ကျောက်အိမ်တောိက လူကို အနိုင်ကျင့်လွန်းလှသည်။
Vol. 2 Ch. 18
ငါးချက်တီးအချိန် အရုဏ်မတက်မီ ကောင်းကင်သည် မှောင်မိုက်နေဆဲဖြစ်ပြီး ထုံထျန်းမျှော်စင်ပေါ်မှ ဗုံသံသည် ရှန့်ကျင်းမြို့အနှံ့ ပျံ့နှံ့သွားကာ ညမထွက်ရအမိန့် ပြီးဆုံးသွားလေသည်။
နောက်ဆုံးဗုံသံဆုံးမှသာ အားချန်သည် အလိုမကျစွာဖြင့် ငိုက်မျဉ်းနေသော မျက်လုံးများကို ဖွင့်လိုက်၏။
ယနေ့သည် ရှောင်လင်းရှီ၏ နာရေးအခမ်းအနားနေ့ ဖြစ်သဖြင့် နောက်ကျမှ ရောက်သည်ထက် စောစောရောက်သွားခြင်းက ပိုကောင်းပေမည်။ သူမသည် ကျောက်အိမ်တော်သို့ အမြန်ဆုံး သွားရောက်ရန် လိုအပ်၏။
အဝတ်အစားများ ဝတ်ဆင်ပြီးနောက် အားချန်သည် ပြတင်းပေါက်ကို အနည်းငယ်မျှ တွန်းဖွင့်လိုက်သည်တွင် လေအေးများ ချက်ချင်းပင် တိုးဝင်လာသဖြင့် သူမသည် တုန်ယင်သွားပြီး ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။
ဒီနေ့ ရာသီဥတုက သိပ်မကောင်းပေမဲ့ သေဆုံးသူကို ပို့ဆောင်ဖို့အတွက်တော့ သင့်တော်ပါတယ်။
အားချန်သည် ချန်းဖိင်ဖန်း၏ လမ်းမပေါ်တွင် လျှောက်လှမ်းနေစဉ် လမ်းဘေးဝဲယာရှိ ဆိုင်များသည် မဖွင့်သေးသော်လည်း လမ်းထိပ်မှ လူသံများကို မသဲမကွဲ ကြားနေရ၏။ ထိုအသံသည် ဖက်ထုပ်ရောင်းသော ဆိုင်မှဖြစ်ပြီး သူတို့ဆိုင်၏ အသားဖက်ထုပ်မှာ အလွန်အရသာရှိသည်ဟု ကြားသိရသည်။
ယနေ့ အားချန်သည် ရှားရှားပါးပါး စောစောထခဲ့သည့်အတွက် တစ်ခေါက်ကြုံတွေ့ခဲ့ရသော်လည်း ကံမကောင်းစွာဖြင့် သူမသည် အိမ်မှမထွက်မီ ရေနွေးနှင့်အတူ ပေါက်စီတစ်လုံး စားသုံးခဲ့ပြီးဖြစ်သဖြင့် ပါးစပ်ထဲတွင် အရသာမရှိသည့်အပြင် ဗိုက်ကလည်း ပြည့်နေလေသည်။ ထို့ကြောင့် နောက်မှပဲ စားတော့မည်ဟု နှမြောတသစွာ ထားခဲ့ရလေသည်။
အားချန်သည် ကျောက်အိမ်တော်သို့ ရောက်ရှိသောအခါ ကောင်းကင်သည် မလင်းသေးသော်လည်း အိမ်တော်အတွင်းတွင် လူအများအပြား စုရုံးနေဟန်တူပြီး အသံများမှာ အလွန်ဆူညံနေ၏။
သူမသည် ခြံဝင်းထဲသို့ ဝင်ရောက်သွားချိန်တွင် ကျောက်မိသားစုဝင်အားလုံး ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် လေးနက်သော အမူအရာများဖြင့် နာရေးခန်းမဆောင်ဘက်သို့ ကြည့်နေကြသည်။ မကြာမီတွင် သန်မာသော လူတချို့သည် ခေါင်းတလားကို ထမ်းကာ နာရေးခန်းမဆောင်ထဲမှ ထွက်လာကြပြီး တချို့ကတော့ ပူဇော်ပွဲခုံကိုပါ အပြင်သို့ သယ်ထုတ်လာကြ၏။ ထိုခုံပေါ်တွင်တော့ ရှောင်လင်းရှီ၏ နာမည်ကမ္ဗည်းတိုင်ကို တင်ထားဆဲပင်။
အားချန်၏ စိတ်ထဲတွင် အနည်းငယ် သံသယဝင်သွား၏။ အချိန်ရောက်မှ ခေါင်းတလားကို သယ်ထုတ်ရမှာ မဟုတ်ဘူးလား။ သူတို့ ဒါ ဘာလုပ်နေကြတာလဲ။
မကြာမီတွင် နာရေးခန်းမဆောင်ထဲမှ ရသေ့တချို့ ထွက်လာကြပြန်သည်။
ဦးဆောင်သော ရသေ့သည် မုတ်ဆိတ်နှင့် ဆံပင်များ ဖြူဖွေးနေသော်လည်း မျက်နှာမှာတော့ မအိုမင်းပေ။ သူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါင်းလားင်းတစ်လုံးကို ကိုင်ဆောင်ထား၏။ သူ့နောက်မှ ရသေ့ ၇ဦးသည် အနက်ရောင် သစ်သားသေတ္တာတစ်လုံးစီကို ကိုင်ဆောင်ထားကြပြီး သူတို့သည် အခမ်းအနားတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေဟန်တူသည်။
ရသေ့များ ထွက်လာသည်ကို မြင်သောအခါ ကျောက်မင်သည် ရှေ့သို့တိုး၍ အလွန်လေးစားသော သဘောထားဖြင့် ကြိုဆိုလိုက်သည်။ “ဒီတစ်ခေါက်တော့ ကျင့်ယွင်ဆရာကြီးကို အပန်းကြီးစေမိပါပြီ”
ကျင့်ယွင်က အပြုံးနှင့်အတူ ဆို၏။ “အမတ်ကျောက် စိတ်အေးအေးထားပါ”
ကျောက်မင်နှင့် နှုတ်ဆက်ပြီးနောက် ကျင့်ယွင်သည် လှည့်ကာ ပူဇော်ပွဲခုံရှေ့သို့ လာရောက်ပြီး ရသေ့ ၇ ဦးသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့တိုးကာ လက်ထဲမှ အနက်ရောင်သစ်သားသေတ္တာများကို ပူဇော်ပွဲခုံပေါ်တွင် တင်ထားကြ၏။
ကျင့်ယွင်သည် ခေါင်းလားင်းကို လှုပ်ခါလိုက်ရာ ပတ်ဝန်းကျင်မှ လေသည် ရုတ်တရက် ရပ်တန့်သွားပြီး ခြံဝင်းထဲမှ သစ်ပင်များမှာ တဆတ်ဆတ် လှုပ်ခါလာလေသည်။ ခြံဝင်းထဲတွင် ချထားသော ခေါင်းတလား၏ အဖုံးသည် ရုတ်တရက် အပေါ်သို့ တစ်ချက်ခုန်တက်သွား၏။
တစ်စုံတစ်ခုသည် ခေါင်းတလားထဲမှ ထွက်ပြေးရန် ကြိုးစားနေသကဲ့သို့ ရှိနေလေသည်။
ထိုနေရာရှိ ကျောက်မိသားစုဝင်များထဲမှ အသက်အငယ်ဆုံးဖြစ်သော ကျောက်ဝမ်ချီသည် ကျောက်လားင်ထိုက်ထိုက်၏ နောက်တွင် ပုန်းကွယ်နေပြီး ကျောက်ဝမ်ယွဲ့မှာတော့ ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
ကျောက်မင် တစ်ဦးတည်းသာ တည်ငြိမ်နေသေးသော်လည်း မျက်နှာမှာတော့ အနည်းငယ် မကောင်းလှပေ။
ခေါင်းလားင်းသံ ရပ်တန့်သွားသောအခါ ကျင့်ယွင်အမည်ရှိ တာအိုဘုန်းကြီးသည် အခက်တွေ့ဟန်ဖြင့် ကျောက်မင်အား ကြည့်ရှုလိုက်ပြီး ဤသို့ ဖွင့်ဟပြောဆိုလိုက်လေသည်။
“လူကြီးမင်းကျောက်၊ ခင်ဗျားရဲ့ဇနီးက မတရားသေဆုံးခဲ့ရတော့ သူ့ကိုယ်မှာ အမုန်းတွေ ပြည့်နှက်နေပြီး ဝိညာဉ်က မကောင်းဆိုးဝါး ဖြစ်တော့မယ့် လက္ခဏာတွေ ပြနေပြီ။ အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ လိုနေပြီ”
“ဒါဆို… ဘုန်းကြီးမှာ နည်းလမ်းများ ရှိပါသလား”
ကျင့်ယွင်ဘုန်းကြီးသည် သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီးနောက် ဤသို့ဆို၏။ “နည်းလမ်းကတော့ နှစ်မျိုးရှိတယ်။ ပထမတစ်ခုက ကျောက်ကတော် မကောင်းဆိုးဝါးအဖြစ် မပြောင်းခင်မှာ ကျုပ်ကိုယ်တိုင် သူ့ဝိညာဉ်ကို ချေဖျက်လိုက်ရမှာပဲ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ခင်ဗျားဇနီးရဲ့ ဝိညာဉ်က တမလွန်ကို သွားနိုင်တော့မှာ မဟုတ်ဘူး”
“ဒုတိယနည်းလမ်းကကော ဘယ်လိုလဲ”
“သူ့ဝိညာဉ်ကို ကျုပ်တို့ကျောင်းမှာ နှစ်ပေါင်းများစွာ ပူဇော်ထားတဲ့ နောက်ဘဝကူးပြောင်းခြင်းအစီအရင် နဲ့အတူ ခေါင်းတလားထဲမှာ ပိတ်လှောင်ထားပြီး သူ့ရဲ့အမုန်းတရားတွေကို တဖြည်းဖြည်း ချေဖျက်သွားရမှာပဲ။ ဒါပေမဲ့ ဒီနည်းအတိုင်းဆိုရင် ခင်ဗျားဇနီးရဲ့ ဝိညာဉ်ထဲက အမုန်းတရားတွေ ပျောက်ကွယ်သွားဖို့ နှစ်တစ်ရာလားက် အချိန်ယူရလိမ့်မယ်။ အဲဒီအခါကျမှ ကျောက်မိသားစုက ခေါင်းတလားကို ပြန်ဖွင့်ပြီး ကျောက်ကတော်ရဲ့ဝိညာဉ်ကို တမလွန်ကို သွားခွင့်ပြုရမှာ ဖြစ်တယ်”
ကျောက်မင်သည် ထိုနည်းလမ်းနှစ်ခုလုံးကို မနှစ်မြို့သည့်အလား ချီတုံချတုံဖြစ်နေလေသည်။
သို့သော် သူ ဆုံးဖြတ်ချက်မချမီမှာပင် ကျောက်ဝမ်ယွဲ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “ဒုတိယတစ်ခုကို ရွေးပါ၊ အဖေ။ သမီးတို့ ဒုတိယတစ်ခုကိုပဲ ရွေးမယ်”
“ဒါပေမဲ့ ဒီလိုလုပ်ရင် သမီးအမေ့ရဲ့ဝိညာဉ်က ခေါင်းတလားထဲမှာ နှစ်တစ်ရာလားက် အပိတ်ခံထားရမှာနော်” ကျောက်မင်၏ မျက်နှာတွင် မကြည့်ရက်နိုင်သော အမူအရာတစ်ခု ထင်ဟပ်နေ၏။
“အမေက မကောင်းဆိုးဝါးဖြစ်လာပြီး တစ်မိသားစုလုံးကို ဒုက္ခပေးတာထက်စာရင် ဒါကတော်ပါသေးတယ်”
“ဝမ်ယွဲ့ ပြောတာမှန်တယ်။ ငါ့ချွေးမကလည်း မကောင်းဆိုးဝါးဖြစ်ပြီး လူတွေကို ဒုက္ခပေးချင်မှာ မဟုတ်ပါဘူး” ကျောက်လားင်ထိုက်ထိုက်က ချက်ချင်းပင် ထောက်ခံလိုက်လေသည်။
ကျောက်မင်သည်လည်း သဘောတူရန် ပြင်လိုက်စဉ်မှာပင် အရိပ်တစ်ခုသည် ရုတ်တရက် ခေါင်းတလားပေါ်သို့ ပြေးတက်သွားပြီး ထိုခေါင်းတလားကို ဖက်ကာ ငိုယိုအော်ဟစ်လိုက်သည်။ “ရှင်တို့ သခင်မကို ဒီလိုလုပ်လို့မရဘူး”
ထိုသူမှာ ဆွန်းမားမားပင် ဖြစ်လေ၏။
ဆွန်းမားမားသည် တစ်ညလုံး မအိပ်ထားသည့်အလား သူ့မျက်လုံးအိမ်များသည် နီရဲနေပြီး မျက်ကွင်းများမှာလည်း ညိုမည်းနေလေသည်။
“လာကြစမ်း၊ သူ့ကို အမြန်ဆွဲထုတ်လိုက်။ ဘုန်းကြီးကို မနှောင့်ယှက်စေနဲ့” ကျောက်ဝမ်ယွဲ့သည် ဆွန်းမားမားကို မြင်သောအခါ မျက်နှာထားတင်းမာသွားပြီး အစေခံများအား ဆွန်းမားမားကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်၏။
ဆွန်းမားမား၏ အားအင်သည် ကျန်းမာသန်စွမ်းသော အစေခံနှစ်ယောက်ကို မည်သို့မျှ မယှဉ်နိုင်ဘဲ ခေါင်းတလားအနားမှ အမြန်ပင် ဆွဲထုတ်ခြင်းခံလိုက်ရလေသည်။
အားချန်၏ အနားမှ ဖြတ်သွားချိန်တွင် ဆွန်းမားမားက ငိုယိုပြီး အော်ဟစ်လိုက်သည်။ “မိန်းကလေး၊ သခင်မအတွက် စကားတစ်ခွန်းလားက် ကူပြောပေးပါဦး”
ဆွန်းမားမား၏ အသံကို လုံးဝမကြားရတော့သည့်အချိန်ကျမှ အားချန်သည် ကျောက်မိသားစုဘက်သို့ လှည့်လိုက်ပြီး ကျောက်မင်ထံသို့ လျှောက်သွားကာ ဤသို့ဆို၏။ “ဦးလေး၊ ဒီနည်းလမ်းနှစ်ခုလုံးက ကြားရတာ ကြောက်စရာ ကောင်းလွန်းပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါသေးတယ်။ ဦးလေးလည်းပဲ ကျောက်မိသားစုအတွက် တစ်သက်လုံး ပင်ပန်းဆင်းရဲခံခဲ့ရတဲ့ အဒေါ်ကို နောက်ဆုံးမှာ ဒီလို ကြေကွဲစရာကောင်းတဲ့ အဆုံးသတ်မျိုးနဲ့ မကြုံစေချင်ဘူး မဟုတ်လား”
ကျောက်မင်သည် စဉ်းစားမငြိမ်ဖြစ်နေပြီး စကားတစ်ခွန်းမျှ မဆိုသေးသော်လည်း ကျောက်ဝမ်ယွဲ့ကတော့ ဒေါသထွက်နေသောအသံဖြင့် ပြောလာ၏။ “ကျိချန်၊ ငါတို့မိသားစုကိစ္စ နင်ဝင်ပါစရာမလိုဘူး”
အားချန်၏ မျက်နှာထားသည် တည်ငြိမ်နေပြီး ကျောက်ဝမ်ယွဲ့ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ “ခေါင်းတလားထဲမှာ လဲလျောင်းနေတဲ့သူက ငါ့အဒေါ်၊ နင့်ရဲ့အမေအရင်းပဲ”
ကျောက်ဝမ်ယွဲ့သည် အားချန်၏ အကြည့်ကြောင့် လန့်သွားဟန်တူပြီး ခဏလားက် စကားမပြောနိုင် ဖြစ်သွားလေသည်။
ထိုအချိန်တွင် ကျောက်လားင်ထိုက်ထိုက်၏ နောက်တွင် အမြဲပုန်းနေလေ့ရှိသော ကျောက်ဝမ်ချီက ဤသို့ဆို၏။ သခင်မ အသက်ရှင်တုန်းက စိတ်ထားကောင်းတော့ သေသွားရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခပေးချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ တကယ်လို့ သူက မကောင်းဆိုးဝါး ဖြစ်သွားခဲ့ရင်ကော။ ဝမ်းကွဲအစ်မက အဖေနဲ့အစ်မကို အပြစ်တင်နေတဲ့အချိန်မှာ အဘိုးအဘွား၊ အဖေနဲ့အစ်မ၊ ပြီးတော့ အိမ်တော်က အစေခံတွေအားလုံးကိုလည်း ထည့်စဉ်းစားပေးပါဦး။ အသက်ရှင်နေတဲ့သူတွေက အရေးကြီးဆုံးပဲလေ”
လူ့သဘာဝကို အခြေခံပြီးတော့ကို အပြစ်တင်သွားတာပဲ။ အသက်ငယ်ငယ်လေးနဲ့ စကားအပြောအဆိုက ဒီလားက်တောင် ထက်မြက်နေတာကိုး။ ကျောက်မိသားစုက သူ့ကို ရတနာလေးတစ်ပါးလို ချစ်နေတာလည်း မဆန်းတော့ပါဘူး။
သူ့စကားဆုံးသောချိန်တွင် ခြံဝင်းထဲတွင် မူလက စိတ်လှုပ်ရှားနေသူများပင် သဘောတူသည့် အရိပ်အယောင်များ ပြလာကြလေသည်။
အချိန်မရွေး မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားနိုင်ပြီး လူတိုင်းကို ဒုက္ခပေးနိုင်သည့် ရှောင်လင်းရှီတစ်ယောက်ကို စတေးလိုက်ခြင်းမျှသာ ဖြစ်၏။ လူက သေဆုံးသွားပြီဖြစ်ရာ အဘယ်ကြောင့် ဤမျှ ဂရုစိုက်နေရန် လိုအပ်မည်နည်း။ အသက်ရှင်နေသော သူတို့သာ အရေးကြီးသည် မဟုတ်လား။
ကျောက်ဝမ်ချီ၏စကားက ဤကိစ္စကို အဆုံးသတ်ပေးလိုက်ပြီး ကျောက်မင်သည် ကျောက်ဝမ်ချီ၏ခေါင်းကို ပွတ်သပ်ကာ အားချန်ကို တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။ “ဒီကလေးက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါ၊ ဒါပေမဲ့…”
သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျင့်ယွင်ဘုန်းကြီးဘက်သို့ လှည့်ကာ ဆိုလိုက်သည်။ “ဝမ်ယွဲ့ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ”
ကျင့်ယွင်ဘုန်းကြီးသည် ခေါင်းညိတ်လက်ခံလိုက်ပြီး မပြီးသေးသော အစီအရင်ကို ဆက်လက်လုပ်ဆောင်လေသည်။
အားချန်သည် ကျင့်ယွင်ဘုန်းကြီးက ယဇ်ကောင်သုံးကောင်၏သွေးကို အသုံးပြုပြီး အနက်ရောင် သစ်သားသေတ္တာငယ် ၇ လုံးပေါ်တွင် တစ်လုံးချင်း အစက်ချနေသည်ကို အေးစက်စွာ ကြည့်နေ၏။ သေတ္တာများ ပွင့်လာသောအခါ အတွင်း၌ ခေါင်းတလားသံမှို ၇ ချောင်းကို တွေ့ရပြီး ထိုသံမှိုများပေါ်တွင် ရှုပ်ထွေးနက်နဲသော အစီအရင်များ ရေးထိုးထားသည်။
ထိုသံမှို ၇ ချောင်းလုံးကို နောက်ဆုံးတွင် ခေါင်းတလားအဖုံးထဲသို့ ရိုက်သွင်းလိုက်လေသည်။ သံမှိုတစ်ချောင်း ရိုက်သွင်းလိုက်တိုင်း ခေါင်းတလားထဲမှ စူးရှကျယ်လားင်သော အော်သံတစ်ချက် ထွက်ပေါ်လာပြီး နောက်ဆုံးတစ်ချောင်း ရိုက်သွင်းပြီးသည့်အခါတွင်တော့ လုံးဝတိတ်ဆိတ်သွားလေ၏။
ကျင့်ယွင်ဘုန်းကြီးက ခေါင်းလောင်းကို ချလိုက်သည့်အခါ လူတိုင်းသည် သေရေးရှင်ရေးတိုက်ပွဲတစ်ခုကို ဖြတ်ကျော်ခဲ့ရသည့်အလား သက်ပြင်းချလိုက်ကြသည်။
သို့သော် ထိုကျင့်ယွင်ဘုန်းကြီးသည် ခေါင်းတလားသံမှို ၇ ချောင်းကို အဘယ်ကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်ကိုတော့ မည်သူမျှ မစဉ်းစားမိခဲ့ချေ။
“အချိန်ကျပြီ။ ခေါင်းတလားမကြတော့”
မိုးသည် မည်သည့်အချိန်က လင်းသွားသည်မသိ။ အစီအရင်များကို စီရင်ပြီးသောအခါ အသုဘအခမ်းအနားအတွက် အချိန်ကျရောက်လေပြီ။
ရှောင်လင်းရှီ၏ ခေါင်းတလားကို အပြင်သို့ သယ်ထုတ်သွားပြီး ကျောက်မိသားစုဝင်များသည် ရှေ့ဆုံးမှ လျှောက်လှမ်းနေကြ၏။ တာအိုဘုန်းကြီးတချို့သည် နောက်မှလိုက်ပါကာ ကျောက်အိမ်တော်မှ အစေခံများသည်လည်း သခင်မအား နောက်ဆုံးခရီး လိုက်ပို့ရန်ဟုဆိုကာ နောက်ဆုံးမှ လိုက်ပါသွားကြလေသည်။
တစ်ခဏအတွင်းမှာပင် ခြံဝင်းတစ်ခုလုံးသည် ရှင်းလင်းသွား၏။
ကျောက်မိသားစု၏ အသုဘယာဉ်တန်းသည် အိမ်တော်မှထွက်ခွာပြီး မြို့တံခါးဆီသို့ တသီတတန်းကြီး ဦးတည်သွားနေသော်လည်း အားချန်ကတော့ လိုက်မသွားခဲ့ပေ။
သူသည် ကျောက်အိမ်တော်၏ တံခါးမကြီးအပြင်သို့ ထွက်လာသောအခါ တံခါးအပြင်ဘက်တွင် စပ်စုနေသော လူများစွာ စုရုံးနေသည်ကို တွေ့ရပြီး သူတို့၏ ပြောဆိုသံများကို ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က ပြောလာသည်။ “အဲဒီကျောက်ကတော်ရဲ့ စိတ်နေစိတ်ထားက သိပ်မကောင်းဘူးလို့ ကြားတယ်။ ကိုယ့်သားအရင်း သတ်လို့ သေရတာတဲ့။ သေရပုံက သနားစရာကြီးပဲ”
နောက်တစ်ယောက်က ပြန်ပြောသည်။ “သနားစရာကောင်းတာက လူကြီးမင်းကျောက်ပါ၊ သူ့ဇနီးကို သိပ်ချစ်တယ်လို့ ကြားတယ်”
“ဟုတ်တာပေါ့။ အရင်ကဆို လူကြီးမင်းကျောက်က သူ့ဇနီးအတွက် မုန့်တွေဝယ်ပေးနေတာ ခဏခဏတွေ့ရတယ်။ အခုတော့ လူက မရှိတော့ဘူး”
လူအများ၏ တီးတိုးပြောဆိုသံများကို နားထောင်ရင်း အားချန်သည် လူအုပ်ထဲမှ ထွက်ခွာကာ အိမ်ရှိရာဘက်သို့ ပြန်လာခဲ့သည်။
သူမသည် ဝေးဝေးမရောက်သေးခင်မှာပင် နောက်မှ အော်ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။ “မိန်းကလေး”
အားချန် လှည့်ကြည့်လိုက်သောအခါ ဆွန်းမားမားကို တွေ့လိုက်ရသည်။
စောစောက ဖရိုဖရဲဖြစ်နေသော ဆွန်းမားမားသည် အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ထားဟန်ရှိပြီး သူ့ကျောတွင် အဝတ်ထုပ်တစ်ထုပ်ကို လွယ်ထားလေသည်။
“ဆွန်းမားမား ဒါက…”
ဆွန်းမားမားက မျက်လွှာချကာ ပြောလာ၏။ “သခင်မက ကျွန်မရဲ့ ကျွန်စာချုပ်ကို ကြိုပေးထားခဲ့ပြီးသားပါ။ အခု သူ မရှိတော့တဲ့အတွက် ကျွန်မလည်း အိမ်တော်မှာ ဆက်နေလို့ မဖြစ်တော့ဘူး”
စောစောက အိမ်တော်ထိန်းသည် သူမကို လာရှာခဲ့ပြီး ကျောက်အိမ်တော်မှ ချက်ချင်းထွက်သွားရန် ပြောခဲ့သည်။
အမှန်ပင်။ သူမသည်လည်း ဆက်လက်နေထိုင်ရန် အစီအစဉ်မရှိတော့ပေ။
ထိုအိမ်တော်က လူအားလုံး၏ နှလုံးသားများသည် မည်းနက်နေလေသည်။
“ဒီလိုဆိုရင် ဆွန်းမားမား ကျွန်မဆီမှာ အရင်ဆုံး ခဏနားပါလား”
ဆွန်းမားမားက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။ ကျွန်မ မိန်းကလေးကို ပြောစရာစကားနည်းနည်း ရှိနေတာနဲ့ အတော်ပဲ”
သူတို့နှစ်ယောက်သည် အားချန်၏အိမ်သို့ ပြန်လာခဲ့ကြပြီး အနည်းငယ် ရှင်းလင်းနေသော ဆိုင်ခန်းထဲသို့ ဝင်ရောက်လာကြသည်။ ဆွန်းမားမားသည် ဒုတိယထပ်သို့ တက်မနားဘဲ အားချန်နှင့်အတူ စားပွဲတွင် ထိုင်လိုက်သည်။
အားချန်သည် အိမ်မှမထွက်ခင် ရေနွေးအနည်းငယ် ကျိုထားခဲ့သဖြင့် ယခုအခါ ဆွန်းမားမားကို ရေနွေးသာ တိုက်နိုင်တော့သည်။
ဆွန်းမားမားသည် အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အမြဲတင်းမာနေသော သူ့မျက်နှာအမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသယောင်ပင်။
သူမသည် ရေနွေးတစ်ငုံသောက်ပြီး လည်ချောင်းရှင်းလိုက်ကာ စကားစလိုက်၏။ “မိန်းကလေး။ ဒီနေ့ပြီးရင် ကျွန်မ ရှန့်ကျင်းကနေ ထွက်သွားတော့မယ်”
အားချန်သည် အံ့ဩခြင်းမရှိပေ။ ကျောက်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် ကျောက်မိသားစု၊ အထူးသဖြင့် ကျောက်ဝမ်ယွဲ့သည် ဆွန်းမားမားကို လက်ခံနိုင်မည် မဟုတ်သည်မှာ သေချာသည်။
“ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ”
“တကယ်တော့ ရွာကို စောစောစီးစီးကတည်းက ပြန်သင့်တာပါ။ ဒါပေမဲ့ သခင်မကို စိတ်မချနိုင်လို့ တုံ့ဆိုင်းနေခဲ့တာ။ အရင်ကဆို သခင်မက ကျွန်မကို ဒီမှာပဲ အနားယူဖို့ ပြောခဲ့သေးတယ်။ ဒီလို ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ” ဆွန်းမားမားသည် ပြောရင်းဆိုရင်း မျက်ရည်များ စီးကျလာလေသည်။
အားချန်သည် နှစ်သိမ့်စကားမဆိုဘဲ သူ့ငိုသံ တဖြည်းဖြည်း တိတ်သွားသည်အထိ အေးဆေးစွာ စောင့်ဆိုင်းနေပြီးမှ မေးလိုက်သည်။ “လမ်းစရိတ် လုံလောက်ရဲ့လား၊ မလုံလောက်ရင် ကျွန်မဆီမှာ…”
ဆွန်းမားမားက ခေါင်းခါပြပြီး အားချန်ကို စကားဆက်မပြောစေတော့ပေ။
“သခင်မက ကျွန်မကို ငွေအများကြီး ပေးထားခဲ့ပါတယ်။ အိမ်ပြန်ဖို့ လမ်းစရိတ် လုံလောက်ပါတယ်။ နောက်ပိုင်းဘဝအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ကျွန်မ မိန်းကလေးကို ရှာလာတာက ပြောစရာရှိလို့ပါ။ ကျွန်မက အသုံးမကျပါဘူး။ သိနေရင်တောင် သခင်မအတွက် ဘာမှမလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီအကြောင်းကို မိန်းကလေးကို ပြောပြရမယ်။ မင်းက သခင်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးရင်းချာပဲ”
ဆွန်းမားမား၏ မျက်နှာသည် တည်ကြည်နေပြီး အားချန်ကလည်း အလေးအနက်ထားကာ ဆိုလိုက်သည်။ “ဆွန်းမားမား ပြောပါ”
“သခင်ကြီး… ကျောက်မင်နဲ့ စူးဖူးရန်တို့ ဖောက်ပြန်နေကြပြီး အဲဒီ ကျောက်ဝမ်ချီကို မွေးခဲ့တာပါ။ ဒီကိစ္စကို အဘိုးကြီးနဲ့ အဘွားကြီးတို့လည်း သိကြမယ်လို့ ကျွန်မ ထင်တယ်”
အားချန်၏ မျက်နှာသည် အနည်းငယ်မျှပင် မပြောင်းလဲသည်ကို မြင်သောအခါ ဆွန်းမားမားက ခါးသက်စွာ ပြုံးလိုက်သည်။ “မိန်းကလေးက ဘယ်တုန်းက သိခဲ့တာလဲ”
“မနေ့က စိတ်ထဲမှာ သံသယဝင်ခဲ့တာပါ” အားချန်က ပြန်မေးလိုက်သည်။ “ဆွန်းမားမားကကော”
ဆွန်းမားမားသည် မနေ့ကအဖြစ်ကို ပြန်စဉ်းစားမိပြီး မျက်လုံးအိမ်များ နီရဲလာပြန်သည်။ “မနေ့ညက ကျွန်မ ခေါင်းတလား ထားတဲ့အခန်းကို သွားတော့ အဘိုးကြီး… ကျောက်မင်လည်း အဲဒီမှာရှိနေတာကို တွေ့လိုက်တယ်။ သူက သခင်မရဲ့ ခေါင်းတလားကို ကြည့်ပြီး စကားတွေပြောနေတာ။ ခဏကြာတော့ အဲဒီမိန်းမလည်း ရောက်လာတယ်။ သူတို့က ရှက်ကြောက်စိတ်မရှိဘဲ သခင်မရဲ့ခေါင်းတလားရှေ့မှာတောင် ပွေ့ဖက်နေကြတယ်”
အားချန်သည် မျက်မှောင်ကြုတ်လိုက်သည်။ “ဘာတွေကြားခဲ့လဲ”
ဆွန်းမားမား၏ မျက်နှာသည် ဖြူဖျော့သွားပြီး မျက်လုံးထဲတွင် ကြောက်လန့်မှုအရိပ်အယောင်များ မသိမသာ ပေါ်လာသည်။ “ကျွန်မ ကြားလိုက်တာက သခင်ကြီးက သာ့ကုန်းဇီက အသုံးမကျတဲ့ကောင်၊ အသုံးမကျတဲ့ကောင်ကို အိမ်တော်ရဲ့အမွေကို ဆက်ခံခွင့်မပေးနိုင်ဘူး။ ကျောက်ဝမ်ချီကို အိမ်တော်မှာ တရားဝင်နေခွင့်ရဖို့အတွက် တစ်ယောက်ယောက်တော့ စတေးရလိမ့်မယ်လို့ ပြောနေတာကို ကြားလိုက်တယ်”
“နောက်ထပ်ကော” အားချန်၏ အသံသည် တဖြည်းဖြည်း အေးစက်လာ၏။
မည်သူ့ကို စတေးခဲ့သနည်း။ ကျောက်ဝမ်ရှန်းလား သို့မဟုတ် ရှောင်လင်းရှီလား။ သို့တည်းမဟုတ် နှစ်ယောက်လုံးလား။
“အဲဒီမိန်းမက သခင်မကို အမွှေးတိုင်ထွန်းပေးမယ်လို့ ပြောတော့ ကျောက်မင်က သခင်မက မထိုက်တန်ဘူးလို့ ပြန်ပြောတယ်။ ပြီးတော့ သခင်မက သူတို့ရဲ့ကလေးကို သတ်ခဲ့တယ်လို့လည်း ပြောသေးတယ်” ဆွန်းမားမားသည် ပြောရင်းဆိုရင်း မျက်လုံးထဲတွင် ဒေါသအရောင်များ ပိုမိုပြင်းထန်လာသည်။ “ကျွန်မတို့သခင်မက ဘာကလေးမှန်းတောင် မသိတာကို ထားလိုက်ပါတော့။ တကယ်လို့သာ သိခဲ့ရင် ကျောက်မင်နဲ့ ကွာရှင်းပြီးလားက်ပြီ။ ဒီနေ့လို အဖြစ်မျိုး ဘယ်ဖြစ်လာတော့မလဲ”
“ဒါတွေအပြင် တကယ်တော့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်…” ဆွန်းမားမားသည် ပြောသင့်မပြောသင့်ကို မဝေခွဲနိုင်ဘဲ ချီတုံချတုံဖြစ်နေလေသည်။
“ပြောပါ”
အားချန်၏ တည်ငြိမ်သောအသွင်က ဆွန်းမားမားကို စိတ်အေးစေဟန်ရှိပြီး သူသည် စိတ်ကိုငြိမ်အောင်ထားပြီးမှ ဆက်ပြောသည်။ “မနေ့က ကျွန်မ ထွက်သွားတဲ့အချိန်မှာ အသံနည်းနည်း ကျယ်သွားလို့ လူမိတော့မလို ဖြစ်သွားတယ်။ ဒါပေမဲ့ ခေါင်းတလားထားတဲ့ အခန်းတံခါးက ရုတ်တရက် ပိတ်သွားပြီး သူ့ကို ခဏတားလိုက်တယ်။ ကျွန် မထင်တာက သခင်မ… ထွက်မသွားသေးဘူးလားလို့။ အဲဒီကျောက်မင်က ဒါကို သိသွားလို့များ အစီအရင်လုပ်ဖို့ တာအိုဘုန်းကြီး ယောင်ဆောင်တဲ့လူကို ခေါ်လာတာလား”
“မဖြစ်နိုင်စရာတော့ မရှိဘူး” အားချန်သည် ယခုအခါ သာမန်လူတစ်ယောက်ဖြစ်နေသဖြင့် တစ္ဆေဝိညာဉ်များကို အလွယ်တကူ မမြင်နိုင်ပေ။ သို့သော် ယနေ့ ထိုဘုန်းကြီး၏ နည်းလမ်းများသည် အတုအယောင် မဟုတ်သည့်အလား ထင်ရသည်။
ရှောင်လင်းရှီ၏ ဝိညာဉ်သည် ရှိနေဦးမည်ဟု ယူဆရသော်လည်း မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားမည်လားဆိုသည်ကတော့ ပြောရန်ခက်ခဲလှသည်။
ဆွန်းမားမားက ရှိုက်ကြီးတငင်ငိုကာ ပြောပြန်သည်။ “မိန်းကလေး။ ကျွန်မတို့သခင်မရဲ့ ကံကြမ္မာက တကယ်ဆိုးလွန်းပါတယ်။ အသက်ရှင်တုန်းက လိမ်လည်လှည့်ဖြားခံရပြီး သေသွားတော့တောင် အေးအေးချမ်းချမ်း မနေရဘူး။ တကယ်တော့ ကျွန်မ မိန်းကလေးဆီကို မလာသင့်ပါဘူး။ ဒါပေမဲ့ ကျွန်မသာ မိန်းကလေးကို မပြောပြခဲ့ရင် တစ်နေ့ကျ ကျွန်မ အိုမင်းပြီး သေသွားတဲ့အခါ သခင်မ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ဘယ်သူမှ မမှတ်မိကြတော့မှာကို စိုးရိမ်မိလို့ပါ”
အားချန်က အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။ “ဆွန်းမားမား ဒီနေ့ပြောတဲ့စကားတွေကို အားချန် အားလုံးမှတ်ထားပါ့မယ်”
ဆွန်းမားမား၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။ “ကျွန်မ သခင်မအပေါ် အပြစ်ရှိပါတယ်။ အမှန်တရားကို သိနေပေမဲ့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး”
“ဆွန်းမားမား လူဆိုးတွေက မကောင်းတဲ့အကျိုးဆက်ကို ခံစားရမှာပါ”
“ဒါပေမဲ့ အဲဒီအကျိုးဆက်က ဘယ်တော့မှ ရောက်လာမှာလဲ” သူမသည် တီးတိုးရေရွတ်လိုက်၏။
သူမသည် အမှန်တရားကို ကြားခဲ့ရသော်လည်း သက်သေမရှိ။ မည်သူကမျှလည်း ယုံမည်မဟုတ်ပေ။
ကျောက်မင်သည် ဟန်ဆောင်ကောင်းလွန်းလှသည်။ နှစ်အနည်းငယ် ကြာသောအခါ မည်သူကမျှ သခင်မကို မမှတ်မိတော့သည့်အချိန်တွင် သူသည် ထိုအမျိုးသမီးကို လက်ထပ်ပြီး သခင်မ၏နေရာကို အစားထိုးနိုင်ပေလိမ့်မည်။
သူတို့၏သားသည်လည်း ကျောက်မိသားစု၏ အမွေကို ဆက်ခံနိုင်ပေလိမ့်မည်။
သူ့ကျန်ရှိသောဘဝတွင် ကျောက်မိသားစု၏ အပြစ်ဒဏ်ကို စောင့်မျှော်နိုင်ပါဦးမည်လား။ ဤအဖြေကို မည်သူကမျှ သူမအား မပေးနိုင်ချေ။
ဆွန်းမားမားသည် ထွက်ခွာသွားလေပြီ။ သူ့ကို လိုက်ပို့ပြီးနောက် အားချန်သည် တံခါးကို လုံခြုံစွာပိတ်လိုက်ပြီး အလင်းရောင် မှိန်ဖျော့ဖျော့ အခန်းထဲတွင် စားပွဲနားတွင် ထိုင်ကာ ခွက်ထဲမှ အေးစက်သွားပြီဖြစ်သော ရေနွေးဖြူကို ငေးကြည့်နေမိသည်။
သူမသည် ကျိချန်မဟုတ်။ ရှောင်လင်းရှီသည်လည်း သူ့ဆွေမျိုးရင်းချာ မဟုတ်ပေ။
သို့သော် ဤအခိုက်အတန့်တွင် အားချန်၏စိတ်ထဲ၌ အမည်မသိသော ဒေါသမီးတစ်စ တောက်လားင်လာလေသည်။
ကျောက်မိသားစုက လူကို အနိုင်ကျင့်လွန်းနေပြီ။
...