ပိုက်ဆံကိုဖြုန်းးတတ်တဲ့ အမျိူးသမီးကိုမကြိုက်နဲ့
Vol. 2 Ch. 17
လူတစ်ယောက်နှင့် ဓားတစ်လက်တည်းသော ဓားစက်ကွင်း ကမ္ဘာ၏အခြေအနေမှ လူတိုင်း နိုးထလာခဲ့ကြသည်။ ဤအချိန်တွင်လျူယဲ့သည်လည်း လီကျန့်ယီကို တုန်လှုပ်စွာကြည့်လိုက်သည်။
သူ့မှာချောမောတဲ့ ရုပ်ရည်လည်းရှိတယ်၊ဓားရေးမှာလည်း ထူးချွန်တဲ့လူ!!
ဒါက နတ်ဘုရားက သူ့ဆီပို့ပေးလိုက်တဲ့ တပည့်တစ်ဦးလား!!
သူက လီကျန့်ယီကို လောဘတတ်သည့်မျက်လုံးဖြင့်ကြည့်ကာ သူ့၏ ကိုယ်ပိုင်တပည့်အဖြစ်ခေါ်ယူချင်သည်။
"လဲ့အာ၊ငါ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာတယ်။"
လျူယဲ့သည် လဲ့မုန့်ရှားကို ကြည့်ကာ အတွေးနက်နက်ဖြင့် ပြောလိုက်သည်။
လဲ့မုန့်ရှားက အေးစက်စက် ပြုံးရယ်ကာ
"မင်းရဲ့အတွေးကို ကိုင်တွယ်ဖြေရှင်းဖို့ ကျုပ်ရဲ့ အဖေမှာ ဓားတစ်လက်ရှိတယ်" ဟု ပြောလိုက်သည်။
ဓားသမားမဟုတ်သည့်လူက ဓားသမားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တပည့်တော်ချင်နေသနည်း။ပြီးတော့ သူ လျူယဲ့ကိုနားလည်လေသည်။ ယီယီ၏ ဓားရေးကျွမ်း ကျင်မှု့ထက် ယီယီ၏ချောမောသည့်ရုပ်ရည်ကြောင့် တပည့်ခေါ်ယူချင်စိတ်ပိုများတာဖြစ်မှန်းသေချာနေသည်။လျူယဲ့၏ တပည့်ခေါ်သည့် အရေးကြီးဆုံးစံနှုန်းက "ချောမောနှင့်လှပ"မှု့ကို အလေးထာသည်။
လျူယဲ့"...."
ဒီလူငယ်လေးဟာ ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူဖြစ်နေတာကို မေ့သွားတာဖြစ်မယ်!!
သူက လီဆူးဝမ်ရဲ့ အဖိုးတန်ဆုံး ရတနာပဲ!?
လျူယဲ့က ခိုးယရဲ့သည့် သတ္တိရှိမလား!?
"လျူယဲ့ လက်လျော့လိုက်ပါ၊ ငါ့တို့ရဲ့ ယီယီကို မင်းကိုင်တွယ်
နိုင်တဲ့သူမဟုတ်ဘူး၊ကျုပ်က လျှို့ဝှက်ချက်လေး တစ်ခုပြောပြမယ် ယီယီက ကောင်းကင်ဖြတ်သန်းခြင်းအဆင့်မှာမဟုတ်ဘူး ၊သူက
ဖုယောင်အဆင့်မှာပဲ၊ကျုပ်နဲ့ မင်းနှစ်ယောက် ပေါင်းစည်းထားတာထက်တောင် ပိုအားကောင်းသေးတယ်"
"ဒါကြောင့် မင်းရဲ့ တပည့်အဖြစ်ခေါ်ဖို့အတွေးကို လျှော့ချသင့်တယ်၊မဟုတ်ရင်မင်းကသာ သူတပည့်ဖြစ်သွားရလိမ့်မယ်"လဲ့မုန့်ရှားက လက်နှစ်ဖက်ကို ရင်ဘတ်မှာယှက်ထားရင်း၊ သူကိုယ်တိုင် ဖုယောင်အဆင့် ရောက်သွားသကဲ့သို့ ဂုဏ်ယူမှု့အပြည့်ဖြင့်ပြောသည်။
"ဖုယောင်အဆင့်ဟုတ်လား၊ဆရာတော်တောင် ဒီအကြောင်းကို စိတ်ဝင်စားသွားမှာပဲ." လဲ့မုန့်ရှား၏ စကားကို ကြားလိုက်ရသည်နှင့် လျူယဲ့သည် ဤကမ္ဘာ့ နံပါတ်တစ်လူသား - လီချန်းရှန့်ကို တွေးမိသွားသည်။
" စိတ်မကောင်းစရာကတော့ လီဆရာကြီးမှာ အဲဒီကံကောင်းခြင်းမရှိ တော့ဘူး၊အခုတော့သူဟာ ကျုပ်ရဲ့အဖေ၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်သွားပြီးပြီ၊" လဲ့မုန့်ရှားက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းကို မော့ပြကာပြောပြန်သည်။
ငါက သူ့ကိုတပည့်အဖြစ်မခေါ်ယူနိုင်ပေမဲ့ သူ့ကငါ့ရဲ့ယောက်ဖဖြစ်နေတုန်းပဲ ဟု တွေးကာ လဲမုန့်ရှားက အလွန်အူမြူးနေသည်။
"စိတ်မကောင်းစရာပဲ၊စိတ်မကောင်းစရာပဲ" လျူယဲ့က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ထို့နောက် ကျောင်း၏ ကနဦးစာမေးပွဲသည် ဆက်လက်ကျင်းပခဲ့သည်။ကျောင်း၏ ကနဦးစာမေးပွဲသည် ညနေအထိကျင်းပခဲ့ရပြီး လူဦးရေ ရှစ်ဆယ့်တစ်ယောက်ထဲက နှစ်ဆယ့်ကိုးယောက်သာအောင်မြင်ခဲ့သည်။
အပေါ်ထပ်တွင် ရပ်နေသော လျူယဲ့သည် အောက်ထပ်ရှိ ကနဦးစာမေးပွဲ အောင်မြင်သူများကို အေးဆေးတည်ငြိမ်စွာ ကြည့်ကာ"ကနဦးစာမေးပွဲ အောင်မြင်ကြတဲ့ အတွက် အားလုံးကို ဂုဏ်ယူပါတယ်။ အလယ်အလတ် စာမေးပွဲကို ရွှေတစ်ထောင်ခန်းမမှာပဲ ဆက်ကျင်းပမှာ၊ကနဦးစာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် မနက်ဖြန် မွန်းတည့်ချိန်မတိုင်ခင် စာမေးပွဲကျင်းပရာနေရာကို အချိန်မှီရောက်ရမယ်"ဟု ပြောကာထွက်သွားလေတော့သည်။
...
ရွှေတစ်ထောင်ခန်းမ အပြင်။
ကျောင်း၏ ကနဦးစာမေးပွဲအပြီးတွင် လီဆူးဝမ်သည် လီကျန့်ယီအား ပြင်ပကမ္ဘာကို ပြသလိုသော ဆန္ဒဖြင့် သူ့ကို ထျန်ချီမြို့၏ဈေးကို ခေါ်သွားသည်။
လဲ့မုန့်ရှား၊ လီရှင်းယွဲ့၊ ရှောင်ဟန်းယီတို့လည်း ဈေးကိုအတူတူလိုက်သွားကြသည်။
လျူယဲ့အနေဖြင့်သူတိုနှင့် လမ်းခွဲကာ ၊ကနဦးစာမေးပွဲ အောင်မြင်သူများစာရင်းကို အစီရင်ခံတင်ပြရန် ကျီးရှားကျောင်းတောသို့ ပြန်သွားသည်။
စည်ကားလှသော ဈေးသို့ရောက်သောအခါ၊လမ်းဘေးများတွင် အပူပန်ကင်းလျက် ဆော့ကစားနေကြသည့်ကလေးများကို တွေ့မြင်ရသည်။
တစ်ချို့ကလေးများက ပြေးလွှားနေပြီး သူတို့၏ နောက်တွင် တုတ်ကိုကိုင်ဆောင်ပြီး လိုလိုက်နေသည့် သတ်လတ်ပိုင်းမိန်းမကြီးလည်းတွေ့ရသည်။
"ယီယီ၊ မင်းမြင်လား၊ဒါက နှစ်နှစ်အရွယ် ကလေးရဲ့တွေရဲ့မူရင်းပုံစံပဲမင်းငယ်ငယ်တုန်းက မင်းလုပ်ခဲ့တာကို ပြန်တွေးကြည့်လိုက်စမ်းဓားကိုတစ်ချိန်လုံးကိုင်နေတာ၊မင်းရဲ့နေထိုင်မှု့ပုံစံက ဆရာရဲ့ နှလုံးသားကိုနာကျင်စေတယ်"လီဆူးဝမ်က သူတပည့်ထူးချွန်တာကို ဂုဏ်ယူပေမဲ့၊သူ့တပည့် ဘယ်လောက်ထိ ပင်ပင်ပန်းပန်းကြိုးစားခဲ့လည်းဆိုတာ သူအသိဆုံးပင်၊သူ့မှာ ဆော့ကစားချိန်ရော အိပ်ချိန်တစ်ချိူ့တစ်ဝက်ပါ လဲလှယ်ခဲ့ရသည်။
"ကံကောင်းတာက ဟန်ယီက ဓားနှလုံးဂူဗိမာန်ကို လာလည်ပြီး မင်းနဲ့အတူ ကစားပေးခဲ့တယ်၊ မဟုတ်ရင် မင်းအတွက် သင့်တော်တဲ့ ကလေးဘဝကို ငါ ပေးရမှန်းမသိခဲ့ဘူး"
လီဆူးဝမ်သည် ဈေးလမ်းမကြီးတစ်လျှောက် လမ်းလျှောက်ရင်း၊ လမ်းပေါ်တွင် ကစားနေသည့် ကလေးငယ်များကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ဟန်ယီ၏ အဝတ်အစားများသည် လေတိုက်ခြင်းကြောင့် လေနှင့်အတူလွှင့်နေပြီး၊သူမ၏ ဆံထုံးပေါ်က ဆံထိုးများသည်လည်းရမ်းခါနေသည်။လီဆူးဝမ်၏ စကားကိုကြားသောအခါ ဟန်ယီက သဘောတူစွာ ခေါင်းညိတ်ထောက်ခံလေသည်။
လီကျန့်ယီက ငြိမ်သက်စွာနားထောင်ရင်း သူ့၏သစ်သားကိုလှမ်းကြည့်သည့်အချိန်တွင် သူ၏မျက်စိထောင့်ဖြင့် ရင်လော့ရှားက သူကိုချောင်းမြောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ညီမလေး၊ ငါတို့ကို လိုက်ချောင်းပြီး ဘာလုပ်နေတာလဲ" လီကျန့်ယီက ရင်လော့ရှားကို ကြည့်ကာ မေးလိုက်သည်။
"ဘယ်သူက ချောင်းမြောင်းလိုက်နေတာလဲ၊ငါ့အိမ်က ဒီဘက်မှာရှိတာ၊ပြီးတော့ ဒီလမ်းက မင်းတို့ရဲ့ လမ်းလည်း မဟုတ်ဘူး။"
ရင်လော့ရှားသည် သူမ ရှာဖွေတွေ့ရှိခံရသည်ကို သတိပြုမိသည်နှင့် ခိုးကြည့်နေသည့်သူက သူမ မဟုတ်သည့်အတိုင်းထွက်လာပြီး လီကျန့်ယီကို ချက်ချလက်ကျပြောပြလိုက်သည်။
ချောင်းကြည့်တော့ဘာဖြစ်လဲ..ငါ ဝန်မခံရင် မင်းတို့သိစရာအကြောင်းမရှိဘူး!!
"အိုး၊ ဒါဆို အိမ်ကိုမပြန်ပဲ၊အဲ့မှာ သူခိုးလိုဘာလို့ပုန်းနေတာလဲ" လီကျန့်ယီက စပ်စုသည့်အကြည့်ဖြင့် မေးလိုက်သည်။
"ငါ ..ငါက ပြန်ဖို့လုပ်နေတာ" ရင်လော့ရှားက အသက်ရှုသံပြင်းပြင်းနှင့် ပြောပြီး၊ ခြေလှမ်းကျဲ့ဖြင့် ထွက်ပြေးသွားခဲ့သည်။
သူမက လီကျန့်ယီကိုလိုက်ပြီး နောင်ယောင်ခံနေခြင်းဖြစ်သည်။
သူမတွင် လီကျန့်ယီကို မေးစရာမေးခွန်းရှိနေသည်။
ငွေဖြုန်းတတ်သည့်မိန်းကလေးကို ကြိုက်သည်ဆိုတာက သူမကိုရည်ညွှန်းခြင်းလားဟု အတည်ပြုချင်သည်။
ဒါပေမဲ့ လီကျန့်ယီ၏ မိသားစုတစ်ခုလုံးလည်းရှိနေပြီး၊ သူမအသက်နှင့် အတူတူဖြစ်နေသည့် မိန်းကလေးငယ်လေး တစ်ယောက်လည်း ဘေးမှာရှိနေတော့၊ သူမအနေနှင့် လီကျန့်ယီကို ဘယ်လိုမှ မေးမြန်းခွင့်မသာခဲ့ပေ။
ဒါကြောင့် သူမက လီကျန့်ယီကို လိုက်ပြီး၊ သင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှာဖွေကာ သူ့ကို မေးကြည့်ရန်မျှော်လင့်ခဲ့သည်။နောက်တစ်ခါခုက သူမမှာ ဝါးချောင်းလိုဖြောင့်တန်းမနေဘူးဆိုသာ သက်သေပြချင်သည်။
"ဒီမိန်းကလေးငယ်လေး စိတ်ဝင်စားစရာပဲ"
လီရှင်းယွဲ့က ရရင်လော့ရှား ထွက်ပြေးသွားပုံကို ကြည့်ရင်း လီကျန့်ယီကို အဓိပ္ပာယ်ရှိရှိ ကြည့်လိုက်၏။
"အစ်မလီ၊ အဲ့မိန်းကလေး စိတ်ဝင်စားစရာကောင်းတယ်ပြောပြီး
ဘာလို့ ကျွန်တော့်ကို အဲဒီလို ကြည့်နေတာလဲ" လီကျန့်ယီက လီရှင်းယွဲ့သည် သူ့ကို မူမမှန်သည့်အပြုံးကို သတိပြုမိပြီး မနေနိုင်တော့ဘဲ မေးလိုက်သည်။
"မိန်းကလေးငယ်လေးက ယီယီကို လိုက်နေတာ သေချာတယ်၊သူမက ယီယီကို ကြိုက်တာလည်း ဖြစ်နိုင်သေးတယ်"
"ဒါပေမယ့် ယီယီ၊ မင်းပြောလိုက်တဲ့ စကားကြောင့် မိန်းကလေးငယ်လေး ရှက်ပြီး ထွက်ပြေးသွားပြီ" လီရှင်းယွဲ့သည်လည်း မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက်၊ မိန်းကလေး၏ အမူအရာကိုမြင်ရုံနဲ့တင်ဘာတွေ စဉ်းစားနေသည်ကို သဘောပေါက်သည်။
"မြောက်ပိုင်း လီဒေသ မင်းသားကြီးရဲ့ မြေးမလေး၊လျူယဲ့က သူမကို တပည့်ခံချင်နေတယ်၊စရိုက်ကောင်းတဲ့ မိန်းကလေးပဲ"
"ယီယီ၊ နောက်ပိုင်းမှာ လူတွေနဲ့ ပိုဆက်ဆံပါ၊ တစ်ယောက်တည်း ဓားရေးလေ့ကျင့်နေတာတွေကို မလုပ်တော့နဲ့၊ရွယ်တူ သူငယ်ချင်းတွေနဲ့ အတူတူ ကစားပါ၊ ဒါမှ ကျုပ်ရဲ့ အဖေက မင်းရဲ့ ကလေးဘဝကို ပျော်စရာမပေးနိုင်မှာစိုးရိမ်တဲ့စိတ်က၊ နောက်ကျရင် မင်း ဇနီးကောင်းမရမှာကို စိုးရိမ် စရာမလိုတော့ဘူးပေါ့။" လဲ့မုန့်ရှားက လီဆူးဝမ်ကို လှမ်းကြည့်ရင်း၊ အဓိပ္ပာယ်ရှိရှိ ပြုံးပြလိုက်သည်။
"ဒီမိန်းကလေးလေးက ထိန်းကျောင်းရ သိပ်လွယ်လွန်းတယ်၊ အံစာတုံး အနည်းငယ်နဲ့ သူမရဲ့ တစ်သက်တာကို ကျွေးမွေးနိုင်တယ်လို့ပြောတယ်၊ဒါကို ကျွန်တော်က မကြိုက်ဘူး။"
"ကျွန်တော်ကြိုက်တာက ဓားတစ်ချက်နဲ့လှုပ်လိုက်တာရုံဖြင့်
ရွှေငွေသောင်းချီကုန်ကျနိုင်တဲ့ အသုံးအဖြုန်းကြီးတဲ့ မိန်းကလေးကိုပဲ
ဘောကျတာ" လီကျန့်ယီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
လီဆူးဝမ် "....."
လီရှင်းယွဲ့"....."
လဲ့မုန့်ရှား"...."
ဟန်ယီ"..."
"အဖေ ယီယီပြောတာ ကြားလား။ သူက လက်ဖွာတဲ့ အမျိုးသမီးတွေကို ကြိုက်တယ်လို့ ပြောတယ်၊အဖေကယီယီကို သေချာစောင့်ကြည့်ပါ၊အဖေရဲ့ ဓားနှလုံးဂူဗိမာန်ရဲ့ ကြွယ်ဝမှု့ကို နစ်ရက်အတွင်း ကုန်အောင် မသုံးစေနဲ့" လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့က လီဆူးဝမ်ကို သတိပေးသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
"ဘယ်သူ.. ဘယ်သူက လက်ဖွာတဲ့အမျိုးသမီးကို ကြိုက်တာလဲ" လီဆူးဝမ်က အံ့အားသင့်ပြီး အော်ဟစ်လိုက်သည်။လီကျန့်ယီက ငယ်ငယ်ကတည်းက လူကောင်းတစ်ယောက်လို့ သူထင်နေတာ၊ ဒီလို မကောင်းတဲ့ အကျင့်ဆိုးတစ်ခု ဘယ်လိုရှိလာတာလဲ။
ဘာလို့ ထိန်းကျောင်းရလွယ်ကူတဲ့ မြောက်ပိုင်းလီဒေသရှိ မင်းသားကြီးရဲ့ မြေးတော်ကို ငြင်းပယ်ပြီး၊ ဓားတစ်ချက်ရမ်းရုံနဲ့
ရွှေငွေသောင်းချီကုန်ကျနိုင်တဲ့ အမျိုးသမီးတစ်ယောက်ကိုသာ ရှာဖွေဖို့ ခေါင်းမာနေရတာလဲ။
ဓားနှလုံးဂူဗိမာန် ချမ်းသာသည့်အနေအထားမှာရှိနေတာတောင်မှ
လက်ဖွာသည့်အမျိူးသမီးသာ တကယ်သုံးမည်ဆိုပါက မွဲပြီးပြာကျ
နိုင်သည်။
"လက်ဖွာတဲ့ အမျိုးသမီးတွေက မကောင်းဘူး။ ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီတို့ကို ကျွမ်းကျင်ပြီး ယဥ်ကျေးတဲ့ပြီးသိတတ်တဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတာ ပိုကောင်းတယ်" လီဆူးဝမ်က လီကျန့်ယီ၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားခဲ့သည်။
"ဆရာတော်၊ ကျွန်တော်က လက်ဖွာတဲ့အမျိုးသမီးတွေကိုပဲ သဘောကျတာ" လီကျန့်ယီက ရှင်းလင်းပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"ယီယီ တကယ့်ကို ဇွဲကြီးတယ်၊ အဖေရဲ့ ဓားနှလုံးဂူဗိမာန်က အန္တရာယ်ကျရောက်နေပြီထင်တယ်။" လဲ့မုန့်ရှားက ကောင်လေး၏ သဝါသနာပါသည့်အရာကိုကြားပြီးသည့်နောက်၊ သူ့ရဲ့ စစ်မှုထမ်းချင်တဲ့ဝါသနာက သိပ်ပြီးအံ့ဩစရာ မကောင်းတော့ပေ။
ဒီလိုငယ်ရွယ်တဲ့ အချိန်မှာတောင်၊ သူက လက်ဖွာအမျိုးသမီးတွေကို သဘောကျတတ်နေပြီ။
လဲ့မုန့်ရှား၏ဝါသနာကြောင့် မိုးကြိုးတံခါးက နှင်ထုတ်ခံရရုံသာဖြစ်ပြီး ဒီကောင်လေးကတော့ ကွာခြားချက်ရှိသည်။ သူက ဓားနှလုံးဂူဗိမာန် ကို အပြီးတိုင် ဖျက်ဆီးပစ်လိုသည့်ဆန္ဒရှိနေသည်။
စစ်ပွဲကျရှုံး၍ ဂိုဏ်းပျက်ဆီးကျရှုံးခြင်းမဟုတ်ပဲ ပိုက်ဆံမရှိ၍ ဖျက်သိမ်းခံရမည့် ဂိုဏ်းဟု အမည်တွင်တော့မည်လော။