ရင်လော့ရှား၏ မေးခွန်း
Vol. 4 Ch. 31
လဲ့အိမ်တော်
လျူယဲ့နှင့် လဲ့မုန့်ရှားတို့ အလျင်အမြန်ထွက်ခွာသွားပြီးနောက်။ခရမ်းရောင်ပုဝါဝတ်ထားသော ရင်လော့ရှားသည် လီကျန့်ယီနှင့် ရှောင်ဟန်ယီသို့ဆီ စိတ်လှုပ်ရှားစွာ လျှောက်သွားသည်။
သူတို့နှစ်ယောက်ဓားကိုလေ့ကျင့်နေသည်ကို မြင်တွေ့ရသောအခါ သူမ၏မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။ "ဓားကိုလေ့ကျင့်တာက ဘာများပျော်စရာကောင်းတာလဲ၊ လောင်းကစားတာနဲ့တောင် မယှဉ်နိုင်ဘူး"
လောင်းကစားဆော့တာပဲ စိတ်လှုပ်ရှားစရာကောင်းတာ!!!
သစ်သားဓားကိုင်ပြီး ဝေ့ရမ်းနေတာက ငြီးငွေ့စရာကောင်းတယ်!!
"လောင်းကစားလား၊ အမေက လောင်းကစားမဆော့ရဘူးလို့ပြောတယ်၊ လောင်းကစားဆော့တာက မိသားစုဥစ္စာပျက်စီးပြီး လမ်းဘေးမှာ တောင်းစားရမှာတဲ့"လီရှင်းယွဲ့ထံမှငယ်စဉ်ကတည်းက ကောင်းမွန်သော ပညာရေးကိုရရှိထားသော ဟန်ယီသည် သူမ၏လက်ထဲတွင် နှလုံးဓားကို ကိုင်လျက် ခေါင်းကို အပြင်းအထန်ခါလေသည်။ သူမသည် ဉာဏ်ပညာထက်မြတ်ရုံသာမက၊ လီရှင်းယွဲ့က သူမအားတားမြစ်ထားသောအရာများကိုလည်း အလွန်နာခံတတ်သည်။
"ဟမ် ငါက လောင်းကစားဘုရင်ရဲ့သမီးပဲ၊ လမ်းဘေးမှာတောင်းစားရမှာ မဟုတ်ဘူး"
"တစ်ယောက်ယောက်က လောင်းကစားကြောင့် တောင်းစားရမဲ့ဘဝ ရောက်သွားရင်တောင် ငါနဲ့လောင်းကစားလုပ်ဖူးတာနေမှာ"ရင်လော့ရှားက သူမ၏ လောင်းကစားကျွမ်းကျင်မှုကို အပြည့်အဝယုံကြည်သည်။
"အိုး... ဒါဆိုမင်း ကိုယ်တိုင်ကစားလိုက်ပါ၊ယီယီနဲ့ ကျွန်မက ဓားကိုလေ့ကျင့်နေတယ်"ဟန်ယီက ရင်လော့ရှားကိုကြည့်ကာ ပြောပြီးသည်နှင့် လီကျန့်ယီနှင့်အတူ ဓားလေ့ကျင့်မှု့ကို ဆက်လက်လုပ်ဆောင်သည်။
ဤသို့မြင်တွေ့ရသည့်အခါ ရင်လော့ရှားသည် အလွန်ပင် ဒေါသထွက်သွားသည်။
"ကျောင်းမှာ စာအုပ်စွဲလမ်းတဲ့သူရှိတယ်၊ လဲ့မိသားစုမှာ ဓားစွဲလမ်းတဲ့သူရှိတယ်၊ငါနဲ့ လောင်ကစား ဆော့နိုင်တဲ့သူ ဘာလို့မရှိတာလဲ" ရင်လော့ရှားက ကျောင်းမှ ရှဲ့ရွမ်အကြောင်းကို တွေးမိသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
သူမနှင့်ရွယ်တူရှိသူများက တစ်နေကုန်စာဖတ်ခြင်းနှင့် ဓားလေ့ကျင့်ခြင်းမှလွဲ၍ အခြားဘာလုပ်ကြသနည်း။
ဘာလို့ကံ စွန့်စားမှု့ကြီးကြီးမစားရဲကြတာလဲ၊
ကံကောင်းရင်တစ်ချီထဲနဲ့ ကောင်းစားသွားမယ်၊ကံမကောင်းရင် ဘဝပျက်သွားမယ် ဒါက စိတ်လှုပ်ရှားရအရမ်းကောင်းတယ်မလား။စိတ်အနှောင့်အယှက်ဖြစ်ကာ၊ ရင်လော့ရှားသည် ဓားလေ့ကျင့်နေသော လူနှစ်ယောက်ကို ဆက်မကြည့်ချင်တော့ပေ။
သူတို့က သူမနှင့်လောက်ကစား မကစားချင်ကြသဖြင့်၊သူမအမြဲမေးချင်နေသော မေးခွန်းကိုသာ မေးရမည်ဖြစ်သည်။ထိုအရာကိုတွေးမိသည့်အခါ ရင်လော့ရှားသည် ရုတ်တရက်မျက်နှာနီမြန်းလာပြီး လီကျန့်ယီကို ကြည့်ကာ "ဒါဆို..သခင်လေးလီ၊မင်း ပိုက်ဆံဖြုန်းတတ်တဲ့အမျိုးသမီးတွေကို ကြိုက်တယ်လို့ ကြားဖူးတယ်"
"ဟုတ်တယ်လေ "
ဓားကျင့်နေသော လီကျန့်ယီသည် ရင်လော့ရှား၏ မျက်နှာအနည်းငယ်နီမြန်းလာသည်ကို သတိပြုမိပြီး ရှုပ်ထွေးစွာပြန်ဖြေလိုက်သည်။
"မင်းတကယ်ကြိုက်တာလား"ရင်လော့ရှား၏ အတွေးထဲတွင် ဓားတစ်ချက်လွဲရုံဖြင့် ပိုက်ဆံသောင်းချီကုန်နိုင်သောအရာသည် လောင်းကစားလုပ်မှ ဖြစ်နိုင်သောအရာတစ်ခုဖြစ်သည်။
"တကယ်ကြိုက်တယ်"လီကျန့်ယီက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"ဒါဆို..ဒီပိုက်ဆံဖြုန်းတတ်တဲ့အမျိုးသမီးက လောင်းကစားသမား တစ်ယောက်ဖြစ်မှာပဲ ဟုတ်တယ်မလား၊လောင်းကစားလုပ်တဲ့လူတွေကိုပဲ ပိုက်ဆံဖြုန်းတဲ့လူလို့ခေါ်ကြတာ ဟုတ်တယ်မလား၊ ဒါကြောင့်...ဒါကြောင့်"ရင်လော့ရှား စကားဆက်ပြောဖို့ အရမ်းရှက်နေသဖြင့် ၊ သူမ၏လက်ကလေးများဖြင့် သူမ၏အင်္ကျီကို ကသိကအောက်ဆွဲလိမ်လိုက်သည်။
ဤသို့မြင်တွေ့ရသည့်အခါ လီကျန့်ယီသည် ကြောင်သွားသည်။
ဟန်ယီသည်လည်း ဖြစ်ပျက်နေသည်ကို ရုတ်တရက်နားလည်သွားပြီး
ရင်လော့ရှားကို ရန်လိုရှာစိုက်ကြည့်လိုက်သည်။
လီကျန့်ယီနှင့် ဟန်ယီသည် အတွေးကိုယ်ဆီဖြစ်သွားတော့သည်။
လီကျန့်ယီက၏ အတွေးက။ "ရင်လော့ရှားက ငါကြိုက်တဲ့ ပိုက်ဆံဖြုန်းတတ်တဲ့အမျိုးသမီးက သူမကိုယ်သူမလို့ ထင်နေတာလား၊ မဖြစ်နိုင်ဘူး"
ဟန်ယီက အတွေးမှာမူ"ဒါဆို ယီယီ၊ ဒီလိုပိုက်ဆံကုန်ဖြုန်းတတ်တဲ့အမျိုးသမီးမျိုးကို ကြိုက်တယ်၊ ဒီလိုအမျိုးသမီးမျိုးက မကောင်းတဲ့အမျိုးသမီးပဲ ၊ငါ့ ယီယီကို ခိုးယူခွင့်မပေးနိုင်ဘူး"
လီကျန့်ယီက' မင်းနားလည်မှု့လွဲနေတယ်' ဟု ပြောမည့်အချိန်တွင်ဟန်ယီက သူမ၏နှလုံုးသားဓားကို မြဲမြံစွာကိုင်ကာ ရင်လော့ရှားဆီ
ရဲတင်းစွာပင်ပြောလိုက်သည်။
"ဒါကြောင့်ဘာလဲ ငါ့ရဲ့ယီယီက မင်းလိုမကောင်းတဲ့ အမျိူးသမီးကို ဘယ်တောမှကြိုက်မှာမဟုတ်ဘူး အိပ်မက်တောင် မမက်နဲ့"
ရင်လော့ရှား "...."
"ဟမ် ငါမင်းနဲ့ စကားပြောနေတာမဟုတ်ဘူး၊ မင်းနဲ့ဘာဆိုင်လို့ ဝင်ပြောနေတာလည်း"ရင်လော့ရှား၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး မျက်ခုံးတွေ အနည်းငယ်ကျုံ့သွားသည်။
"ကျွန်မနဲ့ဆိုင်တာပေါ့၊ယီယီက ကျွန်မရဲ့ အဖိုးရဲ့တပည့် ဆိုလိုတာက ကျွန်မရဲ့ ဦးလေးကွ"
"ဒါက အလွန်ကြီးမားတဲ့ဆက်နွယ်မှု့တစ်ခုပဲ၊နင်လို ဆက်နွယ်မှုလုံးဝမရှိတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုယှဉ်နိုင်မှာလဲ" ဟန်ယီက ခိုင်လုံပြီး ယုတ္တိရှိသောအကြောင်းပြချက်ကို ထုတ်သုံးလိုက်သည်။
ရင်လော့ရှားကိုနိုင်အောင် သူမငြင်းခုံချင်လို့ သူမတို့၏ အလွန်နီးကပ်လွန်းသည့်ဆက်နွယ်မှု့အကြောင်း ပြန်တွေးမိသောအခါ သူမစိတ်ဓာတ်ကျသွားသည်။
သူမနှင့်ယီယီက တူမနှင့်ဦးလေးဖြစ်ပါက၊ ယီယီ၏ ဇနီးရွေးချယ်သည့်အခါဝင်ပြောဖို့မသင့်တော်တော့ပေ။ ကိုယ့်ရှုးကိုယ်ပတ် သလိုခံစားရသောကြောင့် ရင်လော့ရှားကို ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်သွားသည်။
"ငါ...ငါ...ငါ သူမနဲ့ မငြင်းခုံနိုင်တော့ဘူး" ဟန်ယီသည် မတရားခံရသည့်ပုံပေါက်လျက် ဓားကိုကျင့်နေသော လီကျန့်ယီထံသို့ လျှောက်လာခဲ့သည်။ဟန်ယီ၏မျက်လုံးများက အနည်းငယ်နီမြန်းနေသည်ကို တွေ့ရသည့်အခါ လီကျန့်ယီက ပြုံးရယ်ကာ ပြောသည်၊၊
"ဟန်ယီ၊ မင်းကဘာလို့အရမ်းမိုက်မဲရတာလဲ၊ သူမကို လုံးဝဂရုမစိုက်ဘဲ ငါတို့ဓားကိုဆက်လေ့ကျင့်ကြရအောင်"
"အဲ့လိုလုပ်ရင် မင်းက သူမလိုပိုက်ဆံဖြုန်းတတ်တဲ့ မကောင်းတဲ့အမျိုးသမီးမျိုးကို မကြိုက်ဘူးတော့ဘူးလား "ဟန်ယီက ခေါင်းငုံ့လျက် လီကျန့်ယီကိုကြည့်ရန် မဝံ့မရဲဖြစ်နေသည်။
"ငါကြိုက်တဲ့အမျိုးသမီးက လောင်းကစားဘုရင်မလို့ ငါမပြောခဲ့ဘူး၊ငါက ပိုက်ဆံပေါင်းသောင်းချီကို လောင်းကစားခန်းမမှာ ဖြုန်းတဲ့လူကို မဆိုလိုဘူး" လီကျန့်ယီက လက်ထဲက သစ်သားဓားကို ချပြီး၊ ဟန်ယီ၏ မျက်နှာကလေးကို လက်နှစ်ဖက်နှင့်ကိုင်ကာ ပြုံးပြီးရှင်းပြလိုက်သည်။
"ဒါ...ဒါလည်းမကောင်းတဲ့အမျိုးသမီးပဲ" ဟန်ယီက မကျေနပ်စွာပြောလိုက်သည်။
"ဟား..ဟား..ကောင်းပြီ၊ကောင်းပြီ ဟန်ယီ မင်းက သူမကိုမကောင်းတဲ့ အမျိူးသမီးလို့ထင်ရင်၊သူမက မကောင်းတဲ့အမျိူးသမီးပဲ ဟုတ်ပြီလား ဒါပေမဲ့ ငါက ဒီလိုမကောင်းတဲ့အမျိူးသမီးကိုကြိုက်တယ်" လီကျန့်ယီက ဟန်ယီရဲ့ မျက်နှာကလေးကို အသည်းယားစွာညစ်လိုက်သည်။
"ဟမ်..အဲ့လိုမိန်းကလေးတွေက မကောင်းဘူး၊ယီယီ သူတို့ကိုမကြိုက်လို့မရဘူးလား" ဟန်ယီက ချစ်စဖွယ်နည်းလမ်းဖြင့် အသံချိူဖြင့်မေးလိုက်သည်။
"မရဘူး ကြိုက်တယ်"လီကျန့်ယီက နူးညံ့ဖောင်းအီနေသော မျက်နှာကလေးကို အားအနည်းငယ်ထည့်ညစ်လိုက်သည်။
ဒီလို ချစ်စရာကောင်းနေတော့ ငါမကြိုက်ပဲနေနိုင်မလား!!!
"ဟွန့် ငါ ယီယီနဲ့စကားမပြောတော့ဘူး၊ ယီယီက မကောင်းတဲ့လူလို့အမေကို သွားတိုင်မယ်"လီကျန့်ယီ၏ မူရင်းရည်ရွယ်ချက်က မပြောင်းလဲသေးသည်ကို မြင်ရသည့်အခါ ဟန်ယီသည် နှလုံးသားဓားကိုကိုင်ပြီး လီရှင်းယွဲ့ရှိရာ အပန်းဖြေခန်းဆီသို့ ပြေးသွားသည်။
သူမထွက်ခွာသွားပြီးနောက်၊ ရင်လော့ရှားက ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။"တစ်ကြိမ်ဓားလွဲရင် ရွှေသောင်ချီကုန်နိုင်တဲ့အမျိူးသမီးလား"
လောင်းကစားမလုပ်ရင် ဘယ်လိုအမျိူးသမီးက ထိုသို့ဖြုန်းတီးနိုင်မည်နည်း။
"နောက်ကြရင် မင်းသိလာလိမ့်မယ်"လီကျန့်ယီက စိတ်ရှုပ်ထွေးနေသောင်ရင်လော့ရှား ကိုကြည့်ပြီး ပြောလိုက်သည်။ထိုနောက် သူမကို လျစ်လျူရှုပြီး သူ၏သစ်သားဓားဖြင့် ထပ်မံလွဲရမ်းတော့သည်။
"နောက်မှသိမှာလား၊ ပိုက်ဆံဖြုန်းတတ်တဲ့အမျိုးသမီးလို့ငါ့ကို ရည်ညွှန်းနေတယ်လို့ ငါထင်ခဲ့တာ" ရင်လော့ရှားက အနည်းငယ်စိတ်ပျက်သွားသည်။
လီကျန့်ယီသည် သူမဆရာထက် မလျှော့ကျသော ချောမောမှု့ရှိပြီး၊ကျင့်ကြံအဆင့်သည်လည်း မြင့်သည်။ထိုကြောင့် ထိုကဲ့သောလူကို သူမ သဘောကျလေသည်။သို့သော် ယနေ့တွင် လီကျန့်ယီက သူကြိုက်သော ပိုက်ဆံဖြုန်းတတ်သည့် အမျိုးသမီးသည် သူမကဲ့သို့မဟုတ်ကြောင်း အလွန်ရှင်းလင်းစွာ ဖော်ပြခဲ့သည်။
"ဒါဆို အခု မင်းမဟုတ်ဘူးဆိုတာ သိပြီးပြီဆိုတော့၊ မင်းက အရင်ကလိုပဲ ငါ့နောက်ကို လိုက်ချောင်းအုန်းမလား၊ဒါမှမဟုတ် ငါနဲ့နီးစပ်ဖို့ ကြိုးစားနေဦးမှာလား"လီကျန့်ယီက ဓားကျင့်ရင်း သူမကို မေးလိုက်သည်။
"သေချာပေါက်မဟုတ်ဘူး၊ငါ ရင်လော့ရှား အချစ်နွံနှစ်မဲ့လူမဟုတ်ဘူး" ရင်လော့ရှားမှာလည်း မာနရှိသေးသည်။
"ဒါဆို မင်းအခု ဘာလုပ်မှာလဲ၊ငါက ဓားကိုလေ့ကျင့်နေမှာ"လီကျန့်ယီက ခိုင်မာစွာပြောသည့် ရင်လော့ရှားကို ကြည့်ကာ ပြုံးရယ်လိုက်သည်။
ရင်လော့ရှားက နှာခေါင်းရှုံ့ကာ"ငါ ဆရာနဲ့အတူ ရဲဒင်းကျီကိုရှာဖို့ သွားသင့်တယ်၊မင်းက အရမ်းပျင်းစရာကောင်းတယ် ဓားကိုပဲလေ့ကျင့်နေတာ၊ မင်းလိုလူနဲ့ ဘဝတူတူဖြတ်သန်းရင် ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ"
"ဟား ဟား တကယ်လား" လီကျန့်ယီသည် ရင်လော့ရှား၏ စကားလုံးများကြောင့် ရယ်မောမိသည်။ သူတို့တွင် အတူတကွ မရှိသေးဘဲနှင့် သူမသည် အတူတကွရှိပြီးနောက် မည်မျှပျင်းစရာကောင်းမည်ကို စဉ်းစားနေပြီလား။
" ပြောစရာမရှိတော့ဘူးဆိုရင်" ရင်လော့ရှားက ခေါင်းမော့ကာ ပြောသည်။"ငါ ရွှေတစ်ထောင်ခန်းမကို သွားပြီး ဆရာတုနဲ့ လောင်းကစားသွားမယ်၊ ငါ မင်းတို့နဲ့ မကစားတော့ဘူး"
"ကောင်းပြီ ဦးလေးလဲ့တိုပြန်လာရင် မင်း ရွှေတစ်ထောင်ခန်းမကိုသွားတယ်လို့ ပြောပေးမယ်" လီကျန့်ယီက ရင်လော့ရှား ထွက်ခွာသွားသောလမ်းကြောင်းကို ကြည့်ကာ ခေါင်းခါကာ ရယ်လိုက်သည်။သူမသည် အမြဲတမ်း မာနကိုရှေ့တန်းတင်ပြီး ခေါင်းမာသည့်မိန်းကလေးဖြစ်သည်။