ပိုက်ဆံဖြုန်းတတ်တဲ့မိန်းကလေးနဲ့လက်ထပ်တာက မာရ်နတ်ဂိုဏ်းသမီးနှင့် လက်ထပ်တာထက် ပိုကြောက်စရာကောင်းတယ်
Vol. 4 Ch. 35
ဖြစ်ပျက်နေသည်ကို ရုတ်တရက်နားလည် သဘောပေါက်သွားသော လီဆူးဝမ်က နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်ပါနေသည့် ဝမ်ဟူကျူးအား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်လိုက်သည်။
"ရှောင်ဝမ်၊ မြန်မြန်ပြောပါလား၊ ဒီမာရ်နတ်ဂိုဏ်းသမီးက လဲ့အိမ်ရဲ့ တံတိုင်းခိုးတက်ပြီးနောက် ဘာလုပ်သွားသေးလဲ" လီဆူးဝမ်သည် သိချင်စိတ်ကြောင့် စိတ်လှုပ်ရှားနေမိသည်။
"ဟားဟားဟား၊အကြီးအကဲလီက အရမ်း စိတ်လှုပ်ရှားနေတာပဲ" ဝမ်ဟူကျူးကရယ်ပြီးနောက် သူက ထပ်ပြောသည်။ "ဘာမှမလုပ်ပါဘူးမာရ်နတ်ဂိုဏ်းသမီးက ညသန်းခေါင်မှာ အကြီးအကဲလီရဲ့ ဆက်ခံသူနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ရုံပါ"
"မာရ်နတ်ဂိုဏ်းသမီးက ငါ့ရဲ့ ယီယီဆီ ဘာလိုချင်တာလဲ" လီဆူးဝမ် လုံးဝရှုပ်ထွေးသွားသည်။ လီကျန့်ယီက သူ့ဘေးမှာပဲ အမြဲရှိနေတာ သူက မာရ်နတ်ဂိုဏ်းသမီးနဲ့ ဘယ်လိုလုပ်ပြီး ဆက်နွယ်မှု့ရှိနိုင်မှာလဲ။
"အကြီးအကဲလီ မမှတ်မိတော့ဘူးလား၊ တစ်ယောက်ယောက်က ကျီးရှားကျောင်းတော်ရဲ့ နောက်ဆုံးစာမေးပွဲဖြေနေချိန်မှာ လီကျန့်ယီကို လုပ်ကြံခဲ့တယ်ဆိုတာ" ဝမ်ဟူကျုးက ပြုံးပြီးပြောသည်။
"မာရ်နတ်ဂိုဏ်းရဲ့ လူကလုပ်ခဲ့တာလား၊ သူတို့က ညသန်းခေါင်မှာ ကျွန်တော်ရဲ့တပည့်ကို ထပ်ပြီး လုပ်ကြံဖို့ ကြိုးစားသေးလား" လီဆူးဝမ်၏ မျက်နှာပေါ်တွင် အေးစက်မှု့တစ်ခု ပေါ်လာသည်။
"ဟားဟားဟား၊စိတ်မဆိုးသေးနဲ့ ကျွန်တော် ပြောတာအကုန် နားထောင်ပါအုန်း" ဝမ်ဟူကျုးက ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပြီး ဆက်ပြောသည်။ "မဟုတ်ဘူး ၊သခင်လေးလီကို လုပ်ကြံဖို့ မဟုတ်ပါဘူး၊ သူတို့က မုန့်တွေနဲ့ အစားအစာတွေ လာပို့တာ"
"မုန့်နဲ့ အစားအစာပို့တယ်၊ဒီမာရ်နတ်ဂိုဏ်းသမီးက တကယ်ပဲ ဘာလုပ်ချင်တာလဲ၊အရင်ကငါ့ရဲ့တပည့်ကို လုပ်ကြံဖို့ကြိုးစားတယ်၊ အခုကြတော့ ငါ့ရဲ့တပည့်ကို အစားအစာနဲ့ ဖျားယောင်းဖို့ကြိုးစားတယ်" လီဆူးဝမ်သည် ဝမ်ဟူကျုး၏ စကားများကြောင့် လုံးဝရှုပ်ထွေးသွားသည်။
"ဒါဆိုရင် တစ်နည်းအားဖြင့် မာရ်နတ်ဂိုဏ်းသမီးက လီကျန့်ယီသခင်လေးကို တစ်ကြိမ်လုပ်ကြံပြီးနောက်၊ သူကို သဘောကျသွားတာဖြစ်နိုင်တယ်"
ဒါဆို ကျွန်တော်တူလေး ပိုင်လီတုန်းကျွင်းရင်ဆိုင်နေရတဲ့ အကြပ်အတည်း ပြေလည်သွားနိုင်တယ်မလား။
ဒါကြောင့် အကြီးအကဲလီကို ဂုဏ်ပြုပါတယ်၊အကြီးအကဲလီဟာ မာရ်နတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်နဲ့ သမီးတစ်ယောက်ကို ရတော့မှာပါ။
"ကျွန်တော် သူမကို တွေ့ပြီးပြီ၊ တကယ့်ကို ထူးခြားလှပသော အလှ လေးတစ်ယောက်ပါ" ဝမ်ဟူကျုးက သူသိသမျှကိုပြောပြလေသည်။
"ကျွန်တော့်တပည့်က မာရ်နတ်ဂိုဏ်းသမီးဆီက မုန့်နဲ့ အစားအစာကို လက်ခံလိုက်တာလား" လီဆူးဝမ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု့နှင့် ဝမ်းသာမှု့တို့ ရောထွေးနေသည်။
"သေချာပေါက် လက်ခံတာပေါ့၊ အိတ်ကြီးတစ်အိတ်လုံးပါ။" ဝမ်ဟူကျူးက အားရပါရပင်ပြောလိုက်သည်။
" ဒီမာရ်နတ်ဂိုဏ်းဝင်တွေဟာ တကယ်ပဲ မာရ်နတ်ဂိုဏ်းဝင်တွေပါပဲ။ ကျွန်တော့်ရဲ့ယီယီက အရသာရှိတဲ့ အစားအစာတွေ ကြိုက်တယ်ဆိုတာ သိလို့အစားအစာနဲ့ မြူဆွယ်တယ်" လီဆူးဝမ်က မျက်ခုံးကျုံ့လိုက်သည်။
ထို့နောက် ဝမ်းသာစွာဖြင့် ပြုံးပြီးပြောသည်။ "ဒီကောင်လေး မာရ်နတ်ဂိုဏ်းသမီးနဲ့ လက်ထပ်ရင်ကောရင်လည်းဘာမှမဖြစ်ဘူး၊ ပိုက်ဆံသုံးဖြုန်းတတ်တဲ့ မိန်းမနဲ့လက်မထပ်ရင်ရပြီ"
သူက မာရ်နတ်ဂိုဏ်းသမီးအကြောင်း ထုတ်ဖော်ပြောဆိုမှု့က လီဆူးဝမ်ကို တုန်လှုပ်စေမယ်လို့ အစက ထင်ခဲ့သည်၊၊ ဒါပေမယ့် လီဆူးဝမ်အတွက် သတင်းကောင်းတစ်ခုဖြစ်သွားသည်။
"ဟုတ်တယ် အဲ့တာအမှန်ပဲ ၊ဒါဆို အခု ကျွန်တော် ဘာကြောင့် စိုးရိမ်မှု့ထက် ပျော်ရွှင်နေတယ်ဆိုတာ သိပြီးမလား၊ ရှောင်ဝမ်" လီဆူးဝမ်က အားရပါးရ ပြုံးရယ်လိုက်ပြီး လေပါချွန်လိုက်သေးသည်။
မာရ်နတ်ဂိုဏ်းဆက်ခံသူနဲ့ ယှဉ်ရင်၊ ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမတွေကသာ ပိုကြောက်စရာကောင်းသည်ဟုထင်မိ၏။
လီကျန့်ယီက တကယ်ပဲ မာရ်နတ်ဂိုဏ်းသမီးကို စိတ်ဝင်စားမယ်ဆိုရင်၊ အများဆုံးအနေနဲ့ ဓားနှလုံးဂူဗိမာန်ဟာ ဗဟိုလွင်ပြင်ကျင့်ကြံသူလောကရဲ့ ဖယ်ကျဉ်ခြင်းကို ခံရမှာပါ။ ဒါပေမယ့် လီကျန့်ယီသာပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမတွေကိုပဲ စိတ်ဝင်စားနေမယ်ဆိုရင်၊ ဓားနှလုံးဂူဗိမာန် သည်မွဲပြာကျစေမည်။
ဓားတစ်ချက်လွဲရင် ရွှေငွေသောင်းချီကုန်ကျတဲ့ မိန်းကလေးတဲ့လား
အလွန်ကြောက်စရာကောင်းတယ်!!!
လီကျန့်ယီ၏ ဓားလွှဲနှုန်းနဲ့ဆို သူ၏ဂိုဏ်းသည် တစ်ပတ်အတွင်း အခွံပါမကျန် အကုန်ကုန်သွားလိမ့်မည်။အသက်ကြီးမှ လမ်းဘေးသို့ရောက်မည့်ဘဝကို သူမရောက်ချင်ပေ။
ထို့ကြောင့်၊ ဓားနှလုံးဂူဗိမာန်၏ အနာဂတ်ကျဆင်းမှု့နှင့် နှိုင်းယှဉ်လျှင်၊ အနာဂတ်တွင် ဗဟိုလွင်ပြင် ကျင့်ကြံသူလောကက ဓားနှလုံးဂူဗိမာန်ကို သီးခြားခွဲထုတ်ခြင်းသည် အရေးမကြီးပေ။
"ဟက့် "
"ဒါဆို၊ ကျွန်တော်က အကြီးအကဲလီဆီကို သတင်းကောင်းယူလာပေးတာလား" ဝမ်ဟူကျုးက မျက်ခုံးကျုံ့လိုက်သည်။
"ဟုတ်တယ်၊ ရှောင်ဝမ်၊ မင်းထင်ထားတာနဲ့လွှဲနေလို့လား" လီဆူးဝမ်က ဝိုင်တစ်ခွက်ကို ကောက်ယူပြီး အားရပါးရ သောက်လိုက်သည်။
ဤသို့မြင်သောအခါ၊ ဝမ်ဟူကျုးက စားပွဲကိုရိုက်ပြီးပြောလိုက်သည်။"အကြီးအကဲလီအား မာရ်နတ်ဂိုဏ်းမှ တပည့်တစ်ယောက်ကို ချွေးမအဖြစ် ရရှိသည့်အတွက် ဂုဏ်ပြုပါတယ်၊ သတင်းကောင်းပါး ပြီးပြီဆိုတော့ ကျွန်တော် ဝမ်မိသားစုဆီ ပြန်တော့မယ်၊ပြီးတော့ ဒီအစားအစာအတွက် ပိုက်ဆံပေးဖို့ အကြီးကဲကို ဒုက္ခပေးလိုက်တော့မယ်၊ သတင်းကောင်းပို့ဆောင်တဲ့အတွက် ကျွန်တော်ရဲ့ ဆုလာဘ်အဖြစ် ပေါ့"
ဒါပြောပြီးတဲ့နောက် ဝမ်ဟူကျုးသည် ခဏအတွင်းပင် ပျောက်ကွယ်သွားသည်။ဤသို့မြင်သောအခါ၊ လီဆူးဝမ်က ဒေါသဖြင့် မျက်လုံးလှိမ့်လိုက်သည်။ "နောက်တစ်ခါ မင်းကို တွေ့ရင်၊ ငါဘယ်လိုပြန်လှည့်စားမယ်ဆိုတာ မင်းသိရလိမ့်မယ်။"
........
ကမ္ဘာ့အကောင်းဆုံးတည်းခိုခန်း။
ရွဲ့ယောင်သည်က တည်းခိုခန်းရှိ ပြတင်းပေါက်ဘေးတွင် ရပ်နေပြီးသူမ၏ လှပသော မျက်လုံးများဖြင့် ထျန်ချီမြို့၏ ရှုခင်းကို စိုက်ကြည့်နေသည်။ သူမ၏ ဘေးတွင် မိုရှီရွန်နှင့် ဇီယူကျီတို့ နှစ်ဦးရှိသည်။
"ရှောင်မို့၊ ရှောင်ကျီ၊ လီကျန့်ယီသခင်လေးအကြောင်း ဘယ်လိုထင်လဲ" ရွဲ့ယောင်က ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းကို ကြည့်ရင်းမေးလိုက်သည် ။
"ထူးခြားစွာ ပါရမီရှိတယ်၊မွေးရာပါ ကျင့်ကြံခြင်းသွေးကြောရှိတဲ့ ပိုင်လီတုန်းကျွင်းထက် မညံ့ပါဘူး"
"ဒီလိုမြင့်မားတဲ့ပါရမီနဲ့ဆို အနာဂတ်မှာ ဆန်ကြယ်နတ်ခရီးအဆင့်ကို ရောက်နိုင်စွမ်းရှိတယ်" မိုရှီရွန်နှင့် ဇီယူကျီတို့က သူတို့၏ အမြင်များကို ဖော်ပြကြသည်။
"အင်း၊ ဒါပေမယ့် ဒါက သခင်လေးလီ ပြင်ပမှာ ပြသထားတဲ့အရာပဲ" ရွဲ့ယောင်က သူတို့နှစ်ဦး၏ အချက်နှစ်ချက်ကို သဘောတူသော်လည်း၊ သူမတွင် တစ်ခြားအတွေးများရှိသေးသည်။
အကြောင်းမှာ သူတို့က လီကျန့်ယီကို လုပ်ကြံဖို့အတွက် သူတို့က လီကျန့်ယီအကြောင်းကို ကြိုတင်စုံစမ်းခဲ့ရသည်။သူတို့တွေ့ရှိခဲ့သည့် တစ်ခုတည်းသော အရာမှာ"လီကျန့်ယီသည် နှစ်နှစ်သားအရွယ်တွင် လီဆူးဝမ်က တပည့်အဖြစ်တော်ကောက်ပြီး ဓားနှလုံးဂူဗိမာန်၌ ကိုးနှစ်ကြာ ဓားလေ့ကျင့်ခဲ့တယ်"ဟုသာသိခဲ့ရသည်။
သူက ဓားနှလုံးဂူဗိမာန်မှာနေပြီး ကျင့်ကြံသူလောကထဲကို ဘယ်တော့မှ မဝင်ရောက်ဖူးပေခဲ့ပေ။သို့ပေမဲ့ သူက ပြင်မမှာဖြစ်သည့်အရာအားလုံးနှင့်ဖြစ်ပျက်သမျှအားလုံးကို သိနေသည်။
ဓားနှလုံးဂူဗိမာန်မှာ ကိုးနှစ်ကြာ ဓားပညာလေ့ကျင့်နေတဲ့ လူငယ်တစ်ယောက်ဟာ ရဲဒင်းကျီကို ချင်ဝမ်က ထျန်ချီမြို့ကို လျှို့ဝှက်စေလွှတ်လိုက်တဲ့သူဆိုတာ ဘယ်လိုသိတာလဲဆိုတာ သူမတကယ်နားလည်ရခက်စေသည်။လီကျန့်ယီတွင် သတင်းပေးသည့်လူရှိပေလိမ့်မည်။
ပြီးတော့ မိန်ကျယ်ကို သွားတဲ့ ယဲ့ယွဲ့ဆိုတာ တကယ်တော့ ယောင်္ကျားလေးဟန်ဆောင်ထားသော တီယန်ဝူတွမ်ကလာတဲ့ ရွဲ့ယောင်သူမ ဖြစ်သည်ဟု ဘယ်လိုတပ်အပ်သိနိုင်ခဲ့သနည်း။
ဤအရာများအားလုံးသည် အလွန်လျှို့ဝှက်သော အချက်အလက်များဖြစ်သော်လည်း၊ လီကျန့်ယီသည် ၎င်းတို့ကို လွယ်ကူစွာနှင့် မဖုံးကွယ်ဘဲ ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။
ထို့ကြောင့် လီကျန့်ယီသည် ကျင့်ကြံသူလောကထဲက နာမည်ကြီး ပိုင်ရှောင်တန်နှင့် ဆက်နွယ်မှု့ရှိနိုင်သည်ဟု ရွဲ့ယောင်က ရုတ်တရက် သံသယဖြစ်မိသည်။
"အစ်မ သခင်လေးလီကျန့်ယီက အရမ်းအားကောင်းတယ်ဆိုတာ ကျွန်တော်တို့ ဝန်ခံပါတယ်၊ ဒါပေမယ့် သူအကြောင်း ကျွန်တော်တို့ လျစ်လျူရှုမိတဲ့အရာ တစ်ခုခုရှိလို့လား" ရွဲ့ယောင်က လီကျန့်ယီကို ဤမျှဂရုစိုက်သည်ကို မြင်သောအခါ၊ မိုရှီရွနိနှင့် ဇီယူကျီတို့က နားမလည်နိုင်ဘဲ မေးလိုက်မိသည်။
"သခင်လေးလီမှာ ပိုင်ရှောင်တန်နဲ့ဆက်နွယ်မှု့ရှိနိုင်တယ်၊ ဒါမှမဟုတ် သခင်လေးလီမှာ ဘယ်သူမှမသိတဲ့ ပိုကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနိုင်တယ်.." ရွဲ့ယောင်က အစားအစာကိုအရမ်းခုံမင်သည့် လူငယ်လေးကို စဉ်းစားမိသောအခါ အနည်းငယ် ပြုံးလိုက်သည်။
သူမသည် ရူးနေရင်တောင် ထိုလူငယ်လေးနှင့် ရန်သူမဖြစ်ချင်ပေ။
တစ်ကြိမ်လုပ်ကြံမှု့သည် သင်ခန်းစာတစ်ခုအတွက် လုံလောက်သည်ထက်ပိုသည်။တစ်ချိန်ကြရင် သူကိုပြန်လည်တိုက်ခိုက်နိုင်မည်ဟု တောင် သူမမတွေးတော့ပေ။သူမတို့ တိုးတက်လာရင်လည်း၊လီကျန့်ယီသည်လည်း ရပ်နေမှာမဟုတ်သဖြင့် ထိုကဲ့သို့သော ရန်သူဖြစ်မိလျှင်အိပ်ရေးပျက်ပြီး မစားမသောက်နိုင်ပဲ အမြဲတမ်းပူဆွေးနေရလိမ့်မည်။
လီကျန့်ယီသည် အစားအသောက်အတွက် ဘာမဆိုလုပ်တတ်သောကြောင့် အလွန်ထူးခြားသည့် စိတ်ပိုင်ရှင်လည်းဖြစ်သေးသည်။
......
လဲ့အိမ်တော်။
လီဆူးဝမ်သည် ပျော်ရွှင်သော စိတ်ဖြင့် ခြံဝင်းထဲသို့ ဝင်လာသည်။ ရင်လော့ရှားက ရှောင်ဟန်ယီလေးနှင့် ရန်ဖြစ်နေသည်ကို မြင်သောအခါ သူက ပျော်ပျော်ရွှင်ရွှင်ပင်ပြောလိုက်သည်။ "ဟန်ယီ၊ လျူယဲ့ရဲ့ တပည့်၊ မင်းတို့နှစ်ယောက် ရန်မဖြစ်ကြနဲ့တော့၊အဖိုးက မင်းတို့ကို အရသာရှိတဲ့ အစားအစာတစ်ခုခု ကျွေးမယ်"
"တကယ်လား"ဟန်ယီလေး၏ အမဲရောင်မျက်လုံးသည့် လင်းလက်သွားသည်။
"တကယ်ပေါ့ အခုချိန်ဆိုချင်ဝမ်က အကြီးအကျယ် ဒုက္ခရောက် နေတာဆိုတော့၊ အဖိုးက မင်းတို့ကို အပြင်ခေါ်ပြီး အောင်ပွဲခံဖို့ ဆုံးဖြတ်လိုက်တယ်" လီဆူးဝမ်က ပျော်ရွှင်စွာဖြင့် ဟန်ယီလေးကို ကောက်ချီလိုက်သည်။
ထို့နောက်၊ သူက ဓားကျင့်နေသည့် လီကျန့်ယီထံသို့ သွားပြီး အလွန်ကျေနပ်သည့်အပြုံးဖြင့် ပြောလိုက်သည်။ "ယီယီ မင်းက ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့ မှော်ဆရာမမျိုးကို ကြိုက်မယ်လို့ ငါမျှော်လင့်မထားဘူး"
ဒါက အရမ်းအံ့ဩစရာကောင်းတယ်!!!
ငါရဲ့တပည့်က အမြဲ တမူးထူးခြားတယ်!!
ဓားကျင့်နေသည့် လီကျန့်ယီ "...."
မှော်ဆရာမဆိုတာ ဘာလဲ!!!
ဒီထဲမှာ ဘာအဓိပ္ပာယ်ရှိလဲ!!
ဘာကြောင့် ဆရာက ဒီလောက် ပျော်နေရတာလဲ!!
ရှင်းလင်းချက် ။ မာရ်နတ်ဂိုဏ်းဆိုသည်မှာ မကောင်းဆိုးဝါးဂိုဏ်းဟု အဓိပ္ပာယ်ရသည်။မကောင်းသည့် မှော်အတတ်များကိုကျင့်သုံးသည့်ဂိုဏ်းဖြစ်သည်။