← Chapters

စာမေးပွဲပြီးပြီ

Vol. 3 Ch. 28

စာမေးပွဲပြီးပြီ

Vol. 3 Ch. 28

"သခင်လေးလီရဲ့ စွမ်းအားက တကယ်ကြောက်စရာကောင်းတာပဲ”

ယဲ့ယွဲ့သည် သူမရှေ့တွင် စိုက်ထူနေသော တစ်ဖက်ကမ်းဓားကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူမသည်မူလက မိုရှီရွန်နှင့်ဇီယူကျီတို့ကဲ့သို့ သုံးဦးတွဲ၍ လီကျန့်ယီထံ အလွယ်တကူ မရှုံးနိမ့်နိုင်ဟု ထင်မှတ်ခဲ့သည်။သို့သော်တစ်ဖက်ကမ်းဓား မထုတ်ပဲနှင့်တောင် လီကျန့်ယီသည်သူတို့ကို အနိုင်ယူတိုင်မယ်လို့

မထင်ထားခဲ့ဖူး‌ပေ။သူ့၏ ကိုယ်ဖော့သိုင်းသည်လည်း အလွန်လျင်မြန်လွန်းလှကာ ဘယ်နေရာကို ဦးတည်နေတာလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့မရသောကြောင့် အလွန်ကြောက်စရာကောင်းလေသည်။

ယဲ့‌ယွဲ့နှင့်အခြားနှစ်ဦး ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်ရသောအခါ လီကျန့်ယီသည် အာရုံပျံ့လွင့်နေသော သုံးဦးကို မျက်နှာအမူအရာ မပြောင်းဘဲ စိုက်ကြည့်လိုက်သည်။တိုက်ပွဲကပြီးသွာပြီ။

“သခင်‌‌လေးလီက တကယ်ပါရီမီရှင်ပဲ”

“ ငါတို့ အကောင်းဆုံးကြိုးစားပြီး တိုက်ခိုက်တာတောင် သခင်လေးလီနဲ့ တကယ်ကို မယှဉ်နိုင်ခဲ့ဘူး၊ ချင်ဝမ်လည်း သံသယဝင်စရာမရှိ တော့ဘူးထင်တယ်”

“ဒါဆို ငါတို့ ဆုတ်ခွာသင့်ပြီ"ယဲ့ယွဲ့သည် အရင်ဆုံးနောက်ဆုတ်လိုက်သည်။မိုရှီရွန်နှင့်ဇီယူကျီတို့သည် လည်း ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် ခေါင်းညိတ်ကာ၊ ယဲ့‌ယွဲ့နောက်သို့ လိုက်ပြီး တိုက်ပွဲခင်းမှ ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည် သူမြေပြင်ပေါ်ချထား‌သော သစ်သားဓားကို ပြန်လည်ကောက်ယူကာ အာရုံစူးစိုက်ပြီး ဓားလေ့ကျင့်မှုကို ထပ်မံစတင်လိုက်သည်။

ရွှေတစ်ထောင်ခန်းမမှာရှိသည့် ကျင့်ကြံသူ အားလုံးသည် လီကျန့်ယီ၏ လက်ဗလာဖြင့် သံမဏအပ်နှင့်ပုန်းခို လက်နက်တွေကို ဖမ်သည့်ပုံရိပ်က သူ့တို့၏မျက်လုံးထဲတွင်‌ မမေ့နိုင်သောပုံရိပ်တစ်ခုအဖြစ်ကျန်ရစ်စေခဲ့သည်။

“သခင်လေးလီက ဆန်းကြယ်နတ်ခရီးရောက်နိုင်တဲ့ ပါရမီရှိတယ်"

"သခင်လေးလီက ‌ ကောင်းကင်၏အမြင့်မြတ်ဆုံးသူ နောက်တစ်ယောက်ဖြစ်လာမှာသေချာတယ်"

“သခင်လေးလီက ရန်သူသုံးဦးကို လက်တစ်ချက်ရမ်းလိုက်ရုံနဲ့ နောက်ဆုတ်နိုင်စေခဲ့ပြီး၊ အေးဆေးစွာဓားကို လေ့ကျင့်နေပြန်တယ်သူက ငါတို့အားလုံးအတွက် အတုယူဖွယ်လူတစ်ဦးပဲ"ပါရမီရှင်က ထိုသို့သောလူများဖြစ်သည်။

ငါက ပါရမီရှင် ဆိုပြီး တစ်ခြားသူကို လိုက်ပြောနေစရာမလို့ပဲ၊သူ့၏ လက်တွေ့လုပ်ဆောင်မှု့များကိုပြပြီး သူကပါရမီရှင်တစ်ယောက်ပဲ ဆိုတာကို သူများကိုယ်တိုင်ချီးကျူးခြင်းခံရသည့် လူကသာ၊တကယ့်ပါရမီရှင်ဖြစ်သည်။

ရွှေတစ်ထောင်ခန်းမတွင်ရှိသော ကျင့်ကြံသူ အားလုံးသည် လီကျန့်ယီကို ဓားအိမ်တစ်ခုတည်းဖြင့် ရန်သူကို အနိုင်ယူပြီးနောက် မတုန်မလှုပ်ဘဲ ဓားကိုင်လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေသည်ကို မြင်ရသောအခါ အားလုံးကချီးကျူးနေကြသည်။

ဤတိုက်ပွဲအပြီးတွင် ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ လီကျန့်ယီသည် နာမည်ကျော်ကြားမှု့ ရရှိတော့မည်။သူ့ကို မသိ‌သည့်သူမှာ ရှားသွားပေတော့မည်။လီဆူးဝမ်က အပျော်ရွှင်ဆုံးတစ်ယောက်ဖြစ်လေသည်။

အခုတော့ သူတပည့်ကို လူအားလုံးက သိနေကြပြီဖြစ်သည်။

လီကျန့်ယီ ဓားကျင့်နေရင်း အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးလာပြီး

ညအချိန်သို့ရောက်ရှိလာသည်။

"ဆရာလီပေးတဲ့ သဲလွန်စတွေက တကယ့်ကို ခက်ခဲတာပဲ ၊ကောက်ရိုးထုပ်ထဲက အပ်ရှာနေရသလိုပဲ 'ခွက်ကိုမြှောက်ပြီးလကိုဖိတ်‌ ခေါ်ပါ' ဆိုတဲ့သူနဲ့ ဆက်စပ်နေတဲ့ လူတစ်အုပ်လုံးကို ရှာဖွေပြီးပြီ၊ဒါပေမဲ့ အချိန်ကြာကြီးရှာကြည့်ပြီးနောက် ၊ဆရာလီပေးထားသော သဲလွန်စနှင့် ကိုက်ညီသောလူကိုမတွေ့ခဲ့ဘူး"

ထျန်ချီမြို၏ အရှေ့ဘက်တွင် တစ်နေ့လုံး သဲလွန်စများ ရှာဖွေပြီးနောက်၊ ပိုင်လီတုန်းကျွင်းသည် ပင်ပန်းနွမ်းနယ်စွာဖြင့် လီကျန့်ယီဘက်သို့ ပြန်လာခဲ့သည်။

လီကျန့်ယီသည် ပြန်လာသည့်သူ့ကိုကြည့်ရင်း၊ "ခုနက ငါမင်းရဲ့ အနာဂတ် ဇနီးနဲ့ဆုံခဲ့တယ်၊မင်းရဲ့ အနာဂတ်ဇနီးကိုမတွေ့ချင်ဘူးလား"ဟု‌ မေးချင်စိတ်ကို ထိန်းထားရသည်။သူတို့ လမ်းလွဲပြန်ပြီ။

"သခင်လေးလီ၊ မင်းက တကယ်ပဲတစ်နေ့လုံးဒီမှာနေပြီး ဓားလေ့ကျင့်ပြီး သဲလွန်စတစ်ခုမှ မရှာဘူးလား" ပိုင်လီတုန်းကျွင်းက ဓားကိုင်နေသော လီကျန့်ယီကို ကြည့်ရင်း၊ လီကျန့်ယီ၏ မျက်လုံးအမူအရာကို မြင်ရသောအခါ ဘာပြောရမှန်းမသိတော့ပေ။

ဒီလူ တကယ်ပဲ တစ်နေကုန် ဒီနေရာမှာပဲရှိနေတာလို့ မပြောနဲ့နော်!!!

ဒါပေမဲ့လည်း သူကိုယ်တ်ိုင်လည်း ဘာအဖြေမှမရခဲ့သဖြင့် ပိုင်လီတုန့်ကျွင်းလည်း ဘာမှမပြောတော့ပေ။

"သန်းခေါင်ယံရောက်ပြီ၊သဲလွန်စတစ်ခု ပေါ်လာပြီ"လီကျန့်ယီက အာရုံစူးစိုက်စွာဖြင့် ကောင်းကင်ရှိ လပြည့်ဝန်းကို ကြည့်ရင်း ပြောသည်။

"သန်းခေါင်ယံရောက်ရင်၊သဲလွန်စတကယ်‌ပေါ်လာမလား၊သခင်‌လေးလီတကယ်ပဲ သဲလွန်စတွေ့ပြီလား" ဟု ထျန်ချီမြို့ ၏ မြောက်ဘက်တွင် တစ်နေ့လုံး ရှာဖွေနေခဲ့သော ဝမ်ရိရှင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စွာဖြင့် လီကျန့်ယီဘက်သို့ လမ်းလျှောက်လာခဲ့သည်။

သို့သော်...သူသည်ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းမှာ သဲလွန်စရှာဖွေရာကြောင့် မဟုတ်ဘဲ၊ သဲလွန်စရှာဖွေရာလမ်းတွင် သူသည် ပိုင်ဟွာ‌လော့က မိန်းက‌လေးတစ်စုကို လမ်းပိတ်ပြီး "အလှလေး အသက်ဘယ်လောက်ရှိပြီလဲ၊ လက်ထပ်ပြီးပြီလား" ဟု လိုက်မေးမြန်းခဲ့သောကြောင့်ပင်ဖြစ်သည်။

သို့သော ပိုင်ဟွာလော့က မိန်းကလေးများသည် သူ့ကိုစိမ်းစိမ်းဝါးဝါးကြည့်ပြီး သူ့၏အဖြေကိုတော့ ဘယ်သူမှမဖြေခဲ့ပေ။အားလုံးက သူ့ကို ရှောင်ဖယ်သွားကြသည်။

ဘာလို့လည်းဆိုတော့ ဆောင်ကြာမြိုင်ကိုလာပြီး ဘာတွေမေးနေတာလဲ!!!

ဒီမှာ ရိုးသားတဲ့ အမျိူးတစ်သမီးတစ်ယောက်ကိုလာရှာနေတာလား!!

ရူးနေတာလား မသိဘူး!!

"ငါတို့တကယ်ပဲ သဲလွန်စရှာနည်း မှားယွင်းနေတာ ဖြစ်နိုင်တယ်" ဟုအနောက်ဘက်မှလာသော ရဲဒင်းကျီက လီကျန့်ယီ ကြည့်နေသော လကို ကြည့်ရင်း ရုတ်တရက် စိတ်ကူးသစ်တစ်ခု ရလာသည်။

"ရဲဒင်းကျီ၊မင်းလည်း ရူးသွားပြီလား၊ငါတို့ မောင်လေးက တစ်နေ့လုံး ဓားလေ့ကျင့်နေတာ၊ သူက ရူးသွားပြီသဲလွန်စတွေက သူ့ကို ကိုယ်တိုင်လာရှာမယ်လို့ မင်းတကယ်ထင်နေတာလား" ဟု တောင်ဘက်မှ လာသော ရင်လော့ရှားသည် မောက်မာသည့် အစ်မကြီးတစ်ယောက်လို ပြုမူနေပြန်သည်။

ငါက အမြဲတမ်း အစ်မပဲ၊ဘာမှလာမပြောနဲ့!!!!

"ညီမလေး၊မင်းက အစ်ကိုရဲ့သည်းခံနိုင်တဲ့စိတ်ကို စိန်ခေါ်နေတယ်" လီကျန့်ယီက ဓားလေ့ကျင့်ခြင်းမ ရုတ်တရက်ရပ်တန့်သွားသည်။သူသည်သူ့ဘေးရှိ ပိုင်လီတုန်းကျွင်းကို ကြည့်ရင်း၊ "မင်းရဲ့ ဘူးသီးခြောက်ကို ငှားပါ" ဟု ပြောလိုက်သည်။

"ဟုတ်ပြီ"အားအင်ကုန်ခမ်းနေသော ပိုင်လီတုန်းကျွင်းက သူ့ခါးမှာရှိသည့် ဘူးသီးခြောက်ကို ဖြုတ်ပေးလိုက်သည်။

ထိုနောက်၊လီကျန့်ယီသည် လပြည့်ဝန်းဘက်သို့ ဘူးသီးခြောက်ကို မြှောက်ကာ အထဲကအရက်ကိုအနည်းငယ် မော့သောက်လိုက်သည်။ထို့နောက် သူသည် အေးဆေးတည်ငြိမ်စွာဖြင့် ရွတ်ဆိုလိုက်သည်။

"ငါသည် ခွက်ကိုမြှောက်ပြီးလကိုဖိတ်တယ်၊ ငါ့အရိပ်နှင့်အတူ သုံးယောက်ဖြစ်လာမည်"

"တစ်ခွက်ကိုယ့်ကိုယ်ကိုအတွက်၊တစ်ခွက်က အရိပ်ကို၊ တစ်ခွက်က ကောင်းကင်ရှိ လပြည့်ဝန်းကို"

"ထို့ကြောင့် လူသုံးယောက်က ငါ၊ ငါ့အရိပ်နှင့် လတို့ဖြစ်ပြီး ရှာခိုင်းခဲ့သည့်လူဟု ရည်ညွှန်းထားခြင်းဖြစ်သည်"

"သခင်လေးလီက တကယ်အံ့ဩစရာပဲ" ရဲဒင်းကျီက လီကျန့်ယီ၏ စကားကို ကြားရသော် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

'အသက်ဘယ်လောက်ရှိပြီလဲ၊လက်ထပ်ပြီးပြီလား' ဟု အမြဲမေးနေကျ ဝမ်ရိရှင်းသည် မျက်လုံးတောက်ပနေပြီး"ယနေ့ သင့်စကားကို ကြားရသည်မှာ လောကီအညစ်အကြေးအားလုံးကို ဆေးကြောလိုက်ရသလို ပဲ၊ကျွန်တော် ရုတ်တရက် အတန်ငယ် နားလည်သဘောပေါက်သွားပါပြီ"

"ငါ၊အရိပ်နှင့် လဆိုသည်မှာ သဲလွန်စထဲက လူသုံးယောက်လား" ရင်လော့ရှားသည် ရဲဒင်းကျီနှင့် ဝမ်ရိရှင်းတို့၏ မျက်လုံးများ တောက်ပနေသည်ကို မြင်ရသောအခါ၊ ဂရုတစိုက် စဉ်းစားကြည့်ပြီးနောက်၊ လီကျန့်ယီပြောသော စကားသည် သဲလွန်စဖြစ်နိုင်‌သည်။

"မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တော်နေတာလဲ၊မင်းက ငါရဲ့တစ်သောင်းပုံမှာ တစ်ပုံလောက်ရှိတယ်"ရင်လော့ရှားသည် မျက်နှာပြောင် တိုက်ကာ လီကျန့်ယီကို မျက်လုံးအဝိုင်းကြီးဖြင့် စိုက်ကြည့်လိုက်သည်။

"အဲ့လိုကိုး၊ ကျွန်တော် နားလည်ပါပြီ" လူတိုင်း၏ စကားကို ကြားရပြီးနောက်၊ ပိုင်လီတုန်းကျွင်းသည် ရုတ်တရက် သူ့၏ပေါင်ကို ရိုက်လိုက်သည်။

ထိုအချိန်တွင်၊ လီချန်ရှန်သည် နတ်သားတစ်ပါးကဲ့သို့ ရွှေတစ်ထောင်ခန်းမမှ ပျံဆင်းလာကာ၊ ရွှေတစ်ထောင်ခန်းမ၏ ခေါင်းလောင်းကို တီးကာ"ကျောင်း၏ နောက်ဆုံးစာမေးပွဲ ပြီးဆုံးပါပြီ၊ ကျရှုံးသမျှ စာမေးပွဲဖြေဆိုသူအားလုံး ထွက်ခွာသွားနိုင်ပါပြီ။"

လီချန်းရှန်စကားပြောပြီးသည်နှင့်၊ သူ့၏အသံသည် ထျန်ချီမြို့ တစ်မြို့လုံးသို့ ပဲ့တင်ထပ်နေသည်။

၎င်းသည်သဲလွန်စများကို ဆက်လက်ရှာဖွေနေဆဲသော အဖွဲ့များအား ရပ်တန့်လိုက်နိုင်ကြောင်း ကြေညာနေသကဲ့သို့ရှိသည်။ ၎င်းသည် ထျန်ချီမြို့တစ်မြို့လုံးအား ကျောင်းတွင် ထူးချွန်သော တပည့်တစ်ဦး ထပ်မံပေါ်ပြီးဖြစ်ကြောင်းကြေညာချက်ဖြစ်သည်။

"သခင်လေးလီက ဓားကိုင်တဲ့နေရာမှာပဲ အရည်အချင်းတာမဟုတ်ပဲ မယုံနိုင်လောက်အောင် ဉာဏ်ကောင်းသေးတယ်၊ သူက ညရောက်ရင် သဲလွန်စက သူကိုယ်သူပေါ်လာမယ်လို့ပြောတာ၊ သဲလွန်စက တကယ်ပေါ်လာခဲ့တယ်"

ရွှေတစ်ထောင်ခန်းမခန်းမရှိ ပွဲကြည့်နေကြသည့် ကျင့်ကြံသူများသည် နောက်ဆုံးစာမေးပွဲရလဒ်ကို မြင်ပြီးနောက်၊ဓားနှလုံးဂူဗိမာန်၏ဆက်ခံသူအား လေးစားသည့်အကြည့်ဖြင့်ကြည့်ကြလေသည်။

ယနေ့တွင် သူတို့သည် ဦးနှောက်ရော၊သိုင်းအဆင့်ပါ နှစ်ခုစလုံး ထူးချွန်သော ပါရမီရှင်ကို သူတို့တွေ့ခဲ့ရသည်။ ထိုသို့သောပါရမီရှင်သည်၊ အရွယ်မတိုင်ခင် သေဆုံးခြင်းမရှိပါက၊ ကောင်းကင်ဘုံ၏ အမြင့်မြတ်ဆုံးလူဖြစ်လာမယ်မှာ ဧကန်မုပင်။

လူတိုင်းဆွေးနွေးနေချိန်တွင်၊ လီချန်းရှန်သည် လီကျန့်ယီနှင့် သူ၏အဖွဲ့ဝင် ငါးဦးဘက်သို့ ရောက်ရှိလာသည်။ လီကျန့်ယီကို အနည်းငယ် နောင်တရစွာဖြင့် ကြည့်ပြီးနောက် အခြားလေးဦးကို ကြည့်လိုက်သည်။ "မင်းတို့ထဲက အထင်ရှားဆုံးလူကို ငါ့တပည့်အဖြစ် ရွေးချယ်ရမယ်ဆိုရင်၊ ဒါဟာ ဧကန်မုချ သခင်လေးလီပဲဖြစ်လိမ့်မယ်"

"ဒါပေမယ့် သခင်လေးလီက ငါ့ကို ငြင်းပယ်ခဲ့ပြီးသားပဲဆိုတော့ ဒီတစ်ခါကျောင်းရဲ့ တပည့်တွေကို မင်းတို့လေးယောက်ထဲကနေ ရွေးချယ်မှာဖြစ်တယ်၊ ရဲ့ဒင်းကျီ၊ ပိုင်လီတုန်းကျွင်း၊ ရင်လော့ရှား၊ ဝမ်ရိရှင်း"

"ဆရာလီ၊ ကျွန်တော်က ဂိုဏ်းချုပ်ကြီးက အတွေ့အကြုံရအောင်လွှတ်လိုက်တဲ့သူပါ၊ ကျွန်တော်က ချင်းချန်တောင်ကုန်းရဲ့ ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို ပိုနှစ်သက်ပါတယ်" ဟု ဝမ်ရိရှင်းက ရွေးချယ်ခံရမှာကို ကြောက်ရွံ့စွာဖြင့် ပြုံးရင်း ပြောလိုက်သည်။

"ကောင်းပြီ၊နောက်ထပ် ငါ့တပည့်ဖြစ်ဖို့ ငြင်းဆိုတဲ့သူတစ်ယောက်" လီချန်ရှန်သည် အလွန်ဒေါသထွက်သော်လည်း၊ ချင်းချန် တောင်ကုန်းရှိ လူများသည် တကယ်ပဲ ထိုနေရာတွင် ငြိမ်သက်စွာ အားထုတ်ရန် သင့်လျော်သည်ဟု စဉ်းစားမိသည်။

ထို့အပြင်ဝမ်ရိရှင်းသည် ချင်းချန် တောင်ကုန်းဂိုဏ်းချုပ်၏ တပည့်ဖြစ်သောကြောင့်၊ သူ့အား လီချန်ရှန်၏ တပည့်ဖြစ်လာရန် သဘာဝအားဖြင့် မသင့်လျော်ပေ။

"ရင်လော့ရှား၊ရဲ့ဒင်းကျရီ၊ ပိုင်လီတုန်းကျွင်း၊ ငါနဲ့ ဖြစ်ဖို့ ကံကြမ္မာရှိသူက သင်တို့သုံးယောက်ပဲ ဖြစ်မယ်ပ" ဟု လီချန်ရှန်က သုံးဦးကို ကြည့်ပြီး၊ လီကျန့်ယီနှင့် ဝမ်ရိရှင်းကို မကြည့်တော့ပေ။သူတို့ သုံးယောက်၏ ကံကြမ္မာကို ကြည့်ပြီးသည့်နောက် ရင်လေ့ာ့ရှားကိုလည်း စာရင်းကထုတ်လိုက်ရတော့သည်။

သူသည် ရင်လော့ရှားနှင့် လျူယဲ့တို့သည် ဆက်နွယ်သည့်ကံကြမ္မာရှိ‌ကြောင်းမြင်သည့်‌နောက် ရင်လော့ရှားကို မရွေးချယ်တော့ပေ။

ရဲဒင်းကျီနှင့်ပိုင်လီတုန်းကျွင်းတို့နှစ်ယောက်သည်လည်း ထူးချွန်နေသောကြောင့် သူတို့နှစ်ဦးထဲမှ တစ်ဦးကို ရွေးချယ်ရမည်ကို တွေးမိသောအခါ သူခေါင်းကိုက်လာသည်။

"ရဲဒင်းကျီ၊ပိုင်လီတုန်းကျွင်း၊ မင်းတို့နှစ်ယောက် မနက်ဖြန်

ကျီးရှားကျောင်းတော်ကိုလာခဲ့ပါ"

"မနက်ဖြန်ကြရင် ၊ဘယ်သူကို တပည့်အဖြစ်ရွေးမလည်းဆိုတာကို

ပြောပြမယ်" ယခုအချိန်တွင် သူရွေးချယ်ဖို့ ခက်ခဲနေသေးသဖြင့် အချိန်ဆွဲလိုက်သည်။သူ့အနေဖြင့်ဂရုတစိုက် စဉ်းစားရန် လိုအပ်သည်။

"ဟုတ်ကဲ့ ဆရာလီ" ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့က ရိုသေစွာဦးညွှတ်လိုက်သည်။

"ဆရာလီ၊ ဘာလို့ ရဲဒင်းကျီနဲ့ ပိုင်လီတုန်းကျွင်းပဲခေါ်ရတာလဲ ၊ကျွန်မက ဝမ်ရိရှင်းနဲ့ လီကျန့်ယီတို့လို မဟုတ်ဘူး၊ ကျွန်မလည်း တပည့်ခံဖို့ ဒီကိုလာတာပါ" ရင်လော့ရှားသည် လီချန်းရှန်က ရဲ့ဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းကိုသာ လိုချင်သည်ကို မြင်ရသောအခါ မျက်ခုံးအနည်းငယ် ကျုံ့သွားသည်။

"ရင်လော့ရှား၊မစိုးရိမ်ပါနဲ့၊ မင်းရဲ့ဆရာက တစ်ခြားသူပါ၊ နောက်ပိုင်း ကျောင်းကိုလာချင်ရင်၊ သူ့ကို ခေါ်လာခိုင်းရုံပါပဲ" ဟု လီချန်းရှန်က ပြုံးရင်း ပြောလိုက်သည်။

"တစ်ခြားသူလား"ရင်လော့ရှား အံ့အားသင့်သွားသည်။

"မင်းမထင်ခဲ့မိဘူးလား၊မင်းနဲ့ငါ ကံကြမ္မာဆုံဖို့ ရှိတယ်၊ ဒါကြောင့် ငါက ဆရာကို အရှေ့ကတည်းက ကြိုပြောထားပြီး မင်းကို ဖယ်ရှားထားတယ်" ဟု လျူယဲ့သည် ရင်လော့ရှားဘေးတွင် ရုတ်တရက်ပေါ်လာပြီး သူ၏နှုတ်ခမ်းပေါ်တွင် ပြုံးရိပ်အနည်းငယ် ရှိနေသည်။

"မင်းက အရမ်းချောပေမဲ့၊ဆရာလီလို ကျင့်ကြံခြင်းအဆင့်မရှိဘူး"

"အမှန်ပဲ ငါက ဆရာလောက် ကျင့်ကြံဆင့်အဆင့်မရှိဘူး ဒါပေမဲ့ မင်းက ငါနဲ့ကံကြမ္မာရှိနေတယ်"လျူယဲ့က ဖြောင့်မတ်တည်စွာပြောပြီး ရင်လော့ရှားကို သူ့၏တပည့်အဖြစ်တစ်ယောက်ထဲသတ်မှတ်နေတော့သည်။အမှန်တွင် ဆရာ-တပည့်ဖြစ်ဖို့ နှစ်ဖက်လုံးသဘောတူမှရသည်။

ရင်လော့ရှား"...."

ဘာကံကြမ္မာလည်း မကြားချင်ဘူး!!!မကြားချင်ဘူး!!

"ဘာလို့ငါကို အကြောင်းမဲ့ တပည့်အဖြစ်လက်ခံလိုက်တာလဲ"ရင်လော့ရှားက သိချင်စိတ်ဖြင့်မေးလိုက်သည်။

"ဘာလိုဆို မင်းက အရမ်းလှတဲ့မိန်းကလေးဖြစ်လို့ပဲ ချောမောလှပမှု့ တွေက ငါတပည့်လက်ခံတဲ့ စံနှုန်းထဲမှာ အရေးအကြီးဆုံးအချက်ပဲ"လျူယဲ့က သူမကိုတည်ငြိမ်စွာအဖြေပေးလိုက်သည်။

All Chapters