← Chapters

ချင်ဝမ်၏ ချက်ချင်းကံဆိုးမှု့

Vol. 4 Ch. 34

ချင်ဝမ်၏ ချက်ချင်းကံဆိုးမှု့

Vol. 4 Ch. 34

ချင်ဝမ်မင်းသားကြီး၏ နန်းတော်။

"ချင်ဝမ်မင်းသား၊သတင်းဆိုးပါ။"

စိုးရိမ်ထိတ်လန့်သောအသံတစ်ခုသည် အလွန်ခန်းနားသော နန်းတော်တစ်ခုတွင်ပဲ့တင်ထပ်သွားသည်။

"ဘာလို့အလျင်လိုနေတာလဲ" ချင်ဝမ်မင်းသားသည် နန်းတော်ခြံဝန်းတွင်ထိုင်လျက် လက်ဖက်ရည်တစ်ငုံ သောက်ပြီး သတင်းလာရောက်တင်ပြသူကို အေးဆေးစွာ ကြည့်လိုက်သည်။

"ချင်ဝမ်မင်းသား၊ ရဲဒင်းကျီက အဖော်ထုတ်ခံလိုက်ရပြီ၊အခုတစ်မြို့လုံးကသူ့ကို ရှာဖွေဖမ်းဆီးခံနေပါတယ်" အစေခံက အလွန်စိုးရိမ်နေသောကြောင့် သူ၏အသံမှာတုန်ခါမှု့ အနည်းပင်ပါလေသည်။

"ရဲဒင်းကျီရဲ့ ကိစ္စပေါက်ကြားသွားတာက ငါနဲ့ဘာဆိုင်လို့လဲ" ချင်ဝမ်က သူနှင့်ဘာမှမသက်ဆိုင်သကဲ့သို့ တည်ငြိမ်စွာပြောလိုက်သည်။

"ဒါပေမယ့်... ဒါပေမယ့် မင်းသားကြီး၊ လူထုကြားမှာ ကောလာဟလတစ်ခု ပျံ့နှံ့နေတယ်၊ သစ္စာဖောက်ဗိုလ်ချုပ်ကြီးရဲ့သားက မင်းသားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ပြောနေကြတယ်၊ပြီးတော့ ရဲဒင်းကျီက ထျန်ချီမြို့ကို မင်းသားက ဖိတ်ကြားလို့ပဲ ကျောင်းဝင်စာမေးပွဲဖြေဖို့ လာခဲ့တာတဲ့." အစေခံသည် ချင်ဝမ်မင်းသားကို အနည်းငယ်တွန့်ဆုတ်စွာကြည့်ပြီး တင်ပြလိုက်သည်။

အေးဆေးစွာ လက်ဖက်ရည်သောက်နေသော ချင်ဝမ်မင်းသည် လက်ဖက်ရည်တွေကို ထွေးထုတ်လိုက်ပြီး၊ ခွက်ကို တင်းနေအောင်လက်ထဲဆုပ်ကိုင်လိုက်သည်။

"တစ်ယောက်ယောက်က ငါ့ကို ပစ်မှတ်ထားနေတာပဲ" ချင်ဝမ်မင်းသားသည် လူသတ်ချင်သကဲ့သို့ မျက်မှောင်ကြုတ်ပြီး လက်ထဲကလက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

"မင်းသား၊ သစ္စာဖောက် ရဲဒင်းကျီကို ရှာဖွေဖမ်းဆီးရန် ကျွန်တော်တို့ ဤနေရာသို့ ရောက်ရှိလာပါတယ်၊ မင်းသားအနေဖြင့် ကျွန်‌တော်တို့နှင့် ပူးပေါင်းဆောင်ရွက် ပေးမယ်လို့ မျှော်လင့်ပါတယ်"

ချင်ဝမ်က သူ့ကို ပစ်မှတ်ထားသူ ဘယ်သူလဲဆိုတာ စဉ်းစားနေစဉ်တွင်၊ကျို့ရှင်း၏ တပည့် ကျင်းရွမ်ဦးဆောင်သော နန်းတွင်းတပ်ဖွဲ့ တစ်ဖွဲ့သည် နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာသည်။

ချင်ဝမ်မင်းသည် ကျင်းရွမ်ကို မြင်လိုက်ရသည်နှင့် ရုတ်တရက် စိတ်သက်သာရာရသွားသည်။

အကြောင်းမှာ စောင့်ရှောက်သူငါးဦးအဖွဲဝင် ကျိူ့ရှင်းသည် သူ့ဘက်တော်သားဖြစ်သောကြောင့်ပင်။အခုရောက်လာစစ်ဆေးသည့် သူမှာ ကျိူ့ရှင်း၏တပည့် ကျင်းရွမ်ဖြစ်နေသောကြောင့် သူ၏ စိုးရိမ်စိတ်များက ပျောက်ကွယ်သွားလေတော့သည်။

"ကျွန်တော့်ရဲ့ အကောင်းဆုံး လုံကျင်းလက်ဖက်ခြောက် တစ်ခွက်လောက် သောက်ချင်ပါသလား" ချင်ဝမ်သည် မျက်နှာချိူသွေးစွာဖြင့် ကျင်းရွှမ်ကို ဖိတ်ခေါ်သည်။

"ကျွန်မ မသောက်တော့ပါဘူး အရှင့်သား" ကျင်းရွှမ်က ဘေးမှ အစောင့်တွေကို ကြည့်လိုက်ပြီး ချင်ဝမ်နန်းတော်ကို စတင်ရှာဖွေရန် အချက်ပြလိုက်သည်။

ထို့နောက် သူမသည် တည်ငြိမ်သည့်ခြေလှမ်းများဖြင့် ချင်ဝမ်ထံ ချဉ်းကပ်လာသည်။ "အရှင့်သား၊ ကျွန်မရဲ့ ဆရာက မင်း

ကိုထောက်ပံ့ပေးနေရင်တောင် အရှင့်သား တစ်ခုခုလုပ်တဲ့အခါ သဲလွန်စတွေမကျန်ခဲ့သင့်ဘူး၊အခု ဆရာက မင်းသားအပေါ် အလွန်စိတ်ပျက်နေတယ်"

ဤစကားကို ကြားလိုက်ရသောအခါ ချင်ဝမ်မင်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်ရုပ်ဆိုးသွားသည်။

သူသည် ထီးနန်းအရိုက်အရာကို ယှဉ်ပြိုင်လိုသော်လည်း ရှောင်ရူဖန်ကိုမယှဉ်နိုင်ပေ၊ အကြောင်းမှာ ရှောင်ရူဖန်သည် မင်းသားအားလုံးထဲတွင် ထူးချွန်ဆုံးဖြစ်သောကြောင့်ပင်။

ထို့ကြောင့် သူသည် သန်မာသည့်အခြားနောက်ခံတစ်ခုကို မဖြစ်မနေရှာခဲ့ရသည်။သို့သော် ယခုတွင် ထိုနောက်ခံအင်းအားက သူ့အပေါ်အလွန်စိတ်ပျက်နေသည်ဟု ပြောနေသည်။

ထိုစကားကိုကြားသောအခါ အခုမှ စိတ်သက်သာလာသော သူ့၏စိတ်ကို နောက်တစ်ဖန်ပူလောင်စေခဲ့သည်။သူကိုဤ ကဲ့သိုဖြစ်အောင်လုပ်ခဲ့သည့်လူက ဘယ်သူလဲဆိုတာက သူ့ကိုပိုလို့ပင် မချိမဆန့်ခံစားစေသည်။

---

လဲ့အိမ်တော်။

တစ်နေ့လုံး ရဲဒင်းကျီကို ရှာဖွေပြီးနောက် ညသန်းခေါင်မှ ပြန်ရောက်လာသော လဲ့မုန့်ရှားသည် ယခုချိန်တွင် အိပ်ရာထဲတွင် အိပ်ပျော်နေဆဲဖြစ်သည်။

သို့သော် ထိုအချိန်တွင် လျူယဲ့က ရင်လော့ရှားကို ခေါ်ပြီး လဲ့အိမ်တော်ကို နောက်တစ်ခါ ရောက်လာပြန်သည်။

"လဲ့အာ ၊မြန်မြန်ထတော့ မကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်"

လျူယဲ့ဘေးတွင် စောစေားနိုးပြီး ဓားကျင့်နေသည့်လီကျန့်ယီနှင့် ရင်လော့ရှားကို မျက်စိပြူးပြီး ကြည့်‌နေသည့်ဟန်ယီတို့ ရပ်နေသည်။

"ဘယ်သူလဲ၊စောစောစီးစီးဒီလောက်ဆူညံနေတာ"အိပ်ခန်းတွင် အိပ်ပျော်နေသော လဲ့မုန့်ရှားသည် ရုတ်တရက် နိုးလာပြီး ဒေါသထွက်ကာ အိမ်ချင်မူးတူးဖြင့် အိမ်တော်ခြံဝန်းထဲသို့ လျှောက်လာသည်။

"လဲ့အာ၊ မင်းအရမ်းပျင်းတာပဲ" လျူယဲ့က မကျေမနပ်ပြောပြီး

" မနေ့ညက ချင်ဝမ်နဲ့ သစ္စာဖောက် ရဲဒင်းကျီတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးသတင်းက တစ်မြို့လုံးပျံ့နှံ့နေပြီ" ဟု ဆက်ပြောသည်။

"ဧကရာဇ် ထိုက်အန်ရဲ့လူတွေက ချင်ဝမ်နန်းတော်ကို ရဲဒင်းကျီရှာဖွေဖို့ သွားနေပြီ၊တစ်နည်းအားဖြင့် ရဲဒင်းကျီဟာ ချင်ဝမ်နန်းတော်မှာ ရှိနေနိုင်ချေအရမ်းများတယ်"

"ရဲဒင်းကျီက ချင်ဝမ်ရဲ့လူလား" လဲ့မုန့်ရှား၏ အိပ်ချင်မူးတူးမျက်လုံးများတွင် ဝမ်းသာသည့် အရိပ်ရောင်ပေါ်လာသည်။အကြောင်းမှာ ရဲဒင်းကျီသည် ချင်ဝမ်မင်း၏လူ ဖြစ်နေသောကြောင့်ပင်။ပြီးတော့ ချင်ဝမ်က သူ့မိသားစုဝင်ကို လုပ်ကြံခဲ့တယ်၊ ဆိုလိုတာက ချင်ဝမ်ကို ဘာမှမလုပ်နိုင်သေးရင်တောင် သူလက်အောက်က လူတစ်ယောက်ကို ဖမ်းမိခြင်းကလည်း အကျိူးမယုတ်ပေ။ ရဲဒင်းကျီကို ရှာဖွေရန် အလျင်စလို မလုပ်တော့ပေ။

သူ၏ မျက်နှာအမူအရာပြောင်းလဲမှုကို မြင်လိုက်ရသော လျူယဲ့သည် မျက်နှာကို လက်ဖြင့် ကာပြီး "လဲ့အာ၊ ရဲဒင်းကျီကို ချင်ဝမ်က ထျန်ချီမြို့ကို ဖိတ်ခေါ်ခဲ့တာ မှန်ပေမယ့်၊ သူတို့ဟာလည်း ရန်သူတွေပါ"

ဘုရင်၏ မတရားစွပ်စွဲခံခဲ့ဖူးသော ရဲမိသားစုဝင်တစ်ယောက်အနေနှင့် ရဲဒင်းကျီသည် ဘုရင်၏ သားတော်ဖြစ်သည့် ချင်ဝမ်ကိုအညံ့ခံမည်မဟုတ်ပေ။ သူတို့ကြားမှာ တစ်ခုခုနှင့် အပေးအယူလုပ်ခဲ့တာသေချာသည်။

ဒါကြောင့် ရဲဒင်းကျီရဲ့ ဘေးကင်းဖို့က အခု အရမ်းအရေးကြီးသည်။ပြီးတော့ ပိုင်လီတုန်းကျွင်းက ယခုချိန်တွင် ချင်ဝမ်နန်းတော်အပြင်ဘက်မှာ စောင့်ကြည့်နေသည်။

"ဧကရာဇ် ထိုက်အန်ရဲ့လူတွေက တကယ်ပဲ ရဲဒင်းကျီကို တွေ့သွားရင်၊ ပိုင်လီတုန်းကျွင်းက ဝင်ရောက်စွက်ဖက်မှာပဲ"

"သစ္စာဖောက်ကို ဝင်ရောက်ကူညီမယ်၊ငါ့တို့ညီငယ်က ဦးနှောက်ချောင်သွားတာလား " လဲ့မုန့်ရှားသည် စိတ်ညစ်သွားရသည်။ရဲဒင်းကျီက ချင်ဝမ်နှင် ဆက်သွယ်ခဲ့ဖူးမှန်သိသွားသောအခါ သူကိုလုံးဝ မကူညီချင်တော့ပေ။ဒါပေမဲ့ သူတို့၏ ညီငယ်က ချင်ဝမ်နန်းတော်တွင်ရောက်နေပြီဖြစ်သည်။

ခဏ စဉ်းစားပြီးနောက် "ပိုင်လီတုန်းကျွင်းကို မြန်မြန်သွားတားကြမယ်၊ရဲဒင်းကျီနဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်နေရုံပဲ" ဟု ပြောလိုက်သည်။

"ဟုတ်ပြီ" လျူယဲ့က ခေါင်းညိတ်ကာ လဲ့မုန့်ရှားနောက်သို့ လိုက်သွားသည်။ရင်လော့ရှားမူကား လျူယဲ့က သူမကို လဲ့အိမ်တော်တွင် နောက်တစ်ခါ ချန်ထားခံရပြန်သည်။

"ဆိုးသွမ်းတဲ့မိန်းမ၊နင်က ငါ့ယီယီရဲ့ ဓားကျင့်နှုန်းကို နှေးကွေးစေတယ်" ဟန်ယီက သူ့ရှေ့မှာရှိတဲ့ ရင်လော့ရှားကိုကြည့်ရင်း မျက်လုံးလေးတွေ အနည်းငယ် ကျဉ်းသွားသည်။

"ဘယ်သူကဂရုစိုက်လို့လဲ" ရင်လော့ရှားက သူမ၏ သေးငယ်သော ခေါင်းကိုမော့ကာ ဟန်ယီကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

နှစ်ယောက်ရန်ဖြစ်နေသည်ကို မြင်ရသော လီကျန့်ယီက ခေါင်းခါကာ ရယ်မောလိုက်သည်။ သူသည် လျူယဲ့နှင့် လဲ့မုန့်ရှား ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်ရင်း စိတ်ထဲတွင် "ရဲဒင်းကျီက မိုက်မဲတဲ့သူမဟုတ်ဘူး။ သူဘယ်လိုလုပ် ချင်ဝမ်နန်းတော်မှာ ရှိနိုင်မှာလဲ။ သူက ချင်ဝမ်မင်းသားက သူကို သစ္စာဖောက်တယ်လို့တောင် သံသယရှိနေမှာ" ဟု စဉ်းစားမိသည်။

ဒါကြောင့်၊ လက်ရှိအချိန်မှာသူက ကျင်းကျူးဝမ်နန်းတော်မှာ ကျင်းကျူးဝမ်ကို အံ့အားသင့်စရာကြီး ပေးနေလိမ့်မယ်။

---

ကြည့်မျှော်စင်။

ဝမ်ဟူကျူးသည် ဒုတိယထပ်ရှိ စားပွဲတစ်ခုပေါ်တွင် သက်တောင့်သက်သာခြေထောက်ချိတ်ကာ ထိုင်နေသည်။သူ၏ ‌ဘေးတွင် ဓားနှလုံးဂူဗိမာန်မှ လီဆူးဝမ်က ထိုင်နေသည်။

"အကြီးအကဲလီ၊ ကျွန်တော်မှာ ပြောစရာရှိပါတယ်" ဝမ်ဟူကျူးက အနည်းငယ်လေးနက်စွာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြောပါ" လီဆူးဝမ်က အကြီးအကဲတစ်ယောက်လို မပြုမူဘဲ ဝမ်ဟူကျူးကို တန်းတူအဆင့်အတန်းရှိသူအဖြစ် သဘောထားသည်။

အကြောင်းမှာ ဝမ်ဟူကျူးသည် ဝမ်မိသားစုတွင် အထင်ရှားဆုံး ပါရမီရှိသူဖြစ်ပြီး သူ၏ အဆိပ်တိုက်ခိုက်မှုများသည် တကယ်ကို ခုခံကာကွယ်ရန် မဖြစ်နိုင်သောကြောင့်ပင်။

ထို့အပြင် သူသည် ဝမ်ဟူကျူးနှင့် သိကြပြီး သူကို မိတ်ဆွေကောင်းတစ်ယောက်အဖြစ် မှတ်ယူထားသောကြောင့် သဘာဝအတိုင်း လေးစားခြင်းဖြစ်သည်။

"မိန်ကျယ်က‌နေ ကျွန်တော်က၊ ကျွန်တော်ရဲ့တူ ပိုင်လီတုန်းကျွင်းကို တိတ်တဆိတ် လိုက်နေခဲ့တာ၊ဒီကောင်လေးက မချစ်သင့်တဲ့ မိန်းမတစ်ယောက်ကို ချစ်ကြိုက်သွားပုံပဲ" ဝမ်ဟူကျူးက ချိတ်ထားသောခြေထောက်ကိုချလိုက်ပြီး ဝိုင်ကို ဖန်ခွက်ထဲလောင်းထည့်ကာ သက်ပြင်းချလိုက်သည်။

"မချစ်သင့်တဲ့မိန်းကလေးလား" လီဆူးဝမ်က ဝမ်ဟူကျူးကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ်၊ သူက တီယန်ဝူတွမ်က မိန်းက‌လေးရွဲ့‌ယောင်ပဲ" ဝမ်ဟူကျူးက ခေါင်းခါလိုက်သည်။

"ဒါကတော့ အနည်းငယ်မသင့်တော်ပါဘူး၊ ကျွန်တော်တို့ဗဟိုပြည်နယ် ကျင့်ကြံသူတွေကအမြဲတမ်း တီယန်ဝူတွမ်က မာရ်နတ်ဂိုဏ်းဝင်တွေကို ငြင်းပယ်လေ့ရှိတယ်" လီဆူးဝမ်ကလည်း ခေါင်းခါလိုက်သည်။

"ဟုတ်တယ်၊ ဒါကြောင့် ကျွန်တော်က သူဟာ ပိုင်လီတုန်းကျွင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားလဲဆိုတာ သိဖို့ သူမ‌ နောက်ကိုလိုက်နေခဲ့တာ ထျန်ချီမြို့ကိုရောက်လာတဲ့အထိပဲ"

"ပြီးတော့မနေ့ညက သူမက လဲ့အိမ်တော်ထဲကို ခိုးဝင်နေတာ တွေ့လိုက်တယ်" ဝမ်ဟူကျူးက ရုတ်တရက် ပြုံးရယ်ကာ လီဆူးဝမ်ကို ကြည့်လိုက်သည်။

အစက လီဆူးဝမ်က ဝမ်ဟူကျူးကို ကြည့်ရင်း "မင်းတူက မာရ်နတ်ဂိုဏ်းကမိန်းက‌လေးကို ကြိုက်တာက ငါနဲ့ ဘာဆိုင်လို့လဲ" ဟု စဉ်းစားမိသည်။ဒါပေမဲ့ သူဆက်ကြားလိုက်သည့်စကားများကြောင့် သူအံဩသွားသည်။

တစ်ခုခုမှားနေသလိုပဲ။မာန်နတ် မိန်းကလေးက၊ ညအချိန်ကြီးမှာ ငါ့ သမက်ရဲ့အိမ်ထဲကို ဘာလို့ခိုးဝင်နေပါလိမ့်။

All Chapters