၂၁ရာစုကလူ ဖြစ်တဲ့သိုင်းစာစဉ်တွေကိုဖတ်ရတာဝါသနာပါသည့်လူငယ်တစ်ယောက်က သူဖတ်ခဲ့ဖူးသော"ပျိူမျစ်ခြင်း၏သံစဉ်ချိူ"ဆိုသည့်ဝတ္ထုထဲသို့ကူးပြောင်းခံလိုက်ရတဲ့အခါ.. မော်ဒန်ကမ္ဘာတုန်းက ဘာမှဖြစ်မြှောက်ခဲ့ခြင်းမရှိတဲ့သာမာန်လူတစ်ယောက်က ကံကြမ္မာရဲ့ ဆွဲခေါ်မှုအောက်မှာ သူဟာ မထင်မှတ်ဘဲ ဓားနှလုံးသားဂူရဲ့ အမွေဆက်ခံသူ ဖြစ်လာခဲ့ပြီး ဓားကိုင်လိုက်ရုံနဲ့ အားကောင်းလာနိုင်တဲ့「ဓားနတ်ဘုရား စနစ်」 ကိုပါ နိုးထလာခဲ့တယ်! ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ တစ်နှစ်စာ လေ့ကျင့်မှု ဆုလာဘ်ရရှိသွားတယ်! နဝမအဆင့်ကို တစ်ချက်တည်းနဲ့ ချိုးဖောက်ပြီး ဗြဟ္မာ့သေမျိုးနယ်ပယ်ကိုတိုက်ရိုက် တက်လှမ်းသွားခဲ့သည်! ဓားကို အကြိမ်တစ်ရာ ဝှေ့ယမ်းလိုက်တဲ့အခါ "ကောင်းကင်တက်လှမ်းခြင်း ခြေလှမ်းပညာ" ကိုဆုလာဘ်ရရှိပြီး ခန္ဓာကိုယ်က နတ်အလား ပြောင်းလဲသွားမည်!ခြေလှမ်းတွေက ပေါ့ပါး၍ လျှို့ဝှက်ဆန်းကျယ်ကာခန့်မှန်းရခက်လာမည်! ဓားကို အကြိမ်တစ်သောင်း ဝှေ့ယမ်းနိုင်ရင် နတ်ဘုရားအဆင့် ဓားဆွဲထုတ်နည်း ကို ရရှိမည်!ရန်သူ မည်မျှများပါစေ တစ်ချက်တည်းနဲ့ အသက်အားလုံးကို ချွေဖျက်နိုင်မည်! နောက်ဆုံး... ဓားကို အကြိမ်တစ်ဘီလီယံ ဝှေ့ယမ်းနိုင်တဲ့နေ့မှာ ခက်ခဲတဲ့ ကျင့်ကြံမှု အနှစ်တစ်ရာ ဆုလာဘ်ရရှိပြီး နတ်ဘုရားများ သွားလာရာ လေဟာနယ်နယ်ပယ်ထိ ဝင်ရောက်နိုင်မည်ဖြစ်ကာ ငယ်ဘဝရဲ့ချစ်ရသူ လီယန်ယီနှင့် လက်ထပ်နိုင်မည်!! ဓားတစ်လက်ကို အားကိုးပြီး လောကတစ်ခွင်ကို လှုပ်ခါစေမယ့် လီကျန်းယီရဲ့ စွန့်စားခန်းကြီး!!!

