← Chapters

ချင်ဝမ်မင်းသား၏ အကြံအစည်

Vol. 3 Ch. 25

ချင်ဝမ်မင်းသား၏ အကြံအစည်

Vol. 3 Ch. 25

"သခင်လေး လီ၊အချိန်ရတဲ့အခါ လူတစ်ယောက်ကို မိတ်ဆက်ပေးချင်တယ်၊ ခင်ဗျားနဲ့ သူက တော်တော်ဆင်တူတယ်"

"ဒါပေမယ့်သူက စာဖတ်ရတာကို ကြိုက်တယ်၊ဒါ‌ပေမဲ့သခင်လေး လီကတော့ ဓားကိုင်တိုက်ခိုက်ရတာကိုကြိုက်တယ်၊ နှစ်ယောက်မှာ တူတာက စွဲလမ်းစိတ်ပဲ"သူတို့နှစ်ယောက်၏ စွဲလမ်းစိတ်များသည်အတော်ဆင်တူကြသည်။တစ်ယောက်က စာအုပ်ကို အရူးအမူးဖြစ်နေချိန်တစ်ယောက်က စာအုပ်ဖတ်ရတာကို အရူးအမူးဖြစ်နေသည်။

"တစ်ယောက်က ယောက်ျားလေး၊ တစ်ယောက်က မိန်းကလေးဆိုရင် တော်တော်လေးကို လိုက်ဖက်ပါလိမ့်မယ်" လီချန်းရှန်က ကျီးရှား ကျောင်းတော်၏ စာကြည့်တိုက်ထဲမှာ စာအုပ်တွေနဲ့ပဲ အမြဲတမ်းရှိနေသည့် ရှဲ့ရွမ်ကို စဉ်းစားမိတော့ စိတ်ထဲမှာ ဝမ်းနည်းစရာကောင်းသလို ခံစားမိသည်။ အကြောင်းမှာ ထိုကဲ့သို့သော ထူးချွန်သည့် ကျောင်းသားတစ်ယောက်သည် သူ၏တပည့်လည်း မဟုတ်၊ ပြီးတော့မိန်းကလေးလည်းမဟုတ်သောကြောင့်ပင်။တကယ်လို့သာ ရှဲ့ရွမ်သာမိန်းကလေးဆိုရင် လီကျန့်ယီနှင့်အတော်လိုက်ဖက်ပေမည်။

လီကျန့်ယီက "..."

ကျောင်းသားဦးထုပ်ဆောင်းထားပြီး ကျောပိုးအိတ်ကြီးကို နောက်ကျောမှာတင်၍ထားသည့်လူငယ်စာဖတ်သူပုံသဏ္ဍာန်သည် သူ့၏စိတ်ထဲတွင် ပေါ်လာလေသည်။ သူနှင့် ရှဲ့ရွမ်တို့သည် တော်တော်လေး လိုက်ဖက်ကိုက်ညီလှပေသည်။

ဘယ်နေရာကိုကြည့်ပြီးပြောနေတာလည်းဆိုတာ ကျုပ်မေးလို့ရမလားဟင်!!!

တစ်ယောက်က ဓားကျင့်ပြီး၊တစ်ယောက်က စာအုပ်ကိုခေါင်းထဲထိုးနေချိန် သူတို့ကြားက ဘာဖြစ်လာမယ်လို မျှော်လင့်နေတာလည်း ဆရာကြီး!!!

ဆရာကြီးရဲ့ အတွေးတွေက ပုံမှန်လို တစ်ခုမှမရှိပါလား!!!

"လီဆရာရဲ့... ဆရာ့စိတ်ကူးက တကယ်ပဲ ကြမ်းတမ်းလွန်းပါတယ်"

"ကျွန်တော်က ဓားကိုင်ရတာကို ကြိုက်လို့၊ဒါကြောင့် ရှဲ့ရွမ်ကို ကျွန်တော်တို့လိုက်ဖက်တယ်လို့ တွေးကြည့်မိတာလား"

ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလိုခံစားရပြီးနောက် လီကျန့်ယီသည် သူ၏စိတ်ထဲက ကြောက်စရာကောင်းသည့် အတွေးများကို အမြန်ဆုံး မေ့ပစ်လိုက်ကာပြောလိုက်သည်။ "လီဆရာ၊ မိတ်ဆွေဖွဲ့တာကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် လူတွေကို တစ်ခါတရံ လက်ထပ်ခြင်းစီစဉ်ပေးတာမျိုးတော့ မလုပ်ပါနဲ့လား"

"ဟားဟား... ကျွန်တော် စနှောက်ပြောနေတာကို၊ သခင်လေးလီက ဘာလို့ ဒီလောက်အတည်ယူပြီးတွေးနေရတာလဲ"

"ဒါမှမဟုတ် သခင်လေးလီက တိတ်ဆိတ်စွာ စာဖတ်နေတဲ့ မိန်းကလေးမျိုးကို ပိုကြိုက်တာလား။" လီချန်းရှန်က လီကျန့်ယီကို စနောက်သည့်အပြုံးဖြင့်ကြည့်လိုက်သည်။

ဒီကျောင်းတော်ထဲက လူတွေက ဆရာကအစတပည့်ကအဆုံး အကုန်ထူးဆန်းတဲ့လူပဲ။ပထမက လဲ့မုန်ရှား၊ဒုတိယကြ လီရှန်းချန် သူတို့ရဲ့ အတွေးက ထူးကဲသည်။

ဆရာကြီးက ဘယ်ရှုထောင့်ကကြည့်ပြီးပြောတာလည်းဆိုတာ ကျွန်တော်သိပြီထင်တယ်!!

ဥပမာ ကျွန်တော်နဲ့ရှဲ့ရွမ်က ဘေးခြင်းကပ်သွားနေချိန်မှာ ကျွန်တော်တို့နောက်မှာ ဆရာကြီးက ရုတ်တရက်ပေါ်လာပြီးတော့ ၊နောက်ကျောမှာကျွန်တော်က ဓားကိုထမ်းထားစဉ်၊ရှဲ့ရွမ်းက စာအုပ်စင်သေးသေးလေး

ထမ်းနေတာကိုမြင်တော့ "ဝိုး"ဒါက အရမ်းလိုက်ဖက်တာပဲလို့ အော်ပြီးပြီး "ဒါက စုံတွဲ"ပဲဟု သတ်မှတ်လိုက်တာထင်တယ်!!!

"ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်ကြိုက်တာက ဓားတစ်ချက်နဲ့ ရွှေတစ်သောင်းချီ ကုန်ကျနိုင်တဲ့ မိန်းကလေးကိုပါ" လီကျန့်ယီက ခေါင်းကိုခါပြီးပြောလိုက်သည်။

"အိုး...သခင်လေး လီက တကယ်ပဲ ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းကလေးမျိုးကို ကြိုက်တာလား"

"လဲ့အာက ကျောင်းတော်မှာ သခင်လေလီက ဓားနှလုံးဂူဗိမာန်ရဲ့ ပိုက်ဆံအားလုံးကို သုံးပစ်မယ်လို့ မကြာခဏပြောပြလေ့ရှိတယ်၊ အကြောင်းကိုမေးတော့ သခင်လေးလီက ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းကလေးတွေကို ကြိုက်လို့တဲ့"

"အစကတော့ လဲ့အာက ဟာသပြောနေတယ်လို့ထင်ခဲ့တာ၊ ဒါပေမယ့် သခင်လေးလီမှာ တကယ်ပဲ ဒီလိုအကြိုက်ရှိတယ်ဆိုတာ တကယ်မျှော်လင့်မထားဘူး" လီချန်းရှိန်းက အတော်လေး အံ့အားသင့်သွားသည့်ပုံဖြင့် လီကျန့်ယီကိုပြောလိုက်သည်။ထူးဆန်းလိုက်သည့် စိတ်ထားပိုင်ရှင်ပဲ။

"ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းကလေးတွေကို ဆရာလီက ဘယ်လိုထင်လဲ" လီကျန့်ယီက လူတစ်ဦး၏ ကံကြမ္မာကို မြင်နိုင်သည်ဟုဆိုသည့် လီချန်းရှန်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီလိုထင်တာက ဘာအကျိုးရှိလို့လဲ။ အဓိက အချက်က သခင်လေး လီက ပိုက်ဆံသဖြုန်းတတ်တဲ့ မိန်းကလေးကိုကြိုက်တာပဲမဟုတ်လား" လီချန်းရှိန်းက မေးခွန်းကို ရှောင်ရှားလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ ပြုံးပြလိုက်သည်။

"ဒါကလည်း မှန်ပါတယ်" လီကျန့်ယီက ဝေးဝေးမှာရှိနေသည့် ဟန်ယီကို လှည့်ကြည့်လိုက်သည်။ပုံမှန်အတိုင်းပင် သူမက သူကိုအမြဲကြည့်နေသော တစ်ယောက်ထဲလူဖြစ်သည်။

ယီယီက သူ့ကိုကြည့်နေသည်ကို မြင်တော့ ပျော်ရွှင်စွာဖြင့် သူ့လက်ကလေးကို လွှဲပြလိုက်သည် "ယီယီ... မင်းကြိုးစားရမယ်၊စာ‌မေးပွဲပထမဆုံးနေရာရအောင် ကြိုးစားပြီး အိမ်ပြန်လာခဲ့နော်"

"ဟုတ်ပြီ" လီကျန့်ယီက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

"မုန့်ရှားရဲ့သမီး... ငါ့နဲ့ ဆက်စပ်မှုရှိနေတယ်" လီချန်းရှန်က လီကျန့်ယီ ကြည့်နေသည့်ဘက်ကို လိုက်ကြည့်ပြီးသူ့၏ ဦးတည်ရာကို မြင်သည်နှင့်ရုတ်တရက်ဆိုသလို ပြောလိုက်သည်။ "သခင်လေး လီ... ခင်ဗျားပြောတဲ့ ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းကလေးဆိုတာ မုန့်ရှားရဲ့သမီး မဟုတ်လား"

"မသိပါဘူး" ဟု လီကျန့်ယီက လီချန်းရှန်၏မေးခွန်းကို ရှောင်ရှားလိုက်သည်။

“ဒါကလည်း မှန်ပါတယ်၊ ဟန်ယီကလေးက ငယ်သေးတယ်၊ ဟန်ယီက ဘယ်နေရာမှာ ပိုက်ဆံဖြုန်းတတ်မှာလဲဆိုတာ ငါမမြင်နိုင်သေးဘူး” လီချန်းရှန်က နက်နက်နဲနဲ စဉ်းစားနေသည့်ပုံဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် တကယ်ပဲ ဟန်ယီက ဘယ်နေရာမှာ ပိုက်ဆံဖြုန်းတတ်သည်ကို မမြင်နိုင်ခဲ့ပေ။

သို့သော်လည်း ဟန်ယီ၏အနာဂတ်သည် ဒုက္ခအမျိုးမျိုးနှင့် ပြည့်နှက်နေမည်ကိုမူ သူမြင်နိုင်သည်။ ပထမဦးစွာ သူမ၏ဖခင်ကို ဆုံးရှုံးရပြီး၊ ထို့နောက် မိခင်ကိုပါဆုံးရှုံးရလိမ့်။ ဤနှစ်ထပ်ဒဏ်ရာဒဏ်ချက်အောက်တွင် ဟန်ယီသည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်ဖြစ်လာပြီး လူစိမ်းတစ်ယောက်မျှ မချဉ်းကပ်ဝံ့အောင် အေးစက်သွားပေမည်။

"ဟမ်... လီဆရာမှာ ပြောစရာရှိသေးလား၊မရှိရင် ကျွန်တော် ဓားလေ့ကျင့်ဖို့ စတော့မယ်" လီကျန့်ယီက မျက်နှာအမူအရာမပြောင်းလဲဘဲ သူ၏သစ်သားဓားကို လှုပ်ယမ်းလိုက်ရင်း ပြောလိုက်သည်။

သို့သော်လည်း သူ၏ ကနဦး တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။ အကြောင်းမှာ လီချန်းရှန်၏စကားများသည် ဟန်ယီသည် ဓားတစ်ချက်နှင့် ရွှေငွေတစ်သောင်းကျော်ကို သုံးစွဲနိုင်သည့် ပိုက်ဆံဖြုန်းတတ်သည့် မိန်းကလေး ဖြစ်နိုင်သည်ဟု ညွှန်းဆိုနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း လူတွေ၏ ကံကြမ္မာကိုမြင်နိုင်သည့် ဆရာလီပင်လျှင်၊ဟန်ယီကပိုက်ဆံကိုဘယ်နေရာမှုဖြုန်းလိုက် လည်းဆိုတာကိုတော့ တိတိကျကျမမြင်နိုင်ခဲ့ပေ။

ရှေးဖြစ်ဟောတွေကလည်း ယေဘုယျအားဖြင့် တိကျသည့်အဖြေကို ထုတ်ပေးနိုင်မည်မဟုတ်ပဲ အပေါ်ယံသဘောများကိုသာ ဖော်ထုတ်နိုင်သည်။ ဥပမာ ပေးရရင် "ဒီလူက အသက်ငယ်ငယ်နဲ့‌ဆုံးပါလိမ့်မယ်ဟု မြင်နိုင်ပေမဲ့ ဘယ်ချိန်၊ဘယ်နေရာမှာ သူသေမှာကိုတော့ အတိအကျမမြင်နိုင်သကဲ့ပင်။

"ကိစ္စမရှိတော့ပါဘူး၊ ဒါပေမယ့် ခင်ဗျား ဓားကိုင်ပုံကို ငါကြည့်ရှုရတာ နှစ်သက်မိပါတယ်။" လီချန်းရှိန်းက လှုပ်ရှားမှုမရှိဘဲ လီကျန့်ယီ၏ ဓားကျင့်သည်ကို လှပသည့် မိန်းကလေးတစ်ယောက်ကို ငေးမောကြည့်သကဲ့သို့ ကြည့်ရှုနေသည်။

လီကျန့်ယီ "..."

ကောင်းပါပြီ လေ ၊ခင်ဗျာရဲ့ ခုနက စကားကိုယုံပြီးတော့

ကျွန်တော် ဓားကျင့်လိုက်မယ်နော်

ဒါနဲ့ အကြည့်ကရိုးသားတယ်ဆိုတာ ဘယ်နှစ်ရာခိုင်းနှုန်းလောက်လဲဟင်!!!

ကျန့်ယီက တိတ်ဆိတ်နေလိုက်ပြီး တစ်ယောက်တည်း ဓားကိုင် လေ့ကျင့်လိုက်သည်။စိတ်ထဲတွင်တော့ ဒီဆရာကြီးရဲ့အကြည့်ကို ခပ်လန့်လန့်ပင်။

လီချန်းရှန်မှာ ပျော်ပွဲစားထွက်နေသကဲ့သို့ ကြည်မျှော်စင်ကနေ သူကိုယ်တိုင်ချက်ထားတဲ့ ဆောင်းလေရာသီနှင်းဆီအရက် တစ်ပုလင်းကို ထုတ်သောက်ကာ လီကျန့်ယီဓားကျင့်‌နေသည်ကို ကြည့်နေသည်။

"လီဆရာ... မွန်းတည့်ချိန် ရောက်လာပါပြီ၊နေရောင်က အရမ်းပြင်းလွန်းနေပါတယ်၊ ချင်းဝမ်မင်းသားကြီးက စာမေးပွဲကို လာကြည့်ရှုသူတိုင်း ရွှေတစ်ထောင်ခန်းမမှာ အနားယူဖို့ဖိတ်ခေါ်တယ်"

"အဲ့နေရာကနေ စာမေးပွဲခန်းထဲက အခြေအနေကို ကြည့်လို့ရတယ်၊ ဒါကြောင့် လီဆရာ... ရွှေတစ်ထောင်ခန်းမ ဘက်ကို ပြောင်းသွားချင်ပါသလား" လီချန်းရှန် ဆောင်းလေရာသီနှင်းဆီအရက်ကိုသောက်ပြီး လီကျန့်ယီ ဓားလေ့ကျင့်နေပုံကို ကြည့်နေစဉ်၊ သူ့ဘေးမှာ အနက်ရောင်ဝတ်စုံပြောင်လက်နေသည့် အဖိုးအိုတစ်ယောက် ပေါ်လာသည်။

ထိုသူမှာ အမြဲတမ်း ချင်းဝမ်မင်းသားကြီးနှင့် အတူရှိနေသည့် အစောင့်အရှောက်ပင်ဖြစ်သည်။ သူ၏ကျင့်ကြမှု့အဆင့်မှာ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်တွင်ရှိသည်။

"မွန်းတည့်ခါနီးတောင် ရောက်လာပြီလား၊ကောင်းပါပြီ ရွှေတစ်ထောင်ခန်းမကို သွားပြီး စာမေးပွဲခန်းထဲက အခြေအနေကိုကြည့်လိုက်မယ် အဲ့မှာလည်း အတူတူပဲဆိုတော့" လီချန်းရှန်က မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး နေသည် တကယ်ပဲ ပြင်းထန်စွာ တောက်ပြောင်နေပြီး တစ်နေ့တာအပူဆုံးနှင့် နေရောင်အရှိဆုံးအချိန်နီးပါး ရောက်နေသည်ကို တွေ့မြင်ရသည်။

"လီဆရာ... ကျေးဇူးပြုပြီး ရှေ့ကနေ သွားပေးပါ။" အနက်ရောင်ဝတ်အဖိုးအိုကလေးစားစွာဖြင့် လီချန်းရှန်အတွက် လမ်းပြပေးလိုက်သည်။

မကြာမီအတွင်း လီချန်းရှန်သည် စာမေးပွဲကို လာကြည့်ရှုနေကြသည့် အခြားသော ကျင့်ကြံသူများနှင့်အတူ ရွှေတစ်ထောင်ခန်းမဘက်သို့ ဦးတည်ထွက်ခွာသွားကြသည်။

ယခင်က လူအများဖြင့် ပြည့်ကျပ်နေခဲ့သော်လည်း ယခုအခါ လုံးဝဆိတ်ဆိတ်သွားပြီဖြစ်သည့် မြင်ကွင်းကို ကြည့်ရှုရင်း လီကျန့်ယီ၏ ဓားကိုင်လှုပ်ရှားမှုများသည် ပို၍ပင် မြန်ဆန်လာလေသည်။

ထို့အပြင် သူ၏တင်းကျပ်နေသည့် နှလုံးသားသည်လည်း နောက်ဆုံးတွင် ငြိမ်သက်သွားလေသည်။

ဆရာကြီးလီကို ခေါ်သွားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်!!!

ကပြနေတာလည်းမဟုတ်တာကို ဘယ်လိုလုပ် အရက်သောက်ပြီး ဓားကျင့်နေတဲ့လူကိုကြည့်နေရသနည်း။အဲ့တာက မူမမှန်ဘူး။

လီချန်းရှန်ထွက်ခွာသွားပြီးနောက် လီကျန့်ယီ၏ တင်းကျပ်နေသည့် အကြောများသည် ပြေလျော့သွားပြီး သူ့၏ ဓားကိုင်လှုပ်ရှားမှုများသည်လည်း ချောမွေ့ပြီး အားကောင်းလာလေသည်။ သူသည် အလွန်ပင် သက်တောင့်သက်သာ ရှိလာခဲ့သည်။

သို့သော်...သူသည် ဓားကိုင်ခြင်းဖြင့် ပို၍အားကောင်းလာသည့် ဝမ်းမြောက်ပျော်ရွှင်မှုကို ခံစားနေစဉ် မဖိတ်ခေါ်ထားသည့် ဧည့်သည်သုံးဦးသည် သူ့ဆီသို့ ချဉ်းကပ်လာနေကြသည်။

အဖွဲ့ကို ဦးဆောင်သူမှာ အတုမရှိ ချောမောလှပသည့် ယဲ့ယွဲ့ဖြစ်သည်။

သူ့နောက်မှာတော့ အဖြူရောင်ဆံပင်နှင့် အသားအရေဖြူစင်ပြီး ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရပ်နေသည်။

"သခင်လေး လီက စိတ်ကောင်းဝင်နေတဲ့ပုံပဲ"

ဦးဆောင်သူ ယဲ့ယွဲ့သည် အပြုံးများနှင့် ရယ်မောကာပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့်အခါ လီကျန့်ယီသည် ဓားကိုင်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ၊ လျူယဲ့နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ချောမောလှပသည့် ယဲ့ယွဲ့ကို ကြည့်လိုက်ကာ အနည်းငယ် အံ့အားသင့်သွားသည်။

သူမှတ်မိသည့်အတိုင်းဆိုလျှင် ယဲ့ယွဲ့ဆိုသည့်အမည်မှာ မိန်ကျယ်တွင် ယောက်ျားအဖြစ် ဟန်ဆောင်ထားစဉ်က အသုံးပြုခဲ့သည့် အမည်တစ်ခု ဖြစ်သည်။

တစ်နည်းဆိုသော် ဤအခိုက်အတန့်တွင် သူ့ရှေ့မှာ ရပ်နေကြသည့် လူသုံးဦးမှာ ယဲ့ယွဲ့ရင့်ကျက်ပြီး လှပသည့် အမျိုးသမီး၊ အနဂတ်တွင် ဆံပင်ဖြူနတ်သမီးဖြစ်လာမည့် မိုရှီရွန် ၊ အနာဂတ်တွင် အမတ်မင်းဖြစ်လာမည့် ဇီယူကျီ။

"ကျွန်တော့်နာမည်က ယဲ့ယွဲ့ပါ၊အခွင့်သင့်လို့ သခင်လေးလီဆီ လာပြီး အကြံဉာဏ်တောင်းခံချင်ပါတယ်" ယဲ့ယွဲက ရုတ်တရက် သူ့၏ အဖြူရောင်ငှက်မွေးယပ်‌တောင်ကို ဖြန့်လိုက်ပြီး လီကျန့်ယီနှင့် တိုက်ခိုက်ဖို့ စတင်လိုက်သည်။

လီကျန့်ယီက နှေးကွေးစွာ ပြုံးရယ်လိုက်ပြီး ဓားလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်သည်။ပိုင်လီတုန်းကျွင်းက တစ်ချိန်လုံး‌တွေးနေခဲ့သည့်အမျိုးသမီးကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။ " မင်းရဲ့ ခြေထောက်တွေနဲ့ မျက်လုံးကိုကြည့်ပြီးတော့ ငါတကယ်ပဲသိချင်သွားတယ် မင်းက မိန်းကလေးလား

ယောင်္ကျားလေးလား"

ယဲ့ယွဲ့က လီကျန့်ယီကို မျက်မှောင်ကြုတ်ပြီး

"သခင်လေးလီ ဘာကိုဆိုလိုတာလဲ" ဟု မေးလိုက်သည်။

"အရင်ဆုံး ဘာကြောင့် ငါ့ကိုရှာတာလဲ အရင်ပြောစမ်း" လီကျန့်ယီက ယောက်ျားအဖြစ် ဝတ်စားဆင်ယင်ထားသည့် ယဲ့ယွဲ့ကို စူးရှသည့်မျက်လုံးဖြင့် ကြည့်နေလိုက်သည်။

"ချင်းဝမ်မင်းသားကြီးက သူ့လူတွေကို ကျောင်းတော်ထဲဝင်ခိုင်းစေ နေချင်တယ်၊ ဒါပေမယ့် သခင်လေးလီက အရမ်းထူးချွန်လွန်းနေတော့ ချင်းဝမ်မင်းသားကြီးက သခင်လေးလီကို ဖယ်ရှားပစ်ဖို့ ငါတို့ကို ခိုင်းတယ်" ယဲ့ယွဲ့က အမှန်အတိုင်း ဖြေကြားလိုက်သည်။

All Chapters