← Chapters

ဆွေမျိုးအဆက်အနွယ်ကြားက ရှုပ်ထွေးမှု့

Vol. 1 Ch. 5

ဆွေမျိုးအဆက်အနွယ်ကြားက ရှုပ်ထွေးမှု့

Vol. 1 Ch. 5

"အား..."

"ဟန်ယီက တကယ်ပဲ မနာလိုစရာပဲ"သူမက မိဘမေတ္တာကို အပြည့်အဝရရှိခဲ့သည့် ကလေးတစ်ယောက်ဖြစ်သည်။

လီကျန့်ယီက သူ၏ခါးကို ပွတ်သပ်ရင်း အခါခါဆွဲလိမ်ခံရ‌သော အသားများက အခုထိနာနေသေးသည်။ကံကောင်းတာက သူကို သွေးဆောင်ဖို့ကြိုးစားခဲ့တဲ့ ဟန်ယီကထွက်သွားပြီဖြစ်လို့၊ နေ့စဉ်ဓား‌ရေးလေ့ကျင့်ကျင့်ခန်း ပြန်လုပ်နိုင်တော့သည်။

"ငါရဲ့ ဓား‌ရေးကိုကျင့်ပြီးအားကောင်းလာဖို့ စိတ်ခိုင်မာတဲ့ဆန္ဒကို ဘယ်အရာကမှ တားဆီးလို့မရဘူး"ဟု ကြွေးကြော်ပြီး သူရဲ့အလုပ်ကိုစတင်လေတော့သည်။အချိန်တွေ ထပ်ပြီးမဖြုန်းနိုင်တော့ဘူး။ဒီလိုတွေးရင်း လီကျန့်ယီဟာ သူရဲ့ သစ်သားဓားကို ပြန်ကိုင်လိုက်ပြီး စတင်လေ့ကျင့် လေတော့သည်။

သူဓားလွှဲရမ်းသည့်နှုန်းက လျှပ်တစ်ပြက်လိုမြန်ဆန်ပြီး၊ ဓားချက်တွေကို ဆက်တိုက်လွဲရမ်းကာ အချိန်ဖြုန်းခဲ့သည့် အချိန်အတွက်အစားထိုးပြီး နှစ်ဆလောက် ကြိုးစားလေ့ကျင့်နေ၏။

"ဝှစ်.....ဝှစ်....ဝှစ်!ဝှစ"

သူ၏ ဓားလွှဲနှုန်းဟာ ဆက်လက်မြန်ဆန်လာပြီး၊ လေထုထဲ ဓားလွဲသံများ အဆက်မပြတ်‌ပေါက်ကွဲသံထွက်လာသည်။၊ ထိုဓားလွဲချက်များမှာ မြန်ဆန်လွန်းလှကာ သာမာန်မျက်စိနဲ့ ဘယ်လိုမှရှင်းရှင်းလင်းမမြင်နိုင်တော့ပေ။

"ယီယီ၊မင်းရဲ့ဓားက အရမ်းမြန်တာပဲ"

လီကျန်ယီဓားလေ့ကျင့်ခန်းကို အာရုံစိုက်လေ့ကျင့်နေချိန်တွင် သူမ၏ အဖေကိုအောင်မြင်စွာနှင်ထုတ်နိုင်ခဲ့သော ဟန်ယီက ဂူထဲပြန်ဝင်လာကာ လီကျန့်ယီကို မယုံနိုင်‌သောမျက်လုံးများဖြင့် ကြည့်နေ၏။သူမ မှတ်မိသလောက် လီကျန့်ယီရဲ့ ဓားလွှဲနှုန်းက အရင်နှစ်က ယခုလောက်မမြန်ခဲ့ဘူး၊ ဒါပေမယ့် ယခုတော့ သူမတောင် ဓားကိုယ်ထည်ကိုမမြင်ရတဲ့ နယ်ပယ်ကို ရောက်သွားခဲ့ပြီ။လီကျန့်ယီက ဒီနှစ်အတွင်းမှာ ဘယ်လောက်တောင် တိုးတက်လာလိုက်သလဲ။

သူမအမေဟာ ယခင်က ဂူဗိမာန်၏ဆက်ခံသူဖြစ်သောကြောင့်

လီဟန်ယီက ဓားကျင့်စဉ်တွေကို အနည်းငယ်သင်ယူခဲ့ဖူးသည်။ သူမတွင် အခြေခံခိုင်မာစွာ‌လေ့ကျင့်ခဲ့ရသည်။ထိုကြောင့် သူမ၏ကျင့်ကြံခြင်းအဆင့်ဟာ ရွှေဦးချိူခန္ဓာအဆင့်တွင် သာရှိသေးပေမဲ့၊သူမ၏ အမြင်အာရုံတွေကတော့ မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်က လူနှင့်နီးပါး တူညီလေသည်။

ဘာကြောင့်လဲဆိုတော့ သူမ၏ဖခင်ဟာ မြောက်ပိုင်းလီဒေသရဲ့ လူငယ်သူရဲကောင်းရှစ်ဦးထဲက သခင်လေး ကျော်မော့ဖြစ်သည်။ သူမဖခင်၏ ဘေးပတ်ပတ်တွင်လည်း သူရဲကောင်းများဖြင့်ဝန်းရံထားသောကြောင့် သူမ၏ ဗဟုသုတတွေက ကျယ်ပြန့်လေသည်။ ပြီးတော့ ကမ္ဘာမြေလွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူအများအပြားကို တွေ့ဖူးသည်။

ထိုကြောင့် လီကျန့်ယီ၏ ဓားလွဲရမ်းသည့်ပုံစံက ထိုလူငယ်သူရဲကောင်းတွေ မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသောကြောင့် သူမအံ့ဩနေရခြင်းဖြစ်သည်။

"ဟုတ်တယ်၊ ငါအရမ်းမြန်တယ် ခဏစောင့် ငါမကြာခင်ပြီးတော့မယ်"

လီကျန့်ယီက သူ၏အကန့်အသတ်‌ရောက်သည်အထိ လေ့ကျင့်ဖို့သူဆုံးဖြတ်ထားသည်။ သူပင်ပန်းသွားမှသာ ရပ်မည်။တစ်နာရီအပြည့် ဓားလေ့ကျင့်ပြီးတဲ့နောက်မှာတော့ လီကျန့်ယီဟာ စုစုပေါင်း ဓားအချက် တစ်သိန်းလွှဲပြီးသွားခဲ့သည်။

"ဒါ... အရမ်းအံ့သြစရာပဲ၊အရမ်းမြန်တာ"

လီကျန့်ယီဟာ ဓားကိုဂရုတစိုက်လေ့ကျင့်နေချိန်တွင် လီဟန်ယီသည်လည်း စိတ်ပါပါဖြင့်ဘေးတွင် လက်ခုပ်တီးပြီးအဆက်မပြတ် ချီးကျူးထောမနာ ခန်းဖွင့် နေသည်။

ယခုချိန်တွင် လီဟန်ယီ၏ စိတ်ထဲတွင် စတင်သံသယဝင်လာလေသည်။လီကျန့်ယီဖြင့်ယှဉ်လိုက်ရင် အရင်ကသူမတွေ့ခဲ့ရသော ကမ္ဘာမြေလွှတ်မြောက်ခြင်း ကျင့်ကြံသူတွေ အတော်ညံ့သည်ဟုတွေးနေမိပြန်သည်။ လီကျန့်ယီက ထိုလူတွေထက်တော်နေ၍ဖြစ်မည်။

သူတို့ရဲ့ ဓားလွှဲနှုန်းက လီကျန့်ယီလောက်လောက်မမြန်ဘူး၊ စံနှုန်းမမှီဘူး!!။

"ဝှစ်....ဝှစ်. ."

ဟန်ယီ၏ ထောမနာချီးကျူးဖွင့်နေသော စကားများကိုနားထောင်ရင်း

လီကျန့်ယီက ပင်ပန်းနေသည့်ကြားပြုံးလိုက်ပြီး

"ဟန်ယီ မင်းလည်းကြိုးကြိုးစားလေ့ကျင့်ရင် နောက်တစ်ချိန်မှာ ငါလောက်မြန်လာလိမ့်မယ်"

"ဒါဆို..ဟန်ယီလည်းဓားလေ့ကျင့်ချင်တယ်၊ ယီယီ ငါ့ကို ဓားလေ့ကျင့်ခန်းသင်ပေးနိုင်မလား"

လီကျန့်ယီ၏ အံဩစရာကောင်း‌ပြီး အရမ်းလျင်မြန်သည့် ဓားချက်တွေကို မြင်ပြီးနောက်မှာတော့ လီဟန်ယီက ဓားလေ့ကျင့် ချင်စိတ်ဖြစ်ပေါ်လာသည်။

"ဟုတ်ပြီလေ"

လီကျန့်ယီက ဘာမှတောင်မစဉ်းစားပဲ ချက်ချင်းပင် သဘောတူလိုက်သည်။ဆော့ကစားတာ‌ ထက်စာရင် ဓားလေ့ကျင့်ဖို့သင်ပေးတာက သူ့အတွက်ပိုအကျိူးရှိ သည်ဟုထင်သည်။ဒါက ငြင်းစရာမရှိဘူး တကယ်လို့ ဟန်ယီက ဓားလေ့ကျင့်နေချိန်ဆို၊သူသည်လည်း ထပ်တူဓားရေး လေ့ကျင့်နိုင်အုန်းမည်။ဒါက ကောင်းကင်ကငါ့ကို ဆုချီးမြင့်တာပဲ ဟားဟား ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်နိုင်လိုက်သလိုပဲ ဒါကပျော်စရာကိစ္စတစ်ခုဖြစ်သည်။

...

ဓားဂူဗိမာန်တွင်

လီဆူးဝမ်နဲ့ လီရှင်းယွဲ့ တို့နှစ်ယာက်က လီကျန့်ယီကို အပြင်ကမ္ဘာကြီးကြည့်ဖို့ ‌ထျဥ်ချီမြို့ကိုခေါ်သွားဖို့ကိစ္စကို ဆွေးနွေးတိုင်ပင်နေကြသည်။လီရှင်းယွဲ့သည်ကလည်း ထိုအကြောင်းကြားတော့သည်နှင့် ချက်ချင်းပင် သဘောတူလိုက်သည်။ အကြောင်းပြချက်လား ဓားရူးလေးက ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းသောသူမ၏ တစ်ဦးတည်းမောင်လေးဖြစ်သောကြောင့်ပင်။

ပြီးတော့ လီကျန့်ယီက‌ နောက်ထပ်တက်လာမဲ့ ဓားဂူဗိမာန်၏အနာဂတ်ဆက်ခံသူလည်းဖြစ်သည်။

"အဖေ၊ စိတ်မပူပါနဲ့၊ ကျွန်မတို့ ထျန်ချီမြို့ကိုသွားတဲ့အခါ ကျန့်ယီကို ကျွန်မသေချာဂရုစိုက်ပါမယ်" ထျန်ချီမြို့ကိုသွားမည်ကိစ္စကို ဆွေးနွေးပြီးတဲ့နောက် လီရှင်းယွဲ့က ပြုံးပြီး ကတိပြုလိုက်တယ်။

"အင်း ဒီတစ်ခါငါလည်း လိုက်သွားဖို့ရှိတယ်။" လီဆူးဝမ်ဟာ သူ့သမီးကို မိုးကြိုးတံခါးက‌ နေနှင်ထုတ်ခံလိုက်ရသည့် ကိစ္စကို ဖြေရှင်းချက်လိုချင်‌သေးသည်။ထိုကိစ္စကို‌ တွေးမိတိုင်း သူ၏ဒေါသများကထိန်းမရအောင်ထွက်‌နေတော့သည်။ဘယ်သူကို လာပြီးမထီမဲ့မြင်ပြုနေကြတာလဲ။

မိုးကြိုးတံခါးနဲ့ကျန်းနန်းမိုးကြိုးခန်းမတို့က ဓားနှလုံးဂူဗိမာန်ထက် အားကောင်းပေမဲ့လည်း ဓားနှလုံးဂူဗိမာန်မှာ တပည့်တစ်ယောက်မှ မရှိတာမဟုတ် ဒီလိုဖြစ်သလို ဆက်ဆံလို့ရတဲ့ထဲမှာ ဓားနှလုံးဂူဗိမာန်မပါကြောင်း အမောက်ထောင်ပြမှရတော့မည်။

ဒါကြောင့် ဒီတစ်ခါ လီဆူးဝမ်က မဖြစ်မနေ မိုးကြိုးတံခါးကို သွားကိုသွားမှရမည်။သူသမီးနှင့်သူ၏ မြေးမလေးအတွက် တရားမျှတမှု့ကိုရှာပေးမှဖြစ်မည်။

"ဟုတ်ပြီ၊ အဲ့ဒီ အသုံးမကျတဲ့လူက ဘာလိုအခုထိပြန်မလာသေးတာလည်း ဓားရူးလေးနဲ့ဟန်ယီကိုခေါ်ခိုင်တာလေးကို ဘာလို့ဒီလောက်ထိကြာနေရတာလဲ"

လီကျန့်ယီကို ထျန်ချီမြို့ခေါ်သွားဖို့ ကိစ္စကို‌‌ ဆွေးနွေးပြီးနောက်၊

လူ‌လေးခေါ်ခိုင်းတာတောင် အခုထိပြန်မ‌ရောက်လာသေးသော လဲ့မုန့်ရှား၊ မသိရင် ငါ့ရဲ့နေရာနဲ့ ဓားနှလုံးကျောက်ဆောင်က မိုင်ထောင်ချီကွာဝေးနေသလိုပဲ အသုံးကိုမကျဘူး။လီဆူးဝမ်က ဒီသမက်အပေါ်မကျေနပ်ချက်များ ပိုပိုလို့တောင် တိုးလာနေတော့သည်။

"ကျွန်မသွားကြည့်လိုက်အုန်းမယ်"လီရှင်းယွဲ့က မျက်ခုံးအနည်းငယ် ကျုံ့ပြီး ပြောလိုက်သည်။

"အတူတူသွားကြရအောင်။"

"ဟုတ်ပြီ" ထိုနောက်နှစ်ယောက်သား ဓားနှလုံးသားကျောက်ဆောင်သို့

အတူတကွသွားလိုက်ကြသည်။

မကြာခင်မှာပဲ အဖေနဲ့သမီးနှစ်ယောက်ဟာ ဂူအပြင်တွင် သူခိုးလိုမျိူးခိုးကြောင်ခိုးဝှက်ဖြင့် ဂူးအတွင်းပိုင်းကို ချောင်းကြည့်နေသည့် လဲ့မုန့်ရှားကိုမြင်လိုက်တော့သည်။

လီဆူးဝမ်သည်လည်း ထူးဆန်းလှသည့်ထိုမြင်ကွင်းကိုကြည့်ပြီး

အသံကျယ်နဲ့အော်လိုက်သည်။

"မုန့်ရှား ၊မင်းအဲ့မှာထိုင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ဘာတွေလုပ်နေတာလဲ"

"ကျွန်တော်က ကျန့်ယီဆိုတဲ့ကောင်လေးကို စောင့်ကြည့်နေတာ၊ဒါမှ အဲ့ကောင်လေးက ကျွန်တော်ရဲ့သမီးကို တစ်ခုခုလုပ်ရင်ကာကွယ်ပေးနိုင်မှာ"လဲ့မုန့်ရှားက သူတို့နှစ်ယောက်ကို အတည်ပေါက်ဖြင့်ပြောလိုက်သည်။

လီဆူးဝမ်က လဲ့မုန့်ရှား၏စကားအသွားအလာက တစ်ခုခုလွဲနေသလိုခံစားနေရသည် ဘာလို့ ဓားရူးလေးက သူ့ရဲ့သမီးကိုခိုးသွားသလိုပြုမူနေရသနည်း။

"ဟန်ယီကို တစ်ခုခုလုပ်တယ်၊ ဒါကဘာစကားကြီးလဲ ဓားရူးလေးက ဟန်ယီကို စိတ်ဝင်စားနေတာလား"လီဆူးဝမ်က ထိုသို့ပြောလိုက်သည်နှင့်မဖြစ်နိုင်မှန်းတွေးမိကာ "မဖြစ်နိုင်ဘူး မှားနေပြီထင်တယ်၊ဓားရူးလေးက ဓားလေ့ကျင့်ရေးကလွဲရင် တစ်ခြားဘာကိုမှစိတ်ဝင်စားတာမဟုတ်ဘူး"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ၊ကျွန်တော်ဒီကို ရောက်လာတဲ့ချိန်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်‌ယောက် တင်းကြပ်ကြပ် ဖက်နေကြတာကို မျက်စိနှစ်လုံးနဲ့ကိုမြင်ခဲ့ရတယ်၊ဒါက လုံးဝမတရားဘူး ဟန်ယီက ကျွန်တော်ကို အဲ့လိုတောင်မဖက်ဖူးဘူး" လဲ့မုန့်ရှားက လီဆူးဝမ်တို့ကို ပြန်ဖြေနေရင်းနဲ့တောင် ဂူထဲကိုစိတ်မချစွာ ခိုးခိုးကြည့်နေသေးသည်။

"သူတို့နှစ်ယောက် တကယ်ပွေ့ဖက်ခဲ့တာလား" လဲ့မုန့်ရှားနဲ့ကွဲပြားစွာ လီဆူးဝမ်က ဝမ်းသာစွာပင် မေးလိုက်သည်။ဒါက ကောင်းတဲ့ကိစ္စပဲ သူတပည့် ကနောက်ဆုံးတော့စက်ရုပ်လူသားဘဝက‌နေ လူသားတို့ ဘဝသို့ကူး‌ပြောင်းလာပြီပဲ၊ ဓားရေးကိုသာစိတ်ဝင်စားသည့် စက်ရုပ်မဟုတ်တော့ဘူး သူချစ်ကြိုက်တတ်နေပြီ ငါ့ရဲ့တပည့်လေး လူဖြစ်ပြီကွ။

"အင်း ဟုတ်တယ်"လဲ့မုန်းရှားက သူပြောတာအမှနါဖြစ်ကြောင်းနောက်တစ်ခါအတည်ပြုလိုက် သည်။

"တကယ်လို့ သူတို့နှစ်ယောက်တကယ်ချစ်ကြိုက်နေရင် ၊သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို ငါ သဘောတူတယ်"သူ၏ မြေးမလေးက သူ့ရဲ့တပည့်လေးကိုပြောင်းလဲပေးနိုင်မည် ဆိုပါက ဒါကအကောင်းဆုံးအကြံတစ်ခုဖြစ်လေသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကျင့်ကြံခြင်းက အလွန်ကို အထီးကျန်ဆန်လှသည့် လမ်းဖြစ်သည်။တကယ်လို့သာ သူတို့နှစ်ယောက်အတူတူလျှောက် ကြမည်ဆိုပါက အလွန်ကိုဖြစ်သင့်သည့်ကိစ္စဖြစ်လေသည်။

ထိုကြောင့် သူ့မြေးမလေးနဲ့ဓားရူးလေးအတူတူရှိစေပြီး ၊ဓားရူးကိုလည်း ကမ္ဘာ့၏လှပမှု့တွေကိုခံစားတတ်ကာ အတွေးအမြင်အသစ်တွေ သဘောပေါက်ပြီး သူရဲ့ကျင့်ကြံခြင်းအဆင့်တွေလည်း တိုးတက်စေမည် ဧကန်မလွဲပေ။တစ်ယောက်ထဲ လေ့ကျင့်တာထက်စာရင် လူအများဆီက အတွေ့အကြုံယူခြင်း ပိုအသုံးဝင်လေသည်။

"စိတ်ကူးတောင်မယဉ်နဲ့ ဓားရူးလေးက ဟန်ယီရဲ့ဦးလေးပဲ

သူတို့နှစ်ယောက်အတူတူရှိမှာကို ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် သဘောမတူဘူး"လဲ့မုန့်ရှားက အပြင်းအထန်ငြင်းချက်ထုတ်လေသည်။သူ၏ နောက်ကျောဘက်က‌ အေးစိမ့်မှု့ကိုခံစားလိုက်ရသော

ကြောင့် နောက်ပြန်လှည့်ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ဟန်ယီက ကျွန်တော်ရဲ့သမီး၊သူဘယ်သူနဲ့အတူရှိမယ်ဆိုတာ ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်မလား၊အဖေက ဘယ်သူမို့လိူ့တုန်း"လဲ့မုန့်ရှား သူသမီးအတွက် ရှိသမျှသတ္တိတွေကိုမွေးပြီး လီဆူးဝမ်ကိုစိုက်က်ြည့် ပြီးပြောလိုက်သည်။

"ငါက ဘယ်သူမို့လဲ ဟုတ်လား၊ကောင်းတယ် သေချာ‌နား‌ထောင်

ငါက မင်းရဲ့ယောက္ခထီး ပြီးတော့ ဓားရူးလေးရဲ့အဖေ ရှင်းပြီလား”

"ငါ အတော်မျက်စိကန်းခဲ့တာပဲ မင်းလိုလူကို သမက်အဖြစ်ရွေးချယ်ခဲ့တာ၊အခုတော့ မိုးကြိုးတံခါးက‌နေ နှင်ထုတ်ခံလိုက်ရရုံမက မြေးမလေးကို မိသားစုမျိုးရိုးမရှိတဲ့ ဘဝထိအရာက်ပို့ခဲ့‌သေးတယ်၊ဟွန့် ငါမြေးမလေးနဲ့ ငါ့ရဲ့တပည့်ကိုအတူတူနေနိုင်ဖို့ ဆုံးဖြတ်ခွင့်ရှိလားမရှိဘူးလား ဟမ်..."ဝမ်လီဆူးက ဒေါသတကြီးနှာမှုတ်ပြီးပြောလိုက်သည်။ဒီလို အသုံးမကျတဲ့သမက်။

လဲ့မာန့်ရှားက ဝမ်လီဆူးအရမ်း‌ ဒေါသထွက်နေသည်ကိုမြင်‌ သောအခါ အလျင်အမြန်ပြုံးလိုက်ပြီး မျက်နှာချိူသွေးလိုက်သည်။

-"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အဖေကြီးပြောသမျှအကုန် မှန်ပါတယ်။ တကယ်တော့ ဓားရူးလေးက ဟန်ယီနဲ့အရမ်းလိုက်ဖက်တဲ့လူလို့ ကျွန်တော်လည်းထင်မိတယ်"

"ဟွန့် အဲလိုမြင်တယ်ဆို‌တော့ ဒါကအကောင်းဆုံးပဲ"ဝမ်လီဆူးလည်း

လဲ့မုန့်ရှား မကန့်ကွက်တော့သည်ကိုမြင်သည်နှင့် သူ၏ ဒေါသများကပြေလျော့သွားကာ သူ၏ သမီးဘက်ကိုလှည့်ကာ‌မေးလိုက်သည်။

"ရှင်းယွဲ့ သမီးရဲ့သဘောကရော၊ငါက သူများသဘောထားကို လျစ်လျူရှုတတ်တဲ့လူမဟုတ်တာမို့ မင်းရဲ့သဘောကိုပြောပါအုန်း"

"အင်း.. ကျန့်ယီက ကောင်းတဲ့ကလေးပါ။ ကျွန်မဘက်ကတော့ကန့်ကွက်တာမရှိပါဘူး၊ ဒါပေမယ့် သမီးရဲ့မောင်လေးက ရုတ်တရက် ကျွန်မရဲ့ သမက်ဖြစ်သွားတာက ရယ်စရာကောင်းနေတယ်.." လီရှင်းယွဲ့က သူမမောင်လေးနဲ့ သူမ၏သမီးကို အတူတူရောက်အောင် စီစဉ် ပေးနေသော အဖေ၏စကားကိုနားထောင်ရင်း နည်းနည်းထူးဆန်းပြီး ရယ်စရာကောင်းတယ်လို့ ခံစားနေရသည်။

"ရယ်စရာကောင်းတယ်၊သေချာပေါက်ရယ်စရာကောင်းတာ‌ပေါ့

‌ ယောက်ဖလေးက ကျွန်တော်ရဲ့သမက်ဖြစ်သွားတယ်၊ဒါဆို

သူကကျွန်တော်ကို ယောက္ခထီးဖြစ်သွားရင် အဖေလို့ခေါ်ရမလား ဒါမှမဟုတ် ယောက်ဖလား၊ပြီးတော့ ကျွန်တော်က ဟန်ယီကို ခယ်မလေးလို့ခေါ်ရမလား"လဲ့မုန့်ရှား၏ အတွေးထဲမှာအလွန်ကို ရှုပ်ထွေးသွားလေသည်။ဒါက ဘယ်လိုတော်စပ်ပြီး ခေါ်ရတော့မလဲ။ ယောက်ဖက ရုတ်တရက် သမက်ဖြစ်လာခြင်း အတော်ထိတါလန့်စရာကောင်းတဲ့သတင်းပဲ၊ပြီးတော့ အဖိုးကြီးကဘာပြောတယ် တစ်ခြားလူရဲ့ သဘောထားကို လျစ်လိူမရှုတတ်ဘူး ဟုတ်လား။ငါ ဒီလောက်ထိငြင်းဆိုနေတာကို လျစ်လျူရှုနေပြီးတော့ ကျွန်တော်မတရားခံနေရတယ် ဘယ်မှာလည်းကျွန်တော်အတွက်တရားမျှတမှု့ သူ့၏ရင်ထဲတွင်အော်ဟစ်ရင်း မျက်နှာပေါ်တွင် မချိပြုံးဖြင့်သာပြုံးနေရတော့သည်။

ဒီလို နောက်ထပ်တစ်ဆင့်‌တိုးဆွေးမျိူးဖြစ်သွားသည့်အထဲတွင် လဲ့မာန့်ရှားကတော့ မပျော်ရွှင်နိုင်‌ဖြစ်‌နေရတော့သည်။သူ့ရဲ့ အဖိုးတန်သမီးလေး အခိုးခံလိုက်ရပြီ။

သူ့စိတ်ထဲမှာ နည်းနည်းတော့မကျေနပ်သေပေမဲ့လည်း ဓားရူးလေးကလူကောင်းလေးတစ်ယောက်ဖြစ်သည်ဆိုတကတော့ သူငြင်းလို့မရပေ။ဘာကြောင့်လည်းဆိုတော့ ဓားရူးလေးကို ငယ်ကတည်းကတွေ့မြင်ခဲ့ရပြီး ဓားရူးလေးက သူ၏မျက်စီရှေ့ကကြီးပြင်လာ‌သော ကလေးဖြစ်သောကြောင့် ဓားရူးလေး၏အကြောင်းကို သူတို့သိ‌သည်။

သို့ပေမဲ့ ထိုကလေးက ဓားအပေါ်စွဲလမ်းစိတ်က အရမ်းကြီးမား‌လေသည်။တကယ်လို့ ဟန်ယီနဲ့အတူတူရှိပြီးသွားရင် ကျန့်ယီက ဓားကိုသာအာရုံစိုက်ပြီး သူ၏သမီးကိုလျစ်လျူရှုမှာကို စိုးရိမ်နေမိသည်။

All Chapters