ဟန်ယီကို မီးဖိုချောင်ထဲဝင်ဖို့ ပိတ်ပင်တယ်
Vol. 4 Ch. 33
ယဲ့ယွဲ့က နံရံဖြတ်တက်သွားသည်ကို မြင်ပြီးနောက် လီကျန့်ယီသည် အနည်းငယ် အံ့အားသင့်သွားသည်။ ယဲ့ယွဲ့သည် မိုရှီရွန်နှင့်ဇီယူကျီတို့ကို လဲ့အိမ်တော်သို့ လျော်ကြေးပို့ ခိုင်းနိုင်သည်မဟုတ်လား။
သို့သော် သူမက ကိုယ်တိုင်လာပြီး လျော်ကြေးပို့ရန် ဇွတ်အတင်းလုပ်နေသည်။
တစ်ခုခုမှားနေသည်။
ယဲ့ယွဲ့သည် အဓိပ္ပာယ်မရှိသောအရာကို လုပ်မည်မဟုတ်။
ဒါဆို သူမကိုယ်တိုင်လာခြင်းက ငါ့ ကို ခင်မင်ရင်းနှီးလိုခြင်းလား။
ဒါမှမဟုတ် အထူးထက်မြတ်သော ပါရမီရှင် ကို သိမ်းသွင်းပြီး ရင်းနှီးမြုပ်နှံချင်တာလား။
အသက်(၁၁)နှစ်တွင် ဖုယောင်အဆင့်သို့ ရောက်ရှိခြင်းသည် သူမအတွက် ဤသို့လုပ်သင့်သည့် ထိုက်တန်မှု့ရှိသည်။
"ကောင်းပြီ မစဉ်းစားတော့ပါဘူး၊ တကယ်တမ်းမိတ်ဆွေဖြစ်တာလား၊ ရင်းနှီးမြှုပ်နှံတာလားဆိုတာ ထားလိုက်ပါ၊ဟန်ယီလေးက သူ့အခန်းထဲမှာ ဘာလုပ်နေလဲ သွားကြည့်ရမယ်" ဟု လီကျန့်ယီက ခေါင်းခါကာ အရသာရှိသော အစားအစာများပြည့်နေသည့် အိတ်ကြီးကို ကောက်ကိုင်လျက် အဓိကခန်းမဆီသို့ လျှောက်လာသည်။
တစ်ခုခုတူးတဲ့အနံ့ကို ရှူရှိုက်မိသောအခါ လီကျန့်ယီသည် အစာပြည့်နေသော အိတ်ကို ချထားကာ ဖြည်းဖြည်းချင်း မီးဖိုချောင်ဘက်သို့ ဦးတည်လာသည်။
လီရှင်းယွဲ့၏ ကြီးကြပ်မှုအောက်တွင် ဟန်ယီလေးသည် ချက်ပြုတ်နည်းကို သင်ယူနေသည်။
ထိုနောက် သူတို့နှစ်ယောက်ကအိုးဖုံးကို ဖွင့်ကြည့်လိုက်သည်။
ဆန်ဖြူလေးများက အမည်းရောင်သန်းနေပြီ!!
နောက်ထပ် ဒယ်အိုးတစ်လုံးကိုကြည့်လိုက်တော့. အဲ့ဒီမည်းမည်း စေးကပ်နေတဲ့အရာက ဘာလဲ!!.
အဲဒီ မီးခိုးမြူထဲမှာရှိတဲ့မဲနက်နေတဲ့ အရာကရော အသားတုံးလေးတွေလား!!
"အစ်မ၊ဟန်ယီက ဘာလို့ ရုတ်တရက်ချက်ပြုတ်နေရတာလဲ" လီကျန့်ယီက အိုးထဲက အစားအစာတွေကို ကြည့်ရင်း အနည်းငယ် ပျို့အန်ချင်စိတ်ဖြစ်ပေါ်လာသည်။
ဒါတွေက စားစရာလို့ခေါ်ဖို့ကြ...အမ်..ဖြစ်နိုင်ရဲ့လား!!
"ဟီးဟီး ဟန်ယီက အမျိုးသမီးကောင်းတစ်ယောက် ဖြစ်ချင်လို့တဲ့ ၊ ဒါကြောင့် တစ်နေ့လုံး အစ်မနဲ့အတူ ချက်ပြုတ်နည်းသင်နေတာ"
သူမ၏ သမီးသည် စားဖိုမှူးဖြစ်ဖို့ မသင့်တော်ပေ။ တစ်နေ့လုံးသင်ကြားပေးတာတောင် သူမ၏သမီးက အဖြူရောင်ဆန်ကို အမဲရောင်အဖြစ်ပြောင်ပေးနေတုန်းပင်။
"မင်း ဟန်ယီကို သင်ပေးမလား" လီရှင်းယွဲ့က ပါးစပ်ကို လက်ဖြင့် ကာရင်း ရယ်မောလိုက်သည်။
လီကျန့်ယီ "..."
လီကျန့်ယီက မီးဖိုဘေးတွင် ရပ်နေသော ဟန်ယီလေးကို ကြည့်လိုက်သည်။သူမ၏ လက်သေးသေးတွင် ယောက်မတစ်ခုကိုင်ထားပြီး ယခင်က ဖြူဖွေသောအသားများသည် ယခုတွင် မီးခိုးငွေက ပေးထားသောအမှတ်အသားများရှိနေပြီး ၊မိုးရွာချိန် အိမ်ပြင်ကို ထွက်ဆော့သော ကလေးနှင့်ပင်တူနေလေသည်။
ထို့နောက် သူမ၏ အဖြူရောင် ရှည်လျားသော အင်္ကျီကို ကြည့်လိုက်သည်နှင့် မီးသွေးပုံထဲက ထွက်လာသူကဲ့သို့ မီးသွေးမှုန့်များ စွန်းထင်းနေပြီး ထူးဆန်းစွာ ချစ်စရာကောင်းနေသည်။
"ယီယီ၊ မင်း ဓားလေ့ကျင့်နေခဲ့တာလား၊ပြီးတော့ အဲဒီ ဆိုးသွမ်းတဲ့ အမျိုးသမီးက ဘယ်ကိုသွားတာလဲ" ဟန်ယီလေးက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ မျက်လုံးလက်လာကာ လီကျန့်ယီကို မေးလိုက်သည်။
"ရင်လော့ရှားက ဆရာတုနဲ့အတူ ထျန်ချီမြို့မှာ လောင်းကစားဖို့ ရွှေတစ်ထောင်ခန်းမကို သွားနေတာ၊ ငါကတော့ မင်းဘာလုပ်နေလဲဆိုတာ လာကြည့်တာပေါ့" လီကျန့်ယီက မီးလောင်ပြာကျနေသော အစားအစာကို ကြည့်ရင်း ထပ်မံတိတ်ဆိတ်သွားသည်။
သို့သော် ဟန်ယီလေး၏ မျှော်လင့်တောင့်တသော မျက်လုံးလေးများကို ကြည့်ရင်း လီကျန့်ယီသည် ဟန်ယီလေးပေးခဲ့သော ပြီးခဲ့သည့် ကိုးနှစ်တာအတူရှိမှုကို ပြန်သတိရမိသည်။ သူမသည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်တိုင်း သူ့အား ပုံပြင်များပြောပြပေးပြီး အရသာရှိသော အစားအစာအမျိုးမျိုး ယူဆောင်လာပေးခဲ့သည်။
ဒါကြောင့်... ဒါကြောင့် ငါ အကောင်းဆုံးကြိုးစားပြီး စားကြည်လိုက်မယ်!!
အနည်းဆုံးတော့ ဒီတစ်ကြိမ် ဟန်ယီလေးကို ပျော်ရွှင်အောင် လုပ်ပေးရမယ်!!
"ဟုတ်ပြီ၊ ငါ အသားအကင်လေး နည်းနည်းလေး စားမယ်၊နည်းနည်းလေးနော်" လီကျန့်ယီက သူ၏ တုန်ရီနေသော လက်ကလေးဖြင့် အမည်းရောင်အသားတုံးလေးများကို ညွှန်ပြကာ ပြောလိုက်သည်။
"ဟုတ်ပြီ၊ငါ မင်းကို ယူပေးမယ်"
ဟန်ယီလေးသည် ပျော်ရွှင်စွာဖြင့် ဟင်းခပ်ဇွန်းကိုယူကာ အသားကြီးတစ်တုံးကို ခပ်ယူလိုက်ပြီး လီကျန့်ယီ၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။
လီကျန့်ယီသည် အသားတုံးကို ဆေးသောက်သကဲ့သို့ ခက်ခက်ခဲခဲမျိူချလိုက်သည်။
မြန်မြန်မျိူချမှဖြစ်မယ် အရသာကို ငါမခံနိုင်ဘူး!!
"ဂလု"
အမည်းရောင်၊ စေးကပ်နေသော အသားတုံးကို မျိုချလိုက်ပြီးနောက် လီကျန့်ယီက ချီးကျူးသောအကြည့်ဖြင့် "ဟန်ယီ၊ မင်းအရမ်းတော်တယ်၊မင်းအမှန်တကယ် အနာဂတ်မှာ အမျိုးသမီးကောင်းတစ်ယောက် ဖြစ်လာမှာပါ" ဟု ပြောလိုက်သည်။
ဟန်ယီလေးက ချိုမြိန်စွာ ပြုံးရယ်ကာ ထို့နောက် မျှော်လင့်တောင့်တစွာ "ယီယီ၊ အရသာရှိလား" ဟု မေးလိုက်ပြန်သည်။
သို့သော် သူမ ပြင်ဆင်ထားသော အစားအစာကို မြင်သောအခါ သူမသည် စဉ်းစားနေမိသည် "ဒါပေမယ့် ငါ ချက်ပြုတ်ပြီးသွားပြီ၊ ဖြုန်တီးရာကြမလား"
"ဟေ့ ဟန်ယီ၊ မင်း နောက်မှ ထပ်ချက်လို့ရတယ်လေ၊ဒါပေမယ့် ယီယီက အမြဲတမ်း အရသာရှိတဲ့အစာတွေ ဝယ်ပေးမှာမဟုတ်ဘူး"
"ဒါက ယီယီက ပထမဆုံးအကြိမ် ဟန်ယီအတွက် အရသာရှိတဲ့အရာ ဝယ်ပေးတာပဲ၊ဒါကြောင့် ဟန်ယီရေ၊ ယီယီနဲ့အတူ အရသာရှိတဲ့အစာတွေသွားစားဖို့ သွားတာမကောင်းဘူးလား"ဘေးမှကြည့်ရှုနေသော လီရှင်းယွဲ့က လီကျန့်ယီ ဟန်ယီလုပ်တဲ့ အသားတုံးကို စားပြီးနောက် အတော်လေး ချီးကျူးမိသည်။
လဲ့မုန့်ရှားကိုတောင် ဟန်ယီလေးလုပ်တဲ့ အဲ့ဒီမည်းမည်း စေးကပ်နေတဲ့ အသားတုံးတွေကိုပေးရင်တောင်သူ စားမှာမဟုတ်ဘူး။
သူမက ဟန်ယီလေးနှင့်အတူ ဟင်းတစ်ခွက်ကို ပထမဆုံးအကြိမ် ချက်ပြုတ်ခဲ့သောအချိန်က၊ လဲ့မုန့်ရှား၏ ပါးစပ်သည် ချုပ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမက ဘယ်လိုကျွေးကျွေး သူက မစားခဲ့ပေ။နောက်ပိုင်းတွင် သူမကိုယ်တိုင် တစ်ကိုက်စားကြည့်ပြီးနောက် တစ်နေ့လုံး အန်ခဲ့ရသည်။
ထိုအခါမှသာ ဤကဲ့သို့သော အစားအစာသည် လူတစ်ယောက် စားနိုင်သည့်အရာ မဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။
လီကျန့်ယီက တစ်တုံးစားပြီးပြီး ဟန်ယီလေးကို ပျော်ရွှင်စေခဲ့ပြီဖြစ်သည့်အတွက် လီကျန့်ယီကို ထပ်ပြီး ဒုက္ခပေးရန် မလိုအပ်တော့ပါ။
အကြောင်းမှာ သူမ၏ မိခင်တစ်ယောက်အနေနှင့်ပင် တစ်ခါတစ်ရံ သူမ၏ ကိုယ်ပိုင်သမီးချက်သော အစားအစာကို မျိူမချနိုင်သောကြောင့်ပင်။
"ဒီအစားအစာတွေကို အမေ့အတွက်ထားခဲ့မယ်၊ အမေ အလဟဿမဖြစ်စေနဲ့နော်၊ငါတို့အမျိုးသမီးကောင်းတွေ ဖြစ်ရမယ်" လီရှင်းယွဲ့၏ စကားကို ကြားပြီးနောက် ဟန်ယီလေးက လီရှင်းယွဲ့ပြောသည်မှာအလွန်အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။
သူမသည် ပျော်ရွှင်စွာဖြင့် လီကျန့်ယီ၏ လက်ကို ဆွဲကာ အဓိကခန်းမဆီသို့ ပြေးသွားသည်။
လီရှင်းယွဲ့တစ်ယောက် ကျန်ရစ်ခဲ့ပြီး အမည်းရောင်၊ မစားချင်စရာကောင်းသော အစားအစာများကို စိုက်ကြည့်နေရသည်။
"ဒါက စားလို့ရပါ့မလား" လီရှင်းယွဲ့က ဟန်ယီလေး ပြုလုပ်ထားသော အစားအစာကို ကြည့်ရင်း သံသယဝင်လာသည်။ ထို့နောက် ဟန်ယီလေးကိုယ်တိုင် ဤကဲ့သို့သော အစားအစာကို စားပြီးနောက် အန်ထုတ်ခဲ့ပုံကို သတိရမိသွားသည်။
"ဟန်ယီ၊ ငါက မင်းအမေပါ၊ဘာလို့ မင်းအမေကို ဒုက္ခပေးတာလဲ" လီရှင်းယွဲ့က ဟန်ယီလေး ပြုလုပ်ထားသော အစားအစာကို ကြည့်ရင်း စိတ်ထိခိုက်ပြီးခြိမ်းခြောက်ခံရသလို ဖြစ်နေသည်။
"ဒါကို မြန်မြန်ရှင်းလိုက်ရမယ်၊ ဟန်ယီကို နောက်တစ်ခါ မီးဖိုချောင်ထဲ ဝင်ခွင့်မပြုတော့ဘူး" လီရှင်းယွဲ့က ဟန်ယီလေး ပြန်လာပြီး သူမ ဘယ်လောက်ကောင်းကောင်း စားပြီးပြီလဲ စစ်ဆေးမည်ကို ကြောက်ရွံ့သောကြောင့် သူမ၏ သမီးပြုလုပ်ထားသော အစားအစာကို ထိုညနေပိုင်းတွင် အမြန်ဆုံး လွှင့်ပစ်လိုက်သည်။
---
အဓိကခန်းမ။
လက်လေးနှင့်မျက်နှာလေးကို ဆေးကြောပြီးနောက် ဟန်ယီလေးသည် စားပွဲပေါ်တွင် ထိုင်လျက် လီကျန့်ယီ၏ အစားအစာအိတ်ကို ကြည့်ရင်း သူမ၏ လျှာကို လျက်ကာ "ယီယီ၊ ငါ သကြားလုံးစားချင်တယ်၊သကြားလုံးက အရမ်းချိုတယ်"ဟုပြောလိုက်သည်။
"ဟုတ်ပြီ" လီကျန့်ယီက သကြားလုံးဗူးတစ်ဗူးကို မြန်မြန်ဖွင့်ကာ ဟန်ယီလေးထံ ပေးလိုက်သည်။
ဟန်ယီလေးက သကြားလုံးတစ်လုံးကို ယူပြီး ပါးစပ်ထဲထည့်ကာ ပျော်ရွှင်စွာဖြင့် "သကြားလုံးက အရမ်းအရသာရှိတယ်ဆိုပေမဲ့၊ အမေမှာ ပိုကောင်းတဲ့အစာတွေရှိနေလို့ အမေ ဒီအရသာရှိတဲ့ သကြားလုံးကို မစားရတာ သနားစရာပဲ" ဟု ပြောလိုက်သည်။
လီကျန့်ယီ "...."
အစားအစာကို လွှင့်ပစ်ပြီးဖြတ်သွားနေသော လီရှင်းယွဲ့ "....."