သုံးယောက်နဲ့တစ်ယောက်
Vol. 3 Ch. 27
လီကျန့်ယီ၏ ထူးဆန်းလွန်သည့်အတွေးကို တွေးနိုင်သည့် ဦးနှောက်သေးသေးလေးကိုကြည့်ပြီး စိတ်ဝင်းစားသည့်ပုံနှင့် စနှောက်ချင်စိတ်ပေါက်သွားသည်။
"သခင်လီက သေးသွယ်ပြီး ချစ်စရာကောင်းတာဘဲ” ဟု ယောက်ျားဝတ်စားဆင်ယင်ထားသော ယဲ့ယွဲ့က မျက်နှာကိုလက်ဖြင့် အုပ်ရင်း ပြုံးတုံ့တုံ့မေးလိုက်သည်။
လီကျန့်ယီ၊ “...”
ငါက သေးတာလား.. မင်းကမှ တကယ့်သေးတာပါကွာ။
မင်းနဲ့ ပိုင်လီတုန်းကျွင်းတို့ရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးမရှိဘူးဆိုရင်၊ ပိုင်လီတုန်းကျွင်းသာ ငါ့ရဲ့ လီဟန်ယီက အနာဂတ်ညီအစ်ကိုတွေမဟုတ်ရင်တော့ ၊မင်းကို ငါ သည်းမခံနိုင်ဘူး။
မင်းက ငါ့ဓားကိုင်လေ့ကျင့်တာကို အနှောင့်အယှက်လည်းပေးပြီး
ငါ့ရဲ့ စွမ်းအားတိုးတက်မှုကို တားဆီးတယ်၊ ဒါဟာ ငါ့မိဘတွေကို သတ်တာနဲ့ တူတူပဲ၊ ပြေလည်အောင်ညှိလို့မရတဲ့ရန်သူတွေပဲ။
ယဲ့ယွဲ့ နောင်တစ်လျိန်မှာ ငါတို့ကြားဆက်နွယ်မှု့ရှိလာမဲ့သူ မဟုတ်ရင် ငါ့ဓားကိုင်လေ့ကျင့်နေချိန် လာနှောင့်ယှက်ရင် မာရာဏဓားနဲ့ သူ့ကို ချက်ချင်းတမလွန်ကို ပို့ပေးလိုက်မှာပါ။မင်းသားဆိုတဲ့ ချင်ဝမ်လည်း ချွင်းချက်မရှိဘူး။
စိတ်ထဲမှာတစ်ထစ်ချ ဆဲဆိုပြီးနောက်၊ လီကျန့်ယီက အေးစက်စွာ နှာခေါင်းရှုံ့ပြီး “မိန်းကလေးယဲ့၊ လဲ့မိသားစုရဲ့နေအိမ်ကို လျော်ကြေးပို့ဖို့ပဲ မှတ်ထားပါ၊ ထွက်ပြေးဖို့ မကြိုးစားနဲ့"
"စိတ်ချ သခင်လေးလီ ၊ချန်းတုန်မြို့က သရက်ကိတ်မုန့်ကတော့ နည်းနည်းဝေးတယ်ဆိုတော့အချိန်နည်းနည်းလောက်ပေးပါ၊ရှောင်မိုကို ချက်ချင်းသွားဝယ်ခိုင်းလိုက်မယ်"လီကျန့်ယီ၏ မာနတက်နေပုံကို မြင်ရသော် ယဲ့ယွဲ့သည် မရယ်မိအောင်ကြိုးစားနေရသည်။
လီကျန့်ယီ၏မျက်နှာအမူအရာတွေဟာ အပြောင်းအလဲမြန်လွန်းကာတစ်ခါတစ်ရံ သူဟာ ဒေါသထွက်ပြီး ခြိမ်းခြောက်နေသလိုဖြစ်နေပြီးတစ်ခါတစ်ရံ သူဟာ မုန့်စားချင်စိတ်ပြင်းပြလွန်းတဲ့ ကလေးလေးလို ပြုမူတတ်၍ ချစ်စရာကောင်းသည်၊ တစ်ခါတစ်ရံ သူဟာ မာနတက်ပြီး အေးစက်နေတတ်ကာ သူမကို ရယ်ချင်စိတ်ဖြစ်စေသည်။
“ကောင်းပြီ၊ အခု လျော်ကြေးကိစ္စ သဘောတူပြီးပြီ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို အပြီးသတ် ဖြေရှင်းပေးပါ၊ ချင်ဝမ်က သူ့ရဲ့ ယာယီမဟာမိတ်ဖြစ်တဲ့ မင်းကို သံသမဝင်အောင်ပေါ့” ဟု လီကျန့်ယီက သိချင်စိတ်အနည်းဖြစ်နေပုံဖြစ် မင်းသားတို့၏ ပွဲကြည့်စင်ဘက်ကိုလှည့်ကြည့်လိုက်သည်။သူလွှတ်ခဲ့သည့် လူသတ်သမားက အခုတော့ သူ့အတွက် မုန့်ဝယ်ပေးဖို့ဖြစ်သွားပြီ။
“သခင်လေးလီ ကျွန်မတို့ တိုက်ခိုက်ဖို့လိုသေးလို့လား” ဟု ယဲ့ယွဲ့က သူမ၏လှပသောမျက်လုံးဖြင့် မေးလိုက်သည်။လီကျန့်ယီ၏ စေ့စပ် သေချာသူဖြစ်သည်ဟု သူမတွေးလိုက်သည်။သူမသာ ဘာမှမလုပ်ပဲပြန်သွားလျှင် သံသဝင်ခံရမည်။
"အပြည့်အဝအားစိုက်ထုတ်ပါ၊ ပြဿကြီးလေလေ ကောင်းလေလေပဲ၊မင်းကတော့ အရည်းအချင်းရှိမယ်လို့မျှော်လင့်ပါတယ်၊မိုရှီရွန်လို ဓားမထုတ်ရသေးခင် အဆုံးသတ်သွားတာမျိုးမဖြစ်စေနဲ့” ဟု လီကျန့်ယီက မိုရှီရွန်ကို မထီမဲ့မြင်ပြုရင်း ပြောသည်၊ သူက တကယ့်ကို အားနည်းလွန်းလှသည်။
“ငါ့ကို ဒီလိုမထီမဲ့မြင်ပြုရဲတယ်ပေါ့"
လီကျန့်ယီ၏ စကားကို ကြားရသော်၊ ဘေးနားမှာ ရပ်နေသော ရှောင်မိုသည် သူ၏ကျောက်စိမ်းဓားကိုကိုင်ထားသော လက်များကတင်းကြပ်စွာဆုပ်ထားလိုက်မိသည်။သူ၏ လက်များက တုန်တဲ့အထိဖြစ်သွားရသည်။
ဇီယူကျီသည် ချက်ချင်းရှေ့တိုးသွားပြီး တုန်နေသည့်ရှောင်မို၏ လက်ကိုကိုင်ပြီး ရိုးသားစွာပြောလိုက်သည်။"သခင်လေးလီက မင်းကိုမထီမဲ့မြင်ပြုတာ မဟုတ်ပါဘူး၊သူက အမှန်တရားကိုပြောရုံပါ"
"ဇီယူကျီ ၊မင်းက ဘယ်ဘက်ကလည်း"မိုရှီရွန်၏ ဒေါသများဖြင့် ဇီယူကျီပေါ်သို့ကျရောက်သွားလေတော့သည်။
“သေချာတာပေါ့၊ အစ်မ ယဲ့ဘက်က” ဟု ဇီယူကျီသည် တစ်ခြားအကြောင့်ဖြင့်သာ ပြန်ဖြေလိုက်သည်။ မိုရှီရွန်ကို သူနောက်တစ်ခါရင်နာအောင်မလုပ်ချင်တော့သောကြောင့် စကားလွဲလိုက်သည်။
"ဒါဆို နောက်ကြရင် ငါတို့နှစ်ယောက်အတူတကွတိုက်ပြီး သခင်လေးလီကို အနိုင်ယူရအောင်၊ငါတို့ရဲ့ စွမ်းအားကို သူမြင်အောင် လုပ်ပြကြတာပေါ့"မိုရှီရွန်က လက်စားချေချင်စိတ်ပြင်းပြစွာဖြင့်ပြောလိုက်သည်။
"ဟုတ်ပြီ"ဇီကျီယူသည်လည်း ထိုသို့သော သန်မာသောလူနှင့် ဓားဖလှယ်ကြည့်ချင်သေးသည်။
“သခင်လေးလီ သတိထားပါ”
မိုရှီရွန်နှင့်ဇီကျီယူတို့သည်လည်း တိုက်ခိုက်ချင်စိတ်ပြင်းပြနေသည်ကို မြင်ရသောအခါ သုံးယောက်ပူးပေါင်းကာ တိုက်ခိုက်ဖို့ဖြစ်သွားသည်။ယဲ့ယွဲ့က လီကျန့်ယီပြောခဲ့သည့်စကားကို အတည်ပြုချင်သည်။ သူတို့သုံးယောက်က သူ့ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူးဟု ပြောခဲ့သည်မလား။
“ကြိုဆိုပါတယ်။”
လီကျန့်ယီ၏ မာရာဏဓားသည် ဓားအိမ်က မဆွဲထုတ်ရသေးသော်လည်း၊ မိုရှီရွန်နှင့် ဇီယူကျီတို့လက်ထဲရှိ ဓားများထက်အားနည်းသည်မဟုတ်ပေ။
အကြောင်းမှာ ဤဓားအိမ်သည် ဓားနှလုံးဂူဗိမာန် ၏ နောက်ထပ်ရတနာတစ်ခုဖြစ်ပြီး၊ မာရာဏဓား ကဲ့သို့သော သွေးဆာသောမကောင်းဆိုးဝါးဆန်သည့် အော်ရာရှိသည့်ဓားများကို ထားရှိရန်အထူး လုပ်ထားသော ဓားအိမ်ဖြစ်သောကြောင့်ဖြစ်သည်။
“ငါတို့သုံးယောက်တွဲပြီး လီသခင်ကို ဓားဆွဲထုတ်ဖိုမလုပ်နိုင်ဘူးဆိုတာ ငါမယုံဘူး"
မိုရှီရွန်သည် သူမ၏လက်ထဲရှိ ကျောက်စိမ်းဓားကို ဆုပ်ကိုင်ပြီး၊ ယခင်ကကဲ့သို့ သူမ၏ကျောက်စိမ်းဓားဖြင့် လီကျန့်ယီအား ဦးဆောင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်တွင် ဓားကို ကိုးနှစ်တိတိလေ့ကျင့်ခဲ့သည်။သူ၏ ဓားအပေါ် နားလည်သဘောပေါက်မှုနှင့် အသုံးချမှုသည် သဘာဝဆန်ပြီး ရိုးရှင်းပေမဲ့ ထွက်ပေါ်လာသည့်စွမ်းအားများကမူ ကွဲပြားလေသည်။
ထို့ကြောင့် မိုရှီရွန်၏ တိုက်ခိုက်မှုအမြန်နှုန်းသည် မည်မျှပင်မြန်စေကာမူ၊ လီကျန့်ယီသည် သူမထက် အမြဲခြေလှမ်းတစ်လှမ်း ပိုမြန်နေသည်။
မိုရှီရွန်၏ ကျောက်စိမ်းဓားက လီကျန့်ယီအား ထိတော့မိအချိန်တွင်၊လီကျန့်ယီက သူ့၏ ဓားအိမ်ကို မြှောက်လိုက်ပြီး ထိုဓားချက်ကို ပြန်လည်ခုတ်ချလိုက်သည်။
ဓားအိမ်က မိုရှီရွန်၏ဓားကိုပိတ်ဆို့လိုက်သည်ကိုမြင်သည်နှင့် ကျီယူကျီက လီကျန့်ယီ၏ ဓားအိမ်မအားတော့သည်ကို အခွင့်ကောင်းယူပြီး စတင်တိုက်ခိုက်လိုက်သည်။
သူ၏ဓားဖြင့် လီကျန့်ယီကို ဓားအိမ်ဖြင့်တိုက်ချုက်မှု့ထပ်မလုပ်နိုင်အောင်
ဓားအိမ်ကို ဖိအားပေးဖို့ကြိုးစားလိုက်သည်။
“အစ်မ ကျွန်တော်တို့ ဓားကိုထိန်းထားပေးမယ်”
ထိုအခြေအနေကို မြင်ရသောအခါ ၊ယဲ့ယွဲ့သည်လည်း လီကျန့်ယီ လက်နက်မဲ့နေချိန်ကို အခွင့်ကောင်းယူကာ၊ ရုတ်တရက် သူမ၏ ကျောက်စိမ်းယပ်တောင်ကို ဖွင့်လိုက်ပြီး၊ မရေမတွက်နိုင်သော သံမဏိအပ်များနှင့် လျှို့ဝှက်လက်နက်များသည် လီကျန့်ယီဘက်သို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
တစ်ခဏအတွင်းမှာပင် ၊စွမ်းအားအများအပြားနှင့်ပြည့်နှက်နေသော အပ်ချောင်းများသည် လီကျန့်ယီကို ဝိုင်းရံတိုက်ခိုက်လေသည်။
တိုက်ခိုက်မှု့မှ ထွက်လာသော စွမ်းအင်လှိုင်းများကြောင့် ပွဲ့ကြည့်ဖို့လာကြသော ကျင့်ကြံသူများ၏အာရုံကို ချက်ချင်းဆွဲဆောင်သွားသည်။ရွေတစ်ထောင်ခန်းမရှိ ကျင့်ကြံသူမျာ၏ အကြည့်များသည် စာမေးပွဲကျင့်ပသည် ကွင်းပြင်ကိုလှည့်ကြည့်ကြသည်။
"အဲ့တာ အကြီးအကဲလီရဲ့ ဆက်ခံသူမဟုတ်ဘူးလား၊သူတစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပုံပဲ"
“ဟုတ်တယ်ဟ ၊သူတို့ တိုက်ခိုက်နေကြတာ၊နောက်ဆုံးစာမေးပွဲကျင်းပနေချိန်မှာ အကြီအကဲလီရဲ့ဆက်ခံသူကို ဘယ်သူက လျှို့ဝှက်တိုက်ခိုက်ရဲနေတာလဲ"
“အဲ့ဒီ ပုန်းခိုလက်နက်ကိရိယာ တကယ့်ကိုကြောက်စရာပဲ၊ ၃၆၀ ပတ်ပတ်လည်တိုက်ခိုက်နေတာ၊ထွက်ပေါက်တိုင်းကိုပိတ်ဆို့နေတာပြီးတော့ သခင်လေးလီရဲ့ဓားက ဟိုနှစ်ယောက်က ဖိနှိပ်ထားတယ်ထင်တယ် သခင်လေးလီက အပြင်းအထန်ဒဏ်ရာရမှာ အသေအချာပဲ"
ရွှေတစ်ထောင်ခန်းမရှိ ကျင့်ကြံသူများသည် လီကျန့်ယီဘက်ခြမ်း တိုက်ပွဲကို ကြည့်ကာ တိုက်ပွဲအခြေအနေကိုသုံးသပ်နေကြသည်။
ထို့အပြင် လဲ့မုန့်ရှား ၊ လီရှင်းယွဲ့ နှင့် လျူယဲ့ တို့သည်လည်း လီကျန့်ယီဘက်ခြမ်းရှိ တိုက်ပွဲကိုကြည့်နေကြသည်။
“သူတို့ပဲ” ဟု လဲ့မုန့်ရှားနှင့် လျူယဲ့တို့က တစ်ချိန်တည်း ပြောလိုက်ကြသည်။တောင်ဘက်ခြမ်းစီရင်စုတွင် ရှိစဉ်က၊ သူတို့နှစ်ဦးသည် မိုရှီရွန်နှင့်ဇီယူကျီကို တိုက်ခိုက်ခဲ့ဖူးသည်။ သို့ပေမဲ့ သူတို့က လမ်းကြုံတိုက်ခိုက်သည့် သာမာန်တိုက်ခိုက်မှု့သာ ဖြစ်ခဲ့သဖြင့် သူတို့က ဘယ်လောက်သန်မာကြောင်းမပြောနိုင်ပေ။
သူတို့က အဘယ်ကြောင့် ကျင့်ကြံသူအများကြီးစုစည်းနေသည့် နေရာကို ရွေးကာ စာမေးပွဲဖြေဆိုသူကိုတိုက်ခိုက်ရသနည်း။ ကံဆိုးသွားသူ လီကျန့်ယီကတော့တစ်ယောက်ထဲ ဓားကျင့်နေသောကြောင့် သူတို့၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့ပုံရသည်။
"သူတို့က ငါတို့ရဲ့ ယီယီ ချောင်ခိုတိုက်ခိုက်ရဲတယ်၊ကျွန်တော်သူတို့ကို သတ်ပစ်မယ်"လဲ့မုန့်ရှားက မျက်လုံးများကျဉ်းသွားပြီး လီကျန့်ယီဆီသို့ သွားကူဖို့ထလိုက်သည်။
လီချန်းရှန်က ရုတ်တရက်သူ့ဘေးတွင်ပေါ်လာပြီး သူပုခုံးပေါ်လက်တင်ကာ "မုန်ရှား၊မင်းက သေဖို့သွားမလို့လား၊သခင်လေးလီက
မင်းထက်ကျင့်ကြံခြင်းအဆင့်မြင့်တယ်ဆိုတာ မင်းသိတယ်မလား"
သူက စိတ်ရင်းဖြစ်သွားကူချင်ရင်တောင် သူတို့သုံးယောက်ကိုမယှဉ်နိုင်လျှင် ဘာထူးမည်နည်း။
"သခင်လေးလီကို ယုံကြည်လိုက်ပါ"
ကျင့်ကြံသူ အားလုံးကို ရွေတစ်ထောင်ခန်းမကို အနားယူဖို့ဖိတ်ခေါ်ခဲ့သည့် ချင်ဝမ်မင်းသား၏လုပ်ရပ်နှင့် လီကျန့်ယီ ချောင်ခိုတိုက်ခိုက်ရခြင်းက တိုက်ဆိုင်မှု့မဖြစ်နိုင်ပေ။
ရွှေတစ်ထောင်ခန်းမ၏ ထိပ်ဆုံးထပ်တွင်၊ လီချန်ရှန်က သူ၏လက်တစ်ဖက်ကို လဲ့မုန့်ရှား၏ ပခုံးပေါ်တွင် တင်ထားလျက် မင်းသားရှစ်ပါးရှိသည့်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။
ရှင်းလင်းစွာပင်၊ ဤစကားများသည် ချင်ဝမ်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
လီချန်းရှန်၏ အကြည့်ကိုသတိထားမိသဖြင့် ချင်ဝမ်သည်ယခင်က ပျော်ရွှင်လွတ်လပ်စွာ ရယ်မောနေသော အပြုံးသည် တဒင်္ဂအတွင်း ပျောက်ကွယ်သွားသည်။ “ဆရာလီက လီကျန့်ယီကို လုပ်ကြံဖို့ ကျုပ်လွှတ်လိုက်တယ်ဆိုတာ မှန်းဆပြီးသွားပြီလား။”
“မဟုတ်ပါ၊ ဆရာလီက ကျွန်တော်တို့ လုပ်ကြံခိုင်းတာကို မမှန်းဆမိဘူးလို့ ထင်တယ်၊ သူက ကျွန်တော်ကိုယ်တိုင် ထုတ်ဖော်အောင် ဖိအားပေးနေတာပဲထင်တယ်"ရိပ်မိဖို့ မဖြစ်နိုင်ပေ။သူတို့က သဲလွန်စတစ်မှမကျန်အောင် သေချာစစ်ဆေးခဲ့ပြီးပြီဖြစ်သည်။
စိုးရိမ်စိတ်ကို ဖိနှိပ်ပြီးနောက်၊ ချင်ဝမ် သည် အခြေအနေကို ဆန်းစစ်ကာစိတ်တည်ငြိမ်အောင်ထိန်းထားလိုက်သည်။ဆရာလီ၏ အကြည့်များက သူကိုဖောက်မြင်နိုင်သကဲ့ခံစားရသောကြောင့် သူစိုးရိမ်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင်၊လီကျန့်ယီသည် သေလောက်သည့် လျှို့ဝှက်လက်နက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။
“ကြည့်စမ်း၊ သခင် သခငလေးလီက အရမ်းမြန်တယ်၊ မြေပြင်ပေါ်မှာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ အရိပ်တောင်မမြင်နိုင်တော့ဘူး”
ရွှေတစ်ထောင်ခန်းမမှ၊ တိုက်ပွဲကို ကြည့်ရှုနေသော ကျင့်ကြံသူများသည် လီကျန့်ယီသည် သံမဏိအပ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင်
အလွန်တည်ငြိမ်နေသည်က်ု သတိထားမိသည်။
သံမဏိအပ်များက သူ့ကို ထိတော့မည်အချိန်တိုင်း လီကျန့်ယီသည်သူ၏ပတ်ပတ်လည်တွင် သူ့နှင့်ပုံစံတူအများအပြားပေါ်လာပြီး ဘယ်တစ်ခုက အစစ်အမှန်ဆိုတာကို မခန့်မှန့်းနိုင်သကဲ့သို့ထင်ရသည်။ထိုအရာက ပုံတူပွားခြင်းမဟုတ်ပဲ ၊လီကျန့်၏ ခြေလှမ်းများက အလွန်လျင်မြန်ခြင်းကြောင့် အရိပ်များကျန်ခဲ့ခြင်းသာဖြစ်သည်။
ထိုအချိန်တွင် လီကျန့်ယီသည် သံမဏိအပ်များနှင့် လျှို့ဝှက်လက်နက်အားလုံးကို သူ၏လက်များဖြင့် ဖမ်းယူလိုက်သည်။
“ဒီရွေ့လျားမှုနည်းပညာက တကယ့်ကို နက်နဲလွန်းတယ်” ဟု
လီချန်ရှန်က ကောင်းကင်သို့ပျံသန်းခြင်း ကိုယ့်ဖော့ကို အသုံးပြုနေသော လီကျန့်ယီကို ကြည့်ရင်း အံ့အားသင့်သွားသည်။
“ဆရာလီ အဲဒါက ကိုယ်ဖော့သိုင်းတစ်ခုပဲလား၊ ကျွန်တော်က ယီယီက ပုံရိပ်ကိုဖန်တီးတတ်တယ်လို့ ထင်နေတာ” ဟု လဲ့မုန့်ရှားက တိုက်ပွဲခင်းကို ကြည့်ရင်းသူ့အထင်ကို ထုတ်ပြောလိုက်သည်။
ငါမသွားတာ ကောင်းတာပဲ၊မဟုတ်ရင် အသက်ကဘယ်ချိန်ထွက်သွား
မှန်းတောင်သိမှာမဟုတ်ဘူး!!!
ထိုနောက် အိမ်ပြန်ရောက်လျှင်၊ယီယီ ယခု သုံးနေသည့်ကိုယ်ဖော့သိုင်းကို သင်ခိုင်းဖို့ ဘယ်လိုဆွယ်ရမလဲဆိုတာ သူစတင်စဉ်းစားနေလေသည်။
ဘာကြောင့်လဲဆိုတော့ ဆရာလီကပင်လျှင် ချီးကျူးရသည့် သိုင်းကျင့်စဉ်သည် အလွန်းအစွမ်းထက်မှာသိသာလေသည်။
"ဟုတ်တယ် ၊အဲ့တာက ကိုယ်ဖော့သိုင်းပညာတစ်ခုပဲ၊ဒါပေမဲ့ သူရဲ့ အမြန်နှုန်းက ကျုပ်တို့ မျှော့်လင့်ထားတာထက် ကျော်လွန်နေတယ်"ဟု လီချန်ရှန်က လီကျန့်ယီအသုံးပြုနေသော ရွေ့လျားမှုနည်းပညာကို ကြည့်ရင်း တွေးတောနေသကဲ့သို့ဖြင့် ပြောလိုက်သည်။
ဆန်းကြယ်နတ်ခရီးအဆင့် မဝင်ရ သေးဘဲနဲ့ ဤကဲ့သို့သော လျင်မြန်စွာ လှုပ်ရှားနိုင်သည့်လူကို သူသက်တမ်းတစ်လျှောက်လုံး မမြင်ခဲ့ဖူးပေ။
ဤ အချိန်တွင် လီချန်းရှန်သည် လီကျန့်ယီကို နားလည်ရန်မဖြစ်နိုင်သည့်လူတစ်ယောက်ဖြစ်ပြီး၊လျှိူ့ဝှက်ချက်အမျးအပြားဖုံးကွယ်ထားသည့် လူဟု ထင်သည်။ထိုသိုပဲ မကသေးပေ လီကျန့်ယီက သူ့၏ အစစ်အမှန်အရည်အချင်းကို မထုတ်ဖော်တတ်သည့် တကယ့်ပါရမီရှင်ဖြစ်သည်ဟု ခံစားလိုက်မိသည်။