမဆုံးအကြိမ်တွေ့တုန်း ကအချိန်တွေကို ပြန်တွေးတောနေချိန်တွင် ဓားနှလုံးဂူဗိမာန်၏ တပည့်တစ်ဦးကအစီရင်ခံသည်။
"ရှင်းယွဲ့... ရှင်းယွဲ့ ပြန်ရောက်လာပြီလား" လီဆူးဝမ်သည် အနည်းငယ် သံသယဖြစ်မိ၏။ ယုတ္တိအရ ပွဲတော်မဟုတ်ပါက သူ၏သမီးသည် ယေဘုယျအားဖြင့်ပြန်မလာတတ်ပေ။ သို့သော်..ယခုမှာ နွေဦးအစပိုင်းသာ ရှိသေး၍ နှစ်သစ်ကူးမှာ ဖြတ်သန်းခဲ့ပြီးသား ဖြစ်၏။ ရှင်းယွဲ့သည် ဗိမာန်သို့ ထပ်မံပြန်ရောက်လာပြန်ပြီလား။ကျိန်းသေ တစ်စုံတစ်ရာ မူမမှန်ဖြစ်နေပြီ။
"ဓားရူးလေး၊ မင်းရဲ့ အစ်မကြီး ပြန်ရောက်လာပြီ။" လီဆူးဝမ်သည် မူမမှန်မှုဆိုသည်မှာ ပြဿနာတစ်ခု၏ လက္ခဏာဖြစ်သည်ဟု ခံစားမိသောကြောင့် အစားအစာကို စားနေဆဲဖြစ်သော လီကျန့်ယီကို ကြည့်ပြီး လီရှင်းယွဲ့ကို ကြိုဆိုဖို့သူ့ကိုခေါ်သွားရန်ပြင်ဆင်လိုက်သည်။သို့သော်... လီကျန့်ယီသည် အစ်မကြီး ပြန်ရောက်လာသည်ကို ကြားသိရသောအခါ အစာဗူးကို ပစ်ချကာ ဓားဖြင့် ထိတ်လန့်စွာ ထွက်ပြေးသည်။
အဘယ်ကြောင့်ဆိုသော် အစ်မကြီးလီရှင်းယွဲ့ ပြန်ရောက်လာသောအခါ သူမနှင့်အတူ လဲ့ဟန်ယီကပါ လာစမြဲဖြစ်သောကြောင့် ပင်။ထိုသို့ဖြစ်လျှင် သူ၏ဓားရေးလေ့ကျင့်ခြင်းကို အာရုံစိုက်၍ ဖုယောက်အဆင့်သို့ အမြန်ဆုံး ဝင်ရောက်နိုင်မည် မဟုတ်ပေ။ထို့ကြောင့် လီကျန့်ယီသည်လဲ့ဟန်ယီကိုမနှစ်သက် သည်မဟုတ်သော်လည်း သူမသည်သူ့၏ဓားရေးလေ့ကျင့်မှု့ကို နှောင့်နှေးစေနိုင်သော ကြောင့် ရှောင်နေရခြင်းဖြစ်သည်။
"အစ်မလီတို့ရောက်လာပြီလား၊ ဆရာကသာ သွားကြိုလိုက်ပါ။ ကျွန်တော်ဓားလေ့ကျင့်ရဦးမယ်"အပြေးအလွှားထွက်ပြေးသွားသော လီကျန့်ယီသည် စကားတွေအော်ဟစ်ပြောဆိုကာ ဓားနှလုံးကျောက်ဆောင်၏ အတွင်းပိုင်းတွင်သို့ ပြေးကာပျောက်ကွယ်သွားသည်။
"ဒီကောင်လေး..." လီဆူးဝမ်သည် အနည်းငယ် စိုးရိမ်သောဟန်ဖြင့်မျက်မှောင်ကြုတ်လိုက်သည်။အဓိကအား ဖြင့် လီကျန့်ယီသည် ဓားကိုဝေ့ရမ်းခြင်းကို အလွန်အမင်း စွဲလမ်းနေသည်။ သူ၏အသက်အရွယ်တွင် သူတို့ကိုယ်ပိုင် ပြည့်စုံသည့် ကလေးဘဝကို ပိုင်ဆိုင်သင့်သည်။သို့သော် လီကျန့်ယီသည် သူအရွယ်များနှင့် လုံးဝကွဲပြားနေသည်။
သူ၏အရွယ်ရှိကလေးများသည်ဤအချိန်တွင်ကစား ပျော်ပါးနေသင့်သော်လည်း လီကျန့်ယီမှာမူ ဓားကိုဝေ့ရမ်းခြင်းကိုစွဲလမ်းနေသည်။ထိုသို့သောအလေ့အထမှာသူငယ်စဉ်ကတည်းက ရှိနေခဲ့သည်။ထို့ကြောင့် လဲ့ဟန်ယီသည် ပွဲတော်ရက်များတွင် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်လာသည့် အခါတိုင်းလီကျန့်ယီနှင့် အတူကစားလဲ့ဟန်ယီသည် သူမအား သူ၏ဘက်မှညှာတာမှုမရှိဘဲ ငြင်းဆန်ခဲ့သည်။
မဖြစ်တော့ဘူး၊ ဤကောင်လေးက ဓားနှလုံးဂူဗိမာန်ကို ရောက်လာသည်မှာကိုးနှစ်ရှိနေပြီ။ ရှင်းယွဲ့ပြန်ရောက်လာ ခြင်းသည် အချိန်ကောင်းဖြစ်သည်၊သူတို့အား ဤကောင်လေးကို ထန်ချီမြို့သို့ ခေါ်သွားစေဖို့ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ လီဆူးဝမ်သည် ဗိမာန်၏ အပြင်ဘက်သို့ လျင်မြန်စွာ လမ်းလျှောက်သွားပြီးတံခါးဝတွင်ရပ်စောင့်လိုက်သည်။
ခဏအကြာတွင် လီဆူးဝမ်သည် မျက်လုံးမျာအနည်းငယ်ဒေါသဖြစ်သောပုံစံဖြင့် ရှင်းယွဲ့က လှည်းပေါ်မှ ဆင်းလာသည်ကို မြင်လိုက်သည်။ ရှင်းယွဲ့၏နောက်တွင်တော့ စိတ်ရှုပ်ထွေးနေသောအမူအရာနှင့် ချစ်စရာကောင်းသော လဲ့ဟန်ယီကဆင်းလာသည်။
"အဖိုး"ဆံပင်နှစ်ဖက်လုံးချစ်စရာသဖွယ်ထုံးထား သော လဲ့ဟန်ယီသည် မည်းနက်ပြီးထက်မြတ်သော မျက်လုံးများက စိတ်လှုပ်ရှားမှု့အနည်းငယ်ကို သယ်ဆောင်လျက် သူမ၏ ကိုယ်လုံးလေးဖြင့် လီဆူးဝမ်၏ ရင်ခွင်ထဲသို့ခုန်ဝင်လိုက်သည်။
"အိုး၊ ဟန်ယီ၊ အဖိုးကို လွမ်းနေသေးလား" လီဆူးဝမ်သည် သူထံသို့ခုန်ဝင်လာသော ချစ်စရာကလေးကို ဖက်ထားရင်း လဲ့ဟန်ယီကို ချစ်ခင်သောမျက်လုံးဖြင့်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ဟန်ယီက အဖိုးကို အရမ်းကို အရမ်းလွမ်းတာပဲ။"လဲ့ဟန်ယီသည် လီဆူးဝမ်ကိုတင်းနေအောင်ဖက်ထားပြီး ချိုမြိန်စွာပြုံကား သူမမျက်လုံးများ ကလယ်ကလယ်ဖြင့်တစ်စုံတစ်ရာကိုရှာဖွေနေ သည်။ဝမ်လီဆူးသည် ဤအရာကို မြင်ရသောအခါ လဲ့ဟန်ယီသည် လီကျန့်ယီကို ရှာဖွေနေသည်ကိုသိသဖြင့် ပြုံးပြလျက် ပြောလိုက်သည်။
"ဟန်ယီ ဘယ်သူက မင်းအမေကို ဒေါသထွက်အောင်လုပ်လိုက်လည်း ဆိုတာပြောပြရင် အဖိုးက မင်းကိုဓားရူးလေးဘယ်မှာရှိ တယ်ဆိုတာ ပြောပြမယ်။"
"အိုး"ဟန်ယီသည် လီကျန့်ယီကို တွေ့နိုင်မည်ကို သိရသောအခါ လျင်မြန်စွာပင် မိမိ၏ဆီးနှင်းကဲ့သို့ ဖြူဖွေးပြီး ကျောက်စိမ်းနှင့်တူသည့် လက်ကလေးဖြင့် လှည်းနောက်တွင် ထိုင်နေသော လဲ့မုန့်ရှားကိုညွှန်ပြလိုက်သည်။
"အဖိုး၊ အဖေကို လဲ့မိသားစုက မိုးကြိုးတံခါးကနေ နှင်ထုတ်ခံလိုက်ပြီ ၊မြေးမှာ နောက်ထပ်လဲ့မိသားစုအမည် ရှိမှာမဟုတ်တော့ဘူး။"သမီးငယ်လေး၏ မျက်နှာသည် မူလတွင် ပြောင်းလဲမှုမရှိသော်လည်း သူမ စကားပြောနေစဉ် သူမ၏ မျက်လုံးလေးများသည် ဝမ်းနည်းလာပြီး နီရဲလာကာ ထို့နောက် သူမ၏မျက်လုံးအတွင်းရှိ မျက်ရည်များသည် မရပ်မနား စီးဆင်းကာ ငိုကြွေး၏။
"လဲ့မိသားစုက ဘာမို့လို့လဲ၊ လဲ့မိသားစုက အဲ့ဒီလောက် စွမ်းအားရှိလို့လား၊ ဟန်ယီက ဒီလဲ့မျိူးရိုးကို ဂရုစိုက်တာမဟုတ်ဘူး။"ဒါပေမဲ့သူမ၏ အမူအရာက သူမပြောသည့်စကားနှင့် ဆန့်ကျင်စွာဝမ်နည်းပက်လက်ဖြစ်နေ လေသည်။
"မြေးလေ မငိုနဲ့ ငါတို့က လဲ့မျိူးရိုးကို လုံးဝဂရုမစိုက်ဘူး၊ ဟန်ယီမှာ နောက်ထပ်မိသားစုအမည် မရှိတော့ဘူးလို့ ဘယ်သူပြောလဲ အဖိုးရဲ့ မျိူးရိုးလီကိုသုံးလိုက်၊ အခုကစပြီး မြေးရဲ့နာမည်က လီဟန်ယီလို့ခေါ်လိုက်မယ် ဘယ်လိုလဲ" မြေးမကြီးလေး မျက်ရည်ယိုကာ နီရဲနေသည်ကိုမြင်ရသောအခါ လီဆူးဝမ်သည် လှည်းနောက်တွင် ပုန်းခိုနေသော လဲ့မုန့်ရှားကို အလွန်ဒေါသထွက်စွာ စိုက်ကြည့်လိုက်သည်။
"ဟုတ်ပြီ၊ အခုကစပြီး သမီးနာမည်က လီဟန်ယီပဲ" ကလေးမသည် သူမ၏ ဦးခေါင်းလေးကို လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ဤအချိန်တွင် လှည်းနောက်တွင် ပုန်းနေသော လဲ့မုန့်ရှားသည် သည်းမခံနိုင်တော့ဘဲ ထွက်လာကာခေါင်းမာမာဖြင့် ပြောသည်။
"အဖေ၊ နာမည်ကို အဲ့လိုပြောင်းလဲလို့မရဘူး"
"ဟမ်၊ ဒါဆို ငါ့ရဲ့ မြေးမကြီးကို နာမည်သာရှိပြီး၊ မိသားစုမျိူးရိုးမရှိတဲ့ ကလေးတစ်ယောက်လို့ နေခွင့်ပေးရမလား" လီဆူးဝမ်၏ မျက်လုံးများသည် ဓားသွားကဲ့သို့ ထက်ရှသွားပြီး လဲ့မုန့်ရှားသာ နောက်ထပ် စကားတစ်ခွန်းထပ်ပြောမည်ဆိုပါက သားမက်ဆိုရင် တောင်သည်းခံတော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် သမီးဖြစ်သူရှင်းယွဲ့ကို ခေါ်ဆောင်သွားစဉ်က ရှင်းယွဲ့အား မည်သည့်ဒုက္ခမျှ မခံစားစေရန်နှင့် ရှင်းယွဲ့အတွက်တစ်သက်တာ ကောင်းမွန်စွာဂရုစိုက်ပါမည်ဟု ကတိပေးခဲ့သည်။ ယခုမှာအချိန်တွင်တော့သူကိုယ်တိုင်တောင် လဲ့မိသားစုက နေနှင်ထုတ်ခံနေရသည့် အဆင့်ရောက်သွားသေးသည်။
မူလက ဓားနှလုံးဂူဗိမာန်နှင့် ကျန်းနန်မိုးကြိုးတံခါးတို့ လက်ထပ်ပွဲပြုလုပ်ခြင်းသည် အင်အားကြီးသည့် မဟာမိတ်ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ယခုတွင်တော့ မျှော်လင့်ထားသလိုမဖြစ်လာနိုင်တော့သည့်ပုံပင်။