← Chapters

ခွက်မြှောက်၍ လကိုဖိတ်ခေါ်ပါ၊ ငါ့အရိပ်နှင့်အတူ သုံးယောက်ဖြစ်လာမည်

Vol. 3 Ch. 23

ခွက်မြှောက်၍ လကိုဖိတ်ခေါ်ပါ၊ ငါ့အရိပ်နှင့်အတူ သုံးယောက်ဖြစ်လာမည်

Vol. 3 Ch. 23

လီကျန့်ယီ၏ မျက်နှာပေါ်တွင် ထူးဆန်းသွားသည်။

ပိုင်လီတုန်းကျွင်း၊ရဲဒင်းကျီနှင့် ဝမ်ရိရှင်းတို့မှာ အားလုံး လီကျန့်ယီကို တစ်ပုံစံထဲငေးကြည့်နေကြသည်။လီကျန့်ယီ၏ မေးခွန်းထုတ်ပုံပေါက်နေသောမျက်နှာကြောင့် သုံးယောက်စလုံး လက်မြောက်အရှုံးပေးလိုက်ရတော့သည်။ဒီကောင် မျက်နှာပြောင်တိုက်လွန်းတယ်ကွာ။

‘မိန်းကလေးတွေက မင်းရဲ့ ဓားလေ့ကျင့်နှုန်းကိုနှေးစေတယ်လို’ပြောတာကို ငါတို့ကထောက်ခံပေးတဲ့လူ မဟုတ်ဘူးလား။

မင်းက ဘယ်လိုလုပ်ပြီး မျက်နှာပြောင်တိုက်ပြီး ဘာမှမထူးဆန်း

သလိုနေနိုင်ရတာလည်း။

"ကျူပ်တို့က သခင်လေးကို အရမ်းလေးစားလို့ပါ"

ပိုင်လီတုန်းကျွင်း၊ရဲဒင်းကျီနှင့် ဝမ်ရိရှင်းတို့သည် လီကျန့်ယီအား မည်သို့ဖော်ပြရမည်မသိ၍ လက်သီးနှစ်ဖက်ကို ရင်ဘက်မှာ ယှက်ရင်းပြောလိုက်သည်။ ဂါရဝပြုပါတယ်ကွာ မင်းကဆရာကြီးပဲ!!!

“ငါလည်း အတူတူပဲ”လီကျန့်ယီက သူတို့သုံးဦးကို အဓိပ္ပါယ်ရှိရှိ ကြည့်ပြီးလေးနက်စွာပြောလိုက်သည်။

ထိုချိန်တွင် ၊လီကျန့်ယီက သူ့ကို"ညီမလေး"ဟု ထပ်ခါထပ်ခါခေါ်သည်ကို ကြားရသောအခါ ရင်လော့ရှားသည် ‌သူမ၏ လက်များကိုဆုပ်လိုက်ပြီး ပြောလိုက်သည်။"ငါက အစ်မကြီး၊မင်းက မောင်လေးပဲ"

"မင်းက ငါ့ကို မောင်လေးလို့ခေါ်ရင် ငါမင်းနဲ့မပူးပေါင်းတော့ဘူး" လီကျန့်ယီက ခြိမ်းခြောက်လိုက်သည်။

"ဘယ်သူက ကြောက်လို့လဲ" ရင်းလော့ရှားက သူမ၏ခြေထောက်များကို ဆောင့်လိုက်ပြီး အခြားသူများနှင့် ပူပေါင်းရန်သွားလိုက်သည်။

သို့သော် တစ်ခြားလူများက အကုန်လုံး အသင်းဖွဲ့ပြီးသားဖြစ်နေသည်ကို မြင်သောအခါ သူမ၏မောက်မာစွာပြောသောအသံက ရုတ်တရက်

ပျော့ပျောင်းသွားပြီး ပြောလိုက်သည်။

"အင်း...ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းကတကယ်ပဲ ငါ့ထက် တစ်နှစ်ကြီးတယ်ဆိုတော့ ငါမင်းကို အစ်ကိုလို့ခေါ်လိုက်မယ်"

"အစကတည်းကအဲ့လိုဖြစ်ရမှာ ညီမလေး" လီကျန့်ယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ငါတို့ငါး‌ယောက်ပူးပေါင်းပြီးပြီဆိုတော့ ၊ငါ ဆရာလီဆီ အိတ်ကိုသွားယူလိုက်မယ်"

လီကျန့်ယီကိုချီးကျူးပြီးနောက် ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်ရပ်သည့်နေရာသို့ သွားလိုက်သည်။

လီကျန့်ယီနှင့်အခြားသူများသည် ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်၏လက်မှ အပြာရောင် အိတ်ယူလာသည်ကို မြင်လိုက်သည်။

"အိတ်ထဲက ဟာကိုကြည့်ရအောင်"ဟု ပိုင်လီတုန်းကျွင်းက ပြောကာ လီကျန့်ယီနှင့် အခြားသုံးဦးထံသို့ လျှောက်လာသည်။

ထို့နောက်အိတ်ကို ဖွင့်လိုက်ရာ"ခွက်မြှောက်၍ လကိုဖိတ်ခေါ်ပါ၊

ငါအရိပ်နှင့် သုံးယောက်ဖြစ်လာပါ" ဤစာကြောင်းရှိ လူသုံးဦးကို ရှာဖွေပါ"

"လူ...လူကိုရှာရမှာလား"

ပိုင်လီတုန်းကျွင်း၊ရဲဒင်းကျီနှင့် ဝမ်ရိရှင်းတို့မှာ တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်နေကြသည်။

လီကျန့်ယီတစ်ဦးသာ အေးဆေးတည်ငြိမ်စွာရှိနေပြီး အိတ်ပေါ်က သဲလွန်စကို ဖတ်ပြီးနောက် တိတ်ဆိတ်သောနေရာတစ်ခုရှာကာ တစ်ယောက်တည်း စတင်ကာ ဓားလေ့ကျင့်တော့သည်။

ထို မြင်ကွင်းကိုမြင်သောအခါ ပွဲကြည့်ပရိတ်တွင်ရှိကြသော လီဆူးဝမ်နှင့် လီရှင်းယွဲ့တိုမြင်သွားသည်။

"အဖိုး၊အဖေ၊ အမေ၊ ယီယီ နောက်ထပ် ဓားကျင့်နေပြန်ပြီ" လီဟန်ယီသည် စာမေးပွဲဖြေဆိုသူတစ်ဦးဖြစ်သော လီကျန့်ယီက ဓားကျင့်ရန် ပြေးသွားသည်ကိုကြည့်ပြီးနောက် သူ့လက်ကလေးဖြင့် မျက်နှာကို အုပ်မိလိုက်သည်။

သမီးငယ်၏ချစ်စရာကောင်းသော မျက်နှာအုပ်ပုံကို မြင်သောလီရှင်းယွဲ့က ပြုံးရယ်ကာ ပြောသည်၊ "ဖြစ်နိုင်တာက ယီယီ သဲလွန်စတွေ့ပြီးတာနေမှာ"

လဲ့မုန့်ရှားကခေါင်းခါလိုက်သည်၊"ဘယ်လိုဖြစ်နိုင်မလဲ၊ဆရာပေးတဲ့ သဲလွန်စတွေက ရှာဖွေရလွယ်ကူမှာမဟုတ်ဘူး။"

လျူယဲ့က သဘောတူညီကာ ပြောလိုက်သည်။

"လဲ့အာ ပြောတာမှန်တယ်၊ နောက်ဆုံးစာမေးပွဲက ရှေ့နှစ်ခုထက် ပိုခက်မှာ"

"ဒါဆိုယီယီက လက်လျှော့လိုက်ပြီလား။" လဲ့မုန့်ရှားက ထိုသို့ပြောပြီးသူ့ခေါင်းကို ကုတ်လိုက်သည်။

"သူက မင်းနဲ့မတူဘူး၊ ငါ့ရဲ့ ယီယီက ဂူဗိမာန်မှာ ကိုးနှစ်ကြာ ဓားကျင့်ခဲ့တဲ့သူဖြစ်ပြီး အခုထိ ဓားကျင့်နေဆဲပဲ၊ ယီယီက ဒီနောက်ဆုံးစမ်းသပ်မှုကို လွယ်လွယ်လေး လက်လျှော့မယ်လို့ မင်းထင်နေတာလား၊ငါ့အထင်တော့ ယီယီစိတ်ထဲမှာ အဖြေရှိပြီးသားထင်တယ်"လီဆူးဝမ်သည် လီကျန့်ယီ၏ ယခုလုပ်ရပ်ကိုနားမလည်နိုင်သော်လည်း

သူသေချာတာတစ်ခုက သူ့၏တပည့်သည် ဇွဲရှိပြီး လွယ်လွယ်နှင့်လက်လျှော့တတ်သူမဟုတ်ပေ။ထိုကြောင့် ယီယီမှာ အဖြေရသွားပြီဟု သူယုံကြည်နေမိသည်။

"အဖြေရှိပြီးသားလား၊ဒီကောင်လေးက တကယ်အဲ့လောက် ဉာဏ်ကောင်းလို့လား၊ပြီးတော့ သူဓားကျင့်တဲ့ ပုံစံကဘာလို့ အရမ်းရိုးရှင်းနေရတာလည်း၊ပြီးတော့ ဓားရူးလေးက လက်ဖွာတဲ့မိန်းကလေးကို ကြိုက်နေတာလေ"လဲ့မုန့်ရှားက ဓားရူးကို ဉာဏ်ပြေးသည့်လူဟု ထင်ကိုမထင်ထားပေ။ ခေါင်းကောင်းသည့် လူတစ်ယောက်ကဘာလို့ ထိုသို့အတွးမျိူးရှိနိုင်ရမည်နည်း။

လျူယဲ့၊လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့၏ မျက်လုံးများသည် ဤရိုးရှင်းသူအား စိုက်ကြည့်နေပြီဖြစ်သည်။သူ့တို့မျက်နှာပေါ်က အမူအရာက အတော်လေးသိသာနေသည်။မင်းက ရူးသွပ်သူတစ်ယောက်ပါပဲလို့ထင်ရှားစွာ ပြောနေသည်။

"မဟုတ်ဘူး၊လျူယဲ့၊ မင်းတို့အားလုံး ဘာလို့ ငါ့ကိုဒီလိုကြည့်နေကြတာလဲ။ ယီယီက ဉာဏ်မပြေးဘူးပြောတာ မှားလို့လား" လဲ့မုန့်ရှားက သူ့ကိုယ်သူ ရူးသွပ်သူလို့ မထင်ပေ။သူ့ကိုစိုက်ကြည့်နေကြသော လျူယဲ့နှင့် အခြားသူများကိုသာ အလွန်အံ့အားသင့်စွာ ကြည့်နေသည်။

"ဟုတ်တယ် လဲ့အာ၊မင်းမှန်တယ်" လျူယဲ့က လဲ့မုန့်ရှားနှင့် ဘယ်သူက ရူးသွပ်သူလဲဆိုတာ ငြင်းရန် မလိုလားဘဲ အလွန်ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာ ပြောလိုက်သည်။

"မင်း မှန်တယ်၊ ယောင်္ကျား" လီရှင်းယွဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

"၊မင်းမှန်တယ်၊ သမက်လေး" လီဆူးဝမ်က စိတ်မကောင်းသည့် အသံဖြင့်ပြောပြီး စာမေးပွဲဖြေဆိုသူ‌တွေဆီကို ဆက်ကြည့်လိုက်သည်။

နောက်ဆုံးတွင်လဲ့မုန့်ရှား မြင်လိုက်သည်မှာ သူ့ချစ်စရာကောင်းသော သမီးလေးကလက်ဖြင့် မျက်နှာကိုအုပ်ထားပြီး အလွန်ရှက်ရွံ့နေပုံဖြင့် "အဖေ မှန်တယ်"ဟု ပြောလိုက်ရသည်။

လဲ့မုန့်ရှား"..."

တကယ်ပဲ။ယီယီက အရမ်းရူးတဲ့ကောင်ပဲ။

ကျွန်တော့်ဇနီး၊လေးယောက်မြောက်အစ်ကို၊ဟန်ယီ၊ အဖေတို့အားလုံးကလည်း ငါနဲ့အတွေးတူ၏။တစ်ခုခုက နည်းနည်းလွဲနေသလိုခံစားရပေမယ့်ဘာလဲဆိုတာကို အတိအကျမပြောနိုင်ပေမဲ့ ထားလိုက်ပါ အားလုံးက အတူတူထင်နေကြတာပဲလေ။

"ကောင်းပြီ ငါထပ်မစဉ်းစားတော့ဘူး၊ငါ လဲ့မုန့်ရှား ပြောသမျှဟာ တကယ်ပဲမှန်တယ်" လဲ့မုန့်ရှားက သူ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီး သွားရသည်။ဒါက ပထဆုံး အားလုံးကသူ့ကို ထောက်ခံသည့် အချိန်ဖြစ်သည်။

ထို့နောက်သူ့အကြည့်ကို စာမေးပွဲဖြေဆိုသူများဆီသို့ လှည့်ကြည့်လိုက်သည်။အိတ်များရရှိပြီးသော စာမေးပွဲဖြေဆိုသူများသည် ချက်ချင်းပင် အိတ်ထဲရှိသည့် သဲလွန်စများကို ရှာဖွေရန် ထွက်ခွာလိုက်ကြသည်။

အိတ်သုံးလုံးသည်မတူညီသော သဲလွန်စများပေးထားကြောင်း ထင်ရှားသည်၊ အဘယ်ကြောင့်ဆိုသော် အခြားအသင်းနှစ်သင်းမှာ အရာဝတ္ထုတစ်ခုခုကို ရှာဖွေနေပုံရပြီး လီကျန့်ယီတို့၏အသင်းမှာမူ လူကို ရှာဖွေနေကြသည်။

"ငါအရှေ့ဘက်ကိုသွားမယ်။" ပိုင်လီတုန်းကျွင်းက ရဲဒင်းကျီနှင့် အခြားနှစ်ဦးကို ကြည့်ကာ ပြောသည်။

"ငါအနောက်ဘက်ကိုသွားမယ်။" ရဲဒင်းကျီက ပြောသည်။

"ဒါဆိုငါ တောင်ဘက်ကိုသွားမယ်။" ရင်းလော့ရှာက သူ့၏လက်

ကိုမြှောက်ပြီး ပြောလိုက်သည်။

"ဒါဆိုငါ မြောက်ဘက်ကိုသွားမယ်" တာအိုဝတ်စုံဝတ်ထားသော ဝမ်ရိရှင်းက ပြောသည်။

ထို့နောက်၊သူတို့အားလုံးသည်စာမေးပွဲခန်းမ အလယ်ဗဟို၌ ဓားကျင့်နေသော လီကျန့်ယီဆီသို့ သူတို့လှည့်လိုက်ကြသည်၊

"သခင်လေး လီ၊၊မင်းဘယ်ကိုသွားမလဲ။"

လီကျန့်ယီက ဓားကျင့်သည့်အနေအထားဖြင့် ဓားကိုထောက်ပြီး ခပ်ခပ်တည်တည်ဖြင့် ပြောသည်၊ "အရှေ့ဘက်က နဂါး၊အနောက်ဘက် ကျားဖြူ၊ တောင်ဘက်က ဖီနစ်ငှက်၊ မြောက်ဘက်က လိပ်ရှိတယ်အဲ့ကြောင့် ငါဒီ‌နေရာမှာပဲရပ်ဖို့‌ရွေးတယ်၊သဲလွန်စ ကိုယ်တိုင်ပေါ်လာမည်ကို စောင့်နေမယ်"

ရင်းလော့ရှား"...."

ရဲဒင်းကျီ"..."

ဝမ်ရိရှင်း။"..."

ပိုင်လီတုန်းကျွင်း။"..."

ငါတို့လေးယောက်က သဲလွန်စရှာခိုင်းပြီး မင်းကြတော့ အချောင်ခို

မယ်ပေါ့!!!

သဲလွန်စတွေက ကိုယ်တိုင်ပေါ်လာမယ်လို့ထင်နေတာလား!!!

အဲ့လိုထိုင်စောင့်နေမဲ့အစား ဆရာလီကိုသာ သွားမေးလိုက်ပါတော့ လားကွာ!!

သူတို့လေးယောက်က စိတ်ထဲမှာမကျေမနပ်ဖြစ်ကာ တစ်ချိန်တည်းမှာပင် ပြောကြသည်။"သခင်လေး လီ၊ ငါတို့နဲ့အတူ သဲလွန်စရှာဖို့ လိုက်လို့မရဘူးလား"

"မလိုက်ဘူး၊ညဘက်ရောက်ရင် သဲလွန်စတွေက သူ့အလိုလိုပေါ်လာလိမ့်မယ်" လီကျန့်ယီ၏ ဓားလွဲ‌နေရင်းပြန်ဖြေလိုက်သည်။

"ဒါဆိုရင်လည်း ကောင်းပြီလေ"

လီကျန့်ယီကိုစည်းရုံးလှုံ့ဆော်၍မရကြောင်း မြင်သောအခါ ပိုင်လီတုန်းကျွင်းနှင့်သူ၏အဖော်သုံးဦးသည် အခြားအသင်းနှစ်သင်းက စာမေးပွဲဖြေဆိုသူများနှင့်အတူ သဲလွန်စများရှာဖွေရန် စတင်ကြသည်။ ၎င်းတို့လေးယောက်သည် မြန်မြန်ရှာနိုင်ဖို့အတွက် စုပုံပြီးမသွားပဲ၊သဲလွန်စရှာရန်တစ်ဦးစီ မတူညီသောလမ်းကြောင်းများသို့ သွားကြသည်။

ထိုအချိန်တွင် စာမေးပွဲဖြေဆိုသူဆယ့်ငါးဦးအနက် လီကျန့်ယီတစ်ဦးတည်းကျန်ရစ်ခဲ့သည်။ပွဲကြည့်ရှုရန်ရောက်ရှိလာကြသော ကျင့်ကြံသူများသည်လည်း၊ဤမြင်ကွင်းကို မြင်ရသောအခါ မကျေမနပ်ဖြင့် ပြောဆိုကြသည်၊

"ဆရာလီရဲ့ ဆက်ခံသူသည် မောက်မာလွန်းသည်လို့မောက်မာလွန်းတယ်လို့ မထင်ဘူးလား"

"ဒီမေးခွန်းကိုဆရာလီကကိုယ်တိုင် ချမှတ်ထားတာ၊ သဲလွန်စတွေက သူကိုယ်တိုင်ပေါ်လာမှာ မဟုတ်ဘူး"

"ဟုတ်တယ် ဟုတ်တယ်၊ဆရာလီရဲ့ ဆက်ခံသူက ပါရမီရှိပေမဲ့၊

အလွန်မောက်မာတဲ့အတွက်ကြောင့် သူ့ရဲ့အနာဂတ်ကခက်ခဲနိုင်တယ်"

တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူများစွာသည် လီကျန့်ယီအတွက် မျှော်လင့်ချက်မထားတော့ပေ။ ဤပါရမီရှင်သည် အလွန်မောက်မာပြီး အနာဂတ်တွင် သူ့၏မောက်မာမှု့တွေကြောင့် ချောင်ခိုရိုက်နှက်ဖြစ်ပွားနိုင်သည့်ဟု တွေးနေကြသည်။

"ဆရာလီ၊မင်းရဲ့ဆက်ခံသူဟာ ဓားပါရမီရှင်ဆိုတာ ငါတို့သိတယ်၊ ဒါပေမယ့် ကျောင်း‌တော်က ဆရာလီရဲ့ မေးခွန်းတွေကို မင်းရဲ့တပည့်ကအလွန်လျှော့တွက်နေတာပဲ" ကျင့်ကြံသူတစ်စုံတစ်ဦးကသရော်သည့်အသံဖြင့်ပြောလိုက်သည်။

လီဆူးဝမ်သည်လည်း ထိုစကားကိုပြောသော ကျင့်ကြံသူကို သေချာကြည့်လိုက်ပြီး မှတ်ထားလိုက်သည်။အမှန်တွင် ထိုကျင့်ကြံသူသည် ကျင့်ကြံသူအများကြီးရှိသည်ကို အခွင့်ကောင်းယူကာ ဝင်ပြောချင်ဖြစ်သည်။သူ့၏စိတ်ထဲတွင် လီဆူးဝမ်ဟာ ဒီနေရာမှာ ဓားထုတ်ပြီး

မတိုက်ခိုက်ဝံ့မှန်း သိသောကြောင်ပင်။

ထိုနောက် အရေးကြီးဆုံးက ဒီနေရာတွင် လောလီချန်းရှန်ရှိနေသေးသည်။

လီဆူးဝမ်သည် ထျန်ချီမြို့က မထွက်ခွာခင် ထိုလူ၏ဂိုဏ်းကိုသွားပြီး

ချစ်ကြည်ရေးပြိုင်ပွဲသွားလုပ်ဖို့ တေးထားလိုက်သည်။

ဤနေရာတွင် သဲလွန်စများ၏ အဖြေများကိုသိထားသော လီချန်းရှန်သည် လီဆူးဝမ်ကို လှည့်ကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။၊

"ဆရာလီ၊ မင်းရဲ့ ဆက်ခံသူကို ယုံကြည်သရွေ့ တခြားသူတွေကို ဂရုစိုက်စရာမလိုပါဘူး၊ပြီး‌တော့ လီကျန့်ယီတို့အသင်းက ယူသွားသွားတဲ့ အိတ်ထဲမှာရှိတဲ့သဲလွန်စများက တကယ်ပဲညအချိန်တွင်သာ ပေါ်လာမှာ"ဟု‌ပြောပြီး ဆရာလီ၏ မျက်လုံးသည် လီကျန့်ယီကို အလွန်စိတ်ဝင်စားစွာကြည့်လိုက်သည်။

All Chapters