← Chapters

အံ့အားသင့်သွားသည့် ယဲ့ယွဲ့

Vol. 3 Ch. 26

အံ့အားသင့်သွားသည့် ယဲ့ယွဲ့

Vol. 3 Ch. 26

"ချင်ဝမ်မင်းသားကြီးလား"

"ငါ့ကို မခေါ်ယူနိုင်တော့ ငါ့ကို ဖျက်ဆီးဖို့ စီစဉ်နေကြတာပေါ့၊ ပြီးရင် ၊တီယမ်ဝူတွမ်ကနေ လာတဲ့ ရဲ့ဒင်းကျီ ကို ဆရာ့လီရဲ့ တပည့်ဖြစ်လာစေဖို့အတွက်လား"

လီကျန့်ယီသည် အသက် ၁၁ နှစ်သာ ရှိသော်လည်း သူ၏စကားများနှင့် အပြုအမူများမှာ က၁၁ နှစ်အရွယ် ကလေးတစ်ယောက်နှင့် လုံးဝမတူချေ။

ယဲ့ယွဲ့သည် အသက် ၁၁နှစ်လူငယ်နှင့်ပြောနေပေမဲ့ သူ့မ၏ စိတ်ထဲတွင် ယခုသူမနှင့် စကားပြောနေသူမှာ လူကြီးတစ်ယောက်ဟုသာထင်နေမိသည်။

"သခင်လေးလီက ... ရဲဒင်းကျီဟာ ချင်ဝမ်မင်းသားကြီးက ဖိတ်ခေါ်ထားတာကိုတောင် သိတာလား" ယဲ့ယွဲ့၏ မျက်ဝန်းများသည် အံဩမှု့ကြောင့် အနည်းငယ်ပြူးသွားသည်။ သူမရှေ့မှာရှိသည့် လူငယ်ကလျှော့တွက်လို့မရတဲ့ လူတစ်ယောက်ဖြစ်မှန်း ၊သူမ နောက်ဆုံးတွင်တော့ သဘောပေါက်သွားလေတော့သည်။

"မြောက်ပိုင်းလီဒေသရဲ့ ဗိုလ်ချုပ်ကြီး ရဲယု၏သား ရဲဒင်းကျီဖြစ်တယ်" လီကျန့်ယီက သူ၏စကားနှင့် ယဲ့ယွဲ့အား အဖြေပေးလိုက်သည်။

"သခင်လေးလီ မှန်ပါတယ်" ယဲ့ယွဲ့က ခေါင်းကိုအနည်းငယ် ညိတ်ပြီးနောက် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် လီကျန့်ယီကို ကြည့်ကာ "သခင်လေးလီက၊ယဲ့ယွဲ့မေးခဲ့တဲ့ ယခင်မေးခွန်းကို မဖြေသေးပါဘူး" ဟု ပြောလိုက်သည်။

"ကျွန်တော်ဆိုလိုတာက ယဲ့ယွဲ့ဆိုတဲ့ နာမည်က မင်းရဲ့နာမည်အစစ်မလည်းမဟုတ်သလို၊ မင်းက ယောင်္ကျားလေးမဟုတ်တာလည်း ငါသိနေတယ်"

"သခင်လေး လီသည် ကျောင်းတော်မှလီဆရာပင် ချွင်းချက်ပြုပြီး သူ့၏တပည့်အဖြစ် လက်ခံလိုသည်အထိတကယ် ထိုက်တန်သူဖြစ်တာပဲ"ယဲ့ယွဲ့သည် အတော်လေး အံ့အားသင့်သွားသော်လည်း သူမ၏ စိတ်ထဲတွင် သတိထားလာတော့သည်။

အကြောင်းမှာ လီကျန့်ယီသည် ဤမျှထိတ်လန့်ဖွယ်ကောင်းလွန်းသောကြောင့်ပင်။သူ၏နောက်ခံအကြောင်းကို သူမ သိပ်မသိသော်လည်း လီကျန့်ယီသည် သူမကို တစ်ချက်ကြည့်ရုံမျှဖြင့် သူမ၏အမှန်တကယ် ကိုယ်ပိုင်လက္ခဏာကိုပါ မြင်နိုင်သောကြောင့်ဖြစ်သည်။

ဤကဲ့သို့သောလူမျိုးနှင့် ရန်သူဖြစ်မိပါက အဆုံးသတ်သည်လည်း

မကောင်းနိုင်ချေ။

ဤအတွေးကို တွေးမိသည်နှင့် ယဲ့ယွဲသည် အမြန်ဆုံး လက်နှစ်ဖက်ကို ရင်ဘက်မှာယှက်လိုက်ပြီး ဦးညွှတ်ကာ "သခင်လေးလီ၊ ချင်းဝမ်မင်းသားကြီးနဲ့ကျွန်မတို့ကြားက ဆက်ဆံရေးက ယာယီသဘောမျှသာ ဖြစ်တယ်" ဟု ပြောလိုက်သည်။

"ဒါကို ကျွန်တော် မှန်းဆနိုင်ပါတယ်" လီကျန့်ယီက ခေါင်းကို အနည်းငယ် ညိတ်ပြီးပြောလိုက်သည်။

" မှန်းဆနိုင်တယ်လား" ယဲ့ယွဲ့က အံ့ဩသွားကသည်။ဒီလူငယ်မသိတာ ဘာရှိနိုင်မလဲဟု မေးနေမိတော့သည်။

ဒီမှာ ဟေ့လူ မင်းမသိတဲ့ဟာပဲ အရင်ပြောပြလိုက်ပါလား၊ငါက မင်းမသိတဲ့ဟာတွေနဲ့ပဲဆွေးနွေးချင်တော့တယ်၊အခုလိုဘာပြောပြောသိနေတာကြီးက ငါကိုယ်ငါတောင် လိပ်ပြာမလုံတော့ဘူး!!!

"တိယန်ဝူတွမ်ရဲ့ ၏ ရည်မှန်းချက်သည် အမြဲတမ်း ဗဟိုမြေပြန့်ဖြစ်ပြီး၊ ထိုနေရာသည်လည်း ပိုင်လီဒေသဖြစ်နေတယ်၊ချင်ဝမ်မင်းသားကြီးက ဧကရာဇ် ထိုက်အန်ရဲ့၏သားတော်ပဲ သူ့ကအနာဂတ်မှာ ထီးနန်းအတွက် ယှဉ်ပြိုင်ဖို့ဖြစ်နိုင်တယ်"ထိုကြောင့် သူတို့နှစ်ဦးသည် မိတ်ဆွေမဖြစ်လာနိုင်သောရန်သူများသာဖြစ်လိမ့်မည်။ယခုအချိန်တွင် အကျိူးအမြတ်တစ်ခုကြောင့် ယာယီပူပေါင်းနေကြောင်း သိသာ၏။

"သခင်လေ လီ ပြောတာမှန်ပါတယ်" လီကျန့်ယီ၏စကားကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ယဲ့ယွဲ့က သူနှင့်သဘောတူညီကြောင်း ပြောလိုက်သည်။

"ဒါဆိုရင် မိန်းကလေး ယဲ့ယွဲ့၊ ချင်းဝမ်မင်းသားကြီးကိုယ်စား ကျွန်တော့်ဆီ အကြံဉာဏ်တောင်းခံဖို့ စိတ်ရှိသေးလား" လီကျန့်ယီက နက်နဲသောမျက်လုံးများဖြင့် ယဲ့ယွဲ့တို့ကို ကြည့်လိုက်သည်။

"အမှန်တကယ်ဆိုရင် ချင်းဝမ်မင်းသားကြီးနဲ့ကျွန်မတို့က ရန်သူဖြစ်လာမှာ မုချပဲ၊ယာယီမဟာမိတ်တစ်ယောက်အတွက်နဲ့ အနာဂတ် ဓားပညာရှင်တစ်ယောက်ကို ယဲ့ယွဲ့ကဘာလို့ ရန်သူအဖြစ်ထိပါးရဲမလဲ"ယဲ့ယွဲ့က ခေါင်းကိုခါလိုက်သည်။

"ဒါကအမှန်လား၊တကယ်လို့သာ ကျွန်တော်က မင်းအကြောင်းမဖော်ထုတ်ခဲ့ရင် ပြီးတော့ ဒီလောက်နဲ့တည်တည်ငြိမ်စကားပြောနိုင်ခဲ့တာ မဟုတ်ခဲ့ရင်ရော ချင်ဝမ်မင်းရဲ့အမိန့်အတိုင်းကျွန်တော်ကိုသတ်ပစ်မလား"လီကျန့်ယီလက်ထဲက သစ်သားဓားကို သူ့ကျောပေါ်က ပတ်တီးနဲ့စည်းထားတဲ့ မာရာဏ နဲ့ အစားထိုးလိုက်သည်။

ယဲ့ယွဲ့ကသာ "ဟုတ်တယ်" လို့ ဖြေရင်၊ သူသည် မတွန့်မဆုတ်ဘဲ သူတို့သုံးယောက်ကို တမလွန်ဘက်သို့ ပို့ဆောင်ပစ်လိုက်မည်ဖြစ်သည်။

မဟုတ်ဘူးဆိုရင်တော့...

"..."

ယဲ့ယွဲ့က ခဏတာ တိတ်ဆိတ်သွားသည်။

လီကျန့်ယီက သူမ၏ကိုယ်ပိုင်လက္ခဏာကို မမြင်နိုင်ခဲ့ပါက၊ သူ၏စကားများနှင့် အပြုအမူများကြောင့် အံ့အားသင့်မသွားခဲ့ပါက၊ သူမ အမှန်တကယ်ပဲ ချင်းဝမ်မင်းသားကြီးအတွက် လီကျန့်ယီကို သတ်ဖြတ်ရန် ကူညီပေးမည်လားဟု သူမကိုယ်သူမ နက်ရှိုင်းစွာ မေးခွန်းထုတ်မိသည်။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ယဲ့ယွဲ့ကပြောလိုက်သည်။

"သခင်လေးလီက ကျွန်မကို မဖော်ထုတ်ခဲ့ရင်တောင်မှ၊ကျွန်မနဲ့ သခင်လေးလီက ရန်သူမဟုတ်သဖြင့် သတ်ဖို့အထိ မရည်ရွယ်ထားဖူးဘူး၊အမိန့်အတိုင်း သိုင်းကွက်ဖလှယ်ရုံမျှဖြင့် ကျွန်မတို့ကနောက်ဆုတ်သွားလိမ့်မယ်"ယဲ့ယွဲ့က သူမ၏စိတ်သဘောထားကိုရှင်းပြလိုက်သည်။

ချင်ဝမ်မင်းသားဘက်တွင်လည်း သူ့၏ပါးစပ်တွင်သာ ထုတ်မပြောပေမဲ့၊လီကျန့်ယီသည် အလွန်ပါရမီရှိသောလူဖြစ်သည်။ထိုသို့သော ပါရမီရှင်ကို လွယ်လွယ်ဖြင့်သတ်ဖြတ်နိုင်မည်ဟု သူမျှော်မှန်းထားခြင်းမရှိပေ၊ထိုကြောင့် သူမသို့ကသာ ရှုံးနှိမ့်သည်ဟုပြောရင်တောင် ၊ချင်ဝမ် မင်းသားက သံသယဖြစ်မည်မဟုတ်ပေ။

"ဟုတ်လား၊ဒါပေမဲ့ မိန်းကလေးယဲ့တို့ သုံးယောက်က ကျုပ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ကျုပ်ကို ထိခိုက်အောင်လုပ်ဖို့ကမဖြစ်နိုင်ဘူး"

လီကျန့်ယီက မိုရှီရွန်နှင့် ဇီယူကျီ တို့ကိုကြည့်လိုက်သည်။ သူတို့နှစ်ဦးပေါင်းလိုက်လျှင်ပင် ကျိူးရှောင်အဆင့်ကျင့်ကြံသူနှင့် သာယှဉ်နိုင်မည်။

"ကျွန်တော်တို့ကို လျှော့တွက်နေသလား။ အစ်မ၊ဒီကောင်လေးရဲ့ စွမ်းရည်ကို ကျွန်တော်တို့ စမ်းသပ်ကြည့်ခွင့်ပြုပါ။"

ယဲ့ယွဲ့၏နောက်မှ၊ ဆံဖြူနတ်သာမီးမိုချီရွန်သည် သူ၏ခါးမှ ကျောက်စိမ်းဓားကို ထုတ်ကာ လီကျန့်ယီကို အရင်ဆုံး တိုက်ခိုက်လိုက်သည်။

သို့သော်၊ နောက်တစ်စက္ကန့်တွင်...

လီကျန့်ယီက ဓားအိမ်ကို မိုချီရွန်၏လည်ပင်းတွင် တင်ထားနိုင်သည့်အချိန်တွင်၊မိုချီရွန်၏ဓားသည် လီကျန့်ယီကို ထိခိုက်နိုင်ဖို့ အလွန်ကွာဝေးနေသေးသည်။

မိုရှီရွန်၏ အရပ်က လီကျန့်ယီ၏အရပ်ထက်မြင့်နေသဖြင့် သူမ၏

လည်ပင်းကိုဓားဖြင့်ထောက်နိုင်ဖို့ အားဖြင့်ဖိထားရသည်။

ကွာဟချက်ကကြီးမားလွန်းသည်။လီကျန့်ယီသာ ဓားလှုပ်လိုက်မည်ဆိုပါက မိုချီရွန်က ချက်ချင်းသေဆုံးသွားမည်။

"ရှီရွန်"သူ့၏ အဖော်က ဓားဖြင့်ထောက်ခံနေရသည်ကိုမြင်သောအခါ ဇီယူကျီက အော်ပြီး ဓားချက်ထုတ်ဖို့ပြင်လိုက်သည်။

သို့သော် ယဲ့ယွဲ့ကတားလိုက်သည်။ "ဇီယူကျီ နောက်ဆုတ်လိုက်ပါ၊

မိုချီရွန်က သခင်လေးလီနဲ့ မယှဉ်နိုင်မှတော့တော့ မင်းသွားရင်လည်း အကျိုးမရှိဘူး"သူတို့နှစ်၏ ကျင့်ကြံခြင်းအဆင့်သည် တူတူသာဖြစ်နေကြောင့်ပင်။

"ဒါပေမယ့် မိုရှီရွန်က" ဇီယူကျီက မိုရှီရွန် အခက်အခဲဖြစ်နေသည်ကို မြင်နေရခြင်းကြောင့် သွားပြီး ကူညီလိုသည်။

"မိုရှီရွန် အဆင်ပြေလိမ့်မယ်၊သခင်လေးလီက ဓားကိုမထုတ်ရသေးဘူး" ယဲ့ယွဲ့က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

" ဒါပေမယ့် ငါက ဓားမထုတ်ပဲနဲ့လည်း လူကိုသတ်နိုင်တယ်" လီကျန့်ယီက မိုရှီရွန်၏လည်ပင်းတွင် တင်ထားသည့်ဓားကို အနည်းငယ် အားထည့်လိုက်သည်။ ဓားအိမ်တစ်ခုတည်းကပင် မိုရှီရွန်၏လည်ပင်းကို နီရဲသွားစေပြီး မြင်နိုင်သည့် အနီရောင်စင်းကြောင်းတစ်ခု ပေါ်လာသည်။

ဤအခြေအနေကို မြင်တွေ့ရသည်နှင့် ယဲ့ယွဲ့သည်သည် အမြန်ဆုံး တောင်းပန်လိုက်သည်။ "သခင်လေးလီ ကျွန်မက သခင်လေးဆီ အကြံဉာဏ်တောင်းခံမိလို့ သခင်လေး မကျေနပ်ရင်၊ ကျွန်မကို ပြစ်ဒဏ်ပေးပါ။ မိုရှီရွန်းကို တော့လွှတ်ပေးပါ"

"အိုး မိန်းကလေးယဲ့က လက်အောက်ငယ်သားတွေကို အရမ်းဂရုစိုက်ပေးနေသလိုပဲနော်" ယဲ့ယွဲ့က စိုးရိမ်ဖြင့် တောင်းပန်နေသည်ကို မြင်ရသောအခါ လီကျန့်ယီက မိုရှိရွန်၏လည်ပင်းမှ မာရာဏဓားကို နောက်ကျောဘက်သို့ ပြန်ထားလိုက်သည်။

ထို့နောက် အနည်းငယ်ထိတ်လန့်နေသည့် ယဲ့ယွဲ့ကို အဓိပ္ပာယ်ရှိရှိ ကြည့်လိုက်ကာ "ကျွန်တော်က ကျုပ်ကိုလာနှောက်ယှက်ခွင့်တဲ့လူကို တကယ်သဘောမကျဘူး၊ပြီးတော့ မိန်းကလေးယဲ့ စိတ်ကြိုက်စမ်းသပ်ခွင့်ပေးမဲ့လူမျိူးလည်းမဟုတ်ဘူး"လီကျန့်ယီက ရိပ်မိသည်။အမှန်တွင် ယဲ့ယွဲ့တို့သည် ချင်မင်းသားအမိန့်ကို နာခံရုံသက်သက်မဟုတ်ပဲ သူ့ကတကယ်ပဲသန်မာသလား ဆိုတာကို လာစစ်ဆေးချင်နေကြခြင်းဖြစ်သည်။

"ဒါကြောင့် မိန်းကလေးယဲ့က ကျုပ်ရဲ့အချိန်ကိုလုယူသွားတဲ့အတွက်

လျော်ကြေးပေးသင့်တယ်"

"လျော်ကြေးပေးရမလား။" ယဲ့ယွဲ့က တုန်လှုပ်သွားသည်။ဤလူက

ထူးဆန်းသည့်လူတစ်ယောက်ဖြစ်ကာ လျော်ကြေးအဖြစ် ဘာကိုတောင်းဆိုမည်မှန်း သူမလုံးဝမခန့်မှန်းနိုင်ချေ။

"ဟုတ်တယ်၊ လျော်ပေးရမှာ" လီကျန့်ယီက အတည်ပြုလိုက်သည်။

"သခင်လေးလီက ကျွန်မကို ဘယ်လိုလျော်ပေးစေချင်လဲ" ယဲ့ယပ်က မျက်ခုံးအနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

"အရမ်းလွယ်ပါတယ် မိန်းကလေးယဲ့ တတ်နိုင်တဲ့အထဲကပါပဲ

လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ သစ်သစ်ချိူချဉ်ဆယ်ချောင်း၊ ချန်တုန်မြို့က အရမ်းနာမည်ကျော်တဲ့ သရက်ကိတ်မုန့်ဆယ်ဗူး၊ ကြည့်မှော်စင်က ရှားပါးကုန်ကြမ်းတွေပါဝင်တဲ့ သစ်သီးခြောက်ဆယ်ဗူး ပြီးတော့ ပိုင်ဟွမ်လော့က အရောင်းရဆုံး ပိုင်ဟွာအရက်ဆယ်ပုလင်း"လီကျန့်ယီက သူစားချင်နေသည့်အစားအစာများကိုတရစပ်ပြောပြီးတောင်းဆိုလိုက်သည်။

သူ ဝတ္ထုဖတ်သည့်အချိန်က ထိုအစားအစာများကို မျက်လုံးထဲမြင်ယောင်ပြီး သရေယိုခဲ့ရသည်။ထိုကြောင့် ရောက်လာမှတော့ စားကိုစားရမည့် အစားအစာများဖြစ်သည်။

ထိုနောက်သူ၏ ချောမောသည့်မျက်နှာပေါ်တွင် အရမ်းအရမ်းကို ပျော်ရွှင်နေသည့်ပုံဖြင့် ယဲ့ယွဲ့ကို အစားအစာတွင်းကဲ့သို့ ကြည့်ကာပြောလိုက်သည်။"အဲ့လောက်ပဲ ၊ကျုပ်တောင်းဆိုတဲ့ အရာတွေကို အကုန်လုံး စုဆောင်းပြီးရင်၊ထျန်ချီမြို့မှာရှိတဲ့ လဲ့အိမ်တော်ကို လူလွှတ်ပြီး ပို့ပေးလိုက်ရုံပဲ"

"ဒါပဲလား... စားစရာနဲ့ မုန့်တွေကို လျော်ပေးကြေးအဖြစ် ပေးရင်ရပြီလား" ယဲ့ယွင်၏လှပသည့် မျက်လုံးများသည် မျက်တောင်နှစ်ချက် ဆင့်ခတ်ကာအတော်လေး မယုံကြည်နိုင်အောင် ခံစားရသည်။

ဟေ့လူ ရှင့်ကို အသက်နှင့်မလိုက်အောင် လူကြီးဆန်တယ်လို့ပြောတာကို ပြန်ရုတ်သိမ်းလိုက်ပြီနော်!!!

ရှင့်က ၁၁နှစ် ကလေးပဲ!!

မိုရှီရွန်သည်လည်း သူမအသက်တစ်ချောင်းက မုန့်လေးတွေနဲ့သာ လျော်ကြေးပေးနိုင်သည်ကို ကြားသောအခါ မျက်ရည်ကျသွားချင်တော့သည်။ကျွန်မ အသက်က အဲ့လောက်ပဲတန်ဖိုးရှိသလား။

ပြီးတော့ သခင်လေးလီလား ဘာလား ငါမသိဘူး၊လူကို သတ်မယ်လို့ ပြောပြီး ဘာလို့ဒီလိုချစ်စရာကောင်း အောင်ပြောဆိုနေရတာလဲ!!

အစားအသောက်ကို ဘယ်လောက်ပဲကြိုက်ကြိုက်ကွာ ၊ကျေးဇူးပြုပြီးတော့ အသက်တစ်ချောင်းအတွက် မုန့်အနေနဲ့လျော်ကြေးမ‌တောင်းလို့မရဘူးလားဟင်!!!

စကားပုံတောင်ရှိတယ်လေ သွားတစ်ချောင် အတွက်သွားတစ်ချောင်ဆိုတဲ့ ဟာရှိတယ်လေ ၊သခင်လေးလီက စာမဖတ်ဘူးလား!!

အို မေ့နေတာပဲ စားသောက်ဖို့အချိန်နဲ့တင် စာဖတ်ဖို့အချိန်မရှိလောက်ပါဘူးလေ!!

ဇီယူကျီလည်း ဘာထူးလည်း သူသည်လည်း လီကျန့်ယီကို ငြိမ်သက်စွာသာ ကြည့်နေနိုင်တော့သည်။သေရင်သေပါစေဆိုပြီး ဝင်တိုက်ဖို့လုပ်ခဲ့သည့် တိုက်ပွဲကဘာလို့ မုန့်စားချင်လို့ ၊လူအသက်ကို ခြိမ်းခြောက်နေသည်ဟု ခံစားနေရသနည်း ။အမှန်တော့ သခင်လေးလီရဲ့ ချောမောပြီးချစ်စရာကောင်းတဲ့ ရုပ်ရည်နှင့်ဆို လမ်းဘေးမှာရပ်ရင်တောင် မုန့်ကျွေးဖို့လူအများအပြားကလာအုန်းမည်။

ဒီလိုမုန့်အတွက်နဲ့ လူရဲ့အသက်ကို ထပ်မခြိမ်းခြောက်တော့နဲ့နော်၊မဟုတ်ရင် စစ်ပွဲဖြစ်ရတဲ့အကြောင်းပြချက်က မုန့်ကြောင့်ဆိုတာသိရင်

ရယ်စရာဖြစ်သွာမယ်!!

"ဒါမှမဟုတ်ရင် ဘာလဲ၊မိန်းကလေးယဲ့က ကျွန်တော့်နဲ့အတူ အိပ်ချင်လို့လား" လီကျန့်ယီက မျက်ခုံးအနည်းငယ်ကြုတ်ကာ စက်ဆုပ်ရွံရှာစရာကောင်းသည့်ပုံဖြင့် ကြည့်နေသည်။

မိန်းကလေးတွေက တကယ်ပြဿနာပဲဖြစ်စေတာပဲ၊ ဓားကျင့်နှုန်းကို ထိခိုက်စေရုံမက ငါ့ကိုပါ မြူဆွယ်ချင်နေကြတယ်၊သူတို့က ဓားနတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းကိာ ပိတ်ဆို့နေသည့် အဟန့်အတားများပဲ။

တကယ်ပဲ၊ အရင် လူကြီးတွေပြောခဲ့တဲ့ စကားတွေက ဘယ်တောမှမမှားဘူး။မိန်းကလေးတွေက ယောင်္ကျားတွေကို ဖျက်ဆီးနိုင်တဲ့လက်နက်တစ်ခုဖြစ်ပဲ။

All Chapters