ငါ့ရဲ့နောက်ဆုံးအကွက်ကို ထုတ်သုံးမှရတော့မယ်
Vol. 1 Ch. 7
လီကျန့်ယီ၏ စိတ်ထဲတွင် လူအများအပြားနှင့်တွေ့ဆုံခြင်းက
သူ၏ ကိုယ်ပိုင်အချိန်ကိုလုယူခံရသလိုသတ်မှတ်ထားသည်။ဂူထဲ နေပြီး အချိန်တိုင်းဓားလေ့ကျင့်ခြင်းကသာ သူ့၏စွမ်းအားကို လျင်မြန်စွာတိုးတက်လာမည်။ထိုမှသာ ဒီမိသားစုအပေါ် ကျရောက်လာမည့် ကံတရားဆိုးတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိလာမည်။ဤမိသားစု ထဲက ဘယ်မိသားစာဝင်တစ်ယောက်ကိုမှ သူအနေနဲ့ ဆုံးရှုံးခွင့်မပေးနိုင်ဘူး။ထိုကံဆိုးမှု့ကို တားဆီးဖို့သူအလျင်အမြန်သန်မာမှဖြစ်မည်။
သူ့ကို အမြဲဂရုစိုက်သောဆရာ၊ ချစ်စရာကောင်းသော ဟန်ယီ၊
သူကို မောင်လေးသဖွယ်ချစ်မြတ်နိုးသည့် လီရှင်းယွဲ့ ၊နည်းနည်း မောက်မာသလိုပြောဆိုပေမဲ့ သူ့ကိုအမြဲဂရုစိုက်သည့် လဲမုန့်ရှား
သူတို့အားလုံးက သူ့အတွက်အရမ်းအဖိုးတန်သော လူဖြစ်လေသည်။
ကမ္ဘာ့ရဲ့ အလှအပတွေကို မခံစားရလည်းဘာဖြစ်လဲ၊လူတွေနဲ့ မဆုံရလဲဘာဖြစ်လဲ ၊ဂူထဲမှာတစ်ယောက်ထဲလေ့ကျင့်ရလည်း ဘာဖြစ်မလဲ ။တကယ်လိုသာသူတန်ဖိုးထားသည့်အရာတွေကိုသာ ကာကွယ်ပေးနေသရွေ့ ဤအရာတွေက မပြောပလောက်သည်အရာသာဖြစ်လေသည်။
"အစ်မ ကျွန်တော် အထီးမကျန်ပါဘူး၊ကျွန်တော်ဘေးမှာ ဓားကအမြဲအဖော်ပြုပေးတယ်လေ"
"ဓားနဲ့အတူရှိနေခြင်းကလည်း အဖော်ဖြစ်စေတာလား" လီရှင်းယွဲ့၏ မျှော်လင့်သောမျက်လုံးများမှာ ဤကလေးအတွက် စိတ်မကောင်းသလိုခံစားလိုက်ရသည်။ဤကလေးသည် လူတစ်ယောက် ဘယ်လိုပျော်ပျော်ရွှင်ရွှင် နေရမလဲမသိသော ကလေးတစ်ယောက်ဖြစ်နေသည်။
"ယီယီ၊ နားထောင် မင်းက ကလေးတစ်ယောက်ပဲ၊ အမှန်တကယ်အဲဒီလောက်ကြိုးစားစရာမလိုဘူး၊ယီယီမှာ အစ်မရှိတယ်၊အဖေ၊ဟန်ယီနဲ့ဦးလေးမုန့်ရှားလည်းရှိတယ်"
"အစ်မတို့က ယီယီကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းတော့ရှိသေးပါတယ် "လီရှင်းယွဲ့က နူးညံ့သောလေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။
ဒီကလေက သူမတို့ကိုတစ်ခုခုအမြဲသိုဝှက်ထား နေသလိုခံစားရသည်။အမြဲတမ်းတစ်ယောက်လိုလို ကြိတ်ခံစားတတ်သော ကလေးဖြစ်သောကြောင့် သူတို့၏ စိတ်ထဲတွင်စတင်စိုးရိမ်လာ၏။
ဘာကိုသိုဝှက်ထားလည်းဆိုတာသူတို့မသိပေမဲ့၊သိုဝှက်ထားသည့်အရာက ကြီးကြီးမားမားတစ်ခုဖြစ်ရမည်။မဟုတ်ရင် ဒီလောက်ငယ်ရွယ်သော ကလေးအဖို့ ဘယ်လိုလုပ်ပြီး ဓားကို ဒိလိုဖိအားပေးလေ့ကျင့်စေနိုင်မည်နည်း။ကြိုးစားလေ့ကျင့်နေတာက အကြောင်းအရင်းတော့ရှိရမည်။
"အစ်မ ဒါက ကျွန်တော်ရဲ့ရွေးချယ်မှု့ပါ"လီကျန့်ယီက ဖြောင့်တန်းစွာရပ်ပြီး တည်ကြည်သောမျက်လုံးဖြင့် ပြောလိုက်သည်။
"ဟုတ်ပြီလေ။ ဒါပေမယ့် မင်းရဲ့ဆရာကလည်း မင်းကိုအပြင်ထွက်ပြီး အပြင်လောကကိုပိုမြင်စေချင်တယ်၊ မတူညီတဲ့နယ်ပယ်တွေကို လူတွေနဲ့ဆုံစေချင်တယ်၊ဒါကြောင့် ကျန့်ယီ မင်းစိတ်ထဲမှာ ဘာတွေဝှက်ထားလည်းအစ်မမသိပေမဲ့ မင်းအရွယ်ငယ်ငယ်လေးနဲ့ ကိုယ့်ကိုယ်ကိုအဲ့ဒီ လောက်ထိ ဖိအားပေးပြီးမနေသင့်ဘူး လူငယ်ဘဝကိုပေါ့ပေါ့ပါးပါး ဖြတ်သန်းစေချင်တယ်"လီရှင်းယွဲ့က လက်မလျော့သေးပဲ ဆက်လက် နားချလေသည်။
"မင်းအစ်မပြောတာမှန်တယ်ဓားရူးကလေး၊ မင်းရဲ့ဆရာကလည်း မင်းပိုပြီးအပြင်ထွက်စေချင်တယ်။ မင်း ဆရာလီကို ဆရာအဖြစ်တင်မတင်က အရေးမကြီးပါဘူး၊အရေးအကြီးဆုံးအရာက ကျယ်ပြန့်တဲ့လောကကိုသွားကြည့်သင့်တယ်” လီဆူးဝမ်သည်လည်း ထပ်မံတိုက်တွန်းလေသည်။
သူတွင် ဒီတပည့်ပဲရှိတာ သူ့ဘဝကို ဒီလိုဂူသေးသေးထဲမှာ ဘဝကုန်ဆုံးသွားမှာကို အဖြစ်မခံနိုင်ပါ။အမှန်တကယ်တွင်တော့ လီကျန့်ယီကို တပည့်အဖြစ်လက်ခံသည်ဟုဆိုသော်လည်း သူ့၏သားတစ်ယောက်အဖြစ်သာတွေးထားလေသည်။ဒီကလေးကို သူငယ်ငယ်ကတည်းကပြုစုထားသည့်ကလေးဖြစ်သည်။
"ဒါပေမဲ့ .. ဒါပေမယ့် ကျွန်တော်က အချိန်တစ်မိနစ်တောင် အလကားမဖြုန်းချင်ဘူး..."သစ်သားဓားကိုခုတ်နေသည့် ကျန့်ယီတွင် မြဲမြံတဲ့ဆန္ဒရှိကာ သူ့ရဲ့ဓားကျင့်ချင်စိတ်ကို ဘယ်သူမှမတားဆီးနိုင်သကဲ့သို့ရပ်နေသည်။
သို့သော် ထိုအချိန်တွင် ဟန်ယီက မပျော်မရွှင်ဖြစ်သွားရသည်။သူမက လီကျန်ယီကို သူမတို့နှင့်အတူခေါ်သွားချင်သည်။ ဒါပေမဲ့ လီကျန့်ယီက အတော်ခေါင်းမာနေပာန် ပေါက်သည်။သူကို ဤနေရာကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဟုတွေးကာ တိတ်တဆိတ်အကြံထုတ်ပြီး သူမ၏မျက်လုံးများအရောင် တောက်သွာသည်။
ထိုနောက်လီကျန့်ယီကို တင်းမာနေတဲ့မျက်လုံးများဖြင့် "ယီယီ မင်းခေါင်းတော်တော်မာတာတာပဲ၊မင်းက ငါရဲ့ နောက်ဆုံးအကွက်ကိုထုတ်ဖို့ဖိအား ပေးနေတာပဲ"
"ဟန်ယီ၊ မင်းရဲ့နောက်ဆုံးအကွက်သုံးရင်တောင်၊ ငါက ဓားနှလုံးဂူကနေမထွက်ဘူး!"လီကျန့်ယီက ယုံကြည်ချက်ရှိစွာ စကားပြန်လှန်လေသည်။ဘယ်သူမှငါရဲ့ ဆန္ဒကိုပြောင်းလဲအောင် မလုပ်နိုင်ဘူး နတ်ဘုရားတောင်မှ ချွင်းချက်မရှိဘူးဟု စိတ်ထဲအော်ဟစ်ရင်းယုံကြည်ချက်ရှိစွာရပ်နေသည်။
ဘယ်မှသူ့ကိုကောင်းကင်ဘုံရဲ့ကြိုးစားအားထုတ်မှုနှလုံးသားကို စွန့်လွှတ်အောင်မလုပ်နိုင်ဘူး!!
ဘာယ်သူမှ သူ့လက်ထဲက ဓားလေ့ကျင့်တာကို မရပ်တန့်နိုင်ဘူး!!
"ဟီး၊ ယီယီ မင် ငါ့လက်ထဲကိုကြည့်ပါအုန်း"
ဟန်ယီ၏ လက်ထဲတွင် အရည်ရွမ်းပုံပေါက်နေသော သစ်တော်သီးတစ်လုံးကိုဝတ်ရုံကနေဆွဲထုတ်ပြလိုက်သည်။သစ်တော်သီး၏ အရောင်က ဖန်သလင်းကဲ့သို့ကြည်လင်နေကာ စားချင်စဖွယ်ဖြစ်နေလေသည်။
"ယီယီ ဒါက အဖေကငါ့အတွက်ဝယ်ပေးထားတဲ့ သစ်တော်သီး၊သူ့မှာ စတော်ဘယ်ရီသီး၊ သခွားမွှေးသီး၊ ဖရဲသီးတွေလည်းအများကြီီးရှိ သေးတယ်"
"ပြီးတော့ဒီအသီးတွေက အရမ်းစားကောင်းတာ သိလား"သစ်တော်သီးကိုဆွဲထုတ်ပြပြီးနောက် ဟန်ယီက ကျန့်ယီကို သူမ၏ အစားအစာတွေနဲ့ စတင်သွေး ဆောင်လေသည်။ကျန့်ယီကို သူမနဲ့အတူခေါ်သွားဖို့ သူမအစွမ်းကုန်ကြိုးစားနေသည်။ကျန့်ယီက အစားအစာကို ကြိုက်မှန်းသူသိမှတော့ အစားစာနဲ့ဘာလို့မမြူဆွယ်ရမည်နည်း သူမက လက်လွှတ်မခံနိုင်ပေ။
လူကြီးသုံးယောက်မှာ အစက ဟန်ယီမှာအကြံရှိသည်ဟု ကြားသောအခါ သူတို့၏ မျက်လုံးတွင်မျှော်လင့်ချက်များ ပေါ်ပေါက်လာသည် သို့ပေမဲ့ ကျန့်ယီကိုသစ်တော်သီးတစ်လုံးဖြင့် သွေးဆောင်ခြင်း ဒါကအဓိပ္ပာယ်မရှိမှန်းသိသွားသည့်အခါ လူကြီးသုံးယောက်ကနောက်တစ်ခါ စိတ်ဓာတ်ကျသွားရသည်။
ထိုအကြံကအလုပ်ဖြစ်မည်မဟုတ်ဟု လူကြီးသုံးယောက်တွေးနေသည့်အချိန်မှာ ကျန့်ယီ၏ မျက်လုံးများက သစ်တော်သီးပေါ်တွင် ကော်နှင့်ကပ်ထားသလိုကြည့်နေပြီး သူ့၏မျက်လုံးတွင် ထိုသစ်တော်သီးကို လိုချင်နေမှန်းသိသာလေသည်။
ဒီအကြံက ကျန့်ယီအပေါ် အလုပ်တာလား!!!
"ဟွန့် ဟန်ယီ၊မင်းငါ့ကိုသစ်တော်သီး သွေးဆောင်ရင်တောင်၊ ငါက ဓားနှလုံးဂူကနေ ခြေတစ်လှမ်း တောင်မထွက်နိုင်ဘူး"သစ်တော်သီးကို သူလိုချင်တယ် ဒါပေမဲ့ သူပြောပြီးသားစကားတွေကို ဒီသစ်တော်သီးတစ်လုံးနဲ့ အဖျက်ဆီးခံရတော့မှာကိုမလိုလားပေ။နတ်ဘုရားတောင် ငါရဲ့ စိတ်အားထက်သန်မှု့ကို မဖျက်နိုင်ဘူလို့ ကြီးကြီးကျယ်ကျယ် ပြောပြီးကာမှ လွယ်လွယ်နဲ့အပျက်မခံနိုင်ပါ။
အရည်ရွမ်းတဲ့ သစ်တော်သီးတစ်လုံးက ဘယ်လောက်တောင် အရသာရှိမှာမလို့လဲ ငါ သည်းခံနိုင်မှရမယ်၊ငါ ဒီ သွေးဆောင်မှု့ကိုကျော်ဖြတ်နိုင်မှဖြစ်မယ်!!!
လီဆူးဝမ်က ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမထိန်းနိုင်စွာရယ်မောရင်းပြောလိုက်သည်။သူတို့ကဘာလို့ ဒီလိုရိုးရှင်းတဲ့အရာကိုမတွေးမိသနည်း။ ဘယ်လိုပဲပြောပြော ကျန့်ယီက ကလေးသာရှိသေးသောကြောင့် အစားအသောက်ကိုကြိုက်နှစ်သက်နိုင်သည်။
"ယီယီ ၊မင်းဘာလို့ တင်းခံနေရတာလဲ ၊မင်းသာ ဟန်ယီတို့နဲ့လိုက်သွားရင် အဲ့သစ်တော်သီးက မင်းဟာဖြစ်သွားလိမ့်မယ်”
"မထွက်သွားနိုင်ဘူး..လုံးဝမထွက်သွားနိုင်ဘူး" အပြင်ဘက်တွင်ကျန့်ယီက တင်းမာစွာငြင်းနေပေမဲ့ သူ့၏အတွင်းစိတ်ထဲတွင်ထိုသစ်တော်သီး၏ အရာသာကဘယ်လိုဖြစ်နေမှာလဲဟု မှန်းကြည့်နေသည်။
"ဟုတ်ပြီလေ သစ်တော်သီးတစ်လုံးက မလုံလောက်ဘူးဆိုတော့လဲ ၊
ဒါက ငါနှစ်ပေါင်းများစွာ အမြတ်တနိုးသိမ်းထားတဲ့ သဖန်းသီးကိုထုတ်ရတာပေါ့၊ဒီ သဖန်းသီးက မင်းတစ်ကိုက်ကိုက်လိုက်တာနဲ့ မင်းပါးစပ်ထဲမှာ မွှေးကြိုင်စေပြီး ထပ်ခါထပ်ခါစားချင်အောင်ဆွဲဆောင်နိုင်တယ် ပြီးတော့ သူတို့ရဲ့အသားက ကြွပ်နေတာပဲသိလား"
"မယုံရင် ဒီမှာကြည့်ဆိုကာ " သူမ အဖြူဝတ်ရုံကနေ သဖန်းသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး သွယ်လျသည့် လက်ကလေးများဖြင့် သဖန်းသီကိုအခွံခွားပြီးနောက် စားချင်စဖွယ်ကောင်းသော အသားများကပေါ်လာသည်။
ထိုနောက်သူမက ကျန့်ယီ၏မျက်စီရှေ့မှာတင် သဖန်းသီးကို သူ့မ၏ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။ ထိုနောက်...ထိုနောက်မှာတော့ သူမ၏ ဝါးစားနေသံကအားရပါးရထွက်ပေါ်လာသည်။
လီကျန့်ယီက ထိုအသံကို နားထောင်ရင်း သဖန်းသီး၏ ကြွပ်ရွတ်မှု့ကိုခံစားနိုင်သည်။ပြီးတော့ အနံ့က သူရဲ့သည်းခံနိုင်တဲ့အဆင့်ထက်ကျော်လွန်ကာမွှေ့ပျံ့နေသည်။ ထိုအသီးက သူကိုသရေယိုစေသည်။
"ဟန်ယီ မင်းမကြိုးပန်းတော့နဲ့ သဖန်းသီးကအရသာအရမ်းရှိရင်တောင် ငါ့ရဲ့စိတ်ကိုမပြောင်းလဲနိုင်ဘူး"ဒီတစ်ခါ ငြင်းသည့်
ကျန့်ယီ၏ အသံကသိပ်မတင်းမာတော့သည်ကို သတိထားမိသည့်အခါ လီဆူးဝမ်သည်ပြုံးလိုက်မိသည်။
ယခုအချိန်တွင် လီကျန့်ယီ၏ မျက်လုံးများမှာ ဟန်ယီ၏ အဖြူရောင်ဝတ်ရုံကိုတောက်ပနေသောမျက်လုံ့ဖြင့်စိုက်ကြည့်နေသည်။ဟန်ယီရဲ့ ဝတ်ရုံက ဘာလို့အစားအစာတွေ အများကြီးထုတ်နိုင်တာလည်း၊အဲ့ဝတ်ရုံက ဒိုရေမွန်အိတ်များဖြစ်နေမလား။သစ်တော်သီးကြီးကြီးကိုလည်းထည့်ထားနိုင်ပြီး သဖန်းသီးလည်ရှိနေသေးသည်။
တဖြည်းဖြည်း ပျော့ပျောင်းသွားသော ကျန့်ယီ၏ အငြင်းစကားကို ကြားသည့်နောက်မှာ လီဆူးဝမ်၏ မျက်လုံးများကအရောင်တောက်ပလာပြီး သူ့၏ချစ်မြေးမလေး ဘက်ကို ကြည့်ကာပြောလိုက်သည်။
"ဟန်ယီ ၊ ကျန့်ယီကို သမီးတို့နဲ့အတူတူခေါ်သွားနိုင်အောင် သွေးဆောင်ခဲ့လိုက် ၊အဲ့လိုဆိုရင် သမီးက ကျန့်ယီနဲ့နေ့တိုင်းကစားရတော့မှာ"
"ဟုတ်...ဟန်ယီ အကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးတယ်"
ဟန်ယီက နဲ့ယုံကြည်ချက်ရှိရှိအားမခံလေသည်။ထိုနောက် သူမ၏ဖြူဖွေးသောလက်များတစ်ဖန် ဝတ်ရုံထဲကို တိုးဝင်သွားပြန်သည်။
"ယီယီ ၊ဒါက အဖေမကြာသေးခင်ကမှ ငါ့အတွက် သရက်သီးတွေပေါများတဲ့ ချန်တုန်မြို့က ဝယ်လာပေးတဲ့ သရက်သီးကိတ်ပဲ၊ဒီ သရက်သီးကိတ်ရဲ့ အသားတွေက အရမ်းနူးညံ့ပြီး ပါးစပ်ထဲထည့်လိုက်တာနဲ့ ချိူအိမှု့နဲ့အတူ သရက်သီးမှည့်တဲ့အနံ့ကတစ်ပြိုင်နက်ထဲ မင်းရဲ့လျှာပေါ်မှာ ပေါက်ကွဲသွားမှာ၊ဟန်ယီ စားဖူးသမျှထဲမှာ ဒီသရက်သီးကိတ်ကအကောင်းဆုံးပဲ"ထိုသို့ပြောပြီးသည့်နောက် သူမကသွက်လက်စွာပင် သရက်သီးကိတ်ဗူးကိုဖွင့်လိုက်သည်။
သူမက ကိတ်ကိုအနည်းငယ်ဖဲ့ယူကာ စားလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ချိူမြိန်သည့်အပြုံးများ ထွက်ပေါ်လာသည်။
"ငါ ဒီကိတ်ကို စားတဲ့အချိန်တိုင်းချန်တုန်မြို့ကို တကယ်ရောက်သလို ခံစားရတယ်သိလား ဒီကိတ်က ဩဂုတ်လမှာပဲရတာ"
"ဂလု" ကျန့်ယီ၏ တင်းခံနိုင်စွမ်းတော့ နောက်ဆုံးတွင်ကျိူးပျက်သွားရတော့သည်။တံတွေးတွေကို ခက်ခဲစွာမြိုချလိုက်မိသည်။
"ယီယီ ငါတို့နဲ့ထျန်ချီမြို့ကိုလိုက်တော့မလား မင်းသာငါတို့နဲ့လိုက်ရင်သစ်တော်သီး၊သဖန်းသီးနဲ့ သရက်သီးကိတ်တွေက မင်းဟာပဲ"
"အစ်မ...အစ်မ ကျွန်တော်က ဟန်ယီရဲ့ အဖြူရောင်ဝတ်ရုံကိုရရင်
ထျန်ချီမြိုကိုကျွန်တော်လိုက်မယ်"သူ့အတွေးကရိုးရှင်းလေသည်။သူသာ ဟန်ယီရဲ့အဖြူရောင်ဝတ်စုံကို အပိုင်ရသည်နှင့် အစားအစာအားလုံးကိုအပိုင်ရသလိုဖြစ်သွားမည်ဟု သူတွေးနေသည်။