Chapters

ဓားပညာသင်ရခြင်း၏ ရည်ရွယ်ချက်

Vol. 8 Ch. 74

ဓားပညာသင်ရခြင်း၏ ရည်ရွယ်ချက်

Vol. 8 Ch. 74

အငမ်းမရ စားသောက်နေသော လီကျန့်ယီသည် အရသာရှိသော အစားအစာများကို ဝါးစားနေရင်း လော့ရွှေ၏ ထူးခြားသော အကြည့်များကို သတိပြုမိ၏။ တခြားသူများနည်းတူ သူမသည်လည်း မိမိကို "မိန်းမဆိုး" ကြိုက်တတ်သော ထူးဆန်းသည့် ဝါသနာရှိသူဟု မှတ်ယူနေခြင်းဖြစ်ကြောင်း သူ ရိပ်မိသည်။ သို့သော် လီကျန့်ယီကမူ ထိုအချက်ကို လုံးဝ ဂရုမစိုက်ပေ။ သူသည် လူထူးလူဆန်းဟု အကြိမ်ကြိမ် အခေါ်ခံရဖူးသဖြင့် ယခုအခါ အသားကျနေပြီ ဖြစ်၏။

"ဟန်ယီ... မင်းလည်း စားဦးလေ၊ ငါ စားတာကိုပဲ ထိုင်ကြည့်မနေနဲ့" လီကျန့်ယီက အလုပ်ရှုပ်နေသည့်ကြားမှ တစ်လုတ်ခန့် ဖဲ့ပေးလိုက်သည်။ ဟန်ယီလေးသည်လည်း နာခံစွာဖြင့် မုန်ညင်းရွက်လေးတစ်ရွက်ကို ကောက်ယူကာ ပါးစပ်လေးထဲထည့်၍ ဝါးနေလေ၏။

ထိုသည်ကို မြင်သောအခါ လီကျန့်ယီက မုန်ညင်းရွက်ဖြင့် ဝက်သားသုံးထပ်သားကို လိပ်၍ "ဟန်ယီ... မုန်ညင်းချည်းပဲ စားနေလို့ ဘာလုပ်မှာလဲ၊ ဝက်သားနဲ့ လိပ်စားတာက ပိုအရသာရှိတယ်" ဟု ပြောကာ သူမ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ ဟန်ယီလေးသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း ပါးပြင်လေးများ နီမြန်းလျက် ထိုအသားလိပ်ကို စားလိုက်၏။

"အရမ်း... အရသာရှိတာပဲ" ဟန်ယီလေးက ကျေနပ်စွာ ပြောရင်း လီကျန့်ယီကဲ့သို့ပင် အားပါတရ စားသောက်တော့သည်။ လီကျန့်ယီသည်လည်း ဟန်ယီလေးကို အာဟာရပြည့်ဝအောင် ကျွေးနိုင်မှသာ အရပ်ရှည်လာမည်ဟု တွေးတောကာ စိတ်အေးလက်အေး ဆက်လက်စားသောက်နေသည်။

ဘေးမှ ကြည့်နေသော လော့ရွှေမှာမူ အံ့အားသင့်နေမိ၏။ သူတို့နှစ်ဦး၏ ပုံစံမှာ ဦးလေးနှင့် တူမ၊ သို့မဟုတ် ငယ်သူငယ်ချင်းများနှင့် မတူဘဲ အပြန်အလှန် ဂရုစိုက်နေကြသော ဇနီးမောင်နှံအိုကြီးများနှယ် ဖြစ်နေသောကြောင့်ပင်။

"ဒါပေမဲ့ ဟန်ယီက လီကျန့်ယီက မိန်းမဆိုးတွေကိုပဲ ကြိုက်တယ်လို့ ပြောခဲ့တာ မဟုတ်လား၊ အခုတော့ ဒါက လုံးဝ မကိုက်ညီဘူးပဲ" ဟု သူမ စဉ်းစားမရ ဖြစ်နေ၏။

ထိုစဉ် ဝမ်ဟူကျူး၊ လဲ့ကျင့်နှင့် ကျီရူဖန်တို့က လော့ရွှေ၏ အကြောင်းကို မေးမြန်းကြသည်။ လော့ရွှေက "အကြီးအကဲလီက ကျမကို သဘောကျနေတာဆိုရင် ရှင်တို့ ယုံမလား" ဟု စ နောက်လိုက်သောအခါ အားလုံးမှာ မှင်သက်သွားကြသည်။

"အကြီးအကဲလီက ခင်ဗျားကို ချစ်နေတာလား" သူတို့က မယုံကြည်နိုင်စွာ မေးမြန်းကြ၏။

‌ လော့ရွှေက လီချန်းရှန်၏ ယခင်ဇနီးဟောင်းများအကြောင်းကိုပါ ထည့်သွင်းပြောဆိုကာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသဖြင့် နန်ကုန်းချွမ်းရွှေမှာ ထိတ်လန့်သွားသည်။ သူသည် ဝမ်ဟူကျူးတို့ သုံးဦးအား လော့ရွေကို ထပ်မံ မနှောင့်ယှက်ရန် ကြားဝင်တား ဆီးလိုက်ရ၏။ "ကျွန်‌တော်ရဲ့ စီနီယာအစ်မက နည်းနည်း စိတ်တိုတတ်လို့ပါ၊ ပြောစရာရှိရင် ကျွန်တော်ကိုပဲ ပြောကြပါ" နန်းကုန်းချွမ်းရွှေပြုံးလျက် ပြောသော်လည်း လော့ရွှေက သူပေါင်ကို အတင်းဆိတ်လိုက်သဖြင့် အောင့်သက်သက်နှင့်ပင် ဆက်လက်ပြုံးနေရသည်။

လီကျန့်ယီက ထိုမြင်ကွင်းကို ကြည့်ကာ "ဟန်ယီ... ဆရာလီက မင်းကို ဓားပညာ သင်ပေးသလား" ဟု မေးလိုက်၏။ ဟန်ယီလေးက ဂုဏ်ယူစွာဖြင့် "ဟုတ်တယ်,ဆရာက ကျမကို '‌ အေးခဲ ရေငြိမ်ဓားသိုင်း' သင်ပေးထားတာ၊ အဲဒီဓားသိုင်းက အရမ်းအစွမ်းထက်တယ်" ဟု ပြန်ပြောသည်။

လီဟန်ယီက ဆက်လက်ပြီး "ဆရာပြောတာတော့ တတိယအဆင့်ကို ရောက်ရင် ကျမက လောကမှာ အစွမ်းအထက်ဆုံး ဖြစ်လာမှာတဲ့၊ အဲ့ဒီအချိန်ကြရင် ယီယီကို ကျွန်မစကားကို နားထောင်အောင် လုပ်လို့ရပြီ" ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်။

လီကျန့်ယီမှာမူ အံ့သြသွားကာ "မင်းက ငါ့ကို ဆုံးမဖို့အတွက် ဓားပညာသင်နေတာလား" ဟုစိတ်ထဲမှာ မတွေးပဲမနေနိုင်အောင် တွေးမိသွားတော့သည်။