ငါက ငွေဖြုန်းတတ်တဲ့ မိန်းကလေးကိုပဲ ကြိုက်တာ
Vol. 2 Ch. 14
ရင်လော့ရှင်းက ဒုတိယထပ်မှာထိုင်နေသည့် လီကျန့်ယီကို စူးရှသည့်အကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။
လီကျန့်ယီလည်း သူတို့၏ အပြန်အလှန်စကားများကို ကြားခဲ့ပြီဖြစ်သဖြင့် ထိုကောင်မလေးကို ပြန်ကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။
"ဘာကြောင့်လဲမသိဘူး၊ငါမင်းကို တကယ်ရိုက်နှက်ချင်နေတာ ညီမလေး"
ရင်လော့ရှား၏ ဖီနစ်မျက်လုံးများကဒေါသကြောင့် ပြူးကျယ်သွားပြီး သူမ၏ လောင်းကစားဆိုသည့် ဝတ်ရုံရှည်ကိုဒေါသတကြီးရမ်းလိုက်ကာ"ညီမလေး ဟုတ်လား၊ငါ မင်းကို အခုချက်ချင်း အမှုန့်ချေပစ်မယ်"ရင်းလော့ရှင်းက သူမ၏ ပန်းရောင်သန်းသောလက်သီးများ ဆုပ်ထားပြီး လီကျန့်ယီကို သတ်ဖြတ်တော့မည့်အတိုင်းကြည့်နေသည်။
လီကျန့်ယီနဲ့ တစ်စားပွဲတည်းထိုင်နေသည့် အဖိုးကြီးတုက ဒါကိုမြင်တော့ မနိုင်မနင်းရယ်မောရင်း ပြောလိုက်သည်။
"သူမက ယခင်က လောင်းကစားဘုရင် ရင်စွန်းစွေ့ ရဲ့သမီးပါ။
သူ့အမေက လော့ရန် မင်းကြီးရဲ့သမီးဖြစ်ပြီးတော့၊သူမကို
မင်းကြီးရဲ့မြေးလို့လည်း သတ်မှတ်လို့ရတယ်၊သူ့ရဲ့ အဖိုးက သူမကကို အရမ်းချစ်တယ်လို့ကြားဖူးတယ်၊ဒီတော့ သူမကိုလျစ်လျူရှုလိုက်ပြီး ငါတို့ ပြိုင်ပွဲကိုပဲဆက်လိုက်ရအောင်"
"ဟုတ်ကဲ့ ခေါင်းမာတဲ့လူနဲ့ သူ့လို့မိန်းကလေးတွေက လိုက်ဂရုစိုက်နိုင်ဖို့ခက်တယ်တဲ့၊ကျွန်တော်တို့လို လူကောင်းတွေက မိန်းကလေးတွေနဲ့မတိုက်ခိုက်သင့်ဘူး" လီကျန့်ယီကထိုသို့ပြောပြီးသည်နှင့် ရင်လော့ရှင်းကို ဆက်မကြည့်တော့ပေ။
ဒါပေမဲ့ ရင်လော့ရှင်းတစ်ယောက် ထိုစကားကိုကြားသည့် နောက်မှာ ဒေါသကြောင့် စွေ့စွေ့ခုန်သွားသည်။
"ဟေ့..ကလေး... မင်းဘာပြောလိုက်တာလဲ၊ငါလို့ မိန်းကလေးက ကလိုက်ဂရုစိုက်ဖို့ခက်တယ်ဟုတ်လား၊ငါက ပြုစုရအလွယ်ဆုံးပဲနော်၊အန်စာတုံးနဲ့ လောင်ကစားခုံပေးရုံနဲ့တင် ငါကရပြီ"
"လော့ရှင့် ယီယီပြောချင်တဲ့ အဓိပ္ပယ်ကအဲ့လိုမဟုတ်ဘူး "လိုက်ဂရုစိုက်နိုင်ဖို့ခက်တယ်"ဆိုတာက "ပြုစုစောင့်ရှောက်ရခက်တယ်"လို့ဆိုလိုဘူးနော်။"ခေါင်းမာတဲ့လူနဲ့မိန်းကလေးတွေက ဆက်ဆံရခက်တယ်လို"ပြောချင်နေတာဟု လျူယဲ့က နားလည်မှု့လွဲနေသော၊ ရင်လော့ရှင်းကို ရှင်းပြလိုက်သည်။
"ဒီတော့ လော့ရှင်းရေ၊မင်းက ယီယီပြောတဲ့စကားကို "ငါက လွယ်လွယ်နဲ့ရနိုင်တယ်လို့"ထင်သွားတာလား၊၊ဓားဂူဗိမာန်ဆက်ခံသူရှေ့မှာ မင်းက ပြုစုရခက်တဲ့မိန်းကလေးမဟုတ်မှန်း ရှင်းပြချင်နေတာလား ဟီးဟီး"လျူယဲ့ကပါးစပ်အုပ်ပြီး ရယ်ပြန်သည်။
အားလုံးကလည်း ထိုနားလည်မှု့လွဲ့နေသည့်စကားများကို ကြားပြီရယ်မောနေကြသည်။
" ဟိုကလေး...ငါကြားဖူးတာက၊ တင်ပါးကြီးတဲ့ မိန်းကလေးက သားလေးမွေးနိုင်ချေများတယ်တဲ့၊လောင်းကစား ဘုရင်ကြီးရဲ့ သမီးမှာရော ကြီးတဲ့တင်ပါးရှိလားမသိ "လောင်းကစားသမားက လီကျန့်ယီကို လှမ်းပြောလိုက်သည်။ယခုတော့ အငယ်ကအကြီး ဖြစ်ချင်တဲ့ ပြဿာနာကနေ လက်ထပ်ယူဖို့ သတိုးသမီးရွေး သည့် အဆင့်ရောက်သွားလေတော့သည်။
ထိုစကားကြားသည်နှင့် လီကျန့်ယီ မသိစိတ်ကြောင့်၊ ရင်လော့ရှားကို ခေါင်းကနေခြေထိ စစ်ကြည့်လိုက်သည်။သို့ပေမဲ့ ရင်လော့ရှင်းက ဝတ်ရုံရှည်ဝတ်ထားသဖြင့် ဘာမှမသိသာပေ။
"သေးတယ်..သေးတယ် တင်ပါးမရှိဘူး၊ဝါးခြမ်းပြားလိုပဲ တစ်ဖြောင့်တည်းပဲ"ဟု မှတ်ချက်ပေးလိုက်သည်။
အရေးကြီးဆုံးက သူတို့က အရမ်းလွယ်လွယ်နဲ့ ပြုစုလို့ရတယ်ဆိုတာပဲ!
ငါက လွယ်လွယ်နဲ့ ပြုစုလို့ရတဲ့ မိန်းမတွေကို မကြိုက်ဘူး! ငွေကုန်ကြေးကျများတဲ့၊ ငွေဖြန်ုန်စတတ်တဲ့ မိန်းမတွေကို ကြိုက်တယ်!
ဥပမာ- ဓားတစ်ချက်လွဲရင်တောင် ရွှေငွေအစစ် တစ်သောင်းနှစ်သောင်းလောက် ကုန်ကြအောင်လုပ်နိုင်တဲ့ မိန်းကလေးပဲကြိုက်တာ။
လီကျန့်ယီ၏ စိတ်အတွးကိုသာကြားမိပါက၊လော့ရှင်းက ဒေါသကြောင့် လှဲသေနိုင်လောက်သည်။သူမ အဓိပ္ပာယ်ကောက်လွဲမှားဆိုတာ ဟုတ်ပေမဲ့ သူကဘာလို့အတည်မှတ်နေရသနည်း။
ရင်လော့ရှင်းက သူမ၏ ခန္ဓာကိုယ်ကို၊ကို ပြန်လည်စစ်ကြည့်လိုက်
သေးသည်။
ဒါပေမယ့် သူမက အသက် ၁၀ နှစ်ပဲရှိသေးတယ်တာလေ!!
ငါက တစ်ဖြောင့်တည်းမဟုတ်ဘူး၊ငါ ရှိသင့်တာရှိတယ်!!!
သူက ဘယ်လိုကြီးတဲ့ အဖုအထစ်တွေကိုပိုင်ဆိုင်ခိုင်း ချင်နေရသလဲ!
နှာဘူးကောင်!!!
ငါ အရွယ်ရောက်လာရင် ငါက ပိုကြီးလာမှာ ဟုတ်ပြီလား!!!
"ဟဲ့ အစုတ်ပလုပ်ကလေး..မင်းငါ့ကို တကယ်ဒေါသထွက်အောင်လုပ်နေတာပဲ"ရင်လော့ရှင်းက လီကျန့်ယီဆီသွားပြိး၊သူမတွင် ရှိသင့်သည့်အရွယ်အစားတွေရှိမှန်း သက်သေပြချင်နေသည်။
ဒါပေမဲ့ ပထမထပ်နှင့်ဒုတိယထပ်က များပြားလွန်းသည့် အကြည့်များကြောင့် ထိုအကြံကိုလက်လျော့လိုက်သည်။
သူမသာ ထိုသို့ သက်သေပြရင် ၊လူတွေကသူမကို ဘယ်လိုထင်မလဲ၊သူမကို လီယန့်ယီ၏ မိန်းမဖြစ်ချင်နေမှန်းတွေးထင်နေကြမလား!!
အဲ့လို အဖြစ်မခံနိုင်ဘူ!!
"မောင်လေး.. အစ်မအခု အရမ်းဒေါသထွက်နေတယ်၊ဒါပေမယ့် အစ်မက စိတ်ထားကြီးတယ် မင်းလိုကလေးနဲ့ ပြိုင်မငြင်းတော့ဘူး"ရင်လော့ရှင်းက ဒေါသတွေလျော့လိုက်ပြီး ပုံမှန်အသံဖြင့်ပြောလိုက်သည်။
ဒါပေမဲ့ သူမတိုက်ခိုက်နေတဲ့လူက တစ်ခြားလူမဟုတ် လီကျန့်ယီဖြစ်နေသည်။
"အာ..ဘာလို့ဒေါသကိုမြိုသိပ်လိုက်တာလဲ..ဒေါသပဲဆက်ထွက်ပါ၊အစ်ကိုကြားဖူးတာက ဒေါသအမြဲထွက်လူတွေက အရေးအကြောင်း တွေပေါ်လာပြီးမြန်မြန်ဆန်ဆန်အို စာစေတယ်တဲ့၊အစ်ကိုက ညီမလေး အိုသွားတာကိုမြင်ချင် နေတာ"လီကျန့်ယီက သူ့ထက်ငယ်သော်လည်း
သူ့ကိုသူ အစ်မလို့သုံးနေသည့် ထိုကလေးကိုသဘောမကျပေ။
ငယ်ရင်လည်း ငယ်သလိုမနေပဲနဲ့!!
ဘယ်သူ့ကို ကလေးလို့ခေါ်ချင်နေတာလဲ!!
ငါတော့ မရဘူနော်!!!
ရင်လော့ရှင်း၏ ဖြေလျှော့ထားသည့် လက်သီးကနောက်တစ်ခါ ဆုပ်ထားလိုက်မိပြန်သည်။
စိတ်ထိန်း...စိတ်ထိန်း လော့ရှင်း!!
သူ့လိုကလေးတစ်ယောက်နဲ့ မင်းဒေါသထွက်ဖို့မတန်ဘူး!!!
သူ့ကိုယ်သူ နှစ်သိမ့်ရင်း ရင်ထဲကဒေါသကို လေပူများကဲ့သို့မှတ်ယူပြီး လေတွေမှုတ်ထုတ်လိုက်သည်။
အဖိုးကြီးတုက ပေါက်ကွဲခါနီးဗုံးတစ်လုံးလို ဖြစ်နေသော ရင်လော့ရှင်းကိုကြည့်ပြီးနောက် သူရှေ့ကလီကျန့်ယီကို ရယ်မောရင်းပြောလိုက်သည်။
"မိန်းကလေးတွေကို ဒေါသထွက်အောင်လုပ်တဲ့နေရာမှာမင်း အရမ်းတော်တာပဲ၊ငါလည်း အဲ့လိုဖြစ်ခဲ့တာ အရင်က"
ငယ်ငယ်တုန်းက အဖိုးကြီးတုက မိန်းမတွေကို အမြဲဒေါသထွက်စေသည့်နေရာတွင် ပြိုင်ဘက်ကင်းခဲ့သည်။လှပသည့် မိန်းကလေးတွေတောင် အဖိုးကြီးတုရှေ့မှာ သူတို့၏လှပသည့်မျက်နှာကို ထိန်းနိုင်ပြီး ပြုံးရယ်နိုင်သည့်လူမရှိခဲ့ပေ။
"တကယ်လားး၊ဒီလိုဆို ဆရာတုက တကယ်တော်တာပဲ၊ ကျွန်တော်တို့ ပြိုင်ပွဲကြစရအောင်!" လီကျန့်ယီက ခေါင်းညိတ်ချီးကျူးပြီးပြိုင်ပွဲစဖို့ လောလိုက်သည်။ သူအမှန်တကယ် ဗိုက်ဆာနေပြီ။မြင်သာမြင်ရ မကြင်ရသည့် ဘဝကခုန်ထွက်ခြင်နေပြီ။
"ဟုတ်ပြီ စကြတာပေါ့"
အဖိုးကြီးတုက စတင်စားသောက်လေသည်။သူ့၏ စားသောက်စကေးကို ယုံကြည်မှု့ရှိနေတာက တကယ်တော့ သူအမှန်အကန်စားနိုင်သောကြောင့်ပင်။အဖိုးကြီးတု၏ တစ်ကိုက်စာကအလွန်ကြောက်စရာကောင်း လေသည်။ခေါက်ဆွဲတစ်ပန်းကန်ကို အဖိုးကြီးတုအတွက် သုံးလုတ်သာရှိလေသည်။
အဖိုးကြီးတုက အေးအေးဆေးဆေးစာနေချိန်တွင် လီကျန့်ယီကတော့ လက်နှစ်ဖက်စလုံးကို အကူခေါ်ထားလေသည်။တစ်ဖက်က သရေစာ၊တစ်ဖက်က ဟင်းပွဲများဖြင့်ပြည့်နေသည်။သူ့ကိုကြည့်ရသည်မှာ စားသောက်ဖို့အတော် အလုပ်ရှုပ်နေပုံရသည်။
"စားနေတဲ့ပုံကိုက ကွာခြားချက်အရမ်းကြီးမားတယ်၊ ဆရာကြီးတုက အခုထိအေးအေးဆေးဆေးပဲ စားနေတာ၊ဓားနှလုံးဂူဗိမာန်ဆက်ခံသူ တပည့်ကတော့ မကြာခင်ရှုံးတော့မယ်ထင်တယ်"စောင့်ကြည့်သူများက သူတို့၏ ထင်မြင်ချက်များကို တစ်ယောက်တစ်ပေါက်ပြောနေကြသည်။ သူတို့က လီကျန့်ယီ၏ အမည်ကိုမသိသဖြင့် ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူသာသုံးနှုန်းသွားသည်။ဆရာလေး လျူယဲ့က သူ့ကို ယီယီ ဟုခေါ်ခဲ့ပေမဲ့၊ သူ့၏အမည်ရင်းကိုတော့ သူတို့မသိရသေးသောကြောင့်ဖြစ်သည်။
"ဟုတ်တယ် ဒီလိုကိုယ်လုံးသေးသေးနဲ့ကလေးက ဆရာကြီးတုကို ဘယ်လိုယှဉ်နိုင်မလဲ၊ဒါက မပြိုင်ခင်ကတည်းက အဖြေထွက်ပြီးသားပဲလေ၊ဆရာတုက ကလေးကိုပျော်စေချင်လို့ ပြိုင်ပေးနေလို့ ငါထင်တယ်"လူတိုင်းက လီကျန့်ယီရှုံးမည်ဟုသာ တစ်ထစ်ချယုံကြည်နေကြသည်။ကြားပဲကြားနေရရင် အယုံမလွယ်ဖို့ပြောကြပေမဲ့၊မျက်စိရှေ့မှာ မြင်နေရတဲ့ ကိုယ်လုံးတွေကသက်သေဖြစ်သောကြောင့် လီကျန့်ယီက ရှုံးမည်မှာ ဧကန်မလွဲပေ။
ဘေးစားပွဲတွင်ရှိသော လီဟန်ယီက ထိုစကားတွေကို ကြားသည့်နောက် သူမ၏ လက်သီးသေးသေးလေးကို ဆုပ်ပြီးလေပေါ်မြောက်ကာ
"ယီယီ ကြိုးစားထား ၊ယီယီ မင်းလုပ်နိုင်တယ်"ဟု အော်ဟစ်ပြီးအားပေးနေသည်။
လီကျန့်ယီက စားသောက်နေရင်းမှာပင် လီဟန်ယီကို ခေါင်းညိတ်ပြပြီးဆက်စားလေသည်။သူ၏ စားနေသည့်အချိန်နှုန်းက နည်းနည်းလေးမှမလျှော့ကျသွားပေ စစစားသည့်ကအရှိန်အတိုင်းဖြစ်နေသည်။
ချိန်ကုန်လာတာနဲ့အမျှ စားပွဲပေါ်က အစားအသောက်များက တဖြည်းဖြည်းနည်းလာသည်။ယခုချိန်တွင် အရင်က အကိုက်ကြီးကြီးအေးအေးစားနေသော ဆရာကြီးတု ဝက်သားတုံးကိုသေးသေးလေးသာစကိုက်လေသည်။တစ်ဖက် တွင် လီကျန့်ယီကတော့ အစက အရှိန်တိုင်းသာ လက်နှစ်ဖက်ဖြင့်ဆက်စားနေသေးသည်။
ထိုပြောင်းလဲသွားသည့် အခြေအနေကိုအားလုံးက သတိထားမိသောကြောင့် လီကျန့်ယီကို တစ်ဖန်ကြည့်လိုက်ကြတော့သည်။အစက စိဝ်ဝင်စားမှု့မရှိခဲ့သည့် လူတွေလည်း စတင်ပြီးပြိုင်ပွဲကို စိတ်ဝင်စားလာသည်။
"ဘာဖြစ်တာလဲ ...အဲ့ကလေးရဲ့ စားနှုန်းကအခုထိမကျသေးဘူး၊သူကိုယ်လုံးသေးသေးလေးနဲ့ ဘယ်လိုစားနိုင်ရတာလဲ၊ကြည့်စမ်း ဆရာကြီးတုတောင် အရှိန်ကျနေပြီ"အစားတွေကို အခုထိအရူးအမမူးစားနေသည့် လီကျန့်ယီက လူတွေရဲ့မျက်လုံးကိုပြူးကျယ်စေသည်။
ညီတူညီမှခွဲထားပေးသည့် စားပွဲပေါ်က အစားအစာကိုကြည့်လိုက်သည့်နှင့် အဖြေကသိသာနေပြီ။
အဖိုးကြီးတုက စားသောက်တာကိုရပ်လိုက်ပြီး "ငါ မစားနိုင်တော့ဘူး၊ငါ ရှုံးပြီ"ဟု ဝန်ခံလိုက်သည်။သူဘက်က အစားအစာတွေက လီကျန့်ယီဘက်က အစားအစာပုံထက် ကျန်တာပိုများလေသည်။ထိုအချက်ကို အဖိုးကြီးတုက သိပေမဲ့သူဆက်ပြီးမစားနိုင်တော့ပေ။
"မင်းနိုင်သွားပြီဆိုတော့ ကျောင်းရဲ့ကြိုတင်စားမေးပွဲကို ဝင်ဖြေခွင့်ရသွားပြီ"
"ကျေးဇူးတင်ပါတယ် ဆရာတု"လီကျန်ယီလည်း စားသောက်တာကိုရပ်ပြီး ယဉ်ကျေးစွာပြောလိုက်သည်။ သူ၏ မျက်နှာတွင် အပြံားပန်းများကဝေဆာစွာပွင့်နေသည်။ သူဒီနေ့ အပြည့်အဝစားလိုက်သည်။
"မင်းကို မြင်နေရရင် ငါ ငယ်ငယ်တုန်းကအချိန်ကိုခဏ ခဏအတွေးရောက်စေတယ် ၊၊ငါထက်စားနိုင်တာနဲ့ ငါထက်နည်းနည်းချောမောတာကလွဲရင် တော်တော်များများကငါနဲ့တူတယ်၊ မင်းကငါရဲ့သားများဖြစ်နေမလား ဟမ်"အဖိုးကြီးတုက ပြုံးရယ်ရင်းစနောက်လိုက်သည်။
"မဟုတ်ဘူး ၊သူက ငါ့ရဲ့သား၊ ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူပဲ"လီဆူးဝမ်က သူ့ကိုယ်သူ အဖေဟု အထင်မှားချင်နေသော အဖိုးကြီးတုကို စားပွဲကနေထပြီး ချက်ချင်းငြင်းလေသည်။ လီကျန့်ယီကို သူ ဘယ်သူမှမပေးနိုင်၊ စကားသက်သက်ပဲ ဆိုရင်တောင်မှပေါ့ သူအရမ်း သဝန်တိုလေသည်။
လီကျန့်ယီကို သူငယ်ငယ်ကတည်းက သားတစ်ယောက်ပြုစုပျိူးထောင်ခဲ့တာ!!
ဒီအဖိုးကြီးတုက လီကျန့်ယန်ကို နောက်ထပ်မွေးစားပြီး ၊အဖေနောက်တစ်ယောက်ခေါ်ခိုင်းမှာကို လီဆူးဝမ်အတော်စိုးရိမ်လေသည်။
"ဆရာကြီ လီ၊ဟာသလေးပါ၊ ဟာသလေးပါ၊ ကျွန်တော် ဆရာကြီးနဲ့ ဒီကောင်လေးကို ပြိုင်မလုပါဘူး" အဖိုးကြီးတုက ရယ်ပြီး စားပွဲကထပြီး သူအရင်ထိုင်နေတဲ့ စားပွဲဆီပြန်သွားလိုက်သည်။
ဒါကိုမြင်တော့ လီဆူးဝမ်က ဟန်ယီကို အမြန်ဆွဲခေါ်ပြီး လီကျန်ယီဘေးမှာထိုင်ခိုင်းလိုက်သည်။
နီးနီးကပ်ကပ်စောင့်ရမယ်!!!
တစ်ခြား ကျင့်ကြံသူအမြင်မှာတော့အစားအသောက်ကို များများစားနိုင်တာက ၊ဘာမှလုပ်လို့မရဘူး ထင်ကောင်းထင်နိုင်ပေမဲ့ အဖိုးကြီးတု၏ အမြင်ကတော့ကွဲပြားလေသည်။
အဖိုးကြီးတု အစားအသောက်ကိုတွေကို ခုံမင်ပြီး၊သူ့၏ အရသာခံနိုင်စွမ်းကောင်းလှသည့် လျှာလည်းပိုင်ဆိုင်ထားသည်။ ထိုကဲ့ကြောင့်သာ သူ၏ လောင်းကစားရုံက အစားအသောက်များဟာ ထျန်ချီမြို့မှာ အကောင်းဆုံး ဖြစ်နေရခြင်းဖြစ်သည်။အဖိုးကြီးတုအတွက် လီကျန့်ယီက ရွေတုံးလိုမြင်ချင်ရင်မြင်နေလိမ့်မည်။
ထိုနောက် လီဆူးဝမ်က အဖိုးကြီးတုထိုင်နေသည့် စားပွဲဘက်သို့
လီကျန့်ယီက ငါ့သား၊ငါ့ရဲ့ဆက်ခံသူ ဟု ပြောနေသကဲ့သို့ အဖိုးကြီးတုကို မျက်လုံးများဖြင့်ဆက်သွယ်နေလေသည်။
မင်းမွေးစားဖို့ စိတ်ကူးလုံးဝမရှိတာကောင်းမယ်!!မဟုတ်ရင် ငါ လီဆူးဝမ်နဲ့ စစ်ခင်းရလိမ့်မယ်!!
ငါ့ရဲ့ သားကို အဖေနှစ်ယောက်ရှိခွင့်မပေးနိုင်ဘူး!!