ကျောင်းဝင်ခွင့် ပထမဆုံးစာမေးပွဲ
Vol. 2 Ch. 12
ထျန်ချီမြို့တော်။
လူအဝင်အထွက်များ၊ လှည်းတန်းများရှုပ်ရှပ်ခပ်စွာ မပြတ်သွားလာနေသည်။
လှည်းပေါ်မှာရပ်ပြီးဓားကျင့်နေသည့် လီကျန့်ယီဟာ စည်ကာာသည့်ထျန်ချီမြို့ကိုမြင်တော့ ဝမ်းသာသည့်စိတ်ပေါ်လာတော့သည်။လှည်းပေါ်ဓားလေ့ကျင့်ရတာက ဂူမှာနေပြိး ကျင့်တာထက် ပိုပင်ပန်းလေသည်။
ရွှေတစ်ထောင်ခန်းမမှာ စားကောင်းသည့်အစားအစာကို စားရမည့်အကြောင်း တွေးမိသည့်အခါ လီကျန်ယီ၏ စိတ်တွင်အရမ်းလှုပ်ရှားသွားသည်။စိတ်လှုပ်ရှားခြင်းကြောင့် သူ၏လက်များ အလွန်လျင်မြန်သောဓားချက်ကို ထုတ်လိုက်မိသည်။
လှည်းမောင်းနေသည့် လဲ့မုန့်ရှားက ထိုအချင်းအရာကို သတိထားမိသောကြောင် ချက်ချင်းပြောလိုက်သည်။
"ယီယီ သတိထား ဒါကမြောက်ပိုင်းလီဒေသရဲ့မြို့တော်ပဲ၊စောင့်ကြပ်သူတွေ မဆွဲဆောင်မိစေနဲ့"
"ဒါဆို ကျွန်တော်လှည်းထဲဝင်လိုက်မယ်"
လီကျန့်ယီက သစ်သားဓားကိုသိမ်းလိုက်ပြီး ကိုယ်ဖော့သုံးက လှည်းထဲပေါ့ပါးစွာ ခုန်ဝင်လိုက်သည်။
လဲ့မုန့်ရှားက လီကျန့်ယီသုံးသည့် ကိုယ်ဖော့သိုင်းကိုအနည်းငယ်အံ့ဩသွားသည်။ဒါက အဆင့်မြင့်ကျင့်စဉ်ပဲ။ဓားနှလုံးဂူဗိမာန် ထိုသို့သော
အဆင့်မြင့် ကိုယ်ဖော့ကျင့်စဉ်ရှိတာကို ၊ဘာလို့ ရှင်းယွဲ့သုံးတာကိုမမြင်ဖူးရသနည်း။
"အိမ်တော်ရောက်မှပဲ ရှင်းယွဲ့ကိုမေးကြည့်တော့မယ်"
ခရီးချောမွေ့ သောကြောင့် မကြာခင်မှာပဲ လှည်းဟာ လဲ့နေအိမ်အပြင်ဘက်မှာ ရပ်လိုက်သည်။
"အဖေ၊ ရှင်းယွဲ့၊ ဟန်ယီ၊ ယီယီ၊ ငါတို့အိမ်ရောက်ပြီ"
လဲမုန့်ရှားက လှည်းရပ်ပြီး ခန်းစီးကိုမ,ပြီးပြောလိုက်သည်။
"အိုး၊ နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ!"
ဟန်ယီက ဝမ်းသာစွာ လှည်းပေါ်ကနေ ခုန်ဆင်းလာသည်။
ပြီးတော့ လှည်းထဲက လီကျန့်ယီကို ကြည့်ပြီးခေါ်လိုက်သည်။
"ယီယီ၊ မြန်မြန်ဆင်းလာ ငါက မင်းကို လဲ့အိမ်လိုက်ပြမယ်!!" လို့ပြောဝမ်းသာစွာပြောသည်။
"ဟုတ်ပြီ"လီကျန့်ယီလည်း လှည်းပေါ်ကနေခုန်းဆင်းလိုက်သည်။ထိုနောက် ဟန်ယီ၏ ဦးဆောင်နောက်လိုက်ပြီး ၊ ဟန်ယီက လဲ့အိမ်တော်၏ နေရာတိုင်းကိုခေါ်ပြလေသည်။
လဲ့အိမ်တော်က အတော်ကြီးပြီး၊ အခန်းအများအပြားလည်းရှိသည်။လဲ့နေအိမ်၏ တည်နေရာသည် အလွန်ဆိတ်ငြိမ်ပြီးအေးချမ်းသည့် နေရာတွင် ဆောက်ထားသောကြောင့် စိတ်ရှုပ်စရာတွေကို ဖယ်ရှားပေးနိုင်သည်။
ဒီပတ်ဝန်းကျင်က သူ့လေ့ကျင့်သည့် "အထွတ်အမြတ် စင်ကြယ်သောနှလုံးကျမ်း"နှင့်အလွန် ကိုက်ညီလေသည်။ထိုနောက် သူသဘောကျသည့်နေရာတစ်ခုကို ရွေးပြီး ဓားထုတ်က ထပ်လေ့ကျင့်ပြန်သည်။
လဲ့အိမ်တော်ကို မိတ်ဆက်ပြီးခါစပဲရှိတုန်း ကျန့်ယီ၏ လုပ်နေပုံကိုမြင်တော့ ၊ဟန်ယီက သူမ၏ မျက်နှာကို လက်နဲ့အုပ်ရင်း
"ယီယီ ထျန်ချီမြို့ကိုလာပြီး ကစားမယ်၊ အရသာရှိတာတွေ စားမယ်လို့ သဘောတူခဲ့တာမဟုတ်ဘားလား" လို့မေးလိုက်သည်။
နေရာပြောင်းပြီး ဓားကျင့်တာလို့တော့ မဖြေလောက်ဘူးမလား!!
"ကစားတာတွေ၊စားတာတွေက မလုပ်လည်းရတယ်၊ဒါပေမဲ့ ဓားရေးမကျင့်တာကတော့ မလုပ်လို့မရဘူး"လီကျန့်ယီက သဘာဝဆန်စွာပြောလိုက်သည်။
"ယီယီရဲ့ပါးစပ်က အလိမ်ညာတွေပဲထွက်တဲ့ပါးစပ်ပဲ၊ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှု့ကတော့ ရိုးသားတယ်"ဟန်ယီက ကျန့်ယီကို အကြောင်းကိုသိသည်။သူ့ရဲ့ ပါးစပ်ပေါက်က အမြဲစည်းထားပြီး
သံမဏိလို့စကားပြောတတ်သည်။
မစားပဲနေနိုင်တယ်ဟုတ်လား!!!မုန့်ကောင်းတွေ့ရင် ဓားကိုပစ်ချတဲ့လူကများ!
အရသာရှိတဲ့ သရေစာတွေ သူ့ရှေ့ရောက်လာရင်၊လီကျန့်ယီရဲ့ ခန္ဓာကိုယ်ဟာ သူ့အလိုလို လှုပ်ရှားလာပြီး သရေယိုနေတတ်သည်။
ဤမျှ ပြင်းပြင်ထန်ထန်ပြောနေတဲ့ပါးစပ်ကို ငါ ပိတ်ပြမယ်ဟု ဆုံးဖြတ်ချက်ချပြီး ဟန်ယီက သူ့မ၏ဝတ်ရုံထဲနောက်ဆုံးကျန်သည့် လတ်ဆတ်သည့်အသီးတစ်လုံးကိုထုတ်ယူလိုက်သည်။
"ယီယီ ၊ဒီမှာ အသီးတစ်လုံးရှိတယ်၊ယီယီသာ ဟန်ယီနဲ့ ပုန်းတမ်းတူတူကစားပေးရင်၊ ဒီအသီးက ယီယီအတွက်ပဲ"
"မဆော့ဘူး..လတ်ဆတ်သစ်သီးတစ်လုံးနဲ့ အနာဂတ်ဓားပညာရှင်တစ်ယောက်ကို ဖြားယောင်းလို့ရမယ်ထင်နေတာလား"
သူစိတ်ထဲတွင်တော့...ဟန်ယီ၊ ဒါကတော့ ငါ့ရဲ့ အားနည်းချက်ကိုလာတိုက်ခိုက်နေတာပဲ!
လီကျန့်ယီ ခေါင်းမာသည့်စကားများ မပြီးသေးသည့်အချိန်မှာပင် ၊
ဟန်ယီက လတ်ဆတ်အသီးကို သူမ၏ ပါးစပ်ဖြင့်ကိုက်ဖို့ပြင်လိုက်သည်။
"မဟုတ်ဘူး၊ရပ်လိုက် .. ဟန်ယီ၊ မင်း ငါ့ကိုကိုက်လို့ရတယ်၊ ဒါပေမယ့် ငါ့ရဲ့အသီးကိုတော့ လုံးဝမကိုက်စားနဲ့၊ တူတူပုန်းတမ်းလာ ကစားမယ်လေ၊ ဒါပေမဲ့ တစ်ပွဲပဲနော်"
ခေါင်းမာသည့် လီကျန့်ယီက သူ့သစ်သားဓားကို ချလိုက်ပြီး
ဟန်ယီ၏ ရှေ့သို့ရောက်လာသည်။ဒါက ခန္ဓာကိုယ်အလိုလိုတုန့်ပြန်ခြင်းပဲ။တစ်ဆက်ထဲမှာပဲ ကိုယ့်ဖော့စနစ်ကို အလိုလိုသုံးလိုက်မိသဖြင့် လျပ်တပြက်အတွင်းမှာ ရောက်သွားလေသည်။
ဟန်ယီက က ရုတ်တရက်ဆန်လှသောကြောင့် အံ့အားသင့်စွာ
"ယီယီ၊ရုတ်တရက်ကြီး ဒီကိုဘယ်လိုရောက်လာတာလဲ" လို့မေးလိုက်သည်။သူမ၏ မျက်လုံးများက ယခုထိပြူးကျယ်နေတုန်းရှိသေးသည်။
မြန်တယ်....အရမ်းမြန်လွန်းတယ်!
"ဒါက ငါ ဓားနှလုံးဂူဗိမာန်မှာ ဓားရေးကျင့်ရင်း တိမ်ရွေ့လျားနေတာတွေ၊သစ်ပင်၊မြက်ပင်တွေ ဘယ်ညာယိမ်းပြီးကခုန်နေတာကို ကြည့်ပြီ၊မတော်တဆ ဉာဏ်အလင်းရသွားတဲ့ကိုယ်ဖော့ကျင့်စဉ်တစ်ခုပဲ"ကောင်းကင်သို့ပျံသန်းခြင်း"လို့ခေါ်တယ်"လီကျန့်ယီက စိတ်ရှည်စွာရှင်းပြလေသည်။မရှည်လည်းရတာမှမဟုတ်၊သူမ၏လက်ထဲက သူ့အသီးရှိနေသေးသည် မဟုတ်လား။
"ဝိုး...ဒါဆို ဓားလေ့ကျင့်ရင်းနဲ့တောင် ဒီလိုအံဩစရာကောင်းတဲ့
ကိုယ်ဖော့ကျင့်စဉ်ကို နားလည်စေနိုင်တာလား၊မင်းက တကယ်အံ့ဩစရာကောင်းလိုက်တာ"ဟန်ယီက ခေါင်းတညိတ်ညိတ်နှင့်ချီးကျူးလေသည်။ဒါက မယုံနိုင်စရာပဲ၊ကျန့်ယီက အံ့သြဖွယ်ကောင်းလိုက်တာ။
ဒါပေမဲ့ အခုချိန်တွင် သူမအတွက်အရေးကြီးသည်က ထိုအရာတွေမဟုတ် တူတူပုန်းတမ်းကစားဖို့ဖြစ်သဖြင့် ထိုအရာတွေကိုမေ့ထားလိုက်သည်။သူမ လက်ထဲရှိသည့်အသီးကို ကျန့်ယီထံလွှဲပြောင်းလိုက်ပြီး၊ပုန်းဖို့ ပြေးထွက်သွားလေသည်။
လီကျန့်ယီကမလောပေ။သူလက်ထဲရောက်နေပြီဖြစ်သောအသီးကိုတောက်ပသောမျက်လုံးများဖြင့် အရည်ရွမ်းပုံပေါက်သည့်အသီးကို
ပါးစပ်ဖြင့် ကြီးကြီးလေးကိုက်ချလိုက်သည်။
"ကောင်းလိုက်တာ...."အသီးကိုကိုက်စားလိုက်သည်နှင့် သူ့၏
စိတ်များကြည်လင်သွားလေသည်။ဒါက ပျော်ရွှင်မှု့ပဲ။
"ငါက စားရရင်ပျော်တယ်"ဟု ပြုံးရင်းရေရွတ်ပြီး အသီးကုန်အောင်စားပြီးမှ ဟန်ယီကို စတင်ရှာဖွေလေသည် ။
ဟန်ယီကို လဲ့အိမ်တော်မှာပတ်ပြီးရှာနေစဉ် ခမောက်ဆောင်းပြီး လဲ့အိမ်ဝင်းထဲကို ဝင်လာသည့်လူတစ်ယောက်ဝင်လာသည်။ ထိုလူ၏ မျက်နှာများပုဝါပါးများဖြင့်ကာထားသောကြောင့် မျက်နှာကိုမမြင်နိုင် ပေမဲ့ ထိုလူ၏ လက်အသားအရေများကအလွန်ချော့မွေ့ကာ တစ်ချိူ့မိန်းကလေးတွေထက်တောင် အသားအရေကောင်းနေသေးသည်။
"ကောင်လေး၊ မင်းကဘယ်သူလဲ"
လဲ့နေအိမ်ထဲဝင်ပြီး လျူယဲ့က လုံးဝမရင်းနှီးတဲ့ ကလေးတစ်ယောက်ကိုတွေ့လိုက်သောကြောင့် မေးလိုက်သည်။
"ဓားနှလုံးဂူဗိမာန်- လီကျန့်ယီ"
လီကျန့်ယီက ဟန်ယီကိုရှာဖို့ သွားတော့မယ့်အချိန်
ဝင်လာတဲ့သူကို မြင်တော့ ယဉ်ကျေးစွာ မိတ်ဆက်လိုက်သည်။
"အို...မင်းက ဓားရူးလေးဖြစ်လိမ့်မယ်၊ဟန်ယီက မင်းအကြောင်းကိုခနခနပြောတယ်၊ဒါနဲ့ ဟန်ယီကရော"လျူယဲ့က ပတ်ပတ်လည်ကြည့်လိုက်ပေမဲ့ ချစ်စရာကလေးမကိုမတွေ့ရပေ။
"ဟန်ယီ ပုန်းနေတယ်" လီကျန်ယီကပြန်ဖြေလိုက်သည်
"ပုန်းတမ်းကစားနေကြတာလား" လျူယဲ့က ပြုံးပြီး မေးသည်။
"ဟုတ်"
"ကောင်းပြီ ဓားရူးလေး၊မင်း ဟန်ယီနဲ့ ဆက်ကစားနိုင်တယ်၊
ငါ လဲ့အာနဲ့ ဆွေးနွေးစရာရှိလို့သွားလိုက်အုန်းမယ်"လျူယဲ့က
လီကျန့်ယီ၏ ခေါင်းကိုညင်သာစွာပုတ်ပြီး လဲအိမ်တော်၏ ပြင်မခန်းသို့ဝင်သွားလေသည်။
လီကျန့်ယီလည်း လူကြီးကိစ္စတွေ စိတ်မဝင်စားသဖြင့် ဟန်ယီကိုသာ
ဆက်လက်ရှာဖွေနေ၏။သိပ်ပင်မကြာလိုက်ပဲ လီကျန့်ယီက ဧည့်ခန်းထဲက အဝတ်ဗီရိုထဲမှာ ဟန်ယီကို ရှာတွေ့သွားသည်။
"ယီယီက ငါ့ကို ဒီလောက်ထိမြန်မြန်တွေ့သွားတာကို၊ငါ ကစားလို့မဝသေးဘူး"သူမပုန်းသည့်နေရာကို ကျန့်ယီ ရှာတွေ့သည်ကိုမြင်သည့်နောက်မှာ ဟန်ယီက မျက်နှာစူပုပ်စွာ စောဒကတက်လေသည်။
ဒါပေမဲ့ လီကျန့်ယီကတော့ အရင်လီကျန့်ယီအတိုင်းပဲ မျက်နှာတည်ဖြင့်ပြောလိုက်သည်။
"ဒုတိယအကြိမ်ထပ်ကစားချင်နေတာလား..အိမ်မက်မက်နေလိုက်ပါ၊သဘောတူထားသည့်အတိုင်း ဆော့ပြီးပြီမလို့ ၊ငါ ဓားရေးသွားကျင့်တော့မယ်"
လီကျန့်ယီက ဟန်ယီကိုဂရုမစိုက်တော့ပဲ ဧည့်ခန်းကထွက်ပြီး သစ်သားဓားကိုပြန်ကောက်ကာ နောက်တစ်ကြိမ် ဓားကိုကျင့်ပြန်သည်။
တစ်ချိန်ထဲမှာပဲ ဧည့်ခန်းကနေ လျူယဲ့နှင့်အတူ လီဆူးဝမ်တို့ကထွက်လာချိန်နှင့်တိုးလေသည်။
"ယီယီ ၊ဟန်ယီရော ဘယ်မှာလဲ၊ငါတို့ ရွှေတစ်ထောင်ခန်းမမှာ အရသာရှိတာသွားစားမလို့ သူ့ကိုခေါ်ခဲ့"လဲ့မုန့်ရှားက လျူယဲ့၏ ပုခုံးတစ်ဖက်ပေါ် ဖက်ထားရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်ချက်ချင်း သွားခေါ်လိုက်မယ်"
ရွှေတစ်ထောင်ခန်းမ...အရသာရှိသည့်အစားအစာ...သွားစားမယ်!!!လီကျန့်ယီက သူကြားချင်သည့်စကားလုံးတွေကိုပဲ ရွေးကြားလိုက်ကာ၊လေအလျင်နှုန်းဖြင့် သူချန်ထားခဲ့သော ဟန်ယီကို အလျင်အမြန်ဆွဲခေါ်လာသည်။ဟန်ယီမှာ ဘာမှတောင်မသိပဲ ကြောင်တောင်တောင်ဖြင့် ပြင်မခန်းကိုရောက်လာသည်။
ချစ်စရာကောင်းသည့် ဟန်ယီရောက်လာသည်ကိုမြင်တော့ လျူယဲ့ကသူကိုယ်သူ လက်ညှိုးဖြင့်ထိုးရင်း"ဟန်ယီ၊ငါ ဘယ်သူလဲဆိုတာမှတ်မိလား"ဟု မေးလိုက်၏။
“ဦးလျူယဲ့ပဲ သမီးမှတ်မိတယ်"ဟန်ယီက မှတ်မိကြောင်းသက်သေပြသည့်အနေနဲ့ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။
" ဟန်ယီက ဉာဏ်ကောင်းတဲ့ကလေးပဲ၊ဦးလေးက ဟန်ယီကို ရွှေတစ်ထောင်ခန်းမမှာစားကောင်းတာတွေဝယ်ကျွေးမယ်"ဟုဆိုကာ ဟန်ယီကို ကောက်ချီလိုက်ပြီး ရွေတစ်ထောင်ခန်းမသို့ထွက်သွားကြလေသည်။
...
ရွှေတစ်ထောင် လောင်းကစားခန်းမ။
ထျန်ချီမြို့၏ အကြီးဆုံးလောင်းကစားခန်းမ။
အစက ဤလောင်းကစားရုံသည် လောင်းကစားသမားများသာ လာသောနေရာတစ်ခုဖြစ်ခဲ့သည်။သို့ပေမဲ့ ယနေ့အခါတွင် လောင်းကစားရုံ၏ တိုးတက်လာသောအရှိန်တွေကြောင့် အင်းအားစုတွေကိုလည်း ဆွဲဆောင်နိုင်လာသည်။
ဒါပေမဲ့ ဒီနေ့မှာတော့ ဒီရွှေတစ်ထောင်ခန်းမတွင် လူအများအပြာရောက်လာသည်။အကြောင်းမှာ ကျောင်းအုပ်ကြီး လီချန်းရှန်ကနောက်ထပ်တပည့် လက်ခံမည်ဖြစ်ပြီး စာမေးပွဲကျင်းပရာနေရာက ရွှေတစ်ထောင်ခန်းမမှာ ဖြစ်သောကြောင့်ပင်။
ထိုထဲတွင် ချင်းချန်တောင်ကုန်း၊ လုဆုကျန့်၏ နောက်ဆုံးတပည့်
ဝမ်ရိရှင်း။
ချန်တုန်မြို့က သခင်လေး ပိုင်လီတုန်းကျွင်း။
တီယန်ဝူတွမ်ကလာသည့် ရဲဒင်းကျီ။သူတို့အားလုံးက အဝေးကနေလာပြီး ကျောင်းဝင်ခွင် စာမေးပွဲကို လာဖြေကြသူများဖြစ်သည်။တစ်ခြားလူငယ် အများအပြားလည်းလာရောက်ကြသည့် အထဲတွင် ထိုသုံးယောက်က အလွန်ကျော်ကြားသောလူများဖြစ်ကြသည်။
ရွှေတစ်ထောင်ခန်းထဲရောက်သည်နှင့် လျူယဲ့က လဲ့မုန့်ရှားကို ကြည့်ပြီး "ခယ်မလေးကပဲ ဓားရူးလေး၊ ဟန်ယီနဲ့ စီနီယာလီတို့ကို ဒုတိယထပ်က သီးသန့်ခန်းဆီခေါ်သွားပါစေ၊လဲ့အာနဲ့ကျွန်တော်က ဆရာ့ရဲ့ စာမေးပွဲအတွက် စောင့်ကြပ်ကူရအုန်းမယ်"