ရုပ်ပြစာအုပ် အတွဲသုံး
Vol. 12 Ch. 120
ယောက္ခမနှင့် ခဏတာ စကားပြောပြီးနောက် ပန်းကန်များ နှင့် ခွက်များကို ဆေးကြောပြီးစီးသွားခဲ့ပြီးဖြစ်သည်။ လီကျန့်ယီသည် ဓားခန်မသို့ ပြန်လာသည့်အချိန်တွင် အပြာနုရောင် ဂါဝန်လေး ဝတ်ထားသော လီဟန်ယီသည် ရှောင်ကျဲကို စနောက်ရန် နည်းလမ်းကောင်းတစ်ခု ရှာတွေ့ထားသည်ကို မြင်လိုက်ရ၏။ ရှောင်ကျဲသည် လက်ထဲတွင် အစားအသောက် ရှိနေသရွေ့ မည်သည့်အရာကိုမဆို လုပ်ရန် အသင့်ရှိနေသည်။
ဒီကောင်လေးသည် တကယ့် အစားကြူးတဲ့ ကောင်လေးပင်။
ထို့ပြင် သူသည် လီကျန့်ယီထက်ပင် ပို၍ အစားမက်သေးသည်။ အနည်းဆုံးတော့ လီကျန့်ယီသည် အရင်က ခေါင်းမာခဲ့သေးသည် မဟုတ်ပါလား။ ရှောင်ကျဲမှာမူ ချက်ချင်းပင် လက်နက်ချကာ အစ်မဖြစ်သူ ခိုင်းသမျှကို လုပ်ပေးနေတော့သည်။
"ရှောင်ကျဲ... အစ်မအတွက် အဝတ်စုတ် သွားယူပေးဦး၊ ဒါဆိုရင် အရသာရှိတဲ့ သကြားလုံး ကျွေးမယ်" ဟု လီဟန်ယီက သကြားလုံးတစ်လုံးကို ခွာ၍ ရှောင်ကျဲရှေ့တွင် ပြကာ စနောက်လိုက်၏။
ရှောင်ကျဲသည် ထုံးစံအတိုင်း သွားရည်များကျလာပြီးနောက် ပျော်ရွှင်စွာဖြင့် အဝတ်စုတ်ကို သွားယူလေသည်။ ထို့နောက် သူသည် လီဟန်ယီထံသို့ အဝတ်စုတ်ကို လျင်မြန်စွာ လာပေးရှာသည်။
"ဟီးဟီး... ဟီးဟီး" ရှောင်ကျဲသည် ရိုးသားစွာ ပြုံးရယ်လျက် ခေါင်းလေးစောင်းကာ လီဟန်ယီကို ကြည့်နေသည်။
"အင်း... ရှောင်ကျဲက တကယ့် လိမ္မာတဲ့ ကောင်လေးပဲ"
လီဟန်ယီက ရှောင်ကျဲအား သကြားလုံး ပေးလိုက်ရာ၊ ကောင်လေးသည် သကြားလုံးကို ပျော်ရွှင်စွာ စားနေသလို မြေပြင်ပေါ်ရှိ သကြားလုံးခွံများကို ကောက်ယူကာ ဆော့ကစားနေတော့၏။
"ဟန်ယီ... မင်း စားပွဲသုတ်နေတာလား" ဟု လီကျန့်ယီက ရှေ့မှ မိန်းကလေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... သုတ်လို့ မရဘူးလား" ဟု မိန်းကလေးက နွဲ့ပြီးပြန်ပြောလေသည်။
"ရတာပေါ့... သေချာပေါက် ရတာပေါ့" လီကျန့်ယီသည် ရှေ့သို့ တိုးသွားကာ လီဟန်ယီကို နောက်မှနေ၍ ဖက်လိုက်ပြီး "ခုနက အမေက ငါတို့ ကိစ္စကို တကယ် သဘောတူလိုက်ပြီ ဟန်ယီ။ အခုကစပြီး ငါ့ကို ဘယ်လို ခေါ်ရမလဲဆိုတာ မင်း သိသင့်ပြီ မဟုတ်လား" ဟု တိုးတိုးလေး ကပ်ပြောလိုက်၏။
"ဘာကို ဘယ်လို ခေါ်ရမှာလဲ၊ အမေက သဘောတူပေမဲ့ ငါက သဘောမတူသေးဘူးလေ" ဟု ဆိုကာ လီဟန်ယီသည် ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် ရှက်သွေးဖြာကာ လီကျန့်ယီကို တွန်းထုတ်လိုက်သည်။
"ရှောင်ကျဲနဲ့ သွားဆော့ချေ၊ ငါ စားပွဲသုတ်ရဦးမယ်" လီဟန်ယီက မျက်နှာလေး နီမြန်းလျက် အဝတ်စုတ်ဖြင့် စားပွဲကို အသေအချာ သုတ်နေတော့၏။
သို့သော်လည်း လီကျန့်ယီ ပြောသွားသော စကားများက သူမ၏ စိတ်ထဲတွင် ဝဲလည်နေသည်။ စားပွဲသုတ်နေရင်းပင် သူမသည် တစ်ဝက်မှာတင် ရုတ်တရက် ရပ်တန့်သွားတတ်၏။
ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ လီကျန့်ယီသည် လီဟန်ယီ၏ လက်ထဲမှ အဝတ်စုတ်ကို လုယူလိုက်ပြီး "မင်း တစ်ခုခုကို တွေးနေပုံရလို့ ငါပဲ သုတ်ပေးတော့မယ်" ဟု ဆိုကာ စားပွဲကို စတင်သုတ်လိုက်သည်။
အဝတ်စုတ် အလုခံလိုက်ရသဖြင့် လီဟန်ယီ၏ လှပသော မျက်ဝန်းများသည် လီကျန့်ယီကို ကြည့်နေပြီး သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။ "အမေ... အမေက သဘောတူတယ်ဆိုတော့... ဒါဆိုရင် ငါက အခုကစပြီး ယီယီကို ယောင်္ကျားလို့ ခေါ်ရတော့မှာလား"
ထိုသို့ တွေးလိုက်မိသည်နှင့် လီဟန်ယီ၏ မျက်နှာလေးမှာ ပို၍ပင် နီရဲလာတော့သည်။ သူမ၏ မျက်ဝန်းများသည် လီကျန့်ယီ၏ အကြည့်နှင့် ဆုံသွားသောအခါ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြီး သူကို ကြည့်ရုံနှင့်ပင် ရှက်ရွံ့နေမိသည်။
"ဟန်ယီ... မင်း ပြောင်းလဲသွားပြီ၊ ငါ့ကို မြင်တာနဲ့ ဘာလို့ ရှက်နေတာလဲ။ မင်း ငါ့ကို ဓားနဲ့ ခြိမ်းခြောက်ပြီး လက်ထပ်ခိုင်းရမှာ မဟုတ်ဘူးလား" လီကျန့်ယီက စားပွဲသုတ်ရင်း ရှက်နေသော လီဟန်ယီကို ပြုံး၍ စလိုက်သည်။
"ငါ... ငါ အဲ့လို မလုပ်ပါဘူး" ဟု လီဟန်ယီက ခေါင်းမာစွာ ပြန်ပြောလေသည်။ အာဏာပြတတ်သော အမျိုးသမီး အလုပ်ရှင်ကဲ့သို့ ပုံစံမျိုးမှာ သူမ မဟုတ်သကဲ့သို့ပင်။
"ဟား..ဟား. ဟန်ယီရဲ့ နှုတ်ခမ်းလေးကတော့ တကယ်ကို လိမ်ညာတတ်တာပဲ"လီကျန့်ယီက အားရပါးရ ရယ်မောလိုက်၏။
လီဟန်ယီက မျက်မှောင်ကြုတ်ကာ "ယီယီ... မင်းရဲ့ ပါးစပ်ကသာ လိမ်နေတာပါ" ဟု ပြန်ပြောသည်။
"မဟုတ်တာ... ဟန်ယီရဲ့ပါးစပ်ပဲ" လီကျန့်ယီသည် စားပွဲသုတ်ပြီးသည်နှင့် အဝတ်စုတ်ကို ဘေးသို့ ပစ်ချလိုက်ကာ၊ လီဟန်ယီ၏ ပါးပြင်ကို ရုတ်တရက် နမ်းလိုက်ပြီး လျင်မြန်စွာပင် ထွက်ပြေးသွားတော့၏။
မည်သူက လိမ်ညာသူဖြစ်ကြောင်း ငြင်းခုံနေသော လီဟန်ယီကို ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့တော့သည်။
"ငါတစ်ယောက်တည်း ပြောင်းလဲသွားတာ မဟုတ်ဘူး... မင်းလည်း ပြောင်းလဲသွားတာပဲ..." လီကျန့်ယီ ထွက်ပြေးသွားသော ဘက်ကို ကြည့်ရင်း လီဟန်ယီသည် သူမ၏ ဖြူ ဖွေးသော လက်ကလေးဖြင့် အနမ်းခံလိုက်ရသော ပါးပြင်ကို ပွတ်သပ်ကာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
ယခင်က ခြိမ်းခြောက်ပြီး သိမ်းသွင်းမှရသည့် လီကျန့်ယီသည် မရှိတော့ဘဲ၊ ယခုအခါတွင်မူ သူကပင် စတင်လှုပ်ရှားလာသဖြင့် ခဏအတွင်းမှာပင် သူမအနေဖြင့် အနည်းငယ် အသားမကျ ဖြစ်နေရသည်။ငါက အပေါ်က ဖြစ်ရမှာကို၊ ဘာလို့ ရုတ်တရက် အောက်က ဖြစ်သွားရတာလဲ။ ဒါပေမဲ့ ဒီခံစားချက်က တကယ်ကို ကောင်းပါတယ်...။ ဒါပေမဲ့ ငါ့ကို ခိုးနမ်းသွားတဲ့အတွက် မင်းကို အလွတ်မပေးဘူး။
လီဟန်ယီသည် သူမ၏ နှုတ်ခမ်းနီနီလေးကို ဖိကိုက်ကာ သတ္တိကို မွေးပြီး လီကျန့်ယီ၏ အခန်းဆီသို့ ဦးတည်သွားတော့၏။ ၎င်းသည် သိုးငယ်တစ်ကောင်က သားသတ်ရုံထဲသို့ သွားနေသကဲ့သို့ ဖြစ်နေသော်လည်း၊ အနမ်းခံလိုက်ရသော သူမသည် ပြန်၍ နမ်းချင်နေပေသည်။ ဘယ်သူက အပေါ်က မဖြစ်ချင်ဘဲ နေပါမည်နည်း။
လီကျန့်ယီ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ၊ လီကျန့်ယီသည် ကုတင်ပေါ်တွင် လှဲလျက် ရုပ်ပြစာအုပ် တစ်အုပ်ကို ဖတ်နေသည်ကို မြင်လိုက်ရသည်။ သူမ မှတ်မိသလောက်ဆိုလျှင် မနက်စာ စားရန် လာခေါ်စဉ်ကလည်း လီကျန့်ယီသည် ဤစာအုပ်ကို ကြည့်နေခဲ့ခြင်း ဖြစ်၏။စာမဖတ်ချင်သော လီကျန့်ယီကို စွဲလန်းသွားအောင် လုပ်နိုင်သည့် စာအုပ်မှာ မည်သို့သော စာအုပ်မျိုး ဖြစ်နေမည်နည်း။
"ယီယီ... ဘာတွေ ကြည့်နေတာလဲ၊ စိတ်ဝင်စားဖို့ ကောင်းလား၊ ငါလည်း ကြည့်ချင်တယ်" ဟု ဆိုကာ လီဟန်ယီသည် လီကျန့်ယီ၏ ဘေးသို့ အမြန်လျှောက်သွားသည်။
လီဟန်ယီ ရုတ်တရက် ဝင်လာသဖြင့် လီကျန့်ယီမှာ လန့်သွား၏။ သူသည် အသိပညာများ တိုးပွားအောင် လုပ်ရန် ပြင်ဆင်နေစဉ်မှာပင် လီဟန်ယီ ရောက်လာခြင်း ဖြစ်သည်။
"ဟင့်အင်း... ဘာမှ မဟုတ်ပါဘူး၊ ဒါက ကြည့်လို့ မကောင်းပါဘူး" လီကျန့်ယီသည် စာအုပ်ကို သူ၏ တင်ပါးအောက်တွင် ချက်ချင်း ဝှက်လိုက်သည်။
လီဟန်ယီက မျက်လုံးလေး မှေးကာ "လိမ်နေတာ၊ မကောင်းရင် ဘာလို့ ခနခန ကြည့်နေမှာလဲ။ မင်းက ငါ့ကို မပြချင်လို့မလား" ဟု ပြောလိုက်သည်။
"တကယ် မကောင်းလို့ပါ... ဒါက ပညာရှိ တစ်ယောက် ရေးထားတဲ့ ကဗျာပေါင်းချုပ်ပဲ။ ဟန်ယီ... မင်း ကဗျာဖတ်ရတာ ဝါသနာပါလို့လား" လီကျန့်ယီသည် ရုပ်ပြစာအုပ်ထဲရှိ ကဗျာများကို ရုတ်တရက် သတိရသွားကာ လီဟန်ယီကို ချက်ချင်း တုံ့ပြန်လိုက်သည်။
"ကဗျာ" လီဟန်ယီသည် လီကျန့်ယီကို သံသယဖြင့် ကြည့်ကာ သူမ၏ လက်ကလေးကို ဆန့်တန်းလိုက်ပြီး "ငါ့ကို ပြစမ်း၊ မင်းကို ဒီလောက် စွဲလန်းသွားစေတဲ့ ကဗျာပေါင်းချုပ်က ဘာလဲဆိုတာ ငါ ကြည့်ချင်တယ်" ဟု ပြောသည်။
"တကယ်... တကယ် ကြည့်ချင်တာလား" လီကျန့်ယီက ဝေခွဲမရ ဖြစ်နေသည်။
"တကယ်" လီဟန်ယီက ခေါင်းညိတ်ပြ၏။
"ဒါဆိုရင်... ဒါဆိုရင် ငါ မပြဘူး" လီကျန့်ယီအနေဖြင့် သူ ခိုးဖတ်နေသော ရုပ်ပြစာအုပ်ကို မည်သို့ ပြရဲမည်နည်း။ ဒါမှမဟုတ် လီဟန်ယီက သိသွားပြီလား။ ထိုသို့ မဖြစ်နိုင်ပါ။ လုံးဝ မဖြစ်နိုင်ပါ။
"ဟွန့်.. မပြဘူးပေါ့... ဒါဆိုရင် ငါ မင်းကို အပြစ်ပေးမယ်" လီဟန်ယီသည် လီကျန့်ယီဆီသို့ လျှောက်သွားကာ၊ သူ၏ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူ၏အပေါ်သို့ အုပ်မိုးကာ ရုတ်တရက် နမ်းလိုက်တော့သည်။ထို့နောက် သူမသည် အထက်စီးဆန်ပြုမူသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် "ဒါက မင်းအတွက် အပြစ်ပေးတာပဲ ယီယီ" ဟု ပြောလိုက်၏။
နမ်းပြီးသည်နှင့် လီဟန်ယီသည် လျင်မြန်စွာ ထရပ်ကာ လှည့်ထွက်သွားခဲ့ပြီး သူမ၏ မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွားတော့သည်။ သို့သော် လီကျန့်ယီကို သူမ၏ ရှက်နေသော မျက်နှာကို မမြင်စေရန် နောက်သို့ လှည့်ပင်မကြည့်ဘဲ ဖြောင့်ဖြောင့်တန်းတန်းပင် ထွက်သွားသည်။
ထိုသို့လုပ်ခြင်းအားဖြင့် လီကျန့်ယီအား သူမသည် အရင်အတိုင်းပင် ဖြစ်ကြောင်း၊ သူမ၏ ရှေ့တွင် သူသည် အထက်စီးဆန်လို့မရကြောင့် ပြောပြနေခြင်းလည်း ဖြစ်၏။
သူမ ထွက်သွားသည်နှင့် လီကျန့်ယီသည် အထက်စီးဆန်တတ်သော လီဟန်ယီ၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း ရင်ဘတ်ကို ဖိကာ "တော်သေးတာပေါ့၊ ဟန်ယီက ငါ့ကို အတင်းအကျပ် မလုပ်လို့၊ မဟုတ်ရင် ငါ ဖတ်နေတဲ့စာအုပ်တာ ပေါ်တော့မှာပဲ" ဟု ပြောကာ စိုးရိမ်စိတ်ဖြင့် သက်ပြင်းချလိုက်သည်။
ထိုအချိန်မှာပင် လီဟန်ယီသည် သူမ၏ အခန်းသို့ ပြန်သွားစဉ် လမ်း၌ ဓားနှလုံးဂူဗိမာန်မှ တပည့်နှစ်ဦးဖြစ်သော ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် ကုလားထိုင်များတွင် ထိုင်ကာ စာအုပ်များကို ဖတ်ရင်း ပြုံးစိစိ ဖြစ်နေကြသည်ကို မြင်လိုက်ရ၏။
မူလက သူမ သိပ်ဂရုမစိုက်သော်လည်း ရှောင်လန်နှင့် ရှောင်ပိုင်တို့၏ လက်ထဲမှ စာအုပ်များသည် ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် သူမသည်... သူမ စိတ်ဝင်စားသွားခဲ့သည်။
"ရုပ်ပြစာအုပ် အတွဲ ၃"
စာအုပ်၏ ကျောဖက်ရှိ အတွဲနံပါတ်ကို ကြည့်ကာ၊ လီကျန့်ယီ ဖတ်နေသည်မှာ ဤစာအုပ်၏ အပိုင်း ၁ ဖြစ်နိုင်ကြောင်း လီဟန်ယီ သတိရသွားသည်။
"ရှောင်လန်... ရှောင်ပိုင်... မင်းတို့ ဘာစာအုပ်ကြည့်နေတာလဲ" ဟု လီဟန်ယီက အနားသွား၍ ကြည့်ရန် ကြိုးစားလိုက်သည်။သို့သော် အံ့ဩစရာကောင်းသည်မှာ ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် အလန့်တကြား ခုန်ထကြခြင်းပင်။ အကယ်၍ သခင်မလေးကသာ သူတို့ ဤကဲ့သို့သော စာအုပ်များ ဖတ်နေသည်ကို မြင်သွားပါက သူတို့ သေပြီ မဟုတ်ပါလား။
သူတို့က ပျာပျာသလဲဖြင့် "ဟင့်အင်း... ဘာမှ မဟုတ်ပါဘူး" ဟု ပြိုင်တူငြင်းကြသည်။
"ဘာမှ မဟုတ်ရင် ငါ့ကို ပြစမ်း" လီဟန်ယီက မျက်မှောင်ကြုတ်ကာ သူမက တင်းမာစွာပြောလိုက်၏။
ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် ဘာဖြစ်နေမှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ရုပ်ပြစာအုပ်ကို ပေးလိုက်ကြရတော့သည်။
လီဟန်ယီသည် စာအုပ်ကိုချက်ချင်း ယူကာ သူမ၏ အခန်းသို့ ချက်ချင်း ပြန်သွား၏။
လီဟန်ယီ ထွက်သွားသည်ကို မြင်ပြီးနောက် ရှောင်လန်နှင့် ရှောင်ပိုင်တို့မှာ အလွန်ပင် စိတ်ပျက်သွားကြပြီး "သွားပြီ... အကုန် သွားပြီ" ဟု ညည်းတွားကြသည်။
"သွားရုံတင် မကဘူး၊ ဒီရုပ်ပြစာအုပ်က သုံးတွဲပဲ ရှိတာ၊ အားလုံးက တောင်ပိုင်းကျွယ်က လာတာပဲ၊ မြောက်ပိုင်းလီ တစ်ခုလုံးမှာ ငါးအုပ်ပဲ ရှိတာကို"
ဤရုပ်ပြစာအုပ်များသည် ယခုအခါတွင် ရိုက်နှိပ်ခြင်း မရှိတော့ဘဲ ရှားပါးကုန်ပြီ ဖြစ်သည်။
"ဒါပေမဲ့... အခုတော့ အကုန်လုံး ဆုံးရှုံးသွားပြီ" ဟု ရှောင်လန်က ဝမ်းနည်းပက်လက် ငိုတော့၏။ရှောင်ပိုင်က သူမကို စိုက်ကြည့်ကာ "အဓိက ပြဿနာက သခင်မလေးက ငါတို့ စာအုပ်ကို ယူသွားတာပဲ" ဟု ပြောသည်။
ရှောင်လန်က အလေးအနက်ဖြင့် "ဒါကို ဝယ်ခိုင်းတာက ဂိုဏ်းချုပ်ငယ်လေးလေ" ဟု ပြန်ပြော၏။
"ဟုတ်တယ်ဟ" ရှောင်ပိုင်သည် စောစောက အလိုမကျမှု့များ ပျောက်ကွယ်သွားကာ ရုတ်တရက် ဝမ်းသာသွားတော့သည်။