ဖုယောင်အဆင့်သို့တက်သွားခြင်း
Vol. 2 Ch. 11
"ဒိင်...ပိုင်ရှင်သည် ဓားချက်ပေါင်း သန်း ၁၅၀ ထိရောက်ရှိသွားသည့် အတွက် ၅နှစ်ကြိုးစားအားထုတ်မှု့"
"ဒိင်.....ပိုင်ရှင်၏စွမ်းအားသည် ဖုယောင်အဆင့် ၃၀%"
"ဓားနတ်ဘုရားစနစ်"၏ အသံသည် သူ၏ စိတ်ထဲတွင် မြည်လာသည်။ ဓားချက်ထုတ်နေသော လီကျန့်ယီ၏ခန္ဓာကိုယ်ကို
စွမ်းအင်းလှိုင်းက ဖုံးလွှမ်းသည်။ ချုပ်နှောင်မဲ့အဆင့်လောက်စွမ်းအားမပြင်းထန်သော်လည်း အနီးအနားရှိသောလူတွေ၏ အာရုံကိုတော့ ဆွဲဆောင်နိုင်လေသည်။အားလုံးက စွမ်းအင်လှိုင်း များဝန်းရံထားသော လူငယ်လေကို လှည့်ကြည့်ကြသည်။
ငယ်ရွယ်လွန်းနေသည့်အရွယ်ကြောင့် လဲ့မိသားစု ပါရမီသုံးယောက်က အံ့ဩပြီး လဲ့မု့န်းရှားကိုမေးလိုက်သည်။
"စီနီယာ မုန့်ရှား၊လှည်းပေါ်မှာ ဓားရေးကျင့်နေတဲ့လူက ဘယ်သူလဲ၊ဓားလေ့ကျင့်နေတဲ့ချိန်မှာ အဆင့်ချိူးဖြတ်သွားတာ ထင်တယ်!!"
ယခုချိန်တွင် ပါရမီရှင်ဟုအမည်တွင်ခဲ့သော ထိုလူငယ်သုံးဦးမှာ လီကျန့်ယီကို နတ်ဆိုးတစ်ကောင်လိုကြည့် နေကြတော့သည်။ဘယ်လိုပဲကြည့်ကြည့် ထိုလူငယ်ဆီက ထွက်ပေါ်နေသည့်စွမ်းအားက သူတို့သုံးယောက်ထက် အဆင့်မြင့်နေမှန်းသိသာလေသည်။
အချေအတင်ဖြစ်နေသော ဒုတိယအကြီးအကဲတို့ကိုလည်း ဂရုမစိုက်အားတော့ပဲ သိချင်စိတ်ပြင်းပြနေသောမျက်လုံးဖြင့် လဲ့မုန့်ရှားဆီကအဖြေကို စောင့်နေကြသည်။
"သူက ငါ့ အဖေရဲ့ လက်ရင်းတပည့်၊ဓားဂူဗိမာန်ရဲ့ အနာဂတ်ဆက်ခံသူပေါ့"လဲ့မုန့်ရှားလည်း လီကျန့်ယီကို အံ့အားသင့်စွာငေးကြည့်နေသည်။အစက သူခန့်မှန်းချက်အရ လီကျန့်ယီ၏ ကျင့်ကြွခြင်းအဆင့်သည်ကောင်းကင်ဖြတ်သန်းခြင်း အဆင့်ကိုရောက်ခါနီးဟုသာ ထင်ကြေးပေးခဲ့သည်။သို့ပေမဲ့ ကြည့်ရတာ ဓားရူးလေးက အဲ့အဆင့်ကိုကျော်ဖြတ်ခဲ့ပြီး ထင်သည်။
ယခုချိန်တွင် လဲ့မုန့်ရှား၏ကျင့်ကြံခြင်းအဆင့်သည် ကမ္ဘာမြေလွှတ်မြောက်ခြင်း၏အထွဋ်အထိပ်အဆင့်တွင်ရှိချိန်၊သူ၏ သက်တမ်းတစ်ဝက်တောင်မကျိူးသေးတဲ့ ဓားရူးလေးက သူထက်အဆင့်ကြီးတစ်ဆင့်ပိုမြင့်နေလေသည်။လဲ့မုန့်ရှားမှာ ဒီလိုနတ်ဆိုးလေးကို ကြုံနေရသည့်အတွက် သူအတော် ကံဆိုးနေသည်ဟုခံစားနေမိသည်။
အရင်က သူ့ကို လဲ့မိသားစု၏ပါရမီဆိုသည့်ဂုဏ်ပုဒ်၊ ပေလီသခင်ရှစ်ဦးက ကျော်မော့သခင်ဆိုသည့် ဂုဏ်ပုဒ်ကို သံသယတောင်ဝင်ချင်လာမိသည်။သူသာ ပါရမီရှင်ဆို ၊လီကျန့်ယီကို မည်သို့အမည်တပ်သင့်သနည်း။
"နေ့တိုင်း ဓားတစ်ကွက်ထဲ လေ့ကျင့်ခြင်းက အဆင့်မြင့်တင်ပေးနိုင်တာလား"လဲ့မုန့်ရှားသည် ထိုသိုတွေးမိသည်နှင့် အလွန်တုန်လှုပ်သွားသည်။ကျင့်စဉ်တောင်မှ အဆင့်မြင့်တဲ့ဟာမလိုဘူး၊အခြေခံဓားချက်နဲ့အဲ့လောက်မြင့်သည့် အဆင့်ရောက်ရှိခြင်း ဒါက မယုံနိုင်စရာကောင်းလှ၏။
"ဆရာလီ၊အဲ့တာက မင်းရဲ့ ဆက်ခံသူလား"လဲ့ကျင်းက သူ၏လည်ပင်းပေါ်က ထောက်ထားသည့်ဓားကို လျစ်လျူရှုပြီး လီဆူးဝမ်ကို အားကျစွာကြည့်ပြီးမေးလိုက်သည်။
"ဟုတ်တယ်!!"လီဆူးဝမ် ဂုဏ်ယူမှု့အပြည်ဖြင့် ဒုတိယအကြီးအကဲကိုပြန်ဖြေလေသည်။
"စွမ်းအင်လှိုင်းကိုကြည့်ရသလောက်တော့ သူက ဖုယောင်အဆင့်ကိုရောက်နေပြီ"လဲ့ကျင်းက ပင့်သက်ရှိုက်ပြီးပြောလိုက်သည်။
အသက် ၁၁နှစ်မှာ ဖုယောင်အဆင့်..
ဒါက ဓားဂူဗိမာန်၏ အနာဂတ်ကိုတောက်ပစေမဲ့ အချိန်ကို ခေါ်ဆောင်သွားမည့်သူဖြစ်နိုင်သည်။
"လောကရဲ့အကြီးမြတ်ဆုံးပုဂ္ဂိုလ်က ဝူဒန်ရော၊ချင်းရှန်တောင်ကုန်းကလည်းမဟုတ်ပဲ ဓားဂူဗိမာန်ကတပည့်ဖြစ်နေတာလား"လဲ့ကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ဤပါရမီနှင့်ဆိုလျှင် ထိုကလေးမှာ ကောင်းကင်၏အကြီးမြတ်ဆုံးလူဖြစ်လာနိုင်သော ပုဂ္ဂိုလ်ဖြစ်လေသည်။
"ဟေ့ ..ဒုတိယအကြီးအကဲ ၊အနာဂတ်ဆိုတာ ဘာဖြစ်လာမယ်မှန်းဘယ်သူမှမသိဘူး၊မင်းတို့ရဲ့အကြံကို ငါမသိဘူးလို့မထင်နဲ့ ဟမ်၊ဓားဂူဗိမာန်ကိုချီးကျူးပြီး သေတွင်းပို့ချင်နေတာလား"လီကျန့်ယီက ငယ်သေးသည်။တကယ်လို့သာ ဒုတိယအကြီးအကဲ၏ စကားကသာ အပြင်လောကတွင်သတင်းပြန့်သွားပါက လီကျန့်ယီအတွက်အန္တာရာယ်ဖြစ်စေနိုင်သည်။
"လာလာ ငါတို့ကိစ္စကိုပဲအရင်ရှင်းရအောင်၊ငါ လိုချင်တဲ့ဖြေရှင်း
ချက်လေး ဘယ်လိုဖြေရှင်းမလဲ"လီဆူးဝမ်က လဲ့ကျင်းကိုပြန်ကြည့်ပြီး မေးလိုက်သည်။
ဒုတိယအကြီးအကဲသည်လည်း သူ မလွှတ် မြှောက်နိုင် မှန်းသိတော့ မရုန်းတော့ပဲပြောလိုက်သည်။
"ဆရာလီ က မိုးကြိုးတံခါးဂိတ်ကိုလည်း ဖျက်ဆီးပြီးပြီ၊အခု တပည့်ကလည်း အဆင့်တက်သွားတယ်လေ ဒါက ဝမ်းသာစရာကိစ္စပဲမလား၊ကျွန်တော်တို့ လဲ့မိသားစုကို လွှတ်ပေးလို့မရဘူးလား"လဲ့ကျင်းသည်လည်း အရမ်းစိတ်ဓာတ်ကျနေသည်။လဲ့မုန့်ရှားက လဲ့မိသားစုက အတော်ဆုံးတပည့်ဖြစ်သည်။ဒါပေမဲ့ အခုချိန်မှာတော့ ထိုသို့သော တပည့်က ထုတ်ပယ်လိုက်ရသည်။
"ငါ့ရဲ့ တပည့်အဆင့်တက်သွားတဲ့ကိစ္စနဲ့ ငါ့ကိုဖြေရှင်းချက်ပေးရမဲ့
ကိစ္စက ဘာဆိုင်နေလို့လဲ'"လီဆူးဝမ်က ဒေါသမပြေသေးပေ ထိုကြောင့် ဒီလူတွေကိုဆက်ပြီးဖိအားပေးနေအုန်းမည်။
"လာလာ ...မြန်မြန်ဖြေရှင်းချက်ပေးတော့ ငါက ငါရဲ့ ချစ်လှစွာသော တပည့်ကို လောကကြီးကိုလေ့လာ ဖို့ခေါ်သွားရအုန်းမယ်"
"ဖြေရှင်းချက်"လဲ့ကျင်းသည် ဒီလူအိုကြီးက ဘာကိုလိုချင်မှန်းမသိပဲ ခေါင်းအတော်စားနေရသည်။ သူစရောက်လာစဉ်က လဲ့မုန့်ရှားကိုမိုးကြိုးတံခါးဂိတ်က ထုတ်ပယ်ခြင်းနှင့်မဆိုင်ဟုပြောသည်။ဒါဆို ဒီလူအိုကြီးက ဘာလိုချင်သနည်း။အို...ငါသိပြီ...အဲ့တာပဲဖြစ်ရမယ်
သူအတွေးပေါက်သွားသည်နှင့် တိတ်တဆိတ်ရပ်နေသော လီရှင်းယွဲ့နှင့် ဟန်ယီဆီ သွားလိုက်သည်။
"ရှင်းယွဲ့..၊ဟန်ယီ ဦးလေးတို့လည်း မသက်သာလို့လုပ်ခဲ့ရတာလည်းသမီးတို့သိနေခဲ့တာပဲမလား ဦးလေးကပဲ မိုးကြိုးတံခါးဂိတ်ကိုယ်စား သမီးတို့ကိုတောင်းပန်းပါတယ်"သူတို့က မိသားစုများဖြစ်ခဲ့ဖူးသူများဖြစ်ကြသည်။လီရှင်းယွဲ့နှင့် လဲ့မိသားစုကပြဿနာဖြစ်ခဲ့သည်မဟုတ်သောကြောင့် သူတို့ကြားကအမုန်းတရားလည်းမရှိကြပေ။
ဤအခြေအနေကို ရောက်စေတဲ့လူက လဲ့မုန့်ရှားဖြစ်သည်။
သူ့၏ အမှားကြောင့်သာ မဟုတ်ရင် ၊သူတို့၏ မိုးကြိုးတံခါးဂိတ်
ဆိုင်းဘုတ်က ဘယ်လိုလုပ် ဒီလို့အဖျက်ဆီးခံရမလဲ။
ထိုနောက် ဒုတိယအကြီးအကဲက ဒေါသထွက်နေသော မျက်နှာထားဖြင့် လဲ့မိသားစု၏ ပါရမီရှင် သုံးယောက်နားတွင်ရပ်နေသော လဲ့မုန့်ရှားကို ကြည့်လိုက်သည်။စိတ်ပျက်စရာကောင်းလိုက်တဲ့လူ။
"ဦးလေးပြောတာတွေက စိတ်ရင်းနဲ့ဆိုတော့ သမီးတို့လည်းကျေနပ်မယ်ထင်တယ်၊ဒါပေမဲ့ သမီးအိမ်ပြန်ရောက်ရင် အဲ့အပြစ်သားကို ကောင်းကောင်းဆုံးမပါ"
အပြစ်ရှိသူသည် လဲ့မုန့်ရှားဖြစ်သည်။လဲ့မိသားစုက မိုးကြိုးတံခါးမဟုတ်။
လီရှင်းယွဲ့"..."
"ဟုတ်ကဲ့၊ကျွန်မ တောင်းပန်မှု့ကို လက်ခံတယ်" လီရှင်ယွဲ့သည်
လည်း ခေါင်းညိတ်ပြီးပြေလည်ပေးလိုက်သည်။
"ဒါဆိုရင် မိုးကြိုးတံခါးနဲ့ ဓားဂူဗိမာန်ကြားက ပြဿနာကို ဖြေရှင်းသွားပြီမလား"လီဆူးဝမ်လည်း သူ့၏သမီး တောင်းပန်ခံလိုက်ရပြီဖြစ်သဖြင့် ဓားကိုသိမ်းဆည်းလိုက်သည်။
"အမှန်ပဲ"လီရှင်ယွဲ့ခေါင်းညိတ်ခဲ့သည်။ထိုနောက်ပြဿာလည်းရှင်းပြီးပြီဆိုတော့ ထွက်ခွာဖို့အချိန်တန်ပြီ။သူတို့အားလုံး ထွက်ခွာတော့မည့်အချိန်တွင် ဒုတိယအကြီးအကဲက အလောတကြီးအမှီလိုက်လာပြီးအလေးအနက်ဖြင့်ပြောလိုက် သည်။
"အိမ်ပြန်ရောက်ရင် အဲ့အပြစ်သားကို ဆုံးမဖို့ လုံးဝ၊လုံးဝ မမေ့နဲ့နော်"
ရှင်ယွဲ့ နှင် လူအားလုံး"......"
ဝမ်လီဆူး၏ အတွေး ဒုတိယအကြီးအကဲရဲ့ ဒေါသက
ငါ့ထက်မနည်းပါလား။
ရှင်းယွဲ့၏ အတွေး "ဂိုဏ်း၏အတော်ဆုံးတပည့်ကို ဒီလောက်ထိတောင်မကျေနပ်ကြတာလား"
လဲ့မုန့်ရှား"...."ဒါက လူကြီးတစ်ယောက်ပြောရမည့်စကားလား။လင်မယားကြား မဝင်ကောင်းဘူးဆိုတာ ဒုတိယအကြီးအကဲက
မသိတာလား ဒီလူကြီးက အခြေခံ လူကျင့်ဝတ်တောင်မသိတာပဲဟု
စိတ်ထဲဆဲဆိုနေတော့သည်။
"ဟုတ်ကဲ့ပါ ဒုတိယအကြီးအကဲ ရှင်းယွဲ့မှတ်ထားပါမယ်"လီရှင်းယွဲ့က နောက်တစ်ခါ ခေါင်းညိတ်ကတိပေးလိုက်သည်။ထိုနောက် အခုထိ
လဲမိသားစုပါရမီသုံးယောက်နား ကပ်နေသေးသည့် လဲ့မုန့်ရှားကို
အလွန်းစိတ်ပျက်စွာဖြင့်ကြည့်ပြီး လျစ်လျူရှာကာ ဘေးကက
တပည့်တွေကိုပြောလိုက်သည်။
"ရှောင်ဟုန်၊ ရှောင်ဟူ၊ ရှောင်ဟဲ၊ သွားပြီး ဓားနှလုံးဂူမိမာန်ရဲ့ ဆက်ခံသူနဲ့ကို ရင်းနှီးနိုင်အောင်လုပ်၊သူက မင်းတို့နဲ့သူငယ်ချင်းဖြစ်လာနိုင်တယ်"
"ဟုတ်ကဲ့ပါ ဒုတိယအကြီးအကဲ"
သူတို့သုံးယောက်လည်း ချက်ချင်းပင် ရောက်သည့်အချိန်မှစ၍
ယခုထိ ဘာမှဂရုမစိုက်ပဲ လှည်းခေါင်းမိုးတွင် ဓားကိုသာလေ့ကျင့်နေသည့် လီကျန့်ယီဆီသွားလိုက်ကြသည်။
လဲမုန့်ရှားကလည်း သူတို့တွေကိုမိတ်ဆက်ပေးဖို့ လိုက်သွားဖို့ပြင်လိုက်ပေမဲ့၊ ဒုတိယအကြီးအကဲက ရုတ်တရက်လှုပ်ရှားပြီး သူကို မိုးကြိုးတံခါးအတွင်း ဆွဲခေါ်သွားလေသည်။
သိပ်ပင်မကြာလိုက် ဆူပူကြိမ်းမောင်းငံနှင့်လဲ့မုန့်ရှား၏ နာနာကျင်ကျင်အော်သံကအတွင်းကနေ ပျံ့လွှင်လာသည်။
"မေမေ၊ဖေဖေက အရိုက်ခံနေရတယ်ထင်တယ်"ဟန်ယီက ခေါင်းပုပြီးပါးစပ်ကိုကာရင်းပြောလိုက်သည်။အသံနားကြားရသလောက် အတော်နာကျင်ပုံရ၏။
"မင်းအဖေက အရိုက်ခံဖို့ ထိုက်တန်ပါတယ်"
မိုးကြိုးတံခါးက သူ့ကိုမျှော်လင့်ချက်ကြီးကြီးထားပေမဲ့၊ သူက စစ်တပ်ထဲ ဝင်ချင်နေသည်။သူတို့ပျိူးထောင်ခဲ့သည့် အနာဂတ်ဆက်ခံသူက သူတို့ကို ထားခဲ့ဖို့စိတ်ကူးရှိနေသည်။ဒါက သူတို့ကိုအလွန်ဒေါ ကန်စေသည်။
လီရှင်ယွဲ့သည် ရှောင်ဟန်ယီကို လက်တွဲကာ လှည်းဆီအရင်သွားခဲ့သည်။
လဲ့မိသားစု ပါရမီရှင်သုံးဦးက လက်နှစ်ဘက်ရင်ဘက်မှာယှက်ပြီး မိမိကိုယ်ကို မိတ်ဆက်ကြသည်။
"ကျွန်တော်က မိုးကြိုးတံခါးက လဲ့ဟုန်ပါ။"
"ကျွန်တော်က မိုးကြိုးတံခါးက လဲ့ယွင်ဟဲပါ။"
"ကျွန်တော်က မိုးကြိုးတိုင်းတံခါးက လဲချန်ဟူပါ။"
ဓားကို အာရုံစိုက်ကျင့်နေသော လီကျန့်ယီ: "..."
ဓားကျင့်တာကိုရပ်ချင်ပေမဲ့လည်း။ အချိန်ရဲ့ တစ်စက္ကန့်တောင် အလဟဿမဖြုန်းချင်သောကြောင့် ဓားချက်ထုတ်ရင်း
သူတို့ကိုခဏလှည့်ကြည့်လိုက်သည်။
ဘာလို့လဲဆိုတော့ဓားဂူကနေ ထွက်ခွာသွားတာက အပြစ်ကြီးတစ်ခုဖြစ်ပြီး၊ ငါဓားလေ့ကျင့်တာ အရင်ကထက် များများပို လေ့ကျင့်သွားဖို့ သူစိတ်ပိုင်းဖြတ်ထားသည်။
"အင်... မင်းတို့ သုံးယောက်ကို မင်္ဂလာပါ။ ငါက ဓားနှလုံးဂူက
လီကျန့်ယီပါ။"
"ဓားလေ့ကျင့်နေတာမရပ်နိုင်လို့၊ စိတ်မကောင်းပါဘူး..."
"မရပ်...မရပ်နိုင်ဘူးလား?" ပါရမီရှင်သုံးဦး ကြောင်သွားသည်။
"ဓားလေ့ကျင့်တာကိုစွဲလမ်းပြီး မရပ်နိုင်တဲ့သူတွေ တကယ်ရှိတာလား။သူတို့တကယ်ပဲ ဒီနေ့သင်ခန်းစာယူစရာတစ်ခု ရလိုက်တယ်။အဲ့ ကြောင့် ဆရာလီကအသက်ငယ်ငယ်နဲ့ ဖုယောင်အဆင့်ကို ရောက်သွားတာကိုး မအံ့သြတော့ဘူး။ဆရာလီက မရပ်မနားလေ့ကျင့်ခဲ့တာကိုး"
"ငါတို့သုံးယောက်က တကယ်ပဲ လီသူရဲကောင်းလောက် မကြိုးစားခဲ့ဘူး" မိုးကြိုးတံခါပါရမီရှင်သုံးဦးသည် သူတို့၏ လေ့ကျင့်ခြင်းက သူရဲကောင်းလီကို မယှဉ်နိုင်မှန်းသိသွားသောအခါ နည်းနည်းရှက်သွားကြသည်။
"မင်းတို့ ချီးမွမ်းလွန်းတာပဲ၊မင်းတို့ သုံးယောက်လည်း နောင်ချိန်မှာ လူစွမ်းကောင်းတွေဖြစ်လာပြီး၊မိုးကြိုးတံခါးရဲ့ အနာဂတ်က သင်တို့ သုံးယောက်အပေါ် မူတည်မယ်လို့ ငါယုံကြည်တယ်" လီကျန်းယီက ဓားကျင့်ရင်း ပြုံးပြီး ပြန်ပြောသည်။
"တကယ်...တကယ်လား"လီကျန့်ယီ၏ ချီးမွမ်းမှု့ကို ကြားသောအခါ၊ သူရဲကောင်းသုံးဦးသည် လေးစားဟန်ဖြင့် လီကျန်းယီကို ကြည့်လိုက်ကြသည်။
မူလကတည်း သူတို့ရှေ့က လူငယ်လေးသည်သူတို့ထက် ငယ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် သာလွန်သောကြောင့် သူတို့စီနီယာလို့ သဘောထားကြသည်။
"တကယ်ပေါ့ ၊မင်းတို့ သုံးယောက်စလုံးကကြည့်လိုက်ရုံနဲ့
ထူးချွန်တဲ့လူပုံပေါက်တယ်"လီကျန့်ယီက အလေးအနက်ထားစွာ ပြန်ပြောပြီး၊ သူပြောခဲ့တာကလည်း အမှန်ပင်။သူက ဒီလူသုံးယောက်၏ အနာဂတ်ကိုသိနေတဲ့လူဖြစ်သောကြောင့်ပင်။
"ဒါဆိုရင်လီသူရဲကောင်းရဲ့ ကောင်းသောစကားကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျရင် ကျွန်တော်တို့ ဖုယောင်အဆင့်ရောက်ပြီးတာနဲ့ သင့်ဆီက လမ်းညွှန်မှု့ရချင်ပါတယ်"မိုးကြိုးတံခါးသူရဲကောင်းသုံးဦးက ရိုသေစွာ ဦးညွှတ်ကြသည်။
"ဆရာကြီး နောက်ကျရင် လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်"
လီကျန့်ယီက သစ်သားကို ရုတ်တရက်ချလိုက်ပြီး ၊ထို လူသုံးဦးဘက်ကိုလက်သီးဆုပ်ပြီးပြန်လည်ဦးညွှတ်လိုက်သည်။ဒါက လူကောင်းတစ်ယောက်ရှိသင့်တဲ့ကျင့်ဝတ်ပဲ။သူတို့က သူ့ကိုစိတ်ရင်းဖြင့် အရမ်းလေးစားသောလူဖြစ်သောကြောင့် သူလည်းယဉ်ကျေးရပါမည်။တစ်ဖက်ကကောင်းရင် ပြန်ကောင်းပေးရမည်။ဒါကဖြစ်သင့်သည့်အရာတစ်ခု။