မိုးကြိုးတံခါးကို သွားပြီးတရားမျှတမှု့ သွားတောင်းမယ်
Vol. 1 Ch. 9
"ဓားနာမည်ကို ဘယ်လိုပေးမလဲ ကျန့်ယီ"
"ဓားနာမည်လား... "မာရာဏ"လို့ခေါ်မယ် ဒီရတနာဓားနဲ့လည်း အရမ်းလိုက်ဖက်တယ်"
လီကျန့်ယီပေးသည့် ဓားနာမည်ကိုကြားတဲ့နောက် လီဆူးဝမ်က ဘာမှမပြောနိုင်တော့သည့်အထိဆွံ့အသွားသည်။လီကျန့်ယီကို ငယ်ငယ်ကတည်းက ပျိူးထောင်ခဲ့သဖြင့် ကျန့်ယီ၏ စရိုက်ကိုကောင်းကောင်းသိသည်။ဤကလေးသည် ဓားအပေါ်စွဲလမ်းစိတ်ကြီးမားတာကလွဲရင် အကျင့်စရိုက်ကောင်းသည့်ကလေးဖြစ်သည်။ဒါနဲ့ ဘာလို့များသူ့၏ ကိုယ်ပိုင်ဓားကို အနီရောင်ထွင်းထုစေပြီး၊ သေခြင်းတရားကိုရည်ညွှန်းသည့် "မာရာဏ"ဟု အမည်ပေးရသနည်း။
လီကျန့်ယီ၏ ကြင်နာတတ်သည့်စရိုက်နဲ့က ဘယ်လိုမှ မလိုက်ဖက်ပေ။ကျန့်ယီက သွေးဆာတဲ့လူမဟုတ်ဘူး၊ဒါဆို ဒီမာရာဏရဲ့ ရည်ရွယ်ချက်ကဘာလဲ။ဤအရာတွေအားလုံးက သူ့၏ရင်ကို ဗလောင်ဆူစေသည်။တပည့်ဖြစ်သူ၏ အတွေးကိုမေးချင် ပေမဲ့လည်း လူကျင့်ဝတ်ရှိသေးသည်ကိုတွေးမိကာ ရင်ထဲပြန် သိမ်းထားလိုက်ရသည်။
ဟန်ယီက ရှေ့တိုးလာပြီ မာရာဏကိုထိကြည့်လိုက်ပြီး စိတ်ဝင်စားစွာမေးလိုက်သည်။"ယီယီ ၊ဒီဓားအရောင်က သွေးနဲ့တူတယ်၊ဘာလို့အဖိုးကို ဒီလောက်ကြောက်စရာကောင်းတဲ့ ဓားကို သွန်းလုပ်ခိုင်းတာလဲ"
"မာရာဏက ကြောက်စရာကောင်းတာလား ၊ဟန်ယီ မင်းမှားတဲ့ တကယ်ကြောက်စရာကောင်းတဲ့လူက မာရာဏကို ကိုင်ဆောင် တဲ့လူပဲ၊ဒါကြောင့် မာရာဏကို ကျွန်တော် ဓားအိမ်ထဲကနေ တော်ရုံတန်ရုံထုတ်မှာ မဟုတ်ဘူး" လီကျန့်ယီက ဟန်ယီ၏ မေးခွန်းကိုပြုံးရင်း ဖြေလိုက်သည်
"ဟုတ်လား ...ဒါဆို မာရာဏကို ဘယ်လိုအချိန်မှာ သုံးဖို့စီစဉ်ထားလဲ"ဟန်ယီက သိချင်စိတ်ပြင်းပြစွာ ထပ်မေးလေသည်။
"တစ်ယောက်ယောက်က. မင်းကို အနိုင်ကျင့်တဲ့အချိန်" ကျန့်ယီ ကတုံ့ဆိုင်းခြင်းမရှိပဲဖြေလိုက်သည်ကိုကြားသည်နောက် ဟန်ယီမှာအ တော်အံ့အားသင့်သွားရသည်။
"တစ်ယောက်ယောက်က ငါ့ကို အနိုင်ကျင့်တဲ့အချိန်လား၊ဒါဆို ဒီ မာရာဏဓားက လူကိုကာကွယ်ဖို့လား"ဟန်ယီက ကျန့်ယီ၏စိတ်ထဲတွင် သူမကိုကာကွယ်ပေးချင်သည့် အကြောင်းကြားရသည့်နှင့် သူမအနည်းငယ် ရှက်သွားရသည်။ဒါက သူမ အဖေနဲ့အဖိုးတွေအပြင် သူမကို ကာကွယ်ချင်သည့် ပထမဆုံးယောင်္ကျားလေး ဖြစ်သောကြောင့်ပင်။
"ဟုတ်တယ် မာရာဏဆိုတာက သေခြင်းတရားကိုရည်ညွှန်းပေမဲ့၊လူကို ကာကွယ်ဖို့သုံးရင်လည်း သူက ကာကွယ်ရေးဓားပဲဖြစ်မှာ"ကျန့်ယီက ဟန်ယီကို သူ့၏ဓားအကြောင်းကို ပြောပြလိုက်သည်။
"ပြောတာ ကောင်းတယ်၊ဆရာက မင်းကို မှန်မှန်ကန်ကန်သင်ကြားခဲ့တာပဲ"လီကျန့်ယီ၏ ရှင်းပြချက်ကိုကြားပြီးသည့်နောက်မှာတော့ သူ့၏ စိုးရိမ်စိတ်များကပျောက်ကွယ်သွားတော့သည်။သူ၏တပည့်က သွေးဆာတဲ့လူမဟုတ်ဘူးဆိုတာ သူအပြည့်အဝယုံကြည်သည်။
"ခဏအုန်း၊ ဆရာကမင်းအတွက် ကောင်းမွန်တဲ့ဓားအိမ် ရွေးပေးမယ်"စကားပြေ။ရင်း လီဆူးဝမ်က ဓားအိမ်သိုလှောင်ခန်းထဲသို့ဝင်သွားပြီး ဓားနှင့်လိုက်ဖက်အောင် အနီရောင်ဓားအိမ်တစ်ခုကိုရွေးချယ်လိုက်သည်။ထိုနောက်အဖြူရောင်အဝတ်စတစ်ခုဖြင့်ဓားအိမ်ကိုရစ်ပတ်ထားလိုက်သည်။ဒီလိုလုပ်ခြင်းက ဓား၏ အော်ရာကိုဖုံးလွှမ်း ပေးနိုင်သလို၊ မဖိတ်ခေါ်ပဲ ရောက်လာမည့် အန္တာရာယ်တွေ ကိုလည်းကြိုတင်တားဆီးစေနိုင်သည်။
"ရော့ ဖမ်းလိုက်"လီဆူးဝမ်က ဓားအိမ်ကို လီကျန်းယီဆီပစ်ပေးလိုက်သည်။လီကျန့်ယီလည်း လက်တစ်ဖက်ဖြင့် ဓားအိမ်ကိုဖမ်းယူလိုက်ပြီး
မာရာဏကို ဓားအိမ်ထဲသိမ်းဆည်းလိုက်သည်။
"ကိုယ်ပိုင်ဓားလည်းရပြီဆိုတော့၊ ငါတို့ ထျန်ချီမြို့ကိုသွားဖို့ အချိန်တန်ပြီ"လီကျန့်ယီဓားကို သိမ်းဆည်းပြီးသည့်နောက် လီရှင်းယွဲ့ကပြောလိုက်သည်။
"အင်း စတင်ထွက်ခွာရအောင်"လီဆူးဝမ်လည်း ခေါင်းညိတ်သဘောတူသည်။
ထိုနောက် သူတို့အားလုံး လှည်းပေါ်တက်လိုက်ကြသည်။လဲ့မုန့်ရှားက
လှည်းမောင်းနှင်ဖို့ တာဝန်ယူထားလေသည်။
"ယီယီ ထျန်ချီမြို့မှာ အရသာရှိတဲ့မုန့်တွေအများကြီးရှိတယ်၊ ပျော်စရာကောင်းတာတွေ အများကြီးပဲ သိလား"လီရှင်းယွဲကို မှီထိုင်နေရင်း ဟန်ယီက လီကျန်ယီကို ထျန်ချီမြို့အကြောင်းကိုလှမ်းပြောနေသည်။
"ဟုတ်လား"လီကျန်ယီက ကိုယ်တိုင်တောင်သတိမထားမိပဲ ပါးစပ်ကိုပြင်လိုက်မိသည်။ဒါဆို သူစားဖို့ မုန့်အများကြီးရှိမှာပဲ။ ထိုနောက် သူကြားဖူးခဲ့သည့် အရာတွေကို သေချာအောင်မေးဖို့ ဆုံးဖြတ်လေသည်။
"ငါ ကြားဖူတာက ထျန်ချီမြို့မှာ ရွှေတစ်ထောင်ခန်းမမှာရှိတယ်ဆို၊အဲ့ဒီခန်းမက စားဖိုမှူးတွေချက်တဲ့အစာအစားတွေက ထျန်ချီမြို့မှာ အကောင်းဆုံးဆို ဟုတ်လား"
"ဟန်ယီ ၊မင်း ရွှေတစ်ထောင်ခန်းမမှာ စားဖူးလား"
"ရွှေ....ရွှေတစ်ထောင်ခန်းမလား၊အဲ့တာက ထျန်ချီမြို့မှာရှိတဲ့လောင်းကစားဝိုင်းကြီး ၊အမေက အဲ့နေရာကို ကလေးတွေမသွားသင့်ဘူးလို့ပြောတယ်"ဟန်ယီက မျက်လုံးပြူးစွာဖြင့် ခေါင်းခါလိုက်သည်။လီကျန့်ယီက ဘာလို့လောင်ကစားဝိုင်းကိုသိနေရသနည်း။
"ဒါပေမဲ့ အမေက ကလေးကလောင်းကစားဝိုင်းကိုမသွားသင့်ဘူးလို့ပဲပြောတာ ၊အဲ့မှာ သွားမစားရဘူးလို့မပြောထားဘူး ဟီးဟီး"
လီရှင်းယွဲ့က ကလေးနှစ်ယောက်၏ စကားဝိုင်းကိုနားထောင်ပြီး သဘောကျစွာပြုံးလိုက်မိသည်။သူမ၏ သမီးကိုလည်း ငါမနိုင်ပါဘူးဟေး ဆိုသည့်မျက်လုံးဖြင့်ကြည့်လိုက်သည်။
"အမေ ၊သမီးတို့ကို ရွေတစ်ထောင်ခန်းမမှာ ညစာဝယ်ကျွေးမှာမလား"ဟန်ယီက သူမ၏ အမေကိုချစ်စဖွယ်မျက်နှာထားဖြင့်ချွဲနွဲ့စွာတောင်းဆိုလေသည်။သူမ၏ မျက်လုံးများကြယ်လေးလို့ လင်းလက်နေပြီး ထိုနေရာသို့ အမှန်တကယ်သွားချင်နေကြောင်းပြသနေသည်။
“ဟုတ်ပြီ ထျန်ချီမြို့ကိုရောက်ရင် သွားစားကြည့်ကြတာပေါ့"လီရှင်းယွဲ့က ပြုံးပြီးကတိပေးလိုက်သည်။
"အမေကို ကျေးဇူးတင်ပါတယ်"
"အစ်မကို ကျေးဇူးတင်ပါတယ်"ကလေးနှစ်ယောက်က မျက်လုံးတောက်ပစွာဖြင့် ပြိုင်တူပြောကြလေတော့သည်။ ထိုနေရာက အစားအသောက်ကို မြည်းစမ်းကြည့်ဖို့ မစောင့်နိုင်တော့သလိုပင်။
"စကားမစပ်၊ မင်းက ထျန်ချီမြို့ကိုတောင်မရောက်ဖူးသေး တာရွှေတစ်ထောင်ခန်းမ စားဖိုမှူးအကြောင်း ဘယ်လို သိ"လီရှင်းယွဲ့က သိချင်စိတ်ဖြင့် လီကျန့်ယီကိုမေးလိုက်သည်။
“ပိုင်ရှောင်တန်က သတင်းအချက်အလက်တွေ ရောင်းတယ်လေ၊ဒါ ကြောင့် ကျွန်တော်တစ်ခုခုသိချင်ရင် ဆရာကနေတစ်ဆင့် ပိုင်ရှောင်တန်ဆီ သတင်းမကြာခဏမေးလေ့ရှိတယ်"လီကျန့်ယီက ပြန်ဖြေလိုက်သည်။
"အော နားလည်ပြီ၊အစ်မက ပိုင်ရှောင်တန်ရဲ့ ပိုင်ရှင်ကိုငါသိတယ်"
လီရှင်းယွဲ့က ကျီရော့ဖန်ကို တွေးမိသွားသည်။သူသည် ထျန်ချီမြို့တွင်နာမည် ကျော်ကြားသောပြီး ထျန်ချီမြို့ကို စောင့်ကြပ်သည့်ကျားဖြူသံတမာန်ဖြစ်လေသည်။
"ဝိုး အစ်မက တကယ်အံဩစရာပဲ"လီကျန်ယီက လေးစားအားကျသည့်ပုံစံနှင့်ပြောလိုက်သည်။သူ့စိတ်ထဲတွင်တော့ လိမ်ညာလိုက်သည့်အတွက်စိတ်မကောင်းပေ။သို့ပေမဲ့ ထုတ်ဖော်ပြောဖို့လည်း မရသဖြင့်တိတ်တိတ်လေးနေဖို့သာ စိတ်ပိုင်းဖြတ်လေသည်။
သူသိထားသည့်အချက်အတွေက ရှောင်ပိုင်တန်က ရခဲ့သည်မဟုတ်ပဲ၊သူ ဝတ္ထုတစ်ပုဒ်ကနေဖတ်ခဲ့ပြီး၊ယခုချိန်တွင် သူလည်းလည်းထိုဝတ္တုထဲ ကူးပြောင်းခံနေရသည် ဟုသာပြောပြလိုက်ပါက သူ့ကိုအရူးလို့ခေါ်ကြမည်မှာ အသေအချာပင်။
"ယီယီ မင်းက အပြောကောင်းတဲ့ပါးစပ်ကိုပိုင်ဆိုင်ထားတာပဲ"လီရှင်းယွဲ့က လီကျန်ယီ၏ နှာခေါင်းလေးကိုညင်သာစွာညစ်ပြီး ပြောလိုက်သည်။
"ဟဲဟဲ၊ အစ်မက တကယ်အံဩစရာကောင်းတယ်" လီကျန့်ယီက နောက်တစ်ခါစိတ်ရင်းဖြင့် ချီးကျူးလေသည်။
ဘာလို့လဲဆိုတော့ လီရှင်းယွဲ့က တကယ်တော်သည့်လူတစ်ယောက်ဖြစ်သည်။အနာဂတ်တွင် သူမကထျန်ချီမြို့၏ စိမ်းပြာနဂါးသံတမာန်ဖြစ်လာမည့် လူတစ်ယောက်ဖြစ်သည်။
.........
တစ်ရက်ကြာပြီးနောက်။
ထျန်ချီမြို့ကိုရောက်ဖို့ နောက်ထပ်တစ်ရက်အချိန်ယူရအုန်းမည်။
ထိုအချိန်တွင် ဝမ်လီဆူးက လှည်းခန်းစီကိုလှန်လိုက်ပြီး လဲ့မုန့်ရှားကိုကြည့်ကာပြောလိုက်သည်။
"လဲ့အိမ်တော်ကိုအရင်သွား၊ပြီးမှ ထျန်ချီမြို့ကိုခရီးဆက်ကြတာပေါ့၊
"အဖေဘာလို့ လဲ့အိမ်တော်ကိုသွားမလဲ?" လှည်းမောင်းနေတဲသည့် လဲ့မုန့်ရှားက တုန်လှုပ်စွာမေးလိုက်သည်။
"'ဒါက ရှင်းနေတာပဲမဟုတ်လား၊ မင်းတို့ လဲ့အိမ်တော်က ငါ့သမီးနဲ့ ငါ့မြေးကို အနိုင်ကျင့်ရဲတယ်၊ဓားနှလုံးဂူဗိမာန်ရဲ့ အကြီးအကဲအနေနဲ့ ငါက တရားမျှတမှုရှာဖို့ မလိုအပ်ဘူးလား၊
မဟုတ်ရင် ဓားနှလုံးဂူဗိမာန်ဂိုဏ်းသားတွေဟာ အနိုင်ကျင့်ရလွယ်တယ်လို့ လူတိုင်းကထင်ကြလိမ့်မယ်"
လီဆူးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။မိုးကြိုးတံခါးက သူ့ကို ဘယ်လိုရှင်းပြမလဲဆိုတာ သူကြည့်ချင်သေးသည်။
သူ့ကို ကျေနပ်အောင်မလုပ်နိုင်ရင် စစ်ပွဲစတင်ကြတာပေါ့ ။ ငါ လီဆူးဝမ်က မင်းတို့ လဲ့မိသားစုနဲ့မိုးကြိုးတံခါးကို သူသေကိုယ်တိုက်ပွဲတိုက်မယ်လို့ ကျိန်ဆိုပါသည်။
"ဂလု"
လဲ့မုန့်ရှားက တံတွေးမျိုချလိုက်ပြီး အနည်းငယ်မျက်နှာနီရဲသွားကာ "အဖေ ...ဒါက မသင့်တော်ဘူးထင်တယ်၊ ကျွန်တော်တို့ လဲ့အိမ်တော်ကို မသွားတော့ဘူးဆိုရင်ရော ဘယ်လိုလဲ"
"လဲ့အိမ်တော်ကို မသွားတော့ဘူးဟုတ်လား၊ ဒါဆို လဲ့မိသားစုက က ငါ့သမီးကို အနိုင်ကျင့်ခဲ့တာကို ဘာမှမဖြစ်သလို ထားခိုင်းစေချင်နေတာလား"
"တစ်နေ့မှာတစ်ယောက်ယောက်က ဟန်ယီကို အနိုင်ကျင့်ရင်၊ သူ့အဖေအနေနဲ့မင်းက ဘာမှမဖြစ်ခဲ့သလိုပဲနေမလား?" လီဆူးဝမ်က ဒေါသထွက်စွာ ကြိမ်းမောင်းလိုက်သည်။
"မနေပါဘူး၊ဟန်ယီက ကျွန်တော်ရဲ့သမီး၊ကျွန်တော်သမကို အနိုင်ကျင့်ရဲတဲ့ဘယ်သူမဆို ကျွန်တော်တုံ့ဆိုင်းနေမှာမဟုတ်ဘူး ချက်ချင်းသတ်ပစ်မယ်" လဲ့မုန့်ရှားက တစ်ယောက်ယောက်ကသာ သူ၏ သမီးကိုအနိုင်ကျင့်သည်ဟုကြားသောအခါ သူ့၏မျက်လုံးများက သတ်ဖြတ်ချင် စိတ်တွေပြည့်နှက်သွားသည်။
ထိုစကားတွေကြားပြီးသည့်နောက်မှာတော့ လီဆူးဝမ်က ခနဲ့သည့်လေသံဖြင့် "မင်းရဲ့ သမီးကိုထိရင်တော့ မင်းကအဲ့လူကိုသွားသတ်မယ်ပေါ့၊ ဒါဆိုလည်း ရှင်းယွဲ့က ငါ့ရဲ့သမီးဆိုတာ သတိရအုန်း"
"ဘာမှထပ်မကြားချင်ဘူး ၊မိုးကြိုးတံခါးက လဲ့မိသားစုအိမ်တော်ကိုသွား!!!?လီဆူးဝမ်က တင်းမာစွာအမိန့်ပေးလိုက်သည်။