နတ်ဓားအဆင့်
Vol. 1 Ch. 8
"အဖြူရောင်.. ဝတ်ရုံလား"
လီကျန့်ယီထိုသို့ ပြောလိုက်သည်နှင့်အာလုံးက အံ့ဩသွားရသည်။လီဟန်ယီလက်ပေါ်က အစားအစာကိုလိုချင်နေတာမဟုတ်ဘူးလား
ဘာလို့ဝတ်ရုံကိုတောင်းနေသည်ကို ဘယ်သူမှနားမလည်နိုင်ကြပေ။
"ယီယီ ၊အစားအစာတွေကိုမယူပဲ ဟန်ယီရဲ့ဝတ်ရုံကိုပဲလိုချင်တာ သေချာရဲ့လား"လီရှင်းယွဲ့က နောက်တစ်ခါသေချာအောင်မေးလိုက်သည်။
"ကျွန်တော် သေချာတယ်၊ဟန်ယီရဲ့ အဖြူရောင်ဝတ်ရုံကိုပဲယူမယ်" လီကျန့်ယီက ခိုင်မာစွာပြောလိုက်သည်။
"ဒါဆိုဟုတ်ပြီလေ အဖြူရောင်ဝတ်ရုံကိုရပြီးတာနဲ့ အစ်မတို့နဲ့အတူ ထျန်ချီမြို့ကိုလိုက်ရမှာနော်"
"ဟုတ်ကဲ့"လီကျန့်ယီက တံတွေးတွေကိုမျိူချရင်း ဝတ်ရုံဖြူကိုရသွားသည်နှင် ထိုဝတ်ရုံဖြူထဲ စားကောင်းသည့်မုန့်များရှိမည်ဟုတွေးမိရုံနဲ့ သူစိတ်လှုပ်ရှားသွားသည်။
"ဟနိယီ၊ ဝတ်ရုံကိုချွတ်ပေးလိုက်"ဟန်ရီက စိတ်လှုပ်ရှားနေသော ကျန့်ယီကိုတစ်လှည့် သူမ၏အမေကိုတစ်လှည့်ကြည့်ပြီးေနာက် သူမ၏ မျက်နှာများကပန်းရောင်သန်းသွားရသည်။
"အာ ...သမီးရဲ့ဝတ်ရုံကို ဘာလို့ ယီယီကိုချွတ်ပေးရမလဲ၊ဒါက သမီးဝတ်ရုံနော်"
"သမီးလုပ်ပါ ယီယီကသမီးဝတ်ရုံကို ကြိုက်နေတာ၊ဝတ်ရုံကိုပေးလိုက် ထျန်ချီမြို့ကိုရောက်ရင် အမေက သမီးကို နောက်ထပ်နှစ်စုံချုပ်ပေးမယ်ဟုတ်ပြီလား"လီရှင်းယွဲ့က ရှေ့တိုးပြီ ကလေးမ၏ ခေါင်းကိုပွတ်ပေးကာနားချလိုက်သည်။
"ကောင်းပြီ..." ဟန်ယီက နည်းနည်းရှက်နေပေမဲ့ သူမ၏ အဖြူရောင်ဝတ်ရုံကိုချွတ်ပေးလိုက်သည်။ယခုတွင် သူမမှာအဖြူရောင်ပိုးထည်အင်္ကျီတစ်ထည်သာ ကျန်တော့သည်။
"ရော့ ...ယီယီ"လီရှင်းယွဲ့က အဖြူရောင်ဝတ်ရာံကို လီကျန့်ယီဆီကမ်းပေးလိုက်သည်။
လီကျန့်ယီက ဝတ်ရုံကိုစိတ်လှုပ်ရှားစွာ လှမ်းယူလိုက်ပြီး၊ဝတ်ရုံကို စစ်ဆေးကြည့်လိုက်သည်။သို့ပေမဲ့ ဝတ်ရုံတွင် ကြီးမားသည့် အိတ်ကပ်တစ်ခုသာရှိသည်။ငါ့အတွေးကမှားနေတာပဲ ဟန်ယီဆီမှာ ဘယ်လိုလုပ်ပြီး ဒိုရေမွန်အိတ် လိုမျိူးအရာကိုရှိနိုင်မလဲ။
ထိုနောက် စိတ်လှုပ်ရှားစွာ အိတ်ကပ်ထဲနှိုက်ကြည့်လိုက်သည်။
"စက္ကူနဲ့လုပ်ထားတဲ့ငှက်၊ပြီးတော့ပန်း၊ပြီးတော့ ဂေါ်ပြားသေးသေးလေး"ဒါတွေက ဘာတွေလဲ။
"ငါ့ရဲ့ သစ်တော်သီး၊သဖန်းသီ နဲ့ သရက်ကိတ်မုန့်တွေ ဘယ်ရောက်သွားတာလဲ"ကစားစရာတွေနှင့်ပြည့်နှက်နေသော အိတ်ကပ်ကိုကြည့်ရင် လီကျန့်ယီမှာ နှလုံးကွဲစွာအော်ပြောလိုက်မိသည်။
ကစားတွေနဲ့ ပြည့်နေတဲ့ အင်္ကျီရှည်ကို ကြည့်ရင်း လီကျန့်ယီက လုံးဝ အံ့အားသင့်သွားသည်။
လီဟန်ယီက ပြုံးရင်း ပြောလိုက်တယ်၊ "ယီယီ၊ မုန့်ကောင်းတွေအားလုံးကဟန်ယီဆီမှာ ရှိနေတယ်၊ဝတ်ရုံထဲမှာမုန့်ကောင်းတွေ မရှိတော့ဘူး"
လီကျန့်ယီ"..."ဒီဝတ်ရုံထဲမှာ စားစရာအပြင် ဒီလိုကစားစရာတွေထည့်ထားမည်ဟု သူလုံးဝမမျှော်လင့်ထားပေ။
"ဟန်ယီ မင်းက..ငါ့ကို လှည့်စားတယ်၊မင်းက ကျားဖြန့်ဂိုဏ်းကပဲဖြစ်ရမယ်၊ဘာလို့ မုနိ့အိတ်ထဲမှာ ကစားစရာတွေရောထည့်ရတာလဲ"လီကျန့်ယီတစ်ယောက် အရာအားလုံးဆုံးရှုံးရသကဲ့သို့ အော်ဟစ်သောင်းကျန်း နေတော့သည်။အိတ်ကပ်ထဲမှာ စားကောင်းတဲ့အစားအစာ တွေပြည့်နှက်နေမယ်လို့ထင်ခဲ့တာလေ၊အခုတော့ အခုတော့ စားမရတဲ့အရာတွေနဲ့သာပြည့်နှက်နေလေသည်။
"ဘာကိုလှည့်စားတာလဲ မင်းဘာသာမင်းရွေးချယ်သွားတာလေ၊
နေအုန်းပြီးတော့ ကျားဖြန့်ဂိုဏ်းဆိုတာကဘာလဲ"
ဟန်ယီက လက်ထဲမှာ နာနတ်သီးသကြားလုံး၊ သင်္ဘောသီးခြောက်၊ ပွင့်ဖတ်ကိတ်မုန့်တွေ ကိုင်ထားရင်း လီကျန့်ယီကို ပြုံးပြီး မေးလိုက်သည်။
"ကျားဖြန့်ဂိုဏ်းဆိုတာက ....နေအုန်း ဘာကိစ္စနဲ့ငါကရှင်းပြရမလဲ၊
ဟန်ယီ ငါမင်းကို ဒီဝတ်ရုံကိုပြန်ပေးမယ်လေ၊ငါ့ကို မင်းလက်ပေါ်ကမုန့်အားလုံးကိုပေးပါလား"လီကျန့်ယီက ဟန်ယီကိုမျှော်လင့်ချက်သန်းသော မျက်လုံးဖြင့်မေးလိုက်သည်။
" မပေးဘူး!"ဟန်ယီက ပြာယာခပ်နေသော လီကျန့်ယီကိုချက်ချင်းငြင်းလေသည်။
"ဒါဆိုလည်း မင်းမုန့်ကောင်းအားလုံး ငါမယူတော့ဘူး၊ ဟန်ယီ
ငါ့ကို သရက်ကိတ်နည်းနည်း လောက်ပဲဖဲ့ပေးပါလား"လီကျန့်ယီကချက်ချင်း ဈေးကိုလျှော့လိုက်ပြီး ထပ်ကမ်းလှမ်းလိုက်သည်။ အားလုံးမရရင်တောင် သရက်ကိတ်မုန့်လေးပဲရရင်ကျေနပ်ပြီဟု တွေးနေသည်။
"အဲဒါလည်း မရဘူး" ဟန်ယီက သူမ၏ ဖြူဖွေးသောလက်ချောင်းကို ဘယ်ညာရမ်းပြပြီးငြင်းလေသည်။
"ကောင်းပြီ၊ ဒါဆိုလည်း ငါဓားကိုင်လေ့ကျင့်ဖို့ သွားတော့မယ်၊ထျန်ချီမြို့ကို သွားတော့အချိန်ကြရင် အစ်မငါ့ကို ခေါ်လိုက်"ဟန်ယီက မလဲလှယ်ချင်မှတော့ သူလက်လျှော့ပြီး ကစားစရာတွေဖြင့်ပြည့်နှက်နေသောဝတ်ရုံဖြူကိုသ လက်ခံလိုက်ရတော့သည်။
လီရှင့်ယွဲ့က ပါးစပ်ကိုအုပ်ပြီးပြုံးရင်း ခေါင်းညိတ်လိုက်သည်။ လီကျန့်ယီက ဘာကြောင့်မသိ ချစ်စရာကောင်းနေသည်ဟု သူမ ခံစားနေရသည်။ပြီးတော့ ကျာ့ဖြန့်ဂိုဏ်းကဘာလဲ!
ဘာတွေ ပြောနေတာလဲ!!
ခေါင်းခါရင်း လီရှင်းယွဲ့က ဟန်ယီဆီ သွားပြီး ပြောလိုက်သည်။
"ဟန်ယီ ၊သမီးက လူကောင်းဆိုတော့၊ယီယီကို မုန့်ခွဲဝေပေးမှာမလား"
"ဟုတ်ကဲ့၊ဟန်ယီလည်း ဒီလိုပဲ ထင်တယ်၊သရက်ကိတ်မုန့်၊ နာနတ်သီးသကြားလုံး၊ သင်္ဘောသီးခြောက် တစ်ဝက်ကို ဝတ်ရုံနဲ့လဲလှယ်ချင်တယ်"ဟန်ယီက စကားနားထောင်စွာပြောလိုက်သည်။
မုန့်တစ်ဝက်ကို ကိုင်ဆောင်ပြီး လီကျန့်ယီ၏ရှေ့တွင်ရပ်ကာချိုမြိန်သော အသံဖြင့်ပြောလိုက်သည်။ "ဒီမှာ မင်းအတွက်"
"သရက်.....သရက်ကိတ်မုန့်..ဟန်ယီကိုကျေးဇူးတင်ပါတယ်"
လီကျန့်ယီက မူလက ဓားလေ့ကျင့်ဖို့စီစဉ်ထားပေမဲ့ဟန်ယီက ရုတ်တရက် သရက်ကိတ်မုန့်လာ ပေးသောကြောင့် အံ့အားသင့်သွားသည်။ဟန်ယီစိတ်မပြောင်းသေးခင်မှာပဲ လီကျန့်ယီက ကိတ်မုန့်ကို ပါးစပ်ထဲသွတ်သွင်းလိုက်တော့သည်။
"အို...ကိတ်သားက နူးညံ့ပြီး လျှာပေါ်မှာတကယ်ပဲ ပျော်ဝင်သွားတာပဲ၊ဒါက ချန်တုန်မြို့ရဲ့ ကျော်ကြားတဲ့ကိတ်မုန့်ဖြစ်ဖို့ထိုက်တန်တယ်"ကိတ်မုန့်ကို စားကြည့်ပြီးသည့်နောက် လီကျန့်ယီက ဟန်ယီ၏စကားကို အတုယူပြီးချီးကျူးလိုက်သည်။ကိတ်သားက အမှန်တကယ်ကောင်းပေမဲ့ ချန်တုန်မြို့ကို သူတစ်ခါမှမရောက်ဖူးပေ။
"ဟန်ယီလည်း ချန်တုန်မြို့က သရက်ကိတ်မုန့်ကိုအကြိုက်ဆုံးပဲ၊ထျန်ချီမှာ သရက်ကိတ်မုန့်လည်းရှိပေမဲ့ ချန်တုန်မြို့ကဟာလောက်မကောင်းဘူး"ဟန်ယီလည် ကိတ်မုန့်ကိုစားနေရင်း လီကျန့်ယီကိုရှင်းပြနေသည်။
"ဟန်ယီ ၊ငါမင်းကို ဝတ်ရုံပြန်ဝတ်ပေးမယ်"သရက်ကိတ်မုန့်တစ်ကိုက်စားပြီးသည့်နောက် လီကျန့်ယီက ဟန်ယီ၏အနောက်ဘက်သို့ပြေးသွားက ဝတ်ရုံကိုပြန်ဝတ်ပေးလိုက်သည်။
လီကျန့်ယီ၏ နှစ်လိုဖွယ်ကောင်းသော အမူအကျင့်ကြောင့် ဟန်ယီလည်း သူမလက်ထဲရှိသော သင်္ဘောသီးခြောက် လက်တစ်ဆုပ်စာလောက် ကမ်းပေးလိုက်သည်။
"ယီယီ ဒါလည်း အရမ်းအရသာရှိတယ်"
"ဟုတ်တယ်၊ အရမ်းအရသာရှိ"လီကျန့်ယီက ခေါင်းညိတ်ထောက်ခံလေသည်။မုန့်အားလုံးက အရသာရှိတယ်။အခုချိန်တွင် လီကျန့်ယီ၏ စိတ်ထဲတွင် ဟန်ယီကို အစားအသောက်မုန့်ကောင်းများ ထုတ်ပေးနိုင်သော စက်လို့မှတ်ယူထားသည်။
"သင်္ဘောသီးခြောက်က အပြင်ဘက်မှာနည်းနည်းကြွပ်ပြီး အထဲကြတော့အသားကနူးညံ့ပြီးမွှေးတယ်!" လီကျန့်ယီက သင်္ဘောသီးခြောက် မြည်းပြီးတဲ့နောက် ထပ်ပြီး အံ့အားသင့်သွားသည်။မုန့်အားလုံး စားပြီးတဲ့နောက် ဓားကို ချက်ချင်းကိုင်ပြီးလေ့ကျင့်မှု ပြန်စတင်လိုက်တယ်။
ဒီတစ်ခါ ဟန်ယီသည်လည်း သစ်ကိုင်းတစ်ခုယူလိုက်ပြီး လီကျန့်ယီလုပ်သည့်အတိုင်း လိုက်လုပ်နေသည်။ဟန်ယီ၏ စိတ်ထဲတွင် လီကျန့်ယီနဲ့အတူရှိရတာ အရာရာဟာ စိတ်ဝင်စားစရာကောင်းနေသလိုပဲ ခံစားနေရသည်။
...
သုံးရက်ကြာပြီးနောက်။
လီရှင်းယွဲ့ နဲ့ လဲ့မုန့်ရှားတို့က အထုပ်အပိုးတွေ ထုပ်ပြီး ဟန်ယီနဲ့ လီကျန့်ယီတို့ကို ထျန်ချီမြို့ ကို ခေါ်သွားဖို့ ပြင်ဆင်နေကြသည်။
ဒါပေမယ့် မသွားခင် သူတို့က ဓားသွန်းလုပ်သည့်ဌာနကို သွားဖို့ လိုအပ်သည်။အကြောင်းမှာ လီကျန့်ယီ၏ ကိုယ်ပိုင်ဓားသွန်းလုပ်ပေးသည်မှာရက်ပေါင်း၈၁ရက်ကြာပြီး သည့် နောက်မှာတော့ ပြီးစီးတော့မည်။
ဓားသွန်းလုပ်သည့်ဌာနတွင် လီဆူးဝမ်ကိုယ်တိုင်က လီကျန့်ယီ၏ နောက်ဆုံးအဆင့်ကိုသွန်းလုပ်ပေးနေသည်။သူ့ရဲ့ အတွင်းအားကို အသုံးပြုပြီး အပူချိန်မြင့်မှားစွာထွက်နေသည့် မီးဖိုပေါ်က ဓားကိုဆွဲယူလိုက်သည်။ကုန်ကြမ်းတွေကို အရည်ဖျော်ခြင်း၊ ပေါင်းစပ်းခြင်းနှင့်ပုံသွင်းခြင်း ဆိုသည့် လုပ်ငန်းစဉ်သုံးခုစလုံးပြီးတဲ့နောက်မှာတော့ ဓားကိုယ်ထဲများကစတင်ရုပ်လုံးပေါ်လာက ပြီးပြည့်စုံသည့်ဓားတစ်လက်ဖြစ်လာဖို့ နောက်ဆုံးတစ်ဆင့်သာကျန်တော့သည်။
နောက်ဆုံးအဆင့်က အမှတ်အသားပေးရမည့် အဆင့်ဖြစ်လေသည်။
"ဓားရူးလေး၊ငါ မင်းအတွက် သွန်းလုပ်ပေးတဲ့ဓားကပြီးတော့မယ်၊
ဓားကိုယ်ထည်ပေါ်မှာ ဘယ်လို အမှတ်အသားထွင်းထုချင်လဲ"ဤဓားက လီကျန့်ယီ၏ ကိုယ်ပိုင်ဓားဖြစ်လာမှာမို့လို့ သူ့၏အမြင်ကအရေးပါသည်။
"ဆရာ ကျွန်တော် ဓားပေါ်မှာ ခေါင်ရမ်းပန်းကိုထွင်းထုချင်တယ်၊ပြီးတော့ ဓားကိုယ်ထည်တစ်ခုလုံးကိုလည်း အနီရောင်ဖြစ်စေချင်တယ်"လီကျန့်ယီက စဉ်းစားပြီးနောက်သူ့၏အတွေးတွေကိုပြောလိုက်သည်။
"ဟုတ်ပြီ ငါမင်းရဲ့ ဓားကို အမှတ်အသားပြုလုပ်ပေးမယ်"လီဝမ်ဆူးက ဓားထွင်းသံမဏိအပ်ဖြင့်စတင်ထွင်းထုလေသည်။ဒီလိုလုပ်ခြင်းက အတွင်းအားတွေကို ဆရာကျစွာထိန်းချုပ်နိုငိသည့် လူတွေသာလုပ်နိုင်သည်။လွယ်သည်ဟု ထင်ရပေမဲ့ ထိုအရာက မြင်ရသလောက်မလွယ်ကူပေ။
နာရီဝက်ကြာပြီးသည့်နောက်မှာတော့ ခေါင်းရမ်းပန်းလေးပြီးစီးဖို့ တစ်ချက်သာလိုတော့သည်။ဒီမျဉ်းကြောင်းလေး ထွင်းထုပြီးရင် ဓားကပြီးပြည့်စုံတော့မည်။
နာရီဝက်ကြာပြီးနောက် လီဆူးဝမ် က ဓားပေါ်က မေ့လျော့ပန်းပုံရဲ့ နောက်ဆုံးမျဉ်းကြောင်းကို ထွင်းထုဖို့ နောက်ဆုံးကျန်တော့တယ်!
"ရှင်းယွဲ့ ၊ အဖေက ယီယီအတွက် ဘယ်အဆင့်ရှိတဲ့ဓားကိုအမှတ်အသားပေးမယ်ထင်လဲ"ပြီးစီးတော့မည့် ဓားကိုကြည့်ရင်း လဲ့မုန့်ရှားကသူ၏ ဇနီးကိုကြည့်ပြီးမေးလိုက်သည်။
"ဓားတွေကို အဆင့်လေးဆင့် ခွဲထားတယ်။ ပထမအဆင့်
က တောင်းတန်းအဆင့်က အနိမ့်ဆုံး၊ ဒုတိယအဆင့် ပင်လယ်အဆင့်ကဒုတိယ၊တတိယအဆင့်က ကောင်းကင်အဆင့် ၊နောက်ဆုံးအဆင့်ကတော့ နတ်ဓားအဆင့်" လီရှင်းယွဲ့က အနီရောင်ဓားကိုကြည့်ရင်းတဖြည်းဖြည်းပြောလိုက်သည်။
"အမေ သမီးတို့ရဲ့ အဖိုးသွန်းလုပ်မည့်ဓားက ဘယ်အဆင့်မှာရှိမလဲ"ဟန်ယီက သူမမိဘတို့၏စကားကိုကြားသည်နှင့် သူမ သိချင်သောကိစ္စကိုမေးလိုက်သည်။
"သမီးရဲ့အဖိုးဖြစ်သူက ငါတို့ ဓားဂူဗိမာန်ဆက်ခံသူထဲမှာ အကျော်ကြားဆုံး ဓားပညာရှင်ဖြစ်တယ်၊ သူကိုယ်တိုင်သွန်းလုပ်တဲ့ ဓားကအနည်းဆုံး တတိယအဆင့်မှာ ဖြစ်လိမ့်မယ်၊အမြင့်ဆုံး နတ်ဓားအဆင့်ဓား လည်းဖြစ်နိုင်တယ်"လီရှင်းယွဲ့က သူမအဖေ၏ဓားသွန်းလုပ်မှု့အပေါ်ယုံကြည်မှု့အပြည့်အဝရှိသည်။
"တကယ်လား အဖိုးက အရမ်းအံ့သြစရာကောင်းတယ်" လီရှင်းယွဲစကားကိုကြားတဲ့နောက် ဟန်ယီက စိတ်လှုပ်ရှားသွားပြီး အဖိုးဖြစ်သူအပေါ် လေးစားအားကျသည့် အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
လီဆူးဝမ်က သူ့ကိုလေးစားအားကျသည့် အကြည့်ဖြင့် ကြည့်နေသော မြေးမလေးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"အဖိုးက အံ့ဩစရားကောင်းတယ် မဟုတ်ဘူးလား၊ဒါဆို ဟန်ယီလည်း ဓားနှလုံးဂူဗိမာန်မှာနေပြီ ယီယီနဲ့အတူအဖိုးရဲ့ဆက်ခံသူအဖြစ်လုပ်ပါလား"
"သမီးလုပ်ချင်တယ် "ဟန်ယီက စိတ်လှုပ်ရှားစွာခေါင်းညိတ်သဘောတူလေသည်။
ချိန်တည်းမှာပဲ လီဆူးဝမ်၏လက်ကလှုပ်ရှားသွားပြီး အနီရောင်ဓား ပေါ်မှာ ခေါင်းရမ်းပန်းပုံကို အပြီးသတ်လိုက်သည်။
အဲဒီအခိုက်အတန့်မှာပဲ ဓားအပြည့်အစုံဖြစ်လာတာနဲ့ တစ်ပြိုင်နက် အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်သို့ ပျံသန်းသွားသည်။ဓားနှလုံးဂူဗိမာန်၏ အပေါ်တွင် အလွန်တောက်ပသော အနီရောင်အလင်းရောင်များက ပက်ဖျန်းနေသည်။
တောက်ပလွန်းသော အလင်တန်းများကဂူဗိမာန်တစ်လုံးကို အနီရောင်အလင်းတန်းများဖုံးလွှမ်းသွားကာ အနီအနားတွင်ရှိသော ကျင့်ကြံသူတွေကို အာရုံဖမ်းစားသွားသည်။
.........
ဓားနှလုံးဂူဗိမာန်နဲ့ဝေးကွာလှသည့် ထျန်ချီမြို့တွင်ရှိသော ကျီးရှားကျောင်တော်တွင်
ကျောင်အုပ်ကြီး လီချန်းရှန်က ဓားနှလုံးဂူဗိမာန်တည်ရှိသည့်ဘက်သို့
မော့ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။
"လီဆူးဝမ်က ဓားနှလုံးဂူဗိမာန်ဆက်ခံသူထဲမှာ အရှိန်အဝါအရှိဆုံးဓားသမားအဖြစ်ကျော်ကြားတာ တကယ်ထိုက်တန်တာပဲ၊နောက်ထပ် စတုတ္ထုအဆင့် နတ်ဓားအဆင့် ဓားတစ်လက်သွန်းလုပ်နိုင်ပြီ"
ထိပ်တန်းဓား ၁၀ ချောင်းရဲ့ အဆင့်သတ်မှတ်ချက်က အပြောင်းအလဲဖြစ်လာတော့မှာပဲ။
ဒါပေမယ့် ဓားရဲ့ အနီရောင်က ကောင်းကင်ကို သွေးရောင်လွှမ်းစေတယ်!
အနည်းငယ် သွေးထွက်သံယိုပြီး သဘာဝဥပဒေသကို ဆန့်ကျင်နေသလိုပဲ...!!
"အဖေ ...အဖေက စတုတ္ထအဆင့် နတ်ဓားကို သွန်းလုပ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်"လဲ့မုန့်ရှားက ကောင်းကင်မှာ ထိုးတက်နေသည့် အနီရောင် အလင်သန်းများကို အံအားသင့်စွာ စိုက်ကြည့်နေသည်။
ဒါက သာမာန်ဓားမဟုတ်ဘူး၊နတ်ဓားအဆင့် ဓားတစ်လက်ပဲ။
ဒါကြောင့် မရေမတွက်နိုင်တဲ့ ဓားပညာရှင်တွေ ဓားသွန်းလုပ်တဲ့အတတ်ကို ယနေ့အထိလေ့လာနေကြသည်၊ ဒီလို အဆင့်ဓားကို သွန်းလုပ်နိုင်သည့်လူကိုလည်း အများက ရိုသေလေးစားကြမည်။
ဒါပေမဲ့ အခု နောက်ထပ် စတုတ္ထအဆင့် နတ်ဓားအဆင့် ဓားအသစ်တစ်လက် လောကကြီးမှာ ထွက်ပေါ်လာပြီ၊ဒါက ယခင်ကထိပ်တန်းဓားဆယ်ချောင်းဟူသည့် အမည်ကို အပြောင်းအလဲဖြစ်စေလိမ့်မည်။
"အဖေကို ဂုဏ်ပြုပါတယ်၊ နောက်ထပ် စတုတ္ထအဆင့် နတ်ဓားကိုသွန်းလုပ်နိုင်သည့်အတွက်" လဲ့မုန့်ရှားရဲ့ အံ့အားသင့်မှာ့နှင့် နှိုင်းယှဉ် လျှင် လီရှင်းယွဲ့က ပိုတည်ငြိမ်လေသည်။သူမ အဖေ၏ကျွမ်းကျင်မှု့ကို သိထားသောကြောင့်ပင်။
"ဒါက ယီယီရှာတွေ့ခဲ့တဲ့ ကမ္ဘာပြင်ပသံမဏိကြောင့်ပါ!"
ဒီလိုမှမဟုတ်ရင်နတ်ဓားအဆင့် ဓားတစ်လက်ကို သွန်းလုပ်ဖို့ ခက်ခဲလိမ့်မည်။ နတ်ဓားအဆင့်ဓားအတွက် ကုန်ကြမ်းတွေကလည်း ပိုရှာရခက်သည်။ လီဆူးဝမ်က သူ့လက်ထဲက ခေါင်းရမ်ပန်းထွင်းထုထား
သည့်သွေးနီရောင်ဓားကို ကြည့်ရင်း ရင်ထဲမှာကြောက်ရွံစိတ် အနည်းငယ်ခံစားလိုက်သည်။ဒီဓားအော်ရာက အရမ်းပြင်းထန်လေသည်။