အသက်ကငယ်ပေမဲ့ အစ်မကြီးဖြစ်ချင်တဲ့ ကလေးမ
Vol. 2 Ch. 13
ရွှေတစ်ထောင်ခန်းမရဲ့ ဒုတိယထပ်က သီးသန့်ခန်းတွင် သူတို့အားလုံးထိုင်နေကြသည်။
ဝဝဖိုင့်ဖိုင့် ဦးလေးတု ကျောင်းတော်၏ ထင်ရှားကျော်ကြားသော
လဲ့မုန့်ရှားသခင်က မိသားစုလိုက် သူ့၏ဆိုင်ကိုရောက်လာသည်ကို မြင်လိုက်သောကြောင့် သူ၏မျက်နှာတွင်အပြုံးများက ပိုလို့တောင်ပီပြင်လာသည်။
"လဲ့အာ ၊အဲ့ဒါမင်းရဲ့ သမီးလား"
"ပြီးတော့ ဓားနှလုံးဂူဗိမာန် ခေါင်းဆောင်တောင် ၊ကျောင်းရဲ့ စာမေးပွဲကိုကြည့်ဖို့လာတာလား အဖိုးကြီး"
တုအဖိုးက လီဆူးဝမ်ကို မြင်သည့်နောက် အံ့အားသင့်ပြီး စနောက်လိုက်သည်။
"မဟုတ်ပါဘူး တုအဖိုးကြီးရာ၊ငါက မင်းရဲ့ဆိုင်ကို အားပေးဖို့လာတာစာမေးပွဲကတော့ တိုးသွားတယ်ဆိုတော့ လမ်းကြုံတဲ့သဘောပါပဲ"လီဆူးဝမ်က ပြုံးရင် ပြောလိုက်သည်။သူတပည့်နဲ့မြေးမလေးက ဒီဆိုင်က အစားအစာကိုစားချင်မှန်း သူမှတ်မိသည်။
"မင်း ငါ့ရဲ့ ရွှေတစ်ထောင်ခန်းမမှာ စားသောက်ဖို့လာတာလား၊
ဒါဆို မင်း မှန်ကန်တဲ့နေရာကို ရောက်လာတာပဲ"ဦးလေးတုက ရယ်မောရင်းဆက်ပြောလေသည်။
"ငါ ဒီနေ့ အတော်စိတ်လှုပ်ရှားနေတာ" ဟု ပြောပြီး ရွှေတစ်ထောင်ခန်းမကို စောင့်ကြပ်နေသည့် အဆင့်မြင်ကျင့်ကြံသူတွေကို ချောင်းကြည့်လိုက်သည်။ယနေ့က သူ့၏ ဆိုင်မှာ အဆင့်မြင့်ပုဂ္ဂိုလ်တွေ လာရောက်စုစည်းသည့် နေရာအဖြစ် အရွေးချယ်ခံထားရသည်။ဒါက အလွန်ဂုဏ်ယူစရာကောင်းသည့်ကိစ္စဖြစ်သည်။
ထိုနောက် စားပွဲထိုးဘက်ကို လှည့်ပြီး အမိန့်ပေးလိုက်သည်။
"သွားပြီး လဲ့သခင်နဲ့ အကြီးအကဲလီတို့ကို ဆိုင်ကအကောင်းဆုံးအစားအစာတွေ ချပေးလိုက်"
"ဟုတ်ကဲ့"စာပွဲထိုးတို့လည်း အမိန့်ရသည်နှင့် လျင်မြန်သွက်လျက်စွာအလုပ်စလေတော့သည်။သူတို့၏စိတ်ထဲတွင်လည်း အဆင့်မြင့်ကျင့်ကြံသူတွေ စိတ်ကွက်အောင်မလုပ်မိဖို့သတိထားနေကြသည်။
"ဦးလေး သမီးမုန့်သရေစာတွေ ရနိုင်မလား"ဟန်ယီက ထိုင်ခုံပေါ်ထိုင်နေရင်း ဦးလေးတုကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။ကျန့်ယီကြားဖူးသည့်အတိုင်း ဆိုရင် ဒီဆိုင်အစားအစာက ထျန်ချီမြို့မှာအကောင်းဆုံးတဲ့ ၊စားကြည့်ဖို့ မစောင့်နိုင်တော့ဘူး။
"သေချာတာပေါ့"အဖိုးကြီးတုက နွေးထွေးစွာ ပြုံးပြပြီး စောင့်ကြပ်သူတွေကို ညွှန်ကြားလိုက်သည်။
"မုန့်တွေကို အရင်ယူလာပါ၊ ကလေးနှစ်ယောက်ကို မစောင့်ခိုင်းစေနဲ့"
ထိုနောက် ဖြောင့်တန်းပြတ်သားသည့်မျက်ခုံးမွှေးနှင့် တောက်ပသောမျက်ဝန်းပိုင်ဆိုင်ထားလူငယ်ကိုစူးစမ်းသလိုကြည့်လိုက်သည်။နက်မှောင်သော ဆံပင်များက စည်းထားပြီး ငယ်ရွယ်သေးသော်လည်းအတော်ကြည့်ကောင်းလှသည့် မျက်နှာကိုပိုင်ဆိုင်ထားသည်။တကယ်လို့ အရွယ်ရောက်သည့်အချိန်သာရောက်လာပါက မိန်းကလေးတို့အသည်းစွဲဖြစ်လာမည့်မျက်နှာပေါက်ဖြစ်မှန်း ဦးလေးတုက အာမခံရဲသည်။
"အဖိုးကြီးလီ ဒီလူငယ်လေးက ဘယ်သူလဲ"
"လီကျန့်ယီတဲ့ အဖေရဲ့ဆက်ခံသူတပည့်ပါ၊" လဲ့မုန့်ရှားက တက်ကြွစွာပင် မိတ်ဆက်ပေးလိုက်လေသည်။
"အော် ...အကြီးအကဲလီက ဟိုတလောကပဲ ကလေးတစ်ယောက်မွေးစားတယ်ဆိုတာ ကြားသေးတယ်၊ ဒါပေမယ့် အခုဒီလောက်ကြီးလို့ မထင်မှတ်ထားဘူး၊အချိန်တွေကုန်တာ တကယ်မြန်တာပဲ" အဖိုးကြီးတုက ခေါင်းညိတ်လိုက်သည်။
ဤအချိန်မှာပဲ ချောမောကြော့ရှင်းသည့် လျူယဲ့က ဒုတိယထပ် ဝရံဒါမှာ ရပ်လိုက်ပြီး အောက်မှာရှိသည့် စာဖြေသူတွေကို ခြုံကြည့်လိုက်ပြီးပြောလိုက်သည်။
"အဆင့်ဆင့်ရွေးချယ်မှု့အပြီးမှာ လူအယောက်၈၀က ပဲကျန်တော့မယ်၊အခု လူအယောက် ၈၀ကကြိုတင်စာမေးပွဲကို တရားဝင်ဖြေဆိုခွင့်ရှိတယ်"
"ဒီ ကြိုတင် စစ်ဆမှုအဆင့်စာမေးပွဲ အလွန်ရိုးရှင်းတယ်၊ဖြေဆိုသူတွေကသင်တို့ရဲ့ ကျွမ်းကျင်တဲ့အရာကိုပြသပြီး ကျွန်တော်တို့ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် ကျောင်းရဲ့ ကြိုတင်စာမေးပွဲကို အောင်မြင်ပြီလို့ ယူဆပါတယ်။"
"မင်းတို့ရဲ့ အားသာချက်ကဘာလဲဆိုတာပြပါ"
ကျွမ်းကျင်တဲ့အရာ၊အားသာချက်!!!
စာဖြေဆိုသူအားလုံး ခေါင်းစားသွားသည်။
ထိုအချိန်တွင် ချန်တုန်မြို့က သခင်လေး ပိုင်လီတုန့်ကျွင်းက လက်ထောင်ပြီး"အရက်ချက်တာရော အကျုံးဝင်လား၊ ကျွန်တော်က အရက်ချက်တာ ကျွမ်းကျင်တယ်"ဟု မေးလိုက်သည်။
လျူယဲ့ကက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ အရက်ချက်တဲ့ကျွမ်းကျင်မှုကိုပဲ ရွေးလိုက်တော့မယ်" ပိုင်လီတုန့်ကျွင်းက ကျောင်း၏ ကြိုတင်စာမေးပွဲက အလွန်လွယ်ကူတယ်လို့ ခံစားရပြီး လျူယဲ့ကို သံသယမျက်လုံးဖြင့်ကြည့်လိုက်သည်။လျူယဲ့လည်း သူ့၏ သံသယကိုနားလည်သဖြင့် ပါးစပ်ဟပြီး
"မင်းက အရက်ချက်တာကိုရွေးရင်၊ငါကလည်း အရက်ချက်တတ်တဲ့လူတစ်ယောက်ကို မင်းနဲ့ပြိုင်ခိုင်းမှာပါ၊တကယ်လို့ မင်းရဲ့အရက်က သူ့ ထက်ပိုကောင်းမှစာမေးပွဲအောင်မှာ"သေသေချာချာရှင်းပြလိုက်သည်။
"ကျွန်တော် နားလည်ပြီ၊ကျွန်တော် အရက်ချက်ဖို့ရွေးချယ်တယ်"ပိုင်လီတုန့်ကျွင်းက ဦးညှတ်ပြီးနားလည်ကြောင်းပြလိုက်၏။အရက်ချက်တာက သူ့၏အကျွမ်းကျင်ဆုံးနဲ့ယုံကြည်မှု့အရှိဆုံးဖြစ်သောကြောင့် ရွေးချယ်လိုက်သည်။
"ဟုတ်ပြီ"လျူယဲ့က ခေါင်းညိတ်လိုက်ပြီး ၊ဘေးက လဲ့မုန့်ရှားကိုကြည်ပြီးပြောလိုက်သည်"လဲအာ၊အလုပ်လုပ်ဖို့အချိန်ကျပြီ၊ ကြည့်မျှော်စင်ကိုသွား ဆရာရှဲ့ကို ခေါ်ခဲ့"
လဲမုန့်ရှား- "…"
လဲ့မုန့်ရှားက လျူယဲ့ကိုဗလာအကြည့်ဖြင့်ကြည့်လိုက်ပြီး
"လျူယဲ့ ဒါက မခက်ခဲလွန်းဘူးလား၊ဒီကောင်လေးက ငယ်သေးတယ်လေ ဘယ်လိုလုပ်ပြီး၊ အရက်ချက် ဆရာရှဲ့နဲ့ ယှဉ်ပြိုင်ခွင့်ပေးနိုင်မလဲ"
ဆရာရှဲ့ရဲ့ ဆောင်းဦးရွက်ကြွေ အရက်က အရမ်းကောင်းတာ၊ဒီကလေးက ဘယ်လိုလုပ်နိုင်နိုင်တော့မလဲ!!
"ဆရာက ငါတို့ကိုစာမေးပွဲကြီးကြပ်ဖို့ တာဝန်ပေးထားတော့
သူတို့ကို ညှာတာလို့မရဘူး" လျုယဲ့က မျက်နှာတည်ဖြင့်ပြောလိုက်သည်။
"ဟုတ်ပြီလေ"လဲမုန့်ရှားက သူ့အရက်ချက်ကျွမ်းကျင်မှု့ကို ထုတ်ပြဖို့ စိတ်အားထက်သန်နေသည့် ပိုင်လီတုန့်ကျွင်းကို သနားသည့်မျက်လုံးဖြင့်တစ်ချက်ကြည့်လိုက်သည်။ဘယ်လိုပဲ ပြောပြော ပိုင်လီတုန့်ကျွင်းက အရက်ချက်တာ နှစ်အနည်းငယ်သာရှိသေးအုန်းမည်။ဒါပေမဲ့ ဆရာရှဲ့က မတူပေ၊ဆရာရှဲ့၏ ဆောင်းဦးရွက်ကြွေအရက်က ထျန်ချီမြို့မှာ အလွန်နာမည်ကျော်လေသည်။
"အဖေ၊ ရှင်းယွဲ့ ငါ ဆရာရှဲ့ ကိုရှာဖို့ သွားအုန်းမယ်၊မင်းတို့နှစ်ယောက် အစားအသောက်ကိုများများစားကြနော်"
"ဟုတ်ပြီ"လီရှင်းယွဲက ခေါင်းညိတ်ပြီးပြောလိုက်သည်။
လဲမုန့်ရှားက လီရှင်းယွဲ့နှင့်လီဆူးဝမ်တို့ကို နှုတ်ဆက်ပြီး ရွှေတစ် ထောင်ခန်းမကနေ ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပဲ မုန့်သရေစာများ အဆင့်သင့်ဖြစ်ကာ
အခန်းထဲ သယ်ယူလာကြသည်။တစ်ခဏအတွင်းမှာပဲ စားပွဲပေါ်တွင် မုန့်သရေစာများပြည့်သွားသည်။
အချိူမုန့်၊သစ်ကြားလုံး၊မြေပဲနမ်းကပ်နှင့် မျိူးစုံသစ်သီးများကိုမြင်သည်နှင့် လီကျန့်ယီ၏ မျက်လုံးများက အရောင်တောက်ပလာပြီး သူ့လက်သေးသေးဖြင့် စားလို့ရရင်တစ်ခါတည်းစားနိုင်ဖို့ အဆင့်သင့်ပြင် ထားလေသည်။
အဖိုးကြီးတု က လီကျန့်ယီ၏ အမူအရာကို သတိထားမိသွားသည့်အခါ ရယ်မောရင်းပြောလိုက်သည်။
"အကြီးအကဲလီရဲ့ ဆက်ခံသူက၊ အစားအသောက်ခုံမင်တဲ့ ကလေးပဲဖြစ်ရမယ်၊သူ့ကိုကြည့်ရင် ငါရဲ့ငယ်ငယ်က ပုံရိပ်တစ်ချိူ့တွေ့ရတယ်၊ဒါပေမဲ့ငါလောက်တော့မစားနိုင်လောက်ပါဘူး"အဖိုးတုသည်လည်း အစားအသောက်ကို ခုံမင်သည့်လူတစ်ဦးဖြစ်ပြီး သူအတော်စားနိုင်သည့် လူဖြစ်သည်။လီကျန့်ယီက ဘယ်လောက်ပဲအစားခုံမင်သူဖြစ်ပါစေ သေးငယ်လွန်းသည့် သူ့ခန္ဓာကိုယ်က အကန့်အသတ်ရှိစေမည်။
"ပုံရိပ်တွေလား....ကျန့်ယီကို အထင်မသေးနဲ့ ၊ကျန့်ယီက အတော်စားနိုင်တယ် သူနဲ့ပြိုင်ရင် ဦးလေးတာပဲရှုံးမှာ" ဟန်ယီက လီကျန့်ယီကို မုန့်သရေစာကျွေးခဲ့သည့်အချိန်တိုင်း သူဗိုက်ဝနေပြီဟုပြောတာကို မကြားဖူးပေ။သူမသာ အစားကို ထုတ်ပေးနိုင်သရွေ့၊ ကျန့်ယီက သူမဘေးမှာ အမြဲကပ်နေမည် မှာအသေအချာပင်။
"ဟုတ်လား...ဒါဆို ငါအဖိုးတုက အကြီးအကဲလီရဲ့ ဆက်ခံသူနဲ့ ဘယ်သူပိုစားနိုင်လဲ စိန်ခေါ်ချင်တယ်"အဖိုးကြီးတုက ဖိတ်ခေါ်လိုက်သည်။
"ဒီ ခန္ဓာကိုယ်ကိုမြင်တယ်မလား ဒါက ငါဘယ်လောက်တောင်စားနိုင်လဲဆိုတဲ့ သက်သေပဲ"အဖိုးတုက သူ့၏ ဝဖိုင့်ဖိုင့်ဗိုက်ကိုပုတ်ပြလိုက်ပြီး ထိုကလေးကို စိတ်ဝင်စားစွာကြည့်ပြီးနောက် စာမေးပွဲကြည့်ကြပ်နေသည့် လျူယဲ့ဘက်သို့ခွင့် တောင်းလိုက်သည်။
"လျူယဲ့လေး၊ ငါက ရွှေတစ်ထောင်ခန်းမကို ကြိုတင်စာမေးပွဲအတွက် ငှားထားပေးတယ်ဆိုတော့ ၊ ငါ့ကို အကူအညီအနည်းငယ် ပေးနိုင်မလား"
"ကျေးဇူးပြုပြီး ပြောပါ၊ ဦးလေးတု"
လျုယဲ့က အဖိုးကြီးတုကို ကြည့်လိုက်သည်။
"ငါ့ရှေ့က ဒီကောင်လေးသာ ငါ့ထက် ပိုစားနိုင်ရင်၊ သူ့ကို ကျောင်းရဲ့ ကြိုတင်စာမေးပွဲမှာ ပါဝင်ဖို့ ချိုးဖောက်ပေးနိုင်မလား?" အဖိုးကြီးတုက အများကြီးစားနိုင်တာဟာလည်း အားသာချက်တစ်ခုလို့ ခံစားရပြီး လီကျန့်ယီကိုပါ ကျောင်းရဲ့ စာမေးပွဲမှာ ပါဝင်ခွင့်ပေးဖို့ စီစဉ်ထားသည်။
"ရတာပေါ့၊တုဆရာကြီးရဲ့ ထောက်ခံချက်နဲ့ဆိုရင်။" လျူယဲ့အနည်းငယ် ခေါင်းညိတ်လိုက်သည်။
မကြာခင်မှာပဲ အစီအစဉ်ကစတင်လေသည်။
သရေစာတွေအပြင် ရွှေတစ်ထောင်ခန်းမ၏ အထူးဟင်းလျာအားလုံးကိုပါ စားပွဲပေါ်မှာ တင်ထားသည်။
"ယီယီ၊ လုပ်နိုင်လား၊တုဆရာကြီးကို နိုင်ရင် ကျောင်းရဲ့ ကြိုတင်စာမေးပွဲ ဖြေဆိုခွင့်ရမယ်တဲ့ ၊ဆရာက မင်းစမ်းကြည့်သင့်တယ်လို့ ထင်တယ်။" လီဆူးဝမ်က လီကျန့်ယီကို ကြည့်ရင်း စိုးရိမ်စွာပြောသည်။
ဘာလို့လဲဆိုတော့ လီကျန့်ယီဟာ လီဆူးဝမ်ရဲ့ ဆက်ခံသူဖြစ်ပေမဲ့
သူက ဂူထဲတွင်သာ ကိုးနှစ်လုံးလုံး ဓားရေးသာလေ့ကျင့်ခဲ့သည်။
တစ်ခြားဂိုဏ်းက ဆက်ခံသူတွေလို ကျော်ကြားမှု့ လည်းမရှိသလို၊လူသူမသိသည့် မေ့ပျောက်ခံ ဆက်ခံသူဖြစ်နေလေသည်။သူကိုယ်တိုင်လည်း လူရှေ့ပေါ်လာသည့် အချိန်မရှိသဖြင့် တကယ်ကို သိတဲ့လူမရှိသည့် အနေအထားတစ်ခုဖြစ်နေလေသည်။
ထိုကြောင့် ကျင့်ကြံသူ၏အသိုင်းအဝိုင်းထဲက အင်အားများက
လီဆူးဝမ်ဟာ ကလေးတစ်ယောက် မွေးစားပြီး ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူအဖြစ် အသိအမှတ်ပြုလိုက်သည်ကိုသိကြပေမယ့်၊ ထို ဆက်ခံသူအသစ်၏ အကျင့်စရိုက်၊ပါရမီနှင့် ဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာ မသိကြပေ။
ဒါကြောင့် လီဆူးဝမ်က ကျောင်းရဲ့ ဒီကြိုတင်စာမေးပွဲကို အခွင့်ကောင်းယူပြီး၊ ကျင့်ကြံသူအင်အားစု အများအပြားစုစည်း
ပြီးရှိနေချိန်မှာ လီကျန့်ယီကို တစ်လောကလုံး ကျော်ကြားအောင် လုပ်ချင်သည်။သူ့၏ တပည့်ကို ဂုဏ်ပုဒ်နှင့်တကွ လူကိုပါတွဲသိအောင် လုပ်ပေးချင်သည်။
"ဟုတ်ကဲ့ပါ၊ဆရာ"
လီကျန့်ယီကချက်ချင်းခေါင်းညိတ်သဘောတူလေသည်။စားရတာကို သူနှစ်သက်သည် ပြီးတော့ ဒီလိုအလကားစားရတာကို ပို့လို့တောင်သဘောကျသေးသည်။
ဒါက အလကားရတဲ့ ပျော်ရွှင်မှုပဲ!!!
ဗိုက်လည်းဝပြီး...စိတ်လည်းပျော်ရွှင်မယ်!!
"ယီယီ၊ ကြိုးစား" ဟန်ယီက သူ့လက်သီးလေးတွေ ဆုပ်ပြီး ကျန့်ယီကို အားပေးသည်။
"အရမ်းကောင်းတယ်၊ ကောင်လေး မင်းက စိန်ခေါ်မှု့ကိုလက်ခံတယ် ပေါ့ ၊တိုက်ဆိုင်တာက ဦးတုက ဒီနေ့ နေ့လယ်စာ မစားရသေးဘူး၊မင်းနဲ့ ကောင်းကောင်းယှဉ်ပြိုင်မယ်"
အဖိုးကြီးတု လီကျန့်ယီ၏မျက်နှာချင်းဆိုင် တွင်ထိုင်ချလိုက်သည်။သူတို့နှစ်ယောက်ကြား အစားအစာတွေနှင့်ပြည့်နှက်နေတဲ့စားပွဲခုံကခြားထာသည်။
လီဆူးဝမ်နဲ့ရှင်းယွဲတို့လည်း ဟန်ယီကိုခေါ်ပြီး တစ်ခြားနေရာရွှေ့ပြီးအစားအသောက်ပြိုင်ပွဲဝင်နှစ်ယောက် ယှဥ်ပြိုင်တာကိုကြည့်ဖို့အဆင့်သင့်ဖြစ်နေကြသည်။ှ
"ဦးတုက အကြီးအကဲလီရဲ့ ဆက်ခံသူက ဘယ်လောက်ထိစားနိုင်မလဲဆိုတာ သိချင်တယ်"
"ဒါကြောင့် မင်း များများစားသင့်တယ်" ဦးတုက ရယ်ပြီးပြောလိုက်သည်။သူရယ်သည့်အချိန်တွင် သူ့မျက်နှာပေါ်ကအဆီများက ဂျယ်လီတုံးကဲ့သို့ လှုပ်ခါသွားသည်။
"ဒါဆို စကြမလား"လီကျန့်ယီက အရသာရှိသည့် အစားအစားများကိုကြည့်ချိန်တွင် သူသရေကို အကြိမ်ကြိမ်ခိုးမျိူချခဲ့ရသည်။ဘယ်ချိန်စစားမလဲ ကျွန်တော်အဆင်သင့်ပဲ။
သူတို့နှစ်ယောက် ဘယ်သူပိုစားနိုင်လဲ ပြိုင်ဖို့ပြင်ဆင်နေချိန်တွင်
အောက်ထပ်က လူများသည်လည်း သတင်းကြားသောကြောင့် အပေါ်ထပ်ကို အများအပြားတက်လာကြသည်။
"အပေါ်ထပ်မှာ အစားအသောက်ပြိုင်ပွဲရှိတယ်ဟုတ်လား" စီနီယာ လဲ့မုန့်ရှားကဆရာရှဲ့ကိုသွားခေါ်တာပြန်မလာသေးခင်မှာပဲ၊အပေါ်ထပ်မှာ စားသောက်ပြိုင်ပွဲရှိသည်ဟုကြားသောကြောင့် စူးစမ်းချင်စိတ်ပေါ်လာကာ အပေါ်ထပ်ကိုကြည့်လိုက်သည်။
"ဟုတ်တယ်၊ တုဆရာကြီးကို စားသောက်ဖို့ စိန်ခေါ်မယ့်သူ တစ်ယောက်ရှိမယ်လို့မထင်ထားဘူး၊စိတ်ဝင်စားစရာကောင်းတယ်" ရဲဒင်းကျီက တစ်ဖက်လက်နဲ့ သူ့မေးစေ့ကို ပွတ်သပ်ရင်း ဒုတိယထပ်ကို အလွန်စိတ်ဝင်စားစွာ ကြည့်နေသည့်။
"ငါငယ်ငယ်က ရွှေတစ်ထောင်ခန်းမကို မကြာခဏ လာကစားဖူးပေမယ့်၊ စားသောက်ပြိုင်တဲ့နေရာမှာမှာ တုဆရာကြီးနဲ့ ယှဉ်နိုင်တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး၊အဲ့ကလေးရှုံးမှာ"ဟု လောင်းကစားဆိုသည့် စာလုံးဖြင့်ရေထွင်းထားသော ဝတ်ရုံရှည်ကို ဝတ်ထားသည့် ကောင်းမလေးတစ်ယောက်က အထင်းသေးသည့် ပုံစံဖြင့်ပြောလိုက်သည်။
"မင်းလည်းကလေးပဲ မဟုတ်ဘူးလား"ဒုတိယထပ်က လျူယဲ့က လောင်းကစားဘုရင်ကြီး၏ သမီးဖြစ်သူရင်လော့ရှားကို ကြည့်ပြီး
ပါးစပ်အုပ်ပြီ ရယ်လိုက်သည်။
"ဆရာလျူ ငါက ကလေးမဟုတ်ဘူး"ရင်လော့ရှင်းက လျူယဲ့ကို ဒေါသထွက်စွာစိုက်ကြည့်လိုက်သည်။ဤဆရာက စိတ်နှောက်ယှက်စရာတအားပေးသည်ဟု သူမထင်သည်။
"မင်းက ဆယ်နှစ်ပဲရှိသေး၊ ယီယီကတော့ ဆယ့်တစ်နှစ်ရှိပြီ ၊သူက မင်းထက်အသက်ကြီးတယ်၊ ဒါကြောင့် မင်းသူ့ကို အစ်ကိုလို့ခေါ်သင့်တယ်"
လျူယဲက ထိုကောင်မလေး ကြိုတင်စာမေးပွဲမကျင်းပ မှီအချိန်က နေရာအနှံ့လိုက်ရှာခဲ့သည်။ ရင်လော့ရှင်းကိုသာ ကျောင်းထဲခေါ်ဝင်နိုင်ပြီဆိုမှ သူတပည့်အဖြစ်ခေါ်ယူဖို့ သူလုပ်ဆောင်နိုင်မည်။ဒီကောင်မလေးကို ထောင်ဖမ်းဖို့ စာမေးပွဲနေရာကိုတောင် ဒီလောင်းကစားရုံမှာ ကျင်းပနေရသည်။သူအတော်ကြိုးစားအားထုတ်ထားရသဖြင့် ဒီတစ်ခါတော့ မလွဲစေချင်ပေ။
ရင်လော့ရှားပိုင်ဆိုင်ထားသည့် အလှအပများနဲ့တင် သူ့တပည့်ဖြစ်ဖို့စံနှုန်းနှင့်ကိုက်ညီသည်။
"ဖွီး သူ့အသက်က ၁၁နှစ်ဖြစ်ဖြစ်၊ဘယ်နှနှစ်ဖြစ်ဖြစ်၊ သူက ကလေးတစ်ယောက်ပဲ သူက ငါ့ကို အစ်မလိုခေါ်ရမယ်"