လီဆူးဝမ် ခရီးသွားခြင်း
Vol. 12 Ch. 116
"အဖိုး"
လီဟန်ယီသည် လီဆူးဝမ်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။
"အင်း... ဟန်ယီ၊ မင်း ရွှေလမြို့တော်မှာ အဆင်ပြေပြေ ရှိနေပုံပဲ ၊ အခုမှပဲ အဖိုးလည်း စိတ်အေးရတော့တယ်"
ရွှေလမြို့တော်၏ ရှု့ခင်းများကို ကြည့်ရှု့ပြီးနောက် လီဆူးဝမ်သည် ဤမြို့မှာ မြောက်ပိုင်းလီဒေသရှိ အခြားမြို့များထက် သာလွန်သော အားသာချက်များ ရှိသည်ဟု ခံစားလိုက်ရ၏။ ရှု့ခင်းဖြစ်စေ၊ မြေမျက်နှာသွင်ပြင်ဖြစ်စေ အလွန်ပင် ခမ်းနားသည်။
" ဒါနဲ့ အဖိုး၊ ယီယီ တီယန်ဝူတွမ်ကို သွားခဲ့တာ သိလား" ဟု လီဟန်ယီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဟေး... ယီယီက တီယန်ဝူတွမ်ကို ဘာသွားလုပ်တာလဲ" လီဆူးဝမ်မှာ အံ့အားသင့်သွားရလေသည်။လီဟန်ယီသည် ဘေးနားမှ နေ့စဉ်သတင်းစာတစ်စောင်ကို အမြန်ဝယ်ယူကာ လီဆူးဝမ်အား ကမ်းပေးလိုက်၏။
သတင်းစာကို ဖတ်ပြီးနောက်တွင် လီဆူးဝမ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး "ဟူး... ငါတို့ဆီက ဓားတွေကို ကြားဖြတ်လုဖို့ ကြိုးစားတဲ့သူတွေက တကယ် ကံဆိုးတာပဲ။ ငါနဲ့ ယီယီ တာဝန်လဲတဲ့ အချိန်နဲ့မှ လာတိုးရတယ်လို့" ဟု ပြောလိုက်သည်။အကယ်၍ သူသာ ဓားနှလုံးဂူဗိမာန်တွင် ရှိနေစဉ် တီယန်ဝူတွမ်က ဓားများကို ကြားဖြတ်လုယူခဲ့လျှင် သူသည် ထိုသူများကို လီကျန့်ယီကဲ့သို့ ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
"ဟုတ်တယ် အဖိုး... အဖိုးပြောတာ မှန်တယ်၊ အဖိုး ရွှေလမြို့တော်ကို ပထမဆုံး ရောက်ဖူးတာဆိုတော့ မြေးက မြို့ကိုလိုက်ပြရမလား" လီဟန်ယီက ပြုံးရွှင်စွာ မေးလိုက်သည်။
"ကောင်းသားပဲ၊ ဘာပဲဖြစ်ဖြစ် ဓားနှလုံးဂူဗိမာန်မှာ ယီယီ ရှိနေသေးတာဆိုတော့ အဖိုးက ပိုပြီး စိတ်အေးရတာပေါ့"
သူကိုယ်တိုင်ပင် မဖြေရှင်းနိုင်သော ကိစ္စရပ်များကို လီကျန့်ယီက ကိုင်တွယ်ဖြေရှင်းပုံကို မြင်တွေ့ခဲ့ရပြီးနောက်၊ လီကျန့်ယီသည် တစ်ကိုယ်တည်း ရပ်တည်နိုင်သည့် အစွမ်းရှိနေပြီဟု သူ အခိုင်အမာ ယုံကြည်သွားသည်။ သူသည် ယခင်က ကလေးငယ်လေး မဟုတ်တော့ပေ။
ထိုအချက်ကြောင့်ပင် လီဆူးဝမ်သည် စိုးရိမ်ပူပန်မှု့အားလုံးကို ဘေးဖယ်ထားကာ ဓားနှလုံးဂူဗိမာန်၏ အုပ်ချုပ်ရေးတာဝန်များကို လွှဲပြောင်းပေးခဲ့ပြီးနောက် ကိုးလတိုင်တိုင် ပြန်မလာခဲ့ပေ။ သူသည် က နေ့စဉ်ကိစ္စများကို စီမံနေရသော လီကျန့်ယီအား စာပို့ခိုငှက်မှတစ်ဆင့် သာ သတင်းပို့တော့သည်။
"အဖိုး...ကိုးလတောင် ရှိနေပြီနော်။ လအနည်းငယ်ကြာရင် ကျွန်တော်ကို တာဝန်ပြန်လဲပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား"
လီဆူးဝမ်က စာပြန်လိုက်သည်မှာ "ပြင်ပလောကရဲ့ လှပမှု့တွေက ဆွဲဆောင်မှု ရှိလွန်းလို့ပါ။ အဖိုး နှစ်သစ်ကူးကျရင် ဟန်ယီနဲ့အတူ အိမ်ပြန်လာခဲ့ပါ့မယ်" ဟူ၍ ဖြစ်သည်။
ဓားဆွေးနွေးရာဆောင်အတွင်း၌ လီကျန့်ယီသည် ထိုစာကိုဖတ်ပြီး ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။ အဖိုးဖြစ်သူမှာ ပျော်ပျော်နေတတ်သူဖြစ်ရာ သူကသာ ဓားနှလုံးဂူဗိမာန်ကို အကောင်းဆုံး စီမံအုပ်ချုပ်နေသရွေ လီဆူးဝမ်က ပြန်လာမည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် နေ့စဉ်ကိစ္စရပ်များကို ကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ပြီး တစ်နေ့လျှင် နာရီဝက်ထက်မပိုသော အချိန်အတွင်း အားလုံးကို ဖြေရှင်းနိုင်လာသည်။ ကျန်ရှိသော အချိန်များကိုမူ ဓားနှလုံးကျောက်ဆောင်တွင် ဓားသိုင်းလေ့ကျင့်ရန် အသုံးပြုနေ၏။
ဤကိုးလအတွင်း စိတ်နှစ်မြှုပ်၍ ဓားကျင့်ခဲ့ခြင်းကြောင့် လီကျန့်ယီသည် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်တွင် သုညရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ခွန်အားများ တိုးတက်လာခြင်းက လီကျန့်ယီအား စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ မြင့်တင်မှု့လည်း တိုးလာသည် ။ ထို့ကြောင့် ကျင့်ကြံခြင်းသည်လည်း ပျော်ရွှင်မှု့တစ်မျိုး ပေးနိုင်လေသည်။
"ရှောင်လန်၊ ရှောင်ပိုင်... နှစ်သစ်ကူးအတွက် လိုအပ်တာတွေ သွားဝယ်ဖို့ အချိန်တန်ပြီ"
လီဆူးဝမ်၏ စာကို ဖတ်ပြီးနောက် လီကျန့်ယီသည် ဘေးတွင် ရပ်နေသော တပည့်နှစ်ဦးကို လှမ်းပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး"
ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် ရိုသေစွာဖြင့် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သုံးဦးသည် ဓားနှလုံးဂူဗိမာန်နှင့် နီးစပ်သော လျူယွန်းမြို့လေးသို့ ထွက်ခွာသွားကြလေသည်။
လျူယွန်းမြို့တွင် လီကျန့်ယီသည် နှစ်သစ်ကူးအတွက် လိုအပ်မည့် စာတန်းများ၊ မုန့်များ၊ ကော်ဇောနီများနှင့် အခြားပစ္စည်းများကို ဝယ်ယူခဲ့သည်။ညနေစောင်းသောအခါ သူတို့အုပ်စုသည် နှစ်သစ်ကူးပစ္စည်းများ အပြည့်တင်ထားသော လှည်းဖြင့် ဓားနှလုံးဂူဗိမာန်သို့ ပြန်လာခဲ့ကြသည်။
လွန်ခဲ့သော နှစ်များက ဤကိစ္စများကို လီဆူးဝမ်က တာဝန်ယူခဲ့သော်လည်း ယခုနှစ်တွင်မူ ခေါင်းဆောင်ငယ်ဖြစ်သူ လီကျန့်ယီကသာ အားလုံးကို စီစဉ်နေရသည်။
"နောက်ထပ် တစ်နှစ်ကုန်ပြန်ပြီ၊ ခေါင်းဆောင်ငယ်လည်း တစ်နှစ်ကြီးသွားပြန်ပြီပေါ့" ဟု ရှောင်လန်နှင့် ရှောင်ပိုင်တို့က လီကျန့်ယီ၏ နောက်မှ ပြောနေကြသည်။
"ဟုတ်တယ်... အခုဆိုရင် ဆယ့်ငါးနှစ်ပြည့်ပြီး ဆယ့်ခြောက်နှစ်ထဲ ရောက်တော့မယ်" လီကျန့်ယီက ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အမြဲတမ်း အမိန့်ပေးတတ်သော လီဟန်ယီကို အနိုင်ယူချင်စိတ်များလည်း ပြင်းပြနေမိသည်။
"ဟီး... ခေါင်းဆောင်ငယ် ကြီးပြင်းလာတာကို ကျွန်မတို့ ကြည့်ခဲ့ရတာ။ ခေါင်းဆောင်ငယ်နဲ့ သခင်မလေးတို့ရဲ့ မင်္ဂလာပွဲမှာ ဘယ်တော့များမှ စားရမှာလဲ မသိဘူး" ဟု ရှောင်ပိုင်က သွားရည်တမြားမြားဖြင့် ပြောလိုက်သည်။
"နောက်ထပ် နှစ်နှစ်ခွဲလောက် ကျင့်ကြံဦးမယ်။ မကြာခင် ရောက်တော့မှာပါ" လီကျန့်ယီသည်လည်း ထိုနေ့ကို မျှော်လင့်နေမိပေသည်။ အာဏာရှင်ဆန်သော လီဟန်ယီက သူကို အညံ့ခံကာ ခွင့်လွှတ်ပေးရန် တောင်းပန်မည့်နေ့ကို သူ မျှော်လင့်နေခြင်း ဖြစ်၏။
အိမ်ထောင်ကျပြီးနောက်တွင် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ ‘အရင်ကတော့ မင်းက အဝတ်အစားတွေ၊ အစားအသောက်တွေနဲ့ ငါ့ကို မြူဆွယ်ခဲ့ပေမယ့် ငါက တုန့်ပြန်မှု သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ လက်ထပ်ပြီးရင်တော့... ဟင်းဟင်း..ဘယ်သူက ပိုအမိန့်ပေးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့’ဟု သူ တွေးနေမိသည်။
"ဘာလို့ နှစ်နှစ်ခွဲ ကျင့်ကြံအုန်းမှာလဲ" ရှောင်လန်နှင့် ရှောင်ပိုင်တို့က လီကျန့်ယီကို အံ့သြစွာ ကြည့်လိုက်ကြသည်။
"နောက်ထပ် နှစ်နှစ်ခွဲအတိအကျ ကျင့်လိုက်ရင် ငါက အသက်ဆယ့်ကိုးနှစ် ဖြစ်သွားလိမ့်မယ်" ဟု လီကျန့်ယီက ဖြေကြားလိုက်သည်။
"ဪ... ကျွန်မတို့ကပဲ နည်းနည်း ဝေခွဲမရဖြစ်သွားတာပါ" ရှောင်လန်နှင့် ရှောင်ပိုင်တို့လည်း ထိုအခါမှ နားလည်သွားကြသည်။
"အင်း... မင်းတို့က တကယ်ကို ဝေခွဲမရဖြစ်နေတာပဲ။ နှစ်သစ်ကူးဖို့ ဘယ်နှစ်ရက် လိုသေးလဲဆိုတာရော မှတ်မိကြရဲ့လား" ဟု လီကျန့်ယီက ထပ်မံမေးမြန်းလိုက်သည်။
ရှောင်လန်က ခနစဉ်းစားဟန်ဖြင့် "သုံးရက်လား... လေးရက်လား" ဟု ပြောသည်။ ရှောင်ပိုင်က ရှောင်လန်၏ ခေါင်းကို ပုတ်လိုက်ပြီး "ငါးရက်လိုသေးတာပါ!" ဟု စိတ်တိုတိုဖြင့် ပြောလိုက်၏။
လီကျန့်ယီ"..."
"ကဲ... မင်းတို့နှစ်ယောက် နေ့တိုင်း အလုပ်ရှုပ်နေလို့ မေ့နေကြတာလား နှစ်သစ်ကူးဖို့ ခြောက်ရက်တောင် လိုသေးတယ်" လီကျန့်ယီက တပည့်နှစ်ဦးကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ခြောက်ရက်တောင် လိုသေးတာလား" ရှောင်လန်သည် မျက်နှာနီမြန်းသွားပြီး ရှောင်ပိုင်ကို ဆိတ်လိုက်ကာ "ဒါ နင်ကြောင့်ပဲ၊ ငါ ဒီလိုအလုပ်တွေ မလုပ်တတ်ပါဘူးဆိုတာကို နင်က အတင်းသင်ပေးနေလို့" ဟု အပြစ်တင်တော့သည်။
"ပြီးတော့ လမ်းဘေးမှာ ရောင်းနေတဲ့ ရုပ်ပြစာအုပ်တွေကကော ဘာတွေလဲ။ ရှောင်ရွမ်ဆိုတဲ့ စာရေးဆရာက ဘာလို့ ဒီလိုစာအုပ်မျိုးတွေကို ထုတ်ဝေရတာလဲ။ ဒါတွေက ငါ့ကို မကောင်းတဲ့ လွှမ်းမိုးမှုတွေ ပေးနေတာပဲ။ ငါ့မှတ်ဉာဏ်ကိုတောင် ပိုဆိုးလာစေတယ်"
"မဟုတ်တာ၊ အဲဒီစာအုပ်ကို ငါ့ကိုအရင်ပြတာ ရှောင်လန် နင်ပါနော်" ရှောင်ပိုင်က ပြန်လည်အော်ဟစ်လိုက်သည်။
"ကဲ... မင်းတို့ဆီက ရုပ်ပြစာအုပ်တွေကို အခုပဲ အပ်ကြစမ်း၊ ခေါင်းဆောင်ငယ်အနေနဲ့ ငါ သိမ်းဆည်းလိုက်မယ်" လီကျန့်ယီက သူတို့ကို တည်ကြည်စွာ ကြည့်လိုက်သည်။
"ဟုတ်ကဲ့" ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် သူတို့၏အိတ်ကပ်ထဲမှ ရုပ်ပြစာအုပ် တစ်အုပ်စီကို ထုတ်ပေးလိုက်ကြပေသည်။ လီကျန့်ယီ ကြည့်လိုက်သောအခါ ၎င်းတို့မှာ ရုပ်ပြစာအုပ် (၁) နှင့် (၂) တို့ ဖြစ်နေကြ၏။
" သွားစရာရှိတာ သွားကြ၊ ဓားသွေးရမှာရှိရင် သွားသွေးကြတော့။ ငါကတော့ ဓားကျင့်ဖို့ ပြန်တော့မယ်" လီကျန့်ယီသည် ရုပ်ပြစာအုပ်ကို နှမြောတသဖြစ်နေသော ရှောင်လန်နှင့် ရှောင်ပိုင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်ငယ်..." သူတို့နှစ်ဦးမှာ မချိတင်ကဲဖြင့် ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားပြီးနောက် လီကျန့်ယီသည် ဓားဆွေးနွေးရာဆောင်သို့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး ထိုင်ချလိုက်ကာ သိမ်းဆည်းထားသော ရုပ်ပြစာအုပ်နှစ်အုပ်ကို တိတ်တဆိတ် ထုတ်ကြည့်လိုက်၏။ စာအုပ်၏ မျက်နှာဖုံးကို ကြည့်ပြီးနောက် လီကျန့်ယီသည် ဤစာအုပ်မှာ အတော်လေး ကဗျာဆန်နေကြောင်း တွေ့လိုက်ရပေသည်။
နေပါဦး... စာရေးဆရာ 'ရှောင်ရွမ်' ဆိုတဲ့ နာမည်က ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ။
"ဘာတွေပါလဲ အရင်ကြည့်ရအောင်။ ခေါင်းဆောင်ငယ် တစ်ယောက်အနေနဲ့ ဒီလို ဆိုးယုတ်တဲ့စာအုပ်ကို ငါ ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်" လီကျန့်ယီသည် ကောင်းကင်ဘုံကိုယ်စား တရားစီရင်မည့်သူကဲ့သို့ ဟန်ပန်ဖြင့် စာအုပ်ကို ဖွင့်ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူ၏ နှာခေါင်းသွေးများပင် ထွက်လာတော့သည်။
"ဒီ ရှောင်ရွမ်က တကယ့် ပါရမီရှင်ပဲ၊ လှုပ်ရှားမှု့တိုင်းရဲ့ နောက်မှာ ကဗျာတစ်ကြောင်းစီတောင် ချန်ထားခဲ့သေးတယ်"
လီကျန့်ယီသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ဤရုပ်ပြစာအုပ် ရေးသားသူမှာ သာမန်လူမဟုတ်ကြောင်း သိလိုက်ရသည်။ သူသည် ပညာတတ်ပြီး အလွန်ကဗျာဆန်သော စာရေးဆရာ ဖြစ်ပေလိမ့်မည်။
"'တောင်တန်းတစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရင် ပုံစံအမျိုးမျိုး မြင်ရသလို၊ ရှေ့တည့်တည့်က ကြည့်ရင်လည်း တောင်ထိပ်ကို မြင်ရတယ်' ဆိုတဲ့ ဖော်ပြချက်က တကယ်ကို ပြည့်စုံလွန်းတယ်" လီကျန့်ယီက မကျေမနပ်ဖြင့် ဝေဖန်လိုက်ပြီးနောက် ရုပ်ပြစာအုပ်ကို သူ၏အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။
......
ကျင့်စဉ်ကျင့်ရန် အတင်းခိုင်းစေခံလိုက်ရသော ရှောင်ပိုင်သည် ရှောင်လန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ "ရှောင်လန်... ခေါင်းဆောင်ငယ်က ငါတို့ နေ့တိုင်း ဘာတွေလုပ်နေလဲဆိုတာ ဘယ်လိုသိတာလဲ။ သူ ငါတို့ကို ချောင်းကြည့်နေတာလား" ဟု မေးလိုက်သည်။
ရှောင်လန်က ခဏမျှ စဉ်းစားပြီး "အူကြောင်ကြောင် ရှောင်ပိုင်ရယ်... ခေါင်းဆောင်ငယ်ရဲ့ အဆင့်က ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကို ရောက်နေပြီလေ၊ နင် အဲ့ဒီအလုပ်တွေ လုပ်တဲ့အခါ အသံတွေ အရမ်းကျယ်နေလို့ ခေါင်းဆောင်ငယ် သိသွားတာ နေမှာပေါ့" ဟု ပြောလိုက်၏။
ရှောင်ပိုင်က ချက်ချင်းပင် "မဖြစ်နိုင်တာ၊ ခေါင်းဆောင်ငယ် မိသွားတာ ရှောင်လန် နင်ပါနော်၊ ငါ့ရဲ့ စာအုပ်ကို ပြန်ပေး၊ ငါ ဖတ်လို့တောင် မပြီးသေးဘူး" ဟု ပြန်ပြောသည်။
"အဲဒီစာအုပ်တွေ ငါလည်း ဖတ်လို့မပြီးသေးပါဘူးဆို" ရှောင်လန်၏ မျက်နှာမှာ အလွန်အမင်း နီမြန်းသွားတော့သည်။