တူရာတူရာ စုကြတာပေါ့
Vol. 3 Ch. 22
"မုန့်က ပါးစပ်ထဲရောက်နေပြီ၊ ဘာလို့မစားတာလဲ"
ဟန်ယီ၏ အံ့အားသင့်နေသော မျက်နှာကို မြင်တွေ့ရသောအခါ လီကျန့်ယီက သကြားလုံးတစ်လုံးကို အတင်းထိုးကျွေးလိုက်သည်။
"မဟုတ်ဘူး..." ချယ်ရီသီးကဲ့သို့နီရဲနေသော ပါးစပ်ထဲတွင် သကြားလုံးရှိနေသော ဟန်ယီသည် လီကျန့်ယီကို နှုတ်ခမ်းစူပြီးပြောလိုက်သည်။
"ဟန်ယီ၊ မင်းစကားပြောတဲ့ပုံက ချစ်စရာကောင်းလိုက်တာ" ရှောင်ဟန်ယီ စားနေရင်း မပီမကပြောနေပုံကို မြင်ရသောအခါ ၊လီကျန့်ယီသည် သူမ၏ အနည်းငယ်နီမြန်းနေသော ပါးပြင်လေးကို အသည်းယားစွာဖြင့် ညစ်လိုက်သည်။
"ယီယီ... နာတယ် ဆက်မညစ်တော့နဲ့"ရှက်တတ်သည့် ဟန်ယီက မျက်နှာနီရဲလျက် လီကျန့်ယီကို ပြောလိုက်သည်။သို့သော် လီကျန့်ယီက နားမထောင်ပဲ သူမ၏ ပန်းယောင်သန်းနေသောပါးကို နောက်တစ်ခါ ညစ်လိုက်သေးသည်။
သို့သော် လီကျန့်ယီမှာ မတုန်လှုပ်ပေ။ ယင်းအစား ရှောင်ဟန်ယီ၏ မျက်နှာကလေးကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ဆုပ်နယ်လိုက်ပြန်သည်။
" ယီယီနဲ့ မလုပ်နဲ့တော့လို့"ဟန်ယီက ခုံကနေထလိုက်ပြီး ဧည့်ခန်းကနေ အလျင်အမြန် ပြေးထွက်လေတော့သည်။
ဤသို့မြင်တွေ့ရသောအခါ လီကျန့်ယီ၏ ချောမောလှပသော မျက်နှာတွင်သဘောကျသည့်အပြုံးတစ်ခုပေါ်လာပြီး"မင်းကိုယ်တိုင် ဆိုးသောအမျိုးသမီးဖြစ်ကြောင်း သိရှိသွားသောအခါ၊ ဆိုးသောအမျိုးသမီးကို မနှစ်သက်ရဘူးဆိုတဲ့စကားကို ပြန်ပြောနိုင်တော့မလားမသိဘူး"
ထိုသို့ပြောပြီးနောက် လီကျန့်ယီသည် ကျန်ရှိနေသော မုန့်များနှင့် သူစားပြီးသော အခွံများကိုစနစ်တကျသိမ်းလိုက်ပြီး၊ သူအမြဲကိုင်ဆောင်ထားသော သစ်သားဓားကို ယူကာ အခန်းထဲကထွက်က ဓားရေးလေ့ကျင့်ဖို့ထွက်သွာသည်။
...
နောက်တစ်နေ့၊မနက်ပိုင်း။
ကျီးရှားကျောင်းတော်၏ ကြိုတင်စမ်းသပ်စားမေးပွဲ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော ကျောင်းသား၁၄ဦးအပြင် လီကျန့်ယီအပါအဝင် လူ၁၅တို့သည် ရွှေတစ်ထောင်ခန်းမတွင် ထပ်ပြီးစုစည်းနေ ကြသည်။
ရွေတစ်ထောင်ခန်းမတွင် ယနေ့သည် အရင်နေ့ကထက်ပိုပြီး စည်းကားနေသည်။အဘယ်ကြောင့်ဆိုသော် ဒီနေ့သည့် စာမေး၏ နောက်ဆုံးနေ့ဖြစ်သောကြောင်ပင်။
ဘယ်သူက ဆရာကြီး လီချန်းရှန်၏ တပည့် ဖြစ်လာမည်ကို သိချင်ကြပြီး၊ဘယ်သူက ကျောင်းတော်တွင် ကျောင်းသာအဖြစ် ဝင်ရောက်နိုင်မည်ကို သိချင်ကြသည်။အရေးကြီးဆုံးကတော့ ဆရာလီကလည်း ရွှေတစ်ထောင်ခန်းမကို လာမည်ဖြစ်သောကြောင့်ပင်။
နန်းတော်က မင်းသားရှစ်ပါးနှင့် ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည်လည်း ရွှေတစ်ထောင်ခန်းမကို ရောက်လာကြသည်။
အားလုံးစောင့်မျှော်နေကြစဉ်တွင် အေးမြလန်းဆန်းသော နံနက်ခင်းလေနှင့်အတူ အသက်အရွယ်အားဖြင့်အတိအကျမ ပြောနိုင်သော်လည် ဆံပင်များဖြူနေသည့် လူငယ်တစ်ယောက်က ရောက်ရှိလာသည်။
"ကျောင်းတော်မှ ဆရာလီ ရောက်ရှိလာပါပြီ"
ဆရာလီကို မြင်သောအခါ တစ်စုံတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ကျောင်းမှ ဆရာကြီးလီသည် တကယ့်ကို ကမ္ဘာ့အထွတ်အထိပ်ပုဂ္ဂိုလ်ပဲ၊အချိန်ကတောင် သူ၏အသွင်သဏ္ဍာန်ကို အိုမင်းစေနိုင်ချင် မရှိဘူး" သက်ကြီးနေသောကျင့်ကြံသူတစ်ချို့က လီချန့်ရှန်၏ မပြောင်းလဲသော ရုပ်ရည်ကို မြင်တွေ့ရသောအခါ သူတို့က အားကျပြီး လေးစားကြလေသည်။
ချောမောသည့်လျူယွဲ့နှင့် လဲ့မုန့်ရှားတို့သည် လီချန့်ရှန်ရောက်ရှိလာသောအခါ ရိုသေစွာနှုတ်ဆက်ကြသည်။
"အင်း" လီချန်းရှန်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ၏အကြည့်သည် လူငယ် ဆယ့်ငါးဦးအပေါ်သို့ ကျရောက်သွားသည်။ ပိုင်လီတုန်းကျွင်း၊ ရင်လော့ရှားနှင့် ရဲ့ဒင်းကျီတို့ကို ကြည့်ရှုပြီးနောက်၊ သူ့၏မျက်လုံးများသည် နောက်ဆုံးတွင် သစ်သားဓားကို ကိုင်ဆောင်ထားပြီး ၊ကျောပေါ်တွင်လည်း ပိတ်စအဖြူဖြင့်စည်းထားသော "မာရဏဓား" ကို သယ်ဆောင်ထားသည့် လီကျန့်ယီအပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဆရာလီရဲ့ ဆက်ခံသူလား" လီချန်ရှင်းက လီကျန့်ယီကို ကြည့်ရှုပြီးသည့်နောက်၊ပရိသတ်ထဲတွင်ရှိသော လီဆူးဝမ်ကိုမေးလိုက်သည်။
"ဟုတ်ပါတယ်"လီဆူးဝမ်က သူ့၏တပည့်ကို ဂုဏ်ယူမှု့အပြည့်ဖြင့်ကြည့်ပြီး ခေါင်းမော့ကာ ဖြေလိုက်သည်။ဤတပည့်ကို သူလုံးဝ ကျေနပ်လေသည်။ ဘယ်နေရာရောက်ရောက် လီကျန့်ယီက သူ့၏တပည့်ဖြစ်ကြောင်း ပြောဖို့လုံးဝလက်မတွန့်ပေ။
"မကြာသေးမီက ဓားနှလုံးဗိမာန်မှ သွေးရောင်အရိပ်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်တွေ့ခဲ့ရတယ်၊ဗိမာန်သခင်လီက စတုတ္ထုအဆင့်နတ်ဓားကို ဖန်းတီးနိုင်ခဲ့တာပဲ ၊ဂုဏ်ပြုပါတယ် " လီချန်းရှန်က မကြာသေးမီက ဖြစ်ပွားခဲ့သော သွေးရောင်အရိပ်အကြောင်း စဉ်းစားမိသည်။
"ကံကောင်းမှု့ကြောင့်ပါ" လီဆူးဝမ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
ဤစကားကို ကြားရသောအခါ အခြေအနေကို ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် လီဆူးဝမ်ကို လှည့်ကြည့်လေတော့သည်။
"ဒါဆို ဓားနှလုံးဗိမာန်မှာ အဲ့နေ့က အနီရောင်အလင်းရောင်တစ်ခုကောင်းကင်သို့ ထိုးတက်သွားခြင်းကို အံ့အားသင့်စရာမရှိတော့ပါဘူး။ ဗိမာန်သခင်လီက တကယ်ပဲ နတ်ဘုရားအဆင့် ဓားတစ်လက် ထပ်မံဖန်တီးနိုင်ခဲ့သည်ဟု မမျှော်လင့်ခဲ့ဘူး" အားလုံးက အတွေးကိုယ်စီရှိကြလေသည်။
တစ်ချိူ့က ထိုသို့ဖြစ်မလာရန်မျှော့်လင့်ထာသည့်အဖွဲ့လည်းရှိနေနိုင်သည်။ ဤသည်ကား ရိုးရိုးဓားမဟုတ် နတ်ဘုရားအဆင့်ဓားဖြစ်နေသည်။
"ကံကောင်းခြင်းပါပဲ အဲ့လောက်ပါပဲ" လီဆူးဝမ်က ရိုသေစွာ ကိုင်းညွှတ်ပြီး နှိမ့်ချစွာပြောလိုက်သည်။
"ကျွန်တော်တော့ အဲ့လိုမထင်ပါဘူး၊ဗိမာန်သခင်လီရဲ့ ဓားသွန်းလုပ်ခြင်းမှာ အဆင့်တစ်ဆင့်ထပ်တက် သွားပြီလို့ထင်တယ်"လီချန်းရှန်က ပြုံးရင်းပြောလိုက်သည်။ထို့နောက် သူက လီကျန့်ယီကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။
လီကျန့်ယီတွင် ချောမောသောမျက်နှာနှင့် ကြည်လင်သောမျက်လုံးများရှိပြီး ရက်စက်သည့် ပုံစံမရှိပေ။ဒါဆို သူ၏ သွေးရောင်ကဲ့သို့ လွှမ်းခြုံထားသည့် သွေးဆာသည့်ဓားကို မည်သို့လက်နက်အဖြစ် အသုံးပြုမည်နည်း။လူနှင့် လက်နက်က အလွန်ပင်ကီးမကိုက်နေသလို ဖြစ်နေသည် ။
လီချန်းရှန်သည် လီကျန့်ယီ၏ အတွေးတွေကိုနားမလည်နိုင်သော်လည်း၊ သူ့၏ စိတ်ထဲတွင် ထိုကလေး၏ ကြည်လင်သောမျက်လုံးများကိုကြည့်မိသည့်အခါ သူကလူကောင်းတစ်ယောက်ဟု ခံစားမိစေသည်။
လီချန်းရှန်၏ တပည့်ရွေးချယ်မှုတွင် သူအမြဲ ထည့်တွင်းစဉ်စားသည့် အရာတစ်ခုမှာ သူ့၏တပည့်ဖြစ်လာမည့်သူသည် အကျင့်စရိုက် ကောင်းသည့်လူဖြစ်ရပေမည်။ ထိုကြောင့်လီချန့်ရှန်၏ တပည့်ရှစ်ယောက်သည် ပါရမီရှိပြီးထူးချွန်ရုံမက၊ အကျင့်စရိုက်တွင်လည်း ပြောစရာမရှိသော လူများဖြစ်ကြသည်။ထိုကြောင့် သူတို့အားလုံးသည်လည်း မြောက်ပိုင်းလီတွင် ထင်ပေါ်ကျော်ကြားလေသည်။
လီကျန့်ယီထံမှ အကြည့်ကို ဖယ်ရှားပြီးနောက် လီချန်းရှန်သည် သူ့၏လက်ကို လှုပ်ရှားကာ အုပ်စုထဲရှိ လူဆယ့်ငါးဦးကို ကြည့်ပြီး
"စားမေးပွဲရဲ့ တတိယအဆင့်မှာ မင်းတို့က ဆယ့်ငါးယောက်က အဖွဲ့သုံးဖွဲ့ပြီး တူတူလုပ်ဆောင်ရမယ်၊အခုငါ့လက်ထဲမှာ ရှိတဲ့ဒီအိတ်တွေကို တစ်ဖွဲ့တစ်အိတ်ယူသွားပြီး အိတ်ထဲကရှိတဲ့လမ်းညွန်ထဲပါသည့်အတိုင်း သဲလွန်စတွေကိုရှာပြီး မစ်ရှင်လုပ်ရမှာ၊ ပထမဆုံးရှာတွေ့တဲ့ အသင်းက တတိယအဆင့်ကို အောင်မြင်တယ်လို့ သတ်မှတ်မယ်"
"ဆရာလီ၊ ဒါပေမယ့် ဆရာလီက တပည့်တစ်ယောက်ပဲ လက်ခံမှာမဟုတ်ဘူးလား" ကျင်ကြံသူတစ်ဦးက တတိယစားမေးပွဲမှာ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်ရမည်ဟု ကြားသည့်အခါ ၊လီချန့်းရှန်ကို နားမလည်စွာမေးလိုက်သည်။
"တပည့်တစ်ယောက်သာ လက်ခံမှာအမှန်ပဲ၊တကယ်လို့ တတိယအဆင့် စာမေးပွဲပြီးဆုံးသွားတဲ့နောက်မှာ အဆင့်သုံးဆင့်စလုံးမှာ အကောင်းဆုံးကို ကျုပ်ကရွေးချယ်မှာဖြစ်တယ်"လီရှန့်ချန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ဖြေပေးသည့်တွက် ကျေးဇူးတင်ပါတယ် ဆရာလီ" မေးခွန်းမေးသူက ရိုသေစွာ ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။
ထို့နောက်၊လူဆယ့်ငါးဦးသည် အသင်းဖွဲ့စည်းရန် စတင်ကြလေသည်။
"ကောင်လေး"
ခရမ်းရောင်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော ရင်လော့ရှားသည် လီကျန့်ယီထံသို့ ချဉ်းကပ်လာပြီး မောက်မာဟန်ဖြင့် ပြောလိုက်သည်။ "မင်းနားမှာ ဘယ်သူမှမရှိတာကို ငါမြင်တယ်၊ ဒါကြောင့် မင်းနဲ့အဖွဲ့
ဖွဲ့မည့်လူမရှိဘူးထင်တယ်၊ဒါပေမယ့် ငါက စိတ်ထားကောင်းတဲ့ အစ်မကြီးပဲ၊ဒါကြောင့် ငါနဲ့အဖွဲ့ ဖွဲ့မလား"
ရပ်နေရင်း ဓားကို ကျင့်နေသည့် လီကျန့်ယီ။ "..."
ဒီမှာ ညီမလေးအချိန်အခါကိုလည်းကြည့်ပါအုန်း!!!
ဘယ်သူက ငါ့နဲ့အဖွဲ့မဖွဲ့ချင်တာလဲ၊မင်းကသာ ဆရာလီရဲ့ စကားဆုံးတာနဲ့ ငါ့ဆီ အပြေးလာသူပါနော်!!!
စိတ်ထဲမကျေနပ်တာကို သိမ်းဆည်းလိုက်ကာ၊ရင်လော့ရှားကို ကြည့်ပြီး ပြတ်ပြတ်သားသားငြင်းလိုက်သည်။
"မိန်းကလေးတွေက ငါရဲ့ဓားလေ့ကျင့်နှုန်းကို ထိခိုက်စေတယ်"
ရင်လော့ရှား။ "...."
ဘာအဓိပ္ပာယ်လည်းအဲ့ဒါ ဖွဲ့မလားမဖွဲ့ဘူးလားပဲပြောပေးပါဟ!!
ရင်လော့ရှား လုံးဝရှုပ်ထွေးသွားချိန်တွင် ချင်းချန်တောင်ကုန်းမှ ဝမ်ရိရှင်း၊ ချန်တုန်မြို့မှ ပိုင်လီတုန်းကျွင်းနှင့် တီယမ်ဝူတွမ်မှ ရဲ့ဒင်ကျန်းတို့သည် တစ်ပြိုင်နက်တည်း လီကျန့်ယီထံသို့ ရောက်ရှိလာကြပြီး ပြုံးကာ ပြောလိုက်သည်"သခင်လေးလီက တကယ်ကို စရိုက်လက္ခဏာ ကောင်းတဲ့သူပဲ ၊ ချောမောလှပတဲ့ မိန်းကလေးက ကမ်းလှမ်းတာတောင် ချက်ချက်ငြင်းတယ် ဒါက ငါတို့နဲ့တူတာပဲ"
လီကျန့်ယီ"....."
ဟမ် မင်းတို့နဲ့တူတယ်လို့ ပြောလိုက်တာလား၊မှားမယ်နော်...မှားမယ်!!!
ငါက ဘယ်လိုလုပ်ပြီး မင်းတို့နဲ့တူနိုင်မလဲ။ငါက မင်းတို့အကြောင်းကို မင်းတို့ရဲ့အဖေတွေထက်သိတဲ့လူပါနော်။သူ ဖတ်ခဲ့ဖူးသည့် ဝတ္ထုထဲတွင် ထိုလူတွေက အချစ်ရေးတွင် ဆိုးဆိုးဝါးဝါးခံရသူဖြစ်ကြသည်။
အရင်ဆုံး ဝမ်ရိရှင်း မင်းဓားတောင်ကုန်းကိုသွားပြီး ဓားသွားယူတုန်းက လမ်းလျှောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို လက်ဆွဲပြီး "မင်းအသက်ဘယ်လောက်ရှိပြီလဲ၊မင်းအိမ်ထောင်ကျပြီးပြီးလား"ဆိုပြီး မေးတာဘယ်သူလဲ။
ပိုင်လီတုန့်ကျွင်း မင်းကရောဘာထူးလည်း တီယန်ဝူတွမ်ကလာတဲ့ ရွဲ့ယောင်ကို ချန်တုန်မြို့မှာတစ်ခါပဲဆုံဖူးပြီးတော့ သူမ အကြောင်းကိုအချိန်တိုင်တွေးနဲ့သူကရော ဘယ်သူလဲ။
နောက်ဆုံးမင်းပဲ ရဲဒင်းကျီ ၊မင်းက အဆိုးဆုံပဲ။ကျောင်းစားမေးပွဲပြီးတဲ့နောက်မှာ မင်းကကျင်းကျူးဝမ် မင်းသားရဲ့ဇနီး ရီဝိန်ကျွင်းနဲ့ မရေမရာတဲ့ ဆက်ဆံရေးလည်းရှိအုန်းမယ်။
ဒါကလား ငါနဲ့တူတယ်လို့ပြောတာ။ မင်းတို့မသိမှာစိုးလို့
ငါပြောပြအုန်းမယ် ဒါကလုံးဝမတူဘူး ၊ငါက ငြင်းတဲ့လူဖြစ်ပြီး မင်းတို့က လိုက်ကပ်ပြီး ငြင်းခံသူဖြစ်မဲ့ လူတွေပါနော်!!!
"သခင်လေး လီ၊ ကျွန်တော်တို့ ပူးပေါင်းမလား" ဝမ်ရိရှင်း၊
ပိုင်လီတုန်းကျွင်းနှင့် ရဲ့ဒင်းကျီတို့သည် တစ်ပြိုင်နက်တည်း လီကျန့်ယီကို ကြည့်လိုက်သည်။
"အိုကေ" လီကျန့်ယီက ခေါင်းညိတ်လိုက်သည်။ အကြောင်းမှာ သူ့ကိုယ်သူသုံးသပ်ကြည့်သောအခါ သူလည်း သူတို့ထဲက တစ်ယောက်ဖြစ်နေသည်ဟု ထင်မြင်မိသောကြောင့် ဖြစ်သည်။ဟန်ယီက ငယ်သေးပြီး ဘာမှမသိသေးပေ။ ယခုချိန်တွင် သူဘက်ကသာ ခံစားချက်ရှိနေသောကြောင့်ပင်။
တစ်ခြားလှတဲ့ မိန်းကလေးတွေကို ငါ ငြင်းနိုင်ပေမဲ့၊ဟန်ယီရဲ့ ကျော့ကွင်းမှာ ငါလည်းပိတ်မိရအုန်းမည်။
လာပါ ညီအစ်တို့ အဖွဲ့ဖွဲ့ကြတာပေါ့၊တစ်ခြားဟာမကြည့်ဘူး ဒီလိုခံနေရသူတွေအနေနဲ့ ပူးပေါင်းပြီးနေရမယ်!!!!
"ဒါဆို... ငါကော၊ငါက ဒီမှာ ပထမဆုံးရောက်တာလေ" ခရမ်းရောင်ပိုးထည်ဝတ်ရုံဝတ်ဆင်ထားသော ရင်လော့ရှားက လီကျန့်ယီကို ဒေါသထွက်စွာကြည့်နေသည်။
သူတို့က ဒီအစ်မကြီးကိုလျစ်လျူရှုရဲတယ်!!!
"မိန်းကလေး၊ သခင်လေး လီပြောတာ မကြားဘူးလား၊ မိန်းကလေးတွေက သူ့ရဲ့ဓားလေ့ကျင့်နှုန်းကို နှေးကွေးစေတယ်တဲ့ ဒါကြောင့် သူက မင်းနဲ့ပူးပေါင်းမှာ မဟုတ်ဘူး..."ဟု ပိုင်လီတုန်းကျွင်းနှင့် အခြားနှစ်ဦးတို့ စကားပြောလို့တောင် မပြီးသေးသည့်အချိန်တွင် လီကျန့်ယီကရုတ်တရက် ပြောလိုက်သည်။
"အကောင်းဆုံး ညီမလေးရေ၊ညီမလေးက အစ်ကိုကို ဒီလောက်ထိ စိတ်အနှောက်အယှက်ပေးထားတာ၊အစ်ကိုလည်း ညီမလေးကိုပြန်ဂရုစိုက်ပေးရမှာပေါ့"
ပိုင်လီတုန်းကျွင်း"...."
ဝမ်ရိရှင်း"...."
ရဲ့ဒင်ကျန်း"...."
ဟေ့လူ လူကျင့်ဝတ်သင်ခန်းသင်တုန်းက အိပ်ပျော်သွားတာလား၊အခုချိန်က မင်းဘက်ပြောပေးနေတဲ့ ငါတို့ကို ထောက်ခံပြောဆိုပေးရမယ်ဆို မသိဘူးလား!!!!
ဟေ့ကောင်ရေ ငြင်းရမှာ!!!!
သူတို့သုံးယောက်၏ စိတ်ထဲတွင် ဒီလိုမျက်နှာဖျက်ရိုက်ခံရဖူးတာ မကြုံရဖူးသေးသောကြောင့် မျက်နှာပါနီရဲ့သွားကြပြီ သူတို့၏ စိတ်ထဲတွင်တော့ လီကျန့်ယီကို တရားပို့နေကြသည်။