လဲဝူကျဲ လက်နက်ချပြီ
Vol. 13 Ch. 128
"သီးကုန်ပြီ၊ ရှင်းယွဲ့ရေ... ငါ့ကို ရေတစ်ခွက်လောက် မြန်မြန်ပေးပါဦး"
သူ၏ ပုန်ကန်တတ်သောသား လဲ့ဝူကျဲ၏ စကားကို ကြားလိုက်ရသောအခါ လဲ့မုန့်ရှားမှာ စားလက်စ ထမင်းပင် သီးသွားရသည်။
"လူကြီးတန်မဲ့ ထမင်းစားတာကို သီးရတယ်လို့" လီရှင်းယွဲ့က ခေါင်းယမ်းကာ ဆိုသော်လည်း သူမ ခပ်ထားသည့် ရေခွက်ကို လဲ့မုန့်ရှားထံသို့ ကမ်းပေးလိုက်သည်။
လဲ့မုန့်ရှားက ရေခွက်ကို လှမ်းယူကာ တစ်ကျိုက်တည်းနှင့် သောက်ချလိုက်မှသာ အသက်ရှူ ချောင်သွားတော့သည်။သူသည် မလိမ္မာသောသား လဲ့ဝူကျဲကို ကြည့်ကာ ဒေါသတကြီးဖြင့် "လဲ့ဝူကျဲ... မင်းက တကယ့်ကို မလိမ္မာတဲ့ ကောင်လေးပဲ၊ မင်းရဲ့ ယောက်ဖက မင်းလိုမျိုး ဖြစ်မယ် ထင်နေတာလား" ဟု ငေါက်လိုက်လေသည်။
မင်းက မင်းရဲ့ ယောက်ဖကို မင်းအဖေအရင်းကို ပြန်ရိုက်ခိုင်းတယ်ပေါ့လေ။
"မင်းရဲ့ ယောက်ဖကသာ အဲဒီလို စိတ်ကူးမျိုး ရှိတယ်လို့ ငါသိရင် မင်းအစ်မနဲ့ သူ့ရဲ့ လက်ထပ်ပွဲကို ငါချက်ချင်း ကန့်ကွက်မယ်ဆိုတာ မင်းယုံလား"
"ဟွန့်... သူက အစ်မကို လက်မထပ်ရတော့ ဘာဖြစ်လဲ။ လဲ့ဝူကျဲကလည်း ယောက်ဖကို လက်ထပ်လို့ ရတာပဲကို" လဲ့ဝူကျဲက ရိုးသား တည်ကြည်သော အမူအရာဖြင့် ပြောချလိုက်ပြန်သည်။
လီကျန့်ယီသည် တုံ့ဆိုင်းမနေဘဲ ပုန်းနေသော လဲ့ဝူကျဲကို ကျောချမ်းသောအကြည့်ဖြင့် ဘေးသို့ တွန်းဖယ်လိုက်ပြီး "လဲ့ဝူကျဲ... ငါ့ကို လာမလက်ထပ်နဲ့၊ ငါ အဲ့ဒါကို မခံနိုင်ဘူး" ဟု ပြောလိုက်တော့သည်။
"ခစ်... ခစ်... ခစ်..."
လီကျန့်ယီ၏ အမူအရာကို မြင်လိုက်ရသောအခါ ခရမ်းရောင်ဝတ်စုံနှင့် လီဟန်ယီမှာ မအောင့်နိုင်ဘဲ တခစ်ခစ်ရယ်လိုက်သည်။
လဲ့ဝူကျဲမှာမူ လီကျန့်ယီ၏ ရက်ရက်စက်စက် တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် မှင်တက်သွားပြီး မိမိကိုယ်မိမိ အဖေဟု ခေါ်နေသော လူကြီးကိုသာ ကြောင်ကြည့်နေမိလေသည်။
"လဲ့ဝူကျဲ... မင်း တွေ့ပြီလား။ မင်းရဲ့ ယောက်ဖက မင်းအတွက် အားကိုးရာ မဖြစ်နိုင်ဘူး။ သူက မင်းကိုတောင် ကျောချမ်းတဲ့ အမူအရာနဲ့ အဖေရှိရာကို တွန်းပို့လိုက်ပြီ"
"ကဲ... လဲ့ဝူကျဲ၊ မင်းရဲ့ ယောက်ဖကို အဖေအရင်းကို ပြန်ရိုက်ဖို့ သွေးထိုးပေးခဲ့တဲ့အတွက် အဖေက အခု မင်းနဲ့ စာရင်းရှင်းရတော့မယ်"လဲ့ဝူကျဲကို လီကျန့်ယီက ရှေ့သို့ တွန်းပို့လိုက်သည်ကို မြင်သောအခါ လဲ့မုန့်ရှားသည် ယခုတစ်ကြိမ်တွင် မည်သူမျက်နှာကိုမှ မထောက်တော့ဘဲ လဲ့ဝူကျဲကို ချီမကာ ဖင်ကို အားရပါးရ ရိုက်နှက်လေတော့သည်။
လဲ့ဝူကျဲသည် ထပ်မံ၍ အားရပါးရ ငိုကြွေးပြန်၏။
သို့သော်လည်း...ယခုတစ်ကြိမ်တွင်မူ မည်သူမျှ သူဘက်မှ ဝင်မပြောကြတော့ချေ။အဓိကအချက်မှာ လဲ့ဝူကျဲသည် သူ၏ ယောက်ဖကို အဖေအရင်းအား ပြန်ရိုက်ရန် သွေးထိုးပေးခဲ့ခြင်းကြောင့် ဆုံးမသင့်သည်ဟု လူတိုင်းက ထင်မြင်နေကြခြင်း ဖြစ်သည်။ မဟုတ်ပါက သူ ကြီးပြင်းလာလျှင် မည်သို့ ဖြစ်လာမည်နည်း။
သူသည် ယနေ့တွင် သူ၏ ယောက်ဖကို အဖေဖြစ်သူအား ရိုက်ခိုင်းရဲလျှင် မနက်ဖြန်တွင် စစ်မြေပြင်သို့ လိုက်သွားပြီး အဖေကို တိုက်ခိုက်ခိုင်းရန်ပင် ဝန်လေးမည် မဟုတ်တော့ပါချေ။
"သနားစရာ လဲ့ဝူကျဲလေး..."
ဘေးတွင် ရပ်နေသော လီဟန်ယီသည် အရိုက်ခံနေရသော လဲ့ဝူကျဲကို ကြည့်ကာ ရယ်လည်းရယ်ချင်သလို သနားလည်း သနားမိသည်။
ဤမောင်လေးကတော့ တကယ့်ကို ပုန်ကန်တတ်သူလေးပင် ဖြစ် နေ၏။
သူက တကယ်ပဲ သူ၏ ယောက်ဖကို အဖေအရင်းအား ရိုက်ခိုင်းခဲ့သည်လား။သူမအစား ယီယီကို သူကိုယ်တိုင် လက်ထပ်ချင်နေသည်တဲ့လား။
"မရတော့ဘူး... ငါ မအောင့်နိုင်တော့ဘူး... ဟားဟား..." လီကျန့်ယီနှင့် လဲ့ဝူကျဲတို့ မင်္ဂလာဆောင်သည့် မြင်ကွင်းကို စိတ်ကူးမိသောအခါ လီဟန်ယီသည် အားရပါးရ ရယ်မောမိတော့သည်။လီကျန့်ယီက ကြည့်လိုက်သောအခါ သူမ၏ ရယ်မောနေသော ပုံစံမှာ တကယ့်ကို လှပသော်လည်း သူမ ဘာကို ရယ်နေသလဲဆိုသည်ကိုမူ သူ နားမလည်ပါချေ။
လီရှင်းယွဲ့က ခေါင်းယမ်းလိုက်ပြီး "ဟန်ယီ... နည်းနည်းလောက် အိန္ဒြေရှိစမ်းပါ။ ဘာတွေ အဲဒီလောက် ရယ်နေတာလဲ" ဟု မေးလိုက်သည်။
"အမေ... အမေသာ ယီယီနဲ့ လဲ့ဝူကျဲတို့ မင်္ဂလာဆောင်တဲ့ မြင်ကွင်းကို စိတ်ကူးကြည့်မယ်ဆိုရင် သမီး ဘာလို့ ရယ်နေလဲဆိုတာ နားလည်သွားမှာပါ" ဟု လီဟန်ယီက မထိန်းနိုင်သော အပြုံးဖြင့် ပြောလိုက်သည်။
လီရှင်းယွဲ့ "..."
သူမသည် တိတ်ဆိတ်သွားပြီး လီကျန့်ယီနှင့် လဲ့ဝူကျဲတို့ မင်္ဂလာဆောင်သည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်မိ၏။
ချောမောခန့်ညားသော လူငယ်လေးတစ်ဦးနှင့် အသက်နှစ်နှစ်ကျော်သာ ရှိသေးသော လဲ့ဝူကျဲလေးတို့ မင်္ဂလာဆောင်နေသည့် မြင်ကွင်းမှာ...ဤမြင်ကွင်းမှာ တကယ့်ကို ရယ်စရာ ကောင်းလွန်းလှပေသည်။
"အမေ ထမင်းစားပြီးပြီ၊ ပန်းကန်တွေ သွားဆေးတော့မယ်" လီရှင်းယွဲ့သည် မရယ်မိအောင် အတင်းအောင့်ထားသော်လည်း ဓားခန်းမအပြင်ဘက်သို့ ရောက်သောအခါတွင်မူ မျက်နှာကို လက်နှင့်အုပ်ကာ တဟားဟား ရယ်မောမိတော့သည်။
ယီယီနှင့် လဲ့ဝူကျဲတို့ မင်္ဂလာဆောင်မည့် မြင်ကွင်းမှာ တကယ့်ကို ရယ်မောဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဖြစ်ပေသည်။လီရှင်းယွဲ့ ထွက်သွားပြီးနောက် လဲ့ဝူကျဲ၏ နောက်ဆုံးအားကိုးရာမှာလည်း ပျောက်ကွယ်သွားခဲ့ရပြီး သူသည် စိတ်ပျက်အားငယ်စွာ ငိုကြွေးနေရှာသည်။
ကံကောင်းသည်မှာ လဲ့မုန့်ရှားသည် 'ဆုံးမပြီး၊ အချိုလည်းကျွေး' ဆိုသည့် မူဝါဒကို ကောင်းစွာ နားလည်သည်။
"လဲ့ဝူကျဲ... နောက်နောင် မင်း ယောက်ဖကို အဖေကို ပြန်ရိုက်ဖို့ သွေးထိုးပေးဦးမှာလား" လဲ့ဝူကျဲကို ရိုက်ပြီးနောက် လဲ့မုန့်ရှားသည် သူ့ကို ချီမလိုက်ပြီး မျက်ရည်များဖြင့် ပြည့်နေသော မျက်လုံးကြီးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဟွန့်.." လဲ့ဝူကျဲက ခေါင်းမာစွာဖြင့် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး လဲ့မုန့်ရှားကို မကြည့်လိုပါချေ။လဲ့မုန့်ရှားတွင် ဤသို့သော ကလေးကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိပေသည်။လီရှင်းယွဲ့၏ ပြောပြချက်အရ သူ၏သားမှာ အစားအသောက် မက်မောမှု့တွင် လီကျန့်ယီနှင့် တစ်ပုံစံတည်း တူပေသည်။ ထို့ကြောင့် သူသည် မြောက်ပိုင်းနယ်စပ်ရှိ နာမည်ကြီး မုန့်မြို့တော်အသီးသီးမှ ဒေသထွက် အစားအစာများကို ဝယ်ယူလာခဲ့ခြင်း ဖြစ်၏။
"အင်း... မင်း ငါ့ကို စကားမပြောဘူးပေါ့ ဟုတ်လား။ ဒါဆိုရင် ဒီမွှေးကြိုင်နေတဲ့ အမဲသားခြောက်တွေကို လဲ့ဝူကျဲကို မပေးတော့ဘူး" လဲ့မုန့်ရှားသည် သူယူလာသော အထုပ်ထဲမှ အမဲသားခြောက်များကို ထုတ်လိုက်ရာ ထူးခြားသော အမဲသားနံ့မှာ ချက်ချင်းပင် ပျံ့နှံ့လာသည်။
လဲ့ဝူကျဲသည် လေထဲရှိ အနံ့ကို ရှူကြည့်လိုက်ပြီးနောက် မကြည့်ဘဲ မနေနိုင်တော့ပါချေ။ ဆွဲဆောင်မှု့ရှိသော အမဲသားခြောက်များ၏ အရောင်ကို မြင်လိုက်ရသောအခါ သူသည် တံတွေးကို မသိမသာ မျိုချလိုက်မိသည်။
ဤသည်ကို မြင်သောအခါ လဲ့မုန့်ရှားမှာ ကျေနပ်သွားပြီး 'မြေခွေးအိုကြီးတွေက မြေခွေးပေါက်လေးတွေထက် ပိုပါးနပ်တာပဲ။ မင်းအစ်မက မင်းယောက်ဖကို ဘယ်လို ဆွဲဆောင်ခဲ့လဲဆိုတာ ငါသိတာပေါ့၊ ငါက မင်းအစ်မရဲ့ နည်းလမ်းတွေကို အတုယူပြီး မင်းလို ကလေးလေးကို ကိုင်တွယ်နိုင်တာပေါ့'ဟု စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။
လဲ့မုန့်ရှားသည် လဲ့ဝူကျဲက အလျှော့မပေးသေးသည်ကို မြင်သောအခါ လဲ့ဝူကျဲကို ပို၍ စိတ်လှုပ်ရှားအောင် လုပ်လိုက်ပြန်သည်။သူသည် အရသာရှိပုံရသော အမဲသားခြောက်များကို လီကျန့်ယီထံသို့ ကမ်းပေးလိုက်ပြီး လဲ့ဝူကျဲကို တစ်ချက်ကြည့်ကာ "ယီယီ... မင်းက တကယ့်ကို လိမ္မာတယ်။ ငါ အရမ်းကျေနပ်တယ်၊ ဒါကြောင့် ဒီအမဲသားခြောက်တွေကို ယီယီကိုပဲ ပေးမယ်၊ လဲ့ဝူကျဲကို မပေးဘူး" ဟု ပြောလိုက်သည်။
"ကျေးဇူးပါ အဖေ" လီကျန့်ယီက ပြုံးကာ အမဲသားခြောက်များကို လက်ခံလိုက်သည်။ လဲ့မုန့်ရှားသည် လဲ့ဝူကျဲကို ထိန်းချုပ်ရန် ပြင်ဆင်နေသည်ကို သူ သိသဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်ပေသည်။
လီကျန့်ယီသည် အမဲသားခြောက်ကို တစ်ကိုက် ကိုက်လိုက်ပြီး "တကယ့်ကို မွှေးပြီး ဝါးလို့ကောင်းတာပဲ၊ ဒါ ငါစားဖူးသမျှထဲမှာ အကောင်းဆုံး အမဲသားခြောက်ပဲ" ဟု ချီးကျူးလိုက်သည်။
"ဟွန့်...ယောက်ဖဆိုးကြီး" လဲ့ဝူကျဲက သနားစဖွယ် ငိုသော်လည်း သူ၏ မျက်လုံးကြီးများမှာ လီကျန့်ယီလက်ထဲရှိ အမဲသားခြောက်ထံမှ မခွာပါချေ။
လဲ့ဝူကျဲမှာ အမဲသားခြောက်ကို တကယ့်ကို စားချင်နေသည်မှာ ထင်ရှားသည်။ သို့သော် လဲ့ဝူကျဲတွင်လည်း မာန်မာနရှိသဖြင့် လဲ့မုန့်ရှားထံတွင် အရှုံးမပေးခဲ့ပါချေ။
"ကောင်းပြီ... ကောင်းပြီ၊ အမဲသားခြောက်နဲ့ မရဘူးပေါ့ ဟုတ်လား၊ ဒါဆိုရင် ငါ ဝါဂွမ်းမုန့်တွေ ထုတ်ပြလိုက်ရင် မင်း ဘယ်လို လုပ်မလဲ ကြည့်ကြသေးတာပေါ့" လဲ့ဝူကျဲက ခေါင်းမာနေဆဲဖြစ်သည်ကို မြင်သောအခါ လဲ့မုန့်ရှားသည် ဝါဂွမ်းမုန့်အထုပ်များကို ထုတ်လိုက်ပြန်သည်။
ဤဝါဂွမ်းမုန့်မှာ သကြားရုပ်များနှင့် မုန့်များမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်၏။ ၎င်းမှာ မြောက်ပိုင်းနယ်စပ်ရှိ လက်မှုပညာရှင်တစ်ဦးက သကြားနှင့် မုန့်များကို အသုံးပြု၍ တိမ်တိုက်ကဲ့သို့ နူးညံ့အောင် ပြုလုပ်ထားသော မုန့်တစ်မျိုး ဖြစ်ပေသည်။
"ယီယီ လာဦး... အဖေမှာ မြောက်ပိုင်းနယ်စပ်ရဲ့ အထူးထုတ် ဝါဂွမ်းမုန့်တွေ ရှိသေးတယ်။ မင်းလည်း စားကြည့်ဦး" လဲ့မုန့်ရှားသည် ဝါဂွမ်းမုန့် ထုပ်အချို့ကို ထပ်မံ ပေးကမ်းလိုက်ပြန်သည်။
လီကျန့်ယီသည် သူ၏ ယခင်ဘဝမှ မုန့်တစ်ခုနှင့် တူသော ဝါဂွမ်းမုန့်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ဤကမ္ဘာတွင် ဝါဂွမ်းမုန့်ကို တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
၎င်းမှာ အထုပ်ကလေးများနှင့်ပင် ဖြစ်သည်။ အထုပ်ကို ဖောက်ပြီးနောက် လီကျန့်ယီ တစ်ကိုက် စားကြည့်လိုက်ရာ "ပါးစပ်ထဲမှာတင် အရည်ပျော်သွားတာပဲ၊ ချိုပြီး အရသာရှိလိုက်တာ၊ တကယ့်ကို နူးညံ့ပြီး ပွယောင်းနေတာပဲ၊ ကောင်းကင်ပေါ်က တိမ်တိုက်တွေကို စားနေရသလိုပဲ" ဟု ပြောလိုက်သည်။
"တကယ်ပဲ အဲဒီလောက် ကောင်းတာလား" လီကျန့်ယီက ထိုမျှအထိ ချီးကျူးနေသည်ကို မြင်သောအခါ လီဟန်ယီသည်လည်း သူ၏ လက်ထဲမှ ဝါဂွမ်းမုန့်ကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် လီကျန့်ယီသည် သရေစာများကိုသာ စားလေ့ရှိပြီး များသောအားဖြင့် မှတ်ချက်မပေးတတ်သူ ဖြစ်သော်လည်း ယခုမူ ဤဝါဂွမ်းမုန့်ကို အလွန်အမင်း ချီးကျူးနေသဖြင့် သူမကိုယ်တိုင်လည်း မြည်းစမ်းကြည့်ချင်လာသောကြောင့် ဖြစ်၏။
"ရော့... ဟန်ယီ၊ စားကြည့်ဦး" လီကျန့်ယီက ကျန်ရှိသော ဝါဂွမ်းမုန့်ကို လီဟန်ယီထံသို့ ကမ်းပေးလိုက်သည်။
တစ်ကိုက် မြည်းစမ်းကြည့်ပြီးနောက် လီဟန်ယီ၏ လှပသော မျက်လုံးလေးများ တောက်ပလာကာ "ဒီဝါဂွမ်းမုန့်က တကယ်ကို ချိုပြီး နူးညံ့တာပဲ" ဟု ထောက်ခံလိုက်သည်။
"ဟုတ်တယ်မလား၊ ယီယီ... ငါ မင်းကို ပြောပြမယ်၊ ငါ ဒီဝါဂွမ်းမုန့်ကို ပထမဆုံး မြည်းစမ်းကြည့်တုန်းက တကယ့်ကို အံ့ဩသွားတာ"
" ဒီဝါဂွမ်းမုန့်ကို ပြုလုပ်ရန်မှာ တကယ့်ကို ရှုပ်ထွေးလှတယ်၊ ငါ အထုပ်အနည်းငယ်သာ ဝယ်နိုင်ခဲ့ပြီး ဒါကုန်သွားရင် ရှိတော့မှာ မဟုတ်ဘူး၊ဒါကြောင့် ယီယီ၊ ဟန်ယီ... မင်းတို့နှစ်ယောက် ပိုစားကြ၊ လဲ့ဝူကျဲအတွက် ဘာမှ မချန်ထားနဲ့" လဲ့မုန့်ရှားသည် နောက်ဆုံး လက်နက်ကို အသုံးပြုလိုက်တော့သည်။
ဝါဂွမ်းမုန့် အနည်းငယ်သာ ကျန်တော့သည်ဟု လဲ့ဝူကျဲ ကြားလိုက်ရသောအခါ သူ၏ မာန်မာနများမှာ ချက်ချင်းပင် အရည်ပျော်ကျသွားပြီး အရှုံးပေးလိုက်တော့သည်။
သူသည် ငိုယိုရင်း လဲ့မုန့်ရှားအနားသို့ ပြေးသွားကာ "အဖေ... အဖေ၊ လဲ့ဝူကျဲလည်း ဝါဂွမ်းမုန့် စားချင်တယ်" ဟု အော်ဟစ်တော့သည်။
"ကျယ်ကျယ်ပြောစမ်း၊ ငါ မကြားရဘူး" လဲ့ဝူကျဲ အလျှော့ပေးသွားသည်ကို မြင်သောအခါ လဲ့မုန့်ရှားမှာ မကျေနပ်သွားသည်။
"အဖေ" လဲ့ဝူကျဲက စိတ်အားထက်သန်စွာဖြင့် အော်လိုက်သည်။
"ဟွန့်... လဲ့ဝူကျဲ၊ မင်းက တော်တော် ပါးနပ်တာပဲ" လဲ့မုန့်ရှားသည် အလွန်ကျေနပ်သွားကာ လဲ့ဝူကျဲကို ဝါဂွမ်းမုန့် အထုပ်တချို့ ပေးလိုက်တော့သည်။ဤနည်းဖြင့် လဲ့မုန့်ရှားသည် နှစ်နှစ်တိုင်တိုင် မတွေ့ခဲ့ရသော လဲ့ဝူကျဲကို အလွယ်တကူပင် သိမ်းသွင်းနိုင်လေသည်။