လူကို ရိုက်ရတာဝါသနာပါတဲ့ လီဆူးဝမ်
Vol. 3 Ch. 30
လီကျန့်ယီ၏ စကားများတွင် ဒေါသမပါဝင်ဘဲ၊ အေးဆေးတည်ငြိမ်မှုနှင့်တည်ကြည်မှုသာပါရှိသည်။သို့သော် လူတစ်ယောက်သည် ပို၍အေးဆေးလေလေ၊ ပို၍ကြောက်စရာကောင်းလေလေဖြစ်သည်။
တစ်စုံတစ်ယောက်က သူ့ကိုသတ်ချင်နေသော်လည်း၊သူသည် အေးဆေးတည်ငြိမ်နေဆဲပင်၊ဤအချက်က သူ၏ အတွင်းစိတ်သည် မည်မျှခိုင်မာကြောင်း ဖော်ပြနေသည်။
"ယီယီ မင်း တစ်နှစ်အတွင်း နောက်ထပ်အားကောင်းလာနိုင်မလား" လီဆူးဝမ်က လီကျန့်ယီသည် တစ်နှစ်အတွင်း ထျန်ချီမြို့သို့ အင်အားဖြင့်ဝင်ရောက်နိုင်မည်ဟုယုံကြည်ချက်ရှိနေသည်ကိုမြင်တွေ့ရသဖြင့် သံသယဖြင့်မေးမြန်းလိုက်သည်။
"အားကောင်းလာနိုင်တယ်"လီကျန့်ယီက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ဒါဆိုရင် တစ်နှစ်စောင့်ကြည့်ပြီး ထျန်ချီမြို့ကို အတူတကွလာပြီး ချင်ဝမ်ကို ကောင်းကောင်းရိုက်နှက် ပေးကြရအောင်၊ပြီးရင်တိတ်တဆိတ်သတ်လိုက်မယ်" လီဆူးဝမ်သည် ချင်ဝမ်ကို ဖမ်းဆီးပြီး အိတ်ထဲထည့်ကာ ရိုက်နှက်ရန်မရေတွက်နိုင်အောင် အစီအစဉ်များစွာစိတ်ကူးယဉ်ပြီးဖြစ်သည်။
ယီယီက တစ်နှစ်အတွင်းတိုးတက်လာမည်ကို ယုံကြည်သော်လည်း၊အမြင့်ဆုံးဖြစ်သည်မှာ အချုပ်အနှောင်မဲ့အဆင့်သာရောက်ရှိနိုင်လိမ့်မည်။
“နန်းတော်မှာ ကျိူ့ရှင်းကဲ့သို့သော ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့်၊ကျင့်ကြံရေးအဆင့်ခိုင်မာသည့် ကိုယ်လုပ်တော်များနှင့် ဧကရာဇ်၏ဆရာ ချီထျန်ချန်၊ သူလည်းဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်မှာရှိတယ်၊ဤကဲ့သို့သူများက ချုပ်နှောင်မဲ့အဆင့်ဖြင့်နှင့် ယှဉ်ပြိုင်နိုင်သည့် ပုဂ္ဂိုလ်များမဟုတ်ဘူး၊အဲ့လိုတွေကြောင့် မဟုတ်ရင်ငါကိုယ်တိုင် ချက်ချင်းသွားကာ ချင်ဝမ်ကို အိတ်ထဲထည့်ပြီး တုတ်များဖြင့်ရိုက်သတ်မှာ"
"ဟမ်..ဆရာ၊ ကျွန်တော်တို့ ရုတ်တရက် တုတ်နဲ့ဘာလို့ရိုက်ရမှာလဲ၊ကျွန်တော်တို့က ဓားသမားတွေမဟုတ်ဘူးလား" လီကျန့်ယီက သူ၏ဆရာအပေါ် တစ်စုံတစ်ခုမမှန်ကန်ဘူးဟု ခံစားရသဖြင့် နားမလည်နိုင်ဘဲ မေးလိုက်သည်။
"မမေးနဲ့၊တစ်ခုတည်းသောအဖြေက ချင်ဝမ်ရဲ့ခေါင်းကို ရိုက်လိုက်ရင် သူသေဖို့ နှေးသွားလိမ့်မယ်၊ ဒါဆို မင်းက ဒေါသကိုနည်းနည်းပိုကြာ အောင်ဖြေနိုင်ဖို့ပဲ" လီဆူးဝမ်က အနည်းငယ်ကသိကအောက်ဖြစ်ကာ ပြောလိုက်သည်။
သူငယ်စဉ်က သူ မကြိုက်နှစ်သက်သည့်သူတစ်ဦးနှင့် တွေ့ဆုံပါက သူသည် ယေဘုယျအားဖြင့် တုတ်ဖြင့်ရိုက်နှက်ကာ သင်ခန်းစာပေးလေ့ရှိသည်။ဒါကြောင့်တစ်ချိန်က အကျင့်ပါသွားပြီး၊ သတိမထားမိဘဲ ပါးစပ်ကထွက်လာတတ်သည်။
"အိုး..."လီကျန့်ယီ၏ ကြည်လင်သောမျက်လုံးများက တောက်ပလာသည်။
ထို့နောက်သူက အကြံပြုလိုက်သည်၊ "ဆရာ့ရဲ့ ဆူးတုတ်က ပိုကောင်းပါတယ် သေစေနိုင်စွမ်းအလွန်မြင့်မားပြီး၊ တစ်ချက်စီတိုင်းက အသားကိုထိမှန်စေတယ်၊ချင်ဝမ်ကို ငရဲဘုံရောက်နေသလို ခံစားရစေမှာ သေချာတယ်"
"အဲဒါမှန်တယ် အရင်တုန်းက လူကို ဆူးတုတ်နဲ့ရိုက်ဖို့ ဘာလို့မတွေးမိခဲ့တာလဲ" လီဆူးဝမ်က ခဏစဉ်းစားကြည့်ပြီး၊ ဆူးတုတ်သုံးရင် တုတ်သုံးတာထက် တကယ်ပို ကျေနပ်စရာကောင်းမယ်လို့ ခံစားရသည်။
လီကျန့်ယီ: "..."
ကျွန်တော့်ဆရာအရင်က လူဆိုးသမားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ ထွက်လာပြီ!!
"ယီယီ ဒီကိစ္စမှာကို ဆုံးဖြတ်ပြီးပြီ၊ အထဲကိုသွားပြီး မင်းရဲ့အစ်မကြီးနဲ့ ဦးလေးလဲကို ပြောကြည့်ရအောင်၊ ငါတို့ ဓားနှလုံးဂူဗိမာန်ကို ပြန်သွားပြီးနောက် ချင်ဝမ်က သူတို့ကို ထပ်မံပစ်မှတ်ထားမှာမဟုတ်ဘူး"
လီကျန့်ယီက သူ့ကိုထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့ရသည့်အခါ၊ လီဆူးဝမ်သည် ခေါင်းစဉ်ပြောင်းရန် အမြန်ကြိုးစားလိုက်သည်။
"အင်း"
လီကျန့်ယီက ဟန်ယီ၏လက်ကိုကိုင်ဆွဲပြီး၊ နာခံစွာဖြင့် ခန်းမဆောင်ထဲသို့ဝင်သွားကြသည်။
ထိုအချိန်တွင် လဲ့မုန့်ရှားသည်နာခံသွားအောင် ရိုက်နှက်ပြီးဆုံးမခံထားရသည်။ လီဆူးဝမ်နှင့် လီကျန့်ယီ ရောက်လာသည်ကိုမြင်တွေ့ရသည့်အခါ၊ သူ၏ အသက်ကယ်ကြိုးကဲ့သို့ သူတို့ထံသို့ ပြေးသွားခဲ့သည်။
"အဖေ၊ရှင်းယွဲ့က ကျွန်တော့်ကိုရိုက်တယ်၊ အဖေက သူ့ကိုပြောပါအုန်း" လဲ့မုန့်ရှားက သူ့ယောက္ခထီးထံ အကူအညီတောင်းခံသည်။
လီရှင်းယွဲ့ကတော့သူ့ကို လုံးဝဂရုမစိုက်ပေ။
"ငါက ဘာပြောရမလဲ၊မင်းက ငါ့သမီးကို ခေါ်သွားချင်ပြီး ကောင်းကောင်းဂရုမစိုက်ဘူး၊ ငါ့နဲ့ရှင်းယွဲ့က မင်းကိုမရိုက်ဘဲ သည်းခံပေးနေတာကြာ တော်တော်ကြာနေပြီ "လီဆူးဝမ်က မကူညီသည့်ပြင် သူ့၏ တုံ့အသည့် သမက်ကို ကြိမ်းမောင်းလိုက်သည်။
ထို့နောက်၊ချင်ဝမ်က လီကျန့်ယီအား လုပ်ကြံသတ်ဖြတ်မှုအကြောင်းကို သူတို့အား လေးလေးနက်နက်ပြောပြလိုက်သည်။လဲ့မုန့်ရှားနှင့်လီရှင်းယွဲ့တို့သည် ချင်ဝမ်ကပင် လီကျန့်ယီအား လုပ်ကြံရန် လူစေလွှတ်ခဲ့ကြောင်း သိရှိရသည့်အခါ၊ လဲ့မုန့်ရှား၏ မျက်ခုံးများ ကျုံ့ဝင်သွားသည်- "ချင်ဝမ်က အလွန်ရက်စက်တာပဲ၊ ငါ့ရဲ့ယီယီက သူနဲ့မဆက်ဆံချင်ဘူးဆိုတော့ ယီယီကို လုပ်ကြံဖို့ လူစေလွှတ်တယ်လား"
ဒါက လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ!
ငါလဲ့မုန့်ရှားကို မျက်လုံးထဲလုံးဝမထည့်ကြတာပဲ!!
"မဟုတ်ဘူး၊ကျွန်တော် အခု လျူယဲနဲ့ လန်ယာဝမ်ကို ခေါ်မယ်၊ ပြီးရင် မင်းသားနန်းတော်ကို ဝင်တိုက်မယ်"
"မင်း နန်းတော်ထဲဝင်ပြီးတိုက်ရင်လည်း မင်းသားချင်က တောင်ပန်ရုံနဲ့ပဲ မင်းကျေနပ်ရလိမ့်မယ်၊ပြီးတော့ လန်ယာဝမ်က ချင်ဝမ်ကို သတ်ချင်စိတ်ရှိမှာမဟုတ်ဘူး၊ဒါကြောင့် ဒီအကြောင်းကို ထားလိုက်"
"ဒီကိစ္စကို နောက်မှယီယီကိုယ်တိာင် ဖြေရှင်းလိမ့်မယ်"လဲ့မုန့်ရှားသည် သူ့အရင်က စိတ်လှုပ်ရှားတတ်သကဲ့သို့ပင် စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့ရသည့်အခါ၊ လီဆူးဝမ်သည် လီကျန့်ယီ၏ ဆင်ခြင်တုံတရား ရှိပုံကို မချီးကျူးပဲမနေနိုင်တော့ပေ။
သာမန်လူတစ်ယောက်ဆိုရင်၊အနည်းငယ်မသင့်မြတ်မှုတစ်ခုဖြစ်တာနဲ့ ချင်ဝမ်နန်းတော်ကို သွားပြီးတရားမျှတမှု တောင်းဆိုကြမှာပဲ!!
ချင်ဝမ်သည်မင်းသားတစ်ပါးဖြစ်ပြီး၊ အများဆုံးတောင်းဆိုနိုင်သည်မှာ တောင်းပန်ခြင်းတစ်ခုသာဖြစ်သည်ကို သူတို့မသိကြပေ၊၊
ဤအရာသည်သူ၏လုပ်ကြံမှုအတွက် လုံလောက်သော ပြေလည်မှုမဟုတ်ပေ။
ထို့ကြောင့် အချိန်ယူပြီး ချင်ဝမ်အား တစ်နှစ်ကြာ သတိလျှော့စေကာ၊ သူမထင်မှတ်သည့်အချိန်တွင် ရုတ်တရက်တိုက်ခိုက်ပြီး သူ့ကိုချုပ်နှောင်နိုင်သည်။ထိုအခါမှသာ ချင်ဝမ်အား တကယ့်အဖိုးအခအတွက်ပြန်လည် ပေးဆောင်ခိုင်းမည်။
"အဖေ၊'နောက်မှ' ဆိုတာ ဘယ်အချိန်လဲ၊ကျွန်တော့်ရဲ့ အကူအညီလိုမလား" လဲ့မုန့်ရှားက လီဆူးဝမ်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသဖြင့်၊ ချင်ဝမ်နန်းတော်သို့သွားရန် အတွေးကို စွန့်လွှတ်လိုက်သည်။
"နောက်မှပြောမယ်။အခု ချင်ဝမ်အကြောင်းပြောပြတာက မင်းတို့ ထျန်ချီမြို့မှာရှိနေလို့၊ တစ်စုံတစ်ယောက်ကမင်းတို့ကို ပစ်မှတ်ထားပြီး ဘယ်သူလုပ်တယ်ဆိုတာတောင်မသိရဘူး ဖြစ်မှာစိုးလို့" လီဆူးဝမ်က လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့ကို မျက်လုံးကြီးလှန်ရင်းပြောလိုက်သည်။
သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်က စစ်တပ်ထဲဝင်ပြီး၊အခြားတစ်ယောက်က ခင်ပွန်းဘယ်သွားသွား လိုက်သွားခဲ့သည့်အတွက်၊ တစ်နည်းအားဖြင့် စစ်တပ်ထဲဝင်ကလူဖြစ်နေကြပြီဖြစ်သည်။
သူတို့သည်နန်းတော်၏အရှုပ်အထွေးထဲသို့ ဆွဲငင်ခံရပြီဖြစ်ကာ၊ဆက်လက်ကင်းကွာနေနိုင်တော့မည်မဟုတ်ပေ။
"အဖေ၊ကျွန်မတို့ ချင်ဝမ်ကို စောင့်ကြည့်မယ်"လီရှင်းယွဲ့က လီဆူးဝမ်၏ မတတ်သာမှုကို မြင်တွေ့ရပြီး၊ သူစိုးရိမ်နေသည်ကို နားလည်သည်။သို့သော်သူမဘာမျှမလုပ်နိုင်ခဲ့ပေ၊ ဤကဲ့သို့ ရိုးသားသည့် ခင်ပွန်းနှင့် အတူနေရသည့်အခါ သူမဘာလုပ်နိုင်မည်နည်း။
"အဖေနဲ့ ယီယီ ဓားနှလုံးဂူဗိမာန်ကို ပြန်သွားတဲ့အခါ ဟန်ယီကိုပါ ခေါ်သွားပါ၊ထျန်ချီမြို့မှာ ဟန်ယီကိုမထားချင်ဘူး ကျွန်မစိုးရိမ်တယ်" လီရှင်းယွဲ့က မျက်ခုံးအနည်းငယ်ကျုံ့ကာ ပြောသည်။ လီကျန့်ယီအားလုပ်ကြံမှုခံရပြီး သည့်နောက်၊သူမတို့သည် သတိထားမှရမည်ဖြစ်သည်။
"ဟုတ်ပြီ"လီဆူးဝမ်က ခေါင်းညိတ်လိုက်သည်။
ဘေးတစ်ဖက်တွင်ရပ်နေသော လဲ့မုန့်ရှားက ပြောသည်၊ "ဟန်ယီက ဆရာလီထံမှာ ဓားကိုဆက်သင်ရဦးမယ်။ ကျွန်တော်သူ့ကို ဆရာလီဆီခေါ်သွားနိုင်တယ်"
"အဖေ၊ဆရာလီက သမီး နည်းနည်းကြီးလာတဲ့အခါမှ ဓားကိုသင်ပေးမယ်လို့ မပြောခဲ့ဘူးလား" ဟန်ယီက လဲ့မုန့်ရှားကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်...ဟန်ယီ၊ မင်း ရက်အနည်းငယ်ကြာတဲ့အခါ အဖိုးနဲ့အတူ ဓားနှလုံးဂူဗိမာန်ကို ပြန်သွားသင့်တယ်၊ဆရာလီက ဓားသင်ပေးဖို့ အချိန်ရောက်တဲ့အခါမှ အဖေက မင်းကိုပြန်ခေါ်လာမယ်" လဲ့မုန့်ရှားက သူ့ သမီး၏ ပြောချင်သည့်အဓိပ္ပာယ်ကို ချက်ချင်းနားလည်းလိုက်သည်။
...
နောက်တစ်နေ့။
လဲ့အိမ်တွင်။
လီကျန့်ယီသည် နံနက်စောစောထပြီး သစ်သားဓားနှင့် ဓားကျင့်နေသည်။ဟန်ယီသည်လည်းငြီးငွေ့နေသဖြင့်၊ လီရှင်းယွဲ့၏ နှလုံးဓားကို ကိုင်ပြီး အလွန်ပျင်းစဖွယ် အတုယူကာ ဓားလွဲနေသည်။
......
ချောမောသော လျူယဲ့နှင့်ခရမ်းရောင်ဝတ်စုံကို ဝတ်ထားသော
ရင်လော့ရှားတို့က လဲ့အိမ်တော်သို့ အလောတကြီး ရောက်လာခဲ့သည်။ သူတို့ရောက်လာသည်ကို သိသောအခါ၊လဲ့အိမ်တော်အတွင်းရှိ လဲမုန့်ရှားသည် မြန်မြန်ထွက်လာခဲ့သည်။
"လျူစီ၊ဘာလို့ ဒီလောက်အလျင်စလိုတဲ့ပုံဖြစ်နေရတာလဲ" လဲ့မုန့်ရှားက နှေးကွေးစွာမေးမြန်းလိုက်သည်၊ သူ့ပါးစပ်ထဲတွင် လီရှင်းယွဲ့ပြုလုပ်ပေးသော ဟင်းချိူရည်နှင့် ပေါင်မုန့်တစ်လုံးရှိနေသည်။
"မင်းရဲဒင်းကျီကိုသိလား၊တစ်စုံတစ်ယောက်က ရဲဒင်းကျီရဲ့ ကိုယ်ရေးကိုယ်တာကို ဖော်ထုတ်လိုက်ပြီ ၊သူက သစ္စာဖောက်ဗိုလ်ချုပ်ကြီး ရဲယုရဲ့သားပဲ"လျူယဲ့က မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
ဤအရာသည်သစ္စာဖောက်မှုနှင့်ညီမျှပြီး၊ သေဒဏ်ပေးခံရမည့်အရာဖြစ်သည်။ထို့ကြောင့်၊ရဲဒင်းကျီသည် ယခုအခါ ထျန်ချီမြို့တစ်မြို့လုံးတွင် ဖမ်းဝရမ်းထုတ်ခံထားရသည်။
"ဗိုလ်ချုပ်ကြီးရဲယုရဲ့သားလား၊သူ့ကို ဖမ်းဝရမ်းထုတ်တာ စိတ်မကောင်းစရာပဲ၊ဗိုလ်ချုပ်ကြီးရှဲ့ယုက သစ္စာရှိမှုရဲ့ စံနမူနာပဲဖြစ်ခဲ့တာကို၊ဧကရာဇ်ထိုက်အန်က သူ့အပေါ်သံသယဝင်ပြီး နောက်ဆုံးတွင် သစ္စာဖောက်မှုအတွက် စွပ်စွဲခံခဲ့ရတာ ဝမ်းနည်းစရာပဲ၊ဒါပေမယ့် ငါရဲဒင်းကျီနဲ့ မရင်းနှီးဘူးပါဘူး ၊ဘာလို့ ငါ့ကို အလျင်စလိုရှာနေတာလဲ" လဲ့မုန့်ရှားက သူ့နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်ပြီး ဖြေးဖြေးဖြင့်ပြောလိုက်သည်။
"မင်းပိုင်လီတုန်းကျွင်းကို ကောင်းကောင်းသိမယ်ထင်တယ်၊ မင်းရဲ့ညီလေးက ဘယ်တုန်းကမှန်းမသိဘူး ရဲဒင်းကျီနဲ့သွေးသောက် ညီအစ်ကိုဖြစ်သွားလို့၊ အခုရဲဒင်းကျီကို ကူညီဖို့ကျွန်တော်တို့ကို တောင်းဆိုတာ"
"ပြီးတော့ ရဲဒင်းကျီက ကျောင်းရဲ့တပည့်ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် ဒါက ကျွန်တော်တို့ရဲ့ညီငယ် ပိုင်လီတုန်းကျွင်း ရဲ့တောင်းဆိုချက်လည်းဖြစ်တယ်" လျူယဲ့က ရှင်းပြလိုက်သည်။ဒါဆို ပိုင်လီတုန့်ကျွင်းသည် ဆရာလီ၏တပည့်ဖြစ်လာပြီး၊သူတို့၏ အငယ်ဆုံးညီလေးဖြစ်လာတော့သည်။။
"ဒါဆိုရင်၊ကျွန်တော့်ရဲ့ညီလေးက တကယ်ပဲ ကျွန်တော့်ညီငယ်ဖြစ်သွားပြီလား" လဲ့မုန့်ရှားက မျက်လုံးများတွင် သူ့ညီငယ်အတွက်ဝမ်းသာကူသည်။သူ့သည် ပိုင်လီတုန့်ကျွင်းနှင့်နီးကပ်သည့် ဆက်ဆံရေးရှ်ိသည်။
ထိုနောက် ပျော်ရွှင်သောအမူအရာဖြင့် ပြောလိုက်သည်၊ "သွားကြရအောင်၊ သွားကြရအောင်၊ ငါတို့ညီငယ်ရဲ့ညီအစ်ကိုတွေကို ရှာကြစို့"
"ကောင်းပြီ၊လော့ရှား၊ မင်း လဲ့အိမ်မှာနေပြီး ယီယီနဲ့ ဟန်ယီတို့နဲ့ ခဏကစားလို့ရတယ်" လျူယဲ့က ရင်လော့ရှားကို ကြည့်ပြီးပြောလိုက်သည်။
"ကောင်းပြီ၊ဒါက ဆရာတောင်းဆိုတာပါ၊ ကျွန်မ ကိုယ်တိုင်လဲ့အိမ်မှာနေချင်လို့မဟုတ်ဘူး"ရင်လော့ရှားသည် ထိုနေ့က လီကျန့်ယီနောက်လိုက်သွားခြင်းက လီကျန့်ယီ၏သံသယကို ထပ်မံဖြစ်ပေါ်စေပြီး၊ သူမကသူ့ကိုကြိုက်နှစ်သက်သည်ဟု ထင်မှတ်စေမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူမက လဲ့အိမ်တွင်နေရန် မဟုတ်ဘဲ၊ ဆရာ၏အမိန့်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ခြင်းဖြစ်သည်။