လီကျန့်ယီ၏ ဓားအပေါ်ထားသည့်သစ္စာ
Vol. 1 Ch. 3
"အကြောင်းက မိန်းကလေးတွေက မင်းရဲ့ဓားလေ့ကျင့်ရေးကို နှေးကွေးစေလို့"နီရဲနေသော လီဟန်ယီ၏ မျက်လုံးများမှာ အံ့ဩစိတ်ကြောင့်ပြူးကျယ်သွားသည်။
"ဒါက အကြောင်းပြချက်လို့မင်းပြောနေတာလား “
"ယီယီ မင်းရဲ့ သစ်သားဓားလေးအခိုးခံလိုက်ရပြီ"
ဒါဆို အဲ့ဓားက ငါ့ထက်အရေးကြီးတယ်ပေါ့လေ ကြည့်ရသေးတာပေါ အဲ့ဓားနဲ့မင်းကို ငါအရူးလုပ်ပစ်မယ်ဟု စိတ်ထဲတွေးရင်း လီဟန်ယီကကျောက်တုံးပေါ်ချထားသော ဓားကိုပြုံးစိစိဖြင့် အလန့်တကြားပုံစံနှင့်ညွှန်းပြလိုက်သည်။
လီကျန့်ယီ "....."
ငါက အဲ့လောက် 'အ'တဲ့ပုံပေါက်နေတာလား။
ငါက အဲ့လို ဉာဏ်နည်းသည့်အလုပ်မလုပ်နိုင်ဘူး!!!
အမှန်ပါပဲ!
ရှေးလူကြီးတွေ တကယ်ပဲ ကျွန်တော့်ကို မလိမ်ခဲ့ကြဘူး!
မိန်းကလေးတွေ ကျွန်တော့်ဓားရေးကျင့်ဖို့ အချိန်လုရုံမကဘဲ၊ ကျွန်တော့်ဉာဏ်ရည်ကိုပါ လျော့ကျစေတယ်။
ဒါပေမဲ့ ခုနက ရှိုက်ကြီးတငင်ငိုပြီး မျက်လုံးနီရဲနေသောပုံစံနှင့် အခုတလောသူမကြုံခဲ့ရတဲ့ အတွေ့အကြုံကိုပါ သတိရမိသွားသောအခါ လီကျန့်ယီလည်း သူမလေးနဲ့အတူ ကစားပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဉာဏ်နည်းသလို ဟန်ဆောင်ရုံပဲမလား ငါအဲ့နေရာတော်တယ်။
ထိုကြောင့် လီကျန့်ယီကရုတ်တရက်ပဲ ခုန်လိုက်ပြီး မိုးကြိုးပစ်ခံရလို အလွန်အမင်းဟန်ဆောင်ကာ အော်ဟစ်လိုက်သည် "ဘယ်သူလဲ! ကျွန်တော်ရဲ့ သစ်သားဓားလေးကို ဘယ်သူခိုးသွားတာလဲ!!!"
"ဖူး!"
လီကျန့်ယီရဲ့ အလွန်အမင်တုံ့ပြန်သည့်ပုံစံကိုမြင်တဲ့အခါ လီဟန်ယီက သူမ၏ လှည့်ကွက်အောင်မြင်သွားသည် ထင်ပြီးပျော်ရွှင်စွာပဲ ရီမောပြောလိုက်သည်။
"ယီယီ၊ငါ မင်းကို စလိုက်တာ မင်းဘယ်လိုလုပ်ယုံနိုင်ရတာလဲ"
"စတာလား"
လီကျန့်ယီက သူအရူးလုပ်ခံရသလို ဟန်ဆောင်လိုက်ပြီး အပိုဆောင်း မျက်ခုံးပါကြုတ်လိုက်သေးသည်။အူတူတူတတဖြင့် တည်ကြည်စွာပြောလိုက်သည်။
"မင်းဘယ်လိုစနောက်လိုက်တာလည်း ငါရဲ့သစ်သားဓားကို ကျောက်တုံးကြီးကခိုးသွားပြီ"
"တကယ်ခိုးခံလိုက်ရတာလား"
လီကျန့်ယီ၏ အတည်ပေါက်ပုံစံဖြင့်ပြောနေသောကြောင့် လီဟန်ယီလည်း ဓားတည်ရှိရာကျောက်တုံးဘက်ကို အလောတကြီး လှည့်ကြည့်လိုက်သည်။ရလဒ်ကတော့ သူမမြင်ရတာက ဓားသစ်သားက ကျောက်တုံးကြီးပေါ်တွင် ငြိမ်သက်စွာရှိနေသည်။လီဟန်ယီက ဓားရှိနေသေးသည်ကို အတည်ပြုပြီးနောက် လီကျန့်ယီကိုတုံးအလွန်းသကဲ့ သို့ကြည့်လိုက်သည်။
"ယီယီ မင်းကအရမ်းတုံးအတာပဲ ၊ ကျောက်တုံးတွေက မလှုပ်ရှားနိုင်ဘူးလေ ဓားကိုဘယ်လိုခိုးနိုင်မလဲ"
"ယီယီ ဓားရေးလေ့ကျင့်ခြင်းက မင်းကို တုံးအအောင်လုပ်လိုက်တာပဲ”လီဟန်ယီက စိတ်ပူစွာဖြင့် လီကျန့်ယီဆီသွားလိုက်ပြီး ဖြူဖွေးနေသော သူမလက်လေးဖြင့် လီကျန့်ယီနဖူးကိုစမ်းလိုက်သည်။ လီကျန့်ယီမှာ ကြောင်အစွာရပ်နေမိတော့သည်။
"အဖျားလည်းမရှိပါဘူး ဘာလို့ဦးနှောက်က အလုပ်မလုပ်ရတာလဲ." လီဟန်ယီကနဖူးကျုံ့သည့်အထိ စဉ်းစားခန်းဖွင့်နေတော့သည်။
လီကျန့်ယီ "........"
ငါ့ ဦးနှောက်က အလုပ်မလုပ်ဘူး ဟုတ်လား!!
ငါက မင်းကို ပျော်ရွှင်စေချင်တာ ရှင်းတာပဲလေ!!ပြီးတော့...ပြီးတော့ဘာလို့ ငါ့ကို အဲ့လိုမျက်လုံးတွေနဲ့ကြည့်နေတာလဲ!
ငါ မတုံးပါဘူးနော် ကျေးဇူးပြုပြီး ရပ်ပေးပါတော့!
ဦးနှောက်အလုပ်မလုပ်တာ မင်းရဲ့ဦးနှောက်ဖြစ်ဖို့များပါတယ်နော်!
လီကျန့်ယီ စိတ်ထဲအော်ဟစ်ပြီးနောက် စိတ်ကိုလျှော့လိုက်သည်။သည်းခံ..သည်းခံ သူမအခုတလောမှ စိတ်မကောင်းစရာကြုံထားရတဲ့လူပဲ။
လီကျန့်ယီလည်း ကျောက်တုံးပေါ်ကဓားကိုသာ ကောက်ယူလိုက်ပြီးဓားကိုသာစတင် လေ့ကျင့်လိုက်ဝော့ာသည်။ သူမှာ သူမနှင့်စကားထပ်ပြောဖို့ အားမရှိသလို ခံစားရသောကြောင့် ဓားကိုလေ့ကျင့်တာကမှ အကျိူးပိုရှိအုန်းမည်။
ထိရောက်သည့်ဓားချက် သတ်မှတ်ချက်ရအောင် လေ့ကျင့်ရမည်။ အဆင့်တတ်ဖို့အတွက်ဆိုရင် သူအနေနဲ့အချိန်ကို အလကားကုန်ဆုံးခိုင်းမည်မဟုတ်။ ဖုယောင်အဆင့် ကိုရောက်ခါနီးပြီဖြစ်သောကြာင့် သူ အချိန်ဆွဲမ နေပဲစတင်ကျင့်ရမည်။
လီကျန့်ယီက ဓားကို မြှောက်လိုက်ပြီး ဓားကိုလွဲရမ်းလိုက်သည်။
အရှိန်က အရမ်းမြန်လွန်းသောကြောင့် လီဟန်ယီမှာ တုန်လှုပ်သွားသည်။လီကျန့်ယီ၏ဓားကို သူမ ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရ။
"ဒါ...ဒါအရမ်းမြန်တာပဲ”လီဟန်ယီပင့်သက်ရှိုက်လိုက်မိသည်။ထိုဓားသာ သူမကိုထိုးသတ်သွားမည်ဆိုပါက ဓားကိုယ်ထည်ကို မမြင်ရပဲသေသွားရမည်ဆိုတာကို သေချာနေသည်။
လီဟန်ယီက လေးစားအားကျသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။လီကျန့်ယီက အရမ်းတော်သည်ဟု သူမစိတ်ထဲတွေးလိုက်မိသည်။
"ဟုတ်တယ်မလား ဒါကအံ့ဩစရာကောင်းတယ်မလား၊ ဒီဟာတွေက ငါ ရူးရူးမူးမူးလေ့ကျင့်ခြင်းကရလာတဲ့ ဆုလာဘ်လေ ၊အဲ့ကြောင့် ဟန်ယီ ဒီနေ့ကစပြီး ငါဓားလေ့ကျင့်တာကို လာမနှောက်ယှက်တော့နဲ့ ပြီးတော့ အစားအသောက်တွေနဲ့လဲ လာမဖျားယောင်နဲ့ဟုတ်ပြီလား"
"ပြီးတော့ ငါက ဓားနှလုံးဂူဗိမာန်ရဲ့ဆက်ခံသူတပည့်ပဲ၊ငါ အဲ့နေရာနဲ့ထိုက်တန်အောင် သက်သေပြရမယ်၊ငါ ဓားနတ်ဘုရားဖြစ်အောင်ကြိုးစားမယ်"
"ပြီတော့ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံး လူတစ်ယောက်ဖြစ်အောင်လုပ်ပြီး
ငါ ကာကွယ်ချင်တဲ့လူတွေကို ရအောင်ကာကွယ်မယ်"
လီဟန်ယီ၏ လေးစားအားကျတဲ့အကြည့်ကိုမြင်တော့၊ လီကျန့်ယီက သူ၏ စိတ်ကူးတွေကို ပြောပြပြီး၊ဒီနေ့ကစ သူ၏ဓား ရေးလေ့ကျင့်ချိန်ကို လာမနှောက်ယှက်ဖို့နှင့် သူမကိုယ်တိုင်လည်း လေ့ကျင့်ဖို့အတွက်
မြူစွယ်နိုင်မည့် အချိန်ကျပြီးဟုထင်လိုက်သည်။သူမကို အမြင်မှန်ကိုရဖို့ အကြံဉာဏ်တစ်ချိူ့ပေးပြီး ဆရာလုပ်နေစဥ်မှာပင် လီဟန်ယီကမျက်လုံး ကလယ်ကလယ်နှင့် ဖြူဖွေးသွယ်လျသောလက်ကလေးက ဝတ်ရုံအတွင်းကနေ စက္ကူဖြင့်ပတ်ထားသော အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။
"ယီယီ ကြည့်စမ်း ၊ ဒါက အဖေက အိမ်ပြန်လမ်းမှာ ကျန့်ယီအတွက် ဝယ်ပေးတဲ့ သကြားရုပ်လေးပါ၊ ငါမင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ဒီသကြားရုပ်လေးက အရမ်းချိုပြီးစားလို့ တကယ်ကောင်းတယ်" လီဟန်ယီက စက္ကူထုပ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်တော့ လီကျန့်ယီနဲ့ တစ်ထပ်တည်းတူနေတဲ့ သကြားရုပ်လေးတစ်ရုပ်က ပေါ်လာသည်။
လီကျန့်ယီနဲ့တူသော သကြားရုပ်ကလေးမှ မွှေ့အိနေသော အနံ့များထုတ်လွှင့်နေသောကြောင့်၊လီဟန်ယီကို ဆုံးမစကားပြောကာ ဆရာလုပ်နေသော လီကျန့်ယီကိုသရေကျစေလေသည်။
"အို... အရမ်းမွှေးတာပဲ"သူ၏ မျက်လုံးများက သကြားရုပ်လေးပေါ်တွင် ကော်ဖြင့်ကပ်ထားသလို ကပ်နေတော့သည်။သကြားလုံးကို သူလိုချင်နေသည်။
ဓားရေးလေ့ကျင့်တာကို နှစ်သက်တာအပြင် သူတွင်
ကမ္ဘာပေါ်ကရှိသော အရသာရှိသည့် ဘယ်အစားအစာကိုမဆို မြည်းစမ်းစားချင်သည့်vဝါသနာရှိသေးသည်။ဒါပေမယ့် အင်းအားကြီးပြီ သန်မာသည့်လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဓားလေ့ကျင့်ခြင်းကသာ ပိုအရေးကြီးသည်ဟုတွေးကာ ဓားလေ့ကျင့်သည်ကိုသာ ပိုအရုံစိုက်ခဲ့သည်။ဓားလေ့ကျင့်တာက ပိုအရေးကြီးတာကြောင့်၊ ဒီဝါသနာကို ယာယီအချိန်အတွက် စွန့်လွှတ်လိုက်ရသည်။
"ယီယီ၊ မင်းစားကြည့်ချင်လား”
လီဟန်ယီက လီကျန့်ယီ၏ ရှေ့မှာတင်ပျော်ရွှင်စွာဖြင့် သကြားလုံးကိုလျက်ပြီးစားလိုက်သည်။ ပြီးတော့ ပိုပိုလုပ်ပြပြီး ပြုံးရယ်ကာ
"ဝိုး.... အရမ်းချိုတယ်"
"ဂလန်"
ဓားလေ့ကျင့်တာကရေးကြီးပေမဲ့ ၊ဓားလေ့ကျင့်ဖို့ အစားအစာနဲ့အားဖြည့်ဖို့လိုသည်ဟု ကိုယ့်ကိုယ်ကိုပြောကာ ဓားကိုချလိုက်ပြီး သူကိုယ်သူ ဒီသကြားလုံးဖြင့် ဆုချလိုက်သည်ဟု သဘောထားလိုက်မည်။
ငါ ပင်ပင်းပန်းပန်းဓားလေ့ကျင့်ခဲ့တာပဲ ဒါ ငါနဲ့ထိုက်တန်တယ်။ ဒါက လီဟန်ယီ၏ ထောင်ချောက်ဖြစ်နေမှန်း သိနေတာတောင်မှ သူခုန်ချဖို့အသင့်ပင်။အဲ့သကြားလုံးအတွက် စွန့်စားဖို့ဆိုရင် တန်တယ်"ဟုတွေးရင်း ဆုံးဖြတ်ချလိုက်ပြီး သူသကြားလုံးကို လှမ်းယူမည့်အချိန်တွင် လီဟန်ယီက သကြားလုံးကို ပေးရန်ငြင်းလိုက်သည်။
"မိန်းကလေး၊ မင်း ရာဇဝတ်မှုကျူးလွန်နေတယ်"
"မင်းက အနာဂတ် ဓားနတ်ဘုရားဖြစ်လာမဲ့ လူတစ်ယောက်ကိုအနိုင်ကျင့်နေတာပဲ"
"မင်းက ပါရမီရှင်တစ်ယောက်ကို နေ့စဉ် ယိုယွင်းပျက်စီးစေပြီး၊ သူရဲ့ ဓား လေ့ကျင့်ဖို့အချိန်ကိုလုယူနေတယ်"
"မင်းက..."သူ နှုတ်ဖြင့် ဆက်တိုက်ခိုက်တော့မည့်အချိန်တွင် သကြားလူံက သူ၏ပါးစပ်ထဲသို့ ရောက်ရှိလာသည်။ လီကျန့်ယီ၏ မရပ်မနားအပြစ်တင်စကားကို ဆက်နားမထောင် နိုင်တော့တာကြောင့် သူ၏ပါးစပ်ကို သကြားလုံးဖြင့် ပိတ်လိုက်ရတော့သည်။
"မွှေးတယ် ..နူးညံ့ပြီး ချိူတယ်"သူ၏ အရသာခံနိုင်သော လျှာပေါ်တွင် ချိုမြိန်သောအရသာများက ပြန့်နှံ့သွားလေ တော့သည်။သူကိုယ်သူ ပျားတွေဝန်းရံထားပြီး၊ ချိုမြိန်စေးကပ်နေတဲ့ ပျားရည်ထဲမှာ နှစ်မြုပ်နေသလို ခံစားရလိုက်ရသည်။သကြားရုပ်ကသူ့ကို စိတ်ကျေနပ်မှု့ အပြည့်ပေးနိုင်သည်။ဒါပေမဲ့ ငါ လွယ်လွယ်နဲ့ဒီလိုအဖြစ် မခံနိုင်ဘူး။သကြားလုံးကို ပါးစမ်းထဲစုပ်ထားရင်း
"ဟန်ယီ....မင်းက အနာဂတ်ဓားနတ်ဘုရားကို အစားအသောက်နဲ့ဖျားယောင်းနေတယ် မင်းအပြစ်ကိုမင်းသိလား၊ ဒါက..."
လီဟန်ယီက သူမ၏ သကြားလုံးကိုစုပ်နေရင်းတောင်မှ သူမကိုအပြစ်တင်နေသေးသော ထိုငနဲကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး၊ ဒါက ငါ သည်းမခံနိုင်ဘူး သူမ၏လက်ကလေးနဲ့ ရုတ်တရက်သကြားလုံးကို ထိုငနဲပါးစပ်ပေါက်ကနေ ပြန်ဆွဲထုတ်လိုက်သည်။ထိုနောက် ဂူအပြင်ဘက်သို့ ထွက်ခွာဖို့ပြင်လိုက်သည်။
"ဟန်ယီ ငါမှားပါတယ်၊သကြားလုံးကို ပြန်ပေးပါလား"လီကျန့်ယီအနေနဲ့ ဒီဂူကနေထွက်သွားနိုင်သူမှာ လီဟန်ယီသာရှိပြီး သကြားလုံးကတော့ ဒီဂူထဲကျန်ကို ကျန်ခဲ့မှရမည်။အရသာကို မြည်းစမ်းခွင့်ရပြီးတော့မှ သူ၏ လိုချင်တပ်မက်မှု့ကတစ်ဆင့်ပိုမြင့်သွားခဲ့သည်။
သူက လီဟန်ယီ၏ အင်္ကျီလက်ကို အမြန်ဆွဲကိုင်လိုက်ပြီး၊
ရုပ်တည်ဖြင့်တည်ကြည်စွာပြောလိုက်သည်။
"အနာဂတ် ဓားနတ်ဘုရားကမရှိတော့ဘူး၊အခုက သကြားလုံးကို စားချင်တဲ့ ယီယီပဲကျန်တော့တယ်”
"တကယ်လား”
လီကျန့်ယီ နှိမ့်ချစွာပြောသောစကားကြောင့်၊ လီဟန်ယီက ကျေနပ်စွာပြုံးကာ လက်ထဲက သကြားလုံးကို နှေးနှေးလေးလျက်နေပြီး လီကျန့်ယီကို လျစ်လျူရှုကာ ပြောလိုက်သည်။
"ယီယီ ၊တကယ်တော့ မင်းသာ ငါနဲ့ အတူတူဆော့ဖော်ဆော့ဖက်ဖြစ်ပေးရင် နောင်တစ်ချိန်မှာ ကောင်းတဲ့စားစရာအာလုံးတွေ
မင်းအတွက် ယူလာပေးမယ်...ဘယ်လိုလဲ "
"ရတယ်တယ်လေ"သူသာအချိန်ဆွဲနေရင် သကြားလုံးကုန်သွားမည်ကို စိုးရိမ်သောကြောင့် လီကျန့်ယီက ခေါင်းချက်ချင်းညိတ်ပြီး သဘောတူလိုက်သည်။
ဒါက ကောင်းတဲ့အပေးအယူပဲ ၊လီဟန်ယီမှာ ပိုတောင်ပျော်သွားပြီး၊သူကိုယ်သူ ဒီလိုအကြံ ထုတ်နိုင်သည့် အတွက် ဂုဏ်ယူမဆုံးဖြစ်နေတော့သည်။
"ရော့၊ မင်းအတွက်သကြားလုံး"လီကျန့်ယီလည်း လျင်မြန်စွာယူလိုက်ပြီးပါးစမ်းထဲသို့ ထည့်လိုက်သည်နှင့် ပျော့ပျောင်းချိုမြိန်မွှေးကြိုင်တဲ့ အရသာက သူရဲ့ အရသာခံဖုကလေးတွေကို ထပ်မံလှုံ့ဆော်လိုက်သည်။ဒါက သူကိုပျော်ရွှင်စေသည်။
ဒါပေမဲ့ နေ့တိုင်းထိုကလးမနဲ့ အတူတူဆော့ပေးရမည်ကို တွေးမိသောအခါ သူရဲ့ပါးစပ်ကိုတစ်ဖန်လှုပ်ပြီး တစ်ဖန်စတင်တိုက်ခိုက်ပြန်သည်။
"ဟန်ယီ ၊ ငါ မင်းကိုပြောမယ်၊ သကြားရုပ်လေးတစ်ရုပ်နဲ့ ငါ့ကိုဓား လေ့ကျင့်တာရပ်ဖို့ တားဆီးလို့ရမယ်လို့မထင်နဲ့! ဓားနတ်ဘုရားဖြစ်မဲ့ ငါရဲ့ရည်မှန်းချက်ကို ရပ်တန့်လို့ရမယ်လို့ မထင်နဲ့!ပြီးတော့သကြားရုပ်လေးတစ်ရုပ်စာနဲ့ ငါ့ကိုဓားရေးလေ့ကျင့်တာကို စွန့်လွှတ်ပြီး မင်းနဲ့ကစားဖို့က မဖြစ်နိုင်ဘူး"
လီဟန်ယီ၏ နှုတ်ခမ်းမှာ မဲ့သွားသည့်အထိရွဲ့သွားလေသည်။
"ဘာတွေပြောနေတာ အဲ့ဒီသကြားရုပ်လေးတစ်ရုပ်နဲ့ အရူးလုပ်ခံရတာလဲမင်းပါပဲ"
လီကျန့်ယီက သကြားရုပ်လေးကို ပါးစပ်ထဲ ထည့်ထားရင်း သူမ ပြောတာကို နားမလည်သလိုဟန်ဆောင်လိုက်သည်။
"ဟန်ယီ..မင်း..ဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး"
လီကျန့်ယီပြောသည့် ထိုစကားတွေနားထောင်ရင်း လီဟန်ယီကအားရပါးရရီမောလိုက်မိသည်။
"ယီယီ၊ မင်းရဲ့ဘာမှမသိသလိုဟန်ဆောင်တာကလည်း ဆိုးလိုက်တာကွာ၊ဒါပေမဲ့လည်း အဲ့အမူအရာတွေက ငါ့ကိုရယ်မောစေနိုင်တယ်"