← Chapters

ယီယီ လက်ဖွာတဲ့အမျိူးသမီးကို မကြိုက်ရဘူး

Vol. 3 Ch. 21

ယီယီ လက်ဖွာတဲ့အမျိူးသမီးကို မကြိုက်ရဘူး

Vol. 3 Ch. 21

ယခင်ကတည်းက တပည့်အချို့ နန်းတော်နှင့် ဆက်သွယ်မှုရှိခဲ့ကြသည်။ ထိုသို့ နန်းတော်နှင့် ရင်းနှီးသောကြောင့် အာဏာလုပွဲနဲ့နန်းတွင်းအရှုပ်တော်ပုံများ ဖြစ်လာသည့်အခါ၊ သူတို့ကစစ်ကူအနေနဲ့ခေါ်ယူခြင်းခံရပြီး သူတို့ကိုယ်စား စစ်တိုက်ပေးဖို့ ရှေ့တွင်ရပ်တည်ပေးရလိမ့်မည်။

ထိုသို့သောအရာများက နန်းတွင်းအာဏာလုချင်သူများက တစ်ခြား ဂိုဏ်း၏တပည့်များကို သူတို့ဘက်သွေးဆောင်ပြီး ခေါ်ယူချင်နေကြ သည်။ထိုသို့သောအရာများလည်း အရင်ကခဏခဏဖြစ်ဖူးခဲ့သည်။

ယခုတွင်လည်း ချင်ဝမ်မင်းသာက လီကျန့်ယီကို သူဘက်ကိုခေါ်ပြီးသူရဲ့သူ့၏ စစ်ကူအဖြစ် ခေါ်ထားချင်နေကြသည်။

ထိုသို့သော နန်းတွင်းကလူများနှင့်ပတ်သက်သည့်လူများသည် ပြဿနာတစ်ခုခုဖြစ်လျှင်၊သူတို့တစ်ယောက်သာ ပြဿနာထဲဆွဲသွင်းခံရမှာမဟုတ်ပဲ၊သူတို့၏ ဂိုဏ်း၊မိသားဆွေမျိူးနှင့် မိတ်ဆွေတွေကပါ

ဆွဲသွင်းခံရမည်။

"ဒါဆိုကျွန်တော် မိုးကြိုးတံခါးကနေ နှင်ထုတ်ခံရတဲ့ အကြောင်းအရင်းလား"လဲ့မုန့်ရှားကအတွေးပေါက်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

"တုံးအလိုက်တဲ့ ယောင်္ကျား၊လဲ့မိသားစုက မင်းကိုတကယ်ပဲ နှင်ထုတ်နေတယ်လို့ ထင်နေတာလား"လီရှင်းယွဲ့က သူမ၏ ခင်ပွန်းကိုတုံးအသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

"လဲ့မိသားစုက မင်းကိုတကယ်ပဲ လျစ်လျူရှုတယ်လို့ထင်နေတာလား"

လီဆူးဝမ်မှာ လဲ့မုန့်ရှားကစစ်မှု့ထမ်းဖြစ်ချင်သည့် အကြောင်းကြားကတည်းက လဲ့မိသားစု၏ဆုံးဖြတ်ချက်ကို သတိထားမိခဲ့သည်။လဲ့မိသားစုကို သူ မကျေနပ်တာက လဲ့မုန့်ရှား၏အမှားကြောင့်ဖြင့် သူ၏ သမီးနှင့်မြေးမရော နှင်ထုတ်ခံရသည့်ကိစ္စကိုပင်။

ဒါပေမဲ့ ဤအကြောင်းများကို ဖြစ်စေခဲ့သည့်ငနဲက ဘာမှမသိပဲနေနေခြင်းက သူကိုပိုဒေါသထွက်စေခဲ့သည်။ တုံးအလွန်တဲ့ သမက်ကိုကြည့်ပြီး လီဆူးဝမ်က သူ့၏လက်ဖြင့် သူ့နာဖူးအုပ်လိုက်ပြီး အော်ငိုချင်စိတ်‌ ပေါက်သွားလေသည်။ သူ၏သမီးကရော ဘယ်လိုလုပ်ပြီး၊ ဤတုံးအသည့်လူကို သဘောကျခဲ့ရသနည်း။

"ကျွန်တော်ကို အဲ့လိုမျက်လုံးတွေနဲ့မကြည့်ကြပါနဲ့၊ဘာပဲဖြစ်ဖြစ် ကျွန်တော်က မြောက်ပိုင်လီရဲ့ သခင်ရှစ်ပါးထဲက တစ်ယောက်ပဲလေ၊ပြီးတော့ လီဆရာကြီး လည်းရှိသေးတယ်၊ဘယ်သူက ကျွန်တော်နဲ့လဲ့မိသားစုကို တိုက်ခိုက်ရဲမယ်မထင်ဘူး"

"မြောက်ပိုင်းလီကို ကာကွယ်သူအနေနဲ့ ဆရာလီက မြောက်ပိုင်းလီကို ကစဥ့်ကလျားဖြစ်သွားအောင် သူဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး" လီဆူးဝမ်က ဤအချက်ကိုတော့ထောက်ခံသည် ။လီဆရာကြီးက မြောက်ပိုင်းလီကို ကာကွယ်ဖို့တစ်ခါမှမပျက်ကွက်ခဲ့ပေ။

"ဒါပေမဲ့လူဆိုတာက ကာကွယ်သူရှိလို့ မောက်မာပြီးစောင်းကြွနေလို့ မရဘူး၊ယီယီပြောသလိုပဲ နန်းတွင်ကလူနဲ့ပတ်သတ်တာက ကောင်းကျိူးထက် ဆိုးကျိူးကပိုများတယ်"လီဆူးဝမ်က လဲ့မုန့်ရှားကို လေးနက်သည့်အမူအရာဖြင့်ပြောလိုက်သည်။

လန်ယာဝမ်က နန်းတွင်ကလူလည်းဟုတ်ပေမဲ့ လီဆရာ၏တပည့်လည်းဖြစ်သောကြောင့် လဲ့မုန့်ရှားနှင့်အတော်ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုဖြစ်သည်။ ထိုကြောင့် ရှင်းရှင်းပြောရင် ဆက်ဆံရေးကို ရုတ်တရက်ဖျက်ဖို့မဖြစ်နိုင်ပေ။

"ဒါပေမယ့်... လီဆရာကြီးဟာ အမှန်တကယ် အချစ်ကို တွေ့ရှိပြီး မြောက်ပိုင်းလီက ထွက်ခွာသွားရင်ကော"လီကျန့်ယီက တွေးတွေးဆဆဖြင့်မေးလိုက်သည်။

လဲမုန့်ရှား၊ လျစ်လျူရှုသည့် သဘောထားရှိသူ လီဆူးဝမ်"..."

လီရှင်းယွဲ့၊ဟန်ယီ"...."

ခဏလောက် တိတ်ဆိတ်ပြီးနောက်၊လီဆူးဝမ်က "ယီယီပြောတာလည်း မဖြစ်နိုင်ဘူးလို့မပြောနိုင်‌ဘူးလေ၊ဒါကြောင့် တစ်ခြားလူကိုပဲအားကိုးမနေနဲ့ ကိုယ့်ကိုယ်ကို သန်မာအောင်ကြိုးစား၊လီဆရာလည်း

အမြဲတမ်း မြောက်ပိုင်းလီမှာပဲနေမယ်လို့ ဘယ်သူမှအာမခံနိုင်ဘူး၊ဒါကြောင့် ငါနဲ့ ငါဂိုဏ်းက နန်းတွင်းအာဏာလုပွဲထဲ ကြားညှပ်မခံနိုင်တာမို့ သူတို့နဲ့ဝေးဝေးနေတယ်"

ဓားနှလုံးဂူဗိမာန်သည် ဤနန်းတွင်းရေး အကြံအစည်များတွင် ဘယ်တော့မှ ပါဝင်မည် မဟုတ်ပေ။

"အဖေ ရှင်းယွဲ့က ကျွန်တော်ရဲ့ဇနီးပါ ၊ကျွန်တော်နားလည်ပါပြီ" လဲမုန့်ရှားက လီဆူးဝမ်၏ သတိပေးစကားကိုနားလည်ကြောင်း ခေါင်းညိတ်ပြီးပြောလိုက်သည်။

ကျွန်တော် နားလည်ပါပြီနော်!!

ချစ်ရတဲ့ ဇနီးကိုမကွဲနိုင်တာမို့ ၊စစ်မှု့ထမ်းချင်သည့် ဝါသနာကိုသာစွန့်လွှတ်ရပေတော့မည်။

"နားလည်တာ ကောင်းတယ်၊မဟုတ်ရင် မင်းရဲ့ခေါင်းက ငါ့ရဲ့ဓားနှလုံးဂူဗိမာန်မှာ ထားခဲ့ရဖို့များတယ်၊မင်းလည်း သူ့ကို ဘာကြည့်ကြိုက်တာလည်း "လဲ့မုန့်ရှားကို ကြိမ်းမောင်းပြီသည့်နှင့် လီဆူးဝမ်က လီရှင်းယွဲ့ကို နားမလည်စွာမေးလိုက်သည်။

သူရဲ့ကောင်းကွက်လေး ပြပါအုန်း ၊ငါ မျက်လုံးထဲမှာ ဘာမှမြင်ရလို့!!!

သူကချောလို့တော့ပြောမနေနဲ့နော်၊အဲ့တာက သုံးစားမရဘူး!!!

"အဖေ အဲ့နေ့က သမီးမျက်လုံးထဲ ဖုန်မှုန့်ဝင်သွားလို့ပါ"လီရှင်းယွဲ့လည်း နောင်တရစွာပြောလိုက်သည်။

လဲမုန့်ရှား "....."

သူက နေ့စဥ် အတူတူနေထိုင်သောသူ၏ ဇနီးကို မျက်စိပြူးပြီး

ကြည့်လိုက်သည်။ယခင်က သမီး၊ယခုတော့ သူ့၏ ဇနီး။

ဒါက ဖြစ်သင့်ရဲ့လား တစ်ယောက်မှ သူ့ဘက်မနေပေးဘူး!!!

ငါ ငြိမ်ငြိမ်နေလို့မရတော့ဘူး!!!

လဲ့မုန့်ရှားက အော်ငိုချင်စိတ်ကိုထိန်းလိုက်ပြီး ခံပြင်းစွာဖြင့် လီရှင်းယွဲကိုကြည့်ပြီး "အဲ့နေ့က လေမတိုက်ဘူး၊ပြီးတော့ နွေရာသီလည်းမဟုတ်ဘူး ဖုန့်မှုန့်က မင်းရဲ့မျက်လုံးထဲဝင် ဖုန်ဝင်နိုင်စရာအကြောင်းမရှိဘူး၊ရှင်းယွဲ့လေး မင်းဘာလို့လိမ်ညာစကားပြောနေရတာလဲ ၊မင်းက ငါ့ရဲ့ချောမောတဲ့ မျက်နှာလေးကို အရူးအမူးသဘောကျခဲ့တာ အသေအချာပြောခဲ့တာကို"

"လဲမုန့်ရှား မင်းကပဲ အလိမ်အညာတွေ ပြောနေတာ၊မင်းသာ ဓားနှလုံးကျောက်ဆောင်ကို သုံးကြိမ်တိုင်တိုင် လာမလည်ခဲ့ရင်၊ ငါ မင်းကို စိတ်လှုပ်ရှားမိမှာလား" လီရှင်းယွဲ့က မျက်စိမှေးလျက် ပြောလိုက်သည်။

ဘယ်သူက ဘယ်သူကိုအရူးအမူးဖြစ်ခဲ့တာလည်း!!!

ဒါက ငါ့ကို မျက်နှာဖျက်ရိုက်နေတာပဲ ငါသူ့ကို မချစ်တော့ဘူးလို့

ကျိန်ဆိုတယ်!!!

"ဒါဆို ရှင်းယွဲ့၊ အဲ့အချိန်မှာ မင်းကငါ့အပေါ် စိတ်လှုပ်ရှားခဲ့တာလို့

ဝန်ခံ‌နေတာလား"လဲမုန့်ရှားက မျှော်လင့်ချက်များဖြင့် လီရှင်းယွဲကို ကြည့်ပြီးမေးလိုက်သည်။

"ခွပ်"

လီရှင်းယွဲ့က လဲမုန့်ရှား လိုချင်သော အဖြေကို မပေးခဲ့ပေ။ သူမက လက်သီးဖြင့် လဲမုန့်ရှား၏ ညာဘက် မျက်လုံးကို ထိုးလိုက်သည်။ဒါပေမဲ့ သူမက အားအများကြီး လျှော့ထားပုံရသည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် သူမသည် လဲ့မုန့်ရှားကို ချစ်နေမှန်းသိသာကာ၊ယခုအချိန်တွင် သူမက ဒေါသထွက်နေရုံသာ‌ဖြစ်နေပုံရသည်။

"ဟန်ယီ၊ ငါတို့ အိမ်ပြန်ရောက်ပြီ၊ ငါတို့မုန့်လေးပဲ သွားစားကြရအောင်"လမ်းလျှောက်ပြီ စကားပြောရင်းဖြင့် သူတို့အားလုံးသည် လဲ့အိမ်တော်သို့ ပင်ရောက်နေပြီဖြစ်သည်။

လီကျန့်ယီက အချစ်တိုက်ပွဲများဆင်နွဲ့နေသည့် ဦးလေးလဲ့တို့ကို လျစ်လျူရှုလိုက်ပြီး ဟန်ဆီကိုဆွဲခေါ်က ပြင်မခန်းသို့ဝင်သွား

လိုက်သည်။

သူ သိထားသည့်အတိုင်းဆိုရင် ဦးလေးလဲ့တို့နှစ်ယောက်သည်၊ တစ်ယောက်ကိုယ်စားတစ်ယောက်က အသက်ပါပေးနိုင်သည့် အထိချစ်မြတ်နိုးကြသည့် အချစ်ငှက်ငယ်များဖြစ်ကြသည်။ ထိုကြောင့် သူတို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြ မည်မဟုတ်သဖြင့် သူစိတ်မပူပေ။

အရေးကြီးဆုံးတစ်ချက်ကတော့ ယခုချိန်တွင် သူအရွယ်ရောက်သည့်လူမဟုတ်သေးပေ၊ ဘယ်လိုလုပ်ပြီး ဤသို့သော ခွေးစာကို ထိုင်စားနိုင်ရမည်နည်း။

..........

ဧည့်ခန်းအတွင်း။

လီကျန့်ယီက ဝယ်ယူလာသော မုန့်မျိုးစုံကို စားပွဲပေါ်တွင်အကုန်လုံး ချလိုက်သည်။ထိုနောက် ထိုင်ခုံနှစ်ခုံယူပြီး ဟန်ယီနှင့်အတူတူ

ထိုင်လိုက်သည်။

"ဟန်ယီအတွက် တစ်ခု၊ ငါ့အတွက် တစ်ခု"

"ဟန်ယီအတွက် တစ်ခု၊ ငါ့အတွက် နှစ်ခု"

"ဟန်ယီအတွက် တစ်ခု၊ ငါ့အတွက် သုံးခု"

ဟန်ယီသည် လီကျန့်ယီက သူ့အတွက် အရသာရှိသော အစားအစာများကို ခွဲဝေပေးနေသည်ကို ငြိမ်ငြိမ်ထိုင်ပြီးနားထောင်နေသည်။

မကြာခင်မှာပဲ တစ်ခုခုက မှားယွင်းနေသလိုခံစားလိုက်ရသည်။

သူ့၏ မဲနက်သည့် မျက်လုံးများက မုန့်ခွဲဝေနေသည့် လီကျန့်ယီကိုတစ်လှည့် ၊ သူ့မ၏ အရသာရှိလှသောမုန့်များက တစ်ခုပြီးတစ်ခုယူသွားနေသည့် လီကျန့်ယီကိုတစ်လှည့်ကြည့်ပြီး၊ ထပ်ယူဖို့ပြင်နေသည့် လီကျန့်ယီလက်ကို ရုတ်တရက်ဆွဲတားလိုက်ပြီး

"ယီယီ ၊မင်းခွဲနေတာ မှားနေတယ်"

ဤအရသာရှိသော အစားအစာများကို ခွဲဝေသည့်အခါ တစ်ခုခုက နည်းနည်းလေး မှားယွင်းနေသလို ခံစားရသည်။

"ဟုတ်လား၊မင်း ငါ့ထက် ပိုများနေလို့လား" လီကျန့်ယီက သူ့ရှေ့မှာ ရှိသော မုန့်များကိုကြည့်ရင်း ပါးစပ်ကို သုတ်လိုက်သည်။

"ဟုတ်တယ်" ဟန်ယီက သူ့စားပွဲပေါ်ကမုန့်များ‌ နောက်တစ်ဝက်ကို လီကျန့်ယီဘက်သို့ တွန်းပေးလိုက်သည်။

"ယီယီ၊ မင်းက ငါ့ကို တစ်ဝက်ပိုပေးနေတယ်"

"ဟင်" လီကျန့်ယီက သူ့ရှေ့မှာ တောင်ပမာဏရှိသော မုန့်ကိုကြည့်ရင်း နည်းနည်း ရှုပ်ထွေးသွားပြီး၊နားမလည်စွာဖြင့် ဟန်ယီကို ကြည့်လိုက်သည်။

သူ့စားပွဲပေါ်က မုန့်များနှင့် ဟန်ယီစားပွဲပေါ်က မုန်များကို နှိုင်းယှဉ်ကြည့်လျှင် တောင်ကြီးနှင့် သေးငယ်သော တောင်ကလေးတစ်ခု ကဲ့သို့ ဖြစ်နေသည်။ မျက်စိရှိသည့်လူတိုင်း သူကပိုယူထားသည်ကို သိမြင်နိုင်သည်။

ဟန်ယီက သူ့ကို တစ်ပိုင်းပိုပေးသည်ဟု မည်သို့ပြောလိုက်သနည်း။

"ဟန်... ဟန်ယီ၊ မင်း မှားနေတာမဟုတ်ဘူးလား" လီကျန့်ယီက မသေချာမရေရာစွာ ဟန်ယီကိုကြည့်ပြီးမေးလိုက်သည်။

"ဟုတ်တယ်" ဟန်ယီက အတည်ပေါက်ကြီးဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါ ဟန်ယီဟာ‌တွေကို ယူတော့မယ်နော်"

ဟန်ယီက ခေါင်းညိတ်သည်ကို မြင်တွေ့ရသောအခါ လီကျန့်ယီသည် ခေါင်းငုံ့ကာ မုန့်များနှင့် အရာများကို ခေါင်းမဖော်နိုင်အောင် စပြီးစားလေတော့သည်။

သို့သော်..သူ အရသာခံစားနေစဉ် ဟန်ယီက ရုတ်တရက် ပြောလိုက်သည်"ယီယီ၊ ငါ့ရဲ့ မုန့်တွေ အကုန်လုံးကို မင်းကို ပေးလိုက်တယ်ဆို တော့ဖြုန်းတီးတတ်တဲ့ အမျိုးသမီးတွေကို မကြိုက်နဲ့တော့နော်"

လီကျန့်ယီ၊ "..."

ပဲမုန့်တစ်ခုကို မျိုချပြီးနောက် လီကျန့်ယီက ချိုချဉ်သီးတစ်လုံးကို

ဟန်ယီအား ကျွေးကာ ပြောသည် "မင်းလည်း တစ်ခုခု စားလေ"

"အမေက ဖြုန်းတီးတတ်တဲ့အမျိုးသမီးဟာ ဆိုးသွမ်းတဲ့အမျိုးသမီးလို့ ပြောတယ်" ဟန်ယီက ခေါင်းခါကာ၊ လီကျန့်ယီက သူမအား သဘောတူညီချက် မပေးသရွေ့ကျွေးထားသော ချိုချဉ်သီးကို မစားပဲနေမည့်ပုံရသည်။

"ဆိုးသွမ်းတဲ့ အမျိုးသမီးလား"

"ကောင်းပြီ၊ ကောင်းပြီ၊ ဟန်ယီ ပြောတဲ့စကားကို ငါ မှတ်ထားလိုက်မယ်" ဟန်ယီက ဖြုန်းတီးတတ်သော အမျိုးသမီးကို မကြိုက်ရန်၊ဤမျှ အရေးတကြီး သွန်သင်နေသည်ကို မြင်တွေ့ရသောအခါ လီကျန့်ယီသည် ဟန်ယီ၏ ကြိုးစားမှု့ကြောင့် အရှုံးပေးလိုက်တော့သည်။

"ဒါဆို ယီယီက ဆိုးသွမ်းတဲ့အမျိုးသမီးတွေကို မကြိုက်တော့ဘူးလို့ ဆိုလိုတာပဲနော်" လီကျန့်ယီ ပြုံးပြီးပြောနေသည်ကို တွေ့ရသောအခါ ဟန်ယီက စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"အင်း ဆိုးသွမ်းတဲ့ အမျိုးသမီးတွေကို ငါ မကြိုက်တော့ဘူး၊

ဒါပေမယ့် ဓားတစ်ချက်ရိုက်လိုက်ရုံနဲ့ ရွှေ၊ငွေပေါင်း ထောင်သောင်းချီ ရှာနိုင်တဲ့ အမျိုးသမီးတွေကိုတော့ ငါ စိတ်ဝင်စားတယ်" လီကျန့်ယီ၏ မျက်နှာတွင် ပြုံးရိပ်များဖြင့်ပြောလိုက်သည်။

ဤစကားကို ကြားရသောအခါ

ချိုချဉ်သီးစားရန် အသင့်ရှိသော ဟန်ယီ၏ ပါးစပ်သည် ရုတ်တရက် ရပ်တန့်သွားသည်။

All Chapters