← Chapters

လဲ့မိသားစု တံခါးဝ

Vol. 1 Ch. 10

လဲ့မိသားစု တံခါးဝ

Vol. 1 Ch. 10

ဆောင်းရာသီ ဆီးနှင်းများအရည်ပျော်သွားပြီး နွေဦးရာသီကိုစတင်ဝင်ရောက်နေပြီဖြစ်သည်။

လှည်းသည် ရွှံ့နွံလမ်းပေါ် တဟုန်ထိုး ခုန်တက်နေစဉ်၊ လှည်းအတွင်းရှိ ဟန်ယီသည် လီရှင်းယွဲ့၏ ရင်ခွင်ထဲမှီလျက် တစ်ကိုယ်လုံးရမ်းခါနေသည်။လမ်းက အတော်ဆိုးသည့်အခြေနေဖြစ်မည်။

သူမ၏ ကြည်လင်သော မျက်လုံးများက လှည်ခေါင်းမိုး‌သို့ ဓားကျင့်ဖို့တက်သွားသည့် ကျန့်ယီစိုးရိမ်‌သောကြောင့် လှည်းခေါင်းမိုးကိုမကြာခဏ‌မော့ကြည့်သည်။

"မေမေ၊ လှည်းက အရမ်းခုန်နေတယ်၊ လှည်ခေါင်မိုးပေါ်မှာ ဓားရေးလေ့ကျင့်နေတဲ့ ယီယီက ပြုတ်ကျမယ်ထင်တယ်" ဟန်ယီက လီရှင်းယွဲ့ ရဲ့ အင်္ကျီလက်ကို ဆွဲလိမ်ရင်း ပြောလိုက်သည်။

သမီးဖြစ်သူ၏ စိုးရိမ်သည့်အသံကိုကြားတော့ အပြင်ဘက်က လှည်းမောင်းနေတဲ့ လဲ့မုန့်ရှားက လှည်းခေါင်မိုးပေါ်မှာ ဓားကိုင်လေ့ကျင့်နေသည့် လီကျန့်ယီကို လှမ်းကြည့်လိုက်သည်။လီကျန့်ယီက အခုထိ

ဖြောင့်တန်းစွာ ရပ်နေနိုင်ပြီး ကောင်းမွန်သည့် အနေအထားတွင်ရှိ‌နေသေးသည်။

ထို့အပြင်၊ သူသည် သဘာဝနှင့် တစ်သားတည်း ဖြစ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားပုံရသည်!!

လှည်းလှုပ်ရှားလာသည်နှင့်အမျှ၊ သူသည် လှုပ်ခတ်နေသော လှည်းနှင့် ဟန်ချက်ညီမှု့ကို ထိန်းသိမ်းရန် သူ၏ဓားကိုင် လှုပ်ရှားမှုများကို အလိုက်သင့်လိုက်ပြီးချိန်ညှိနေသည်။

"စိတ်မပူနဲ့ ဟန်ယီ၊ယီယီက ပြုတ်မကျနိုင်ဘူး"

"မောင်းနေတဲ့ အဖေထက်တောင် ပိုငြိမ်နေသေးတယ်" ဟုလဲ့မုန့်ရှားက စိတ်ထဲမှာ‌ပြောလိုက်သည်။

"ဓားနှလုံးဂူဗိမာန်က စစ်မှန်တဲ့ ဆက်ခံသူကိုရွေးချယ်ခဲ့တာပဲ'

ကိုးနှစ်လုံးလုံး ဓားရေးလေ့ကျင့်မှုကို ဇွဲရှိရှိ လုပ်ခဲ့တဲ့သူဟာ၊ နောင်တစ်ချိန်မှာ နတ်ဓားရှင် မဖြစ်နိုင်ဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူက နတ်ဓားရှင်ဖြစ်နိုင်တော့မလဲ။

ထို့အပြင်၊ လီကျန့်ယီ ၏ ကိုးနှစ်ကြာ ဓားရေးလေ့ကျင့်မှုသည် ဟန်ယီကဓားနှလုံးဂူဗိမာန်သို့ ပြန်လာသည့်အချိန်မှလွဲ၍ တစ်နေ့လုံး၊ တစ်ညလုံး ဓားရေးလေ့ကျင့်ခြင်းဖြစ်သည်။

လီကျန့်ယီ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ လဲ့မုန့်ရှားကမသိပေမဲ့၊လီကျန့်ယီ၏ ကျင့်ကြံခြင်းအနည်းဆုံးတော့ မြေကမ္ဘာလွှတ်မြောက်ခြင်း အဆင့်မှာရှိနေမည်ဟု ထင်နေသည်။

အသက် ၁၁ နှစ်၊ မြေကမ္ဘာလွှတ်မြောက်ခြင်းအဆင့် ၊အံ့သြဖွယ်ကောင်းလောက်အောင် ထူးချွန်တဲ့ ပါရမီပါပဲ!

လဲ့အိမ်‌တော်၏သမိုင်းတစ်လျှောက်မှာ အသက် ၁၁ နှစ်အရွယ်ဖြင့် မြေကမ္ဘာလွတ်‌မြောက်ခြင်းအဆင့် ပါရမီရှင်တစ်ယောက်မှ မပေါ်ထွန်းခဲ့ပေ။

ဒါကြောင့်...လဲ့မိသားစုနဲ့ ဒီပါရမီရှင်လူငယ်ကြာ ရန်ပွဲမရှိမှဖြစ်မယ်!!

လီကျန်ယီက သူ့၏ မာရာဏဓားဖြင့် လဲ့မျိူးနွယ်စုတစ်ခုလုံးကို သတ်ပစ်မှာကိုတကယ်ကြောက်နေသည်။

မာရာဏက ရိုးရိုးဓားမဟုတ်ပေ၊နတ်ဓားအဆင့် ဓားတစ်လက်ဖြစ်နေသည်။လီဆူးဝမ်သာ လီကျန့်ယီကို တိုက်လိုက်ခွင့်ပေးမည်ဆိုပါက သူ့၏ လဲ့မိသားစုက သွေးများဖုံးလွှမ်းသွားလိမ့်မည်။

ဒါတွေကို တွေးမိတော့ လဲ့မုန့်ရှားက လှည်းခေါင်မိုးပေါ်ဓားရေးကျင့်နေသော လီကျန့်ယီကို အနည်းငယ်တုန်ရီနေသည့်အသံဖြင့်

"ယီယီ၊ ဦးလေးပြောမယ် မင်းရဲ့မာရာဏကို လဲ့အိမ်တော်မှာ လုံးဝဆွဲထုတ်ခွင့်မပေးနိုင်ဘူး"

" ဦးလေးလဲ့၊ စိတ်မပူနဲ့၊ ကျွန်တော်တို့ လဲ့အိမ်တော်ကို ရောက်ရင် မာရာဏကို ဓားအိမ်ကနေမထုတ်ဘူး" ဓားကျင့်နေတဲ့ လီကျန့်ယီကက အလုပ်များနေတဲ့ကြား အချိန်ယူပြီး ပြန်ဖြေလိုက်သည်။

"အခုမှမဟုတ်ဘူး ၊ နောင်ဘယ်တောမှ လဲ့အိမ်‌တော်မှာ မာရာဏကိုမဆွဲထုတ်ဘူးလို့ ကတိပေး"လဲ့မုန့်ရှားက ဒီနေ့ဓားမဆွဲထုတ်ရင်‌တောင်၊ နောက်တစ်ပတ်ကြရင် မာရာဏကိုဆွဲထုတ်မှာကိုအလွန်စိုးရိမ်‌ သောကြောင့် ကတိတစ်ခုကိုတောင်းလိုက်သည်။

"ဟုတ်ပြီ၊ ဦးလေးလဲ့ ကျွန်တော်ကိုကြည့်နေတာရပ်ပြီး လှည်းကို‌သေချာမောင်းပါ၊မဟုတ်ရင် လှည်းကသစ်ပင်နဲ့ တိုက်မိလိမ့်မယ်။"

ဓားလေ့ကျင့်နေတဲ့ လီကျန့်ယီက လှည်းဟာ သစ်ပင်နဲ့ တိုက်တော့မယ်ဆိုတာ မြင်တော့ မျက်နှာအမူအရာ မပြောင်းဘဲ လဲ့မုန့်ရှားကို သတိပေးလိုက်သည်။

လဲ့မုန့်ရှားက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ လှည်းကိုသစ်ပင်နဲ့ မတိုက်မိအောင် ကြိုးကိုတင်းတင်းကိုင်ပြီး ရုတ်တရက် လှည့်လိုက် သောကြောင့် လှည်းကို သစ်ပင်နဲ့ မတိုက်မိအောင် ကာကွယ်နိုင်ခဲ့သည်။

လှည်း၏ ရုတ်တရက်ဦးတည်ရာ ပြောင်းလိုက်ရသောကြောင့်

လှည်းအတွင်းရှိ‌သော လူတွေက လှည်း‌နံရံနှင့်ပြင်းထန်‌စွာ

တိုက်မိကြ‌လေသည်။

"အမေ!!!"

"ဘုရားသခင်!!?"

"မင်းဘာလုပ်နေတာလဲ၊ငါတို့ကို သေမင်းတံခါးဝကို ပို့ချင်‌နေတာလား" လီရှင်းယွဲ့က တစ်ဖက်လက်နဲ့ လှည်းပြတင်းပေါက်ကို ဖွင့်ပြီး

နောက်လက်တစ်ဖက်က ဟန်ယီကိုဖက်ထားရင်း ဒေါသထွက်စွာ အော်ပြောလိုက်သည်။

"ရှင်း....ရှင်းယွဲ့ တောင်းပန်ပါတယ်၊ ငါ ယီယီနဲ့စကားပြောလို့ ငါ လမ်းကိုသတိမထားမိတာ၊ မင်းတို့ ဘယ်လို‌နေလဲ အဆင်ပြေရဲ့လား"

"လဲ့အိမ်တော်ကို ပြန်ရောက်ရင် မင်း ငါနဲ့တွေ့မယ် " လီရှင်းယွဲ့က လှည်းထဲမှာ သွားကြိတ်ပြီး ပြောလိုက်သည်။

"ရှင်း....ရှင်းယွဲ ၊ ဘယ်လဲ့အိမ်တော်ကို ဆိုလိုတာလဲ မေးလို့ရမလား။လဲ့မုန့်ရှားက လှည်းဘက်ကို ကြည့်ရင်း အားနည်းစွာ မေးလိုက်တယ်။

လီရှင်းယွဲ့က လဲ့မိသားစုရှေ့မှာ သူ့ကို သင်ခန်းစာပေးဖို့ စီစဉ်နေမှာကိုသူကြောက်နေသည်။ဒါက သူ့မိသားစုဝင်တွေရှေ့မှာ ဖြစ်နေတာ။ အကယ်၍ သူ့ အပြစ်ပေးခံရရင်၊ သူ့မျက်နှာက ပြစရာမရှိတော့ပေ။

"သေချာတာပေါ့၊ ထျန်ချီမြို့က က လဲ့အိမ်တော်" လီရှင်းယွဲ့ကလှည်းထဲကနေ စိတ်တိုပြီး ပြောလိုက်တယ်။

"ဒါကောင်းတယ်၊ ဒါကောင်းတယ်" လဲ့မုန်းရှားက က သက်ပြင်းချလိုက်တယ်။ပင်မ လဲ့အိမ်တော်မဟုတ်သရွေး သူအဆင်ပြေသည်။

ခဏအကြာတွင်,

လှည်းက လဲ့မိသားစု၊မိုးကြိုးတံခါးဝ ရှေ့မှာ ရပ်လိုက်သည်။

လဲ့မုန့်ရှား က အလျင်အမြန် လှည်းခန်းစီးကိုဖွင့်ပြီး အတွင်းထဲမှာထိုင်နေသည့် လီဆူးဝမ်ကို အသနာခံသောအပြုံးဖြင့်

"အဖေ၊ ကျွန်တော်တို့ ထျန်ချီမြို့ကို သွားကြရအောင်"

"ပါးစပ်ပိတ်ထား ၊မင်းကမင်းရဲ့ဇနီးအတွက် မင်းမရပ်တည်ပေးရဲ့ဘူးပြီးတော့ မင်းရဲ့သမီးအတွက်လည်း မင်းမရပ်တည်ဝံ့ဘူး၊ဒါဆို ငါရှေ့ကဖယ် ငါလုပ်လိုက်မယ်"

လီဆူးဝမ် ကလှည်းပေါ်ကနေ ဆင်းလိုက်သည်။

"ရှင်းယွဲ့ ...နှလုံးသားဓားကို ခဏငှား"လီရှင်းယွဲ့လည်း သူမ၏ ဓားကိုချက်ချင်းထုတ်ပေးလေသည်။

လီဆူးဝမ်က အတွင်းအားတွေကို နှလုံးသားဓားဆီ အဆက််မပြတ်ပို့လွှတ်လိုက်ပြီး၊မျက်စိတစ်မှိတ်အတွင်းမှာ ချွန်ထက်ပြီး ချိူး‌ဖောက်သည့်ဓားစွမ်းအားကပေါ်ထွက်လာသည်။

လီရှင်းယွဲ့က သူမ၏ အဖေကို မမှိန်မသုန်စိုက်ကြည့်နေသည်။သူမအဖေက အရင်ကလိုဖြစ်နေတုန်းပဲ။သူမကိုအမြဲတမ်း ကာကွယ်ပေးတတ်သည်။သူမ၏ အဖေသည် သား၊သမီးကို အလွန်ချစ်တတ်သည့်အဖေဖြစ်လေသည်။

"ဒီလောက်ထိ ပြင်းထန်တဲ့ ဓားစွမ်းအား!! ငါတို့မိုးကြိုးတံခါးက

ဘယ်လိုပုဂ္ဂိုလ်ကို ရန်သွားစမိတာလဲမသိဘူး" စိတ်ပူပန်မှုဖြင့် သတ်လတ်ပိုင်းလူရွယ်တစ်ယောက်က မိုးကြိုးတံခါးဝဆီ ဦးတည်လိုက်သည်။ထိုသတ်လတ်ပိုင်းလူရွယ်က လဲ့မိသားစု၏ဒုတိယအကြီးအကဲ လဲ့ကျင်းဖြစ်သည်။

သူက မူလက လေ့ကျင့်ရေးကွင်းမှာ လဲ့မိသားစုဝင်တပည့် တွေကို သင်ပြနေစဥ် အရမ်းပြင်းထန်လှသည့် ဓားစွမ်းအားကြောင့် လဲ့အိမ်တော်တံခါးဝကို ပထမဆုံး‌ရောက်လာလေသည်။

"ဒုတိယအကြီးအကဲ လဲ့ကျင်းမတွေ့ရတာကြာပြီနော်၊ မင်းရဲ့ လဲ့မိသားစု ပိုပြီးစွမ်းဆောင်နိုင်စွမ်းရှိလာပြီပဲ" ရောက်လာသည့်လူက ကမ္ဘာမြေလွှတ်မြောက်ခြင်းအဆင့်က ကျင့်ကြံသူဖြစ်ကြောင်းမြင်သည့်အခါ လီဆူးဝမ်၏ လက်ထဲကဓားစွမ်းအားကပိုပြီးရန်လိုလာသည်။

"လီဆူးဝမ် ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်က လဲ့မုန့်ရှားကို လဲ့မိသားစုကနေ နှင်ထုတ်ခံရခြင်းနဲ့ ပတ်သက်နေလား"

ဓားနှလုံးသာကို ကိုင်စွဲထားတဲ့ ဝမ်လီဆူးကို မြင်တဲ့အခါ လဲ့ကျင်းလည်း တုန်လှုပ်ပြီးကြောက်လန့်သွားသည်။ ဝမ်လီဆူးက ဓားနှလုံးကို လီရှင်းယွဲ့ဆီ လွှဲပြောင်းပြီး ကတည်းက၊ဓားနှလုံးသားကို ကိုင်စွဲပြီးလောကထဲမှာ မပေါ်လာတော့သည်မှာ နှစ်ပေါင်း ဘယ်လောက် တောင်ကြာပြီလဲ။

ထိုအရာကိုကြည့်ခြင်းအားဖြင့် လီဆူးဝမ်က ဒီတစ်ကြိမ် အတော်ဒေါသထွက် နေမှန်းသိသာလေသည်။

"မင်းတို့ လဲ့မိသားစုကနေကို ဘယ်သူကိုနှင်ထုတ်နှင်ထုတ် ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်းတို့ လဲ့မိသားစုက ငါ့သမီးကို အနိုင်ကျင့်တယ်၊ပြီးတော့ ငါ့မြေးမလေးကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့တယ်"

"လဲ့မိသားစုက ငါ့ကို ဘယ်လို‌ ဖြေရှင်းချက်ပေးမလဲ မသိဘူး"

လီဆူးဝမ်က ဓားနှလုံးသားကို ဆွဲကိုင်ရင်း မြဲမြံစွာရပ်နေသည်။သူလက်ထဲရှိ ဓားသည်လည်း စွမ်းအားများ တစ်စတစ်စတိုးလာနေသည်။ ဝမ်လီဆူး၏ တည်ရှိမှု့အမှန်တကယ် ချိန်း‌ခြောက်နိုင်‌ ပေသည်။လီဆူးဝမ်က ရိုးရိုးဓားသမားမဟုတ်‌ပေ ။

"ဝမ်လီဆူး မင်းမလွန်လာနဲ့၊ ငါ့က ကိုယ်ပိုင်တပည့်ကို ထုတ်ပယ်တာ မှားနေတာလား"လဲ့ကျင်းက လီဆူးဝမ်၏ အဖျက်စွမ်းအားကြီးလှသည် ဓားကိုတုန်လှုပ်သည့် အကြည့်ဖြင့်ကြည့်ကာ နည်းနည်းနောက်ဆုတ်လိုက်သည်။

ဒါက လုံးဝ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တစ်ခုပဲ!

"ငါတို့ မိုးကြိုးတံခါးက ကိုယ်ပိုင်တပည့်ထုတ်ပယ်တာက ဓားနှလုံးဂူဗိမာန်၏ဂိုဏ်း‌ခေါင်းဆောင်ကို‌တောင် စိတ်ဝင်စားမှု့‌ပေးနိုင်ခဲ့တာပဲ"

"စကားကိုကွေ့ဝှက်မပြောနဲ့တော့ မင်းတို့ကသာ ငါ့ကို ဖြေရှင်းချက်မပေးနိုင်ရင် မိုးကြိုးတံခါးကို ငါဖျက်ဆီးပစ်မယ်"လီဆူးဝမ်က ဓားနှလုံးသာကို လှုပ်ရှားလိုက်သည်နှင့် အေးစက်သောဓားစွမ်းအားက

ရုတ်တရက်ထွက်လာပြီး မိုးကြိုးတံခါး၏ ဂိတ်တံခါးကို အပိုင်းပိုင်းကွဲသွားစေသည်။

အပြင်ဘက်က ကျယ်လောင်လွန်းသောအသံကြောင့် ကွင်းပြင်တွင်ကိုယ်ခံပညာ လေ့ကျင့်နေကြသော မိုးကြိုးတံခါး ရဲ့ တပည့်တွေက အပြင်ကိုပြေးထွက်လ။ကြသည်။

ထိုအထဲတွင် အသက် ၁၄ နှစ် လဲ့ချန်းဟူ၊အသက် ၁၆နှစ် လဲ့ယွင်ဟဲ၊အသက်၁၈နှစ် လဲ့ဟုန်တို့ပါဝင်‌လေသည်။

"ဒုတိယအကြီးအကဲဘာဖြစ်သွားတာလဲ၊ ငါတို့ ရဲ့ မိုးကြိုးတံခါးဂိတ်ကဘာလို့ အပိုင်းပိုင်းကွဲထွက်သွားရတာလဲ?"

လဲ့မိသားစု၏ အတော်ဆုံးလဲ့မိသားစုတပည့်သုံးယောက်က မြေပြင်ပေါ်ပြန့်ကျဲ့နေသော သူတို့ဂိုဏ်း၏ ဆိုင်းဘုတ်ကိုကြည့်ရင်း လက်သီးကို ဆုပ်ထားကြတော့သည်။

သူတို့ တရားခံကိုရှာဖွေနေစဉ်မှာပဲ လဲ့မုန့်ရှားက ကို့ရိုးကားယားနိုင်သော မျက်နှာထားဖြင့် လက်တွေကိုရမ်းခါလိုက်ကာ

"မင်္ဂလာပါ၊ ရှောင်ဟဲ၊ရှောင်ဟုန်၊ရှောင်ဟူ အားလုံးက နားလည်မှု့လွဲတာပါ၊နားလည်းမှု့လွဲတာပါ အားလုံး လေ့ကျင့်ဖို့ပြန်သွားလို့ရပြီ"

လဲဟုန်"..."

လဲ့ချန်းဟူ "..."

လဲ့ယွင်ဟဲ"..."

ဒါက နားလည်မှုလွဲတာလား?

ငါတို့ဂိုဏ်းရဲ့ ဂိတ်တံခါးက လုံးဝအဖျက်ဆီးခံလိုက်ရတာလေ!!

လဲ့မုန့်ရှား၊မင်းက ဓားနှလုံးဂူဗိမာန်ကိုသွားပြီး လီဆူးဝမ်ကို

ငါတို့ လဲ့မိသားစုကိုဖျက်ဆီးဖို့ အကူအညီတောင်းခဲ့တာလား!!

"လဲ့မုန့်ရှား စီနီယာ၊နားလည်မှုလွဲတာက နားလည်မှုလွဲတာပဲ၊ ဒါပေမယ့် စီနီယာလီကို ဒုတိယအကြီးအကဲရဲ့လည်ပင်းမှာ ထောက်ထားတဲ့ ဓားနှလုံးသားကို ပြန်ရုတ်သိမ်းခိုင်းလို့ ရနိုင်မလား"

ဒုတိယအကြီးအကဲက အခုအချိန်မှာ လှုပ်ရှားဖို့ အရမ်းကြောက်နေပုံရတယ်လို့ ကျွန်တော်တို့ ခံစားရတယ်.!!!

လဲ့မုန့်ရှားက လဲ့မိသားစု သူရဲကောင်းသုံးဦးကို ကြိုဆိုနေချိန်မှာ၊ လီဆူးဝမ်လည်း လဲ့ကျင်းက ဖြေရှင်းချက်ပေးဖို့ မလိုလားတာကို မြင်တော့ ချက်ချင်းပင် သူ့၏နှလုံးသားဓားကို လဲ့ကျင်း ရဲ့ လည်ပင်းမှာ တင်ထားလိုက်သည်။

"အဖေ...အဖေ ငါတို့ ထိုင်ပြီး စကားပြောလို့ရမလား၊ စိတ်လိုက်မာန်ပါမလုပ်နဲ့ ငါတို့အုပ်စုနှစ်ခုကြား သဟဇာတဖြစ်မှုကို ပျက်စီးစေလိမ့်မယ်" လဲ့မုန့်းရှား က လျင်မြန်စွာ နားချလိုက်သည်။

ရလဒ်ကတော့

ဒုတိယအကြီးအကဲက မဲမှောင်နေသည့်မျက်နှာဖြင့် အော်လိုက်သည်။"ထွက်သွား ...ဒါတွေအားလုံးက မင်းအပြစ်ပဲ!"

လီဆူးဝမ်ကလည်း သူ့ကိုစက်ဆုပ်ရွံရှာတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး

"ဟုတ်တယ်...ထွက်သွား..မင်းအဖေကို လာနားချမနေနဲ့"

လဲ့မုန့်ရှား "....."

"ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် ထွက်သွားမယ်...ထွက်သွားမယ်..."လဲ့မုန့်ရှားက တိတ်တဆိတ် ဆုတ်ခွာလိုက်သည်။

လဲ့ကျင်းနှင့်လီဆူးဝမ််ကတော့ ဓားထောက်သည့် အနေအထားဖြင့်သာ ကျန်နေခဲ့တော့သည်။

တစ်ခြားရွေးချယ်စရာ မရှိတော့တဲ့အတွက်၊ လဲ့မုန့်ရှားက သူ့ဇနီးနဲ့ သမီးကို အကူအညီတောင်းဖို့ လှည့်လာသည်။

"ရှင်းယွဲ့၊ဟန်ယီ ကျေးဇူးပြုပြီး အဖေကိုရပ်ခိုင်းလိုက်ပါလား" လီရှင်းယွဲ့နှင့်ဟန်ယီက ဒုက္ခရောက်နေသော လဲ့မုန့်ရှားကိုကြည့်ပြီး ပြောလိုက်သည်။

"အ‌ဖေ လုပ်ချင်တာကို ကျွန်မလည်းမတားဆီးနိုင်ဘူး။ ဒါကြောင့်အဖေက လဲ့ကျင်းကို ‌‌ ‌ ဖြေရှင်းချက်တောင်း နေတာလေ၊ဒုတိယအကြီးအကဲသာ ဖြေရှင်းချက်ပေးလိုက်ရင် ပြီးနေပြီမဟုတ်ဘူးလား"

တကယ်တော့ ဒီလောက်ထိရုတ်ရုတ်သဲသဲဖြစ်နေတာကို တစ်ခြားသောအကြီးအကဲများသတိမထားမိတာမဖြစ်နိုင်ပေ။သူတို့က ထွက်လာဖို့ စိတ်ကူးမရှိတာလည်းဖြစ်နိုင်သည်။ဒုတိယ အကြီးအကဲက သူမရဲ့အဖေ၏ ဒေါသကိုဖြေဖျောက်ပေးဖို့ စေလွှတ်ခံနေရတာလည်းဖြစ်နိုင်သည်။

လဲ့မိသားစုရှိသည့်လူတိုင်းက သိကြသည်။ အဖေက ကျွန်မနဲ့ ဟန်ယီအတွက် လက်စားချေနေတယ်ဆိုတာ ထိုကြောင့် အဖေက၏စိတ်ထဲမှာ ဒေါသထွက်ပြေသည်နှင့် လဲ့မိသားစုက‌နေထွက်ခွာသွားမည်ဖြစ်သည်ကို သူတိုခန့်မှန်းနိုင်ကြလေသည်။လဲ့မုန့်ရှား၏ရဲ့ အလွန်စိုးရိမ်နေတဲ့ မျက်နှာကို မြင်တဲ့အခါ လီရှင်းယွဲ့က အေးဆေးတည်ငြိမ်စွာနဲ့ ခေါင်းခါလိုက်‌တော့သည်။

"ငါ..."

All Chapters