← Chapters

ခြံဝင်းထဲမှာ ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရှိတယ်

Vol. 4 Ch. 36

ခြံဝင်းထဲမှာ ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရှိတယ်

Vol. 4 Ch. 36

"ဆရာ၊ မှော်ဆရာမဆိုတာ ဘာလဲ။"

လီဆူးဝမ် ဘာပြောနေမှန်း မသိလို့၊ လီကျန့်ယီက သူသစ်သားဓားကို သိမ်းလိုက်ပြီး လီဆူးဝမ်ကို မသိနားမလည်ဟန်နှင့် ကြည့်လိုက်သည်။

"ယီယီ၊ဆရာရှေ့မှာ ဟန်ဆောင်နေတာတွေရပ်လိုက်ပါ၊မင်းလို နှစ်မျက်နှာရှိတဲ့ တပည့်ကို ဆရာ ထုတ်ဖော်ပြောချင်စိတ်မရှိပါဘူး"

"မှော်ဆရာမတွေကို သဘောကျနေတာ ရှင်းနေတာပဲ၊ဘာလို့ ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမကို သဘောကျတယ်လို့ ပြောရတာလဲ" လီဆူးဝမ်က ပြုံးပြီး လီကျန့်ယီကို မေးလိုက်သည်။

အထူးသဖြင့် သူ့ရဲ့ အနာဂတ် ဓားနှလုံးဂူဗိမာန်ကို ကယ်တင်နိုင်သေးတယ်လို့ သူထင်လာသောအခါ၊ သူ၏စိတ်က ပိုကောင်းလာပြီး သူကိုယ်သူလည်း အလွန်ကျေနပ်နေသည်။

လီကျန့်ယီ"...."

မှော်ဆရာမ!!

ဆရာက ကျွန်တော် ညသန်းခေါင်မှာ ရွဲ့ယောင်နဲ့ တွေ့တယ်ဆိုတာ သိနေတာလား!!

တွေ့ရုံနဲ့ မှော်ဆရာမတစ်ယောက်ကို ချစ်မိနေပြီလို့ထင်ဆရာက ထင်

လိုက်တာများလား!!

စိတ်မကောင်းပါဘူး၊မှော်ဆရာမက အရမ်းလှပေမယ့်၊ဆရာရဲ့မြေးမလေးကမှ နတ်သမီးလေးလို ထူးခြားလှပသော အလှပဂေးလေးဖြစ်လာမှာနော်။

ဒါကြောင့် ဆရာ၊ ကျွန်တော်က ဆရာရဲ့ မြေးသမက်ဖြစ်ချင်တာပါ၊ ဘယ်မှော်ဆရာမကိုမှ သဘောမကျပါဘူး!!

လီကျန့်ယီက စိတ်ထဲမှာ ပြောနေသော်လည်း၊ ပြင်ပတွင် အပြောအဆိုတည်ကြည်စွာပင် ပြောလိုက်သည်။ "မှော်ဆရာမဆိုတာ ဘာလဲ။ ကျွန်တော် ရဲ့ပိုက်ဆံသုံးဖြုန်းတဲ့ ဇနီးနဲ့ ယှဉ်ရင်၊ သူကဘာမှမဟုတ်ဘူး။"

"အို့ ပြောတာမှားသွားတာ ဖမ်းမှာမဟုတ်ဘူး၊မင်းတို့ရဲ့ ဆက်ဆံရေးကို တကယ်ဖြစ်မြှောက်အောင် အတည်ပြုပေးမှာ" လီကျန့်ယီ ဟန်ဆောင်နေသေးသည်ကို မြင်သောအခါ လီဆူးဝမ်က ပြုံ့တုံ့တုံ့ပင်ကြည့်နေသည်။

ထို့နောက်၊သူသည် ပျော်ရွှင်စွာဖြင့် သူ၏မြေးမလေးကို ချီပြီး လဲ့အိမ်မှ ထွက်ခွာသွားသည်။

လီကျန့်ယီက မှားယွင်းစွပ်စွဲခံပြီး ကြောင်အနေစဉ် ရင်လော့ရှားက ရုတ်တရက် သူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

"သခင်လေးလီ၊ပိုက်ဆံဖြုန်တတ်တဲ့ မိန်းမက ဘယ်သူလဲ၊ကျွန်မ သူကို တွေ့ချင်တယ်"

"လူအုပ်‌တွေထဲမှာ သူကို အကြိမ်တစ်ထောင်ရှာဖွေခဲ့ပြီး ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ သူက ပျောက်ကွယ်သွားတယ်"

လီကျန့်ယီက လျှို့ဝှက်ဆန်းကြယ်စွာ ဖြေလိုက်ပြီး နှုတ်ခမ်းကို လျက်ကာ လီဆူးဝမ်နောက်ကို လိုက်သွားသည်။

အစားအစာကောင်းတွေ ငါ့ကိုစောင့် ငါလာပြီ!!!

ဓားများများလွဲနိုင်ဖို့ အစားကောင်းတွေစားရမယ်!!

ထို့ကြောင့်၊ လီကျန့်ယီက သစ်သားဓားနှင့် မရဏဓားတို့ကို ခြံဝင်းထဲတွင် ထားခဲ့ပြီးနောက်၊ လီဆူးဝမ်နောက်ကို လိုက်သွားသည်။

လီကျန့်ယီ၏ စကားကို ကြားလိုက်ရသောအခါ၊ ရင်လော့ရှားလေး၏ လှပသော မျက်နှာလေး ရုတ်တရက် နီမြန်းသွားပြန်သည်။ "လူအုပ်ထဲမှာ သူကို အကြိမ်တစ်ထောင်ရှာဖွေခဲ့ပြီး၊ ရုတ်တရက် လှည့်ကြည့်လိုက်တဲ့ခါ သူက ပျောက်ကွယ်သွားတယ်"

ရင်လော့ရှားက ထိုသို့ စိတ်ကူးယဉ်နေစဥ်် ၊သူမ၏ လှပသော မျက်လုံးများက လီကျန့်ယီ ထွက်ခွာသွားသည့် ဦးတည်ရာကို လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ နှလုံးသားသည် ကျယ်လောင်စွာခုန်နေပြီး လီကျန့်ယီတို့‌ နောက်လိုက်သွားလေသည်။

.....

လီဆူးဝမ်က ကလေးသုံးယောက်ကို ခေါ်ပြီး လမ်းလျှောက်ထွက်လာသည်။

"သစ်သီးသကြားလုံးရောင်းမယ်၊အရသာရှိပြီး ချိုမြတဲ့ သစ်သီးသကြားလုံးတွေရော စျေးနှုန်းချိုသာတဲ့ သစ်သီးသကြားလုံးတွေရော"

"တို့ဟူးပူတင်းရောင်းမယ်၊ငံပြာရည်နဲ့လည်းရှိ၊ ချိုတဲ့ဟာလည်းရှိ၊ စပ်တဲ့ဟာလည်းရှိ စားကြည့်သူတိုင်း အရသာရှိတယ်လို့ ပြောကြတယ်"

"မာလာကိတ်ရောင်းမယ်၊ကြွပ်ရွပြီး အက်ကွဲလွယ်တဲ့ မာလာကိတ်တွေ"

လီကျန့်ယီ လမ်းတွင် မုန့်အမျိူးမျိုး အော်ဟစ်ရောင်းချသံများကို ကြားလိုက်ရသည်။

ထိုအချိန်တွင် သူ၏မျက်လုံးလေးက ဈေးသည်တို့၏ ဆိုင်တွင်ခင်းကျင်းထား‌သောမုန့်များကို မြဲမြံစွာစိုက်ကြည့်နေသည်။

"အဖိုး ယီယီက သွားရည်ယိုနေတယ်၊သူပါးစပ်ကို ပိတ်ဖို့ သစ်သီးသကြားလုံးတစ်ချောင်း အမြန်ဝယ်လိုက်ရအောင်"

လီဆူးဝမ် ချီထားခြင်းခံရသည့် ဟန်ယီက လီကျန့်ယီကို တစ်ချိန်လုံး စိုက်ကြည့်နေသောကြောင့် လီကျန့်ယီ၏ စားချင်နေပုံကို မြင်သောအခါ သူမက လီဆူးဝမ်ကို ပြောလိုက်သည်။

"ဟုတ်ပြီ" လီဆူးဝမ်က ပြုံးပြီး သစ်သီးသကြားလုံး သုံးချောင်းဝယ်ကာ ကလေးသုံးယောက်ကို စားရင်း လမ်းလျှောက်ခွင့်ပေးလိုက်သည်။

လီကျန့်ယီက သစ်သီးသကြားလုံးကို ရပြီးနောက် သူသည် သစ်သီးသကြားလုံး အလွန်ပျော်ရွှင်သည့်ပုံဖြင့် တစ်လုံးပြီးတစ်လုံကိုက်စားနေသည်။

သစ်သီးသကြားလုံး ကုန်သွားသောအခါ လီကျန့်ယီ၏ မျက်လုံးများ လင်းလက်သွားပြီး အခြားအစားအစာများကို သူ၏ မျက်စိဖြင့် ချိန်ထားလိုက်သည်။

"သခင်လေးလီ မဝသေးဘူးလား၊ကျွန်မရဲ့ သစ်သီးသကြားလုံးတောင် မစားကြည့်ရသေးဘူး၊စားချင်လား"

လီကျန့်ယီ၏ အစားကြီးပုံကိုမြင်သောအခါ ရင်လော့ရှားက ရုတ်တရက် သဘောပေါက်သွားသည်။

လီကျန့်ယီနှင့်စကားပြောနိုင်ဖို့အတွက်ဆိုရင် ပထမဆုံလက်ထဲတွင်အစားအစာ တစ်ခုခုရှိဖို့လိုအပ်ကြောင်း သတိမိသွားသည်။ထိုသိုသာ မဟုတ်ပါက သူပြောသမျှသည် ဓားအကြောင်း‌တွေသာဖြစ်ပြီး၊သူနှင့် သာမာန်လို စကားပြောရန်ခက်ခဲလိမ့်မည်။

"အင်း ရချင်တယ်" လီကျန့်ယီက ရင်လော့ရှား၏ လက်ထဲတွင် ကိုင်ထားသော သစ်သီးသကြားလုံးချောင်းကို ရိုးသားစွာကြည့်လိုက်သည်။

"လောင်းကစားလုပ်ကြည့်မလား၊မင်းနိုင်ရင် ဒီသစ်သီးသကြားလုံးက မင်းဟာပဲ" ရင်လော့ရှား၏ နှုတ်ခမ်းထောင့်လေးကော့တက်လာသည်။

ကျွန်မတို့ကြားမှာ တူညီတဲ့အရာမရှိဘူးဟုတ်လား။ ဒါဆို လောင်းကစားဘုရင်ရဲ့ သမီးတော်ဖြစ်တဲ့ ကျွန်မက လီကျန့်ယီကို ကျွန်မတို့မှာ တူညီတဲ့အရာ ရှိလာအောင် ဆွဲဆောင်မယ်။

ထို့နောက်၊ တဖြည်းဖြည်းချင်း လီကျန့်ယီ၏ နှလုံးသားကို ဖွင့်ပြီး၊ သူသဘောကျသည့် ပိုက်ဆံသုံးဖြုန်းတတ်တဲ့ မိန်းမက သူမဖြစ်ကြောင်း နာခံစွာ ဝန်ခံစေမည်။

"အင်း..ဘယ်လိုလောင်းကြမလဲ"လောင်းကစားတွင်လည်း အမျိူးအစားစုံလင်လွန်းသဖြင့် လီကျန့်ယီက ရင်လော့ရှားကိုသာ ရွေးချယ်စေတော့သည်။

လီကျန့်ယီက ရင်လော့ရှား၏ လက်ထဲရှိ သစ်သီးသကြားလုံးကို ကြည့်ပြီး ရင်လော့ရှား၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။

"ကြည့်ကြည့်ရအောင် ဘယ်လိုလောင်းကြမလဲဆိုတာ"

ရင်လော့ရှားက ပတ်ဝန်းကျင်ကို ပတ်ပတ်လည်လည် လှည့်ကြည့်နေသည်။

ကျင်းကျူးမင်းသား၏ အိမ်တော် နောက်ဖေးကို အကြည့်ရောက်သွားသည်နှင် သူမက ရုတ်တရက်ပြောလိုက်သည်။ "အဲ့ခြံဝင်းထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ ဆိုတာ လောင်းကြည့်ရအောင်လား"

"ကောင်းပြီ" လီကျန့်ယီက ကျင်းကျူးမင်းသားအိမ်တော်၏ ခြံဝင်းကို ကြည့်ရင်း သူ့မျက်လုံးများက တောက်ပနေသည်။

အကြောင်းမှာ အကယ်၍ ရင်လော့ရှားက အခြားနေရာများရှိ လူဦးရေကို လောင်းကစားမယ်ဆိုရင် သူတကယ်ကို မသိပါ။

ဒါပေမယ့် ဒါက ကျင်းကျူးမင်းသားအိမ်တော် နောက်ဖေးဖြစ်နေတယ်ဆို‌တော့ အတွင်းမှာ လူဘယ်နှစ်ယောက်ရှိသည်ကို သူတကယ်သိသည်။

ထိုခြံဝင်းထဲတွင် ယောက်ျားနှစ်ယောက်နှင့်မိန်းမတစ်ယောက်ရှိသည်။

တစ်ယောက်က တပ်မှူး လော့ချင်းယန် ဖြစ်ပြီး၊ အခြားတစ်ယောက်က ဒဏ်ရာအကြီးအကျယ်ရနေသောသူ ရဲဒင်းကျီ တို့သည် ထိုခြံဝန်းထဲတွင်ရှိ‌နေသည်။

နောက်တစ်ယောက်က ဧကရာဇ် ယင်ကျုန်း ၏ သမီးတော် ရီဝိန်ကျွင်းဖြစ်ပြီး၊ ကျင်းကျူးမင်းသား၏ မိဖုရားလည်း ဖြစ်သည်။

"ဘယ်သူက ဦးဆုံး ခန့်မှန်းချင်လဲ" ရင်လော့ရှားက လီကျန့်ယီကို ကြည့်ပြီး လီကျန့်ယီ စိတ်ဝင်စားလာစေရန် ဖြားယောင်းလိုက်သည်။

"ကျွန်တော် အရင်စမယ်၊ခြံဝင်းထဲမှာ လူသုံးယောက်ရှိတယ်လို့ ကျွန်တော် ခန့်မှန်းတယ်" လီကျန့်ယီက တည်ငြိမ်စွာပြောလိုက်သည်။

"ဒါဆို ကျွန်မက တစ်ဆယ့်ငါးယောက်လို့ ခန့်မှန်းမယ်၊ ဒါက ကျင်းကျူးမင်းသားအိမ်တော် နောက်ဖေးဖြစ်နေလို့ပဲ၊မိဖုရားကြီး ဒီမှာနေတယ်ဆို‌တော့ အစောင့်တွေနဲ့ အစေခံတွေရဲ့ အရေအတွက်က တစ်ဖွဲ့မှာ ခုနှစ်ယောက်လောက်ရှိမှာပဲ"

"ဒါ့အပြင် ထျန်ချီမြို့ရဲ့ အလှဆုံးအမျိုးသမီးလို့ သတင်းကြားရတဲ့ ရီဝိန်ကျွင်းက ဒီမှာနေတယ်ဆိုတော့၊ သူမအပါအဝင် တစ်ဆယ့်ငါးယောက်ဝန်းကျင်လောက် ရှိမှာ" ရင်လော့ရှားက အပြည့်အဝ ယုံကြည်မှုဖြင့် ခန့်မှန်းလိုက်သည်။

"အင်း၊ ဒါဆို အတွင်းမှာ တကယ်ဘယ်နှစ်ယောက်ရှိလဲဆိုတာ ဘယ်လိုသိနိုင်မလဲ" လီကျန့်ယီက ယုံကြည်မှုအပြည့်ရှိနေသည့် ရင်လော့ရှားကို ကြည့်ကာ မေးလိုက်သည်။

"တံတိုင်း‌ပေါ်တက်ကြည့်မလား" ရင်လော့ရှားက သူမ၏ လက်ချောင်းလေးဖြင့် ခြံဝင်းရှိ တံတိုင်းကို ညွှန်ပြလိုက်သည်။

လီကျန့်ယီ"..."

ရွဲ့‌ယောင်က မကြာသေးမီကပင် ထိုသို့လုပ်ခဲ့သည်။ယနေ့ ရွဲ့ယောင်လုပ်ခဲ့သည့်အတိုင်း လုပ်ရမှာလား။

မဖြစ်နိုင်ဘူး..ကျုပ်က ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ‌လေ!!ချောင်းမြောင်းကြည့်ရှုခြင်းလိုမျိုး အရာကို ကျုပ်မလုပ်နိုင်ဘူး!!

"မေးလိုက်ပါ ပွင့်ပွင့်လင်းလင်း သွား‌မေးကြည့်ရုံပဲကို" လီကျန့်ယီက ဓားနှလုံးဂူဗိမာန်ကို အရှက်မရစေလိုသည့်အတွက်၊ သူက တိုက်ရိုက် နောက်ဖေးတံခါးဆီသို့ သွားလိုက်သည်။

လီဆူးဝမ်က ဟန်ယီလေးကို ချီထားရင်း၊ ရင်လော့ရှားနှင့် လီကျန့်ယီတို့၏ လောင်းကစားကစားနည်းကို ကြည့်ပြီး အနည်းငယ် စိတ်ဝင်စားသွားသည်။

ထိုခြံဝင်းထဲတွင် သူသိသလောက် တပ်မှူးလော့ချင်းယန်က ရှိက်ိုရှိရမည်။

ဒါဆို ပြုန်းဒိုင်းသွားပြီး သူများ၏အိမ်တံခါးကို ခေါက်ခြင်းက စိန်ခေါ်ရာ ရောက်နေလိမ့်မည်။လီကျန့်ယီက နာမည်ကြီး ဓားပညာရှင် လော့ချင်းယန်ထံမှ ဓားပညာ တောင်းခံချင်သည်ကို မြင်သောအခါ၊ သူ့စိတ်ဝင်စားမှု ပိုများလာသည်။

အမှန်စင်စစ်၊ ဤသည်မှာ လီကျန့်ယီ ပထမဆုံးအကြိမ် ဓားပညာရှင်တစ်ဦးကို စိန်ခေါ်ခြင်းဖြစ်သည်။

"ဒေါက်..ဒေါက်.. ဒေါက်"

လီကျန့်ယီက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

ခြံဝင်းအတွင်းမှ သတိထားဟန်ရှိသော အမျိုးသားအသံတစ်ခု ကြားလာသည်။

"ဓားနှလုံးဂူဗိမာန် — လီကျန့်ယီ"

"ထျန်ချီမြို့ရှိ တပ်မှူး လော့ချင်းယန်သည် အတုမရှိသော ဓားပညာရှိသည်ဟု ကြားဖူးခဲ့သဖြင့်သူနှင့် ဓားချင်းယှဉ်ပြိုင်လိုပါတယ်" လီကျန့်ယီက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူလား"

ခြံဝင်းအတွင်းရှိ ချောမောသောလူငယ်လေးသည် စမ်းသပ်လိုစိတ် ပြင်းပြနေပြီး လီကျန့်ယီနှင့် အနည်းငယ်ဖလှယ်လိုသော်လည်း ခြံဝင်းအတွင်းတွင် ထျန်ချီမြို့က ရှာဖွေနေသည့် သစ္စာဖောက်ရာဇဝတ်သားကို သတိရသောအခါ ယှဉ်ပြိုင်ဖို့မဖြစ်နိုင်မှန်းသိသွားပြီး နှမြောမိသွားသည်။

ကျီးရှားကျောင်းတော်၏ နောက်ဆုံးစာမေးပွဲဖြေချိန်၌ လီကျန့်ယီက ရဲဒင်းကျီကို သိခဲ့သည်။ရဲဒင်းကျီကိုမြင်လျှင် သူအသေအချာမှတ်မိမည်မှာ ဧကန်မုချပင်။

All Chapters