မိန်းမတွေကကျွန်တော်ရဲ့ဓားလေ့ကျင့်ရေးအရှိန်ကို နှေးစေတယ်
Vol. 1 Ch. 2
လဲ့မုန့်ရှားအပေါ် ဒေါသထွက် ကြိမ်းမောင်းပြီးနောက် သခင်ကြီးလီဆူးဝမ်သည် ဒေါသစိတ်ကိုထိန်းလိုက်ပြီး မြေးမလေး၏ မျက်ရည်တွေကိုနူးညံ့စွာသုတ်ပေးလိုက်ကာ နွေးထွေးစွာ ပြောလိုက်သည်။
"မငိုနဲ့တော့ ဓားနှလုံးကျောက်ဆောင်ကိုသွားပြီး ဓားရူးကလေးနဲ့သွား ဆော့လိုက်အုန်း၊အဖိုးက သမီးရဲ့အဖေနဲ့အမေကို ဆွေးနွေးစရာရှိတယ်။"
"ဟုတ်ကဲ့ပါ!"
လီဟန်ယီကနာခံစွာ ခေါင်းညိတ်လိုက်ပြီး ဓားကျောင်ဆောင် ဘက်သို့ တက်ကြွစွာပင်သွားလိုက်တော့သည်။ထိုနေရာက ဓားရူးလေး၏ ကိုယ်ပိုင်နေရာဖြစ်သည်ကို သူမသိထားသည််။ ဒီလမ်းတွေက သူမအကျွမ်းတဝင်ရှိလေသည်။ ဓားနှလုံးဂူဗိမာန်တွင် သူမနဲ့ရွယ်တူကလေးဆိုလို့ လီကျန့်ယီ သာရှိသည်။ ထိုကြောင့် လီကျန့်ယီနဲ့ဆော့ကစားနိုင်ဖို့ သူမ၏အိပ်မက်ဖြစ်လေသည်။
ဓားနှလုံး ကျောက်ဆောင်။
ဓားချက်များနှင့်ပြည့်နှက်နေသောဂူအိမ်လေးတစ်ခု။
လီကျန့်ယီက "ဓားထိုးသတ်"ဆိုသည့်ဓားချက်ကို အာရုံစိုက်ပြီး
လက်ထဲက ဓားကိုတစ်ကြိမ်ပြီး တစ်ကြိမ်၊ထပ်ခါ ထပ်ခါဓားချက်ကိုထုတ်လွှတ်နေသည်။တစ်ခါပြီးတစ်ခါ ဓားချက်ထုတ်ပြီးလွဲရမ်းလိုက်တိုင်း သူ၏ခွန်အားတွေက နည်းနည်းချင်းတိုးလာသည်ကိုခံစားနေရသောကြောင့် သူ၏စိတ်ပျက်မှု့များက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေတော့သည်။
ကြိုးစားရင် အကျိူးအမြတ်ဆိုတာကဧကန်မလွဲပြန်ရမည် မှာအသေအချာပင်။ယခုချိန်တွင်သူ့၏ထိရောက်သော ဓားချက်လွဲရမ်းမှု့မှာ ၁၀သန်းကနေ၁၀သန်းနဲ့၁၀ကြိမ် အထိရောက်ရှိသွားလေတော့သည်။
"ဒင်...ပိုင်ရှင်ကဓားကိုအောင်မြင်စွာလွဲရမ်းပြီးသွားတဲ့ အရေအတွက်က တစ်ဆယ်သန်းနဲ့ဆယ်ကြိမ်ပြည့်မြောက်ပါပြီ ဆုလာဘ်- တစ်နှစ်တာ ကြိုးကြိုးပမ်းပမ်း အားထုတ်မှု့ အင်အား ၁% တိုးတက်ပါတယ်"
ဓားလွဲရမ်းမှု့အရေအတွက်သတ်မှတ်ချက်တစ်ခုကိုရောက်တဲ့အခါ "ဓားနတ်ဘုရား" စနစ်ရဲ့ အသံက လီကျန့်ယီ၏ စိတ်ထဲမှာ သတိပေးချက်မြည်လာသည်။
"စနစ်ကိုဖွင့်"
လီကျန့်ယီက စိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်သည်။
ခနအကြာတွင် သူ၏ ကိုယ်ရေးကိုယ်သာအချက်အလက်ပြ ဇယားတစ်ခုက လေဟာနယ်ထဲတွင်ပေါ်လာသည်။ဒိဟာတွေကို သူကလွဲပြီးဘယ်သူမှမမြင်နိုင်ပေ။
【ပိုင်ရှင်- လီကျန့်ယီ
အသက်-တစ်ဆယ့်တစ်နှစ်
ကိုယ်ခန္ဓာ-မွေးရာပါ ဓားသန္ဓေခန္ဓာကိုယ်
အရည်အချင်း-ထူးချွန်းအဆင့်
ကျင့်ကြံခြင်းအဆင့်- ကျိူးရှောင် အထွဋ်အထိပ်(တိုးတက်မှု ၉၉%)
စိတ်စွမ်းအား-နတ်ဘုရားအဆင့် အထွတ်အမြတ် စင်ကြယ်သောနှလုံးကျမ်(စင်ကြယ်သောအရာသည် မသန့်ရှင်းသောအရာ၏ အရင်းအမြစ်၊ လှုပ်ရှားမှုသည် ငြိမ်သက်မှု့၏ အခြေခံ၊ တစ်ကိုယ်တည်း အမြဲတမ်း စင်ကြယ်ငြိမ်သက်နေနိုင်သည်)
ကျင့်စဉ် -နတ်ဘုရားအဆင့် ဓားဆွဲနည်း (ရန်သူများပြားသော်လည်း၊ တစ်ချက်တည်းနှင့် ရှုံးနိမ့်စေနိုင်သည်)
ရွေ့လျားမှုနည်း-နတ်ဘုရားအဆင့် ကောင်းကင်သို့ပျံသန်းခြင်း ကိုယ်ဖော့စနစ်(ခြေလှမ်းပေါ့ပါးပြီး မှန်းဆရခက်ကာ ပြောင်းလဲမှုများက ကြိုတင်ခန့်မှန်းဖို့မဖြစ်နိုင်ပေ )
ပိုင်ဆိုင်သည့်လက်နက်များအာကာသဥက္ကာခဲ၊ဒဏ်ရာကုသဆေးလုံး၊ရွှေအမျိူးမျိူးနှင့်ရွေ့လျားနိုင်သည့်စီးတော်ယာဉ်အမျိူးအစားတစ်ခု(ဓားလွဲရမ်းမှု့အရေအတွက်သတ်မှတ်ချက်တစ်ခုကိုရောက်ရှိတဲ့အတွက် ထပ်ဆောင်းဆုလာဘ်အဖြစ် ရရှိ)】
သူရဲ့ ပိုင်ဆိုင်မှု့တွေကို စစ်ဆေးကြည့်ပြီးနောက် လီကျန့်ယီရဲ့ စိတ်များကအရမ်းစိတ်လှုပ်ရှားသွားသည်။ ဘာကြောင့်လဲဆိုတော့ သူသာသတ်မှတ်ထားသည့် အကြိမ်အရေအတွက်ထိ ဓားချက်တွေကို လွဲရမ်းလိုက်ရုံနှင့် နောက်တစ်ဆင့်မှာ ဖုယောင်အဆင့်ကို ရောက်သွားမည်ဖြစ်သည် ။တွေးကြည့်ရုံနဲ့ တင် သူ့၏အင်အားများကတိုးပွားလာသလို ခံစားလိုက်ရပြီး ဆက်လေ့ကျင့်ဖို့စိတ်အားထက်သန် လေတော့သည်။
လီကျန်းယီက ဓားကိုမြောက်လိုက်ပြီးနောက်ထပ်ဓားချက် တစ်သောင်း လွဲရမ်းဖို့အသင့်ဖြစ်နေချိန်မှာပဲ၊ နူးညံ့ကြည်လင်သည့် အသံတစ်သံက ဂူအပြင်ကနေ လွှင့်ပျံ့လာသည်။
“ယီယီ….ရှိလား”
"မ... မရှိဘူး"
လီဟန်ယီ ရဲ့ နူးညံ့တဲ့ အသံကို ကြားတဲ့အခါလီကျန့်ယီရဲ့ နှလုံးသားချက်ချင်းတုန်လှုပ်သွားပြီး၊ သူ့ကိုယ်သူမဖော်မိအောင် ပုန်းဖို့ ဦးနှောက်ထဲ အပြေးအလွှားစဉ်းစားမိနေပြီး၊ ပထမဆုံးသူ့ပါးစပ်ကလေးကို လက်နဲ့အုပ်လိုက်မိသည်။
"ယီယီ၊ မင်းအသံကိုကြားတယ် ငါဝင်လာမယ်နော်" ဂူအပြင်က လီဟန်ယီက သူမရဲ့ မည်းနက်တောက်ပတဲ့ မျက်လုံးလေးတွေ ဝင်းလက်လာပြီးတော့ ခြေသေးလေးတွေဖြင့် ဂူထဲ တက်ကြွစွာဝင်လာသည်။
"ယီယီ ဘာလုပ်နေတာလဲ"
လီဟန်ယီက သူမကကလေးဘဝတုန်းက ကစားဖော် လီကျန့်ယီကို စိုက်ကြည့်နေတော့သည်။အရင်ကအတိုင်းပဲ လီကျန့်ယီက အခုထိဓားတစ်ချောင်းနှင့် ဓားလေ့ကျင့်နေတုန်းပဲ။ လီဟန်ယီကနှစ်ပေါက်တဲ့ထိ နေ့တိုင်းနေ့တိုင်း ဒီသစ်သားဓားနဲ့ အမြဲကျင့်နေသည့် လီကျန့်ယီကို နားမလည်နိုင်ပေ။
" မင်းက ဓားရူးလား၊ ငါမင်းကိုတွေ့တိုင်း ဘာလို့ အမြဲတမ်း ဒီသစ်သားဓားကို ကိုင်ထားရတာလဲ၊ တခြား ဝါသနာ မရှိဘူးလား”လီဟန်ယီက တိတ်တဆိတ်သစ်သားဓားကို ဆုပ်ကိုင်ထားသည့် လီကျန့်ယီကိုစိုက်ကြည့်ရင်း သူ၏ အရူးအမူးဓားစွဲလမ်းမှု့အပေါ် စိတ်မကောင်းဖြစ်ရသည်။
"တကယ်ပဲ"
"ရှေးလူကြီးတွေရဲ့စကားတွေက အမှန်တရားတွေပဲ မိန်းမတွေက ငါ့ရဲ့ဓားလေ့ကျင့်ရေးအရှိန်ကို ထိခိုက်တကယ်ပဲ"
"သူတို့ရှိနေတာက ဆယ်စက္ကန့်ပဲရှိသေးတယ်၊ ဒါပေမယ့် ငါသာဓားလွဲရမ်း လေ့ကျင့်လိုက်ရင်အနည်းဆုံး ဒါဇင်ဆယ်ချီလောက်ရလိမ့်မယ်!"
အဖြူရောင်ဝတ်စုံနဲ့ ချစ်စရာကောင်းတဲ့ လီဟန်ယီကို ကြည့်ရင်း လီကျန့်ယီရဲ့ စိတ်ထဲမှာ မကျေနပ်ချက်များဖြစ်ပေါ်လာသည်။ငါ့ အချိန်ကို သက်သက်လာဖြုန်းတာပဲ။ ပြီးတော့သူသည် အသက်နှစ်နှစ်ကတည်းက ဒီဓားရေးကို လေ့ကျင့်လာခဲ့သည်။ ယခုဆို၈နှစ်တိတိလေ့ကျင့်လာခဲ့ပြီးရှေ့ဆက်လည်းသူဆက်လေ့ကျင့်အုန်းမည်။
သူတွင်တစ်ခြား ဘာဝါသနာရှိရအုန်းမှာလည်း ဒီဓားလေ့ကျင့်ခြင်းက သူ့ကိုစွမ်းအားကြီးစေပြီး ပြိုင်ဘက်ကင်းဖြစ်စေမှတော့ သူအနေနဲ့ဘာကြောင့် လက်လွှတ်ရမည်နည်း။ ဒီလမ်းစဉ်က သူဖြစ်ချင်တဲ့ဘဝကို အကောင်အထည်ဖော်ပေးနိုင်သည့် တစ်ခုတည်း လမ်းဖြစ်သည်။
နှစ်တိုင်းအားလပ်ရက်တွေမှာ လီဟန်ယီက ဓားနှလုံးဂူဗိမာန်ကို အမြဲပြန်လာတတ်သည်။ ဓားနှလုံးဂူဗိမာန်ကိုပြန်ရောက်တာနဲ့ သူမ ပထမဆုံးလုပ်သည့်အရာက သူနဲ့ကစားဖို့ (သို့မဟုတ်) သူကိုခေါ်ပြီးအမျိုးမျိုးသော အရာတွေအစားအစာကျွေးဖို့ပါပဲ။ ဒါကြောင့်သူမက ဓားရေးလေ့ကျင့်ဖို့အချိန်ကို ကုန်စေသည်။သူမနှစ်တိုင်းလုယူသွားသောစုစုပေါင်း အချိန်သည် သူ့၏သန်း ၃၁.၅၃၆ ကြိမ်ဓားချက်နှင့် ညီမျှလေသည်။ တကယ်လို့သာ သန်း ၃၁.၅၃၆ ကြိမ် ဓားချက်တွေကို ထိရောက်တဲ့ ဓားချက်အဖြစ် ပြောင်းလဲ လိုက်နိုင်ရင်၊သူ လီကျန့်ယီဟာ အနည်းဆုံး သန်း ၁၀ ကြိမ် ပိုပြီး ထိရောက်မှု့ရရှိနိုင်သေးသည်။
အဲ့လိုအကြောင်းတွေသာမရှိခဲ့ရင် ယခုချိန်တွင် သူ့၏ကျင့်ကြံရေးအဆင့်သည်လည်း ကျိူးရှောင် အဆင့်မှာမဟုတ်ပဲ ဖုယောင်အဆင့်တွင် ရောက်နေရမည်။ကျင့်ကြံခြင်းအဆင့်အကြောင်း တွေးမိသည်နှင့် သူ၏အတွင်းစိတ်ထဲတွင် အောင့်သက်သက်ခံစားလိုက်ရသည်။ ဒီမိန်းကလေးက ငါ့ကို အစားအစာတွေကျွေးပြီး၊ ငါ့ရဲ့ဓားလေ့ကျင့်ဖို့ အချိန်ကို လုယူဖို့ကြိုးစားနေတာပဲ။
"မင်း... မင်း ထွက်သွား"
လီကျန်းယီ က သူ့၏သစ်သားဓား ကို မြှောက်ပြီး၊ သူရဲ့ နူးညံ့တဲ့ မျက်နှာပေါ်တွင်တင်းမာလျက် ဂူအပြင်ဘက်ကို ညွှန်ပြလိုက်သည်။ ငါ့ရဲ့အချိန်ကို ဘယ်သူမှမလုယူဖို့၊ငါ အစွမ်းကုန်ကာကွယ်ရမယ်။
"မထွက်ဘူး၊ ဒါက ငါ့အဖိုးရဲ့ အိမ်လေ" လီဟန်ယီသည်လည်း
သူမ၏ခေါင်းကိုမော့ပြီး၊ ယုံကြည်မှု့ပြည့်ဝစွာ ပြောလိုက်သည်။
ဒါပေမယ့် မကြာခင်မှာပဲ ၊သူမရဲ့ မျက်နှာကလေးက အားငယ်သွားပြီး၊ မကြာသေးခင်ကဖြစ်ရပ်များကို တွေးမိရင်းသူမရဲ့ မျက်လုံးတွေက နီရဲလာပြီး စတင်ငိုကြွေးလေသည်။၊ လဲ့မိသားစုကလည်း သူမကိုမလိုချင်ကြဘူး ယီယီလည်းသူမကို မုန်းနေသည်။
"ယီယီ၊နင်က ငါ့ကို အဲ့ဒီလောက်တောင်မုန်းတာလား"
"ဟန်ယီက အဲ့ဒီလောက် မုန်းစရာကောင်းတာလား၊ မိုးကြိုးတံခါးရဲ့လူကြီးတွေကလည်း ဟန်ယီကိုမိုးကြိုးတံခါး ကနေ မောင်းထုတ်လိုက်တယ်၊ ဟန်ယီကိုလည်း လဲ့မျိုးရိုးအမည်ကိုသုံးခွင့်ပိတ်ပင်ထားတယ်၊ အခုငါ့အဖိုးအိမ်ကို ပြန်ရောက်လာတော့ ယီယီကလည်း ဟန်ယီကို မုန်းတယ်။ ငါ တကယ်ပဲ အဲ့ဒီလောက် မုန်းစရာကောင်းတာလား"
လီဟန်ယီက မျက်ရည်တွေနဲ့ ပြည့်နေတဲ့ မျက်လုံးများဖြင့် လီကျန့်ယီကို ကြည့်ရင်း၊ သူမရဲ့ အသံက အဆုံးပိုင်းမှာပိုပိုပြီး အားဖျော့လာကာ အသံများတိုးဝင်သွားလေသည်။သူမရဲ့ ခန္ဓာကိုယ်ကလေးလည်း ပြင်းထန်စွာ တုန်ရင်နေသည်။
ဒါကို မြင်တဲ့အခါ လီကျန်းရီ ရဲ့ နှလုံးသား ချက်ချင်းနာကျင်သွားရသည်။
သူ ဓားလေ့ကျင့်တာဘာအတွက်လဲ၊ ဒီကမ္ဘာမှာ အအောင်မြင်ဆုံး ဖြစ်ချင်လို့လား။
ကမ္ဘာမှာ အနိုင်မကျင့်ခံရအောင်၊ အကြောင်းမဲ့ သေဆုံးမသွားအောင် သေချာစေချင်လို့ပါ။
ဒါပေမယ့်၊ သူ အသက် နှစ်နှစ်အရွယ်မှာ ဓားနှလုံးဂူဗိမာန်ရဲ့ သခင်လီဆူးဝမ်က မွေးစားပြီးမှသာ မိသားစုချစ်ခင်မှု့နဲ့ နွေးထွေးမှုကို ခံစားခဲ့ရသည်။
နှစ်နှစ်အရွယ် လီဟန်ရီကလေးက သူရှေ့မှာ ပေါ်လာတဲ့အခါ၊ သူဟာ ကမ္ဘာကြီးရဲ့ အလှအပကို တွေမြင်လိုက်ရသလို။
လီရှင်းယွဲ့ နဲ့ လဲ့မုန့်ရှားပေါ်လာတဲ့အခါ၊ သူဟာ အဆုံးမရှိတဲ့ချစ်ခြင်းမေတ္တာစီးကြောင်းကို ခံစားခဲ့ရသည်။
ဒီအရာတွေအားလုံးကို သူ ဒီကမ္ဘာကို မရောက်ခင်က၊ မခံစားရဖူးဘူး။ ဒီကမ္ဘာကို မရောက်ခင်က၊ သူဟာ အပြင်ဘက်မှာ လှည့်လည်နေတဲ့ မိဘမဲ့တစ်ယောက်ပါ။ တစ်ရက်ကိုဆယ်နပ်စာအစာရှာဖွေရာမှာ နှစ်ဆယ်နပ်က ငတ်မွတ်ခေါင်းပါးနေတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်။
သူ ကြီးပြင်းလာတဲ့အချိန်မှာတောင် သူဟာ တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။ဒါကြောင့်၊ ဒီကမ္ဘာကို ရောက်ပြီးနောက်၊ သူဟာ သူ့ရှေ့မှာရှိတဲ့ ဒီမိသားစုချစ်ခင်မှု့ကို အရမ်းတန်ဖိုးထားလေသည်။
ဒီအကြောင်းကြောင့်ပဲ၊ သူ ဓားရေးလေ့ကျင့်ပြီး ဒီကမ္ဘာမှာ အအောင်မြင်ဆုံး ဖြစ်ချင်တဲ့ စိတ်အားထက်သန်မှုကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ရယ်၊သူ့ပတ်ဝန်းကျင်က ဒီမိသားစုချစ်ခင်မှုကို ကာကွယ်ဖို့သာဖြစ်သည်။
သူမှတ်မိတာမမှားရင် နောက်နှစ်အနည်းငယ်ကြာရင် ဦးလေးလဲ့ဟာ တောင်ပိုင်းနယ်စပ် စစ်မြေပြင်မှာ သေဆုံးသွားမည်ဖြစ်ပြီး၊ အဒေါ်လီက သူကို ကွပ်မျက်ခံရာကနေ ကယ်တင်ရင်း အလွန်အမင်း ဒဏ်ရာရသွားကာ နောက်ဆုံးတွင်သေဆုံးသွားမည်ကိုတွေးမိ သည့်အခါ သူလျင်မြန်စွာပင် ကြီးထွားလာပြီး ပိုသန်မာချင်သည်။
ထိုအကြောင်းတွေကြောင့် လီဟန်ယီ၏ အမြဲပြုံးရယ်ပြီး ကစားဖို့နှင့်စားသာအမြဲတွေးတတ်သည့် သူမ၏ရဲ့ အကျင့်စရိုက်တွေတမုတ်ဟုတ်ချင်းအေးစက်သွားပြီး၊ကိုယ့်ကိုထိုအေးခဲ့နေသည့်စရိုက်ထဲပိတ်လှောင်ထားကာချဉ်း ကပ်ရခက်သောပုံစံတို့ ပြောင်းသွားသည်ကို သူမှတ်မိသေးသည်။ထိုအရာတွေကို သူအနေနဲ့ မဖြစ်လာရအောင်တားဆီးချင်သည်။
" ဟန်ယီ၊ မငိုနဲ့တော့ ငါ တကယ်တော့ မင်းကို မမုန်းဘူး..."
မျက်နှာကလေး မျက်ရည်စိုနဲ့မျက်လုံးလေး နီရဲနေတဲ့ လီဟန်ယီကို ကြည့်ရင်း လီကျန့်ယီက သူလက်ထဲက သစ်သားဓားကို ချလိုက်ပြီး၊ ရှေ့ကိုတိုးပြီး သူမပုခုံးကို ပုတ်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"ဒါဆို... ဒါဆိုဘာလို့ ယီယီက ငါ့ကိုမောင်းထုတ်ချင်တာလဲ"
လီဟန်ယီက သူမကို နှစ်သိမ့်ဖို့ လာတဲ့ လီကျန့်ယီကို မျက််ရည်ပြည့်နှက် နေသောမျက်လုံးဖြင့် မော့ကြည့်ကာ အဖြေကိုကြားချင်နေလေသည်။လီကျန့်ယီက စိတ်ရင်းနဲ့စိတ်ပါလက်ပါမျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ မိန်းမတွေက ငါ့ရဲ့ဓားရေးလေ့ကျင့်တဲ့ အရှိန်ကို နှေးစေလို့ပါ!"