← Chapters

အလိုအလျောက်ဖြတ်ကျော်ခွင့်

Vol. 2 Ch. 18

အလိုအလျောက်ဖြတ်ကျော်ခွင့်

Vol. 2 Ch. 18

ဈေးမှ လဲ့အိမ်တော်သို့ ပြန်ရောက်သောအခါ။

လီဆူးဝမ်သည်လီကျန့်ယီအား မိသားစုတစ်ခုတည်‌ဆောက်လျှင် ငွေ ကိုစီမံခန့်ခွဲတတ်သည့် အမျိူးသမီး လိုအပ်ကြောင်း အခါခါပြောပြနေသည်။သားဖြစ်သူ၏ ဇနီးရွေးချယ်ရေး စံနှုန်းပြောင်းလဲနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော်ရလဒ်ကတော့..လီကျန့်ယီသည်နွားဆယ်ကောင် ဆွဲတောင်မ‌ရွှေ့နိုင်သည့်အထိ အလွန်ခေါင်းမာ သောသူတစ်ယောက် ဖြစ်နေခဲ့သည်။

"အဖေ ၊ စိတ်လျော့ပါ နောက်ကြရင် ယီယီက လက်ဖွာတတ်တဲ့မိန်းကလေးက မကောင်းတဲ့အကြောင်း နားလည်လာပါလိမ့်မယ်၊အခုက သူငယ်ပါသေးတယ် အတင်းအကြပ်မလုပ်ပါနဲ့"လီရှင်းယွဲ့က ဘေးမှ နူးညံ့စွာ ပြောလိုက်သည်။

"ဟုတ်ပြီလေ"လီဆူးဝမ်က အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူတို့အားလုံး အနားယူဖို့သွား‌ကြတော့သည် ။

လီကျန့်ယီကတော့ ထုံးစံအတိုင်း သူ့၏ကိုယ်ပိုင် ဧည့်ခန်းအပြင်ဘက်တွင် သစ်သားဓားဖြင့် ဆက်တိုက်‌ လေ့ကျင့်နေသည်။သူသည်မပင်ပန်းသေးသဖြင့် ဓားကို နောက်ထပ် များစွာလွဲရမ်းကာ စွမ်းအားကို အမြန်ဆုံးမြှင့်တင်လိုသည်။

အဓိကအိပ်ခန်းအတွင်။

လီရှင်းယွဲ့သည် ဟန်ယီလေးကို ပွေ့ထားရင်း အိပ်ရန် အသင့်ပြင်နေသော်လည်း ဟန်ယီလေးမှာ အိပ်မပျော်နိုင်ဘဲ ကြီးမားတောက်ပနေသော မျက်လုံးလေးများဖြင့် လီရှင်းယွဲ့အား ကြည့်ပြီး မေးလိုက်သည်၊၊

"မေမေ၊ 'လက်ဖွာတဲ့လူ' ဆိုတာ ပိုက်ဆံကို 'ဖြုန်းတီးတဲ့'လူကိုပြောတာလား။"

"ဟုတ်တယ်၊မိန်းကလေးတစ်ယောက် အလွန်အကျွံသုံးစွဲတာက မကောင်းဘူး။ လူတွေ မနှစ်သက်ကြဘူး၊ ဟန်ယီရေ၊ မင်းကတော့ အလွဲသုံးစားလုပ်တတ်တဲ့သူ မဖြစ်ရဘူးနော်" ဟု လီရှင်းယွဲ့က ဟန်ယီလေး၏ခေါင်းကို ချစ်ခင်ပွတ်သပ်ကာ ပြောသည်။

"ဒါပေမယ့်မေမေ၊ယီယီက ပိုက်ဆံအလွဲသုံးတတ်တဲ့ မိန်းကလေးတွေကို ကြိုက်တယ်နော်"

ဟန်ယီက လီရှင်းယွဲ့အား လေးနက်သောအမူအရာဖြင့် ကြည့်ပြီး"မေမေ... မေမေ၊ ဟန်ယီက ပိုက်ဆံအလွဲသုံးတတ်တဲ့ မိန်းကလေးဖြစ်ချင်တယ်။ ဒါဆို ယီယီက ဟန်ယီကို ကြိုက်လာမှာ၊ အဲ့ဆိုဟန်ယီနဲ့ အတူကစားနိုင်ပြီ" ဟန်ယီက အမှန်အကန်ကြီးပြောလိုက်သည်။

လီရှင်းယွဲ့ "..."

သူတို့က လီကျန့်ယီကိုပိုက်ဆံအလွဲသုံးတတ်တဲ့ မိန်းကလေးတွေ မကြိုက်ဖို့ တိုက်တွန်းနေကြတာမဟုတ်လား!!

ဟန်ယီရေ၊မင်းကြ‌တော့ ကိုယ်တိုင်အဲဒီလိုမိန်းကလေး ဖြစ်ချင်နေတာလား!!

ဒါက ပြဿနာတစ်ခုပဲ။ကြိုက်တဲ့လူနဲ့ ဖြစ်ချင်တဲ့လူနဲ့ တစ်မိသားစု လုံးမွဲကြတော့မည့်ကံဇာတာပါလာတာများဖြစ်နေနိုင်လား။

"ဟန်ယီရေ၊မေမေပြောတာ နားထောင်ပါ။ ပိုက်ဆံအလွဲသုံးတတ်သူဆိုတာ မကောင်းပါဘူးဆိုတာ နောက်ကြရင် သိလာလိမ့်မယ်"

"ဟန်ယီရေ၊မင်းက မေမေနဲ့အတူ ယီယီရဲ့ ပိုက်ဆံအလွဲသုံးတတ်သူကို လက်ထပ်ချင်တဲ့ အတွေးကို ပြင်ဆင်ပေးဖို့ ကြိုးစားရမှာ ကိုယ်တိုင်အဲဒီလို မိန်းကလေးဖြစ်ပြီး၊ယီယီနဲ့ကစားဖို့ ကြိုးစားနေတာ မလုပ်ရဘူးနော်" ဟု လီရှင်းယွဲ့က ဟန်ယီငယ်လေးအား လေးနက်စွာကြည့်ကာ သွန်သင်ဆုံးမလိုက်သည်။

"ဟုတ်ကဲ့ ၊မေမေပြောတာ နားထောင်မယ်" ဟု ဟန်ယီက နာခံစွာ ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့။

နေ့လယ်ပိုင်း...ရွှေတစ်ထောင်ခန်းမ။

စာမေးပွဲ၏ပထမအဆင့်ကို အောင်မြင်ခဲ့သော ကျင့်ကြံသူ ၂၉ ဦး က စာမေးပွဲခန်းမသို့ အချိန်မှီရောက်ရှိလာကြသည်။

ထို့အပြင်၊ဂိုဏ်းအသီးသီးမှ ကြည့်ရှုသူများသည်လည်း စောစောစီးစီး ရွှေတစ်ထောင်ခန်းမသို့ ရောက်ရှိလာကြသည်။ ဘာကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ ဗဟုသုတကို ချဲ့ထွင်ရန် ကောင်းသောအခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ ထိုသို့သော အခွင့်အရေးကို လွယ်လွယ်ကူကူ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

"အားလုံးပဲ၊ကျောင်း၏ နောက်တစ်ဆင့် စာမေးပွဲက

သိုင်းပညာအရည်အသွေးကို စစ်ဆေးခြင်းပဲ၊ သိုင်းပညာအရည်အသွေး ပိုမိုကောင်းမွန်တဲ့သူက ကျောင်း၏ နောက်ဆုံးစာမေးပွဲသို့ တက်ရောက်ခွင့်ရမှာဖြစ်တယ်"

ထို့ကြောင့် ဒုတိယအဆင့်ဝင်ခွင့်စာမေးပွဲသည် တစ်ဦးနှင့်တစ်ဦး သိုင်းပြိုင်ပွဲဖြစ်သည်။လျူယဲ့က ရွှေတစ်ထောင်ခန်းမ၏ အလယ်တွင် ရပ်ကာ သူတို့အား ကြည့်ပြီးပြောသည်။

"တကယ်လို့ လူ ၂၉ ဦးက တစ်ဦးချင်းစီ ကိုယ်ခံပညာပြိုင်ပွဲဝင်ခဲ့လျှင်၊ ကျန်‌နေသေးသည့် တစ်ယောက်ကရော ဘယ်လိုလုပ်မလဲ" ဟု ပိုင်လီတုန်းကျွင်းက လျူယဲ့အား မေးလိုက်သည်။စုံကိန်းဖြင့်တွက်လျှင် ၂၉က မ ကိန်းကျနေသဖြင့် တစ်ယောက်ပြိုင်ဘက်မရှိပဲဖြစ်သွားမည်။

"သေချာပေါက်၊တစ်ယောက်က ‌အလိုအလျောက် ဖြတ်ကျော်ခွင့်ရသွားမှာ"

"လီကျန့်ယီရဲ့ ကျင့်ကြံရေးအဆင့်က မင်းတို့ထက် အဆင့်မြင့်နေတော့၊သူအနေဖြင့် ဝင်တိုက်ခိုက်လျှင်၊မင်းတို့ကို အနိုင်ကျင့်ရာရောက်မှာ ၊အဲ့ကြောင့် ကျောင်းတော်၏ နောက်ဆုံး ဆုံးဖြတ်ချက်အရ၊ လီကျန့်ယီသည် ဒုတိယအဆင့် စာမေးပွဲကို ကျော်ပြီး နောက်ဆုံးစာမေးပွဲသို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည်" လျူယဲ့က လူအုပ်ထဲမှ လီကျန့်ယီကို ကြည့်ကာ ပြောသည်။

ဤစကားကိုကြားလိုက်ရသည်နှင့် လီကျန့်ယီသည် သူနားခွင့်ရကြောင်း သိသွားသဖြင့်၊ ချက်ချင်းပင် ကျောင်းသားအုပ်ကနေ ထိုင်နေရာမှ ထွက်သွားကာ ဟင်းလင်းပြင်တစ်ခုကို ရှာဖွေပြီး ဓားလေ့ကျင့်ရန် ထွက်သွားသည်။

"ဒီဓားနှလုံးဂူဗိမာန်ဆက်ခံသူက တကယ့်ကို လုံ့လဝီရိယရှိလွန်းတာပဲ၊ သူ့က အချိန်တိုင်လိုလိုအမြဲ ဓားကျင့်နေတာပဲတွေ့ရတယ်။"

"ဓားနှလုံးဂူဗိမာန်က တိုးတက်လာမှာအမှန်ပဲ။ ဓားပညာပါရမီရှင်အကြီးအကဲလီရှိတယ်၊ပြီးတော့ အလွန်အမင်း ကြိုးစားအားထုတ်တတ်တဲ့ ဓားပညာပါရမီရှင်တစ်ယောက်ရှိတယ်။ ဓားနှလုံးဂူဗိမာန်

သာမတိုးတက်လာရင် ပုံမှန်မဟုတ်လို့ပဲ"

အပြင်မှကြည့်ရှုနေသူ ကျင့်ကြံသူများသည် လီကျန့်ယီ ဓားကျင့်နေပုံကို ကြည့်ရင်း၊ သူတို့နှင့် ပါရမီရှင်တစ်ယောက်ကြားက ကွာဟချက်ကို နောက်ဆုံးတော့ နားလည်သွားကြသည်။ဤလူငယ်သည်ပါရမီရှိရုံသာမက၊ ကြိုးစားအားထုတ်မှုလည်း ရှိသည်။

"ကောင်းကင်ကြီးက လုံ့လဝီရိယရှိသူကိုဆုချီးမြှင့်တယ်" ဆိုသည့် စကားသည် စကားလုံးသက်သက်မဟုတ်ပေ။

"ကောင်းပြီ၊ ဒုတိယ စာမေးပွဲကို အခုစတင်ပါပြီ၊

စာမေးပွဲဖြေမည့်သူအားလုံး ကျေးဇူးပြုပြီး ရှေ့သို့လာကာ

မဲနှိုက်ပြီးပြိုင်ဘက်ကို ရွေးချယ်ပါ"

လျူယဲ့က တံဆိပ်ခတ်ထားသောကံစမ်းမဲကတ်ပြားများကို ထုတ်ယူကာ ရွှေတစ်ထောင်ခန်းမ၏အလယ်ရှိ စားပွဲပေါ်တွင် ချထားပြီး ဖြေဆိုသူကို သူတို့၏မဲများကို ယူစေသည်။

ခဏအကြာတွင်၊ဖြေဆိုမည့်သူအားလုံးက ကံစမ်းမဲယူပြီးဖြစ်ကာ သူတို့၏ပြိုင်ဘက်များကို စစ်း‌နေကြသည်။

"ကျန်းမိသားစုက ကျန်းယုရှန်"

ပိုင်လီတုန်းကျွင်းသည်သူ့လက်ထဲရှိ ကံစမ်းမဲကတ်ပြားကို စစ်းဆေးပြီသည်နှင့် ကျန်းယုရှန်ကို လူအုပ်ထဲတွင် အမြန်ရှာတွေ့လိုက်သည်။

ကျန်းယုရှန်းသည် သန်မာထွားကြိုင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။သူ့ကို ကြည့်ရသည်မှာ ခန္ဓာကိုယ်ကျင့်စဉ် ကျင့်ထားပုံရှိသည်။

"ခင်ဗျားပဲ." ဟု ပိုင်လီတုန်းကျွင်းက ကျန်းယုရှန်ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

"ပိုင်လီမိသားစုရဲ့သခင်လေး" ကျန်းယုရှန်းသည် ပိုင်လီတုန်းကျွင်းကို သတိထားမိပြီး တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုစမ်းသပ်ကြည့်လိုက်ပေမဲ့ စွမ်းအင်လှုပ်ရှားမှု့များမတွေ့ရပေ။

"ပိုင်လီတုန်းကျွင်း၊ဒီအပွဲမှာ အရှုံးပေးလိုက်တာကောင်းမယ်" ဟု ကျန်းမိသားစုဝင်တစ်ဦးက ပြောလိုက်သည်။ကျန်းမိသားစု

အနေဖြင့် ကျန်းယုရှန်သည် အမတ်ကြီး ပိုင်လီမိသားစု၏

လက်ရှိအခြေအနေကို သိထားသည်။

ဧကရာဇ်ထိုင်အန်က သံသယဝင်နေသောကြောင့် ပိုင်လီ၏ လက်ရှိ သည်အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေသည်။ဒါပေမဲ့လည်း ပိုင်လီမိသားစု၏ သခင်လေးကို အလွယ်တကူထိပါးလို့ရသည့်အခြေအနေတော့မဟုတ်ပေ။

ထို့ပြင် အမတ်ကြီးသည် သူ့မိသားစုဝင်တွေကို အလွန်ကာကွယ်သည့်လူဖြစ်သဖြင့်၊ကျန်းမိသားစုအနေဖြင့် ကျောင်းစာမေးပွဲခန်းမ၌ ပိုင်လီတုန်းကျွင်းကို ဒဏ်ရာရစေခြင်းဖြင့် အမတ်ကြီး၏ အမျက်ဒေါသကိုမခံလိုပေ။

အဘယ့်ကြောင့်ဆိုသော် အမတ်မင်းသည် ၊ဧကရာဇ် ထိုင်အန်၏ သံသဖြင့်စောင့်ကြည့်ခံနေရခြင်းကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေပြီး သူ၏ဒေါသကို ဖောက်ကွဲနိုင်သည့် နေရာရှာမတွေ သေးသောကြောင့် အမတ်မင်း၏ ဒေါသက သူတို့၏ ကျန်းမိသားစုပေါ် မကျရောက်လာအောင် သတိထားရမည်။

"အရှုံးပေးရမယ်၊ကျန်းသခင်လေးက ၊ငါ့ကို အရမ်းအထင်သေးနေတာပဲ"

ပိုင်လီတုန်းကျွင်းသည် ကျောင်းတော်ကို ဝင်ရောက်နိုင်အောင် မဖြစ်မနေလုပ်ရမည့် ကိစ္စဖြစ်သည်။ထိုကြောင့် သူက လွယ်လွယ်ကူကူ လက်လျှေ့ာပစ်မမှာမဟုတ်ပေ။

"ပိုင်လီမိသားစုရဲ့ သခင်လေးက သိပ်ခေါင်းမာတာပဲ"

ဒါပေမယ့်အတွင်းအားမရှိဘဲနဲ့ သူကဘာလုပ်နိုင်မလဲ။

"ဒီ၁၄ ပွဲထဲမှာ၊ ပိုင်လီသခင်လေးကအတော်ကံဆိုးနေတာပဲ၊ ကျန်းမိသားစုနဲ့တွေ့တာက သူ့အတွက်မျှော်လင့်ချက်မရှိတော့ဘူး"

ပွဲလာကြည့်သည့်ကျင့်ကြံသူတွေကပြိုင်ပွဲတွေ၏အခြေအနေနှင့်ပြိုင်ဘက်တွေကို သုံးသပ်ပြီး ဆွေးနွေးကြသည်။

သို့သော် ထိုစကားကိုကြားလိုက်ရသောအခါ၊ အနီးအနားတွင် ဓားခုတ်လေ့ကျင့်နေသော လီကျန့်ယီက ခေါင်းခါလိုက်သည်။

ပိုင်လီတုန်းကျွင်းသည်မွေးရာပါ ကိုယ်ခံပညာသွေးကြောရှိသူ၊ ဆိုလိုသည်မှာ ကိုယ်ခံပညာလမ်းကြောင်းအတွက် မွေးဖွားလာသူဖြစ်သည်။

သူ့ဆရာကွန်ဖြူးရှပ်သာ သူ့ကိုယ်အတွင်းရှိစွမ်းအားကို၊ ရွှေဦးချိုခန္ဓာအဆင့်ကတည်းက ပိတ်ဆို့ထားခြင်း မရှိခဲ့ပါလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ယခင်ကတည်းက လျင်မြန်စွာ တိုးတက်လာခဲ့မည်ဖြစ်ပြီး၊ ဤနေရာတွင် ရှိနေသည့်သူ အားလုံးထက် သာလွန်သွားနိုင်သည်။

သို့သော်၊ဤသည်မှာလည်း ပိုင်လီတုန်းကျွင်းသည် ကိုယ်ခံပညာကို လေ့ကျင့်ရန် မနှစ်သက်သောကြောင့်၊ သူ့ဆရာက ပိုင်လီတုန်းကျွင်း အရက်သောက်နေစဉ် အင်အားတိုးစေရန် နည်းလမ်းအချို့ကို ထည့်သွင်းပေးထားကာ၊သူကိုယ်တိုင်‌တောင် မသိခဲ့ပေ။

သူတို့ မိန်ကျယ်သို့ သွားသည့်ခရီးစဉ်အထိ ပိုင်လီတုန်းကျွင်းသည် ဤလျှို့ဝှက်ချက်ကိုမသိရှိခဲ့ပေ။သူသည်အရက်သောက်သည့်အခါတိုင်း သူ၏စွမ်းအားမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးပွားလာတတ်သည်။သူ့အရက်‌သည့်အချိန်တိုင်း ပိတ်ဆို့ခံရသောသူ့၏ စွမ်းအားက ဆယ်ပုံထဲတွင် နှစ်ပုံ‌လောက်က ပိတ်ဆို့ခံရာကနေ လွှတ်မြောက်ခွင့်ရမည်။

ထို့အပြင်ကွန်ဖြူးရှပ်ဆရာကက သူ့အား အနောက်ပိုင်းချူဓားတေးသွားနှင့် လွတ်လပ်ခြင်းဓားကို အသုံးပြုပြီး ကျန်းမိသာစုကို အနိုင်ယူရန်လုံလောက်ပေသည်။

ငါ နိုင်မှဖြစ်မယ်!!

ပိုင်လီတုန်းကျွင်းသည်သူ့ခါးတွင် ချိတ်ဆွဲထားသော ဘူးသီးခြောက်ကိုချွတ်ယူကာ အရက်ကိုသောက်လိုက်သည်။

အရက်များဆက်တိုက်သောက်ပြီးနောက် ပိုင်လီတုန်းကျွင်းသည် မူးသည့် အခြေအနေသို့ ရောက်ရှိသွားကာ၊ အတွင်းအားစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း စီးဝင်လာသည်။

ခဏအတွင်းမှာပင်၊သူသည် ရွှေဦးချိုခန္ဓာအဆင့်သို့ ရောက်ရှိသွားသည်။

မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့် ကိုလည်း ထပ်မံဝင်ရောက်လိုက်သည်။

ကျန်းယုရှန်သည် ပိုင်လီတုန်းကျွင်း၏ ရုတ်တရက် မြင့်တက်လာသော စွမ်းအားလှိုင်းကို သတိပြုမိသောအခါ အလွန်တုန်လှုပ်သွားသည်။သူသည်ပိုင်လီတုန်းကျွင်း၏ ဆက်တိုက်မြင့်တက်နေသော အတွင်းအားကို ရပ်တန့်ရန် အမြန်လှုပ်ရှားလိုက်သည်။

သို့သော်၊အရက်သောက်ပြီးနောက် ပိုင်လီတုန်းကျွင်းသည် သာမန်လူမဟုတ်တော့ပေ။ပိုင်လီတုန်းကျွင်းသည်သူ၏အရက်သောက်ပြီး လှုပ်ရှားသောလက်သီးဖြင့် ထိုးလိုက်သည်၊ ကျန်းယုရှန်ကို အလျင်အမြန် နောက်ပြန်ဆုတ်စေကာ၊ ကျန်းယုရှန်မှာ ပြန်လည်တိုက်ခိုက်ခွင့်ပင်မရှိဘဲ ရှုံးနှိမ့်သွားသည်။

အရက်မူး သိုင်းလားဟ!!

ကျန်းယုရှန်မှာ အရက်မူးနေသည့် လူတစ်ယောက်ကို ရှုံးနှိမ့်သောကြောင့် စိတ်မအီမသာခံစားလိုက်ရသည်။

ဤမြင်ကွင်းကိုမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော ကျင့်ကြံသူတို့မှာ မျက်လုံးများပြူး ကျယ်သွားကြသည်။

သူတို့လုံးဝမမျှော်လင့်ထားခဲ့သည်မှာ၊ မျှော်လင့်ချက် လုံးဝမရှိသည့်ပိုင်လီတုန်းကျွင်းက အနိုင်ရသွားခြင်းဖြစ်သည်။

"ဒါက...ဒီလိုနည်းနဲ့ နိုင်သွားတာလား"ပြိုင်ပွဲက မြန်ဆန်စွာပြီးဆုံးသွားသည်ကို တွေ့မြင်ရသော ပွဲကြည့်ပရိတ်သတ်များကြည့်ရှုနေသူများက အခုထိမူးနေသော ပိုင်လီတုန်းကျွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

"နိုင်သွားတာပဲ"

လဲ့မုန့်ရှား၊ပိုင်လီတုန်းကျွင်း အင်အားတိုးရန် နောက်ထပ်အရက်သောက်နေပြီဖြစ်ကြောင်း မြင်တွေ့ရသောအခါ၊ ပိုင်လီတုန်းကျွင်း မကြာမီ လှဲကျမည်ကိုစိုးရိမ်သဖြင် သူသည် စာမေးပွဲခန်းမထဲသို့ အမြန်ဝင်ရောက်ကာ ပိုင်လီတုန်းကျွင်းကို ခေါ်ခဲ့သည်။

ထိုနောက်တွင် ဖြေဆိုသူများက သူတို့၏ ပြိုင်ဘက်များနှင့် ဆက်လက်ယှဉ်ပြိုင်ပြီးနောက်မှာတော့၊ အနိုင်ရသူ ၁၄ယောက်ပေါ်ထွက်လာသည်။ထို ၁၄ယောက်ဟာ စာမေးပွဲ၏ နောက်ဆုံးအဆင့်ကို တရားဝင် ဖြေဆိုခွင့်ရသူများဖြစ်လေသည်။

All Chapters