← Chapters

သူရည်ညွှန်းတဲ့လူက ငါပဲမဟုတ်လား

Vol. 2 Ch. 15

သူရည်ညွှန်းတဲ့လူက ငါပဲမဟုတ်လား

Vol. 2 Ch. 15

ရွှေတစ်ထောင်ခန်းမ ။

လီကျန့်ယီသည် ဆရာတု နှင့် ပြိုင်ပွဲပြီးဆုံးအောင်နိုင်ခဲ့သည့်‌နောက် ကျောင်း၏ ကနဦးစမ်းသပ်မှု့စာ‌မေးပွဲ့ဖြေဖို့ ပထမထပ်သို့ဆင်းစောင့်ရသည်။

ရင်လော့ရှားက လီကျန့်ယီကို အတော်မကျေမချမ်း ဖြစ်နေသောကြောင့် သူမ၏အာရုံများက လီကျန့်ယီပေါ်တွင် မြဲမြဲလျက်ရှိသည်။

သို့သော် လီကျန့်ယီက သူမကိုလျစ်လျူရှုထားပြီး၊ တိတ်ဆိတ်ပြီးဆနေရာအတော်အသင့်ကျယ်ဝန်းသော နေရာတစ်ခုရကိုရှာကာ သူ့ဓားကို လေ့ကျင့်ရန်စတင်လိုက်သည်။

ခဏအကြာတွင်၊လဲ့မုန့်ရှားသည် နောက်ဆုံးတွင် ကြည့်မျှော်စင် မှ ရှဲ့ရှီ ကို ဖိတ်ကြားနိုင်ခဲ့သည်။သူရောက်ရှိလာသောအခါ၊သူ့ဆီမှ အရက်နံ့ပြင်းပြင်းထန်ထန် လွင့်နေသည်။သူသည် မကြာခဏ အရက်ကိုစွဲလမ်း‌ သော အဖိုးအိုတစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည်။

"ပိုင်လီတုန်းကျွင်းလား။ ပြိုင်ပွဲစကြတာပေါ့၊ ငါက ကြည့်မျှော်စင်ကို ပြန်သွားပြီး ဝိုင်ချက်ဖို့ အလျင်လိုနေတယ်။" ရွှေတစ်ထောင်ခန်းမ သို့ရောက်ပြီးနောက် ဆရာရှဲ့က တိုက်ရိုက်ပြောလိုက်သည်။

"ဟုတ်ကဲ့"

ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသောပိုင်လီတုန်းကျွင်း သည်လည်း ချက်ချင်းပင်သဘောတူပြီး သူ၏ဝိုင်ချက်ပြုလုပ်မှုလုပ်ငန်းစဉ်ကို စတင်လိုက်သည်။

အရက်ချက်ဖို့ဆိုလျှင် ပထဆုံး ဆန်၊ကောက်ညှင်း၊ဂျုံ စသည်တို့ကို အရင် သန့်ရှင်းစွာရေဆေးပြီးမှ ချက်ရမည်။ဒုတိယ အဆင့်တွင် ဆန်များက ကျက်လာပြီဆိုပါ ထင်မင်းများကို အအေးခံရမည်။တတိယအဆင့်တွင်တော့ အေးပြီးသော ထမင်းထဲကို ချေပေးရပါသည်။စတုတ္ထအဆင့်တွင် ချေပြီးသား ထမင်းထဲကို တစေးမှုန့်ထည့်ပြီးပြန်လည် ပေါင်းခံရသည်။အဆင့်ငါး အချဉ်ဖောက်ခြင်းနှင့် အဆင့်ခြောက်မှာတော့ အရက်ထုတ်ယူခြင်းတို့ဖြစ်သည်။

ပုံမှန်အားဖြင့် အရက်၊ဝိုင် ချက်ခြင်းသည် အချိန်ကြာကြာဖြင့်လုပ်ရသောအလုပ်ဖြစ်သည်။အချဉ်ဖောက် သည့်ကာလကကြာလေ အရက်ကပိုကောင်းလိမ့်မည်။သို့သော် ဤသည်မှာ ကျောင်း၏ ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး ယနေ့အတွင်းပြီးမှရမည်။ ထို့ကြောင့် အရက်ချက်ပြိုင်ပွဲသည် နောက်ဆုံးထွက်ကုန်အပေါ် မူတည်ခြင်းမဟုတ်ဘဲ ချက်သည့်လုပ်ငန်းစဉ်အပေါ် မူတည်သည်။

မည်သူ၏ အရက်ချက်လုပ်ငန်းစဉ်က ပို၍အသေးစိတ်ပြီး၊

ပို ပြီးပြည့်စုံလျှင် ထိုသူသည် ဤအရက်ချက်ပြိုင်ပွဲတွင် အနိုင်ရရှိသူဖြစ်သည်။

လီကျန့်ယီက လက်တွင်ဓားလေ့ကျင့် နေပေမဲ့မျက်လုံးများက အရက်ချက်ဖို့ ပစ္စည်းများထုတ်ပြီးအလုပ်ရှုပ်‌နေသည့် ပိုင်လီသုန့်ကျွင်းကိုကြည့်နေသည်။

ပိုင်လီတုန်းကျွင်းသည် ပထမဆုံးလုပ်ငန်းစဉ်ကို စတင်သည်။ ၎င်းမှာ ကုန်ကြမ်းရွေးချယ်ခြင်း ဖြစ်သည်။ ပိုင်လီတုန်းကျွင်းက ဆန်ကို ရွေးချယ်ပြီး၊ ရှဲ့ရှီက ဂျုံကို ရွေးချယ်သည်။

"သူတို့က ဆန်အရက်ချက်မယ်ထင်တယ်"

ပိုင်လီတုန်းကျွင်းနှင့် ရှဲ့ရှီတို့သည် သူတို့၏ကုန်ကြမ်းအဖြစ် စပါးများကို ရွေးချယ်နေသည်ကိုမြင်တွေ့ရသော အခါ၊ လူတိုင်းသည် အလွန်စိတ်ဝင်စားသွားကြသည်။

လူတိုင်းသည် ဆန်အရက်ချက်နေသောကြောင့်၊ ပြိုင်ပွဲဝင်များ မည်သူရဲ့အရက်ချက်လုပ်ငန်းစဉ်က ပို၍အသေးစိတ်ပြီး ပြီးပြည့်စုံသည်ကို အာရုံစိုက်လာသည်။

"အရက်ချက်ခြင်းမှာ အဓိကကြသည့် အချက်ကနှစ်ချက်ရှိတယ်၊ဆန်ကိုပေါင်းခြင်းနဲ့ တစေးထည့်ခြင်း နှစ်ဆင့်ကအရေးကြီးတယ် ဆန်ရဲ့အရသာကအဲ့နေရာမှာ ကွဲပြားသွားနိုင်တယ်၊အရက်ချက်တဲ့ လူတိုင်းက သူတို့ကိုယ်ပိုင်နည်းလမ်းရှိကြတယ်"အရက် သောက်တာကိုသဘောကျကြသည့် လူတစ်ချို့က၊ သူတို့သိသည့်အကြောင်းကိုဝေမျှကြသည်။

လီကျန့်ယီသည်လည်း အသစ်အဆန်းဖြစ်နေသော အရက်ချက်နည်းတွေကို စိတ်ဝင်စားစွာနားထောင်နေသည်။အရက်က သောက်စရာပဲလေ လုပ်နည်းသိထားရင်အမြတ်တစ်ခုပဲဟု တွေးလိုက်ကာ ဓားလေ့ကျင့်သည့်လက်က အနည်းငယ်အရှိန်လျော့ချလိုက်ပြီး အရက်ချက်သည့်လုပ်ငန်းစဉ်ကို လိုက်ကြည့်နေသည်။

ထိုအချိန်တွင် လီကျန့်ယီကို အမြဲစိုက်ကြည့်နေသည့် ရင်လော့ရှား

က အတွေးထဲပိတ်မိနေသည်။

သူက ပိုက်ဆံဖြုန်းတဲ့မိန်းကလေးကို သဘောကျတယ်လို့ပြောတယ်!!

ဒါဆို သူရည်ညွှန်းတဲ့မိန်းကလေးက ငါပဲမလား!!

လောင်းးကစားလုပ်တာက ပိုက်ဆံဖြုန်းခြင်းပဲလေ၊ ရုတ်တရက် သိလိုက်ရသည်၊ လီကျန့်ယီပြောနေသည့်သူသည် သူမပင် ဖြစ်သည်။

လောင်းကစားဝါသနာပါသော မိန်းကလေးထက် ပို၍ပိုက်ဆံဖြုန်းနိုင်သည့်လူကုန် ရှိနိုင်မလား!!

ထို့ကြောင့်၊ ဤကလေးသည် ငါ လောင်းကစားဘုရင်မအပေါ် တကယ်ပင် ကြိုက်နေတာဖြစ်မည်။

သူသည် သွယ်ဝှက်သောနည်းလမ်းဖြင့် ပြောဆိုခဲ့ကြခြင်းသာ ဖြစ်သည်။

ဤအရာကို စဉ်းစားမိသောအခါ၊ ရင်လော့ရှားသည် လီကျန့်ယီကို သေသေချာချာကြည့်လိုက်သည်။လီကျန့်ယီက ငယ်ရွယ်နေသေးသော်လည်း၊ ချောမောသောရုပ်ရည်ပိုင်ဆိုင်ထားသည်။

"သူ့အသွင်အပြင်က သိပ်မဆိုးပါဘူး၊ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆရာလျူယဲ့လောက် ကောင်းမကောင်း သိချင်တယ်။ အကယ်၍ ကောင်းမယ်ဆိုရင်၊ ငါ ရင်‌လော့ရှားက လက်မခံနိုင်စရာ အကြောင်းမရှိဘူး..."

ဖြစ်နိုင်ချေကို စဉ်းစားမိသောအခါ၊ ရင်လော့ရှား၏မျက်နှာသည် ရုတ်တရက် မှည့်ပြီးသောခရမ်းချဉ်တစ်လုံးကဲ့သို့ နီမြန်းသွားပြီး၊ လီကျန့်ယီကို ထပ်မကြည့်ရဲတော့ပဲ အရှက်သည်းစွာမျက်နှာလွဲလိုက်သည်။

"သူမဖျားနာနေလား။"

လီကျန့်ယီက မူမမှန်သည့် ခံစားချက်ရနေသောကြောင့် ဓားလွဲနေစဉ်

ရင်လော့ရှားဘက်ကို လှည့်ကြည့်လိုက်သည်။

အဲ့ကလေးမက အဖျားရှိနေတာဖြစ်မယ်!!

"သူ...သူက ငါ့ကို ကြည့်နေတယ်။"

လီကျန့်ယီ၏က သူမကို ကြည့်နေသည်ကိာမြင်သောအခါ သူမပိုလိုတောင်ရှက်သွားပြီး သူမမျက်လုံများက ခေါင်းမိုးဘက်သို့အကြည့်ပို့လိုက်သည်။ သူမ ဘာကြည့်နေလဲဆို သူမသာသည်ပေတော့မည်။

လီကျန့်ယီ "..."

ဘာကိစ္စလဲ။

ငါသည် ကျောင်း၏ ကြိုတင်စမ်းသပ်မှု့စာ‌မေးပွဲကို ကြည့်ပြီး ဓားရေးကို လေ့ကျင့်နေခြင်းသာ ဖြစ်သည်။သူ့အပေါ်မှာ တစ်ခုခုမူမမှန်ဖြစ်နေသလား၊သူ့ မစဉ်းစားနိုင်သောကြောင့် ခေါင်းသာခါလိုက်ပြီး လီကျန့်ယီသည် ရင်လော့ရှားထံမှ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ကာ၊ ပိုင်လီတုန်းကျွင်းနှင့် ရှဲ့ရှီတို့ကို ဆက်လက်ကြည့်ရှုလိုက်သည်။

ရှဲ့ဆရာကြီး၏ အရက်ချက်လုပ်ငန်းက အညှောင့်ပေါက်နေသော ဂျုံများကို ရွေးချယ်ပြီ ထိုဂျုံများကိုကြိတ်ကာ တစေးများနှင့်စတင်အချဉ်ဖောက်လေတော့သည်။ဤသို့ လုပ်ခြင်းက ပိုမိုမြန်ဆန်သော နည်းတစ်ခုဖြစ်ပြီး စမ်းသပ်စာမေးပွဲအတွက်သင့်တော်လေသည်။

ဆန့်ကျင်ဘက်အနေဖြင့်၊ ပိုင်လီတုန်းကျွင်း၏ နည်းလမ်းတွင် မှိုတက်နေသောဆန်ကို အသုံးပြု၍ ထိုဆန်ကုန်ကြမ်းကို အယ်လ်ကိုဟောအဖြစ်သို့ ချဉ်ဖောက်လိုက်ပါသည်။ ဤသည်မှာ တရုတ်အရက် ပေ့ကျိုချက်လုပ်သည့် လုပ်ငန်းစဉ်အတိအကျပင် ဖြစ်သည်။

ထို့ကြောင့်၊ ဤလုပ်ငန်းစဉ်အတွင်း အယ်လ်ကိုဟောပါဝင်မှုအရ၊ ပိုင်လီတုန်းကျွင်း ချက်လုပ်သောအရက်သည် သေချာပေါက် အပြင်းထန်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တရုတ်အရက် ပေ့ကျိူ ချက်လုပ်သည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့်ပင်။

ရှဲ့ဆရာကြီး၏ လုပ်ငန်းစဉ်သည် ဝိုင် ချက်လုပ်သည့်နည်းဖြစ်သည်။

"ပိုင်လီတုန်းကျွင်းက အနိုင်ရလိမ့်မယ်"

လီကျန့်ယီသည် အရက်ချက်နည်းကို မသိသော်လည်း၊ သူ၏အရင်ဘဝတွင် တရုတ်အရက် ပေ့ကျိုသည်အလွန်ကျော်ကြားလေသည်။

လုပ်ငန်းစဉ်တွင်၊ ပိုင်လီတုန်းကျွင်း ချက်လုပ်သောအရက်သည် ရှဲ့ရှီ ချက်လုပ်သောအရက်ထက် သေချာပေါက် သာလွန်သည်။

လီကျန့်ယီသည် ပိုင်လီတုန်းကျွင်းကို လှမ်းကြည့်ပြီးနောက်၊ အရက်ချက်ခြင်းအပေါ် အာရုံစိုက်လိုက်သည်။

လီကျန့်ယီကို အမြဲအာရုံစိုက်နေခဲ့သော ရင်လော့ရှားသည် လီကျန်ယီ၏ တိုးတိုးလေးရေရွတ်သံကိုကြားသည်နှင့် သူမနားမလည်နိုင်စွာမေးလိုက်သည်။

"ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့စောပါသေးတယ်၊ဘာလို့ ဟိုကလေးကနိုင်မယ်လို့ ထင်ကြေးပေးနေရတာလဲ"

လီကျန့်ယီ: "..."

ဒီကလေးမက ဘာလို့အမြဲတမ်း သူ့ကိုလိုက်ကပ်နေသည့်ဟုထင်နေရသနည်း။တော်တော် ဘာရုံနှောက်တာပဲ!!

လီကျန့်ယီသည် သစ်သားဓားကို ဓားအစွပ်ထဲသို့ထည့်ကာ၊ ရင်လော့ရှားထံ အနည်းငယ်နီးကပ်စွာ ရွေ့လျားသွားလိုက်သည်။

ထိုအချင်းအရာကိုမြင်သည့် ရင်လော့ရှားက စိတ်လှုပ်ရှားသွားပြီး လီကျန့်ယီက သူမကို ချစ်ခွင့်ပန်ဖို့လာသည်ဟုတွေးလိုက်မိသည်။သူမ၏ မျက်နှာများမှာ ပိုလို့ပင်နီးရဲသွားသည် ။

ဒီကောင်လေးက ငါ့ကို ချစ်ခွင့်ပန်လာရင် ငါကအရွယ်မရောက်သေးဘူး၊အမေက လက်ထပ်တဲ့အရွယ်ရောက်မှ လက်ထပ်လို့ရတယ်ပြောထားတယ်!!ဟု အငြင်းစကားပါ ကြိုတင်ပြင်တင်ထားလိုက်သည်။

သို့သော်...လီကျန့်ယီတွင် ချစ်ခြင်းမေတ္တာဖွင့်ဟရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရင်လော့ရှား၏ရှေ့တွင်ရပ်လိုက်ပြီး ၊သူ့၏ ၁.၆ရှိသော

သူ့အရပ်က ရင်လော့ရှားထက် ခေါင်းတစ်လုံးပိုမြင့်လေသည်။လီကျန့်ယီက သူ့၏ ညာလက်ဖြင့် အရပ်ကွာခြားမှု့ကိုတိုင်းပြနေသည်။

"ညီမလေး၊ မြင်လား။ လူကြီးတစ်ယောက်ဆိုတာ ငါလိုမျိူး"

လီကျန့်ယီသည် သူ့လက်ကို အသုံးပြု၍ ရင်လော့ရှားနှင့်ထပ်မံ နှိုင်းယှဉ်ပြလိုက်သည်။

သူမသည် လီကျန့်ယီသည် ချစ်ခြင်းမေတ္တာဖွင့်ဟရန် လာမည်ဟု ထင်ခဲ့သည်၊ သို့သော် သူသည် သူမကို ထပ်မံစိတ်အနှောင့်အယှက်ဖြစ်စေရန် လာခဲ့ပြန်သည်။

အရပ်နှိုင်းယှဉ်နေသော လီကျန့်ယီ၏လက်ကို ဒေါသဖြင့် ရိုက်ချလိုက်ပြီး၊ ရင်လော့ရှားသည် သူမ၏နှာခေါင်းကို အနည်းငယ်တွန့်လိုက်သည်။ "ဟွန့် ....အရပ်ရှည်တိုင်းလည်း လူကြီးမဟုတ်ဘူး "

"ဟုတ်လား ..ဒါပေမဲ့ ညီမလေး၊ငါက အရပ်ရော၊အသက်ရော မင်းထက်ပိုတယ်"လန့်ကျန့်ယီက သူ့၏မျက်လုံးကိုတစ်ဖက်မှိတ်ပြီးပြောလိုက်သည်။

"မင်းကသာ ကလေး"ဟု အော်ပြီး ရင်လော့ရှားက သူမ၏ ညာဘက်လက်ကို မြှောက်ကာ လီကျန့်ယီကိုရိုက်ဖို့ပြင်လိုက်သည်။သို့ပေမဲ့ လီကျန့်ယီ၏ တုန့်ပြန်မှု့သည်လည်း လျင်မြန်လွန်းကာ သူမ၏ နုနယ်သောလက်ကို ချုပ်ထားလိုက်တော့သည်။

"ညီမလေး ...လူတစ်ယောက်ကို လက်လွတ်စပယ်ရိုက်တာ ပြစ်မှု့ကျူးလွန်တာပဲနော်"လုံးဝလှုပ်မရသည့် ရင်လော့ရှားကို လီကျန့်ယီက မတရားခံရသလိုမျိူးဟန်ဆောင်က ဥပဒေတွေ့ဖြင့်ပေါက်လေသည်။

"မင်း....မင်း ငါ့ကိုလွှတ်ပေးပါ"‌ခုနက ဒေါသတကြီးထွက်နေသော ရင်လော့ရှားက ထစ်ငေါ့ထစ်ငေါ့ဖြင့်ပြောလိုက်သည်။သူမ၏အသံသည် လုံးဝဒေါသထွက်နေသည့် အသံမဟုတ်တာအသေအချာပေ။

အလွန်နီးကပ်လွန်းသော လီကျန့်ယီ၏မျက်နှာကြောင့် သူမ၏ ဒေါသမှာ ခုနကတည်းကပျောက်ကွယ်သွားပြီဖြစ်သည်။အခုချိန်တွင် သူမက ဒီအနေအထားကနေ လွှတ်မြောက်ချင်တဲ့ဆန္ဒသာရှိတော့သည်။

"သူ နောက်တစ်ခါ ဖျားနာပြန်ပြီလား။"

"မိန်းကလေးတွေက ဒီလောက်များ လွယ်လွယ်နဲ့ ဖျားနာတတ်ကြသလား။"

လီကျန့်ယီသည် နေဝင်ဆည်းဆာကဲ့ကဲ့သို့ မျက်နှာနီမြန်းနေသော ရင် လော့ရှားကို ငေးငိုင်စွာဖြင့် ကြည့်နေသည်။

သူ့ထံ အလွန်နီးကပ်စွာရှိနေသော ချောမောသည့်မျက်နှာကို ကြည့်ရင်း၊ ရင်လော့ရှား၏မျက်နှာသည် ပို၍နီမြန်းလာသည်။

ဘယ်သူက ဖျားတာလဲ!!!

မင်းပဲ နေမယ် ကလေး!!

ငါတော့ မဟုတ်တာ ၁၀၀%!!

နောက်ဆုံးတွင်၊ လီကျန့်ယီ၏ အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူကာ၊ သူမသည် သူ့၏ထိန်းချုပ်မှုမှ လွတ်မြောက်ပြီး ဝေးရာသို့ ပြေးသွားလေသည်၊ လီကျန့်ယီက သူမ၏လက်များကို ပြန်လည်ထိန်းချုပ်မိမည်ကို ကြောက်ရွံ့နေသည့်ပုံရသည်။

All Chapters