ဓားနှလုံးဂူဗိမာန်က ပိုပြီးတောက်ပလာတော့မယ်
Vol. 2 Ch. 16
လီကျန့်ယီ၏လက်ထဲမှ လွတ်မြောက်ပြီးနောက် ရင်လော့ရှားသည် ထောင့်တစ်ခုတွင် ပုန်းအောင်းနေရင်း အသက်ရှူသံများ အမြန်ထိန်းချုပ်နေရသည်။သူမ၏ မျက်နှာလေးပေါ်ရှိ နီမြန်းသော အရောင်သည်လည်း တဖြည်းဖြည်း ပုံမှန်အတိုင်းဖြစ်လာသည်။
"ဒီကလေးက ခက်ခက်ခဲခဲကစားနေတာပဲ"လီကျန့်ယီက သူမကို စနှောက်သည့်အဖြစ်အပျက်ကို ပြန်သတိရမိသောအခါ ရင်လော့ရှား၏ မျက်နှာသည် နည်းနည်းလေး ပြန်နီလာသည်။
သို့သော်...ထိုအချိန်တွင်ပင်ဆရာရှဲ့နှင့် ပိုင်လီတုန်းကျွင်း တို့၏ ပြိုင်ပွဲရလဒ် ထွက်ပေါ်လာသည်။ရှဲ့ရှီသည်ပိုင်လီတုန်းကျွင်း ထံသို့ ချဉ်းကပ်ပြီး လက်သီးဆုပ်ပြီးဦးညွတ်လိုက်သည်။
"ဒီအကြိမ်တော့ ကျွန်တော် ရှုံးသွားပြီ၊ကျွန်တော့်အရက်က သင့်ရဲ့ အရက်လောက် အရသာမပြင်းခဲ့ဘူး"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.ဆရာရှဲ့ဖော်စပ်သည့် အရက်သည်ကသာ ပိုပြီးလူကြိုက်များသာပါ၊ ကျွန်တော်ဖော်စပ်တဲ့ အရက်လို လူနည်းစုပဲ သောက်သုံးကြတာ မဟုတ်ဘူးလေ" ဟု ပိုင်လီတုန်းကျွင်းက ရိုကျိုးစွာ ပြုံးရင်းပြောသည်။ဆရာရှဲ့ဖော်သည့် အရက်က အပျော့စားဝိုင်ပုံစံဖြစ်သောကြောင့် ရှုံးနှိမ့်ခဲ့ခြင်းဖြစ်သည်။
"ကောင်းပြီ၊ရှုံးတာက ရှုံးတာပဲ၊ဒါဆို ငါ ပြန်အုန်းမယ်၊အခွင့်အရေးကြုံရင် ကြည့်မျှော်စင်ငယ်ကို လာလည်ပြီးအတူတူအရက်သောက်ကြတာပေါ့"ဆရာရှဲ့သည်ရှုံး နိမ့်ခြင်းကို ဝန်မခံလိုသူမျိုး မဟုတ်၊ သူသည် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
"ပိုင်လီတုန်းကျွင်း...ကျောင်းတော်ရဲ့ ကနဦးစစ်ဆေးခြင်းကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။"
သခင်လေး လျူယဲ့သည် လဲ့မုန့်ရှားနှင့်အတူ ဘေးချင်းယှဉ်ရပ်လျက် ပိုင်လီတုန်းကျွင်း အောင်ကြောင်းပြောပြီးသည့်နှင့် ပထမထပ်ရှိ ကနဦးစာမေးပွဲ ဖြေဆိုမည့် လူအုပ်စုကို ကြည့်ကာ ပြောသည်။
"ပိုင်လီတုန်းကျွင်းကို နမူနာထားပြီး ကျန်တဲ့ စာမေးပွဲဖြေသူတွေလည်း မိမိတို့၏ အကောင်းဆုံးစွမ်းရည်ကို ပြသကြပါ"
"ကျွန်မ...လောင်းကစားနည်းကို ရွေးတယ်"
လျူယဲ့၏စကားကို ကြားလိုက်ရသည်နှင့် ရင်လော့ရှားက သူမ၏ လက်လေးကို မြှောက်လိုက်သည်။
"ကောင်းပြီ၊မင်းရဲ့ ပြိုင်ဘက်က ရွှေတစ်ထောင်ခန်းမ ပိုင်ရှင်ဆရာတု ပဲ"
"ရင်လော့ရှား...မင်းသာဆရာတုကို အနိုင်ရရင် ကျောင်းတော်ရဲ့ စာမေးပွဲကို အောင်တယ်လိုသတ်မှတ်မယ်" ဟု လျူယဲ့က ခေါင်းအနည်းငယ်ညိတ်ကာ ပြောသည်။
ထိုသို့မြင်တွေ့ရသည်နှင့်ဒုတိယထပ်ရှိ သီးသန့်ခန်းမထဲက ဆရာတုသည် အကျယ်ကြီး ရယ်မောလိုက်သည်။
"ကောင်မလေး ဘယ်နည်းနဲ့ယှဉ်ပြိုင်ချင်လဲ ရွေးလိုက်ပါ"
"အန်စာတုံးလှိမ့်ပြီး အကြီးအသေးယှဉ်မယ်၊ အဲဒါက ပိုမြန်လို့ပဲ" ဟု ရင်လော့ရှားက ပြောသည်။
"ကောင်းပြီ၊ အန်စာတုံးအသစ်တွေ ယူလာခဲ့ကြ" ဟု ဆရာတုက အောက်ထပ်ဆင်းလာပြီး သူ့ဘေးရှိ အစောင့်ကို အမိန့်ပေးလိုက်သည်။
သိပ်မကြာပေ အားလုံးက အကုန်ပြင်ဆင်သွားပြီဖြစ်သည်။
အန်စာတုံးအသစ်သုံးတုံးကိုပထမထပ်ရှိ လောင်းကစားစားပွဲပေါ်တွင် တင်ထားပြီး လီကျန့်ယီ အပါအဝင် လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်ရရင်လော့ရှားသည် အလွန်ကျွမ်းကျင်သော လောင်းကစားသမားတစ်ဦးဖြစ်သည်ဟု၊ လူတိုင်းက အချိန်အတော်ကြာကတည်းက ကြားဖူးနေခဲ့သောကြောင့်၊ရင်လော့ရှားက
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ဆရာတုကို အနိုင်ရနိုင်မလားဟု သိချင်ကြသည်။
"အန်စာတုံးကိုရင် အတွင်းအားအသုံးမပြုပြီး ခိုးမကြည့်ရဘူး၊၊ခိုးသုံးရင်အရှုံးပဲ" ဟုရင်လော့ရှားက သူမ၏ ဖြူစင်နုနယ်သော လက်ဖြင့် လောင်းကစား စားပွဲကိုရိုက်ပြီး၊သူ့ရှေ့မှာရှိနေသော ဆရာတုကို
ကြည့်ကာပြောလိုက်သည်။
"ကောင်းပြီ" ဟု ဆရာတုက ခေါင်းညိတ်လိုက်သည်။သူအနေနဲ့ သဘောမတူနိုင်စရာအကြောင်းမရှိပေ။လောင်းကစားတွေက ကံအပေါ်အမျကြီးမူတည်နေသည်။
ထို့နောက် ဆရာကြီးတု အန်စာတုံးများကို သစ်သားပုံးထဲသို့ ထည့်ပြီးသစ်သားပုံးကိုလှုပ်ရမ်းပြီးမွှေလိုက်သည်။စက္ကန်ပိုင်းကြာပြီးနောက် သူက သစ်သားပုံးကို လောင်းကစားစားပွဲပေါ်သို့ ချလိုက်ပြီး ပြောလိုက်သည်။
"ကောင်မလေး... မှန်းကြည့်လို့ရပြီ"
"ငါး သုံးလုံး၊စုစုပေါင်း ဆယ့်ငါးမှတ်..အပွင့်ကြီး။"
မျက်လုံးမှိတ်ပြီး ရင်လော့ရှားသည် သူမ၏ စိတ်ထဲတွင် အန်စာတုံးလှိမ့်သံကို၊ ပြန်လည်တွေးတောကာ အဖြေကိုပေးလိုက်သည်။
ထိုစကားကိုကြားပြီးနောက် ဆရာတုသည် သစ်သားပုံးကို ဖွင့်လိုက်ကာ လူအားလုံး၏မျက်လုံးသည်လည်း အံစာတုံးကို အာရုံစိုက်လိုက်ကြသည်။တကယ်ပင် အန်စာတုံး ငါးသုံးတုံး... ဆယ့်ငါးအမှတ်ပင်ဖြစ်သည်။
"လောင်းကစားဘုရင်ရဲ့သမီးဆိုတဲ့အတိုင်းပဲ၊ အတွင်းအားအသုံးမပြု တောင် အကုန်လုံးအတိအကျမှန်ကန်စွာ ခန့်မှန်းနိုင်သေးတယ်"
ဤလောင်းကစားကျွမ်းကျင်မှုကိုလက်ရှိ ရှိနေသူများထဲတွင်
မည်သူမျှ မတုနိုင်ဟု ဆိုနိုင်သည်။ပထမထပ်မှ စောင့်ကြည့်နေသူများလည်းအံ့ဩသွားကြသည်။ ဘာမှမမြင်ရသည့် ပုံးထဲဟာကို အတိအကျ ခန့်မှန့်နိုင်ဖို့က အမှန်တကယ်မလွယ်သည့် အလုပ်တစ်ခုဖြစ်သည်။
ဆရာတုသည်လည်း အံ့အားသင့်စွာပြောလိုက်သည်။ကလေးမက ဒီလောက်မြန်မြန်နှင့် မှန်မှန်ကန်ပြောနိုင်မည်မထင်ထားခဲ့ပေ။
"ဒီကောင်မလေးက လောင်းကစားမှာပါရမီပါတာပဲ၊ သူ့အဖေလောင်းကစားဘုရင်ရဲ့ကစားနည်းကို ဆက်ခံထားနိုင်တာပဲ"
"ဒါပေါ့ ငါက အဖေရဲ့သမီးပဲလေ" ရင်လော့ရှား၏ နှုတ်ခမ်းများက အနည်းငယ်ကွေးသွားပြီး သူမသည် လီကျန့်ယီကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကလေး ၊မင်းလည်း ကျောင်းတော်ရဲ့ ကနဦးစာမေးပွဲဖြေသူတွေထဲက တစ်ယောက်ပဲ ကနဦးစာမေးပွဲကို ဖြတ်ကျော်နိုင်ပါ့မလား"ဟု ရင်လော့ရှားက အနည်းငယ်လှောင်ပြောင်ရင်း ပြောလိုက်သည်။
လူအားလုံးသည်ဓားကျင့်နေသော လီကျန့်ယီဘက်သို့ လှည့်သွားကြသည်။ထိုကလေးက အများကြီးစားနိုင်တဲ့အပြင် ၊ဘာအရည်းအချင်းရှိသေးသနည်း။
လီကျန့်ယီသည် အေးဆေးတည်ငြိမ်စွာဖြင့် သူ့သစ်သားဓားကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်သွင်းလိုက်ပြီး လျူယဲ့ကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော် ဓားနဲ့ပြိုင်ချင်တယ်"
"ကောင်းပြီ၊မင်းရဲ့ ပြိုင်ဘက်က ဓားနှလုံးဂူဗိမာန်က ဆရာလီပဲ"
"မင်းသာ ဆရာလီကိုနိုင်ရင်၊ကျောင်းတော်ရဲ့ ကနဦးစစ်ဆေးမှုကို ကျော်ဖြတ်ပြီးနိုင်လို့ သတ်မှတ်မယါ" ဟု လီကျန့်ယီက သူဓားဖြင့်ပြိုင်ချင်ကြောင်း ပြောလိုက်သည့်နှင့်၊လျူယဲ့၏ စိတ်ထဲတွင်ပြိုင်ဘက် တစ်ဦးကို ရွေးချယ်ထားပြီးသားဖြစ်သွားသည်။
ဒုတိယထပ်ရှိသီးသန့်ခန်းမထဲတွင် လီဆူးဝမ်သည် ထလိုက်ပြီး ဖြည်းဖြည်းချင်း ပထမထပ်သို့ ဆင်းချလာသည်။
"အို...သူတို့နှစ်ယောက်က ဘယ်သူနိုင်မလဲ၊တစ်ယောက်က ဆရာ၊တစ်ယောက်ကတပည့်"
'"မျိူးဆက်သစ် မျိူးဆက်ဟောင်းကို ဖြတ်ကျော်နိုင်ပါ့လား"စောင့်ကြည့်သူများက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
မျိူးဆက်သစ်၏ ကျောင်းဝင်ခွင့်ဝင်ရောက်ဖို့ မျိူးဆက်ဟောင်းဆရာက စမ်းသပ်သူအဖြစ်ကြီးကြပ်နေ သည်။ဤသည်မှာ ဓားနှလုံးဂူဗိမာန် မျိုးဆက်နှစ်ဆက်၏ တိုက်ပွဲတစ်ခု ဖြစ်နေသည်။
ဆရာလီက သူ့၏ တပည့်ကိုအလျှော့ပေးပြီး ဝင်ခွင့်ပေးမည်ကိုစိုးရိမ်စရာမလိုပေ။ဘာလို့ဆို ဓားသမားများသည် ဖြောင့်မတ်မှု့တရားကို ဆွဲကိုင်ထားသည့်လူများဖြစ်သည်။ထိုကြောင့် ဓားသမားတို့၏ အလွန်ရိုးရှင်းပြီး တည့်တိုးဆန်သည်။အားလုံးသည် လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို ကြည့်နေကြသည်။
"ယီယီ၊မင်းအရင်စမလား၊ဆရာက အရင်စရမလား" ဟု လီဆူးဝမ်က လီကျန့်ယီကိုမေးလိုက်သည်။သူ့တပည့်ကို သူယုံကြည်သည်။
"ကျေးဇူးပြု၍ ဆရာပဲ စလိုက်ပါ"
လီကျန့်ယီက အနည်းငယ်ခြေလှမ်းပြန်ဆုတ်ကာ သူတို့နှစ်ယောက်ကြားနေရာခြားလိုက်သည်။
"ကောင်းပြီ။"
လီဆူးဝမ်ကခေါင်းအနည်းငယ်ညိတ်လိုက်သည်။ထို့နောက်သူ သည် သူ၏ အတွင်းအားဖြင့် လီရှင်းယွဲ့၏ ခါးမှာချိတ်ထားသော နှလုံးသာဓားကိုဆွဲယူလိုက်သည်။
လီဆူးဝမ်က သူ့၏လက်ထဲ ဓားကိုလွဲရမ်းလိုက်ပြီး ဓားချက်ကိုထုတ်လိုက်သည်။ထို ဓားချက်တွင် ကောင်းကင်ဖြတ်သန်းခြင်းစွမ်းအားများအပြည့်အဝပါလေသည်။ ကန်သတ်မဲ့ဓား!!
"အရာခပ်သိမ်း ကန်သတ်မဲ့ဓားစွမ်းအင်၊အကြီးအကဲလီက လုံးဝအလျှော့မပေးဘူးပဲ"
အားလုံး၏ မျက်လုံသည်လည်းနောက်တစ်ဖန် လီကျန့်ယီဘက် ရောက်သွားပြန်သည်။အကြဲအကဲလီ၏ ဓားချက်ကို ထိုလူငယ်က ဘယ်လို တုံပြန်မလဲဆိုတာ သိချင်ကြသည်။
"ယီယီက ဆရာလီကိုနိုင်ဖို့ အခွင့်အလမ်း ရှိမယ်ထင်လား" ဒုတိယထပ်ရှိ လျူယဲ့က သူ့ဘေးရှိ လဲ့မုန့်ရှားကို ကြည့်ကာ မေးလိုက်သည်။
"အခွင့်အလမ်းငါးဆယ် ငါးဆယ်ပဲ... ကျွန်တော်ကလည်း ဓားသမားမဟုတ်ဘူးလေ" ဟု လဲ့မုန့်ရှားက သူ၏ စိတ်ထဲတွင် လီကျန့်ယီ ဓားကျင့်နေပုံကို ပြန်လည်မြင်ယောင်ကြည့်ပြီး လက်ရှိအချိန်တွင် လီဆူးဝမ် ဓားချက်နှင့် နှိုင်းယှဉ်ကာ ဆင်ခြင်တုံတရားအရ ဖြေလိုက်သည်။
သို့သော်...သူ၏အဖြေကို ဓားသမားဖြစ်သော လီရှင်းယွဲ့က အလျင်အမြန် ဆန့်ကျင်လိုက်သည်။
"မဟုတ်ဘူး... အဖေကရှုံးမှာ၊ယီယီလည်း အရာခပ်သိမ်း
ကန့်သတ်မဲ့တုံ့ပြန်ခြင်းအခြေအနေ ကိုထုတ်သုံးနိုင်တယ်၊ယီယီက ဓားနဲ့တသားဖြစ်တဲ့အခြေအနေကို ရောက်ရင် ရောက်လိမ့်မယ်"လီရှင်းယွဲ့စကားပြောပြီးသည်နှင့်.ကြည့်ရှုနေသူအားလုံးမြင်လိုက်ရသည်မှာ လီကျန့်ယီသည် သစ်သားဓားကို ကိုင်ထားပြီး "ဓားထိုးသတ်"အနေအထားဖြင့်နေရာယူထားသည်။
ဓားသမားတွင် တစ်ခြားကျင့်ကြံသူတို့တွေနှင့် အနည်းငယ်ခြားနားမှု့ရှိကာ ဓားနဲ့တစ်သားတည်း ဖြစ်သည့်အခြေအနေသည်၊ ဓားသမားအများစုက တောင့်တနေသည့်အရာတစ်ခုဖြစ်သည်။
သူ့ပုခုံးနှင့်ဓားက တန်းလျက်၊သူ၏ ဓားလွှဲလိုက်သည့်အခါ သူ့ပတ်ဝန်းကျင်ရှိလေထုများကို ဓားစွမ်းအင်လှိုင်း များဖြစ်ပေါ်လာကာ လီကျန့်ယီသည်လည် အရာခပ်သိမ်း ကန့်သတ်မဲ့ဓားစွမ်းအင်ကို ထုတ်လိုက်သည်။
ထိုနောက် လီကျန်ယီကိုကြည့်နေသည့်လူများက သူ့၏ ဓားစက်ကွင်းထဲသို့ဆွဲသွင်းခံရသည်။ဤကမ္ဘာတွင်လူတစ်ယောက်နှင့် ဓားတစ်ချောင်းတည်းသာရှိသည်။ဓားနှင့်လူ တစ်သားတည်းဖြစ်သည့်အခြေအနေ၊ယခုချိန်တွင် ယီကျန့်ယီကိုယ်တိုင်ကပင် ချွန်းထက်သည့် ဓားဖြစ်နေသည်။ထိုနောက် လီကျန့်ယီက ဓားကို ရိုးရှင်းသည့်ဓားချက်ကိုထုတ်လိုက်သည်။
ဓားတစ်ချက်က အနိုင်အရှုံးဆုံးဖြတ်ပေးသွားပြီ။လီဆူးဝမ်၏ ဓားကွက်ဖျက်ဆီးခံလိုက်သောကြောင့် လီကန့်ယီက နိုင်သွားပြီဖြစ်သည်။
လီဆူးဝမ်သည်လည်း သူ့၏တပည့်ကို ဂုဏ်ယူစွာကြည့်နေသည်။
ယီယီလုပ်နိုင်မယ်လို့ ငါ ယုံကြည်ပြီးသား!!
"မင်း ကနဦးစမ်းသပ်စာမေးပွဲကို စစ်ဆေးမှု့ကိုကျော်ဖြတ်နိုင်ပြီ"လျူယဲ့က ငေးငိုင်ရင်းပြောလိုက်သည်။ဒါကြောင့် ဓားသမားတွေက ရိုးရှင်းတယ်လို့ပြောကြတာကို ဓားတစ်ကွက်ပဲ ပြီးသွားပြီ။
"အရာခပ်သိမ်းတုံ့ပြန်ခြင်း အခြေအနေသည် ကောင်းကင်ဖြတ်သန်းခြင်းအဆင့်သို့ရောက်မှသာ ရရှိနိုင်သောအရာဖြစ်သည်။ဓားနှလုံးဂူဗိမာန်ရဲ့ဆက်ခံသူက အသက် ၁၁ နှစ်ခန့်သာရှိသေးတာမလား၊ ဒါပေ သူသည် ကောင်းကင်ဖြတ်သန်းခြင်း အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီးသားလား"ဆရာသခင် လျူယဲ့ပြောခဲ့သည့်အတိုင်းသာဆိုရင် ထိုကလေးက အမှန်တကယ် ၁၁နှစ်သာရှိသေးသည်။
တစ်ချိူ့သော ဓားသမားများသည်လည်း၊ဓားနှင့်လူ တစ်သားတည်းရှိသည့် အခြေအနေကိုကြည့်ပြီ အံ့အားသင့်သွားကြသည်။ထိုလူငယ်က၏ဓားအပေါ် နားလည်သဘောပေါက်မှု့က သူတို့ ထက်သာလွန်နေသောကြောင့်ပင်။
သူတို့ရှေ့တွင်ရှိသော ကောင်လေးသည် ၁၁ နှစ်ခန့်သာ ရှိသေးသည်။ထိုသို့သော ပါရမီနှင့်ဆိုလျှင် မြောက်ပိုင်းလီဒေသ၏ နံပါတ်တစ် အသက်အငယ်ဆုံးကျင့်ကြံသူအဖြစ် သတ်မှတ်ခံရသင့်သည်။
"ဓားနှလုံးဂူဗိမာန် ပိုပြီးထွန်းကားလာတော့မယ်"
လူအုပ်ထဲမှစောင့်ကြည့်နေသော ချန်ချင်းတောင်ကုန်းမှ ဝမ်ရီရှင်းက လီကျန့်ယီကို စိုက်ကြည့်ကာ ပြောသည်။
အစကသူထင်ခဲ့သည်မှာ ချန်ချင်းတောင်ကုန်းမှာရှိတဲ့ သူ့၏ ဂျူနီယာ ကျောက်ယုကျန်းကသာ ပါရမီအရှိဆုံး ဟုထင်ခဲ့သည်။ဒါပေမဲ့ ကျောင်းတော်၏ ကနဦးစပ်သပ်သည့် စာမေးပွဲတွင် သူဂျူနီယာထက် ပါရမီရှိသောလူကို တွေ့ရမည်ဟု မထင်ထားပေ။ဤဓားနှလုံးဂူဗိမာန် ဆက်ခံသူက နတ်ဆိုးတစ်ကောင်ပဲ။
"ဒါက ၊သူ့မှာလည်း သခင်လေး လျူယဲ့လို ကျင့်ကြံခြင်းအဆင့်လည်းရှိတယ်." ရင်လော့ရှားက သူမအရင်ကထားခဲ့သည့်စံနှုန်းကိုအသံပါထွက်ရင်းပြောလိုက် သည်။သူက စံနှုန်းမှီတယ်!!
ရွှေတစ်ထောင်ခန်းမ၏ တတိယထပ် သီးသန့်ခန်းတွင်၊ ချင်ဝမ်၊ လန်ယာဝမ်နှင့် ကျင်းကျူးဝမ်တို့သည်ရုတ်တရက်ပေါ် ထွက်လာသော ဤမြင်းနက်ကို မြင်ရသည့်အခါ ထုတ်ဖော်ပြောဆိုကြသည။- "ဓားနှလုံးဂူဗိမာန်ရဲ့ကျင့်ကြံသူများ အမြဲတမ်းအံဩမှု့ပေးစွမ်းတယ်"
သို့သော် မျိုးဆက်သစ်သည် မျိူးဆက်ဟောင်း လီအကြီးအကဲထက် ပို၍ပင် အံ့ဩစရာကောင်းသော ပါရမီရှင်ဖြစ်သည်။ အနာဂတ်တွင် ကျင်ကြံသူလောကသည် ဓားနှလုံးဂူဗိမာန်က အမှန်တကယ်ထွန်းတောက်ပေတော့မည်။