ပူပန်စိတ်ရှိသည့်လူက ပင်ပန်းရင်တောင် အနားယူဖို့စိတ်ကခွင့်မပြု
Vol. 1 Ch. 6
"ယီယီ ဒီလိုဓားလေ့ကျင့်ရတာက ပင်ပန်းလိုက်တာ"
လီကျန့်ယီနဲ့အတူတစ်နာရီအကြာ ဓားရေးလေ့ကျင့်ပြီးနောက် ဟန်ယီကဟာ အသက်ရှူမဝသလိုခံစားရပြီး မြေပြင်ပေါ်ပင် ပန်းစွာထိုင်ချလိုက်သည်။
ဓားကိုပေါ့ပေါ့ပါးပါးအနေအထားဖြင့် ဓားလွဲရမ်းနေသည့် လီကျန်ယီကို ကြည့်ရင်း ဟန်ယီက စိတ်ဝင်စားစွာ မေးလိုက်သည်။
"ယီယီ၊မင်းနေ့တိုင်းဒီလိုဓားရေးလေ့ကျင့်နေတာ ပင်ပန်းတယ်မထင်ဘူးလား"
"မပင်ပန်းပါဘူး"
လီကျန့်ယီက ခေါင်းခါလိုက်ပြီး ဓားရေးကိုသာ ဆက်ကျင့်နေဆဲပင်။
"လိမ်တာပဲ မင်းမပင်ပန်းဘူးဆိုတာ ငါမယုံဘူး" ဟန်ယီက မယုံကြည်နိုင်တဲ့ပုံစံနဲ့ကြည့်နေသည်။
"ဟုတ်တယ်၊ငါလည်း ပင်ပန်းတယ်ဟုတ်ပြီလား"
လီကျန်ယီက ဟန်ယီစကားကိုဆက်မငြင်းတော့ပေ။ မပင်ပန်းတဲ့လူဆိုတာ မရှိတာအမှန်ပဲ ဒါပေမဲ့ ဒီကမ္ဘာမှာ ပင်ပန်းနေလို့ဆိုပြီး ရပ်နားလိုက်လို့မရသည့် အရာများ ရှိလေသည်။ဒီကမ္ဘာက ကြီးနိုင်ငယ်ညှင်းသည့်နေရာဖြစ်သည် တကယ်လို့သာ သူကြိုးကြိုးစားစားမလေ့ကျင့်ရင် သူအချိန်မရွေး သေနိုင်သည်။ပြီးတော့ အနာဂတ်ဓားနတ်ဘုရား တစ်ယောက်အနေနဲ့ သူ၏ စိတ်ဓာတ်များက ခိုင်မာသည်။ ဒီလိုပင်ပန်းမှု့အနည်းက သူ့ကိုလှဲကျအောင်မထိုးနှက်နိုင်ပေ။
"ယီယီ၊မင်းက ဘာလို့အဲ့လောက်ထိကိုယ့်ကိုယ်ကို နှိပ့်စက်နေရတာလဲ ပင်ပန်းရင် အနားယူရတယ်ဓားရေးလေ့ကျင့် လွန်းလို့ မင်းရဲ့ ဦးနှောက်ကတကယ် အလုပ်တကယ် မလုပ်တော့တဲ့ပုံပဲ"ငယ်ရွယ်နေသေးသော ဟန်ယီကို တစ်ချက်ကြည့်ပြီး လီကျန့်ယီကရှင်းပြ ဖို့စိတ်မကူးတော့ပေ။ သူမက တကယ်ကလေးပဲရှိသေးတာလေ
သူမနားမလည်နိုင်တာဖြစ်သင့်တာပဲ။ဒါပေမဲ့ သူက ကွဲပြားလေသည် မကြာခင်ဖြစ်လာမည့်အရာတွေက သူ့ကိုများများလေ့ကျင့်ဖို့ဖိအားပေးနေသည်။
"ငါ အနားမယူနိုင်ဘူး၊ငါ လီကျန့်ယီက ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူ ဖြစ်လာမယ့်လူပါ ဒါကြောင့် သူများထက်များများလေ့ကျင့်ရမယ်လေ" လီကျန့်ယီက ဖြောင့်တန်းစွာရပ်ကာ ပြီးပြည့်စုံသည့်ဓားချက်ကို ထုတ်လွှတ်လိုက်သည်။
"ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူလား၊ ယီယီ၊ ငါပြောပြမယ် ငါအဲ့လိုလူကိုတွေ့ဖူးတယ် သူကငါ့အဖေရဲ့ ဆရာလေ"
လီကျန့်ယီရဲ့အနာဂတ်အိပ်မက်ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူ ဖြစ်လာဖို့ဆိုတာကြားတော့ ဟန်ယီကချက်ချင်း စိတ်ဝင်စားသွားသည်။ဘာကြောင့်လဲဆိုတော့သူမဟာ လက်ရှိ ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူ - လီချန်းရှန်ကို အပြင်မှာတွေ့ဖူးခဲ့သည်။
"သူက အရမ်းသန်မာတယ်လို့ ငါကြားဖူးတယ်"
လီကျန်ယီက ဓားရေးလှုပ်ရှားမှု့ကို ရုတ်တရက်ရပ် တန့်သွားသည်။ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘုံရဲ့ အကြီးမြတ်ဆုံးသူ လီချန်းရှန်ကို သူလည်လေးစားလေသည်။
တိုင်ပြည်အတွက်၊ခွန်းလွန်းလို အစွန်းရောက်ဒေသကိုသွားပြီး တိုင်းပြည်၏အန္တာရာယ်တွေကိုတားဆီးပေးခဲ့သူ၊ ဒီလို ကိုယ်ကျိူးမကြည့်တတ်သည့် လူကတကယ်ကိုလေးစား ထိုက်ပေသည်။
"ဟုတ်တယ်၊သူကအမှန်ပဲလေးစားထိုက်တယ်၊ သူကကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူဖြစ်ပြီး ငါ့အဖေရဲ့ဆရာလည်းဟုတ်တယ်" ဟန်ယီဂုဏ်ယူစွာပင်က ခိုင်ခိုင်မာမာသဘောတူလိုက်သည်။
ဂူ အပြင်ဘက်တွင်။
ဟန်ယီနှင့်ကျန့်ယီတို့၏ စကားဝိုင်းတွေကိုကြာမြင့်စွာ ခိုးနားထောင်ပြီးသည့်နောက်မှာတော့ လူကြီးသုံးယောက်က လူလုံးပြဖို့ထ လာကြတော့သည်။ လဲ့မုန့်ရှားက ပထမဆုံး ဂူထဲဝင်လာပြီး သူ့၏အနီရောင်ဝတ်ရုံကို သေသပ်စွာလုပ်လိုက်ပြီး ဂုဏ်ယူမှုအပြည့်ဖြင့်
"မဆိုးဘူး ၊ဓားရူးလေး မင်းရဲ့ရည်မှန်းချက်က တကယ်ကြီးမားတာပဲ၊အခုမင်းက ဓားဂူဗိမာန်ရဲ့ ဆက်ခံသူဖြစ်တဲ့အတွက် ဦးလေးကမင်းကို ထောက်ခံပေးနိုင်တယ်၊ ဓားရူးလေးကို ဦးလေးရဲ့ဆရာနဲ့မိတ်ဆက်ပေးမယ်လေ ၊ကောင်းကင်ဘုံရဲ့ အကြီးမြတ်ဆုံးလူကသာ မင်းကိုပညာသင်ပေးမယ်ဆိုရင် မင်းဖြစ်ချင်တဲ့ရည်မှန်းချက်က လျင်လျင်မြန်မြန်နဲ့ ဖြစ်လာလိမ့်မယ်လို့ ငါယုံတယ်"
"မလိုဘူး"
အနည်းငယ်မောက်မာနေသောလဲ့မုန့်ရှား ကိုကြည့်ရင်း၊လီကျန့်ယီကသဘောတူညီချက်မရှိဘဲ ငြင်းဆိုလိုက်ပါတယ်။ဒီမြင်ကွင်းက လဲ့မုန့်ရှားကို စကားမပြောနိုင်တော့သည့်အထိဆွံ့အစေသည်။
"မင်းပဲ ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူကို လေးစားထိုက်တဲ့လူလို့ပြောလိုက်တာမလား၊ဒါဆို ဘာလို့သူ့ဆီမှာသွားမလေ့လာချင်တာလဲ၊ ထျန်ချိမြို့မှာ ရှိတဲ့ ဆရာလီ ဖွင့်ထားသည့်ကျီးရှားကျောင်းတော်ကို တက်ချင်တဲ့လူက လက်ချိူးရေတွက်လို့မရအောင်ကိုရှိနေတာ" လဲ့မုန့်ရှားက လီကျန့်ယီ ကို ရှုပ်ထွေးစွာဖြင့်ကြည့်နေသည်။
ဒီအချိန်မှာ လဲမုန့်ရှားယခင်က လီကျန့်ယီက လီချန်းရှန်ကိုလေးစားပေမဲ့ ဘာလို့သူလက်အောက်က တပည့်မဖြစ်ချင်ရတာလဲဆိုတာ နားမလည်နိုင်တော့ပေ။
" ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးသူကို လေးစားတာမှန်ပေမဲ့
ကျွန်တော်က တစ်ဘဝလုံးလက်မှာ ဓားကိုင်ပြီးပဲ ဖြတ်သန်းချင်တာ"
လီကျန့်ယီ ရဲ့မျက်နှာအမူအရာ မပြောင်းလဲဘဲ သူ့လက်ထဲက သစ်သားဓားကို ဆက်လက်လွဲရမ်းလိုက်သည် ။
“ဟမ် လဲ့မုန့်ရှား ခုနက မင်းပြောခဲ့တာက အမှန်တကယ် မဟုတ်ဘူးလို့ ငါသံသယဝင်လာပြီ”လီဆူးဝမ်က ထိုစကားကြားသည်နှင့် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
“ ကျွန်တော်ရဲ့ ယောင်္ကျားလေးဂုဏ်သိက္ခာနဲ့ကို အာမခံနိုင်တယ်
ဓားရူလေးက ဟန်ယီကို တကယ်ဖက်ခဲ့တယ်"သူတို့နှစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ခဲ့သည့် မြင်ကွင်းကို သတိရသွားသည့်အခါ လဲ့မုန့်ရှားက မလိုစိတ်များဖြစ်စွာ သူပြောတာကအမှန်ဖြစ်ကြောင်း အာမခံလေသည်။
"ဟမ်....မင်းရဲ့ ယောင်္ကျားလေးဂုဏ်သိက္ခာက ငါ့အတွက်ဘာတန်ဖိုးမှမရှိပါဘူး" လီဆူးဝမ်က ခနဲ့စွာပြောလိုက်သည်။ဘာဖြစ်လို့လည်းဆိုတော့ သူ၏အဖိုးတန်သမီးကိုခေါ်သွားတုန်းကလဲ သူ့၏ ယောင်္ကျားလေးဂုဏ်သိက္ခာနဲ့ကတိပေးခဲ့သည်။ရလဒ်ကတော့ မြင်သည့်အတိုင်း မိုးကြိုးတံခါးကနေ နှင်ထုတ်ခြင်း ခံလိုက်ရသည်။ဒါက ဓားနှလုံးဂူဗိမာန်ကို အရှက်ရစေသည်။
"အဖေ ကျွန်တော်ရဲ့စကားကိုယုံရင်တောင်၊ဟန်ယီရဲ့ စကားကိုတော့ယုံတယ်မလား"လဲ့မုန့်ရှားက ဟန်ယီရှေ့ဒူးထောက်ချလိုက်ပြီး အားကိုးတကြီးဖြင့်
"ဟန်ယီ ၊ ဓားရူးကလေးက မင်းကိုဖက်ခဲ့တာဟုတ်တယ်မလား"
ထိုစကားကိုကြားတော့ ဟန်ယီက ချစ်ရာကောင်းသော မျက်နှာထားဖြင့်
"မဟုတ်ဘူး၊ယီယီက သမီးကိုမဖက်ခဲ့ဘူး၊သမီးကပဲ ယီယီကိုဖက်ခဲ့တာ"
"အာ...ဟန်ယီ မင်းကမင်းကိုယ့်ကိုယ်ကို အလကားပုံ ပေးချင်တာလား မိန်းကလေးဖြစ်ပြီးတော့ ဘာလို့ ယောင်္ကျားလေးကိုအရင်ဖက်ရတာလဲ"လဲ့မုန့်ရှားမှာ အမှန်တရားကိုကြားပြီးတဲ့နောက်မှာတော့ ရင်ထဲတွင် သွေးစိမ်းများယိုဆင်းလာသလိုခံစားလိုက်ရသည်။အဖေဖြစ်သော သူ့ကို တစ်ခါမှမဖက်ခဲ့ပေမဲ့၊တစ်နှစ်မှတစ်ခါသာ တွေ့ရသောကျန့်ယီကိုတော့ သမိးဖြစ်သူကိုယ်တိုင်က ဖက်ခဲ့တာတဲ့လား မတရားဘူးလေ...မဖြစ်သင့်ဘူး ငါ့ရင်ထဲက နာကျင်မှု့ကိုဘယ်သူကမြင်ပေးနိုင်မလဲ။
"အဖေ ဘာတွေပြောနေတာလဲ၊ သမီးက ကိုယ့်ကိုယ်ကို အလကားမပေးပါဘူး"ဟန်ယီက ရှက်ရွံ့စွာ လီရှင်းယွဲ့၏ နောက်သို့ပြေးပုန်းလိုက်၏။လီရှင်းယွဲ့က အနည်းငယ် ရှက်ရွံ့နေသည့်သူ့သမီးကို မြင်တော့ လက်နဲ့ပါးစပ်ကို အုပ်ပြီးရယ်မောကာ "ငါတို့ ဟန်ယီ ရှက်နေတာပဲ.."
"အမေ!! ဟန်ယီက ယီယီနဲ့ ရိုးရိုးသားသားပဲကစားချင်တာ" ဟန်ယီက ရှက်ရွံ့စွာ လီရှင်းယွဲ့၏ ဝတ်ရုံကိုလိမ်ဆွဲရင်း အရှက်သည်းစွာ ငြင်းချက်ထုတ်လေသည်။
"ယီယီနဲ့ ကစားချင်တာလား"လီရှင်းယွဲ့က ပါးများပန်းယောင်သန်းနေသော ဟန်ယီကို ချစ်ခင်စွာကောက်ယူပြီးချီလိုက်သည်။
"ဟုတ်တယ် ဒါပေမဲ့ ယီယီက ဓားရေးမှာအရမ်းအံ့ဩစရာကောင်းလို့၊
သမီးလည်း ဓားရေးကိုစိတ်ဝင်စားသွားပြီး ယီယီကို သင်ခိုင်းနေတာ"ဟန်ယီက ခေါင်းတညိတ်ညိတ် ဖြင့်ပြောပြလေသည်။
လီရှင်ယွဲ့လည်း အခုထိ ဓားရေးလေ့ကျင့်နေသော လီကျန့်ယီကိုကြည့်လိုက်ပြီး အခြေခံဓားလွဲရမ်းမှု့ထဲက "ဓားထိုးသတ်"ဓားချက်မှာ အလွန်ကျွမ်းကျင်နေသည်ကို သတိထားမိသည်။သူမကိုယ်တိုင်လည်း ယခင်က ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူဖြစ်ခဲ့သဖြင့် ထိုဓားကျင့်စဉ် များကို သင်ကြားခဲ့ရသည်။သူမတုန်းက လီကျန့်ယီလောက် မမြန်ဆန်မှန်း လီရှင်းယွဲ့ဝန်ခံရမည်။
"ယီယီ၊မင်းက"ဓားထိုးသတ်"ဓားချက်တစ်ခုကိုပဲသိတာလား"ထိုဓားချက်က ဓားကိုရှေ့သို့ရိုးရိုးရှင်းရှင်းသာ ဓားဆန့်ထုတ်ပြီး ထိုးခြင်းသာဖြစ်၏။သူမ မှတ်မိသလောက်ဆို လီကျန့်ယီက ဒီ"ဓားထိုးသတ်"မှု့ကို အချိန်တိုင်းလေ့ကျင့်နေတာကို အမြဲတွေ့နေသဖြင့် သိချင်စိတ်ကြောင့် မေးလိုက်သည်။
"အခြေခံဓားချက်ရှစ်မျိူးလုံးကိုတတ်ပေမဲ့ "ဓားထိုးသတ်"တဲ့ ဓားချက်ကို ပိုသဘောကျတယ်"လီကျန့်ယီက လက်ထဲကသစ်သားဓားကို လွဲရမ်းရင်းဖြေလိုက်သည်။
"ဘာလို့ "ဓားထိုးသတ်"တဲ့ ဓားချက်ကိုပိုသဘောကျရတာလဲ" လီရှင်းယွဲ့ သာမက ဒီမှာရှိသည့်လူအားလုံးက ထိုမေးခွန်းကို သိချင်နေကြသည်။ဘာလို့ ဓားချက်တစ်ခုထဲကိုပဲ နေ့တိုင်းတောင်မဟုတ်ပဲ နှစ်တိုင်းလိုလို မပြောင်းမလဲ လေ့ကျင့်ရသည့်ရည်ရွယ်ချက်က ဘာများဖြစ်နေလိမ့်မည်နည်း။ ထိုဓားချက်က တစ်ခုခုထူးခြားမှု့ရှိနေသည်လား။
အားလုံးအာရုံစူးစိုက်နားနေကြသည်။
"ဘာဖြစ်လို့လဲဆိုတော့ ဒီဓားထိုးချက်က အလွယ်ဆုံးဖြစ်နေလို့ပါ"လီကျန့်ယီက ဖြည်းငြင်းစွားဖြေလိုက်သည်။ စနစ်ပေးသည့်တာဝန်အရဆိုရင် ဓားချက်သန်းပေါင်းအထိသတ်မှတ်ထားသောကြောင့် သူအနေနဲ့ အလွယ်ဆုံးဓားချက်ကိုရွေးပြီး ဓားလွဲရမ်းမည်ဖြစ်သည်။ အခြေခံဓားချက်ထဲတွင် "ဓားထိုးသတ်"က အလွယ်ဆုံးဖြစ်သဖြင့်သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။စနစ်အ ကြောင်းက လျှိူ့ဝှက်ချက်ဖြစ်သဖြင့် သူဖော်ထုတ်လို့ မရသည့်ကိစ္စဖြစ်သည်။
"ဒါဆို ထူးထူးခြားခြားမဟုတ်ပဲ ...အလွယ်ဆုံးဖြစ်နေလို့ ဟုတ်လား"
သူတို့သုံးယောက်စလုံး ပြောစရာစကားမရှိဖြစ်သွားရသည်။
အခြေခံဓားရှစ်ချက်ဆိုသည် အမည်အတိုင်းထိုဓားချက်များက ဓားသမားများအတွက် အခြေခံကျသော ဓားချက်များသာဖြစ်သည်။ သူအနေနဲ့ ထိုအခြေခံဓားချက်ကို ကျွမ်းကျင်ဆိုမှတာ့ အဘယ်ကြောင့် အဆင့်ပိုမြင့်သည့် ဓားကျင့်စဉ်ကို မလေ့ကျင့်ရသနည်း။
" အဖေ၊ဓားရူးကလေးကို ဓားနှလုံးအတတ်ကျင့်စဉ်ကို သင်ပေးပြီးပြီလား" လီရှင်းယွဲ့က သံသယမျက်လုံးဖြင့် လီဆူးဝမ်ကို မေးခွန်းထုတ်လိုက်သည်။ဆရာဖြစ်သူက မသင်တာများဖြစ်နေနိုင်သည်ဟု သူမအတွေးဝင်သွားသည်။
"ငါသင်ပေးတာပေါ့၊ဓားရူးလေး တစ်ခါကြည့်ပြီး တတ်မြောက်သွားတယ်"လီဆူးဝမ်သည်လည်း ယခင်က အံ့ဩနေခဲ့သည်။သူ၏ ဓားနှလုံးအတတ်ကျင့်စဉ်က ဘယ်နေရာကြည့်ကြည့် အခြေခံဓားရှစ်ချက်ထက်တော့ အသာကြီးဖြစ်နေ၏။သို့ပေမဲ့ ဓားရူးလေးက အခြေခံ ဓားချက်ကိုသာပိုသဘောကျနေသည်။ဆရာဖြစ်သည့်သူအနေနဲ့လည်း တပည့်ကိုအတင်းအကြပ်မလုပ်ချင်တာဖြင့် သူကြိုးစားလေ့ကျင့်နေသရွေ့ဘာမှဖိအားမပေးခဲ့ချေ။
"တစ်ခါကြည့်ပြီး တတ်မြောက်သွားတယ်၊ဒါဆိုသူရဲ့ ပါရမီက သမီးထက်ပိုကောင်းတာပဲ"လီရှင်းယွဲ့က အခြေခံဓားချက်ကို ထပ်ခါထပ်ခါခုတ်နေသော လီကျန့်ယီကိုကြည့်ရင်း အတွေးထဲနှစ်မြုပ်သွားသည်။ယခင်က သူမသည် ဓားနှလုံးအတတ်ကျင့်စဉ်ကို တတ်မြောက်ဖို့ နှစ်အနည်းငယ်ယူခဲ့ရသည်။သို့ပေမဲ့ ဓားရူးလေးက တစ်ခါကြည့်ရုံနဲ့ တတ်မြောက်သွားတာတဲ့လား ဒီထိုးနှက်ချက်က ပြင်းထန်လှ၏။ပါရမီကွာခြားမှု့က ကြီးမားလွန်းလှ၏။
"ဓားရူးလေးမှာ မွေးရာပါသန္ဓေခန္ဓာကိုယ်ရှိတယ်"လီဆူးဝမ်က သူ၏ သမီးသံသယကိုသိသဖြင့် ပြောပြလိုက်သည်။
" မွေးရာပါဓားသန္ဓေခန္ဓာကိုယ်”
ဒါကြောင့်ကို မွေးရာပါဓားသန္ဓေခန္ဓာကိုယ်ပိုင်ရှင်တွေက သဘာဝအတိုင်း ဓားသမားအဖြစ်ရွေး ချယ်ခံရသူတွေ ဖြစ်ကြသည်။သူတို့ဟာ တစ်ခြားလူတွေထက် ပိုထူခြားပြီး ဘယ်ဓားနှင့်မဆိုရင်းနှီးမှု့ရှိရုံတင်မက ဘယ်ဓားကျင့်မဆို သူတို့အတွက် ပိုလွယ်ကူစွာလေ့လာနိုင်သည်။ တစ်ယောက်ယောက်ကသာ သူတို့ ရှေ့မှာဓားချက်ထုတ်ပြမည် ဆိုပါက ထိုလူ၏ဓားချက်ကိုအတုယူဖို့မခက်ခဲချေ။
ဓား၏ အနှစ်သာရကိုလည်း တစ်ခြားလူတွေထက် ပိုမြန်ဆန်စွာနားလည်နိုင်စွမ်းရှိလေသည်။ထို့ကြောင့် လီရှင်းယွဲ့က ဤကဲ့သို့သော ပါရမီရှင်ကို အခြေခံဓားချက်ကိုသာ ဆက်လေ့ကျင့်မှာကို မလုပ်ခိုင်းစေချင်တော့ပေ ထိုအရာလုပ်ခြင်းက ပါရမီကိုအလဟာသဖြစ်စေမည်။
"ကျန့်ယီ ၊ကျောင်းတော်ရဲ့ ဆရာလီက ဟန်ယီ ကိုမကြာခင်မှာ ဓားအတတ်ပညာတွေသင်ပေးတော့မယ်၊ မင်း ငါတို့နဲ့အတူလိုက်ချင်လား" လီရှင်းယွဲ့က လီကျန့်ယီကိုဖိတ်ခေါ်လိုက်သည်။
"အဒေါ်လီ၊ကျွန်တော် ဂူထဲမှာပဲဓားလေ့ကျင့်ချင်တယ်" လီကျန့်ယီက ယဉ်ကျေးစွာငြင်းဆိုလိုက်ပါသည်။
"ဒါပေမယ့်တစ်ယောက်တည်းဓားလေ့ကျင့်ရတာ အထီးကျန်တယ်လို့မခံစားရဘူးလား" လီရှင်းယွဲ့က လီကျန့်ယီကိုတကယ်နားမလည်နိုင်သလိုခံစားရသည်။ဤကလေးသည် တစ်ခြားကလေးတွေနှင့်မတူပေ၊ တစ်ခြားကလေးတွေကို ဆော့ကစားနေချိန် လီကျန့်ယီက ဓားရေးကိုသာ ကြိုးကြိုးစားစား လေ့ကျင့်နေတတ်သည်။ ဓားလေ့ကျင့်ပြန်တော့လည်း ဓားချက်တစ်မျိူးကို သာလေ့ကျင့်သည့်ဓားသမား ဘယ်မှာရှိမည်နည်းလို့ မေးလာရင် လီကျန့်ယီကိုသာ ချက်ချင်းလက်ညှိုးထိုးပြမိလိမ့်မည်။