တရားရုံးကလူ
Vol. 2 Ch. 20
"အရမ်း ဆူညံသွားပြီ"
ချင်ဝမ်က အသုံးမကျသည့် ဆိုင်ရှင်ယန်းပြီး စိတ်ပျက်သွားသည်။ ဒီ ဆိုင်ရှင်ယန်း စိတ်ကြီးဝင်လွန်းနေသည့် လူပဲ။
ငါ ဒီမှာ မိတ်ဖွဲ့နေတာ ၊မင်းက တိတ်တိတ်နေပေးလို့မရဘူးလား!ချင်ဝမ်စိတ်ထဲတွင် အလွန်တုံးအလှသည့် ဆိုင်ရှင်ယန်းက အကြိမ်ပေါင်း၁၀၀မက အမှုန့်ချေပြီးနေပြီဖြစ်သည်။
လီကျန့်ယီက သူ့သစ်သားဓားကို ရိုးရိုးရှင်းရှင်း ရိုက်ချလိုက်တာနဲ့ မန်ဆိုင်ရှင် ယန်းကို ကြမ်းပြင်ပေါ် လဲကျသွားသည်။
"မင်းသခင်ကိုယ်တိုင်က သူတို့နဲ့ မဆက်ဆံချင်တဲ့ အကြောင်းရှိတယ်လို့ ပြောပြီးနေပြီကို၊ မင်းလို အသုံးမကျသူက ဒီမှာ ဟောင်နေတာက ဘာဖြစ်ချင်နေတာလဲ"
လီကျန့်ယီက ကြမ်းပြင်ပေါ် လဲကျပြီး ပေါင်တုန်နေတဲ့ ဆိုင်ရှင်ယန်းကို အေးစက်သောအမူအရာဖြင့်ပြောလိုက်သည်။
သူ့၏ ရိုက်ချက်က ဆိုင်ရှင်ယန်း၏ ပေါင်ကြွက်သား အကြောများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သောကြောင့် ၊ဆိုင်ရှင်ယန်းက ခြေ
ထောက်ချိူ့ယွင်းသူဖြစ်သွားတော့သည်။
ပေါင်တုန်နေသည့် ဆိုင်ရှင် ယန်းကလည်း သူ့ခန္ဓာကိုယ်အောက်ပိုင်း ခံစားမှုတွေ တဖြည်းဖြည်းလျော့ပါးလာပြီး၊ ပေါင်ထဲမှာ ကြာရှည်စွာ မပြေလည်နိုင်တဲ့ ထိုးနှက်ကိုက်ခဲမှုတစ်ခုတောင် ရှိနေတယ်ဆိုတာ သတိထားမိသွားသောကြောင့် အရမ်းတုန်လှုပ်သွားလေသည်။
"ချင်ဝမ်မင်းသား၊ ဒီကောင်လေးက မသိတာတတ်ဘူး၊ ကျွန်တော့်ကို မင်းသားရှေ့မှာ ရိုက်နှက်ရဲတယ်၊မင်းသား ကျွန်တော့်အတွက် တရားမျှတမှု့ရှာပေးပါ"
ဆိုင်ရှင် ယန်းက ကြမ်းပြင်ပေါ် ကွေးထိုင် လိမ်ခေါက်နေပြီး၊သူ့၏ မျက်နှာတွင်လည်း မျက်ရည်များက တဖြိုင်ဖြိုင်ကြကာ မင်းသား
ချင်ဝမ်ကို အသနာခံစွာမော့ကြည့်ပြီး လျှောက်တင်လေသည်။
"ဖြန်း"
ဆိုင်ရှင် ယန်းက ယောင်္ကျားလေးတန်မဲ့ မျက်ရည်ကျရင်း ညည်းညူနေတာကို မြင်တော့၊ ချင်ဝမ်က ရှေ့ကိုတိုးပြီး ကြမ်းတမ်းစွာပင်
သူ့မျက်နှာကို ရိုက်လိုက်တယ်သည်။အသုံးမကျတဲ့လူက အသနာခံပိုင်ခွင့်မရှိနျုင်ဘူး။
"တိုင်ရှင် ယန်းလား၊ငါချင်ဝမ်က မင်းကို ထောက်ခံလို့ လူတိုင်းကို
ဒီလို မလေးမစားဆက်ဆံရဲတာလား"
"ဒါပေမယ့်...ဒါပေမယ့် ချင်ဝမ်မင်းသား၊ ဒါမဟုတ်..." ငိုနေတဲ့ ဆိုင်ရှင် ယန်းက ချင်ဝမ်ကို ကြည့်ရင်း တစ်ခုခုပြောမယ့်အချိန်တွင်ချင်ဝမ်က သူ့မျက်နှာကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။
လီကျန့်ယီက ဆိုင်ရှင်ယန်း၏ မျက်နှာကိုကြည့်လိုက်တော့ ရိုက်ခံထားရတာ အတော်လေး နဲ့ရဲဖူးယောင်နေတော့သည်။
"ပါးစပ်ပိတ်၊ ငါက မင်းကို ဒီမုန့်ဆိုင်ကို လုပ်ဖို့အခွင့်အရေးပေးတာ မုနိ့ရောင်းဖို့ပဲ ၊ လူတွေကို စော်ကားဖို့ မဟုတ်ဘူး၊လီသခင်လေးက နောင်ကြရင် ကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာမှာ၊မင်းလို အဆင့်နိမ့်တဲ့လူက သူ့ကို စော်ကားရဲတယ်"ဟု ပြောပြောဆိုဆို ချင်ဝမ်က ဆိုင်ရှင်ယန်းကို နှစ်ဆင့်ရိုက်ချလိုက်သောကြောင့် ဆိုင်ရှင်ယန်း၏မျက်နှာနှစ်ဖက်စလုံး ရောင်ကိုင်းသွားသည်။
အကျိုးဆက်အနေနဲ့၊ ဆိုင်ရှင် ယန်း၏ စကားပြောသံက မပီမသဖြစ်သွားကာ
"မင်းသား...မင်းသား၊ ကျွန်တော်...ကျွန်တော်" ဆိုင်ရှင် ယန်းက ရုတ်တရက် သူ့ကို နှစ်ချက်ရိုက်လိုက်သည့် ချင်ဝမ်ကို ကြည့်ရင်း မျက်ရည်ကျနေသည်။သူက ချင်ဝမ်ရဲ့ ဆန္ဒအတိုင်း လီကျန့်ယီကို အခက်အခဲဖြစ်အောင် လုပ်ပေးနေတာပါ၊ ချင်ဝမ်က လီကျန့်ယီကို ဆက်ပြီး အခက်အခဲဖြစ်အောင် လုပ်ချင်နေခဲ့သည်မဟုတ်လား။
" မနက်ဖြန်ကစပြီး မင်းက ဒီမုန့်ဆိုင်ကို လာစရာမလိုတော့ဘူး၊
မင်းနေရာမှာ တစ်ခြားသူကို ခန့်မယ်။" ချင်ဝမ်က ဆိာင်ရှင် ယန်းကို အေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
ထို့နောက်၊ လီကျန့်ယီကို တောင်းပန်စွာ ကြည့်ရင်း၊ "တောင်းပန်ပါတယ် လီသခင်လေး၊ကျွန်တော့်အောက်လူတွေကို ကောင်းစွာ မစီမံခန့်ခွဲမိလို့ သင့်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်"
"ချင်ဝမ်မင်းသားလည်း တောင်းပန်ပြီးပြီဆိုတော့၊ ကျွန်တော် ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။" လီကျန့်ယီက အနည်းငယ် ခေါင်းညိတ်ပြီးပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ၊ သူက ချင်ဝမ်ဘေးမှာ ရပ်နေတဲ့၊ နောင်တစ်ချိန် ဧကရာဇ် မင်းဖြစ်လာမည့် ကျင်းကျူးဝမ်ကို ကြည့်လိုက်သည်။
နောင်တစ်ချိန် မင်းသားရှစ်ပါး၏ ပလ္လင်လုပွဲမှာ ၊ကျင်းကျူးဝမ်၏ အကြီးဆုံး ပြိုင်ဘက်က သူ့ဘေးမှာရှိတဲ့ ချင်ဝမ်ပဲ ဖြစ်လိမ့်မည်။
ဒီချင်ဝမ်က အလွန်ရက်စက်သည့် မင်းသားတစ်ပါဖြစ်သည်။
ဆိုင်ရှင် ယန်းက သူ့ဆန္ဒအတိုင်း လီကျန့်ယီကို အခက်အခဲဖြစ်အောင် လုပ်ပေးနေတာ ရှင်းနေပေမဲ့၊ချင်ဝမ်က လီကျန့်ယီဘက်ကိုသာ
ခိုင်မာစွာ ရပ်တည်ခဲ့သည်။
နောင်တစ်ချိန် ကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်တဲ့ လီကျန့်ယီကို မကျေမချမ်းဖြစ်စေချင်တဲ့အတွက် ချင်ဝမ်က ဆိုင်ရှင် ယန်းကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
ချင်ဝမ်မင်းသား၏ အလွန်ရက်စက်မှုမျာကြောင့် ၊လန်ယာဝမ် မင်းသာသည် နောက်ဆုံးတွင် ကျင်းကျူးမင်းသားက ပုလ္လင်ပေါ်ထိုင်နိုင်အောင် ကူညီခဲ့သည်။ချင်ဝမ်သည် သူ့အတွက် အသုံးမဝင်သည့် အရာကို ခေါ်ထားဖို့စိတ်ကူးမရှိသည့်လူဖြစ်သည်။ဇာတ်ကြောင်းအပြောင်းအလဲသာ မဖြစ်ခဲ့ရင်၊သူဖတ်ဖူးသည့် အကြောင်းများက ထိုသို့ရေးသားထားလေသည်။
"ဆရာ၊ အဒေါ်လီ၊ ဦးလေးလဲ့၊ အိမ်ပြန်ကြရအောင်။"
အားလုံးရှင်းလင်းပြီးသည့်နောက်၊လီကျန့်ယီက လီရှင်းယွဲ့နဲ့ အခြားနှစ်ယောက်ကို ကြည့်ပြီး အိမ်ပြန်ဖို့ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ၊ သူက ဟန်ယီရဲ့ နွေးထွေးပြီး ဖြူဖွေး နူးညံ့တဲ့ လက်ကလေးကို ကိုင်လိုက်သည်။
...
လဲ့နေအိမ်ဆီ အပြန်လမ်းတွင်။
လဲ့မုန့်ရှားက နားမလည်နိုင်တဲ့ အမူအရာနဲ့ လီကျန့်ယီကို ကြည့်နေတယ်။ "ယီယီ၊ ချင်ဝမ်နဲ့ ကျင်းကျူးဝမ်တို့က လူကောင်းတွေမဟုတ်ဘူးဆိုပေမယ့်၊ လန်ယာဝမ်ကတော့ မဦးလေးလဲ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ၊ဘာလို့ မငဦးလေးလဲ့ရဲ့ မိတ်ဆွေကောင်းနဲ့ မတွေ့ချင်တာလဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်အမြင်မှာ ဒီမင်းသားတွေအားလုံးက
သစ်ကုလားတစ်မျိူးတည်းပဲ" လီကျန့်ယီက ရှောင်ဟန်ယီရဲ့ လက်ကလေးကို ကိုင်ထားရင်း အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။
"သစ်ကုလားအုပ် ဘာကိုဆိုလိုတာလဲ။" လဲ့မုန့်ရှားက နားမလည်နိုင်တဲ့အကြည့်နဲ့ လီကျန့်ယီကို လှည့်ကြည့်သည် လီရှင်းယွဲ့နဲ့ လီဆူးဝမ်တို့ကလည်း လီကျန့်ယီကို ကြည့်နေကြသည်။
ဧကရာဇ် ထိုက်အန်ရဲ့ သားတော်တွေထဲမှာ၊ လန်ယာဝမ်ဟာ မုချအမှန်ပဲ၊ စိတ်ထားနူးညံ့ဆုံး၊ သစ္စာရှိဆုံး၊ ပြည်သူတွေအပေါ် စာနာထောက်ထားမှုအရှိဆုံးသူ ဖြစ်သည်။
ဒါကြောင့်၊ လီဆူးဝမ်၊ လီရှင်းယွဲ့နဲ့ လဲ့မုန့်ရှားတို့ဟာ ဘာကြောင့် လီကျန့်ယီက လန်ယာဝမ်နဲ့ သိကျွမ်းချင်မှုမရှိတာကို နားမလည်နိုင်ကြပေ။
"သစ်ကုလားအုပ်တစ်မျိုးတည်း" ဆိုတာက သူတို့အားလုံးကတရားရုံးကလူတွေပဲလို့ ဆိုလိုတာပါ။
နန်းတွင်း အရှုပ်အထွေးကြားကို လီကျန့်ယီက မပါဝင်ချင်ပေ။မင်းသားတို့ပုလ္လင်လု စစ်ပွဲကြားတွင်လည်း ကြားညပ်မခံချင်ပေ။
"ဦးလေးတို့လည်း တရားရုံးကလူတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေး မရှိသင့်ဘူး။" လီကျန့်ယီက လဲ့မုန့်ရှားနဲ့ လီရှင်းယွဲ့တို့ကို သတိပေးသည့်အကြည့်ဖြင့်ပြောလိုက်သည်။ဒိလူတွေက သူအတွက်အဖိုးတန်သည့်လူများဖြစ်သောကြောင့် ထိုသို့အရှုပ်အထွေးကြားထဲ မပေးဝင်ချဘူး အန္တာရာယ်များသောကြောင့်ဖြစ်သည်။
နန်းတော်ကိစ္စတွေ တရားရုံကလူတွေနဲ့ ဆက်ဆံရေးနက်နက်ရှိုင်းရှိုင်းရှိသည့်လူတွေက အဆုံးသတ်မလှကြတာများ၏။
"မဟုတ်ဘူးသေးဘူး တရားရုံးကလူတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေး မရှိသင့်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ယီယီ" လဲ့မုန့်ရှားက လီကျန့်ယီရဲ့ စကားကို တိုက်ရိုက် ငြင်းပယ်လိုက်စည်။
လန်ယာဝမ်ဟာ တရားရုံးလူတစ်ယောက်တည်းပဲမဟုတ် ၊ကျောင်းရဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်သည်။ပြီးတော့ ကျောင်းမှာ ဆရာလီချန်ရှန်၏ တပည့်တွေလည်းဟုတ်သည်။ဆရာလီ၏ တပည့်များကစရိုက်ကောင်းပြီး ပညာရေးမှာလည်း ထူးချွန်ကြသူတွေ ဖြစ်ကြသည်။
ဒါကြောင့်၊ တရားရုံးမှာ လူကောင်းတွေရှိတယ်။ ကောင်းကောင်းသိကျွမ်းထိုက်တဲ့ လူတွေရှိတယ်။ပြီးတော့ လန်ယာဝမ်ဟာ သူနဲ့ ရင်းနှီးကျွမ်းဝင်သင့်တဲ့ လူတစ်ယောက်ပဲ!!
လဲ့မုန့်ရှားက၏ စိတ်ထဲတွင် ထို့သို့တွေးသည်။
လီကျန့်ယီက လန်ယာဝမ်ဟာ တကယ်ပဲ လဲ့မုန့်ရှားနဲ့ နက်နက်ရှိုင်းရှိုင်း မိတ်ဆွေဖွဲ့ထိုက်တဲ့ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ငြင်းဆိုခြင်း မရှိပါ။
ဒါပေမယ့် လန်ယာဝမ်ဟာ တကယ်ပဲ နောင်တစ်ချိန်မှာ လဲ့မုန့်ရှားနဲ့ လီရှင်းယွဲ့တို့ရဲ့ အဆိုးဆုံးအဆုံးသတ်အတွက် အကြီးမားဆုံးသော အကြောင်းရင်းတစ်ခုပါပဲ။
သို့သော် လီကျန့်ယီအနေနဲ့ ဒီအကြောင်း ကို မပြောနိုင်ပေ၊ ဘာလို့လဲဆိုတော့ ၊သူသာ အနာဂတ်အကြောင်းကိုပြောပြလိုက်ရင်ရင် လူတွေကသူ့ကိုလို့ အရူးလို့ခေါ်ကြမည်ကို မြင်ယောင်ထားပြီးသာဖြစ်၏။
ထို့ကြောင့် လီကျန့်ယီက သွယ်ဝိုက်ပြီး လဲ့မုန့်ရှားနဲ့ လီရှင်းယွဲ့တို့ကို တရားရုံးကနေ ဝေးဝေးနေဖို့ သတိပေးနှိုးဆော်နေသည်။သူတို့တွေ နားလည်မယ်လို့ မျှော်လင့်ထားမိသည် ။ဒါဆိုရင် နောင်တစ်ချိန် အဲဒီအဆိုးဆုံးအဖြစ်ဆိုးတွေ မဖြစ်အောင် တာဆီးနိုင်မည်။
"ဦးလေးလဲ့၊ လူတိုင်းမှာ ကိုယ်ပိုင် အတွေးအခေါ် ရှိကြတယ်၊ ဦးလေးက လန်ယာဝမ်နဲ့ မိတ်ဆွေဖွဲ့လို့ရတယ်လို့ ထင်ရင် ဖွဲ့လိုက်ပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဓားနှလုံးဂူဗိမာန်အတွက် တရားရုံးကလူတွေနဲ့ မိတ်ဆွေမဖွဲ့ခြင်းက များစွာအကျိုးရှိမယ်လို့ ထင်တယ်။" လီကျန့်ယီက လဲ့မုန့်ရှားက သူ့စကားကို ငြင်းဆိုတာကို မြင်တော့ ဆက်အငြင်းအခုံမလုပ်တော့ပါပဲ သူ့၏ သဘောကိုသာဖော်ပြလိုက်သည်။
အမှန်ပဲ၊ တစ်ယောက်က အနာဂတ်ဖြစ်လာမည့်အရာကို သိနေသူဖြစ်ပြီး၊ နောက်တစ်ယောက်က သူငယ်ချင်းကောင်းကြောင့်အခြေအနေထဲမှာ နက်ရှိုင်းစွာ ပါဝင်နေသူဖြစ်သည်။
"ဒါဆိုရင် မင်းပြောတဲ့အတိုင်း၊ ဦးလေးလဲ့က စစ်တပ်ထဲမဝင်ခိုင်းစေချင်တာလား" လဲ့မုန့်ရှားက နောက်ဆုံးတော့ လီကျန့်ယီရဲ့ ဆိုလိုရင်းကို နားလည်သွားတယ်။ သူက ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင်တယ်၊ ဒါပေမယ့် တရားရုံးကလူတွေနဲ့တော့ ဘာအကြောင်းတရားမှ မရှိသင့်ဘူး။
"ဟုတ်တယ်။ ဒီလိုမဟုတ်ရင်၊ အဒေါ်လီက လဲ့မိသားစုကနေ ထွက်ခွာသွားရမှာ မဟုတ်ဘူး၊ ဟန်ယီက လီမျိုးနွယ်အမည်နဲ့မဟုတ်ပဲ၊လဲ့မျိုးရိုးအမည်ကို သုံးရမှာ"လီကျန့်ယီက လဲ့မုန့်ရှားကို မြူးကြွတဲ့ မျက်လုံးဖြင့် ပြောလိုက်သည်။
လဲ့မုန့်ရှား."..."
တကယ်ကို ငြင်းချင်တယ်။ ဒါပေမယ့် ငြင်းဖို့ အကြောင်းပြချက် ရှာမတွေ့ဘူး!!
လဲ့မုန့်ရှား ဘာမှမပြောနိုင်တော့တာကို မြင်တော့ လီဆူးဝမ်က ရယ်မောလိုက်သည်။"မုန့်ရှား၊ ယီယီပြောတာ အဓိပ္ပါယ်ရှိတယ်၊ မင်းက ငါ့ရှင်းယွဲ့နဲ့ ဟန်ယီတို့ကို လဲ့မိသားစုကနေ ထွက်ခွာသွားစေတဲ့ တရားခံပဲ"
ဒါကြောင့် လဲ့မိသားစု ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေမှာ အချို့သော စည်းမျည်းတွေအမှန်တရားတွေဖြစ်သည်။
ယီယီပြောသလိုပဲ၊ အာဏာအတွက်ပြိုင်ဆိုင်နေသည့်လူတွေ၊တရားရုံးကလူတွေနဲ့ နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှု မရှိသင့်ပါဘူး။
မဟုတ်ရင် မင်းရဲ့ဂိုဏ်းက တရားရုံးနှင့်နိုင်ငံရေး ရှုပ်ထွေးမှုတွေရဲ့ ရွှံ့ဗွက်ထဲမှာ နက်နက်ရှိုင်းရှိုင်း ညှပ်မိသွားမည်။ဘယ်လိုပဲကြည့်ကြည့် ဒါက ကောင်းသည့်အဆုံးသတ်မရှိနိုင်ပါ။