← Chapters

လည်ပင်းကို ဓားထောက်ပြီး ခြိမ်းခြောက်မယ်

Vol. 1 Ch. 4

လည်ပင်းကို ဓားထောက်ပြီး ခြိမ်းခြောက်မယ်

Vol. 1 Ch. 4

"ဟမ်"

"ဘာရယ်တာလဲ”

"ငါပြောချင်တာက မင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်ပြီး မာနမပျက်တတ်တဲ့ အကျင့်ကိုချီးကျူးချင်‌နေတာ"

ဟန်ယီက ကိုယ်ခန္ဓာကတုန်သည့်အထိ သူ့ကိုရီ‌မောနေတာကိုကြည့်ပြီး လီကျန့်ယီကပြောလိုက်သည်။

"ရယ်စရာပေါ့လေ"

"ရယ်စရာပဲလေ မဟုတ်ဘူးလား.. ဟီဟီ" ဟန်ယီက လျှာထုတ်ပြီး ပျော်ပျော်ရွှင်ရွှင် ပြန်‌ပြောလိုက်ပြီး လီကျန့်ယီကို ဂူအပြင်ထိဆွဲခေါ်သွားသည်။

"ငါနဲ့ကြက်တောင်ခတ် ဆော့ကစားဖို့မင်းကိုငါ့အမိန့်‌ပေးတယ်"

"ငြင်းတယ် မဆော့ဘူး"ဒီဖိတ်ခေါ်မှု့ကို ပြန်စဉ်းစားစရာတောင်မလိုပဲ ချက်ချင်းငြင်းချက် ထုတ်လိုက်သည်။

"မိန်းကလေး၊မင်းက ဓားပညာရှင်တစ်ယောက်ရဲ့ နောက်ဆုံးစိတ်သည်းခံနိုင်မှုကို စိန်ခေါ်နေတာနော်"

"ငါ လီကျန့်ယီဟာ ဓားနဲ့ပဲကစားတာ"

လီကျန့်ယီက မြေပြင်ပေါ်တွင်မြဲမြံစွာရပ်နေပြီး၊ ဟန်ယီက သူ၏ လက်မောင်းကို ဆွဲနေပေမယ့် နည်းနည်းတောင် မရွေ့သွားပေ။

"ယီယီ၊မလှုပ်ရှားဘဲနေတာက လိပ်တွေပဲလုပ်တာဆိုတာ မင်းသိလား"မလှုပ်မရှားနေတဲ့လီကျန့်ယီကို မြင်တော့ဟန်ယီက စိတ်တိုပြီး မကျေနပ်သောမျက်လုံးနဲ့ ကြည့်ကာပြောလိုက်သည်။

"ဘယ်လိုလိပ်ကများ ငါလို ခြေထောက်ပဲ‌ ထောက်ပြီးရပ်နိုင်လို့လဲ"လီကျန့်ယီက ပါးစပ်ထဲကသကြားလုံးကို ပါးစောင်းမှာထိုးပြီး မေးခွန်းပြန်ထုတ်လေသည်။

"ငါဂရုမစိုက်ဘူး ၊ ယီယီ မင်းက ငါ့ကို တူတူကစားမယ်လို့ ကတိပေးထားတာ မမေ့နဲ့အုန်း"

"တကယ့်ယောက်ျား‌တွေက ပေးပြီးသား ကတိကိုပြန်မဖျက်ကြဘူး"

ဟန်ယီက လက်မလျော့သေးပဲ လီကျန့်ယီကို ကြက်တောင်ခတ်ဖို့ ထပ်ဆွဲခေါ်လိုက်သည်။သို့ပေမဲ့ စိတ်တိုစရာက သူမအားဘယ်လောက်ထုတ်ထုတ် ထိုငနဲကို နည်းနည်းမှရွေ့အောင်မလုပ်နိုင်ခဲ့ပေ။ဒါပေမဲ့ ‌သူမပြောတဲ့စကားက သူ့၏ ယောင်္ကျားလေးသိက္ခာကို ထိခိုက်စေတာပဲ၊သူ ငါနဲ့ ကစားဖို့ပဲရွေးရမှာ မဟုတ်ရင် သူကဘာဖြစ်သွားမှာလဲ။

ဒါပေမယ့်၊လီကျန်းယီက ထိုစကားကြားတာတောင် မတုန်မလှုပ်ပဲတည်ငြိမ်စွာဖြင့်"ကတိပြန်ဖျက်တယ်ဆိုတာကဘာလဲ၊ ငါကြားဖူးတာက ကောင်းကင်နဲ့မြေကြီးကြားက မွေးဖွားလာတဲ တကယ့်ယောက်ျားသားက သူများအမိန့်ကို မနာခံရဘူးတဲ့"

"အာ....ငါဂရုမစိုက်ဘူး၊ယီယီ မင်း ငါ့သကြားလုံးကို ယူစားပြီးသွားမှတော့ မင်းငါနဲ့ကစားမှရမယ်"

"မဟုတ်ရင် ငါ အဖေကိုသွားတိုင်‌ပြောမယ် ၊မေမေကို‌ လည်းတိုင်မယ်"

အားနဲ့ဆွဲခေါ်ဖို့လည်း သူမ မလုပ်နိုင်၊စကားနဲ့လည်း သူမက ထပ်ရှုံးနှိမ့်နေသောကြောင့် အကြံကုန်သုံးကား အဖေနဲ့အမေဖြင့် လီကျန့်ယီကိုချိန်းခြောက်လိုက်သည်။လီကျန့်ယီ ဘာတတ်နိုင် သေးလည်းဆိုတာ သူမစောင့်ကြည့်နေချင်သေးသည်။

"သွားပြောလေ၊ ငါ လိကျန့်ယီက နူးညံ့တဲ့ဖိတ်ခေါ်မှု့တွေကိုပဲ လက်ခံတာ၊ဒီလိုအမိန့်ပေး ချိန်းခြောက်တဲ့ပုံစံနဲ့တော့ လက်မခံနိုင်ဘူး"

လီကျန့်ယီ တုန်လှုပ်မှု့မရှိပြန်လည်‌ပြောလိုက်သည်။

ဟန်ယီ ထိုစကားကိုကြားပြီးတဲ့နောက်၊ သူ့ရဲ့ မည်းနက်တောက်ပတဲ့ မျက်လုံးလေးတွေက ရုတ်တရက် လင်းလက်လာသည်။သူမ၏ယခင်က သုံးသည့်နည်းဗျူဟာကို ချက်ချင်းပြောင်းလိုက်ပြီး၊လည်ပင်းကိုဓားနဲ့‌ထောက်ပြီး ချိန်းခြောက်သည့် ဗျူဟာက‌နေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖော်ရွှေသည့် မိန်းကလေးအဖြစ်ဟန်ဆောင် လိုက်သည်။

သူမ၏ဖြူဖွေးနုနယ်သိမ်မွေ့တဲ့လက်လေးတွေက လီကျန်းယီရဲ့ ခါးကို ဖက်လိုက်ပြီး၊သူမကိုယ့်လုံးကို လီကျန့်ယီရဲ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး သူမဘဝရဲ့ အချိူမြိန်ဆုံးဆိုသည့် အသံကို ထုတ်လိုက်ပြီး

"ယီယီ၊ သဘောကောင်းသောယီယီ၊ ဟန်ဟန်နဲ့အတူတူခဏလောက်ကစားမလားဟင်"

လီကျန်းအီ- "...."

"ကောင်းပြီ၊ကောင်းပြီ၊ ကောင်းပြီ!

မင်းက အစားအသောက်နဲ့သွေးဆောင်ပြီး အရင်က ငါ့ကို ဖျက်ဆီးတုန်းကတော့ပြဿနာမရှိဘူး! အခု မင်းက ငါ့ကို မြူဆွယ်ဖို့ကြိုးစားနေတာလား၊မင်းတကယ်ပဲထင်‌နေတာလား ငါလီကျန့်ယီက လွယ်လွယ်နဲ့ပါသွားမယ်လို့"

လီကျန့်ယီက သူ့ရင်ခွင်မှာ တိုးဝင်နေသည့် ဟန်ရီကိုလုံးဝဂရုမစိုက်ပဲ မျက်လုံးမှိတ်ကာ ရွတ်ဆိုလိုက်သည်။

"ရုပ်ခန္ဓာဆိုတာ မတည်မြဲခြင်း၊မတည်ခြင်းထဲမှာ ရုပ်ခန္ဓာပါတယ်၊

ရုပ်ခန္ဓာဆိုတာ မတည်မြဲခြင်း၊မတည်မြဲခြင်းထဲမှာ ရုပ်ခန္ဓာပါတယ်၊

ရုပ်ခန္ဓာဆိုတာ မတည်မြဲခြင်၊မတည်မြဲခြင်းထဲမှာ ရုပ်ခန္ဓာပါတယ်...."

ဟန်ယီ"....."

"ဟမ်...မင်းက နူးညံ့သိမ်းမွေ့တဲ့နည်းသုံးလည်းမရ၊ ခက်ထန်တဲ့နည်းလည်းသုံးလို့မရဘူးဆိုတော့ "

ထိုစကားကြားသည်နှင့် သူမက လက်လျှော့တော့မယ်ဟုထင်ကာ စိတ်သက်သာရကာ သက်ပြင်းချဖို့ပြင်နေစဉ်မှာပဲ

"ငါ ဟန်ယီ အနုနည်းနဲ့အကြမ်းနည်းကို တွဲသုံးမယ်ဆိုရင်ရော မင်းဘာတတ်နိုင်မလဲ"

"ဘာ!!!...ဘယ်လိုလဲ"လီကျန့်ယီ အတော်ပင်ရင်ထိတ်သွားသည်။သူမ ဘာလုပ်မည်နည်း။

ဟန်ယီက စကားဖြင့်မပြောတော့ပဲ၊ လီကျန့်ယီရဲ့ခါးကို လက်တစ်ဖက်ကနွေးထွေးစွာ ဖက်ထားရင်း၊ တစ်ချိန်ထဲမှာပဲ နောက်ထပ်လက်တစ်ဖက်က လီကျန့်ယီရဲ့ခါးကို ကြမ်းတမ်းစွာ ဆွဲလိမ်လိုက်တယ်။ထိုနောက်အပစ်ကင်းစင်လှသည်မျက်လုံးလေးနဲ့ ပျားရည်လိုချိုသည့်အသံဖြင့်"ယီယီ...မင်းတကယ်ပဲ ဟန်ဟန်နဲ့ မကစားဘူးလား"

"အာ့"

"ဟန်ယီ၊ငါ့ခါးကို မဆွဲလိမ်နဲ့!"ဒီတိုက်ခိုက်မှု့က ရုတ်တရက်ဆန်က သူမျှော်လင့်မထားသည့် အရာတွေမို့ သူ့ကို အတော်နာကျင်သွားစေသည်။

သူ့ခါးကို ဟန်ယီက လက်နဲ့အမျိုးမျိုးဆွဲလိမ်နေတာကို ခံ နေရပြီးနာကျင်မှုကြောင့် ပါးစပ်ထဲက သကြားလုံးလေးကို ထွေးထုတ်လုနီးပါးဖြစ်သွားရသည်။

"မင်း ဟန်ယီနဲ့ ကစားချင်လာ"ဒါက ချိူမြိန်သည့်အသံမဟုတ်ထိုနောက် ဟန်ယီက ကျီစယ်သည့်အပြုံးဖြင့် သူမလက်တွေက ပိုမြန်ဆန်စွာ အခါခါဆွဲလိမ်လိုက်သည်။

"အာ!!!"

ဟန်ယီရဲ့လက်တွေက ပိုအားကောင်းလာတာနဲ့အမျှ၊ လီကျန့်ယီက နာကျင်မှုကြောင့် အသံထွက်ပြီး အော်လိုက်မိသည်။နောက်ဆုံးမှာတော့၊ ဟန်ယီရဲ့နူးညံ့ခက်ထန်ပေါင်းစပ်မှုရဲ့ ဗျူဟာအောက်မှာ ရွေးချယ်စရာမရှိစွာ လက်လျှော့လိုက်ရသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ငါ မင်းနဲ့ကစားမယ်၊ ငါ့ခါးကို ဆက်မဆွဲလိမ်နဲ့တော့"

"တကယ်လား ၊ဒီတစ်ခါအတည်တော့ ဟုတ်တယ်မလား"ဆွဲလိမ်ဖို့အသင့်ပြင်နေသော လက်တစ်ဖက်ဖြင့် လီကျန့်ယီကိုမော့ကြည့်ပြီးမေးသည်။သူမ နောက်တစ်ခါအရူးလုပ်မခံနိုင်တော့ပေ။

"ငါ ကျိန်တယ်၊ဟုတ်ပြီလား"အသားနာတာကို မခံချင်တော့တော့ကြောင့် လီကျန့်ယီ အရှုံးပေးလိုက်ရတော့သည်။

ထိုမှသာ ဟန်ယီက ပျော်ရွှင်စွာပြုံးပြီး လီကျန်းယီကို ဖက်ထားတဲ့ သူ့မလက်ကလေးတွေကို ရုတ်သိမ်းလိုက်သည်။

ဒါပေမဲ့ထိုအချိန်မှာပဲ လီဆူးဝမ်ဆီ၏ ပြင်းထန်စွာ ဆူပူမှု့ခံ ယူလာရသော လဲ့မုန့်ရှားက လီကျန့်ယီ၏ဂူအပြင်သို့ ရောက်လာသည်။ သူမြင်လိုက်ရသည်ကာ သူရဲ့ချစ်စရာကောင်းလှသော သမီးလေးက လီကျန့်ယီ၏ခါးကို တင်းနေအောင်ဖက်ထားသည်ကို တွေ့လိုက်ရသောကြောင့်၊ သူ၏မျက်လုံးများ အဆမတန်ပြူးကျယ်သွားပြီ အော်လိုက်သည်။

"ရပ်၊ရပ်၊ ရပ်!"

"ဘယ်သူမှမလှုပ်နဲ့!"

သူ၏ချစ်စရာကောင်းတဲ့သမီးလေးအတွက် ဒီအခြေအနေမှာတွင် အဖေအနေနဲ့ အသားယူခံနေရသော သမီးလေး စိတ်ဖြစ်ပေါ်လာကာ အတော်ပင် ဒေါသထွက်နေလေသည်။

သူက မလှုပ်မရှားရပ်‌နေသည့် လီကျန့်ယီနဲ့ ဟန်ယီဆီကို မြန်မြန်လျှောက်သွားပြီး၊ လဲ့မုန့်ရှားက နှစ်ယောက်သားကို ဆွဲခွာလိုက်သည်။ပြီး‌နောက် ဆုံးမသည့်အသံဖြင့်

"ဟန်ယီ၊ ယောင်္ကျားနဲ့မိန်းကလေး

ဒီလိုဖက်နေတာ ဘယ်လိုအပြုအမူလဲ၊

ပြီးတော့ ဓားရူးလေးမင်းက အဒေါ်လီရဲ့ မောင်လေးပဲလေ

ဆိုလိုတာက မင်းက ဟန်ယီနဲ့ ဦးလေးတော်စပ်မှု့ပဲ ဦးလေးနဲ့တူမဆက်ဆံရေးမှာ ဒီလို ရင်းနှီးစွာဘယ်လို ဖက်နိုင်တာလဲ"

"အင်း၊ဦး‌လေးလဲ့ပြောတာမှန်တယ်"

လီကျန့်ယီ လဲ့မုန့်ရှားရဲ့ ဆုံးမစကားကို နားထောင်ပြိး‌ ထောက်ခံသည့်ပုံစံဖြင့် ဘေးမှာရှိသည့် ဟန်ယီကိုကြည့်ပြီး ပြောလိုက်သည်။

"ဟန်ယီ၊ဦးလေးလဲ့ ပြောတာမှန်တယ်၊မင်းဦးလေးက ဓားလေ့ကျင့်ဖိုလိုတယ်ဆိုတော့ မင်းပြန်သွားလို့ရပြီ"ဟုဆိုကာ ဂူထဲလျင်မြန်စွာပင် ပြန်ဝင်သွားလေတော့သည်။

ဟန်ယီ".မဟုတ်ဘူး၊မင်းငါနဲ့ကစားမယ်လို့ ကတိပေးထားတယ်၊မင်း ကတိပြန်ဖျက်ခွင့်မရှိဘူး" ဟန်ယီက ချက်ချင်း နေမထိထိုင်မထိဖြစ်သွားရသည်။ လီကျန့်ယီနှင့်ကစားရဖို့ သူမအစွမ်းကုန်ကြိုးစားပြီး သိမ်းသွင်းနိုင်တာ သိပ်မကြာသေးပေ။သူမသာ ဒီလိုနဲ့ ထွက်သွားရပါက သူမလုပ်ခဲ့သည့်အရာအားလုံးက အလဟာသဖြစ်ကုန်သွားမည်။

လီဟန်ယီက အခုမှရောက်လာပြီး သူမ၏အစီအစဉ်ကို လာဖျက်ဆီးနေသည့် အဖေလဲ့မုန့်ရှားကို ဒေါသကြီးစွာဖြင့် နှင်ထုတ်လိုက်သည်။

"ဖေဖေ၊ ထွက်သွား သမီး ယီယီနဲ့ ကစားချင်တယ်”

"ဘာကစားမှာလဲ!ဟန်ယီ မင်းမရူးမိုက်နဲ့ ဓားရူးလေးက မင်းဦးလေးပဲ"

ဂူထဲကနေ တွန်းထုတ်ခံရတဲ့ လဲ့မုန့်ရှားကပိုပြီး မနာလိုဖြစ်လာသည်။သူရဲ့ချစ်စရာကောင်းတဲ့သမီးလေးက တစ်နှစ်ကို အနည်းငယ်ပဲ မြင်ရတဲ့ လီကျန်းယီကို ပိုတွယ်တာတာကိုမြင်တော့ လဲမုန့်ရှားမျက်လုံး များပြာသွားသည်။

"ဟမ်....ဖေဖေကသာ ရူးမိုက်တာ" ဟန်ယီက မကျေမနပ်နဲ့ နှုတ်ခမ်းကိုစူပြီး ပြောလိုက်သည်။

"ဖေဖေက မရူးဘူး၊အဖေက ဟန်ယီအတွက် စဉ်းစားပေးနေတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူများဆီ အလုယူမခံနိုင်ဘူး ၊အဖေက သမီးကိုချစ်လို့ မဝသေးဘူ"လဲ့မုန့်ရှားက စိုးရိမ်စွာပြောလိုက်သည်။

"သမီး ဖေဖေ့ကို မချစ်တော့ဘူ၊အဖေက သမီး အစီအစဉ်ကိုနောက်ထပ်ဖျက်ဆီးရင်၊ နှစ်နှစ်အတွင်းမှာ ကျန်းယီဦးလေးက ဖေဖေ့ကို ယောက္ခမကြီးလို့ ခေါ်ခိုင်းမှာနော်" ဟန်ယီက လဲ့မုန့်ရှားအခုထိ မထွက်သွားသေးတာကိုမြင်တော့ လီကျန်းယီကို အသုံးပြုပြီး လဲ့မုန့်ရှားကို ခြိမ်းခြောက်လိုက်သည်။

"ယောက္ခမကြီး"ဆိုတဲ့စကားလုံးကို ကြားသည်နှင့် လဲ့မုန့်ရှားက တစ်ကိုယ်လုံးဓာတ်လိုက်သလိုခံစားလိုက်ရသည်။ချစ်စရာ ကောင်းလှသည့် သူသမီးကို ဘယ်သူ့၏လက်ထဲကို မှမထည့်‌ပေးနိုင်ချေ။အစကဟန်ယီကို ခေါ်သွားချင်တဲ့ စိတ်ရှိပေမဲ့ ၊သူ့စိတ်ထဲမှာ ရုတ်တရက် ဓားရူးလေးက သူ့ကို "ယောက္ခမ"လို့ခေါ်မည်ကိုတွေးမည့်သည့်အခါ လဲမုန့်ရှားက ခေါင်းကိုအပြင်းအထန်ခါလိုက်ပြီး ဟန်ယီကိုခေါ်သွားဖို့ လက်လျှော့လိုက်သည်။

"ကောင်းပြီ၊ကောင်းပြီ၊ ကောင်းပြီ၊ ဖေဖေ အခုထွက်သွားမယ်၊ကျေးဇူးပြုပြီး ဓားရူးလေးကိုသာ ဖေဖေ့ကို ယောက္ခမကြီးလို့ မခေါ်ခိုင်းနဲ့၊ဖေဖေက သတ္တိမရှိဘူး ဒီလို ထိန့်လန့်စရာကိစ္စတွေမခံနိုင်ဘူး" လဲ့မုန့်ရှားက ကြောက်လန့်သွားပြီး၊ သတိပေးစကားပြောကာအလျင်အမြန် ဆုတ်ခွာသွားသည်။

"သိပြီ ..သီပြီ..အဖေ၊အဖေကစကားများလွန်းတယ်" ဟန်ယီက သူမရဲ့ နနှာခေါင်းလေးကို အနည်းငယ်တွန့်ပြီး ချစ်စဖွယ်ပြုံးကာပြောလိုက်သည်။

လဲ့မုန့်ရှားမှာမူ နောက်တောင်လှည့်မကြည့်တော့ပဲ ဓားနှလုံးကျောက်ဆောင်ကနေ ထွက်ခွာသွားသည်။

All Chapters