← Chapters

ရှန်းရှိန်ကျောင်းတော်၏တပည့်ရင်း ရှဲ့ရွမ်

Vol. 3 Ch. 24

ရှန်းရှိန်ကျောင်းတော်၏တပည့်ရင်း ရှဲ့ရွမ်

Vol. 3 Ch. 24

"သဲလွန်စတွေက ညဘက်မှာမှ ပေါ်လာမယ်ဟုတ်လား"

ဆရာလီစကားကိုကြားသည်နှင့် တစ်ပြိုင်နက် လီဆူးဝမ်သည်

ဓားကျင့်နေသော လီကျန့်ယီဘက်သို့မနေနိုင်စွာ ကြည့်လိုက်မိသည်။

"ငါ့တပည့်ကောင်းလေးက သဲလွန်စကို တကယ်ပဲတွေ့သွားပြီလား"

"ဟုတ်မှာပါ..."ဟု လီချန်းရှန်က အေးဆေးစွာ ပြုံးရယ်လိုက်သည်။ သူသည် လီကျန့်ယီကို အလွန်ပင် ကျေနပ်အားရနေသည်။ အသွင်သဏ္ဌာန်၊အကျင့်စရိုက်၊ ဉာဏ်ပါမကျန် လီကျန့်ယီသည် သူနှစ်ပေါင်းတစ်ရာအတွင်း တွေ့ကြုံခဲ့သမျှထဲတွင် ဉာဏ်အပါးဆုံးသောသူ ဖြစ်သည်မှာ သေချာပေသည်။

တစ်ခါကြည့်ရုံနှင့် စာတစ်‌ကြောင်းသာရှိသည့် အိတ်ထဲက သဲလွန်စ၏သော့ချက်ကို မြင်နိုင်စွမ်းရှိသည်။

သူတပည့်များ စတင်ခေါ်ယူခဲ့သည့်အချိန်မှစ၍အခုချိန်အထိ လီကျန့်ယီသည်သာ လဲလွန်စကို အမြန်ဆုံးရှာဖွေနိုင်သူဖြစ်လေသည်။

" ငါ ထင်သားပဲ ၊ငါ့တပည့်ကောင်းလေးက သဲလွန်စရှာမတွေ့ရင် အဲ့နေရာမှာ ‌ အေးအေးဆေးဆေး ဓားကျင့်‌နေမှာမဟုတ်ဘူး ဟားဟား" လီဆူးဝမ်သည် တိမ်ပေါ်လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။

ငါရဲ့တပည့်..အဲ့တာငါ့ရဲ့ တပည့်၊ကြည့်ထား မတွေ့ဖူးသေးရင် ပါရမီရှင်တွေက ငါတို့လိုမျိူးအလုပ်မလုပ်ကြဘူး သူတို့ကကွဲပြားတယ်!!!

လီချန်းရှန်၏အကြောင်းပြန်ချက်ကို ရရှိပြီးနောက် လီဆူးဝမ်သည် ယခင်က သရော်စကားပြောနေခဲ့သူအား တင်းမာစွာ ကြည့်လိုက်သည်။

ကျောင်းတော်က ဆရာလီတောင်၊ငါရဲ့ဆက်ခံသူက သဲလွန်စတွေ့သည်ဟု ယုံကြည်နေတဲ့ချိန်မှာ၊မင်းတို့ ဘာပြောနိုင်သေးလည်းဟုမေးနေ

သည်မှာ သူ့၏မျက်နာတွင် သိသာထင်ရှားလေသည်။

လီဆူးဝမ်၏ပြင်းထန်သော အကြည့်သည် သူ့အပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သရော်စကား ပြောခဲ့သည့်လူသည် လူတွေကြားပုန်းခိုကာ လီဆူးဝမ်၏ အကြည့်ကို ရှောင်လွဲနေလေသည်။

အချို့ကျင့်ကြံသူတို့က သူတို့အမှားကိုဝန်ခံကာ တောင်းပန်လာကြသည်၊ "ဆရာလီ၊ ကျုပ်တို့ မျက်စိကန်းခဲ့ပါတယ်၊ဆရာလီရဲ့ဆက်ခံသူက ဤမျှ ထက်မြတ်ပြီး အိတ်ထဲက သဲလွန်စကို တစ်ချက်ကြည့်ရုံနဲ့

အဖြေကိုသိနိုင်မယ်လို့ လုံးဝမမျှော်လင့်ထားမိဘူး"

"ဟုတ်ပြီ "

လီဆူးဝမ်က တောင်းပန်ချက်ကို လက်ခံလိုက်ဖြစ်သည်။အခုချိန်တွင် သူတပည့်သည် ငယ်ရွယ်သည့်အရွယ်မှာရှိသေးသဖြင့် ရန်သူမထားတာပိုကောင်းသည်။

တောင်းပန်ရန်မထွက်လာသူများကိုမူ လီဆူးဝမ်က မှတ်မိနေဆဲပင်။

"ဆရာလီ သဘောထားကြီးမှု့အတွက် အထူးကျေးဇူးတင်ပါတယ်"

ရှေ့တို့ထွက်လာပြီးတောင်ပန်သူများက အနည်းငယ် ဉီးညွှတ်ပြီးနောက် သူတို့နေရာတွေင်ပြန်သွားက ဘာမှထပ်မပြောကြတော့ပေ။

ဒါပေမဲ့ စတင်သရော်ခဲ့သည့်သူသည် တစ်ခြားလူများကဲ့သို့မဟုတ်ပေ

သူက တစ်ခုခုကြံစည်နေမှန်းသိသာသည်။သူ့၏ စကားများက

လီဆူးဝမ်နှင့်လီချန်းရှန်ကြား မီးစပွားစေမည့်စကားကို ပြောခဲ့သည်။

သူနားမလည်သည်မှာသူနှင့် လီကျန့်ယီတို့ ထျန်ချီမြို့သို့ရောက်ရှိလာသည်မှာ ရက်ပိုင်းသာရှိသေးသည့်အချိန်တွင် ၎င်းတို့၏ ရန်သူများသည် မည်သည့်နေရာမှ ပေါ်ပေါက်လာသနည်း။ အဘယ်ကြောင့် လီဆူးဝမ်နှင့် လီကျန့်ယီတို့ကို ပစ်မှတ်ထားနေရသနည်း။

"ချင်ဝမ် နဲ့ လန်ယာဝမ်တို့ ဖြစ်နိုင်လား" လီဆူးဝမ်က ရွှေတစ်ထောင်ခန်းမရှိရာဘက်သို့ ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ထိုနေရာတွင်မင်းသားရှစ်ပါး စာမေးပွဲစစ်သည်ကို ကြည့်သည့်နေရာ ဖြစ်သည်။ မင်းသားရှစ်ပါးကြောင့်ပင် ယနေ့ ရွှေတစ်ထောင်ခန်းမကို ငှားရမ်းထားပြီး ကျောင်းတော်၏ စာမေးပွဲစစ်ကြည့်စင် အဖြစ် ပြောင်းလဲသတ်မှတ်ထားသည်။

သံသယများဖြင့်လီဆူးဝမ်သည် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် အကြောင်းပြချက်မရှိဘဲ ပစ်မှတ်ထားခံရခြင်းကို သူ အမှန်ပင် မကျေမနပ် ဖြစ်နေမည်။

"ဆရာလီ၊ကျုပ် အရေးကြီးကိစ္စရှိသဖြင့် ခွင့်တောင်းပါတယ်" လီဆူးဝမ်က ဘေးမှ လီချန်းရှန်အား ဦးညွှတ်လိုက်သည်။

"ဟုတ်ပြီ"လီချန်ရှန်းသည်လည်း မူမမှန်သည့်အရာကို မှန်းဆမိပြီးဟန် ဖြင့်သွားခွင့်ပေးလိုက်သည်။ လီဆူးဝမ်ထွက်ခွာသွားပြီးနောက် လီချန်းရှန်သည် ဓားကျင့်နေသော လီကျန့်ယီထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

သူသည်လီကျန့်ယီကို လှပသောအမျိုးသမီးတစ်ဦးအား ကြည့်ရှုနေသကဲ့သို့ မျက်တောင်မခပ်စတမ်းကြည့်နေသည်။ ဤသို့ကြည့်ရှုမှုကြောင့် လီကျန့်ယီ၏သည် ကျက်တီးဖုများထသွားပြီး မေးလိုက်သည်။

"ဆရာလီ၊ကျုပ်ကို ခိုင်းစရာကိစ္စတစ်ခုခုရှိလို့လားပါ" လီကျန့်ယီသည် အဆိုပါကြည့်ရှုမှုကြောင့် ကျောရိုးတစ်လျှောက် အေးစက်သွားပြီး ဓားကျင့်ခြင်းကို ရပ်လိုက်သည်။

ငါ...ငါဓားကျင့်နေတုန်း အကြည့်တစ်ချက်နဲ့တင် ငါလုံးဝဆက်မကျင့်နိုင်အောင်လုပ်နိုင်တာ ဆရာလီက အရမ်းတော်ပါတယ်ကွာ...ဟုတ်ပြီလား!!!

ဒါပေမဲ့ အဲ့အကြည့်က ဘာလဲ!!!!

"ဘာမှမဟုတ်ဘူး၊မင်းကိုကြိုက်လို့ပါ"လီချန်းရှန်က ပြုံးပြီးပြောလိုက်သည်။

"ဒါပေမယ့်ကျွန်တော်က အမျိုးသားတွေကို မကြိုက်ပါဘူး၊အထူးသဖြင့် ကျွန်တော့်ထက် အသက်ကြီးတဲ့ အမျိုးသားတွေကို"

လီကျန့်ယီက မသိစိတ်အလိုလို နောက်တစ်လှမ်းဆုတ်လိုက်သည်။

သူသည်လိင်တူချစ်သူများကို သဘောကျသော်လည်း၊ သူကိုယ်တိုင်က လိင်တူချစ်သူအသိုင်းအဝိုင်းထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်ရမည်ကိုမူ လက်မခံနိုင်ပေ။

အဲ့ကြောင့် အဲ့အကြည့်တွေကို ရုတ်သိမ်းပေးပါ ဆရာကြီး!!!

"ဟားဟား...ကောင်လေး၊ မင်း ငါ့ကို နားလည်မှု့လွဲသွားတာပဲ၊ ငါကြိုက်တယ်ဆိုတာက မင်း ဓားကျင့်တဲ့အခါ ဘယ်လောက်စိတ်ရှည်သည်းခံပြီး အာရုံစိုက်လုပ်ဆောင်နိုင်ပုံကို ပြောတာပါ၊မင်းက ငါ့ရဲ့ အရင်ကမိတ်ဆွေတချို့ကို သတိရစေလို့ပါ" လီချန်းရှန်သည် လီကျန့်ယီ၏ မသိမသာခွာသွားသောအမူအရာနှင့် သတိထားသည့်အကြည့်ကို မြင်သောအခါ အားရပါးရပင်ရယ်မောသွားသည်။

" အော်"လီကျန့်ယီသည် ကဗျာဆရာ လီချွမ်းကို စဉ်းစားမိသွားသည်။ သူသည် လီချန်းရှန်နှင့် ခေတ်ပြိုင်ဖြစ်ပြီး ပါရမီညီမျှသည့် ကဗျာဆရာတစ်ဦး ဖြစ်သည်။

သူသည်ကဗျာတွင် ပါရမီပါရုံသာမက ဓားသမားလည်း ဖြစ်သည်။

ထို့ကြောင့်လီချန်းရှန်သည် သူ့ဓားကျင့်နေသောပုံက သူ့၏အရင်မိတ်ဆွေ လီချွမ်းကို မြင်ယောင်နေခြင်းဖြစ်သည်။

"အိုး...ငါ့ဇာတ်လမ်းကို မင်းသိချင်စိတ် မရှိဘူးလား" လီချန်းရှန်သည် လီကျန့်ယီ၏ တုံ့ပြန်မှုကို အတိုင်းအတာတစ်ခုထိ အံ့အားသင့်သည်။ယုတ္တိအရဆိုလျှင်သူသည် အရင်ကမိတ်ဆွေတချို့ကို သတိရနေကြောင်း ဖော်ပြပြီးဖြစ်သည့်အတွက် လီကျန့်ယီက မေးခွန်းမေးရမည်

မဟုတ်ဘူးလား။

"ဤကမ္ဘာတွင်ဇာတ်လမ်းပေါင်းများစွာ ရှိနေပါတယ်၊သို့သော် ကျွန်‌တော်ယုံကြည်သည်မှာ ကျွန်တော်လှမ်းလိုက်သည့် အလှမ်းတိုင်း၊ လွဲလိုက်သည့် ဓားချက်တိုင်းသည် ကျွန်တော်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမည်ဖြစ်၊ထို့ကြောင့်အခြားသူများရဲ့ ဇာတ်လမ်းများကို စပ်စုခြင်းထက်မိမိကိုယ်ပိုင် ဇာတ်လမ်းကို ပို၍ ကြိုးစားရေးသားလိုသည်" လီကျန့်ယီက အေးဆေးစွာဖြင့် သူ့လက်ထဲက သစ်သားဓားကိုဆက်လက် ကျင့်လိုက်သည်။

ဟို အကြည့်က ရိုးသားတယ်ဆိုမှတော့ ..ငါ ဓားပြန်ကျင့်ပြီနော် ဆရာကြီး!!!

ငါ ရပ်ခဲ့ရတဲ့အချိန်နဲ့ပါအစားထိုးကျင့်ရအုန်းမယ်!!!

"ဟုတ်တယ်၊အတိတ်သည်ကို အတိတ်မှာထားပြီး၊ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ အရေးအကြီးဆုံးပဲ" လီချန်းရှန်က ပြုံးရယ်ကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက်သူက တိုက်ရိုက်အဓိကအချက်ကို ပြောလိုက်သည်၊ "ဤကျောင်းတော်၏ စာမေးပွဲအတွက် တပည့်တစ်ဦးတည်းသာ လက်ခံရန် မူလကတည်းက ရည်ရွယ်ထားခဲ့သည်။ သို့သော် ယနေ့ သခင်လေး လီကျန့်ယီကို တွေ့ပြီးနောက် ခြွင်းချက်ထားကာ တပည့်တစ်ဦးထပ်မံ လက်ခံလိုတယ်"

"ခြွင်းချက်ထားကာတပည့်တစ်ဦး ထပ်မံလက်ခံမည်လား"

ကြည့်ရှုနေကြသည့်ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။ကျောင်းတော်၏ဆရာဖြစ်သူ လီချန်းရှန်သည် တစ်နှစ်လျှင် တပည့်တစ်ဦးတောင်ရှားရှားပါးပါး လက်ခံလေ့ရှိသော်လည်း၊ ယခုနှစ်တွင် နှစ်ဦး လက်ခံတော့မည်လား။

"ဓားနှလုံးဂူဗိမာန်မှသခင်လေး လီကျန့်ယီက အမှန်ပင် ကံကောင်းလှတယ်၊ ခြွင်းချက်ဖြင့်ပင် ကျောင်းတော်၏ တပည့်ဖြစ်လာနိုင်ခဲ့တယ်"

ပွဲလာကြည့်သည့် ကျင့်ကြံသူများစွာတို့သည် အားကျသည့် မျက်လုံးမျာဖြင့် လီကျန့်ယီကိုကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော်ဤလောကရဲ့ အကြီးမြတ်ဆုံးပုဂ္ဂိုလ်၏ တပည့်ဖြစ်လာခြင်းသည် ကျင့်ကြံရေးကမ္ဘာတွင် မိမိ၏အဆင့်အတန်းကို အတော်ပင်မြှင့်တင်ပေးနိုင်သည်။ ဂိုဏ်းအချို့၏ ခေါင်းဆောင်များပင် ဆရာလီ၏ တပည့်ကို အလွန်ရို‌သေလေးစားစွာဆက်ဆံလေ့ရှိသောကြောင့်ပင်။

ကျင့်ကြံသူများက လီကျန့်ယီအား အားကျနေစဉ်၊ လူတိုင်းမြင်ရသည်မှာ လီကျန့်ယီက ရုတ်တရက် ဓားကျင့်ခြင်းကို ရပ်လိုက်ပြီး"ဆရာလီ၊ ကျေးဇူးပြု၍ နားလည်ပေးပါ၊ ကျုပ်သည် ဓားနှလုံးဂူဗိမာန်၏ဆက်ခံသူဖြစ်တယ်၊ဆိုရိုးစကားရှိသည့်အတိုင်း"တစ်နေ့ဆရာ၊ တစ်သက်လုံးဆရာပဲ" တဲ့၊ထို့ကြောင့်ကျုပ်၏ဆရာ ခွင့်ပြုချက်မပါဘဲ ဤဘဝတွင် အခြားတစ်ယောက်ကို ဆရာအဖြစ်မတင်နိုင်ပါ"

"မင်း...မင်း ငြင်းပယ်လိုက်တာလား"

လီကျန့်ယီ၏စကားကိုကြားရသော ပွဲ့ကြည့်စင်မှ ကြည့်ရှုသူအားလုံးတို့သည် ငေးမောသွားကြတော့သည်။

"ကောင်းကင်ဓားဂိုဏ်းမှမိတ်ဆွေများ၊ ကျူပ်ကို ဆွံလိမ်ပေးနိုင်မလား၊အိပ်မက်မက်နေတာလားလို့ သေချာရအောင်၊တစ်စုံတစ်ဦးကဆရာလီ၏ တပည့်ဖြစ်ရန် အမှန်တကယ် ငြင်းပယ်လိုက်သည်လား" ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် လူငယ် လီကျန့်ယီကို မယုံကြည်နိုင်ဖြစ်ကာ ပြူးကြည့်နေသည်။

ထို့နောက်နောက်တစ်စက္ကန့်အကြာတွင် အလွန်နာကျင်သည့်အော်သံ ထွက်ပေါ်လာသည်။

"အာ...အရမ်းနာတယ်၊ဒါအမှန်ပဲ အိပ်မက်မဟုတ်ဘူး" ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲက သူဆွဲလိမ်ခံရသည့် နေရာကို ပွတ်သပ်ကာ လီကျန့်ယီကို နာကျင်သည့်အမူအရာဖြင့် ကြည့်နေသည်။

သူစဉ်းစားနေသည်မှာ"မင်းက ကျောင်းတော်က ဆရာလီရဲ့ တပည့်မဖြစ်ချင်ဘူးဆိုရင်၊ ငါက ကောင်းကင်ဓားဂိုဏ်းက အကြီးအကဲအဖြစ်ကို စွန့်လွှတ်ပြီး ဆရာလီရဲ့ တပည့်ဖြစ်လိုက်မယ်။"

သို့သော်လီချန်းရှန်က သူ့ကို တပည့်ခေါ်ယူဖို့စိတ်ကူးမရှိသည်မှာ ဝမ်းနည်းစရာပင်။

"ဟားဟား၊သခင်လေး လီရဲ့ ငြင်းပယ်မှုက ငါမျှော်လင့်ထားသည့်အတိုင်းပင် " လီချန်းရှန်သည် လီကျန့်ယီက သူ၏တပည့်ဖြစ်ရန် ငြင်းပယ်ခြင်းကို အံ့အားသင့်မှု မရှိခဲ့ပေ။အဘယ်ကြောင့်ဆိုသော်သူကလီကျန့်ယီသည် ရှဲ့ရွမ်ကဲ့သို့သော လူစားမျိုးပင် ဖြစ်မည်ဟု ထင်မြင်မိသောကြောင့်ပင်။

ရှဲ့ရွမ်သည် ကျီးရှားကျောင်းတော်၏ ကျောင်းသားတစ်ဦး ဖြစ်သော်လည်း၊ အမှန်တကယ်တွင်‌ လီချန်ရှန်း၏ တပည့်မဟုတ်ဘဲ၊ ကျီးရှားကျောင်းတော်နှင့်ယှဉ်လျှင် ဘယ်နေရာမှအောက်မကျသော ရှန်းရှိန်ကျောင်းတော်၏ တပည့်ကြီးဖြစ်သည်။

သူတို့တွင်ရှိသည့် တစ်ခုသောအားနည်းချက်မှာ ၊ ရှန်းရှိန်ကျောင်းတော်တွင် လီချန်းရှန်ကဲ့သို့ ‌အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူ တစ်ဦးမရှိခြင်းပင်သာဖြစ်သည်။တစ်ခြားအရာယှဥ်လျှင်တော့ ကျီးရှားကျောင်တော်နှင့် တန်းတူရပ်တည်နိုင်သည့် အနေအထားတွင်ရှိနေသည်။

All Chapters