ရီဝိန်ကျွင်း၏ လော့ချင်းယန်အပေါ်သဘောထား
Vol. 4 Ch. 38
"သခင်လေးလီကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော်ရဲ့ ညီမ ရီဝိန်ကျွင်း ပါ၊ကျန်တစ်ယောက်ကတော့ လက်ရှိ ဖမ်းဆီးစာရင်းဝင် ရဲဒင်းကျီဖြစ်ပြီး သခင်လေးလီ သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်"
မီးဖိုချောင်သို့သွားကာ အစားအသောက်ပြင်ဆင်ရန် ရည်ရွယ်ထားသည့် လော့ချင်းယန်က ဘေးနားမှ ရီဝိန်ကျွင်းကိုမြင်လျှင် လီကျန့်ယီအား အမြန်မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
"ထျန်ချီမြို့၏ အလှဆုံးအမျိုးသမီးခေါ်ဖို့ တကယ်ထိုက်တန်တာပဲ"
လီကျန့်ယီက ပြုံးရင်း ရီဝိန်ကျွင်းကို ကြည့်လိုက်သည်။
ဧကန်မုချ၊ ရီဝိန်ကျွင်းတွင် ထျန်ချီမြို့၏ အလှဆုံးအမျိုးသမီး၏ အလှအပရှိသည်။သို့သော် ဤအမျိုးသမီးသည် လှပသောမျက်နှာရှိသော်လည်း သူ၏ပိုက်ဆံဖြုန်းတတ်သည့်ဇနီးနှင့် ယှဉ်လိုက်လျှင် သူ၏ အနာဂတ်ဇနီးသည်သာ ပိုလှလိမ့်မည်။
"သခင်လေးလီက အမှန်တကယ်ထူးချွန်တဲ့လူပဲ၊တကယ်တော့ အစ်ကိုကြီးကို အနိုင်ရနိုင်သူ များများစားစားမရှိဘူး၊ ဒါပေမဲ့ သခင်လေးလီကတော့ အစ်ကိုကြီးကို ရှုံးနိမ့်အောင်လုပ်နိုင်ပြီး အစ်ကိုကြီးကသခင်လေးလီနဲ့မိတ်ဆွေဖြစ်ချင်စိတ်ရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်၊သခင်လေးလီက ဆန်းကြယ်နတ်ခရီးအဆင့်ကိုရောက်နိုင်မဲ့ တကယ့်ပါရမီရှင်ပဲ "ရီဝိန်ကျွင်းက နူးညံ့စွာပြုံးပြီးပြောလိုက်သည်။သူမ၏ အပြုံး၏ နူးညံ့မှု့သည် ကြမ်းတမ်းသည့်လူတစ်ယောက်ကိုတောင် အရည်ပျော်စေနိုင်သည့် အစွမ်းရှိသကဲ့သို့ပင်။
ကံကောင်းချင်တော့ သူ၏ ပိုက်ဆံဖြုန်းတတ်သည့် ဇနီးသည် သူ၏ဘေးတွင်ပင် ရှိနေပြီး ကြီးမားသောရွန်းလဲ့နေသည့် မျက်လုံးများဖြင့် သူကိုကြည့်နေသည်။ လီကျန့်ယီက သူမနှင့်နှိုင်းယှဉ်ကြည့်ပြီး နောက် သူ၏ ပိုက်ဆံဖြုန်းတတ်သည့် ဇနီးသည်သာ ချစ်စရာအကောင်းဆုံးဟု စိတ်ထဲတွင်တွေးနေမိသည်။
"မိန်းကလေးရီဝိန်ကျွင်းက ချီးမြှောက်လွန်းနေပါပြီ''
လီကျန့်ယီက နှိမ့်ချစွာပြောလိုက်သည်။
"ဟီးဟီး...သခင်လေးလီက အရမ်းချစ်စရာကောင်းတယ်" ရီဝိန်ကျွင်းက မျက်နှာကို အုပ်ပြီး ရယ်လိုက်သည်။
ထို့နောက် လော့ချင်းယန်ကို ကြည့်ပြီးပြောသည်။ "အစ်ကိုကြီး၊ ကျွန်မ အစားအစာပြင်ဆင်လိုက်မယ်၊အစ်ကိုကြီးက အကြီးအကဲလီနဲ့ သခင်လေးလီတို့ကို ဧည့်ခံလိုက်ပါ"
"ဒါဆို ညီမလေးကို ဒုက္ခပေးလိုက်တော့မယ်နော်" လော့ချင်းယန်က ခေါင်းညိတ်သည်။ရီဝိန်ကျွင်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်လော့ချင်းယန်က လီကျန့်ယီနှင့် အခြားသူများကို နေရာချရန် ခေါ်သွားသည်။
ထို့နောက် နေရာယူထားသူ အားလုံးအတွက် လက်ဖက်ရည်ကောင်းတစ်ခွက်ငှဲ့ ထည့်ပေးလိုက်သည်။ "အကြီးအကဲလီက ဓားနှလုံးဂူဗိမာန်ဆီ ခေါ်သွားပြီးကတည်းက သခင်လေးလီဟာ ဓားနှလုံးဂူဗိမာန်မှာပဲ ကိုးနှစ်ကြာအောင် ဓားပညာလေ့ကျင့်ခဲ့ပြီး အပြင်ကို ဘယ်တော့မှ မထွက်ဖူးဘူးလို့ ကြားဖူးပါတယ်"
"စိတ်တူကိုယ်တူပါပဲ၊ကျွန်တော်လည်း ဂိုဏ်းရဲ့ကိစ္စတွေနဲ့စိတ်ထဲက ရှုပ်ထွေးမှု့တွေသာ မရှိခဲ့ရင်၊ သခင်လေးလီလိုပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုရှာပြီး ကိုးချက်ဓားကပြခြင်းကို လေ့ကျင့်ချင်တယ်" လော့ချင်းယန်က လီကျန့်ယီကို အလွန်စိတ်လှုပ်ရှားစွာကြည့်ရင်း၊ သူနှင့် လီကျန့်ယီသည် စိတ်သဘောထားတူသည်ဟု ခံစားရသည်။
သူတို့နှစ်ဦးသည် သူတို့ပတ်ဝန်းကျင်ရှိသူများနှင့်ရှိသော ဆက်နွယ်မှု့များကြောင့် သန်မာအောင်ကြိုးစားကြခြင်း၊ တစ်ကိုယ်တည်းဖြစ်မှု့ကို သည်းခံကြပြီ ကာကွယ်ချင်သည့်အရာကိုကာကွယ်နိုင်ရန် ရည်မှန်းကြခြင်းတို့တွင် အမှန်ပင် အလားတူပင်ဖြစ်သည်။
သို့သော် လော့ချင်းယန်၏ အချစ်ရေးတွင်အမြဲတမ်း အတိုက်အခံနှင့်ကြုံရသည်။ပထမအကြိမ်တွင် ကျင်းကျူးဝမ်က ရီဝိန်ကျွင်းကို မိဖုးရာအဖြစ်တင်မြှောက်လိုက်ပြီး၊ဒုတိယတွင် ရဲဒင်းကျီက သူမ၏နှလုံးသာကို အပိုင်ရပေအုန်းမည်။ထိုကြောင့် လော့ချင်းယန်အတွက် အခွင့်အရေး လုံးဝမရှိသောအချစ်ရှုံးသမားပင်ဖြစ်သည်။
"သခင်လေးလီ ပြောပြပါအုန်း၊ နောင်တစ်ချိန်မှာ ကျွန်တော် လေ့ကျင့်ချင်ရင် သခင်လေးလီအကြံပြုတဲ့ နေရာကိုသေချာပေါက် သွားချင်ပါတယ်" လော့ချင်းယန်က လီကျန့်ယီအား
လေးစားစွာဖြင့် မေးလိုက်သည်။
"မြောက်ပိုင်းလီဒေသမှာ မြို့ကြီးသုံးမြို့ရှိတယ်၊ ပထမတစ်မြို့က ထျန်ချီမြို့၊ ဒုတိယတစ်မြို့က ဝူရွှမ်မြို့နဲ့ တတိယတစ်မြို့က ချင်လန်မြို့ရှိတယ်လိုသိကြတယ် "
"ဒါပေမဲ့ မိုင်တစ်ရာကျယ်ဝန်းသော ဆီးနှင်းခဲတွေနဲ့ အမြဲဖုံးလွှမ်းထားတဲ့ကုန်းမြေတစ်ခုရှိ သေးတယ်၊အဲ့နေရာက အလွန်တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေတဲ့နေရာပဲ၊တပ်မှူး လော့ရဲ့ ဓားကို လေ့ကျင့်ရန် အကောင်းဆုံးနေရာပဲ"လီကျန့်ယီက လော့ချင်းယန်အား ရှင်းပြသည်။
လက်ရှိတွင် မြောက်ပိုင်းလီဒေသတွင် မြို့ကြီးသုံးမြို့သာ တည်ရှိရခြင်းအကြောင်းမှာ ဆီးနှင်းလမြို့သည် လူသူကင်းရှင်းသောနေရာတွင် လျှို့ဝှက်ထားဆဲဖြစ်ပြီး၊ မည်သူမျှ ၎င်း၏တည်ရှိမှုကို မရှာဖွေတွေ့ရှိရသေးသောကြောင့်ဖြစ်သည်။
ထို့အပြင် ဆီးနှင်းလမြို့တွင် လက်ရှိအချိန်တွင် အစွမ်းထက်သောကျင့်ကြံသမားများ မရှိသေးပေ။ဒါက လော့ချင်းယန်၏ အခွင့်အရေးတစ်ခုလည်းဖြစ်သည်။သူသာထိုနေရာကို လောကထဲချပြလာနိုင်ပါက သူသည် ထိုနေရာတွင်အုပ်ချုပ်ခွင့်ရှိပေလိမ့်မည်။
"တကယ်ပဲ သင့်တော်တဲ့နေရာပဲ၊သခင်လေးလီ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" လော့ချင်းယန်က ခဏစဉ်းစားပြီး
သူနဲ့တကယ်ပဲကိုက်ညီသည့် နေရာဟုသူလည်းထင်သည်။ထို့နောက် သူ၏ လက်ဖက်ရည်ခွက်ကိုမြှောက်ပြီး လီကျန့်ယီနှင့်ခွက်တိုက်ကာသောက်လိုက်သည်။
လီကျန့်ယီသည်လည်း ရီဝိန်ကျွင်းအတွက်ကြောင့် အသန်မာဆုံးဖြစ်လာရန် ကြိုးစားနေသည့် လော့ချင်းယန်အား သနားမိသည်။သူသည် သူမအပေါ်အကောင်းဆုံးဖြစ်နေသည့်တိုင် သူမ၏ဘက်တွင်တော့ သူ့ကိုအစ်ကိုတစ်ယောက်ဟုသာ သတ်မှတ်ထားသောကြောင့်ပင်။
ထိုနောက်သူသည် လော့ချင်းယန်၏ အမှန်တကယ်သစ္စာရှိပြီး သစ္စာစောင့်သိသူအဖြစ် လေးစားမိသည်။ သူသည် သူ၏ညီမငယ်ကို သေသည်အထိ မပြောင်းလဲချစ်သွားသည်ဟု ဝတ္ထုထဲတွင်ဖော်ပြထားသည်။ဒါပေမဲ့လည်း ဒါတွေကဘာထူးမလဲ၊လော့ချင်းယန်အတွက်
စိတ်မကောင်းစရာ တစ်ခုသာဖြစ်သည်။
သို့သော် ယင်ကျုန်းနှင့် ဘုရင်မိသားစုတို့၏ လက်ထပ်မင်္ဂလာမဟာမိတ်ဖွဲ့မှု့ကြောင့် ရီဝိန်ကျွင်းသည် ကျင်းကျူးမင်းသားနှင့်လက်ထပ် ထိမ်းမြားခြင်းခံထားရပြီးဖြစ်သည်။ သူသည် ရီဝိန်ကျွင်းကို ပြန်ရဖို့ မဖြစ်နိုင်တော့ပေ။
လက်ဖက်ရည်တွေ ကုန်သွားသောအခါ လီကျန့်ယီနှင့် အခြားသူများသည် မျက်နှာအရောင်အနည်းငယ်ဖျော့နေသော ရဲဒင်းကျီကို ကြည်ကာပြီးမေးလိုက်သည်။ "ညီအစ်ကို ရဲ၊ ကျီးရှားကျောင်းတော်ရဲ့နောက်ဆုံးစာမေးပွဲမှာ အဆင်ပြေနေခဲ့တာကို ဘာလို့ဒီအဆင့်ထိရောက်သွားရတာလဲ"
"သခင်လေးလီ ကျုပ်လည်း မသိပါဘူး ၊ဘယ်သူက ကျုပ်ရဲ့အကြောင်းကို ဖော်ထုတ်ပြီး ပေါက်ကြားခဲ့လဲဆိုတာ"ရဲဒင်းကျီက သူ၏ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်သူအား နက်ရှိုင်းစွာ မုန်းတီးကာ လက်သီးများကိုတင်းကြပ်စွာဆုပ်ထားသည်။
သူသည် တစ်ခြားလူမသိသည့်အရာကို သိနိုင်စွမ်းရှိသောကြောင့် ဗိုလ်ချုပ်ရဲယူသည် သစ္စာရှိပြီး နိုင်ငံချစ်စိတ်ရှိသော ဗိုလ်ချုပ် တစ်ဦးဖြစ်ခဲ့သည်။သို့ပေမဲ့ သူလို သစ္စာရှိသည့် ဗိုလ်ချုပ်တစ်ယောက်အပေါ် နိုင်ငံ၏ဘုရင်သည် သူကိုသေမိန့်ပေးစေခဲ့သည်။ဒါက ဘယ်လောက်တောင် မတရားလိုက်သနည်း။ သူချစ်ပြီးကာကွယ်ခဲ့သောအရာသည် သူကိုမတရားသေစေခဲ့ရသည်။မိသားစု တစ်ခုလုံး
ကွပ်မျက်ခံခဲ့ရသည်။
ရဲဒင်းကျီနှင့်ဘုရင်မိသားစုသည် နက်ရှိုင်းစွာ အမုန်းတရားများရှိသည့် လူများဖြစ်ကြသည်။ရဲဒင်းကျီအနေဖြင့်လည်း သူ၏မိသားစုနှင့် မျိူးနွယ်တစ်ခုလုံးကို သူရှေ့မှာတင်ဆုံးရှုံးခဲ့ရသဖြင့် ထိုသူတို့ကို ခွင့်လွှတ်ပေးနိုင်စရာအကြောင်းတစ်ချက်မှ မရှိပေ။သူတို့က တစ်ဘက်ဘက်က သေမှဖြစ်မည်။
"သစ္စာဖောက်သူတစ်ယောက်ပါပဲ" ရဲဒင်းကျီက မည်းမှောင်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ဘယ်လို သစ္စာဖောက်သူလဲ၊သူတို့က တစ်စုံတစ်ဦးကို စွပ်စွဲဖို့ပဲ ခိုင်းစေခဲ့တာကို" လီကျန့်ယီက အနည်းငယ်ဒေါသထွက်ကာ ရဲဒင်းကျီအတွက် ရပ်တည်ပေးလိုက်သည်။ ဧကရာဇ် ထိုက်အန်သည် တကယ်ကို သေထိုက်သူပင်ဖြစ်သည်။
သူသည် သစ္စာရှိပြီး နိုင်ငံချစ်စိတ်ရှိသော ဗိုလ်ချုပ်တစ်ဦးကို သတ်ပြီး၊သစ္စာဖောက်ကိုမိသားစုကို ရှင်းလင်းပေးခဲ့သည့် ဘုရင်ဂုဏ်ပုဒ်နှင့်လိပ်ပြာလုံစွာနေထိုင်နေသည်။
"ဟုတ်တယ် ၊ဒါကြောင့် ကျုပ်က မှားယွင်စွပ်စွဲခံရမှု့နဲ့ အဖေရဲ့နာမည်ကို ပြန်လည်ရှင်းလင်းပေးဖို့ ထျန်ချီမြို့ကိုရောက်လာရတဲ့အကြောင်းရင်းပါ၊ဒါပေမယ့် တစ်ချို့လူတွေက ကျုပ်အသက်ရှင်နေတာကို မမြင်လိုကြဘူး" တစ်မြို့လုံးရှိ ဖမ်းဆီးစာရင်းပုံများကို တွေးမိသောအခါ ရဲဒင်းကျီက ဒေါသတကြီးဖြင့် စားပွဲပေါ်သို့ လက်သီးနှင့်ထိုးလိုက်သည်။
ရဲဒင်းကျီ၏ ဆိုးလှသောကံကြမ္မာကြောင့် ဘေးတွင် ရပ်နေသော လီဆူးဝမ်က စိတ်မကောင်းဖြစ်ကာ"ဧကရာဇ်တစ်ပါးကို လုပ်ကျွေးခြင်းက ကျားတစ်ကောင်ကို လုပ်ကျွေးရသလိုပဲ။နန်းတွင်းကလူတွေက အလွန်းရက်စက်ကြတယ်၊ဒါကြောင့် မိုးကြိုးတံခါးဂိတ်က လဲ့မိသားစုဝင်များက နန်းတွင်းကိစ္စနဲ့မပတ်သပ်ဖို့ စည်းကမ်းထုတ်ထားခဲ့တာ
ကျုပ်လည်း ထိုသို့စည်းကမ်းမျိူးကို ထောက်ခဲ့ခံတယ်၊ဒါကြောင့် ကျွန်တော်ရဲ့ အသုံးမကျတဲ့ သမက်နှင့် ကျွန်တော်ရဲ့သမီးတို့က ဗိုလ်ချုပ်ရဲလို ထပ်စွပ်စွဲခံမလားလို့ စိုးရိမ်မိတယ်"တားနေသည့်ကြားက ခေါင်းမာပြီးဝင်ခဲ့သည့် အသုံးမကျသည့် သမက်ကို လီဆူးဝမ် အလွန်ဒေါသထွက်မိသည်။
"ဒါဆိုရင် အကြီးအကဲလီက အမျိုးသမီးလေးလီနဲ့ သမက်ကို နန်းတွင်းကနေ အမြန်ဆုံးထွက်ဖို့ မပြောဘူးလား" ရဲဒင်းကျီက နားမလည်စွာနှင့် လီဆူးဝမ်ကို ကြည့်မေးလိုက်သည်။
"ခက်ခဲတယ် "လီဆူးဝမ်က ခေါင်းကိုလေးလံစွာခါလိုက်သည်။ထိုနောက် လဲ့မုန့်ရှားတို့ ရဲဒင်းကျီကိုရှာနေဆဲဖြစ်သည်ကို သတိရကာ မေးလိုက်သည်။
"ကျင်းကျူးမင်းသားအိမ်တော်မှာ ရဲသခင်လေး ဘေးကင်းပါသလား၊ဘေးကင်းရင် ခေတ္တဒီမှာပဲနေပါ။ ကျွန်တော် ပြန်သွားပြီး ကျုပ်သမက်ကိုပြောလိုက်မယ်၊သူက သခင်လေးရဲကို ထျန်ချီမြို့ကနေ ထွက်ခွာနိုင်ဖို့ နည်းလမ်းရှိလိမ့်မယ်"
"ပြန်..."
ရဲဒင်းကျီက ဖြေဖို့လုပ်နေချိန်မှာပဲ၊ အစားအစာပြင်ဆင်ပြီးသား ရီဝိန်ကျွင်းက မုန့်နှစ်ခွက်ကို ယူလာပြီး ဖြတ်ကာဖြေလိုက်သည်။ "ကျွန်မဒီမှာရှိနေလို့၊ ဒီနေရာကို ဘယ်သူမှဝင်ရောက်ရဲကြမှာမဟုတ်ဘူး၊ ဒါကြောင့် ဒီနေရာက သဘာဝအားဖြင့် ဘေးကင်းပါတယ်၊ရဲသခင်လေးက အခု စိတ်ချလက်ချနဲ့ ဒီမှာနေနိုင်ပါတယ်"
"ဒါကောင်းတယ်" လီဆူးဝမ်က ခေါင်းညိတ်လိုက်သည်။
"အကြီးအကဲလီတို့ကို အကြာကြီးစောင့်စေခဲ့ပြီ ကျွန်မက ဟင်းလျာတစ်မျိူး၊နှစ်မျိုး ပြင်ဆင်ထားပါတယ် ကျေးဇူးပြုပြီး သုံးဆောင်ကြပါ"စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများကို တင်ထားပြီးနောက် ရီဝိန်ကျွင်းက ပျော်ရွှင်စွာပြုံးရင်း လီကျန့်ယီနှင့် အခြားနှစ်ယောက်ကို ကြည့်လိုက်သည်။
သူမသည် ကျင်းကျူးမင်းသားအိမ်တော်တွင် ကြာမြင့်စွာနေထိုင်ခဲ့သော်လည်း၊ ယင်ကျုန်းဂိုဏ်း၏ ထောက်လှမ်းရေးအဖွဲ့က သတင်းများ သယ်ဆောင်လာခဲ့သဖြင့်၊ သူမသည် လီဟန်ယီနှင့် ရင်လော့ရှား၏ နောက်ခံများကို အနည်းငယ်ခန့်မှန်းနိုင်ခဲ့သည်။
"အစ်မရီကို ကျေးဇူးတင်ပါတယ်၊ အစ်မရီဝိန်ကျွင်းက အရမ်းလှတယ်" ဟန်ယီလေးက ရိုသေစွာပြောသည်။
"ရီဝိန်ကျွင်းအစ်မ အမှန်တကယ် ထျန်ချီမြို့ရဲ့ အလှဆုံးအမျိုးသမီးဖြစ်သင့်တယ်လို့ ကျွန်မ ထင်တယ်" ရင်လော့ရှားက ရီဝိန်ကျွင်း၏ အလှကို မြင်ပြီးနောက် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။
"ဟီဟီ"
မိန်းကလေးငယ်နှစ်ယောက်က သူမ၏အလှကို ချီးမွမ်းသည်ကို မြင်သောအခါ ရီဝိန်ကျွင်းက မျက်နှာကိုအုပ်ပြီး ရယ်လိုက်သည်။ "မင်းတို့နှစ်ယောက်လည်း အလွန်လှကြပါတယ်၊မင်းတို့သာ အရွယ်လောက်လာရင် ထျန်ချီမြို့ရဲ့ အလှမယ်စာရင်းမှာ နေရာတစ်ခု သေချာပေါက် ရှိလာလိမ့်မယ"
"တကယ်လား" ဟန်ယီလေးက ရှက်ရှက်နှင့် မျက်နှာနီမြန်းသွားသည်။
ရင်လော့ရှားကတော့ ပုံမှန်အတိုင်း သူမ၏ခေါင်းကို မော့ထားသည်။
သူမက သူမကိုယ်တိုင်လှကြောင်း အလွန်အယုံကြည်ရှိလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါသည် ရင်လော့ရှားသည် ယုံကြည်ချက်ရှိပြီး ကိုယ်ကိုယ့်ကိုယ် ချစ်မြတ်နိုးတတ်သည်ဟု လီကျန့်ယီက ထင်သည်။ဒါပေမဲ့ သူရဲ့ ဟန်ယီလေးက ပိုကောင်းတယ်၊သူမက ရှက်တတ်သေးတယ်။
" သေချာတာပေါ့" ရီဝိန်ကျွင်းက ဟန်ယီလေးအား သေချာစွာ ဖြေလိုက်သည်။
ထို့နောက်၊ မီးဖိုချောင်သို့ ဝိုင်ကောင်းနှင့် အစားအစာများ သွားယူပြန်သည်။
သိပ်ပြင်မကြာလိုက်ပဲ စားပွဲတွင် စုံလင်သော အရသာရှိသည့် ဟင်းလျာများဖြင့် ပြည့်နှက်သွားသည်။ လော့ချင်းယန်၊ လီဆူးဝမ်၊ လီကျန့်ယီနှင့် အခြားသူများသည် ဝိုင်သောက်ရင်း လွတ်လပ်စွာ စကားပြောနေကြပြီး၊ ဟန်ယီ၊ ရင်လော့ရှားနှင့် ရီဝိန်ကျွင်းတို့သည် အလှအပများအကြောင်း စကားပြောရင်း ရယ်မောနေကြသည်။